သက်ရှည်ကျန်းမာဆည်းပူးရာ

  • Home
  • သက်ရှည်ကျန်းမာဆည်းပူးရာ

သက်ရှည်ကျန်းမာဆည်းပူးရာ ကျန်းမာရေးထောက်ကူပြု ဆိုင်ရာများ စ?

30/04/2024
26/02/2024

ဆီးချို အစားအစာများ
ဆရာ ကင်ဆာနဲ့ပတ်သက်လို့ပြည့်ပြည့်စုံသိရတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင် တဆက်ထဲမှာဘဲ မေးချင်တာလေးဆက်မေးခွင့်ပြုပါ
ဆီးချိုသွေးချို ဖြစ်နေတဲ့သူကို နေ့ည မနက်စာ ဘယ်လို၊ဘာတွေ..ပြင်ဆင်ကျွေးရမလဲ ထမင်း အစားဘာနဲ့အစားထိုးမလဲ သာမန် လူနေမှုအဆင့်ရဲ့လက်တကမ်းမှာရှိတဲ့ အစားအသောက် ကိုညွှန်ပြစေချင်ပါတယ် ဆရာ
https://dr-tint-swe.blogspot.com/2024/01/diabetes-httpsdr-tint-swe.html
ဒေါက်တာတင့်ဆွေ

19/02/2024

Chicken Wings ကြက်တောင်ပံ

ထိတ်လန့်ဖွယ် ကြက်တောင်ပံဆိုတဲ့သတိပေးစာ မကြာမကြာဖတ်ရပါတယ်။ ကျန်းမာရေးသတင်းကို ဖတ်တဲ့သူတွေ အထိတ်တလန့်ဖြစ်အောင်၊ မျက်လုံးပြူးအောင်၊ ဂျာနယ်ရောင်းကောင်းအောင်၊ သူများအထင်ကြီးအောင် မရေးသင့်ကြပါ။

ကြက်တွေကို ကြီးထွားမှု ပုံမှန်ထက်ပိုစေအောင် Steroids စတီရွိုက်ဆေးထိုးကြပါတယ်။ စတီရွိုက်ဆိုတာ ဟော်မုန်းတမျိုး ဖြစ်တယ်။ စတီရွိုက်တွေကိုယ်ထဲရောက်ရင် ကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေ အချိုးအဆ မမှန်ဖြစ်စေမယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း ပိုကဲလာနိုင်တယ်။ ယောက်ျားတွေမှာလည်း မ-ဟော်မုန်းရှိနေတာပါ။

အင်တာနက်မှာ အဲလိုသတိပေးတာတွေက တဦးချင်းကနေ သူ့အသိမှာဘာဖြစ်တယ်လို့ ရေးကြတာတွေပါ။ ထိုင်းနိုင်ငံမှာ ကြက်ဖင်စီဘူးစားလို့ ယောက်ျားတွေ ရင်သားထွက်တယ်လို့လည်း ပြောကြတယ်။ စတီရွိုက်ကြောင့် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။ ယူအက်စ်၊ ကနေဒါနဲ့ ဥရောပမှာ ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဆင်တွေကို စတီရွိုက်မထိုးဘို့ တားမြစ်ထားပါတယ်။ ကြက်ခြံတိုင်းမှာတော့ မထိုးလောက်ပါ။ အများထင်ကြသလို စတီရွိုက်ထိုးအုံးတော့ ကြက်တောင်ပံမှာ လာစုတယ်ဆိုတာ မမှန်ပါ။ တောင်ပံကို ဆေးထိုးပေမဲ့ အဲဒီနေရာမှာသာစုနေမယ်ဆိုတာလည်း မမှန်ပါ။ လူတွေဆေးထိုးတာမျိုးလို တကိုယ်လုံးကို ရောက်သွားပါတယ်။

သတိပေးတာတွေက မ-ဟော်မုန်းများသူတွေမှာ သားအိမ်အကျိတ်၊ မျိုးဥအိမ်အကျိတ်ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာအထိတော့ သတိပေးတာမရှိပါ။ တခြားဖြစ်နိုင်ခြေရောဂါတွေကိုလည်း သုတေသနတွေ မပြည့်စုံသေးပါ။

လူမှုရေးကွန်ရက်တွေမှာ ကျန်းမာရေးသတိပေးချက်တွေ ခဏခဏတွေ့ရပါတယ်။ သတိပေးတာတော့ ကောင်းပါတယ်။ ဖတ်ကြည့်ရင် အချက်အလက်မစုံပါ။ ဘာကြောင့် ဘာဖြစ်မယ်ပြောတာလည်း မရေရာပါ။ တလောကလည်း HIV ပိုးပါတဲ့ ဆေးထိုးအပ်ကို ရုပ်ရှင်ရုံထဲထောင်တားတဲ့သတင်း၊ အိန္ဒိယမှာ Frooti အချိုရည်မှာ HIV ပိုးပါတယ်ဆိုတဲ့သတင်း စတာတွေတွေ့လို့ ရှင်းလင်းရေးခဲ့ရပါသေးတယ်။ မေ့ဆေးပါတဲ့ဆပ်ပြာတုံးများဆိုတဲ့ သတိပေးစာ တွေ့ပါသေးတယ်။ မေ့ဆးအမျိုးအစားနဲ့ ဆေးဝါးနာမည်မပါလို့ အဆိုးအကောင်း ပြောမရပါလို့ ရေးလိုက်ရပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၁၅

16/02/2024

Cancer Question ကင်ဆာကို စောစောသိအောင် စစ်ပါလေ
ကင်ကင်များခြေထောက်တေက ထုံနေတာဘာကြောင့်လဲဘာလုပ်ရမလဲသိရင်ပြောပေးပါလား B12 ဓါတ် လိုလို့လား ဒါပေမဲ့အဲ့ဒါက ကင်ဆာအားပေးတယ်လီု့လဲပြောကြတော့ဘာလုပ်သင့်လဲသိရင်ကျေးဇူးပြုပါ
ဒီဟာလည်း ဆရာဝန်ကို မမေးပါ ကင်ကင်ဆိုသူတွေကို မေးတာ။
ဆရာဝန်ကိုမေးရင်လည်း အဖြေရခက်တယ်။ ဖြစ်တဲ့သူ ကလေး၊ လူကြီး၊ အသက်၊ ကျား၊ မ မသိ။ ကင်ဆာရှိ မရှိလည်း မသိ။ ရှိရင်လည်း ဘာကင်ဆာ မသိ။ ကုသနေ မနေလည်း မသိ။
Vitamin B complex ဗီတာမင် (ဘီ) အုပ်စု https://dr-tint-swe.blogspot.com/2021/05/vitamin-b-complex.html
Stomach cancer and B12 ဗီတာမင် ဘီ-၁၂ နှင့် အစာအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2022/06/stomach-cancer-and-b12.html
Vitamin B12 ဗီတာမင် ဘီ ၁၂ https://dr-tint-swe.blogspot.com/2021/06/vitamin-b12.html
Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/2021/05/diabetic-neuropathy.html
ကင်ကင်များခြေထောက်လို့ ရေးတာကို ကင်းခြေများလို့ ဖတ်မိတယ်။
တွေ ကို တေ၊ ဖြစ် ကို ဖစ်လို့ ရေးသူတွေကို ကင်ဆာနေရာတွေမှာ အများဆုံး တွေ့ပါတယ်။ ကင်ဆာကို စောစောသိအောင် စစ်ပါလေ။
တေ ဆိုရင် ကင်ဆာ သေချာ။ ဖစ် ဆိုလည်း ကင်ဆာ။
ဒေါက်တာတင့်ဆွေ

Address


Website

Alerts

Be the first to know and let us send you an email when သက်ရှည်ကျန်းမာဆည်းပူးရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share