Wrr Tee

Wrr Tee သြားမယ္ဝါးမယ္တီးမယ္ရုိက္မယ္

🥟 ရှောင်လုံးပေါင်း (Soup Dumplings)အသားပေါင်းထုပ်ထုပ်လေးကိုမှ ပထမ တစ်ကိုက်ဖောက်ပြီး အထဲက 🥟 ဟင်းရည် ပူပူချိုချိုလေးကို စု...
12/09/2023

🥟 ရှောင်လုံးပေါင်း (Soup Dumplings)

အသားပေါင်းထုပ်ထုပ်လေးကိုမှ ပထမ တစ်ကိုက်ဖောက်ပြီး အထဲက 🥟 ဟင်းရည် ပူပူချိုချိုလေးကို စုပ်ပြီးသောက်ရမှာပါ။

သူက 🫚 ဂျင်းနုမွှေးမွှေးလေးနဲ့ တွဲစားရင်လဲ လိုက်ဖက်တယ်၊ ပြီးတော့ 🥰 ပေါင်းခါနီးမှ ဖက်ထုပ်ထုပ်ပေးတာဆိုတော့ အသားအရသာက ပိုချိုပြီး နူးနူးညံ့ညံ့လေး။

🥟 နောက်တစ်ခုက ဖက်ထုပ်ဆီချက်အစပ်

သူလည်း လတ်ဆတ်ပြီးတော့ 🧄 ကြက်သွန်ဖြူဆီချက်နံ့ သင်းသင်းလေး၊ သိပ်မစပ်ပဲ ဆီချက်နံ့သင်းသင်းလေးနဲ့ စားကောင်းတဲ့ ဖက်ထုပ်ဆီချက်ပါ။

🍮 Special ပေါက်ဆီ

သူက အထဲမှာ ကြက်ဥပူတင်း cream (Custard) ဌာပနာ ထားတဲ့ ပေါက်စီပါ။ တခြားနေရာမှာ စားဖူးတဲ့ ပေါက်စီကို ပိုကြိုက်တော့ သိပ်မပြောတော့ဘူး။

🫓 နှမ်းကပ်ကျော်

နှမ်းကိုကပ်ကျော်ထားတော့ မွှေးမွှေးလေးနဲ့ စားလို့ကောင်း (အဲ့ဒါလည်း သူငယ်ချင်းမှာတာ)

အထဲမှာ 🍯🫘 ပဲအနှစ်က သေချာလေးဖျော်ထားတော့ Cream အတိုင်း နူးနူးညံ့ညံ့လေး။ ရေနွေးကြမ်းနဲ့ဆို လိုက်ဖက်မယ့် Dessert လေးပါ။

Hi HiLong Time No See 😁Vlog ​တွေမရိုက်ဖြစ်တာ​တော်​တော်ကြာပါပြီအရင်လို Video ​တွေနဲ့ပြန်လာနိုင်​အောင်ကြိုးစား​နေပါတယ်​လော...
31/08/2023

Hi Hi
Long Time No See 😁
Vlog ​တွေမရိုက်ဖြစ်တာ​တော်​တော်ကြာပါပြီ
အရင်လို Video ​တွေနဲ့ပြန်လာနိုင်​အောင်ကြိုးစား​နေပါတယ်
​လော​လောလတ်လတ်​တော့ Photos ​တွေနဲ့ ပြန်လာခဲ့ပါမယ်ဗျ ✌️

Steak on The Street မှာသွားစားဖြစ်ခဲ့တာ​လေးနဲ့ Mashed Potato ကို ၄ ပန်းကန် အပိုယူစားခဲ့တဲ့ အမှတ်တရ​လေးပါ 😁😆🤣

Wrr Tee on Youtube 😍😍အချိုပွဲ​တွေ ရှယ်ဝါးတီးမယ် 😋😋Youtube Link ​​လေးကို Comment ​အောက်မှာထည့်​ပေးထားပါတယ် Let's Go...   ...
20/01/2023

Wrr Tee on Youtube 😍😍
အချိုပွဲ​တွေ ရှယ်ဝါးတီးမယ် 😋😋

Youtube Link ​​လေးကို Comment ​အောက်မှာထည့်​ပေးထားပါတယ်

Let's Go...



Wrr Tee on Youtube Now !!! စမ်းချောင်း တစ်ဝှိုက် အတွင်း Vincent အကြိုက်ဆုံး Bubble Tea က ဘာဖြစ်မလဲမြန်မာနိုင်ငံအနုံ့ ဒေသ...
07/01/2023

Wrr Tee on Youtube Now !!!

စမ်းချောင်း တစ်ဝှိုက် အတွင်း Vincent အကြိုက်ဆုံး Bubble Tea က ဘာဖြစ်မလဲ

မြန်မာနိုင်ငံအနုံ့ ဒေသထွက် အစားအသောက်ကောင်းတွေနဲ့ နေရာမျိုးစုံကို Wrr Tee နဲ့အတူ လိုက်ပါစီးမျော ကြည့်ရှုဖို့ Wrr Tee Youtube Channel လေးကို Subscribe လုပ်ထားပေးနော်
အောက်က comment လေးမှာ Link ပေးထားပါတယ်နော်





Hello Hello Long time no see ပါ Wrr Tee ဝိုင်း​တော်သားတို့​ရေ 👋Wrr Tee ရဲ့ Video ​တွေကို Wrr Tee Youtube Channel မှာ တင်...
16/12/2022

Hello Hello Long time no see ပါ Wrr Tee ဝိုင်း​တော်သားတို့​ရေ 👋
Wrr Tee ရဲ့ Video ​တွေကို Wrr Tee Youtube Channel မှာ တင်​နေပါပြီ​နော်
Subscribe လုပ်​ပြီး အား​ပေးသွားပါဦးဗျို့
အရင်လို မတူညီ တဲ့ style မျိုးနဲ့ Food Vlogging ​တွေပြန်လုပ်ဖြစ်ရင်​ရော အား​ပေးဦးမှာလား 😁
Youtube Channel Link ​​လေးကို comment မှာ ချ​ပေးထားပါတယ်ဗျာ

အခုအချိန်ထိ အား​ပေးကြသူ​တိုင်းကို ​​ကျေးဇူးများကြီးတင်ပါတယ် 🙆‍♂️


တန်လည်းတန်တယ်၊ ဖက်ထုတ်အများကြီးလဲပါတဲ့ King ပေါက်စီဆိုင်က ကြက်ဖက်ထုတ်ပေါင်း ပါ။အသားမှာ ကြက်သားရယ်၊ ကြွက်နားရွက်မှိုရယ်ပါ...
17/06/2022

တန်လည်းတန်တယ်၊ ဖက်ထုတ်အများကြီးလဲပါတဲ့ King ပေါက်စီဆိုင်က ကြက်ဖက်ထုတ်ပေါင်း ပါ။

အသားမှာ ကြက်သားရယ်၊ ကြွက်နားရွက်မှိုရယ်ပါတော့ ထုတ်ထုတ်နဲ့ အချိုအရသာလည်းကျန်တယ်။

အချဉ်ကတော့ ဂျင်းချဉ်နဲ့စားရင် ပိုလိုက်ပါတယ်။

တပွဲကိုမှ ၁၀၀၀ ပါ၊ မှာတဲ့သူတွေ သိပ်သတိမထားမိသလို၊ king ဆိုင်တိုင်းလည်းမရတတ်တဲ့ menu လေးပါ။
(ပုံထဲမှာက နည်းနည်းစားပြီးသွားလို့ လျော့နေပါတယ် 😁)

08/02/2022

Marinated egg (Vincent Version)

1. ရေနွေးပွက်အောင် တယ်ထားပါ

2. ကြက်ဥ စားချင်သလောက် ထည့်ပြုတ်ပါ (ကြက်ဥ အကုန်လုံး ရေထဲမြုတ်ဖို့လိုတယ်၊ အဖုံးပိတ်ရန်)

3. 7 မိနစ်ပြည့်တာနဲ့ ချက်ချင်းဆယ်ပြီး ရေခဲ‌ရေ ထဲ ထည့်လိုက်ပါ။ ပြီးတာနဲ့ အခွံခွာထားပါ (အနှစ်မကျပ်တော့ ကွဲလွယ်လို့ သတိထားရပါမယ်၊ ပြီးတော့ အကာက မကျပ်ဖူးဆို ထပ်ပြုတ်ဖို့လိုမယ်)

အနှစ်စိမ်ဖို့က

1. ကြက်သွန်ဖြူ (ပါးပါးလှီး)၊ ငြုတ်သီး (အစေ့မပါရင် ပိုကောင်းတယ်၊ အကွင်းလှီး) (အဆပ်ကြိုက်ရင် ကြိုက်သလို ထည့်လို့ရပါတယ် ကြိုက်တဲ့ ငြုတ်သီး အနီ၊ အစိမ်းသုံးလို့ရတယ်)၊ ကြက်သွန်မြိတ် (သူက များသွားရင် စိမ်းဆော်နံလို့သတိထားပါ) လှီးထားပါ။

2. ပဲငံပြာရည် အကြည်(များများ)၊ အနောက် (၁ဇွန်း)၊ သကြား (၂ဇွန်း လိုရင်ထပ်ထည့်)၊ ခရုဆီ(၂ဇွန်းလိုရင်ထပ်ထည့်)၊ ဂျင်းနည်းနည်း၊ ငြုတ်ကောင်း အစေ့ နဲ့ ရေထည့်ပြီး ပြုတ်ပါ။
အရသာကို မြည်းလို့ ကိုယ်လိုချင်တဲ့ အရသာရပြီဆို လှီးထားတဲ့ ငြုတ်သီးတို့ ကြက်သွန်တို့ထည့်ပြီး ခဏလေးတည်ထားပါ။(အရမ်းပူသွားရင် ကြက်ဥ ကျက်သွားနိုင်တယ်) အရည် ကျဲရင်တော့ မကောင်းဘူး၊ ရေလျော့ထည့်ပေးပါ။ (ရေခွက်တဝက် ပဲငံပြာရည်အကြည်ခွက်တဝက်လောက်ဆို ကြက်ဥ ၅ လုံးလောက်စိမ်လို့ရတယ်)

3. ခွာထားပြီးသားကြည်ဥပေါ် လောင်းချလိုက်ပါ (မြုတ်လေကောင်းလေ)

4. နှမ်းဖြူးပြီး သိမ်းထားရင်ရပါပြီ (6နာရီလောက်ဆို စားလို့ကောင်းနေပြီ) (fridge ထဲသိမ်းပါ) (အဖုံးဖုံးပါ)

စားကောင်းတယ် လုပ်စားကြည့်

ကျန်တဲ့ အရည်တွေကို နည်းနည်းပြန်ပြင်ပြီး စိမ်လည်းရတယ်
မြိတ်ချဉ်လိုမျိုး ပြင်ပြီးလည်း စားလို့ရတယ်
အနှစ်ကို စိမ်ပြီး ကြက်သားနဲ့နှပ်ပြီး ကင်ချင်လည်းရတယ် စားကောင်းတယ်

The Pizza Company Myanmar ကနေ Birthday Gift လာပေးသွားလို့ဘေးပတ်ပတ်လည်မှာလည်း Bacon ကော Sausage ကော အကိတ်ကြီးပတ်ထားပေးတာပ...
26/12/2021

The Pizza Company Myanmar ကနေ Birthday Gift လာပေးသွားလို့

ဘေးပတ်ပတ်လည်မှာလည်း Bacon ကော Sausage ကော အကိတ်ကြီးပတ်ထားပေးတာပါ

Buy 1 get 1 လည်းရပြီး ကြိုက်တဲ့ topping နဲ့စားလို့ရတော့ large size ဆို အများကြီးစားလို့ရတယ်

အခုလိုအခြေအနေတွေကြောင့် Blog တွေ Review တွေကိုတော့ အပြီးနားထားပါတယ်

အကုန်လုံး အမြန်ဆုံး အဆင်ပြေအောင် တယောက် နဲ့တယောက် ကူညီဖေးမပေးကြပါ။

07/11/2021

🍕🍕🍕🍕Pizza ကို မီးဖိုရှိရုံနဲ့ ဘယ်လိုပြန်နွှေးစားလို့ရသလဲဆိုတာ ပြောပြပေးသွားမှာပါ 🍕🍕🍕😋😋😋😋😋

Vincent ရဲ့ Favourite 😋 Extra Cheesy Sausage Bites Crust ကိုလက်ဆောင်ပို့ပေးတဲ့ The Pizza Company Myanmar ကိုကျေးဇူးတင်ပါ...
02/11/2021

Vincent ရဲ့ Favourite 😋 Extra Cheesy Sausage Bites Crust ကိုလက်ဆောင်ပို့ပေးတဲ့ The Pizza Company Myanmar ကိုကျေးဇူးတင်ပါတယ်

အနားသား crust မှာ Cheese သွပ်ထားတဲ့ Sausage အပြစ်အနှစ်ပဲ။

Oven မလိုပဲ Pizza ကို ပြန်းနွှေးစားလို့ရတဲ့ Video တင်ပေးမယ်နော် 😋🍕

Address


Website

Alerts

Be the first to know and let us send you an email when Wrr Tee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wrr Tee:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share