23/08/2022
Channel TTU မှ တင်ပေးထားသော Non-CDM list များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း။
ကျွန်ုပ်တို့ Channel TTU သည် သမဂ္ဂနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော မီဒီယာတစ်ခု ဖြစ်ပါသည်။ တက္ကသိုလ်ကောင်စီ၏ လုပ်ငန်းစဥ်များ၊ သမဂ္ဂ၏ လုပ်ငန်းစဥ်များနှင့် တက္ကသိုလ်ဆိုင်ရာ ကိစ္စရပ်များကို တင်ပြနိုင်ရန် ယခုကာလတွင် ပြန်လည်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် Non-CDM list နှင့် စပ်လျဉ်း၍ ယခုဖြစ်ပွားလျက်ရှိသော မရှင်းလင်းမှုများအပေါ် ရှင်းလင်းတင်ပြလိုပါသည်။
(၁) ကျွန်ုပ်(Page Admin - Channel TTU ကိုကိုင်တွယ်ရန်တာဝန်ပေးခြင်းခံရသူ) သည် ( ၁၈.၈.၂၀၂၂) (၁၁း၃၀) နာရီတွင် " ကျောင်းက Non-CDM တွေဆီက ဝယ်ထားရတာပါ" ဆိုသော ပြန်စာကို လာရောက်မေးမြန်းစုံစမ်းသူတစ်ဦးထံ ပေါ့ဆစွာဖြင့် လက်လွတ်စပယ်ပေးပို့မိခဲ့ပါသည်။ အဆိုပါ စကားရပ်ကြောင့် Channel TTU မှ တင်ပေးနေသော စာရင်းသည် မှားနေသည်ဆိုသော အပြစ်တင်ရှုတ်ချမှုများအပြင် တက္ကသိုလ်ကောင်စီ၊ ဆရာများသမဂ္ဂ၊ ကျောင်းသားများသမဂ္ဂတို့၏ လုပ်ငန်းစဥ်များနှင့် အယုံအကြည်ရှိနိုင်စွမ်းကိုပါ ထိခိုက်လာစေခဲ့ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါစကားရပ်သည် မှားယွင်းသောတုံ့ပြန်မှုသာဖြစ်ပါကြောင်း တောင်းပန်အပ်ပါသည်။
(၂) အမှန်စင်စစ် တက္ကသိုလ်ကောင်စီနှင့် သမဂ္ဂများသည် ယခုလက်ရှိ Non-CDM list များကို ရရှိရန် အောက်ပါအတိုင်းအဆင့်ဆင့် ပြုစုခဲ့ပါသည်။ ပြုစုခဲ့သော စနစ်တစ်ဆင့်ချင်းစီကိုလည်း သက်ဆိုင်ရာလူမှုကွန်ရက်စာမျက်နှာများတွင် အတိအလင်း ပြသခဲ့ပြီးဖြစ်ပါသည်။
(က) ID Registration များ ပထမအကြိမ်ပြုလုပ်စေခြင်း
(ခ) ဘာကြောင့် Registration များလုပ်သင့်သည်ကို တင်ပြခြင်း
(ဂ) CDM ကျောင်းသားများ Registration မကျန်စေရန်အတွက် တတိယအကြိမ်ထိ Form များဖွင့်လှစ်ပေးခြင်း
(ဃ) မေဂျာအသီးသီး၏ လူမှုကွန်ရက်များမှ သိရသော Non-list များကို ထည့်သွင်းခြင်း
(င) Registration အကြိမ်ကြိမ်ခေါ်ယူသော်လည်း စာရင်းဖြည့်သွင်းခြင်းမရှိ၊ တက္ကသိုလ်ကောင်စီသို့ ဆက်သွယ်မှုမရှိသူများကို သံသယစာရင်းအဖြစ်ထားရှိခြင်း
(စ) အဆိုပါစာရင်းများကို စုစည်းတင်ပြခြင်း
(ဆ) ဆက်လက်ဆောင်ရွက်ရန်
(ဇ) ဆက်လက်ဆောင်ရွက်ရန်
(ဈ) ဆက်လက်ဆောင်ရွက်ရန်
လက်ရှိတင်ပြထားသော စာရင်းများသည် သတင်းအချက်အလက်လစ်ဟာမှုကြောင့်သော်လည်းကောင်း၊ ကျောင်းသား/သူများ၏ ပူးပေါင်းပါဝင်မှုအားနည်း၍သော်လည်းကောင်း မှားယွင်းမှုများရှိမည်၊ လိုအပ်ချက်များရှိမည်ကို ကောင်းစွာ ကျွန်ုပ်တို့အနေဖြင့် သိရှိနားလည်ထားကြပါသည်။ ထို့ကြောင့် ဤစာရင်းများကိုတင်ပြရာတွင် စာရင်းအပြင် Complaint Form များ၊ အမှန်တကယ်ကျောင်းတက်ရောက်နေသူများကို တိုင်ကြားရန် Form များပါ တစ်ပါတည်း စီစဥ်ထားရှိထားပါသည်။
တရားမျှတမှု တတ်နိုင်သမျှရရှိစေရန် အစွမ်းကုန်ဆောင်ရွက်ပေးသော်လည်း Complaint Form ဖြည့်ရန်ပင် ငြင်းဆိုနေကြခြင်းကိုလည်းကောင်း၊ ID မရှိသော်လည်း CDM ဖြစ်ကြောင်းကို အသိအမှတ်ပြုခိုင်းနေခြင်းသည်လည်းကောင်း၊ Non-CDM များကို သိနေကြပါသော်လည်း ပူးပေါင်းဆောင်ရွက်မှုမပေးဘဲ ၎င်းတို့အမည်များမပါဝင်ခြင်းသည် မတရားခြင်းသက်သက်ဟု ပြောဆိုနေခြင်းသည်လည်းကောင်း၊ တရားမျှတမှုတစ်စုံတစ်စရာဆီသို့ ရောက်ရှိလိမ့်မည် မဟုတ်ပါ။
သို့ဖြစ်ပါ၍ TTU နှင့်ဆက်စပ်သောသူတိုင်း ကျွန်ုပ်တို့၏ တောင်းပန်စကားကို နားလည်လက်ခံပေးကြပါရန်နှင့် အမှန်တကယ် Non - List များရရှိလာစေရန် သမဂ္ဂနှင့်သော်လည်းကောင်း၊ ကောင်စီနှင့်သော်လည်းကောင်း ယခုထက်ပို၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
Complaint Form Link -
https://forms.gle/SohJR2LhpoTptUC57
Channel TTU Admin
Mandated by
Thanlyin Technological University Students' Union
Non-CDM Student Short List တွင်ပါဝင်ခြင်းနှင့်ပတ်သက်၍ ကာယကံရှင် ကျောင်းသား/ကျောင်းသူ၏ ခုခံဖြေရှင်းချက်