Shape of Future Engineering Group

  • Home
  • Shape of Future Engineering Group

Shape of Future Engineering Group Freelance Design and Drafting Service for Cleanrooms and ACMV System

I have the experience of working for about 9 years in mechanical and electrical systems, especially in the air-conditioning system design and drafting, ventilation system design and drafting, and cleanroom design and drafting.

Class 1000, ISO class 6 Cleanroom ရဲ့ Construction လုပ်တုန်းက ပုံအချို့...
07/03/2025

Class 1000, ISO class 6 Cleanroom ရဲ့ Construction လုပ်တုန်းက ပုံအချို့...

ကိုယ့် Project မှာ Cooling Tower Installation လုပ်တုန်းက ပုံလေးတွေ အမှတ်တရပေါ့...ပါဝင်တဲ့ Pipe တွေကတော့Condenser Water S...
06/03/2025

ကိုယ့် Project မှာ Cooling Tower Installation လုပ်တုန်းက ပုံလေးတွေ အမှတ်တရပေါ့...

ပါဝင်တဲ့ Pipe တွေကတော့

Condenser Water Supply
Condenser Water Return
Equalizing Pipe (Balancing Pipe)
Make up water (Manual & Auto make up)
Drain & Overflow

စသည်တို့ ဖြစ်ပါတယ်။

ဒီတစ်ပတ်ကတော့ 1 ရက်နေ့ စတဲ့ Class မှာ Psychometric Process တွေအကြောင်းရှင်းပြပြီး Sunday Class မှာတော့ Duct System ရဲ့ P...
03/03/2025

ဒီတစ်ပတ်ကတော့ 1 ရက်နေ့ စတဲ့ Class မှာ Psychometric Process တွေအကြောင်းရှင်းပြပြီး Sunday Class မှာတော့ Duct System ရဲ့ Pressure Losses တွေကို Software and Theory ၂ ခုစလုံးသုံးပြီး တွက်တတ်အောင် ရှင်းပြထားပါတယ်။

ဒီနေ့ Class မှာတော့ Internal Energy, Heat, Temperature အကြောင်းကို ပြောထားပါတယ်။ ကျွန်တော်ပြောနေကြ စကားနဲ့ပြောရရင် ကိုယ်...
01/03/2025

ဒီနေ့ Class မှာတော့ Internal Energy, Heat, Temperature အကြောင်းကို ပြောထားပါတယ်။

ကျွန်တော်ပြောနေကြ စကားနဲ့ပြောရရင် ကိုယ်စာလုပ်မှ ကိုယ်အလုပ်ရမှာပါ။ ဘယ်သူမှ ကိုယ့်ကို အလုပ်ရှာပေးမှာ မဟုတ်ပါဘူး။

အဲ့တော့ အခြေခံတွေ ပိုင်နိုင်ပြီး Theory တွေကို မှန်မှန်ကန်ကန် အသုံးချနိုင်မယ်ဆိုရင် အလုပ်ကောင်းကောင်းကို တစ်ချိန်ချိန်မှာ ရမှာပါပဲ။ အဲ့တော့ စာလုပ်ကြပါလို့...

ဒါကတော့ Fresh Graduate တွေကို သီးသန့် သင်ပေးနေတဲ့ HVAC Design Class ပါ။ ဒီနေ့မှာတော့ Pipe Design အကြောင်းကို Internation...
01/03/2025

ဒါကတော့ Fresh Graduate တွေကို သီးသန့် သင်ပေးနေတဲ့ HVAC Design Class ပါ။

ဒီနေ့မှာတော့ Pipe Design အကြောင်းကို International မှာသုံးတဲ့ Standard တွေကို အခြေခံပြီး ပြောပြထားတဲ့အပြင် Schematic Diagram, Layout, Section, Details, Elevation Drawing တွေအကြောင်းပါ ထည့်ပြီး ပြောပြပေးထားပါတယ်။

High Quality Content တွေကိုပဲ သုံးထားတာဖြစ်ပါတယ်။

စာသင်ရင် တကယ်အပြင်မှာဆောက်ထားတဲ့ Floor Area နဲ့ထပ်တူနီးပါးဖြစ်နိုင်တဲ့ Cleanroom ကို ကိုယ့်ကျောင်းသားတွေကို ပြချင်လို့ 3...
28/02/2025

စာသင်ရင် တကယ်အပြင်မှာဆောက်ထားတဲ့ Floor Area နဲ့ထပ်တူနီးပါးဖြစ်နိုင်တဲ့ Cleanroom ကို ကိုယ့်ကျောင်းသားတွေကို ပြချင်လို့ 3D Model လုပ်နေတာ အတော် အချိန်ယူလိုက်ရပေမယ့် နောက်ဆုံးတော့ ပြီးသွားပြီီ။

ISO Class 6, Federal Standard CL 1000 အတိုင်း အခြေခံပြီး Calculation တွေတွက်ပြီးမှ Airflow 668800 CMH အတွက် လိုအပ်တဲ့ Floor Quantity, FFU Quantity, Filter Coverage တွေကို ထည့်ထားတာ။

သုံးထားတဲ့ Material တွေရဲ့ Detail တွေကအစ Manufacturer ဆီကလာတဲ့ Data Sheet ကို အခြေခံပြီးထည့်ထားတော့ ဒီ Model ကိုအသေးစိတ်လေ့လာတဲ့သူအတွက် အပြင်မှာ တကယ်ရှိတဲ့ Semiconductor Manufacturing တစ်ခုကို လက်တွေ မြင်ရသလို ရှင်းရှင်းလင်းလင်း နားလည်စေနိုင်တာပါပဲ။

Cleanroom Hookup နဲ့ PCW System, Cleanroom Exhaust System အကြောင်းပြောဖို့ Model လုပ်ထားတဲ့ ပုံလေး.. High Quality Conten...
28/02/2025

Cleanroom Hookup နဲ့ PCW System, Cleanroom Exhaust System အကြောင်းပြောဖို့ Model လုပ်ထားတဲ့ ပုံလေး.. High Quality Content တွေကို Cleanroom and HVAC / ACMV Design Class အတွက် သုံးထားတာပါ။

Cleanroom and HVAC/ACMV Design Class March 1 ရက်နေ့ဆို စပါပြီ။ High Quality Content တွေနဲ့ Singapore, Canada Experience ...
27/02/2025

Cleanroom and HVAC/ACMV Design Class March 1 ရက်နေ့ဆို စပါပြီ။

High Quality Content တွေနဲ့ Singapore, Canada Experience တွေကိုပါ Sharing လုပ်ပြီး သင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Air to Water Heating System (2 Pipes System)Air to water System မှာ 4 Pipes System နဲ့ 2 Pipes System ဆိုပြီး ၂ မျိုးရှိ...
26/02/2025

Air to Water Heating System (2 Pipes System)

Air to water System မှာ 4 Pipes System နဲ့ 2 Pipes System ဆိုပြီး ၂ မျိုးရှိတယ်ဆိုတာကို အရင်ပို့စ်မှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ 2 Pipes System အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

2 Pipes Air to Water System မှာ Operation Mode 3 ခုရှိပါတယ်။ အဲ့ဒါတွေကတော့ Heating Mode, Cooling Mode နဲ့ Defrost Cycle တို့ပဲ ဖြစ်ပါတယ်။

Heating Mode မှာ Refrigerant to Air Heat Exchanger က Energy Source ဖြစ်ပါတယ်။ Refrigerant ဟာ Outdoor Air ကနေ အပူကိူစုပ်ယူပြီး Refrigerant to Water Heat Exchanger မှာ အပူကို ပြန်စွန့်ပစ်ပါတယ်။ Pipe Systems တွေအနေနဲ့တော့ Hot Water Supply/Return, Glycol Hot Water Supply/Return ဆိုပြီးရှိပါတယ်။ Glycol ကို သုံးရတဲ့ရည်ရွယ်ချက် ကတော့ ဆောင်းရာသီမှာ ရေခဲတာကို ကာကွယ် ဖို့အတွက် ဖြစ်ပါတယ်။

Cooling Mode မှာတော့ Refrigerant to Water Heat Exchanger က Energy Source ဖြစ်ပြီး Refrigerant ဟာ Space ထဲက အပူကို ပြန်သယ်လာတဲ့ Chilled Water Return က အပူကို ပြန်စုပ်ယူပြီး Air to Water Heat Exchanger မှာ အပူကို ပြန်ပြီးစွန့်ပစ်ပါတယ်။ Cooling Mode မှာ Air-cooled Chiller နဲ့ operation အတူတူပဲ ဖြစ်ပါတယ်။ Pipe Systems တွေအနေနဲ့ကတော့ Chilled Water Supply/Return, Glycol Chilled Water Sypply/Return ဆိုပြီး ပါဝင်နေပါတယ်။

Defrost Cycle ရဲ့ ရည်ရွယ်ချက်ကတော့ Outdoor Refrigerant to Air Heat Exchanger မှာ ရေခဲတွေ စုစည်းမိလာတဲ့အချိန်မှာ အဲ့ဒီရေခဲတွေကို အရည်ပျော်ဖို့ ပြန်ပြီး Operate လုပ်ပေးရတာပဲဖြစ်ပါတယ်။ Defrost Cycle မှာတော့ Hot Water Return က Energy Source ပဲ ဖြစ်ပါတယ်။

အရင်က ရေးထားတဲ့ အပိုင်းကို အောက်က Link မှာ ပြန်ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/16MMJPyQNu/?mibextid=wwXIfr

ဆက်ရန်...

မနေ့က Class မှာ Cleanroom နဲ့ ပတ်သက်ပြီး Calculations တွေ ပြောပြရင်းနဲ့ ကျောင်းသားတွေ Cleanroom အကြောင်းကို အမှန်တကယ် နာ...
24/02/2025

မနေ့က Class မှာ Cleanroom နဲ့ ပတ်သက်ပြီး Calculations တွေ ပြောပြရင်းနဲ့ ကျောင်းသားတွေ Cleanroom အကြောင်းကို အမှန်တကယ် နားလည်စေဖို့ 3D Model တစ်ခု လုပ်ပြီး သေချာရှင်းပြထားပါတယ်။

မနေ့က သင်တဲ့ Class မှာတော့ Duct Sizing  အကြောင်းကို International Standard တွေကို အခြေခံပြီး Sizing လုပ်တာတွေအပြင် စင်္က...
23/02/2025

မနေ့က သင်တဲ့ Class မှာတော့ Duct Sizing အကြောင်းကို International Standard တွေကို အခြေခံပြီး Sizing လုပ်တာတွေအပြင် စင်္ကာပူ ကနေဒါ ဘက်မှာ လုပ်နေတဲ့ Method တွေ အကြောင်းကိုလည်း ရှင်းပြထားပါတယ်။

March 01, 2025 မှာ ဖွင့်မယ့် Heating and Cooling System ၂ ခုလုံးပါဝင်တဲ့ HVAC &  Cleanroom Design Class (Saturday & Sund...
20/02/2025

March 01, 2025 မှာ ဖွင့်မယ့် Heating and Cooling System ၂ ခုလုံးပါဝင်တဲ့ HVAC & Cleanroom Design Class (Saturday & Sunday)
HVAC Engineer, Designer, Drafter Position တွေနဲ့ အလုပ်ရှာမယ့်သူတွေအတွက် အတန်းချိန်အားလုံးပြီးရင် လုပ်ငန်းခွင်ထဲ ယုံကြည်ချက်အပြည့်နဲ့ ဝင်လုပ်နိုင်ဖို့အတွက် အဓိက ဦးစားပေးထားတဲ့ Class ဖြစ်ပါတယ်။
ရာသီဥတုအေးတဲ့ အနောက်နိုင်ငံတွေအပြင် ရာသီဥတုပူတဲ့ ဒေသတွေမှာပါ အသုံးပြုလို့ရမယ့် Heating , Cooling ၂ ခုစလုံးကို ထည့်ပြီး Sharing လုပ်ပေးမယ့် Class ဖြစ်ပါတယ်။ ဒါ့အပြင် စင်္ကာပူ, ကနေဒါလိုနိုင်ငံတွေကို ထွက်ချင်တဲ့ ကျောင်းသားတွေအတွက် သင်တန်းအချိန်ပြီးရင် Additional Session အနေနဲ့ Resume, Cover Letter ပြင်ဆင်ပုံ။ အလုပ်အကိုင်ရှာဖွေပုံတွေကို ထည့်သွင်း ပြောပြပေးသွားမှာပါ။
အထူးသဖြင့် Temperature 0 Degree C အောက်ရောက်နေတဲ့ နိုင်ငံတွေအတွက် ခေတ်မှီ Heating System တွေ, ရေမခဲအောင်ဖန်တီးထားတဲ့ System တွေအကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Course Content တွေကတော့

Section 1
HVAC, Cleanroom and Career Opportunities
Cover Letter and Resume (Canada Standard)
Basic Refrigeration System
Understanding of Sensible heat, Latent Heat and Specific Heat
Psychrometric Chart Basic
Psychrometric Calculations
Condensate Drain Pipe Size and Calculation
Insulation Thickness Calculation
Classification of Air-conditioning system
Studying VRV System Projects

Section 2
Central Chilled Water System
Condenser Water System and Cooling Towers
Central Heating System
Air to Water Heating System and Air source Heat Pump
Gas Fired Boiler System for space heating
Glycol Chilled Water System
Glycol Hot Water System
Heating Water System
Pipe Sizing and Pump Head Calculation
P&ID Diagram

Section 3
Air Handling Unit, MAU system and AHU design
Air Distribution System and duct sizing
Pump head calculation for piping system
Pressure drop calculation for ducting system
Grilles, Air Diffusers and Louvres Selection
Cooling load calculation
Cleanroom Introduction
Cleanroom Classification
Cleanroom HVAC System Design
Cleanroom Ceiling, Raised Floor and Return Air Chase

Section 4
Process Cooling Water System and Heat Exchanger Design
Cleanroom Cooling Load Calculation
Dry-coil system design and calculation
FFU system Design Calculation and Selection
Cleanroom Tools Matrix and MAU System
General Exhaust System
Solvent Exhaust System
Acid Exhaust System
Cleanroom Hook up for manufacturing
Job Hunting in Canada

စသည့် အကြောင်းအရာ တို့ဖြစ်ပါတယ်။

သင်တန်းကာလမှာ 4 လခန့်ကြာမြင့် မှာဖြစ်ပါတယ်။ စင်္ကာပူမှာ ကိုယ်တိုင် ၉ နှစ်နီးပါး လုပ်ကိုင်ခဲ့တဲ့ Manufacturing Project, Cleanroom Project တွေက အတွေ့အကြုံတွေနဲ့ Canadian Engineering Course က Knowledge အချို့နဲ့ပေါင်းစပ်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ပုံမှန် Residential Project တွေအပြင် Cleanroom Construction Project တွေမှာ Mechanical Engineer, HVAC/ACMV Engineer, ACMV Design Engineer, Drafter, စတဲ့ Position တွေကို ဝင်ရောက် လုပ်ကိုင်နိုင်မှာပါ။

Class စတင်မည့် ရက် 01 March 2025
သင်တန်းကြေး : $280
မြန်မာနိုင်ငံက Join ချင်တဲ့သူတွေအတွက် သင်တန်းကြေး ၂၅၀၀၀၀ သတ်မှတ်ထားပါတယ်

ပြီးခဲ့တဲ့ Class က Review လေးတွေ။ Additional Heating System တွေကိုလည်း Class တစ်ခုချင်းဆီ ပြန်ပြီး Upgrade လုပ်ပေးနေပါတယ...
19/02/2025

ပြီးခဲ့တဲ့ Class က Review လေးတွေ။ Additional Heating System တွေကိုလည်း Class တစ်ခုချင်းဆီ ပြန်ပြီး Upgrade လုပ်ပေးနေပါတယ်။

class အသစ်အကြောင်းသိချင်ရင် ဒီမှာဖတ်ကြည့်လို့ ရပါတယ်။

https://www.facebook.com/share/p/188Mj7NGy8/?mibextid=wwXIfr

❄️🌡️March 01, 2025 မှာ ဖွင့်မယ့် Heating and Cooling System ၂ ခုလုံးပါဝင်တဲ့ HVAC &  Cleanroom Design Class (Saturday & ...
18/02/2025

❄️🌡️March 01, 2025 မှာ ဖွင့်မယ့် Heating and Cooling System ၂ ခုလုံးပါဝင်တဲ့ HVAC & Cleanroom Design Class (Saturday & Sunday)

HVAC Engineer, Designer, Drafter Position တွေနဲ့ အလုပ်ရှာမယ့်သူတွေအတွက် အတန်းချိန်အားလုံးပြီးရင် လုပ်ငန်းခွင်ထဲ ယုံကြည်ချက်အပြည့်နဲ့ ဝင်လုပ်နိုင်ဖို့အတွက် အဓိက ဦးစားပေးထားတဲ့ Class ဖြစ်ပါတယ်။

ရာသီဥတုအေးတဲ့ အနောက်နိုင်ငံတွေအပြင် ရာသီဥတုပူတဲ့ ဒေသတွေမှာပါ အသုံးပြုလို့ရမယ့် Heating , Cooling ၂ ခုစလုံးကို ထည့်ပြီး Sharing လုပ်ပေးမယ့် Class ဖြစ်ပါတယ်။ ဒါ့အပြင် စင်္ကာပူ, ကနေဒါလိုနိုင်ငံတွေကို ထွက်ချင်တဲ့ ကျောင်းသားတွေအတွက် သင်တန်းအချိန်ပြီးရင် Additional Session အနေနဲ့ Resume, Cover Letter ပြင်ဆင်ပုံ။ အလုပ်အကိုင်ရှာဖွေပုံတွေကို ထည့်သွင်း ပြောပြပေးသွားမှာပါ။

အထူးသဖြင့် Temperature 0 Degree C အောက်ရောက်နေတဲ့ နိုင်ငံတွေအတွက် ခေတ်မှီ Heating System တွေ, ရေမခဲအောင်ဖန်တီးထားတဲ့ System တွေအကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Course Content တွေကတော့

Section 1

HVAC, Cleanroom and Career Opportunities
Cover Letter and Resume (Canada Standard)
Basic Refrigeration System
Understanding of Sensible heat, Latent Heat and Specific Heat
Psychrometric Chart Basic
Psychrometric Calculations
Condensate Drain Pipe Size and Calculation
Insulation Thickness Calculation
Classification of Air-conditioning system
Studying VRV System Projects

Section 2

Central Chilled Water System
Condenser Water System and Cooling Towers
Central Heating System
Air to Water Heating System and Air source Heat Pump
Gas Fired Boiler System for space heating
Glycol Chilled Water System
Glycol Hot Water System
Heating Water System
Pipe Sizing and Pump Head Calculation
P&ID Diagram

Section 3

Air Handling Unit, MAU system and AHU design
Air Distribution System and duct sizing
Pump head calculation for piping system
Pressure drop calculation for ducting system
Grilles, Air Diffusers and Louvres Selection
Cooling load calculation
Cleanroom Introduction
Cleanroom Classification
Cleanroom HVAC System Design
Cleanroom Ceiling, Raised Floor and Return Air Chase

Section 4

Process Cooling Water System and Heat Exchanger Design
Cleanroom Cooling Load Calculation
Dry-coil system design and calculation
FFU system Design Calculation and Selection
Cleanroom Tools Matrix and MAU System
General Exhaust System
Solvent Exhaust System
Acid Exhaust System
Cleanroom Hook up for manufacturing
Job Hunting in Canada

စသည့် အကြောင်းအရာ တို့ဖြစ်ပါတယ်။

သင်တန်းကာလမှာ 4 လခန့်ကြာမြင့် မှာဖြစ်ပါတယ်။ စင်္ကာပူမှာ ကိုယ်တိုင် ၉ နှစ်နီးပါး လုပ်ကိုင်ခဲ့တဲ့ Manufacturing Project, Cleanroom Project တွေက အတွေ့အကြုံတွေနဲ့ Canadian Engineering Course က Knowledge အချို့နဲ့ပေါင်းစပ်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါက ပုံမှန် Residential Project တွေအပြင် Cleanroom Construction Project တွေမှာ Mechanical Engineer, HVAC/ACMV Engineer, ACMV Design Engineer, Drafter, စတဲ့ Position တွေကို ဝင်ရောက် လုပ်ကိုင်နိုင်မှာပါ။

Class စတင်မည့် ရက် 01 March 2025

သင်တန်းကြေး : $280
မြန်မာနိုင်ငံက Join ချင်တဲ့သူတွေအတွက် သင်တန်းကြေး ၂၅၀၀၀၀ သတ်မှတ်ထားပါတယ်

Air Handling Unit (AHU)HVAC system တွေမှာ Centralized System တွေအတွက် အသုံးပြုတဲ့ Device တွေကို Air Handling Unit (AHU) ...
17/02/2025

Air Handling Unit (AHU)

HVAC system တွေမှာ Centralized System တွေအတွက် အသုံးပြုတဲ့ Device တွေကို Air Handling Unit (AHU) လို့ခေါ်ပါတယ်။

လေကို AHU ထဲမှာ လိုချင်တဲ့ condition တစ်ခုရအောင် ပြုလုပ်ပြီး လိုအပ်တဲ့နေရာကို Ductwork system ဖြင့် Building သို့မဟုတ် သတ်မှတ်ထားတဲ့ ဧရိယာထဲကို ဖြန့်ဝေပေးပြီး AHU ဆီကို Return Air အနေနဲ့ Ductwork တွေကနေ တစ်ဆင့်ပြန်ရောက်လာစေပါတယ်။ အချို့ Project တွေမှာတော့ Ductwork မပါပဲ လိုအပ်တဲ့နေရာ space တွေကို တိုက်ရိုက် distribute လုပ်ပေးတဲ့ အခြေအနေမျိုးတွေလည်းတွေ့ကြရမှာပါ။

Centralized System ဖြစ်တဲ့အတွက် တစ်လုံး သို့ မဟုတ် တစ်လုံးထက်ပိုတဲ့ AHU တွေဟာ အခန်းများစွာရှိတဲ့ floor တစ်ခု သို့မဟုတ် floor တစ်ခုထက် ပိုပြီး Serve လုပ်ပေးပါတယ်။

Air distribution လုပ်တဲ့အခါမှာလည်း AHU ကနေ ထွက်လာတဲ့ fixed temperature နဲ့ပဲ လုပ်ပါတယ်။ Area တစ်ခုစီ သို့မဟုတ် အခန်းတစ်ခုစီကို Temperature တစ်ခုချင်းဆီ distribution မလုပ်နိုင်ပါဘူး။

AHU တွေဟာ Components တွေ အများအပြားပါဝင်ပြီး Unit size တွေကလည်းကြီးမားပါတယ်။ AHU တွေကိုတပ်ဆင်ဖို့ Mechanical Room or AHU Room တစ်ခုလို နေရာသီးသန့် စီစဉ်ပေးဖို့လိုအပ်တဲ့ အပြင် အချို့အခြေအနေတွေမှာတော့ Outdoor Rooftop ပေါ်မှာ ထားလေ့ရှိပြီး outdoor မှာထားမယ်ဆိုရင် Weather proof ဖြစ်ဖို့ လိုအပ်ပါတယ်။

AHU မှာ အဓိက ပါဝင်တဲ့ Components တွေကတော့ Mixing Box, Filters (Primary and Secondary filters), Cooling Coil or Heating Coil, Droplet Eliminator, Fan or Blower, စသည်တို့ဖြစ်ပါတယ်။

Space or နေရာတစ်ခုက ပြန်လာတဲ့ Return Air (RA) နဲ့ Fresh Air or Outdoor Air တို့ Mixing ဖြစ်တဲ့ Compartment or Chamber ကို Mixing box လို့ ခေါ် ပါ တယ်။

Filter ဆိုတဲ့နေရာမှာ Primary filter နဲ့ Secondary filter ဆိုပြီး ပုံမှန် filter ၂ ခု ပါဝင်ပါတယ်။ Cleanroom အတွက်သုံးတဲ့ AHU or MAU တွေမှာတော့ အထက်က ဖော်ပြခဲ့တဲ့ filter 2 ခုအပြင် additional အနေနဲ့ High Efficiency Particulate Air (HEPA filter) တွေကို တပ်ဆင် ထားလေ့ ရှိပါတယ်။

Indoor Air Quality ကိုထိန်းသိမ်းနိုင်ရန် နှင့် System efficiency ကောင်းမွန်ရန်အတွက် Filters များကို AHU ထဲတွင် တပ်ဆင်ထားဖို့လိုအပ်သည်။ AHU ထဲသို့ဝင်လာသော လေတွင် ပါဝင်လာနိုင်သည့် Particles နှင့် Contaminants တွေကို ဖယ်ရှားပစ်နိုင်ဖိုအတွက် Filter များကို အသုံးပြုရခြင်း ဖြစ်ပါတယ်။

Cooling Coil တွေကတော့ AHU တွေရဲ့ Main component ​တွေပဲ ဖြစ် ပါတယ်။ Cooling coil က HVAC application တွေမှာ cooling effect နဲ့ dehumidification process ကို အဓိက လုပ်ဆောင်ပေးလေ့ ရှိပြီး Chilled water ကို Heat Transfer medium အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။

Droplet eliminators တွေကို AHU ရဲ့ Cooling coil section မှာတွေ့နိုင်ပြီး အထူးသဖြင့် Air velocity 2.5 m/s ထက်ကျော်သွားတဲ့အချိန်မှာ မဖြစ်မနေ ထည့်ရပါတယ်။ သူရဲ့အဓိက တာဝန်ကတော့ Cooling coil ကိုဖြတ်သန်း လာတဲ့ လေမှာ ပါဝင်လာတဲ့ ရေအမှုန် အမွှား လေးတွေကို တားဆီးပေးဖို့ပဲ ဖြစ်ပါတယ်။

Fan or Blower တွေကို AHU တွေမှာ နေရာနှစ်ခုမှ တွေ့မြင်နိုင်ပါတယ်။ Cooling coil မတိုင်မီ သို့မဟုတ် Cooling Coil ပြီးမှ တပ်ဆင်လေ့ရှိပြီး Cooling Coil ဆီကို လေကို မှုတ်ထုတ်ပေးတဲ့ Unit တွေကို Blow Through Unit လို့ခေါ်ဆိုကြပါတယ်။

Fan or Blower က Cooling ဆီကနေ လေကို ဆွဲယူနေတဲ့ Unit တွေကိုတော့ Draw Through Unit လို့ခေါ်ဆိုလေ့ရှိပြီး HVAC နယ်ပယ်မှာ များသောအားဖြင့် Draw Through Unit တွေကိုအတွေ့များပါတယ်။ Draw Through Unit တွေ ရဲ့ အား သာချက်ကတော့ လေကို Cooling Coil ဆီ ဖြတ်စီး တဲ့အခါ ညီညီမျှမျှ ဖြတ်သန်းစီး ဆင်းစေတာပဲဖြစ်ပါတယ်။

အခုမှ HVAC နယ်ပယ်ကို စတင်ဝင်ရောက်မယ့်သူတွေအနေနဲ့ လေ့လာလို့ရအောင် AHU တစ်ခုရဲ့ Components တွေကို ပုံနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

Class အသစ်အကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

https://www.facebook.com/share/p/188Mj7NGy8/?mibextid=wwXIfr

ပြီးခဲ့တဲ့ တစ်ပတ်က အေးတဲ့နိုင်ငံတွေအတွက် သုံးတဲ့ Air to water heating System ကို Class မှာ Sharing လုပ်ပေးထားပါတယ်။ဒီတစ်...
14/02/2025

ပြီးခဲ့တဲ့ တစ်ပတ်က အေးတဲ့နိုင်ငံတွေအတွက် သုံးတဲ့ Air to water heating System ကို Class မှာ Sharing လုပ်ပေးထားပါတယ်။

ဒီတစ်ပတ်မှာတော့ 4 Pipes System (for heating and cooling) နဲ့ ပတ်သက်ပြီး ဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်။

အပူပိုင်းနိုင်ငံတွေအတွက် Cooling, အအေးပိုင်းနိုင်ငံတွေအတွက် Heating , ၂ ခုစလုံးကို ကျွန်တော့်ရဲ့ Class မှာ Singapore, Canada မှာ လုပ်နေတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး သင်ကြားပေးနေပါပြီ။

Day 5 ပြီးသွားရင်တော့ Engineering Hand Book တွေ Design Guide တွေကို အခြေခံပြီး Pressure Losses Calculations တွေကို Flow ...
13/02/2025

Day 5 ပြီးသွားရင်တော့ Engineering Hand Book တွေ Design Guide တွေကို အခြေခံပြီး Pressure Losses Calculations တွေကို Flow Direction, Laminar Flow, Turbulent Flow စသဖြင့် Analysis လုပ်ပြီး စနစ်တကျ Theory တွေနဲ့ တွက်တတ်ပါလိမ့်မယ်။

Day 4 သင်ပြီးသွားချိန်မှာ Air Handling Unit တွေရဲ့ Psychrometric Process and Calculations တွေကို သေချာ Analysis လုပ်တတ်ပ...
13/02/2025

Day 4 သင်ပြီးသွားချိန်မှာ Air Handling Unit တွေရဲ့ Psychrometric Process and Calculations တွေကို သေချာ Analysis လုပ်တတ်ပြီး AHU တွေရဲ့ Specification တွေကို အခြေခံပြီး Assignment ပြန်လုပ်ထားတဲ့ ကိုယ့် Class က သူတွေရဲ့ Assignment အချို့...

Address


Website

https://youtube.com/@htetaungmyin1991?si=W-YjywwbVkrWk3XL

Alerts

Be the first to know and let us send you an email when Shape of Future Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shape of Future Engineering Group:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share