Myanmar Online Game Earning

  • Home
  • Myanmar Online Game Earning

Myanmar Online Game Earning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Online Game Earning, Gaming Video Creator, .

Bitcoin ထောက်ခံသူ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်တဲ့ Javier Milei ဟာ Argentina နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရပါပြီ။ မဲ...
23/11/2023

Bitcoin ထောက်ခံသူ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်တဲ့ Javier Milei ဟာ Argentina နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရပါပြီ။ မဲအရေအတွက် 55%၊ မဲအသာစီး 3 million နီးပါးနဲ့ ရွေးကောက်ခံခဲ့ရတာဖြစ်ပြီး December လ 10 ရက်နေ့မှာ အစိုးရသစ်တက်လာမှာပါ။

Milei ဟာ Argentina နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်လို့ ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုအခွန်တွေနဲ့ ပြည်သူကို လိမ်ညာနေတာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ထားခဲ့ပြီး Bitcoin ဟာ ငွေကြေးကဏ္ဍမှာ ကောင်းသောအရွေ့တစ်ခုဖြစ်ကြောင်း မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။

အခုလို Argentina သမ္မတအဖြစ် Milei ရွေးကောက်ခံလိုက်ရတဲ့သတင်းကြောင့် crypto ဈေးတွေ အနည်းငယ်တက်သွားခဲ့ပြီး Argentina မှာ crypto နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ တွေ့လာရတော့မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒါပေမယ့် Milei ကတော့ Bitcoin ကို တရားဝင်အသိအမှတ်ပြုဖို့အတွက်တော့ အရိပ်အယောင်မပြသေးဘဲ CBDC (Central Bank’s Digital Currency) ထုတ်ပြီး Argentina ငွေကြေးဖောင်းပွမှုပြဿနာကို ဖြေရှင်းဖို့ အဆိုပြုထားဖူးပါတယ်။
crd: myancrypto

US အခြေစိုက် crypto exchange တစ်ခုဖြစ်တဲ့ Bittrex ဟာ သူတို့ရဲ့ global service တွေကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာလ...
23/11/2023

US အခြေစိုက် crypto exchange တစ်ခုဖြစ်တဲ့ Bittrex ဟာ သူတို့ရဲ့ global service တွေကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ Bittrex ပေါ်က trading ဝန်ဆောင်မှုအားလုံးကို December 4 ရက်နေ့ကစလို့ ပိတ်သိမ်းသွားတော့မှာဖြစ်တာကြောင့် အနေနဲ့ သူတို့ရဲ့ ငွေတွေကို ကြိုတင်ထုတ်ထားကြဖို့ ကြေငြာထားပါတယ်။ ဒီလိုပိတ်သိမ်းရတဲ့အကြောင်းရင်းကိုတော့ အတိအကျ မဖော်ပြထားပါဘူး။

Bittrex US ဟာလည်း US SEC တရားစွဲခဲ့ပြီးနောက်ပိုင်း May လအတွင်းမှာ ဒေဝါလီခံခဲ့ရပြီး SEC ကို ဒဏ်ကြေး $24 million ပေးဆောင်ခဲ့ရပါတယ်။ အခုလို global exchange ပိတ်သိမ်းခဲ့ရတာလည်း SEC တရားစွဲမှုရဲ့ အကျိုးဆက်တွေကြောင့်ဖြစ်နိုင်ပြီး US SEC ကတော့ crypto company တွေကို US မြေပေါ်ကနေ နည်းမျိုးစုံနဲ့ မောင်းထုတ်နေသလိုပါပဲ။
crd: myancrypto

Telegram ဟာ သူတို့ရဲ့ development တွေကို ဆက်လုပ်နိုင်ဖို့အတွက် $270 million ဖိုး bond တွေ ထုတ်ရောင်းနေပါတယ်။ လက်ရှိမှာ T...
21/07/2023

Telegram ဟာ သူတို့ရဲ့ development တွေကို ဆက်လုပ်နိုင်ဖို့အတွက် $270 million ဖိုး bond တွေ ထုတ်ရောင်းနေပါတယ်။ လက်ရှိမှာ Telegram ဟာ အကျိုးအမြတ်မရတဲ့ platform တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပြီး user တွေကတော့ တစ်နေ့ကို သန်းနဲ့ချီပြီး အသစ်တက်နေတာပါ။ ဒါကြောင့် Telegram team ဟာလည်း အသုံးစရိတ်တွေပိုပိုတက်လာနေပြီးတော့ ဒီစရိတ်တွေကို ကာမိအောင် bond တွေထုတ်ရောင်းလာတာပါ။

Telegram ဟာ TON coin ကိုလည်း ထုတ်ထားပြီးတော့ နောက်ပိုင်းမှာ DEX တစ်ခုတည်ထောင်ဖို့အထိ ရှိကြောင်း Telegram founder ဖြစ်တဲ့ Pavel Durov က ဆိုထားပြီး အခုချိန်မှာဆိုရင်လည်း Telegram username တွေကို Fragment platform ပေါ်မှာ တင်ရောင်းလို့ရနေပါပြီ။

Telegram founder Durov ကတော့ “အချို့သူတွေက ကျနော့်ပိုက်ဆံတွေကို Telegram အတွက်၊ TON project အတွက် သုံးနေမယ့်အစား အိမ်တွေဖြစ်ဖြစ်၊ Jet လေယာဉ်ဖြစ်ဖြစ် ဝယ်လိုက်ဖို့ ပြောကြပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ကျနော်စိတ်ဝင်စားတာတွေကို ပိုအာရုံစိုက်ချင်ပြီး ကျန်တာလည်း ဘာမှမပိုင်ဆိုင်ထားပါဘူး။ အဲ…Telegram၊ Bitcoin အချို့နဲ့ TON coin အချို့ကလွဲလို့ပေါ့” ဆိုပြီး ပြောထားပါတယ်။
[Bluemark ရောင်းစားနေတဲ့ တချို့လူကြီးတွေနဲ့တော့ ကွာခြားမှုလေးတစ်ခုပေါ့]

Durov ဟာ အခု bond တွေမှာလည်း $10 million ဖိုးအထိ ဝယ်ထားပြီးတော့ အရင်ကလည်း $ million ရာနဲ့ချီပြီး Telegram app development အတွက် ထည့်ထားပြီးဖြစ်ကြောင်း ဆိုထားပါတယ်။
crd: myancrypto

24/06/2023

Binance နဲ့ ဆိတ်ကြီး Cristiano Ronaldo တို့ရဲ့ NFT Collection နောက်တစ်ခုကို ထပ်မြင်ရဖို့ရှိနေပါတယ်။ မနှစ်တုန်းက Binance နဲ့ ပူးပေါင်းပြီး ထုတ်ထားခဲ့တဲ့ C.Ronaldo NFT Collection က ပထမဆုံးအပတ်မှာတင် အကုန်ရောင်းထွက်သွားခဲ့ပြီးနောက်မှာ နောက်ထပ် NFT Collection တစ်ခု ထုတ်ဖို့ အာရုံရသွားကြပုံပါပဲ။

အခုတစ်ခေါက်မှာတော့ C.Ronaldo ရဲ့ အထင်ကရသွင်းဂိုးတွေ၊ အောင်ပွဲခံပုံတွေနဲ့ သူ့ရဲ့ ဘောလုံးခရီးလမ်းတလျှောက်က အောင်မြင်မှုတွေကို NFT အဖြစ် ဖန်တီးသွားမှာဖြစ်ပြီးတော့ NFT ပေါင်း 29,000 ကျော် ပါဝင်လာမှာပါ။

အောင်ပွဲခံပုံတွေပါဝင်လာမယ်ဆိုတာကြောင့် Siuuuuuu ကိုတော့ မပါမဖြစ်ထည့်သွင်းသွားမယ်လို့ ယူဆရပါတယ်။

အထင်ကရသွင်းဂိုးတွေထဲမှာတော့ Champions League ပွဲစဉ်တစ်ပွဲမှာ Juventus အသင်းဖက်ကို သွင်းယူခဲ့တဲ့၊ Ronaldo ရဲ့ အလှဆုံး ကန်သွင်းချက်တစ်ခုဖြစ်ခဲ့တဲ့ bicycle kick ကို ထည့်သွင်းဖန်တီးသွားမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒီ NFT Collection ကို July လ 3 ရက်နေ့မှာ Normal(N)၊ Rare (R)၊ Super Rare (SR) နဲ့ Super Super Rare (SSR) ဆိုတဲ့ Rarity level 4ခုနဲ့ Binance NFT marketplace ပေါ်မှာ launch လုပ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် SSR level ထဲမှာတော့ NFT 7 ခုသာပါဝင်မှာဖြစ်ပြီး 6ခုကို $15,000 ကြမ်းခင်းဈေးနဲ့ လေလံတင်ရောင်းချသွားမှာပါ။ လေလံအောင်သူတွေဟာ C.Ronaldo နဲ့ တစ်ဦးချင်း training session ရယူနိုင်မှာဖြစ်ပြီးတော့ Binance Blockchain Week ကို တက်ရောက်ခွင့်လက်မှတ်လည်း ရဦးမှာပါ။

ဒါကြောင့် ဆိတ်ကြီး C.Ronaldo နဲ့ training ဆင်းချင်တဲ့ fan တွေအနေနဲ့ SSR တွေကို လေလံဆွဲဖို့ အဆင်သင့်ပြင်ထားသင့်ပါပြီ။

ဆိတ်ကြီး = GOAT = Greatest Of All Time

22/06/2023

Crypto Community ကတော့ EDX Markets ကို US ပိုင် crypto exchange တစ်ခုအဖြစ် သမုတ်နေကြပြီး US အစိုးရဟာ cryptocurrency တွေကို မကြိုက်တာမဟုတ်ဘဲ သူတို့ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ အဖွဲ့အစည်းတွေကို မကြိုက်တာသာဖြစ်ကြောင်းလည်း ဝေဖန်နေကြပါတယ်။ Major crypto exchange ကြီးတွေဖြစ်တဲ့ Binance နဲ့ Coinbase တို့ကို နှိပ်ကွပ်ပြီးတော့ သူတို့ထိန်းချုပ်လို့ရနိုင်မယ့် EDX Markets ကို ပ စားပေးချင်တာကြောင့် US SEC ကနေ Binance နဲ့ Coinbase တို့ကို တရားစွဲခဲ့တာဖြစ်ကြောင်းလည်း မှတ်ချက်ပေးနေကြပါတယ်။

16/06/2023

တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို crypto market ကြီးနီရဲနေချိန်မှာမှ ဆရာကြီး USDT တို့ကတော့ depeg ဖြစ်ပြနေပြန်ပါပြီ။ Depeg ဖြစ်ရတဲ့အကြောင်းရင်းကတော့ USDT ရဲ့ curve 3Pool ဟာ ဆိုးဆိုးရွားရွားကို မျှခြေမညီနေတာကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာ curve 3Pool အကြောင်း အကျဉ်းချုံးသိထားဖို့ လိုအပ်ပါတယ်။

Curve 3Pool ထဲမှာ major stablecoin ၃ခုဖြစ်တဲ့ USDT၊ USDC နဲ့ DAI တို့ဟာ 33.33% စီ အညီအမျှပါဝင်နေပါတယ်။ အခုချိန်မှာ trader တွေဟာ USDT ကို USDC နဲ့ DAI တို့အဖြစ် ပြောင်းပစ်နေကြတာကြောင့် USDT ရဲ့ pool balance ဟာလည်း 70% ကျော်အထိ တိုးလာခဲ့ပြီး 0.997 ဝန်းကျင်မှာ depeg ဖြစ်နေတာပါ။

USDT ရဲ့ CTO ဖြစ်တဲ့ Paolo Ardoino ကတော့ crypto industry နဲ့ ပတ်သက်တဲ့ အခုလက်ရှိ သတင်းတွေဟာ crypto market ထဲက လက်ကြီးသမားတွေကို market ထဲကနေ ထွက်အောင်နဲ့ USDT တွေ ထုတ်ရောင်းအောင် တွန်းအားပေးနေသလိုဖြစ်နေကြောင်းနဲ့ USDT ဟာလည်း cryptocurrency နဲ့ fiat ငွေသားကို ဆက်စပ်ပေးထားတဲ့ ပေါင်းကူးတံတားလိုဖြစ်နေတာကြောင့် crypto နဲ့ ပတ်သက်တဲ့ သတင်းတွေကောင်းရင် USDT အဝင်တွေ ကြမ်းလာမယ်၊ သတင်းတွေဆိုးနေရင် USDT အထွက်တွေ ကြမ်းလာမယ်ဆိုတဲ့ သဘောတရားသာဖြစ်တာကြောင့် အရမ်းစိုးရိမ်ဖို့မလိုကြောင်း ဆိုထားပါတယ်။

2022 ခုနှစ် November လမှာ FTX exchange ပြိုလဲခဲ့တုန်းကလည်း ဒီလိုမျိုး မျှခြေမညီမှုတွေဖြစ်ခဲ့ဖူးပြီး အချိန်တစ်ခုကြာပြီးရင်တော့ repeg ပြန်ဖြစ်သွားလေ့ရှိပါတယ်။
crd cryptomyan from hive blockchain

15/06/2023

Shibarium အတွက် testnet ဖြစ်တဲ့ Puppynet ပေါ်က transaction ပေါင်း 20 million ကျော်သွားပါပြီ။

ငါ့ရဲ့ shib လေးကံကောင်းပါစေ
အခုလက်ရှိ Shibarium testnet အတွက် wallet ပေါင်းဟာလည်း 16 million ရှိနေပြီးတော့ ဒီအချက်တွေဟာ Shibarium ကို လူတွေ စိတ်ဝင်တစား ရှိနေကြတာကို ပြတာဖြစ်လို့ Shibarium ရဲ့ native token တွေဖြစ်တဲ့ SHIB နဲ့ BONE တို့ဟာ ရေရှည်မှာ အပြုသဘောဆောင်တဲ့ အနေအထားတစ်ခုဖြစ်လာနိုင်ပါတယ်။

လောလောဆယ် testnet မှာတော့ transaction တစ်ခုဟာ ပျမ်းမျှ 15 seconds လောက်အထိပဲ ကြာတာကြောင့် အခြေအနေမဆိုးဘူးလို့ ပြောနိုင်တဲ့ အနေအထားတစ်ခုပါပဲ။ ဒါပေမယ့်လည်း Shibarium ထွက်မယ့်ရက်ကိုတော့ အခုချိန်ထိ အတိအကျမသိရသေးဘဲ 2023 ခုနှစ်မကုန်ခင် ထွက်လာမယ်လို့သာ ခန့်မှန်းထားကြပါတယ်။

Shibarium မထွက်ခင်အချိန်အတွင်းမှာ SHIB whale တွေကတော့ လှုပ်ရှားနေပြီဖြစ်ပြီး SHIB whale တစ်ယောက်ဟာ $25 million ဖိုး SHIB တွေထည့်ထားတဲ့ သူ့ရဲ့ wallet ထဲကို 5.3 trillion SHIB ထပ်ထည့်ခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ SHIB ပိုင်ဆိုင်မှုဟာ 5.3 trillion အထိရှိနေပြီဖြစ်ပြီး $35 million အထိ တန်ကြေးရှိနေပါတယ်။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို ကိုယ်တိုင်လေ့လာစဉ်းစားပြီးမှသာ အရောင်းအဝယ်လုပ်ဖို့ အကြံပြုလိုပါတယ်။

14/06/2023

ကျွန်တော် လွန်းခဲ့တဲ့ နှစ်နှစ်ကျော်က axs တွေဝယ်စုလိုက်တယ် အကြောင်းကတော့ အတိုးနှုန်း 120% ပေးလို့ပါ။ တည်မြဲပြီး ခိုင်မာနေတာလည်းတွေ့ရလို့ အရဲစွန်းလိုက်တယ် 4 axs လောက်ဝယ်ပြီး binance မှာ အတိုးပေးထားလိုက်တယ် ကျွန်တော်ဝယ်တုန်းကဈေး 1axs ကို 120$ ပေးရတယ် btc ကြီးဈေးကျလာတော့ ကျကျလာလိုက်တာ ခုဆို 1axs = 5$ တဲ့ အမြတ်ထွက်နေတယ်ပေါ့။ ရင်းထားသမျှ ဘယ်လိုပြောရမှန်းမသိသေးဘူး ‌စောင့်ရင်းစောင့်ရင်းနဲ့ အဝေစိရောက်တော့မလား ပြန်တက်မလား မပြောနိုင်သေးဘူး။ ကံကောင်းချင်လည်း ကံကောင်းနိုင်တယ်။ လွန်းခဲ့တဲ့ နှစ်နှစ်ကျော်ကပဲ steem တွေလာရောင်းလို့ကောက်ထားတယ် 1steem=0.4$ ဈေးလောက်ပေါ့ အဲတာတွေကို hive ပြောင်းထားလိုက်တာ ၄ လလောက်အကြမှာ hive ဈေးတွေတက်ပါလေရော 1 hive = 0.4 $ ကနေ 1 hive = 18$ လောက်အထိတက်သွားတော့ ရောင်းလိုက်ရတာ အတော်တန်သွားခဲ့တယ်။ crypto လောက က ဒီလိုပါပဲ ‌နောက်ထပ် shib တွေဝယ်ထားလိုက်တယ် ဈေးကွက်က ခုထိဘာမှန်းမသိသေးဘူး။ ရေရှည် စီမံကိန်းနဲ့ shib ပေါင်း သန်း ၁၂၀ ဝယ်ပြီး အတိုးပေးထားတယ်။ ကံကောင်းပါစေလို့ပဲဆုတောင်းနေရတာ ခုရက်ပိုင်း US ကလည်း ဘာမှန်းမသိဘူး နေရာတိုင်းဝင်ပါချင်နေတာလေ။

14/06/2023

Binance နဲ့ Coinbase တို့ကို US SEC ဖက်က ဆက်တိုက်တရားစွဲခဲ့ပြီးနောက်ပိုင်းမှာ Ohio ပြည်နယ်ကိုယ်စားပြုအမတ် Warren Davidson ဦးဆောင်တဲ့ US အထက်လွှတ်တော်အမတ်တွေဟာ “SEC Stabilization Act” ဆိုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အဆိုပြုလာခဲ့ပါတယ်။ ဒီအဆိုပြုချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ SEC Chairman ဖြစ်တဲ့ Gary Gensler ကို ဖြုတ်ချပြီး SEC ကို ပြန်လည်ဖွဲ့စည်းဖို့ပါ။

နိုင့်ထက်စီးနင်းလုပ်တတ်တဲ့ Gary Gensler လိုမျိုး ခေါင်းဆောင်ဆီကနေ US ရဲ့ ငွေကြေးဈေးကွက်တွေကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း၊ အခုအဆိုပြုထားတဲ့ ဥပဒေကြမ်းဟာလည်း အာဏာအသုံးချပြီး အနိုင်ကျင့်တာတွေမရှိစေဖို့နဲ့ Gar Gensler ကို ဖြုတ်ချ၊ SEC ကို ပုံစံအသစ်နဲ့ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ဖြစ်ကြောင်း Davidson က ဆိုထားပါတယ်။

အခုလက်ရှိ SEC ရဲ့ ဖွဲ့စည်းပုံအရ SEC Chairman ကသာ လုပ်ပိုင်ခွင့်အရှိဆုံးဖြစ်နေပြီးတော့ Chairman အမိန့်ပေးတဲ့အတိုင်း သူ့လက်အောက်က Commissioner တွေက လိုက်လုပ်ပေးနေရတာဖြစ်ပါတယ်။ Warren Davidson အဆိုပြုထားတဲ့ SEC Act မှာတော့ commission 6 ယောက်ကနေ ဆွေးနွေးညှိနှိုင်းထားတဲ့ ရလဒ်ကိုမှ Chairman က အတည်ပြုပေးရတဲ့ ပုံစံဖြစ်လာမှာပါ။

US အခြေစိုက် crypto company တွေကို Gensler ဦးဆောင်တဲ့ US SEC က သိသိသာသာဖိနှိပ်မှုတွေ လုပ်လာတဲ့အပေါ် ဝေဖန်မှုတွေ အရမ်းမြင့်တက်နေပြီး Twitter မှာလည်း ဆိုတဲ့ hashtag က trending ဖြစ်လာပါတယ်။
crd: cryptomyan from hive blockchain

13/06/2023

Cryptocom ဟာ US က လုပ်ငန်းတွေကို ပိတ်သိမ်းတော့မယ့်အကြောင်း ကြေငြာလိုက်ပါပြီ။ Cryptocom ဟာ Singapore နိုင်ငံမှာ အခြေစိုက်ထားတာဖြစ်ပြီး US မှာလည်း crypto service တွေပေးနေတဲ့ crypto exchange တစ်ခုဖြစ်ပါတယ်။ US SEC ရဲ့ နွားသိုးကြိုးပြတ် တရားစွဲမှုတွေနဲ့အတူ major cryptocurrency အတော်များများကိုလည်း မှတ်ပုံမတင်ထားတဲ့ security product တွေအဖြစ် သတ်မှတ်ထားတာကြောင့် Cryptocom ဟာ US လုပ်ငန်းတွေကို စောစောစီးစီးပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့သဘောပါပဲ။

သူတို့အနေနဲ့ US service တွေကို ပိတ်သိမ်းလိုက်ရင်တောင်မှ တစ်ကမ္ဘာလုံးက user ပေါင်း 80 million ကျော်သုံးနေတဲ့ Cryptocom app ကို ထိခိုက်လာစရာမရှိကြောင်း Cryptocom ဖက်က ဆိုထားပါတယ်။

Binance နဲ့ Coinbase တို့ကို တရားစွဲ၊ major cryptocurrency အတော်များများကို မှတ်ပုံမတင်ထားတဲ့ security product စာရင်းသွင်းပြီးနောက်မှာ SEC ဥက္ကဌ Gary Gensler ပြောခဲ့တဲ့ “United States ဟာ digital currency တွေ ထပ်မလိုတော့ဘူး၊ US Dollar ကသာ United States ရဲ့ digital currency ဖြစ်ရမယ်” ဆိုတဲ့ စကားဟာ cryptocurrency company တွေကို ပစ်မှတ်ထားတိုက်ခိုက်တော့မယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

13/06/2023

MATIC (Polygon) token ဟာ မှတ်ပုံမတင်ထားတဲ့ security product ဖြစ်ကြောင်း SEC ရဲ့ ပြောဆိုချက်အပေါ် Polygon Labs ဖက်က တုံ့ပြန်လာပါပြီ။
MATIC token ဟာ Polygon Labs အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ US အတွက်ပဲ သီးသန့် ထုတ်ပေးထားတာ မဟုတ်ဘဲ US ပြင်ပမှာ ထုတ်ထားတဲ့ token သာဖြစ်ပြီးတော့ MATIC ရဲ့ user community ဟာလည်း နိုင်ငံပေါင်းစုံကသူတွေ စုပေါင်းထားတဲ့ community တစ်ခုဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် Polygon Labs အနေနဲ့ အရင်တုန်းကလုပ်ခဲ့သမျှ development တွေအတွက်လည်း ဂုဏ်ယူကြောင်းနဲ့ အနာဂတ်မှာလည်း MATIC token နဲ့ ချိတ်ဆက်ထားတဲ့ project တွေကို ဆက်လုပ်သွားဦးမှာဖြစ်ကြောင်း ကြေငြာထားပြီးတော့ US မပါတဲ့ MATIC ဈေးကွက်ဟာလည်း နဂိုတည်းက ကြီးမားပြီးသားဖြစ်ကြောင်း ဆိုထားပါတယ်။
US အခြေစိုက် crypto company ဖြစ်တဲ့ Robinhood ကနေ MATIC SOL နဲ့ ADA တို့ကို delist လုပ်တော့မှာဖြစ်ကြောင်း ကြေငြာပြီးနောက်မှာတော့ MATIC ထုတ်တဲ့ Polygon Labs ဖက်က ဒီလိုတုံ့ပြန်လာတာပါ။
MATIC အပါအဝင် SOL၊ ADA နဲ့ BNB တို့လို major cryptocurrency တွေကို မှတ်ပုံမတင်ထားတဲ့ security product တွေအဖြစ် SEC ဖက်က ကြေငြာပြီးနောက်ပိုင်းမှာ MATIC ရဲ့ ဈေးဟာ 7 ရက်အတွင်း 30% ကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။
credit - myancrypto from hive blockchain

13/05/2023

Coinbase ရဲ့ Product manager ဟောင်းတစ်ဦးဖြစ်သူ Ishan Wahi ကို insider trading အမှုနဲ့ Mahattan တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ပါပြီ။ Wahi ဟာ Coinbase ပေါ်မှာ list မယ့် token တွေအကြောင်း အတွင်းသတင်းတွေကို သူ့အစ်ကိုနဲ့သူငယ်ချင်းတို့ဆီကို သတင်းပေးနေခဲ့ပြီးတော့ အကျိုးအမြတ်ယူနေခဲ့တာပါ။
2021 ခုနှစ် June လ ကနေ 2022 ခုနှစ် April လအထိ 10 လ အတွင်း သူတို့အဖွဲ့ဟာ token listing ပေါင်း 50 ကနေ $1.5 million အထိ အကျိုးအမြတ်ရခဲ့ကြပြီး 2022 ခုနှစ် July လမှာတော့ သူတို့အဖွဲ့ရဲ့ အဖြစ်မှန်ပေါ်လာခဲ့ပြီးနောက် Wahi လည်း အလုပ်ထုတ်ခံခဲ့ရပြီး တရားပါစွဲခံခဲ့ရတာဖြစ်ပါတယ်။

13/05/2023

US IRS (Internal Revenue Service) ဟာ FTX ဒေဝါလီအမှုကနေ $44 billion ရလိုကြောင်း တရားရုံးကို အဆိုတင်လာခဲ့ပါတယ်။ ဒီရလိုမှုတွေထဲမှာ အများဆုံးကတော့ FTX လုပ်ငန်းခွဲ Alamada Research ရဲ့ ဝင်ငွေခွန်တွေနဲ့ ဆက်စပ်နေတဲ့$20.4 billion ဖြစ်ပြီးတော့ အခြားရလိုမှုပေါင်း 44 ခုရှိပါသေးတယ်။
ဒါပေမယ့် အားလုံးထဲမှာ FTX ဆီကထက် Alamada Research ဆီက ရလိုမှုတွေဟာ ပိုများပြီးတော့ partnership စာချုပ်တွေအတွက် အခွန်ဆောင်ဖို့ ကျန်နေတာတွေ၊ ဝင်ငွေခွန်တွေ အဓိကပါဝင်ပါတယ်။ Alameda Research ဟာ Hong Kong မှာ အခြေစိုက်ထားတာဖြစ်ပေမယ့် founder တွေဖြစ်တဲ့ SBF နဲ့ Caroline Ellison တို့ကတော့ US နိုင်ငံသားတွေဖြစ်တာကြောင့် US ရဲ့ နိုင်ငံသားအခြေပြုအခွန်ကောက်ခံတဲ့ဥပဒေအရ US နိုင်ငံသားတွေက ဘယ်နိုင်ငံမှာပဲလုပ်ငန်းသွားလုပ်လုပ် အခွန်တွေကိုတော့ အနည်းနဲ့အများ ဆောင်နေရဦးမှာဖြစ်ပါတယ်။
IRS ဖက်က $44 billion ရလိုကြောင်းဆိုထားပေမယ့်လည်း FTX ဖက်က မြုပ်နေတဲ့ငွေတွေကို ပြန်ဖော်ရာမှာ $7.3 billion ပဲ ပြန်ရနိုင်သေးပြီးတော့ နောက်နှစ်ထဲမှာမှ လုပ်ငန်းပြန်စနိုင်ဖို့ ကြေငြာထားတာကြောင့် လုပ်ငန်းပြန်စဖြစ်မှ IRS ကို $44 billion ပေးလို့ရနိုင်မယ့်အခြေအနေပါပဲ။
Alameda Research သည် Sam Bankman-Fried နှင့် Tara Mac Aulay တို့မှ 2017 ခုနှစ် စက်တင်ဘာလတွင် ပူးတွဲတည်ထောင်ခဲ့သော cryptocurrency ရောင်းဝယ်ရေးကုမ္ပဏီဖြစ်သည်။
2022 ခုနှစ် နိုဝင်ဘာလတွင်၊ FTX၊ Alameda ၏ညီမ cryptocurrency လဲလှယ်မှုတွင်၊ ငွေရေးကြေးရေးအကျပ်အတည်းတစ်ခုကြုံတွေ့ခဲ့ရပြီး FTX နှင့် Alameda နှစ်ခုစလုံးသည် ဒေဝါလီခံမှုအတွက် လျှောက်ထားခဲ့သည်။ ထိုလတွင်ပင် အမည်မသိရင်းမြစ်များက FTX သည် ၎င်း၏ဖောက်သည်များ၏ ရန်ပုံငွေတစ်ဝက်ကျော်ကို Alameda သို့ ထုတ်ချေးခဲ့ကြောင်း၊ အရင်းအမြစ်များမှ Bankman-Fried က ညံ့ဖျင်းသောတရားစီရင်ခြင်းခေါ်ဆိုမှုဟု ဖော်ပြထားသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း The Wall Street Journal သို့ ပြောကြားခဲ့သည်။ FTX ၏ ဝန်ဆောင်မှုစည်းမျဉ်းများဖြင့် ၎င်းကို ပြတ်သားစွာတားမြစ်ထားသည်။ 2022 ခုနှစ် နိုဝင်ဘာလ 12 ရက်နေ့တွင် The Wall Street Journal တွင် Alameda CEO Caroline Ellison က သူမ၊ Bankman-Fried နှင့် အခြားအကြီးတန်း FTX အရာရှိများသည် ထိုဆုံးဖြတ်ချက်ကို သိရှိကြောင်း အမည်မသိရင်းမြစ်များက ပြောကြားခဲ့ပါသည်။

Metamask user တွေဟာ Metamask ထဲကနေ PayPal ကိုသုံးပြီးတော့ ETH (Ethereum) တွေ ဝယ်ယူလို့ရနိုင်တော့မှာဖြစ်ပါတယ်။ Metamask န...
13/05/2023

Metamask user တွေဟာ Metamask ထဲကနေ PayPal ကိုသုံးပြီးတော့ ETH (Ethereum) တွေ ဝယ်ယူလို့ရနိုင်တော့မှာဖြစ်ပါတယ်။ Metamask နဲ့ PayPal တို့ဟာ 2022 ခုနှစ်မှာတည်းက သူတို့ရဲ့ ပထမဦးဆုံး collaboration ကို ကြေငြာခဲ့ကြတာဖြစ်ပြီးတော့ အခုချိန်မှာတော့ Metamask ထဲကနေ PayPal ကို ရွေးပြီးတော့ ETH တွေ ဝယ်ယူလို့ရနိုင်အောင် လုပ်ပေးလိုက်ပါပြီ။

ဒါပေမယ့် လောလောဆယ်မှာတော့ US မှာပဲ ဒီ feature ကို သုံးလို့ရနိုင်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှသာ global user တွေဆီကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် user တွေဟာ ETH တွေကို အရင်ကထက် ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူသုံးစွဲလာနိုင်တော့မှာဖြစ်ပြီး အပြင်လောကငွေပေးချေမှုတွေမှာလည်း PayPal ကို ပေါင်းကူးတံတားတစ်ခုအဖြစ် အသုံးချလာနိုင်တော့မှာပါ။

PayPal ဟာ အခုနောက်ပိုင်းမှာ cryptocurrency နယ်ပယ်ထဲ ခြေလှမ်းတွေစိတ်လာနေပြီးတော့ 2023 ခုနှစ် ပထမ 3 လပတ်ထဲမှာတင်ပဲ PayPal ဆီမှာ crypto asset ပေါင်း $943 million ဖိုးအထိ ရှိနေပါပြီ။

Chainlink ရဲ့ SmartCon 2022 ပွဲမှာ SWIFT နဲ့ Chainlink တို့ပေါင်းပြီး ဘဏ်ငွေလွှဲစနစ်တွေကို Chainlink protocol ပေါ်မှာ သု...
30/09/2022

Chainlink ရဲ့ SmartCon 2022 ပွဲမှာ SWIFT နဲ့ Chainlink တို့ပေါင်းပြီး ဘဏ်ငွေလွှဲစနစ်တွေကို Chainlink protocol ပေါ်မှာ သုံးဖို့ စမ်းသပ်သွားမယ့် proof-of-concept project တစ်ခုအကြောင်း ကြေငြာခဲ့ပါတယ်။

SWIFT (Society for Worldwide Interbank Financial Telecommunication) ဟာ ကမ္ဘာ့ငွေလွှဲစနစ်မှာ အရေးပါတဲ့ထောက်တိုင်တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ကဘဏ်တွေရဲ့ ငွေအလွှဲအပြောင်းတွေဟာ ဒီစနစ်ပေါ်ကနေ ဖြတ်သန်းသွားနေကြရတာဖြစ်ပါတယ်။ စီးပွားရေးဈေးကွက်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းအတော်များများဟာ SWIFT လိုမျိုး စနစ်တွေကိုသုံးနေရတာကြောင့် Chainlink အနေနဲ့ SWIFT နဲ့ တွဲလုပ်ရတာဟာ အောင်မြင်မှုတစ်ခုပါပဲ။

ဒါ့အပြင် ဒီ project ဟာ ပုံမှန်သမားရိုးကျ ငွေအလွှဲအပြောင်းစနစ်တွေကို အခြေပြု စနစ်တစ်ခုအဖြစ် ပြောင်းလဲလာနိုင်မယ့် လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့က SWIFT စနစ်သုံး ဘဏ်တွေမှာ token တွေကို လွယ်လွယ်ကူကူ လွှဲပြောင်းလို့ရနိုင်မယ့် ပုံစံတစ်ခုကိုလည်း ဖော်ဆောင်လာနိုင်ပြီးတော့ သူတို့ရဲ့ ပုံစံနဲ့ ကိုက်ညီတဲ့ blockchain တွေ အကုန်လုံးမှာ သုံးလို့ရနိုင်မယ့် စံစနစ်တစ်ခုလည်း ထွက်လာနိုင်ပါတယ်။

အရင်လူဟောင်းတွေ splinterlands ကစားပေးကြပါ အပေးအရမ်းကြမ်းတယ်ခု update မှာပါ။ crypto လောကဘယ်လောက်ပဲကျနေပါစေ သူပေးတဲ့ အရာတွ...
18/06/2022

အရင်လူဟောင်းတွေ splinterlands ကစားပေးကြပါ အပေးအရမ်းကြမ်းတယ်ခု update မှာပါ။ crypto လောကဘယ်လောက်ပဲကျနေပါစေ သူပေးတဲ့ အရာတွေနဲ့ အဆင်ပြေနိုင်တယ်နောင်ရေးပြောတာ။ အသစ်တွေအတွက် စစခြင်း ၁၀ ဒေါ်လာနဲ့စရပါတယ်။
https://steemmonsters.com?ref=nayhlaingsoe

A digital trading card game built on blockchain technology. Collect the cards, level them up, and battle for great prizes!

ငါတို့ hive blockchain ကလည်းငြိမ်မနေဘူးတဲ့ spt ရှာ whitelist ရှာ mint အုံးမလားတဲ့ အခြား tokens တွေကလည်း exchange လုပ်ပြီ...
02/06/2022

ငါတို့ hive blockchain ကလည်းငြိမ်မနေဘူးတဲ့ spt ရှာ whitelist ရှာ mint အုံးမလားတဲ့ အခြား tokens တွေကလည်း exchange လုပ်ပြီးဝင်လာပါတဲ့
https://www.splintertalk.io/nfts/

Splintertalk is a social media platform where everyone gets paid for creating and curating content. It leverages a robust digital points system, called SPT, that supports real value for digital rewards through market price discovery and liquidity.

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Online Game Earning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share