Kachinland News - Burmese Edition

  • Home
  • Kachinland News - Burmese Edition

Kachinland News - Burmese Edition Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kachinland News - Burmese Edition, News & Media Website, .

Kachinland News is an independent, non-profit media organization committed to report true and accurate news and events taking place in the Kachinland and Burma.

"ကေအိုင်အေတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စကစတပ် လက်နက်ခဲယမ်းများပါ သိမ်းဆည်းခံရ"ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ဝိုင်းမော်မြိ...
17/06/2023

"ကေအိုင်အေတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စကစတပ် လက်နက်ခဲယမ်းများပါ သိမ်းဆည်းခံရ"
ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။

ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ ၅ နယ်မြေဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် စကခ (၁၀၃)တပ်က လွယ်လုံတောင်ဘက်ကနေ နမ်ဆန်တံတားဘက် စစ်ကြောင်းထွက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ် တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ အဆိုပါအကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လက်ရှိတွင် နမ်ဆန်ယန်ကျေးရွာနဲ့ အနီီးဝန်းကျင်ဘက် ဆက်လက်ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ရှိလာနိုင်သေးကြောင်း ဒေသခံများက ယူဆနေကြပါတယ်။

ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ ဘက်မှာတော့ ယနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ပါတယ်။

ဒရုန်းဖြင့် ညအချိန်တိုက်ခိုက်စဉ် ကေအိုင်အေတပ်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ကာ ရှဒူးဇွပ်ပြည်သူ့စစ်အုပ်စုက ကေအိုင်အေနယ်မြေဘက် ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်နေပြီး မြစ်ကြီးနား-တနိုင်းလမ်းပိုင်း သွားလာသူများကိုလည်း ပြင်းထန်စွာစစ်ဆေးတာတွေ ရှိနေပါတယ်။

ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၂ နာရီခ...

“မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး မူဆယ်တွင် သတ်ဖြတ်ခံရ”ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ရှမ်းပြည်နဘ်မြောက်ပိုင်း မူဆယ်စက်မှုဇန်ရပ်...
16/06/2023

“မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး မူဆယ်တွင် သတ်ဖြတ်ခံရ”
ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

ရှမ်းပြည်နဘ်မြောက်ပိုင်း မူဆယ်စက်မှုဇန်ရပ်ကွက် စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့က မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

သတ်ဖြတ်ခံရသူက မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်ဖြစ်ကာ မူဆယ်စက်မှုဇန်ရပ်ကွက်ရှိ ဂိတ်တွင် ဂိတ်အဝင်အထွက် စောင့်ကြည့်တာဝန်ကို ယူဆောင်ထားသူဖြစ်ကြောင်း သိရပါတယ်။

အသက် ၅၀ အရွယ် အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကိုလေးကို ပစ်သတ်သွားသူက မည်သူဖြစ်ကြောင်းကို မသိရှိရသေးပေမယ့် ဒေသခံအချို့ကတော့ အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်သွားတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

အဆိုပါစက်မှုဇုန်ရပ်ကွက်တွင် လွန်ခဲ့သောလကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရမှု ရှိခဲ့ပါသေးတယ်။

ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ရှမ်းပြည်နဘ်မြောက်ပိုင်း မူဆယ်စက်မှုဇန်ရပ်ကွက် စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇ...

“လားရှို့မြို့ပေါ် စစ်ရှောင်လာသူများ အကူအညီအရေးတကြီးလိုအပ်လာ”ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို...
14/06/2023

“လားရှို့မြို့ပေါ် စစ်ရှောင်လာသူများ အကူအညီအရေးတကြီးလိုအပ်လာ”
ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့အနီး ကိုးကန့်တပ်မတော် (MNDAA) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ဇွန်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ဘန်ကျေးရွာဒေသခံများက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် ကလေးမိခင်တစ်ဦးသေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

လားရှို့မြို့ပေါ် စစ်ဘေးရှောင်လာတဲ့ မန်ဘန်ဒေသခံများက လက်ရှိအခက်အခဲပေါင်းစုံဖြင့် နေထိုင်စားဝတ်ရေးအတွက် လိုအပ်ချက်တွေရှိလာကြကြောင်း ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူများက နီးစပ်ရာ ဆွေမျိုးအိမ်၊ ဘုရားကျောင်းဝင်းများတွင် ခိုလှုံနေကြတာဖြစ်ပြီး အခြေခံစားသုံးကုန်နဲ့ ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရပါတယ်။

လက်တလောလိုအပ်ချက်အချို့ကို အသင်းတော်များက ကူညီနေကြတာဖြစ်ပေမယ့် ရေရှည်တွင် ကူညီထောက်ပံ့ရေး အစားအသောက်များ ပျက်လျှက်သွားမှာကိုလည်း စိုးရိမ်ကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများရဲ့ ကျေးရွာအနီးတွင် ကိုးကန့်တပ်မတော် (MNDAA) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာလျက်ရှိနေသေးတာကြောင့် မိမိကျေးရွာ နေရပ်ပြန်ရေးအတွက် အခက်ကြုံနေကြရပါတယ်။

နှစ်ဖက်တိုက်ပွဲ ထင်မှတ်မထားချိန် ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူများက ဘေးလွတ်ရာကို တကွဲတပြားဖြင့် တိမ်းရှောင်ခဲ့ကြရကာ လိုအပ်တဲ့အရာများ လုံလောက်စွာ ယူဆောင်နိုင်ခဲ့ခြင်းမရှိသလို အချို့ကလည်း တောတောင်များကြား တိမ်းရှောင်သွားသူများလည်း ရှိနေသေးကြောင်း သိရပါတယ်။

ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့အနီး ကိုးကန့်တပ်မတော် (MNDAA) နဲ့ အကြမ်းဖက် စစ...

“ကချင်ဒေသ တကျော့ပြန်တိုက်ပွဲ ၁၂ နှစ်ပြည့်နေ့တွင် KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ကွတ်ခိုင်အနီးတိုက်ပွဲဖြစ်ပွားခဲ့”ဇွ...
09/06/2023

“ကချင်ဒေသ တကျော့ပြန်တိုက်ပွဲ ၁၂ နှစ်ပြည့်နေ့တွင် KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ကွတ်ခိုင်အနီးတိုက်ပွဲဖြစ်ပွားခဲ့”
ဇွန် ၉ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်း ၁၂ နှစ်ပြည့်တဲ့ ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ နောင်ဆွေကျေးရွာအနီးတွင် နံနက်ပိုင်း ၁၀ နာရီကစတင်ပြီး ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း ၃၉ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မ ၉၉ ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ကွတ်ခိုင် ဗျူဟာကုန်းမှ အေးရှားဝေါဂိတ်တွင် လာရောက်ပို့ဆောင်ထားတဲ့ စစ်ကြောင်းဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်း ခြေလျင်စစ်ကြောင်းသွားလာကာ ကေအိုင်အေနယ်မြေဘက် နီးစပ်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကေအိုင်အေတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံလိုက်ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း တိုက်ပွဲနဲ့ နီးကပ်စွာ ခရီးသွားလာခဲ့သူများထံမှ သိရှိရပါတယ်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြယ်သွားပြီးနောက် ကိုးကန့်တပ်စခန်းများကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာတာကြောင့် ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိမှုတွေ များပြားခဲ့ကြောင်း MNDAA ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

ဇွန် ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်း ၁၂ နှစ်ပြည့်တဲ့ ယနေ့ ဇူလိုင် ၉ ရက်နေ့တွင...

“ချန်ပီယံခါးပတ်ပြန်ရဖို့ လက်တကမ်းသာလိုတော့တဲ့ အောင်လအန်ဆန်”မေလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။အမေရိကန်နိုင်ငံတွင် ယနေ့ မေလ ၆ ရက်နေ့မ...
06/05/2023

“ချန်ပီယံခါးပတ်ပြန်ရဖို့ လက်တကမ်းသာလိုတော့တဲ့ အောင်လအန်ဆန်”
မေလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။

အမေရိကန်နိုင်ငံတွင် ယနေ့ မေလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ One Championship ရဲ့ One Fight Night 10 ပြိုင်ပွဲတွင် တရုတ်နိုင်ငံသား ဖန်ရောင်းနဲ့ ထိုးသတ်ခဲ့တဲ့ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်တစ်ယောက် ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပထမအချီတွင် နှစ်ဖက်စလုံး အားအင်အပြည့်ဖြင့် ဆော့ကစားအပြီး ဒုတိယအချီအရောက်တွင် ကချင်သားကြီး အောင်လအန်ဆန် ခန္ဓာကိုယ်ဟန်ချက်ပျက်သွားခြင်းကို ဖန်ရောင်းတစ်ယောက် အခွင့်ကောင်းယူဖို့ လှဲချဖို့ကြိုးစားနေစဉ် အောင်လအန်ဆန်ရဲ့ လည်ပင်းအမြန်ချုပ်ကွက်ကြောင့် တောင့်ခံနိုင်ခြင်းမရှိ အရှုံးပေးခဲ့ရပါတယ်။

မြန်မာ့အချစ်တော် အောင်လအန်ဆန်က ဖန််ရောင်းကို အနိုင်ရရှိခဲ့တာကြောင့် သူဆုံးရှုံးခဲ့ရတဲ့ ချန်ပီယံခါးပတ်အတွက် ပြန်လည်ရယူနိုင်ဖို့ အလွန်နီးစပ်သွားပြီဖြစ်ကာ သုံးပွဲမြောက်ဆက်တိုက်အနိုင်ရရှိထားတာကြောင့် နောက်တစ်ပွဲတွင် ပွဲကောင်းအဖြစ် ချန်ပီယံခါးပတ်လုပွဲအတွက် စိန်ခေါ်ထိုးသတ်ဖို့ အခွင့်အလမ်းရရှိသွားပြီဖြစ်ပါတယ်။

နိုင်ပွဲရအပြီး အောင်လအန်ဆန်က ဘုရားသခင်ကို ကျေးဇူးတင်သလို အစဉ်အမြဲအားပေးတဲ့ မြန်မာပရိသတ်များကိုလည်း ကျေးဇူးတင်ရှိပြီး မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်အတွက် ကိုယ်စားပြုကစားရတာ အလွန်ဝမ်းမြောက်မိကြောင်း အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်အတွက် အားကစားသမားတစ်ယောက်နေဖြင့် ကမ္ဘာမှာ ကိုယ်စားပြုကာ ကစားရတာကို အရမ်းဝမ်းသာမိပါတယ်။ မြန်မာပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်တစ်ပွဲမှာ ချန်ပီယံရှစ်ပွဲဖြစ်ဖို့ ယုံကြည်တယ်။ ဒီပွဲက စာချုပ်အရ နောက်ဆုံးပွဲဖြစ်ပါတယ်။ ချန်ပီယံဖြစ်အောင် ကြိုးစားသွားပါမယ်။”

အောင်လအန်ဆန်တစ်ယောက် ချန်ပီယံလမ်းကြောင်းပေါ်တစ်ကျော့ ပြန်လည်ရောက်ရှိလာဖို့ နီးစပ်သွားတာကြောင့် သူ့ကိုအားပေးနေတဲ့ ပရိသတ်များကလည်း ဝမ်းမြောက်ဝမ်းသာနေကြပါတယ်။

ပရိသတ်တစ်ဦးကတော့ “အောင်လ နိုင်ပွဲရရှိသွားတဲ့အတွက် အင်မတန်ဝမ်းသာတယ်ဗျာ၊ နောက်တစ်ပွဲမှာ ချန်ပီယံခါးပတ်ရရှိပါစေလို့ ဆုတောင်းပေးပါတယ်၊ ချန်ပီယံခါးပတ်ရပြီးရင်တော့ သိုင်းပေါင်းစုံအားကစားကနေ အနားယူဖို့မျှော်လင့်မိတယ်” လို့ သူကပြောပါတယ်။

“ဆိုင်းဖရာဒေသခံများကို အကြမ်းဖက် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးချကာ စစ်ကြောင်းထွက် လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခို...
19/04/2023

“ဆိုင်းဖရာဒေသခံများကို အကြမ်းဖက် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးချကာ စစ်ကြောင်းထွက် လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခံရ”
ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းပေါ်ရှိ ပျားအုံကျေးရွာအနီးတွင် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့မနက်ပိုင်းက ကေအိုင်အေတပ်ရင်း ၄၄ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁) ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နန့်ယားတပ်စခန်းကနေ ယမန်နေ့မနက် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဆိုင်းဖရာကျေးရွာရှိ ပြည်သူ ၅၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ၁၂ ဘီးကားဖြင့် ခေါ်ဆောင်သွားပြီး ဖားကန့်မြို့ဘက် စစ်ကြောင်းထွက်လာကာ ခရီးဆက်စဉ် ဂတ်နွယ် (ပျားအုံ)ရွာအနီးတွင် ကေအိုင်အေတပ်မှ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဆိုင်းဖရာကျေးရွာတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စီးနင်းကာ အမျိုးသမီး၊ အမျိုးသား အယောက် ၅၀ ဝန်းကျင်ကို ဖမ်းဆီးပြီး ၁၂ ဘီးကားပေါ် တက်စေပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ခေါ်ဆောင်သွားဖို့ ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးမှုနဲ့ အချို့ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံပြည်သူများနဲ့ ရောနှောကာ ၁၂ ဘီးကား ၂စီး၊ အိမ်စီးကားတစ်စီးဖြင့် ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာစဉ် ကေအိုင်အေတပ်မှ စစ်ကောင်စီယာဉ်တန်းများသာ မှတ်ထင်ပြီး ကြားဖြတ်တိုက်ခိုက်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး ၂၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသူများထဲမှ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို မနက်ပိုင်းတွင် လွတ်ပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း နေ့လည်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရကာ ဆိုင်းဖရာဒေသခံများက လက်ရှိတွင် နီးစပ်ရာကျေးရွာများဘက် တိမ်းရှောင်နေကြရပါတယ်။

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းပေါ်ရှိ ပျားအုံကျေးရွာအနီးတွင် ယမန်နေ့ ဧပြီလ ၁၈ ရက်....

“အကြမ်းဖက် စစ်ကောင်စီမှ အမှု ၃ ခု ဖြင့် KBC ဥက္ကဋ္ဌဟောင်း Rev. Dr. ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချမှတ်”ဧပြီလ ၇ ရက်၊ ၂၀၂၃ ခ...
07/04/2023

“အကြမ်းဖက် စစ်ကောင်စီမှ အမှု ၃ ခု ဖြင့် KBC ဥက္ကဋ္ဌဟောင်း Rev. Dr. ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချမှတ်”
ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

အကြမ်းဖက် စစ်ကောင်စီမှ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်တွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရကာ တရားရင်ဆိုင်နေရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

KBC ဥက္ကဌဟောင်းကို စွဲဆိုထားတဲ့ ပုဒ်မများမှ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁)ကို ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ (က)ကို ထောင်ဒဏ် ၁ နှစ်နဲ့ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)ကို ထောင်ဒဏ် ၃ နှစ်အဖြစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် မတရားစီးရင်ကာ လေးလအကြာတွင် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတွင် ဒေါက်တာခလမ်ဆမ်ဆွန်အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေများမှ အယူခံဝင်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ အဆင့်ဆင့်တက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်အနေဖြင့် ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ သွားရောက်နေစဉ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးပြီး မြစ်ကြီးနားထောင်ပို့ကာ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅ (က)နဲ့ ပုဒ်မ ၅၂ (က)တို့ဖြင့် မတရားသဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ အကြမ်းဖက် စစ်ကောင်စီမှ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်တွင်း ...

“ဂျယ်ယာန်စစ်ရှောင်စခန်း မီးဘေးသင့် နေအိမ် ၃၇ ပါဝင်သွား”မတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ကချင်စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဂျယ်ယ...
19/03/2023

“ဂျယ်ယာန်စစ်ရှောင်စခန်း မီးဘေးသင့် နေအိမ် ၃၇ ပါဝင်သွား”
မတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဂျယ်ယာန် စခန်းတွင် ယနေ့ မတ်လ ၁၉ ရက်နေ့ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးသွားခဲ့ရကာ စစ်ဘေးရှောင် ပြည်သူ ၁၇၈ ဦး မီးဘေးသင့်မှုကို ခံစားခဲ့ရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းက ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတွင် တည်ရှိတာဖြစ်ပြီး လျှပ်စစ်မီး ဝါယာရှော့ကြောင့် မီးစတင်လောင်ကျွမ်းသွားခြင်းဖြစ်ကာ မီးသတ်ကား ၂ စီးနဲ့အတူ ပြည်သူများ အတူတကွဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ နေအိမ်များမီးလောင်ထဲတွင် ပါဝင်သွားတဲ့ စစ်ဘေးရှောင်မိသားစုများကို စခန်းတာဝန်ရှိသူများက ဂျယ်ယာန် အထက်တန်းကျောင်းတွင် နေရာချထားပေးကာ အမျိုးသမီးကော်မတီအနေဖြင့် ရပ်ကွက်အတွင်းရှိ မိခင်များနဲ့ စုပေါင်းကာ အစားအသောက် ချက်ပြုတ်ပံ့ပိုးပေးနေကြောင်း စခန်းတာဝန်ခံ ဇင့်ဝါလဆိုင်း ကပြောပါတယ်။

ယခုလို စစ်ဘေးရှောင်နေအိမ်များ မီးလောင်ကျွမ်းသွားခဲ့ရတာကြောင့် အစားအသောက်၊ အဝတ်အစားများနဲ့ အိမ်သုံးပစ္စည်းအားလုံး မီးလောင်ထဲတွင် ပါဝင်သွားခြင်းကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် နေထိုင်နေရတာကြောင့် အကူအညီများ လိုအပ်လျက်ရှိနေပါတယ်။

မတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဂျယ်ယာန် စခန်းတွင် ယနေ့ မတ်လ ၁၉ ရက်နေ့ မီးလောင်...

“ပူတာအိုခရိုင်တွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား”မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ပူတာအိုမြို့န...
18/03/2023

“ပူတာအိုခရိုင်တွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား”
မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

ပူတာအိုမြို့နယ်၊ တန်ဂျာအနီး အင်ခေါချောင်းတွင် မတ်လ ၁၈ ရက် ယနေ့မနက် ၇ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ (၁) တပ်ရင်း ၇ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ပူတာအိုလမ်းဆုံနဲ့ တန်ဂျာအနီး စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေတပ်စခန်းအနီးဘက် ရောက်ရှိလာခြင်းကြောင့် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ကေအိုင်အေ တပ်မဟာ ၁ ပူတာအိုခရိုက်ဘက် မတ်လ ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ ရက်နေ့ကစတင်ပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

မတ်လ ၁၄ ရက်နေ့တုန်းက အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်ရင်း ၁၀ နဲ့ မိုင်ထောင်းကျေးရွာ လောင်ခါးတောင်အနီးတစ်ကြိမ်နဲ့ ကဝါးပန်နဲ့ ဆွပ်ချောင်းအနီးတွင်လည်း တစ်ကြိမ်နဲ့ အနည်းဆုံး ၃ ကြိမ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ကျော်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသေးတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေအုံးမှာ ဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။

မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ပူတာအိုမြို့နယ်၊ တန်ဂျာအနီး အင်ခေါချောင်းတွင် မတ်လ ၁၈ ရက် ယနေ့မနက် ၇ နာရီခန့်တွင် က....

“မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား”မတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်...
13/03/2023

“မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား”
မတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။

ဆွမ်ပရာဘွမ်မြို့နယ်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၁ တပ်ရင်း ၂၂ ကြား မတ်လ ၁၁ ရက်နေ့ ညနေပိုင်း ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ဆွမ်ခါးကျေးရွာအနီးဘက် တစ်နေ့လုံးနီးပါး ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ညအချိန်အရောက်မှာတော့ KIA, KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် ကေအိုင်အေတပ်မဟာ ၁ တပ်ရင်း ၄ နယ်မြေ မယောင်ဇွပ်အနီးတွင် မတ်လ ၉ ရက်နေ့က မြစ်ကြီးနားကနေ ကား ၄ စီးဖြင့် စစ်အင်အား ၇၀ ပါ စစ်ကြောင်းက ကေအိုင်အေနယ်မြေဘက် ဝင်ရောက်လာခြင်းကြောင့် မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့ပါသေးတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာဖြည့်တင်းမှုတွေ ယခုလပိုင်းအတွင်း လုပ်ဆောင်မှုတွေ ထပ်လုပ်လာခြင်းကြောင့် တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိလာပြီး KPDF အနေဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း သွားလာမည့် ကုန်ကားနဲ့ ခရီးသည်ယာဉ်များအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းခွင့်မပြုထားသလို သတ်မှတ်ချက်များဖြင့် ခရီးသွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ဆွမ်ပရာဘွမ်မြို့နယ်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကခ...

“ဖားကန့်မြို့တွင် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီး”မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ယခုရက်ပိုင်းအတွင်း...
11/03/2023

“ဖားကန့်မြို့တွင် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီး”
မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မတ်လ ၁၁ ရက်နေ့တွင်လည်း ဖားပြင်ကျေးရွာတွင် ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူများက ဖားပြင် ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ အိမ်စီးကား ၄ စီးဖြင့် ရောက်လာကာ သေနတ်ပစ်ခြိမ်းခြောက်ပြီး စည်းဝေးနေသူများကို ဖမ်းဆီးရာ ၂ ဦးလွတ်မြောက်ပြီး ဒေသခံ ၄ ဦးကတော့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူထဲမှ ၂ ဦးကတော့ သေနတ်ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိထားတဲ့ အနေအထားဖြင့် ဖမ်းခံလိုက်ရတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရကြောင်း သိရပါတယ်။

ဖားကန့်ဒေသတွင် ဒေသခံပြည်သူများ ယခုလအစောပိုင်းကစတင်ပြီး နေ့တိုင်းလိုလို အကြောင်းမဲ့ ဖမ်းဆီးခံရမှုတွေ ရှိလာတာကြောင့် ဒေသခံများက သွားလာရေး စိုးရိမ်နေကြရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ဆိုင်ကယ်စီးနင်းလာတဲ့ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်သွားခဲ့ကြောင်း သိရပါတယ်။

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူများကို အကြေ.....

“ဖားကန့်ဒေသရှိ ကေအိုင်အေတပ်ရင်း ၆ နယ်မြေဘက် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်လာ”မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။က...
10/03/2023

“ဖားကန့်ဒေသရှိ ကေအိုင်အေတပ်ရင်း ၆ နယ်မြေဘက် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်လာ”
မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၁ တပ်ရင်း ၄ နယ်မြေ မယော်ဇွပ်အနီး မတ်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့ကနေ စစ်ယာဉ် ၄ စီးဖြင့် အင်အား ၇၀ ကျော်ပါ ယာဉ်တန်းက စစ်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းကာ ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ယမန်နေ့ညနေပိုင်းတွင် ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၂၆ နယ်မြေ ချောင်းဝနဲ့ နမ့်မော်ကြား ကုလားကုန်းကျေးရွာအနီး လယ်တော်တွင် ချောင်းဝပြည်သူ့စစ်စခန်းတွင် လာရောက်စခန်းချနေထိုင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၄၂ တပ်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ကားနှစ်စီးဖြင့် အရှေ့ကန် အသွားလမ်းပိုင်း ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေပူးပေါင်းတပ်မှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ပြင်းထန်နေတာကြောင့် မတ်လ ၁၀ ရက်နေ့ မနက် ၁ နာရီခန့်တွင်လည်း တံတားဦးလေတပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဘက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ ပျက်စီးသွားခဲ့ရပေမယ့် လူထိခိုက်မှုကတော့ မရှိခဲ့ကြောင်း သိရပါတယ်။

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၁ တပ်ရင်း ၄ နယ်မြေ မယော်ဇွပ်အနီး မတ်လ ၉ ရက်နေ့ ညနေပို...

“ကေအိုင်အေတပ်မဟာ ၆ နဲ့ ၉ တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့”မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ကချင်လွတ်လပ်ရ...
01/03/2023

“ကေအိုင်အေတပ်မဟာ ၆ နဲ့ ၉ တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့”
မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ နဲ့ တပ်မဟာ ၉ နယ်မြေများတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ကနေ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာတဲ့ အင်အား ၁၅ ဦးပါ စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၉ မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားအပြီး အကမြ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားထပ်မံတိုးချဲ့ကာ နောင်ဆွေကျေးရွာတွင် တပ်စွဲနေရာယူကာ အနီးဝန်းကျင်ဘက် လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေပြီး ကွတ်ခိုင်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့မှာပင် မနက် ၅ နာရီခွဲခန့်မှာတော့ ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဖြစ်တဲ့ ဆိုင်းဂျာဘွမ်ကျေးရွာဘက် အိမ်စီးကားဖြင့် သွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ရှရော်ခကျေးရွာနဲ့ ဆိုင်းဂျာဘွမ်ကျေးရွာကြား စဗျစ်ခူးကျေးရွာ မုဒ်ဝအနီးတွင်လည်း ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ၅ နာရီခန့်တွင် စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထို့နောက် စစ်ကောင်စီတပ်က စဗျစ်ခူးကျေးရွာဘက် ဝင်ရောက်ကာ လူငယ်များကို ဖမ်းဆီးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာရှိ ဒေသခံ ၂ ဦးကို နန့်ယားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၂ မှ သံသရာဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးထားရာ ၂ ပတ်ကြာမြင့်လာပေမယ့် အိမ်ပြန်ရောက်လာခြင်းမရှိသေးတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြပါတယ်။

မတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ နဲ့ တပ်မဟာ ၉ နယ်မြေများတွင် ကေအိုင်အေတပ်နဲ့ အကြမ်း.....

ကချင်ပြည်နယ် ဖားကန့်မြို့တွင်  ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ဖားကန့်ပြည်သူများ က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် နှင့် KIA PDF NUG...
24/02/2023

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ဖားကန့်ပြည်သူများ က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် နှင့် KIA PDF NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်းမာနိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲလူထုအားဖြင့်တိုက်ဖြတ်ကြ ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - CJ

“အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး မိခင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ”ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ဖားကန့်မြို...
24/02/2023

“အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး မိခင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ”
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာတွင် ယနေ့ မနက် ၈ နာရီခွဲခန့် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေး ၂ ယောက်မိခင်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

မဇွပ်ယန်အချုပ်ထောင်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၇၆ တပ်ကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သလို အကြမ်းဖက် စစ်ကောင်စီတပ်က အနီးဝန်ကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး သိရပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ ခုက မဇွပ်ယန်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၃၀ ကျော် အရွယ် မိခင်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို လက်တလောတွင် လုံးခြင်းဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသလို ဒေသခံများကလည်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။

မဇွပ်ယန်အချုပ်ထောင်ရှိ စစ်ကောင်စီတပ်စခန်းက ယမန်နှစ်တုန်းကလည်း တိုက်ပွဲဖြစ်ပွားတိုင်း အနီးဝန်းကျင်ကျေးရွာဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြလုပ်တာကြောင့် ဒေသခံပြည်သူ သေဆုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာတွင် ယနေ့ မနက် ၈ နာရီခွဲခန့်  အကြမ်းဖက် စစ်က....

“မိုင်းခေါင်ကျေးရွာအနီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား”ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။မံစီမြို...
22/02/2023

“မိုင်းခေါင်ကျေးရွာအနီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား”
ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။

မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ သင်တန်းကုန်းအနီး ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီခန့်ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ ဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ကေအိုင်အေတပ်စခန်းအနီးဘက် အကြမ်းဖက် စစ်တပ် ခလရ ၂၂၃, ခလရ ၂၃၆ ပူးပေါင်းတပ်က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါနယ်မြေဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကတည်းက စစ်အင်အားတိုးချဲ့ကာ အလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ဘန်ဂေါ်၊ မိုင်းခေါင်း စတဲ့ဒေသများဘက် စစ်ရေးလှုပ်ရှားလာနေတာကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်နေရတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ယနေ့အချိန်ထိ အဆိုပါနယ်မြေများတွင် ရှိနေသေးတာကြောင့် ကေအိုင်အေတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသေးပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က မှန်းဆထားပါတယ်။

ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ (Kachin Sub-state) တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေကလည်း နေ့တိုင်းလိုလို ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ သင်တန်းကုန်းအနီး ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက....

“ကေအိုင်အေ တပ်မဟာ (၃), (၆) တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ဆဲ”ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ရှမ်းပြ...
21/02/2023

“ကေအိုင်အေ တပ်မဟာ (၃), (၆) တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ဆဲ”
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသ ဘန်ခါးအနီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်း ၁ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၉၉ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေတပ်စခန်းဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာလည်း မုန်းခေါင်အထက်ပိုင်း လိုင်ကာဇွပ်ဂျာအနီး ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၂၇ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲလည်း ရှိခဲ့ပါတယ်။

လိုင်ကာဇွပ်ဂျာဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ မနက် ၈ နာရီတွင် တစ်ကြိမ် မိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်ရေးလှုပ်ရှားလာခြင်းကြောင့် ညနေပိုင်း ၂ နာရီခွဲခန့်တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သလို တိုက်ပွဲပြီးသွားချိန်များတွင်လည်း အနီးဝန်းကျင်ဘက် လက်နက်များ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေတပ်ရင်း ၂၇ နယ်မြေတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ဘန်ဂေါ်၊ နတ်ကြီးကုန်းကျေးရွာအနီးများတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသ ဘန်ခါးအနီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပို....

“ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား မံစီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေ”ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။မံစီမြို...
18/02/2023

“ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား မံစီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေ”
ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

မံစီမြို့နယ်၊ ဘန်ဂေါ်ကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ နဲ့ အကြမ်းဖက် စစ်ကောင်စ်ီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထို့အပြင် မနက် ၁၀ နာရီခွဲခန့်မှာတော့ ဗန်းမော်ဘက်ခြမ်း မုံးခေါင်နဲ့ ဟန်ထက်ကြားရှိ နတ်ကြီးစင်နေရာတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၂၃၆ တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်ရင်း ၁ နဲ့ ၂၇ ပူးပေါင်းတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေ ဘွမ်ဆန်ဘွမ်အနီးတဝိုက်တွင်လည်း ယမန်နေ့ မနက် ၉ နာရီခန့်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေတပ်စခန်းဘက် ဆက်လက်ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အဆိုပါနယ်မြေတွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်နေတာပဲဖြစ်ပါတယ်။

တိုက်ပွဲများဖြစ်ပွားရာနေရာဘက် နမ့်ဖတ်ကာရှိ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၀၅-မမ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သလို လွန်ခဲ့သောရက်များတွင် လေကြောင်း ပစ်ခတ်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ မံစီမြို့နယ်၊ ဘန်ဂေါ်ကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၈ နာရီခွ.....

Address


Alerts

Be the first to know and let us send you an email when Kachinland News - Burmese Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachinland News - Burmese Edition:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share