Friday MEDIA

Friday MEDIA Inspire | Involve | Initiate

29/05/2024

WHY insurance today?

28/05/2024

Insuring Innovation

28/05/2024

22 Laws of Marketing
Ai Marketing 7.0

19/05/2024

Ai Marketing 7.0

19/05/2024

Ai Marketing 7.0

19/05/2024

Ai Marketing 7.0

13/02/2024

ငန်းလား မြင်းလား?

02/02/2024

"ရင်းနှီး ပျူငှာ စကားဆိုခြင်း"
Learn to talk to anyone about anything
by Pam Kruger

31/01/2024

စကားပြောကောင်းသူရဲ့ အလေ့အကျင့် ၁၀ ခု
10 Keys to Good Talks
by Jack Harrison

29/01/2024

Monday Motivation
1. Negotiation
2. Impression+

28/01/2024

Inspiring Stories

10/06/2023

Rich Dad, Poor Dad

10/06/2023

09/06/2023

Friday!

08/06/2023

Which Should You Get?

07/06/2023

Engineers and developers with AI expertise can draw a high salary despite job cuts across tech. Here are salaries from OpenAI, Google, Meta, and more.

07/06/2023
07/06/2023

ဘ၀ဟာ ပိုလွယ်ကူလာတယ်ဆိုပြီးမရှိပါဘူး

What are your  's  ? Or are they already obsolete by January 2 😉? 🍎 Among   making resolutions for  #2023, living health...
03/01/2023

What are your 's ? Or are they already obsolete by January 2 😉?

🍎 Among making resolutions for #2023, living healthier is once again at the top of the list.

🏃 Exercising more, eating healthier and losing weight were the top three New Year's resolutions in the U.S. this year, according to the Statista Global Consumer Survey.

💰 In a year marked by high , resolutions to save more money ranked No. 4, while classics like spending more time with family and friends instead of social media also ranked high in the survey.

🤯 Nineteen percent of American adults also want to reduce stress at work in the next year.

🚬 Less popular resolutions involved reducing alcohol and cigarette consumption and doing more for the environment by becoming vegetarian or vegan, for example. As many as 10 percent of respondents plan to do the latter in the new year.

We wish everyone a good start to 2023! 🤩

13/11/2022
21/12/2021

🍅⏰ Pomodoro နဲ့ သင့်ရဲ့ စွမ်းဆောင်ရည် Performance ကို ဘယ်လိုမြှင့်တင်မလဲ???

🍅 Pomodoro Technique သည် ၁၉၈၀ ခုနှစ်နှောင်းပိုင်းတွင် အီတလီနိုင်ငံသား Francesco Cirillo မှ တီထွင်ခဲ့သော အချိန်စီမံခန့်ခွဲမှု (Time Management) နည်းလမ်း တစ်ခုဖြစ်ပါတယ်။

⏰ ခေတ္တနားချိန် (Rest) ၅ မိနစ်များဖြင့် ပိုင်းခြားထား ပြီး ၂၅ မိနစ် ကြာမြင့်သော (Work) အလုပ်ချိန် အပိုင်းအခြားများအဖြစ် အသုံးပြုတဲ့နည်းပါ။ (ဝီကီပီးဒီးယား)

ဤနည်းလမ်းကိုအသုံးပြု၍ ၂၅ မိနစ် အလုပ်လုပ်ခြင်းနှင့် ၅ မိနစ်အားလပ်ချိန်ဖြင့် ပိုင်းခြားနိုင်ပါတယ်။ ဤကြားကာလများကို Pomodoros ဟုခေါ်ပါတယ်။

Pomodoros လေးခုလောက်လုပ်ပြီးရင် ၁၅ မိနစ်ကနေ ၂၀ မိနစ်လောက်ကြာအောင် အနားယူနိုင်ပါတယ်။ ☕🍵

နည်းစနစ်နောက်ကွယ်က အယူအဆကတော့ Timer ၏ အရေးပါမှုကို သိသာစေတယ်။ အာရုံထွေပြားစေမယ့်အစား၊ အလုပ်တွေပြီးမြောက်ဖို့အတွက် အဖိုးတန်အလုပ်ချိန်တွေ သင့်မှာ ၂၅ မိနစ် (Focus Time) ပဲရှိတယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

💁‍♂️ ဘယ်လို အသုံးချရမလဲ???
၁. အလုပ် Tasks တစ်ခုကို ရွေးပါ။
၂. အချိန်တိုင်းကိရိယာ Timer ကို ၂၅ မိနစ် သတ်မှတ်ပါ။
၃. Timer ရပ်တန့်သည်အထိ လုပ်ငန်းကို လုပ်ဆောင်ပါ။
၄. ခဏအနားယူပါ — များသောအားဖြင့် 5 မိနစ်ခန့်။
၅. Pomodoros 4 ကြိမ်တိုင်း၊ ပုံမှန်အားဖြင့် 15-30 မိနစ်အကြား ပိုကြာကြာအနားယူပါ။ 🏖️

🍅⏰ Pomodoro ၏အကျိုးကျေးဇူးများ
၁. သင့်အချိန်ကို ပိုတန်ဖိုးရှိစေပါတယ်။
၂. အစီအစဉ်ဆွဲခြင်း Planning ကို တိုးတက်စေပါတယ်။
၃. အချိန်ဆွဲခြင်းအလေ့အထကို လျှော့ချပေးပါတယ်။
၄ Multi-tasking လုပ်တာကို လျှော့ချပေးပါတယ်။
၅. စိတ်အနှောက်အယှက်ဖြစ်မှုကို ဖြေရှင်းပေးနိုင်ပါတယ်။
၆. သင်၏ကြိုးစားအားထုတ်မှု စိတ်ဓာတ် (Motivation) ကို ထိန်းသိမ်းရန် ကူညီပေးပါတယ်။
၇. ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။

လတ်တလောမှာ အသုံးချသင့်တဲ့ နည်းလမ်းကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ☺️☺️

Marketing or Sales Strategy?+Everyone knows you and want you = Marketing (Generating Demand)+Everyone's buying yours = S...
06/12/2021

Marketing or Sales Strategy?

+Everyone knows you and want you = Marketing (Generating Demand)

+Everyone's buying yours = Sales (Generating Revenue)

For Instance,
Coca Cola and Pepsi are well-known Global Brands in consumer's mind whereas Nestle is the highest annual revenue in the whole Food and Beverage Industry. It's all about choices how you want to succeed in Awareness or Profit game.

Paradox 1: Marketing with no Sales mean Budget wasted.
Paradox 2: Sales with No Marketing Sense, it's just commodity.

In real world business cases:
1) There is still no sales even if products are available at marketplace. (it's "Marketing Weakness" to fix, there is no demand generating).

2) if products are not reaching enough amongst competitors.
(It's Sales Weakness to fix)

01/11/2021

#လမ်းဘေးထည်
ရောင်းခဲ့တဲ့

ကမ္ဘာအချမ်းသာဆုံး
သူဌေး

တချိန်က စပိန်မှာ
သူငယ်ချင်း
နှစ်ယောက် ရှိတယ်၊

ဘရန်ကိုနဲ့ အော်တေဂါလို့
ခေါ်တယ်၊
ဘရန်ကို မိဘတွေက
ချမ်းသာတယ်၊

ဒီတော့ ဘရန်ကိုက
ဆေးကျောင်းအရင်
တက်တယ်၊ ပြီးတော့
စာမကျက်နိုင် တော့ဘူး
ဆိုပြီး
အင်ဂျင်နီယာလိုင်း
ပြောင်းတယ်၊

ဒါလည်း
ကြာကြာမခံပါဘူး၊

ရုပ်ရှင် မင်းသား
ပြောင်းလုပ်ပြန်တယ်၊
မအောင်မြင်ဘူး၊

နောက်ဆုတ်ဖို့ လမ်း
ရှိတော့
အလွယ်တကူ အရှုံး
ပေးတယ်၊
အကြောင်း ပြချက်
ပေါင်းစုံ ပေးပြီး

နောက်ဆုံးတော့
သူ့မိဘ
လက်ငုပ် ကုန်သည်ပဲ
လုပ်တော့တယ်၊

သူ့ပုံပြင်လေးက ဒီမှာ
ပြီးပြီ၊

မပြီးသေးတဲ့ ပုံပြင်ထဲက
ဇာတ်လိုက်နာမည်က
အမန်စီယို အော်တေဂါ၊

သူ့မိသားစုက
ဆင်းရဲတယ်၊
သူ့အဖေ က
မီးရထားဌာနက
အောက်ခြေဝန်ထမ်း၊

လခ တစ်လစာ က
ကြက်ဥ ဆယ်ဒါဇင်
ဝယ်ရင်ကုန်ပြီ၊

ဆင်းရဲလွန်း လို့
၁၄နှစ်မှာ ကျောင်းထွက်
လိုက်ရတယ်၊

အလုပ် လိုက်ရှာရင်းနဲ့
အင်္ကျီ ရောင်းတဲ့ ဆိုင်မှာ
အကူအလုပ် ရတယ်၊

ဒီအလုပ်ကို လုပ်ရင်း
အရင်း အနှီးနဲ့
အတွေ့အကြုံ
ရှာခဲ့တယ်၊

လမ်းဘေးမှာ
အထည်ဟောင်းတွေ
ရောင်းတဲ့ အလုပ်ကို
နှစ်ပေါင်းများစွာ
လုပ်ခဲ့တယ်၊

အခက်အခဲတွေ
မရေမတွက်အောင်
တွေ့လွန်း တော့

နောက်ဆုတ်လိုက်ချင်စိတ်
အကြိမ်ကြိမ် ပေါ်တယ်၊

နောက်ဆုတ် ဖို့
ပြန်ကြည့် တော့
တခြား
ထွက်ပေါက်မရှိဘူး၊

ဆင်းရဲ လွန်းပြီး
ပညာရေးမပြီးတဲ့ အတွက်
တစ်ခြားအလုပ် ရှာမရဘူး၊

ဒါနဲ့ဒီအလုပ် တစ်ခုပဲ
ဇောက်ချ
လုပ်တော့ မယ်ဆိုပြီး
အားတင်း ကြိုးစားတယ်၊

နောက်နှစ် နှစ်ဆယ်
လောက် အကြာမှာ
ကိုယ်ပိုင်
အဝတ် အထည်တွေ
ချုပ်ပြီး
စရောင်းကြည့်ရာ ကနေ
နည်းနည်း
အဆင်ပြေ လာတယ်၊

အဲဒီအချိန်
အသက် ၃၆နှစ်၊

သူ့အသက်
လေးဆယ်ဝန်းကျင်
၁၉၇၅ မှာ ZARA ဆိုတဲ့
တံဆိပ်တပ်ပြီး
အဝတ်အထည်
စရောင်း တယ်၊

အဝတ်စျေးကွက်ကို
နှစ်ပေါင်းများစွာ
အရည်ကျို
သောက်လာတဲ့ သူဟာ

ZARA ကို
ဆယ်နှစ် အတွင်း
အောင်မြင်အောင်
ဦးဆောင်နိုင်ခဲ့တယ်၊

၁၉၈၉ မှာ
ပေါ်တူဂီ စျေးကွက် ကို
စတင်ဝင်တယ်၊

နောက် ဆယ်နှစ် မှာ
ကမ္ဘာ အဝတ်အထည်
လောက ရဲ့
ထိပ်တန်း ပြင်သစ်၊
လန်ဒန်စျေးကွက်ထဲကို

ZARA ရောက် လာပါပြီ၊

၂၀၀၁ မှာ ZARA ကို
စတော့စျေးကွက်
တင်တယ်၊

ZARA ဟာ
အလွန် လျင်မြန်စွာ
တိုးတက် လာတယ်၊

၂၀၁၅ မှာ နိုင်ငံပေါင်း
၈၈ နိုင်ငံ မှာ
ဆိုင်ပေါင်း (၆၇၄၆)
ဖွင့်လှစ်နိုင်ခဲ့ပြီး

အမြဲတမ်း ဝန်ထမ်း
တစ် သိန်း လေးသောင်း
ကျော်ခန့်ထား
နိုင်ခဲ့ပါတယ်၊

ဖို့ မဂ္ဂဇင်းရဲ့၂၀၁၅
ကမ္ဘာ့တန်ဖိုး အကြီးဆုံး
တံဆိပ် တစ်ရာမှာ

ZARA က တံဆိပ်
တန်ဖိုးသက်သက် ကို
ဒေါ်လာ ၉.၄ ဘီလီယံ နဲ့
နံပါတ် ၅၈
ချိတ်ခဲ့ပါ တယ်၊

ကျွန်တော်တို့ကြားဖူးတဲ့

Sony, Panasonic,
Lexus,
Rolex, Adidas,
Hyundai,
KIA, Volkswagen,
Nissan,
Canon, Chevrolet,
Colgate,
Red Bull,
Estée Lauderတို့ထက်

ZARA ရဲ့
တံဆိပ်တန်ဖိုးက
ပိုမြင့်ပါတယ်၊

လာမယ့် ၂၀၁၆ မှာ
တံဆိပ် တန်ဖိုး
အဆင့်ပိုတောင်
တက်လာနိုင်တယ်၊

အော်တေဂါဟာ
Inditex ကုမ္ပဏီကို
ထူထောင်ပြီး

ZARA ရဲ့
မိခင်ကုမ္ပဏီ အဖြစ်
သတ်မှတ်ကာ
Inditex ရဲ့
ဖွဲ့စည်းပုံ ထဲထည့်ခဲ့
တယ်၊

Inditex ရဲ့ အောက်မှာ
ZARA, Pull&Bear,
Massimo Dutti
အပါအဝင်
တံဆိပ်
ရှစ်ခုပိုင်ဆိုင် တယ်၊

၂၀၀၄ နဲ့ ၂၀၁၄
ဆယ်နှစ် အတွင်း
Inditex ဟာ
ရာခိုင်နှုန်း (၅၇၀)
ကြီးထွား လာပြီး

၂၀၁၄ ကနေ
၂၀၁၅ တစ်နှစ် အတွင်း

နောက်ထပ်
ငါးဆယ် ရာခိုင်နှုန်း
ထပ် ကြီးထွားတယ်၊

Inditex ကုမ္ပဏီရဲ့
စုစုပေါင်း
ရှယ်ယာတန်ဖိုး
၅၉.၂၉ ရာခိုင်နှုန်းကို
ပိုင်ဆိုင်တဲ့
တချိန်က ဆင်းရဲလှတဲ့
အော်တေဂါရဲ့
ကြွယ်ဝမှုဟာ
တစ်ရှိန်ထိုး တိုးတက်
လာပြီး

၂၀၁၀ မှာ
ကမ္ဘာ အချမ်းသာဆုံး
နံပါတ် ကိုး ၊
၂၀၁၃ မှာ နံပါတ် သုံး ကို
ရောက်ရှိလာ ပါတယ်၊

ပြီးခဲ့တဲ့ သောကြာနေ့
အောက်တိုဘာ ၂၃ ရက်
၂၀၁၅
မနက် အစောပိုင်းမှာတော့
Inditex ရဲ့ ရှယ်ယာ
တစ်ခု တန်ဖိုး
၃၃.၉၉ ယူရိုထိ
တက်သွား လို့

အော်တေဂါ ရဲ့
ကြွယ်ဝမှုဟာ
ဒေါ်လာ ၈၀ ဘီလီယံ
နီးပါး ဖြစ်သွားပြီး

အမေရိကန် ဘီလီယံနာ
မိုက်ခရိုဆော့ ပိုင်ရှင်
ဘီလ်ဂိတ်ရဲ့
အချမ်းသာဆုံး
နံပါတ်တစ် နေရာကို
၄ နာရီ ကြာ
ရယူလိုက်ပါတယ်၊

မနက် ၁၀:၅၂ မှာ တော့
ရှယ်ယာတန်ဖိုး
၃၃.၈၀ ယူရို ထိ
ပြန် ကျသွားလို့

ဘီလ်ဂိတ်က
ပထမနေရာ ပြန်ရ
လိုက်ပါတယ်၊

လာမယ့် ရက်တွေမှာ
စတော့ ရှယ်ယာ
အတက် အကျ
အနည်းငယ်ပေါ်
မူတည်ပြီး
သူတို့နှစ် ယောက်
တစ်လှည့်စီ
ပထမဖြစ်နိုင်ပါတယ်၊

အလွန်ကြွယ်ဝနေတဲ့
အော်တေဂါဟာ

အံ့သြ စရာကောင်းစွာ
ပုဂ္ဂိုလ်ရေး
မကျော်ကြား အောင်
(Very Low Profile) နဲ့
နေထိုင်ခဲ့တယ်၊

စျေးပေါတဲ့
အပြာရောင် ကုတ်၊
အဖြူရောင်ရှပ်နဲ့
ခဲရောင် ဘောင်းဘီပဲ
ဝတ်ပြီးနေတယ်၊

တန်ဖိုး အသင့် အတင့်
မြင့်တဲ့
သူ့ကိုယ်ပိုင်
ZARA တံဆိပ်တောင်
မဝတ်ဘူး၊

သန်းကြွယ် သူဌေး
ဖြစ်နေတာ
ကြာပြီ ဖြစ်တဲ့ ၁၉၉၉ ထိ

သူ့ ဓာတ်ပုံ
အင်တာနက်မှာ
ရှာမရဘူး၊

မီဒီယာ တွေ ကို
အင်တာဗျူး
အလုပ်မခံ ဘူး၊

၂၀၀၀ ခုနှစ်မှ
အင်တာဗျူးလုပ်ခံရလို့

သူ့ဘဝ အကြောင်း
လူတွေသိလာတယ်၊

ဒါကလည်း ၂၀၀၁ မှာ
သူ့ ကုမ္ပဏီ ကို
စတော့ စျေးကွက်
တင်မှာမိုလို့
CEO Branding အနေနဲ့
မဖြစ်လို့သာ
အဗျူးခံ တာ၊

မြန်မာပြည်
အဝတ်အထည်
စျေးကွက် ထဲက

ကိုယ်ပိုင် တံဆိပ်နဲ့
ထုတ်လုပ်ချင်တဲ့
မိတ်ဆွေ တွေကို
ZARA ရဲ့လုပ်ဟန်
တချို့ကို
ပြောပြချင်ပါ တယ်၊

အကုန်ယူလို့မရရင်
တောင်
ဗဟုသုတ အနေနဲ့ပါ၊

၁၊ ဆိုင်ခန်းအတွက်
အကောင်းဆုံး
နေရာ တွေကို ပဲ
ရွေးဖွင့်ခဲ့တယ်၊

၂၊ ကြေငြာစရိတ်ကို
လျော့ချခဲ့တယ်၊

တခြား ပြိုင်ဘက်
ကုမ္ပဏီတွေ ဝင်ငွေရဲ့
၃.၅ မှ ၅ ရာခိုင်နှုန်း
ကြား
ကြေငြာစရိတ်သုံးချိန်မှာ

အော်တေဂါ က
အံ့သြဖွယ်
၀.၃ ရာခိုင်နှုန်းပဲ
သုံးခဲ့တယ်၊

၃၊ အလုပ်ချိန်ကို
တိုးမြင့်ပြီး
ရောင်းအားပိုကောင်း
စေခဲ့တယ်၊

၄၊ အရေးအကြီးဆုံး
အချက်က
အဝတ်ဒီဇိုင်းတစ်ခု ရဲ့
သက်တမ်းကို

အတိုဆုံးထားခဲ့တာပါပဲ၊

ဖန်တီးမှု အသစ်တွေ
စဉ်ဆက်မပြတ်
လုပ်နေခဲ့တဲ့ အတွက်

ဒီဇိုင်းအသစ်တွေ
အဆက်မပြတ်
ထွက်နေခဲ့တယ်၊

အော်တေဂါဟာ
ခုဆို
အသက် ၇၉ နှစ်ရှိပါပြီ၊

ဆင်းရဲ လွန်းလို့
၁၄ နှစ်မှာ
ကျောင်းထွက်ခဲ့ရပြီး
အလုပ် သမား ဘဝနဲ့
နှစ်ပေါင်း များစွာ
နေခဲ့ရတဲ့သူဖြစ် ပါတယ်၊

အသက် ၄၀ ရောက်မှ
ကိုယ်ပိုင်လုပ်ငန်း
စတင်နိုင်ခဲ့တဲ့

မီးရထား အောက်ခြေ
ဝန်ထမ်းတစ်ဦး ရဲ့
သားတစ်ယောက်
ဖြစ်ပါ တယ်၊

လမ်းဘေး အထည် တွေ
စရောင်းပြီး ဘဝစခဲ့တဲ့
အော်တေဂါ ဟာ

ZARA တည်ထောင်ပြီး
နှစ် လေးဆယ်
အကြာ မှာ
ယှဉ်ပြိုင်ဖို့ခက်လှတဲ့
နည်းပညာခေတ်ရဲ့
ဘီလူး (Titan) တွေကို

မယုံနိုင်စရာ ကျော်ဖြတ်ပြီး
ကမ္ဘာ အချမ်းသာဆုံး
တစ်ဦး ဖြစ်ခဲ့ပါပြီ၊

စစ်တမ်းတစ်ခုရှိပါတယ်၊

သန်းကြွယ်သူဌေး
(၇၅) ရာခိုင်နှုန်းလောက်ရဲ့
မိဘတွေ ဟာ
မချမ်းသာ ကြပါဘူး၊

ဖိအားများစွာနဲ့
ကိုယ်ထူးကိုယ်ချွန်
ပင်ပန်းစွာ ကြိုးစားပြီးမှ
အောင်မြင်ကြ ပါတယ်၊

ဒီလိုဇာတ်လမ်းမျိုးဟာ
သိပ်တော့
မဆန်းပြားပါဘူး၊

ဒါပေမယ့်
ဘဝကို ပင်ပန်းစွာ
စ ခဲ့ရတဲ့
ကမ္ဘာ့ အချမ်းသာဆုံး

သူကြွယ်ကြီးရဲ့
ဇာတ်လမ်းကို
ဖတ်မိတဲ့ အချိန်မှာ
မရေးဘဲ
မနေနိုင်တော့ပါဘူး၊

ဒီနေ့ သာမန်ဘဝမှာ
ရောက်နေပေမယ့်

တချိန်
အောင်မြင် လာနိုင်တဲ့
မြန်မာ လုပ်ငန်းရှင်
လောင်းလျာ တွေကို

ဂုဏ်ယူအားကျ
စေချင်တဲ့
စိတ်နဲ့ရေးပါတယ်၊

အကယ်၍
ဒီစာဖတ်နေတဲ့
မိတ်ဆွေတို့ရဲ့မိဘ
တွေများ
မချမ်းသာခဲ့ဘူး
ဆိုရင်

ငါတို့သိပ်ကံကောင်း
တယ်လို့
သတ်မှတ်ပြီး
ဝမ်းသာလိုက်ပါ၊

ကျွန်တော် လည်း
မိတ်ဆွေတို့အတွက်
ဝမ်းမြောက်ပါတယ်၊

ဘာကြောင့် လဲ
ဆို တော့
မိတ်ဆွေတို့ သန်းကြွယ်
သူဌေး ဖြစ် လာဖို့
မွေးရာပါ
သူဌေးသားတွေ ထက်
အခွင့်အရေး
၃ ဆပိုများ နေပါတယ်။

to Ko Naing
K.K(ကနောင်)

29/09/2021

ဖောင်းပွမှု အႏၲရာယ္ ဘယ်လိုသက်သာစေမလဲ?
☘☘☘ 🤔🤔🤔 ☘☘☘

ငွေကြေး ​​ဖောင်းပွမှုက ကြောက်စရာ ​​ကောင်းပါတယ်။ ​ဥပမာ စုထား​တဲ့​ငွေဟာ ​အရင်က ​ဆန် ဆယ်တင်း ဝယ်လို့ရ​နေရာက​နေ ​နေရင်းထိုင်ရင်း တစ်​ဖြည်း​ဖြည်း​နဲ့ ​ဆန် ၁၀ တင်းမရ​​တော့ပဲ ​ဆန် ၉ တင်း ၈ တင်းလောက်ပဲ ဝယ်လို့ ရ​​တော့တာမျိုးပါ။

ငွေကြေး​​ဖောင်းပွမှု​တွေဖြစ်လာရင် လက်ထဲမှာ ​ငွေကိုင်ထား​တဲ့သူ​တွေ ​အဆုံး ​အရှုံး ရှိပါတယ်။ ​ငွေကို အိမ်မှာ ​​သော့ခတ် သိမ်းထားရင်​​တော့ ​အလိုလို​နေရင်း ရှုံး​နေပါတယ်။

ငွေကိုင်ထားတာ ရှုံးတတ်တယ် ဆို​ပေ​မဲ့လည်း အရေး​​ပေါ်​ ​ရန်ပုံ​ငွေ ​အဖြစ် ​အသုံးစရိတ်​ရဲ့ ၃ လ​နဲ့ ၆ လစာကြားလောက် ပမာဏကို ​ငွေသား ​အဖြစ် ထားသင့်ပါတယ်။ အရေး​​ပေါ်​ ​ရန်ပုံ​ငွေ ကို အိမ်မှာ မထားပဲ ​ဘဏ်မှာ ထားရင် ပို​​ကောင်းတယ်လို့ မြင်ပါတယ်။

******
ဘဏ်
******
ဘဏ်မှာထားရင်​​တော့ ​​ပုံ​မှန်ဆို ဘဏ်တိုးက ငွေကြေး​​ဖောင်းပွမှုနှုန်းထက် ပိုများတတ်တာ​​ကြောင့် ​အဆင်​ပြေ​ပေ​မဲ့ ​အချို့နှစ်​တွေမှာ ​ငွေကြေး​​ဖောင်းပွမှုနှုန်းဟာ ​ဘဏ်တိုးထက်များ​တဲ့​အခါ ​အရှုံးရှိတတ်ပါတယ်။

***************
အခေါက်ရွှေစင်
***************
ရွှေဝယ်ထားရင်​​တော့ ​အများ​အားဖြင့် ​ငွေကြေး​​ဖောင်းပွမှုကို ကာမိပါတယ်။ ​​အထူးသဖြင့် ငွေကြေး​​ဖောင်းပွမှု များ​တဲ့ နှစ်​တွေမှာ ရွှေဈေး ​အတက်ကြမ်းတတ်ပါတယ်။ ဒါ​ပေ​မဲ့ ဈေးတက်ချိန်မှာ ဝယ်ထားမိရင် ရှုံးတတ်တာကိုလည်း သတိပြု​စေလိုပါတယ်။ ​​​အရေး​​ပေါ် ​ရန်ပုံ​ငွေ ​အပြင် ​ငွေပိုရင် အခေါက်ရွှေစင် ​အနည်းငယ် ဝယ်ထားသင့်ပါတယ်။ ရှိသမျှ​ငွေကို ပုံ​အောပြီး​​တော့ ရွှေ မဝယ်သင့်ပါဘူး။

************
နိုင်​ငံခြား​ငွေ
************
နိုင်​ငံခြား​ငွေ ဝယ်ထားတာလည်း ​မြန်မာ​ငွေ​​ဖောင်းပွ​မှု များတဲ့ ​အချိန်မှာ ကာမိပါတယ်။ ​​​​ငွေပိုရင် အနည်းငယ်​​တော့ ဝယ်ထားလို့ ရပါတယ်။ ​နိုင်​ငံခြား​ငွေကလည်း ​​ဖောင်းပွမှု ​အနည်း​နဲ့ ​အများ​​တော့ ရှိပါတယ်။

***************
စ​​တော့ရှယ်ယာ
***************
ငွေကြေး​​ဖောင်းပွ​နေချိန်မှာ နိုင်​ငံခြား စ​​တော့ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်​နှံထားရင် ​ငွေကြေး​​ဖောင်းပွမှုကို ​ကာမိ​တဲ့ ​အပြင် ​ရေရှည်မှာ ​အမြတ်များပါတယ်။ ဒါ​ပေ​မဲ့ နိုင်​ငံခြား ​ဘဏ်​အ​​ကောင့် မရှိ​တဲ့သူ​တွေ ​အတွက် မလွယ်လှသေးပါဘူး။ ပြည်တွင်းက စ​​တော့ဈေးကွက်က​​တော့ ဖွံ့ဖြိုးလာမယ့် ​အချိန်ကို ​​စောင့်ရပါဦးမယ်။

*************************************
သယ်ယူပို့​ဆောင်ရေးလုပ်ငန်း​သုံး ယာဉ်
*************************************
ဆိုက်ကား၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကား၊ စက်​လှေ စ​​တဲ့ သယ်ယူပို့​ဆောင်ရေးလုပ်ငန်း​သုံး ယာဉ်​တွေကို ဝယ်ပြီး ငှါးစားတာဟာလည်း ​​​ငွေကြေး​​ဖောင်းပွမှုကို ကာကွယ်ပေးပါတယ်။ 

ငွေကြေး​​ဖောင်းပွလာရင် ငှါးခ​တွေ ဈေးလိုက်တက်မယ်။ ​ယေဘုယျ​အားဖြင့် ​ငွေကြေး​​ဖောင်းပွမှု ကြမ်း​တဲ့ ​အခါမျိုးမှာ ဝယ်ထား​တဲ့ ယာဉ်​ရဲ့ ​တန်ဖိုးဟာလည်း ​ငွေ​​ကြေး​​ဖောင်းပွမှု​နဲ့​အပြိုင် ဈေးတက်လာတတ်ပါတယ်။

**********
အိမ်​ခြံ​မြေ
**********
အိမ်ခန်း၊ တိုက်ခန်း၊ ​ဆိုင်ခန်း၊ ဂို​​ထောင်၊ မြေ၊ လယ်ယာ၊ ဥယျာဉ်​ခြံ​မြေ စ​တာ​တွေကို ဝယ်ပြီး ​အငှါးချထားရင်လည်း ​​ကောင်းပါတယ်။ ​ငွေကြေး​​ဖောင်းပွမှုကို ကာမိပါတယ်။

အိမ်​ခြံ​မြေယာဉ် ​တွေဝယ်ရာမှာ ဈေးကြီးမမိဖို့လည်း သတိပြုရမှာပါ။ ပူ​​ဖောင်း ​​ဖောင်း​နေတုန်း ဝယ်ရင်​​တော့ ရှုံးတတ်ပါတယ်။

******************
စီးပွားရေးလုပ်ငန်း
******************
ငွေကို စီးပွားရေးလုပ်ငန်း​တွေမှာ ရင်းနှီးမြှုပ်​နှံထားတာလည်း ​​ကောင်းပါတယ်။ ဥပမာ ကုန်​​​​ရောင်း ကုန်ဝယ်လုပ်ရင် ​ငွေကြေး​​ဖောင်းပွ​တဲ့ ​အခါ ကိုယ့်လက်ထဲမှာ ရှိ​တဲ့ ကုန်​တွေက ​အလိုလို ဈေးတက်လာပါတယ်။
အမြတ်ရှိ​ပြီး လည်ပတ်​နေ​တဲ့ စီးပွားရေးလုပ်ငန်း​ရဲ့ ​တန်ဖိုးကလည်း ​ငွေကြေး​​ဖောင်းပွမှု​နဲ့​အတူ လိုက်တက်​​လေ့ရှိပါတယ်။

ဘာပဲလုပ်လုပ် ​​ငွေ​တွေကို ​တစ်​နေရာထဲမှာ စုပြုံပြီး မ​​ထည့်သင့်ပါဘူး။ ​ဖြစ်နိုင်ရင် ​နေရာ ​အများ​အပြားမှာ ဖြန့်ကြက်ထားသင့်ပါတယ်။

ဒါ​တွေက​​တော့ ​ငွေကြေး​​ဖောင်းပွ​တဲ့ ​အခါ ​ငွေစုထား​တဲ့ ပြည်သူ​တွေ​အ​နေ​နဲ့ ရှိ​တဲ့​ငွေလေး​တွေ ​အဆုံး​အရှုံးနည်းအောင် လုပ်ထားလို့ ရ​တဲ့ နည်းလေး​တွေပါ။ ကျွန်​​တော်တို့ ပြည်သူ​တွေ​အ​နေ​နဲ့ ​ငွေကြေး​​ဖောင်းပွမှုကို ကာကွယ်ဖို့ မလွယ်​ပေ​မဲ့ ​အဆုံးရှုံးသက်သာအောင် လုပ်ထား​တဲ့ နည်း​တွေပါ။

ငွေကြေး​​ဖောင်းပွမှုဟာ ​ငွေ​တွေကို ကိုင်ထား​တဲ့သူ​တွေ​အတွက် ​အဆုံး​အရှုံးများတာ ​မှန်​ပေ​မဲ့ စုမိ​ငွေမရှိ​တဲ့ သူ​တွေကိုလည်း ရိုက်ခတ်ပါတယ်။ ကုန်ဈေးနှုန်းကြီးလာတတ်လို့ ဝင်​ငွေ​​နဲ့ မလောက်တာမျိုး​တွေ ဖြစ်တတ်ပါတယ်။
အဲဒီ​အခါမှာ စုထား​တဲ့ ​ငွေ မရှိရင် ပိုဒုက္ခရောက်တတ်ပါတယ်။ ဒါ့​​ကြောင့် ခုထဲက ​ချွေတာစု​​ဆောင်းတာ​တွေ လုပ်ကြပါ။

ကုန်ဈေးနှုန်း​တွေကတက်​ပြီး ဝင်​ငွေက မတိုးရင် တစ်ဦးချင်း​အ​နေ​နဲ့ လုပ်လို့ရတာက​​တော့ ဝင်​ငွေ ပို​​ကောင်း​တဲ့ ​အလုပ်ကို ​​ပြောင်းလုပ်ဖို့ပါ။ မလွယ်​ပေ​မဲ့ ဒီလိုပဲ ကြိုးစား ရှာ​ဖွေလုပ်ကိုင်ရမှာပါပဲ။

အားလုံး ​အဆင်​ပြေကြပါ​စေ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

Credit:
Firefly

27/09/2021

သင် ဘယ်လောက်မြန်မြန်‌ပြေးပြေး
ဦးတည်ရာ ပန်းတိုင်လွဲနေရင် လိုရာသို့မရောက်နိုင်။

ထို့ကြောင့်၊ အစမပြုခင် သင်၏ လိုရာပန်းတိုင်ကို ခိုင်မာစွာ ချမှတ်ပါ။

No Matter how FAST you can run,
if heading to a wrong Direction, you won't be able to reach your Goal.
Hence, Set your "Goals and Direction" today before started.

22/09/2021
19/09/2021

Address


Website

Alerts

Be the first to know and let us send you an email when Friday MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Friday MEDIA:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share