တက္ကသိုလ် လွမ်းဝေသူ ၏ နှလုံးသားသွေးနှင့်ရေးသော ကဗျာများ

  • Home
  • တက္ကသိုလ် လွမ်းဝေသူ ၏ နှလုံးသားသွေးနှင့်ရေးသော ကဗျာများ

တက္ကသိုလ် လွမ်းဝေသူ  ၏ နှလုံးသားသွေးနှင့်ရေးသော ကဗျာများ တက္ကသိုလ်​ လွမ်း​ဝေသူ

၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။၂။ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း ...
16/11/2023

၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
၂။ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း စားပေးပါ။ (green beans to stop the period) ရပ်ချင်ရင်စားတာပါ။
၃။ သင့်ဆီးလမ်းကြောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ကြက်သွန်နီကို အစိမ်းစားသုံးပေးပါ။
၄။ သင့်ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် နေ့ခင်းဘက်မှာ ရေများများသောက်ပြီး၊ ညဘက်မှာ ရေလျှော့သောက်ပါ။
၅။ သင့်နှာခေါင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ပူစီနံရွက်ကို ပုံမှန်စားသုံးပေးပါ။
၆။ သင့် ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အပေါ့စွန့်ပါ။
၇။ သင့်အသည်းကို တကယ်ဂရုစိုက်တယ်ဆိုရင် အဝလွန်စေမယ့်အစာတွေ စားသုံးခြင်းကို ရှောင်ပါ။
၈။ သင့်ခံတွင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် နှမ်းဆီနဲ့ ပုံမှန်ပလုတ်ကျင်းပါ။
၉။ သင့်လည်ချောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ငရုတ်ကောင်းကို ပုံမှန်စားသုံးပေးပါ။
၁ဝ။ သင့်အစာအိမ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် အအေးစာတွေ စားသုံးခြင်းကို ရှောင်ပါ။
၁၁။ သင့်အူအတက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် သံပုရာရည်ကို မကြာခဏသောက်သုံးပေးပါ။
၁၂။ သင့်နှလုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အငံလျှော့စားပါ။
၁၃။ သင့်မျက်လုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ သင့်ခြေထောက်ကို ဆီနဲ့နှိပ်နှယ်ပေးပါ။
၁၄။ သင့်ဦးနှောက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် တစ်နေ့ ရှစ်နာရီ အိပ်ပါ။
credit : GandaWinMagazine
NAETHITMYANMAR

" အတွေးမတူရင် အပြေးမတူဘူး "__________________________       တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသ...
16/11/2023

" အတွေးမတူရင် အပြေးမတူဘူး "
__________________________

တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာ
ယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ် ။

ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ်...။
နည်းလမ်းမျိုးစုံအောင် လှည့်ပက်လို့ပြေးတယ်...။

ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...

" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...

" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...

" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။

ဒီလိုပါပဲ ။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။

ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။

ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ...

မာန်မာနမရှိတဲ့ နောင်တော်ကြီးမင်းအလောင်းမင်းတရား နတ်ရွာစံပြီးနောက် ထီးနန်းကို နောင်တော်ကြီး (ဒီပဲယင်းမင်း) က ဆက်ခံခဲ့သည်။...
16/11/2023

မာန်မာနမရှိတဲ့ နောင်တော်ကြီးမင်း

အလောင်းမင်းတရား နတ်ရွာစံပြီးနောက် ထီးနန်းကို နောင်တော်ကြီး (ဒီပဲယင်းမင်း) က ဆက်ခံခဲ့သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဖက် ရဲဘော်ကြီးဖြစ်သည့် မင်း‌ခေါင်နော်ရထာဘွဲ့ခံ မုဆိုးချုံ ဗိုလ်တွန်(ဦးတွန်) ၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ အပြစ်မယူပါဟု အတန်တန်မှာသော်လည်း ဦးတွန်မှာ နောင်တော်ကြီး၏ ညီတော်ဆင်ဖြူရှင်မင်း ကို မယုံကြည်သဖြင့် နန်းတွင်းသို့ ပြန်မ၀င်ပဲ အင်း၀ကို သိမ်းပိုက်ကာအခိုင်အလုံနေခဲ့သည်။ ဦးတွန်ကို နှိမ်နှင်းရသည့်အပြင် အလောင်းမင်းတရားမရှိသည်နှင့် ထကြွသောဒေသအသီသီးမှ ပုန်ကန်မှုများကိုလည်း လိုက်လံနှိမ်နှင်းခဲ့သည်။ ဆင်ဖြူရှင်မင်းလက်ထက် စစ်ရေးအင်အားအတောင့်တင်းဆုံးဖြစ်နေခဲ့သည်မှာ ပုန်ကန်မှုများကို နှိမ်နှင်းကာစုစည်းပေးခဲ့သော နောင်တော်ကြီးမင်း၏ ကျေးဇူးပင်ဖြစ်သည်။

နောင်တော်ကြီး သည် ဘုရင်ဖြစ်သော်လည်း ဟိတ်နှင့်ဟန်နှင့် မနေတတ် သာမန်လူတစ်ယောက်ကဲ့သို့သာ နေသလို အမှုထမ်းများအပေါ်တွင်လည်း ကြင်နာစွာ ဆက်ဆံတတ်သူဖြစ်သည်။ တခါတရံ နောက်လိုက်များနှင့် မန်းကျည်းတော ၊ မန်းကျည်းပင်အောက်၌ ထိုင်ကာ ဆားငါးပိ တို့နှင့် မန်ကျည်းသီးများကို ကိုယ်တိုင်ထုထောင်းစားတတ်သည်။ မှူးမတ်တို့က ဘုရင့်ဂုဏ်နှင့် မသင့်တော်သဖြင့် ရှောင်ကြဉ်ပါဟု လျှောက်သော် နောင်တော်ကြီးက "ငါယခုကဲ့သို့နေထိုင်စားသောက်ခြင်းမှာ တိုင်းပြည်အတွက် ၀န်လေးစေပါသလား" ဟု ပြန်မေးသည်။
မှူးမတ်များက " ၀န်မလေးပါ" ဟု လျှောက်သော် နောင်တော်ကြီးက "တိုင်းပြည်၀န်လေးမည့် ကိစ္စဆိုလျှင် ငါရှောင်ပါမည် ၊ ယခုတိုင်းပြည်အတွက် ၀န်မလေးသဖြင့် ငါနေတတ်သလိုနေပါရစေ" ဟု အခွင့်ပန်သည့် အနေဖြင့် ပြန်မိန့်သည်။

နောင်တော်ကြီးသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ရပ်လုံးတွင် တစ်လှည့်စီစံလေ့ရှိသည်။ ခွန်အားကြီးမားသည့်အပြင် သန်မာလျှင်မြန်သော မြင်းကောင်းလည်း ရှိသည်ဖြစ်သဖြင့် စိတ်ထဲပေါ်လာလျှင် ချက်ချင်းထသွားလေ့ရှိသည်။ မှူးမတ်များမှာ နောက်က အပြင်းလိုက်သော်လည်း ပြတ်ကျန်ခဲ့သည် သာများသည်။ တခါကလည်း စစ်ကိုင်းမှ ရွှေဘိုသို့ ပြန်ရာတွင် နောက်လိုက်နောက်ပါများမှာ ဝေးလံစွာပြတ်ကျန်ခဲ့ပြီး တစ်ကိုယ်တည်းနှင်လာရာ ရွှေဘိုမှ ၁၄မိုင် အကွာ ခေါ်တောအရပ်သို့ ရောက်ခဲ့သည်။ ထိုနေရာတွင် သခွားယာခင်းတစ်ခင်းကို တွေ့လေလျှင် ဆာလောင်မွတ်သိပ်လှပြီ ဖြစ်သဖြင့် "သခွားသီး စားပါရစေ" ဟု ယာခင်းရှင်ထံ ကောင်းမွန်စွာ သွားတောင်းသည်။ ပိုင်ရှင်ကလည်း စားချင်သလောက်စားပါ ၊ အပင်အနွယ်တို့ကိုကား မပျက်ပါစေနှင့် ဟု အခွင့်ပေးသည်။ သို့ဖြင့်ခူးစားရာနောင်တော်ကြီးသည် ဖြတ်၍မခူးပဲ ဆွတ်၍ခူးသဖြင့် အပင် ၊ အနွယ်များပါ ပါလာကာ အတော်အသင့်ပျက်စီးကုန်၏။ ယာရှင်းခင် မြင်သော် "နင်သည် စားရုံစား ၊ မဖျက်ပါဟု ငါပြောလျှက်ဖျက်ရာသလော" ဟု သတ်မည်ပုတ်မည်ပြု၏။ နောင်တော်ကြီးကလည်း "နင်ယောင်္ကျားကောင်းဆိုလျှင် ငါတို့သတ်ပုတ်ကြအံ့" ဟု ဆိုပြီး သတ်ပုတ်ကြရာ အင်အားကြီးမားလှသော နောင်တော်ကြီးကို မနိုင်ပဲယာခင်းရှင်သာ အမြဲအောက်ကျ၏။ အတန်ကြာသော် ယာခင်းရှင်က မောလှပြီဖြစ်၍ မတတ်နိုင်တော့ပဲ အဘယ်သို့သော လူဖြစ်သနည်းဟု တွေးတောကာ ထိုင်ကြည့်နေ၏။ နောင်တော်ကြီးက အပြုံးမပျက် သခွားသီးများကိုသာ စားနေ၏။

ထိုစဉ် ယာခင်းရှင်၏ မိန်းမသည် ထမင်းပို့ရောက်လာ၍ ထမင်းတောင်းကိုမြေသို့ချသော် နောင်တော်ကြီးက "ယောက်ဖ ၊ ငါလည်းထမင်းစားပါရစေ" ဟု ဆိုရာ ယာခင်းရှင်က ဒေါသဖြစ်၍ "မစားရဘူး ၊ နင်သည် ငါ့သခွားသီးကိုစား၏ ၊ သခွားခင်းအားလည်း ဖျက်၏ ၊ နင့်အားမကျွေးနိုင်" ဟု အော်ဟစ်၏။ ယာရှင်၏ မိန်းမက ယာရှင်အား လက်တို့ပြီး "ယာပြင်ဘက်မှာ ရွှေကတောင် နှင့် မြင်းကောင်းတစ်စီး ချိတ်ထားသည်ကို ငါတွေ့သည်။ ဤသူသည် သာမန်သူမဟုတ် ဘုရင်ဖြစ်ပုံရ၏" ဟုဆိုကာ မှန်မမှန် အကဲခတ်နေကြ၏။ နောင်တော်ကြီး၏ နောက်လိုက်နောက်ပါများ မီလာပြီး ရှေ့တော်တွင် ဒူးတုပ်ကြမှ ယာရှင်လင်မယားမှာ မင်းဖြစ်ကြောင်းသိကာ အလွန်ထိတ်လန့်သွားပြီး ရှိခိုးတောင်းပန်ကြသည်။ နောင်တော်ကြီးမင်းက ပြုံးရယ်လျှက် x"သင်တို့ကတောင်းပန်ရန် မရှိ ၊ သင့်သခွားသီးကိုလည်း ငါစားရသည် ၊ သတ်ပုတ်ရသည်မှာလည်း ငါသဘောတူ၍ဖြစ်သည် ၊ ဘာမျှမကြောက်လင့် ၊ သင့်သခွားသီးများသည် အရသာရှိလှသည် ၊ နန်းတော်သို့ လာရောက်ဆက်သဘိ" ဟု ပြန်မိန့်သည်။

ကာလအတန်ကြာသော် ယာရှင်လည်း နန်းတော်သို့၀င်ကာ သခွားသီးများကို ဆက်သသည်။ နောင်တော်ကြီးကလည်း ယာရှင်၏ ကျေးဇူးကိုမမေ့ပဲ x"ကျေးဇူးတင်ကြောင်း ၊ အလိုရှိရာကိုတောင်းနိုင်ကြောင်း" ပြန်မိန့်သည်။ ရိုးသားသော ယာရှင်မှာ သူ့ကို သူကြီးမှ နှိပ်စက်နေသည် သိသည်။ သို့ကြောင့် သူကြီးအာဏာမှ ကင်းလွတ်ခွင့်သာပေးပါ ဟု လျှောက်သည်။ နောင်တော်ကြီးက "သူကြီးအာဏာလည်း ကင်းလွတ်မည် ၊ နောက်လိုတာကိုထပ်လျှောက်ဦး" ဟု မိန့်သော်လည်း ယာရှင်မှာ ဘာမှမလိုတော့ပါဟု ဆိုသဖြင့် ထန်းရွက်တွင် ယာရှင်အလိုရှိသော အမိန့်တော်ကို ရေးကာ ကိုယ်တိုင် တံဆိပ်လက်ရာ ရေးထိုးပေးတော်မူသည်။

ယာရှင်သည် နောင်တော်ကြီးဘုရားနောက် ညီတော် ဘိုးတော်ဘုရားလက်ထက်တိုင် နေရလေ၏။ မင်းမိန့်ဖြင့် ဆင့်ရာ နောင်တော်ကြီး၏ စာချွန်တော်ကို မြင်ရသဖြင့် အလွန်မြတ်နိုးလှပြီး ထိမ်းသိမ်းဖို့ မိမိအားပေးရန် တောင်းသည်။ ယာရှင်မှာ လက်ခံပဲ အတန်တန်ငြင်းသည်။ နောင်တော်ကင်းလွတ်ခွင့်ပေးထားသူ ဖြစ်သဖြင့် ဘိုးတော်ဘုရားမှာ အာဏာဖြင့် သိမ်း၍မရပဲ ချော့ကာတောင်းခြင်းဖြစ်သည်။ နောက်မှ "နောင်တော်လည်း ဘုရင် ၊ ငါလည်းဘုရင် ၊ နောင်တော်ရေးသကဲ့သို့ပင် ငါလည်းသင့်ကိုရေးပေးမည် ၊ ငါ့နောင်တော်လက်ရာဖြစ်သဖြင့် မြတ်နိုးလှသဖြင့် တောင်းခြင်းဖြစ်သည်" ဟု မိန့်မှ ယူတော်မူပါဟူ၍ ယာရှင်လည်း သဘောတူလေ၏။ ဘိုးတော်ဘုရားက စာချွန်လွှာပေးပြီး လက်မှတ်မပါသဖြင့် ထိုးပေးရန်လျှောက်ရာ တံဆိပ်လက်ရာကို ထိုးခတ်တော်မူမှ ယာသမားလည်း အေးချမ်းစွာပြန်လေတော့သည်။

Ref;
မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ - ဦးဖိုးကျား
မြန်မာ့စွယ်စုံကျမ်း

#ညမဖတ်ရ

၆ ။ တန်ဖိုး ကိုယ့်စိတ်မှာ ဘာမှ မလိုသည့် အချိန်ဟာအလွန်အေးချမ်းသည့် အချိန်ပါပဲ...။6. Value It  is a  peaceful  time, when ...
16/11/2023

၆ ။ တန်ဖိုး

ကိုယ့်စိတ်မှာ
ဘာမှ မလိုသည့် အချိန်ဟာ
အလွန်အေးချမ်းသည့် အချိန်ပါပဲ...။

6. Value

It is a peaceful time,
when you need nothing more
in your mind.

#အရှင်ရေဝတ #ကန့်ဘလူ
Ashin Yay Wa Ta. Kanbalu.

Translated by Win Min.

ချာလီချက်ပလင်က သူ့ပရိသတ်ကိုဟာသတခု ပြောပြတယ်။ပရိသတ်က ဝါးလုံးကွဲ ရယ်မောကြတယ်။အဲဒီဟာသကိုပဲချာလီကဒုတိယအကြိမ်ထပ်ပြောတယ် သိပ်မ...
16/11/2023

ချာလီချက်ပလင်က သူ့ပရိသတ်ကို
ဟာသတခု ပြောပြတယ်။

ပရိသတ်က ဝါးလုံးကွဲ
ရယ်မောကြတယ်။

အဲဒီဟာသကိုပဲချာလီက
ဒုတိယအကြိမ်
ထပ်ပြောတယ် သိပ်မရယ်ကြတော့ဘူး။

တတိယအကြိမ် ထပ်ပြောတယ်
လုံးဝ မရယ်ကြတော့ဘူး။

ဒီတော့မှ ချာလီက
"ခင်ဗျားတို့က ဟာသတခုကို
အကြိမ်ကြိမ်ရယ်ပေးဖို့
ဆန္ဒမရှိပေမယ့်
ဘာလို့များ ဒုက္ခတခုကိုအကြိမ်ကြိမ်
ပူဆွေးနေရတာလဲ" တဲ့။

တွေးခေါ်တတ်တဲ့ဦးနှောက်ရယ်
ရှင်သန်ခွင့်ရယ် ရှိနေသမျှ
ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။

"ရှုံးတယ်ဆိုတာ
ကိုယ်က အရှုံးပေးမှ ရှုံးတာပါ"တဲ့
ဘဝက အဲဒီလို ပြဋ္ဌာန်းထားတယ်။



ချာလီချက်ပလင်က သူ့ပရိသတ်ကို
ဟာသတခု ပြောပြတယ်။

ပရိသတ်က ဝါးလုံးကွဲ
ရယ်မောကြတယ်။

အဲဒီဟာသကိုပဲချာလီက
ဒုတိယအကြိမ်
ထပ်ပြောတယ် သိပ်မရယ်ကြတော့ဘူး။

တတိယအကြိမ် ထပ်ပြောတယ်
လုံးဝ မရယ်ကြတော့ဘူး။

ဒီတော့မှ ခ်ာလီက
"ခင်ဗျားတို့က ဟာသတခုကို
အကြိမ်ကြိမ်ရယ်ပေးဖို့
ဆန္ဒမရှိပေမယ့်
ဘာလို့မ်ား ဒုက္ခတခုကိုအကြိမ်ကြိမ်
ပူဆွေးနေရတာလဲ" တဲ့။

တွေးခေါ်တတ်တဲ့ဦးနှောက်ရယ်
ရှင်သန်ခွင့်ရယ် ရှိနေသမျှ
ကျနော်တို့ ဘယ်တော့မှ မရွုံးဘူး။

"ရှုံးတယ်ဆိုတာ
ကိုယ္က အရှုံးပေးမှ ရွုံးတာပါ"တဲ့
ဘဝက အဲဒီလို ပြဋ္ဌာန်းထားတယ်။
💙 .L

 #လောဘ လူသားတွေဟာ ဆာလောင်နေတဲ့အချိန်မှာ ဆန္ဒတစ်ခုပဲရှိကြတယ်။ဆာလောင်မွတ်သိပ်ခြင်းတွေမရှိကြတော့တဲ့အခါမှာလူသားတွေရဲ့ဆန္ဒဟာ ...
16/11/2023

#လောဘ

လူသားတွေဟာ
ဆာလောင်နေတဲ့အချိန်မှာ
ဆန္ဒတစ်ခုပဲရှိကြတယ်။

ဆာလောင်မွတ်သိပ်ခြင်းတွေ
မရှိကြတော့တဲ့အခါမှာ
လူသားတွေရဲ့ဆန္ဒဟာ
ရေတွက်မရအောင် များပြားလွန်းတယ်။

#အရှင်ရေဝတ #ကန့်ဘလူ
11-11-2023.

တခါတလေ လောကကြီးမှာ မင်း မြင်တွေ့နေရတဲ့ အရာတွေဟာ၊အခြားသူတွေ မင်းကို မြင်စေချင်တဲ့အရာသက်သက်ပါပဲ။မင်း မြင်တဲ့အရာတိုင်းက အမှ...
16/11/2023

တခါတလေ လောကကြီးမှာ
မင်း မြင်တွေ့နေရတဲ့ အရာတွေဟာ၊

အခြားသူတွေ မင်းကို
မြင်စေချင်တဲ့အရာသက်သက်ပါပဲ။

မင်း မြင်တဲ့အရာတိုင်းက
အမှန်တရားမဟုတ်ဘူး။

မုသားချိုချိုတွေနဲ့
လိုရင် သကာ မလိုရင် တမာ
ချိုတစ်ခါ ခါးတစ်လှည့်ပေါ့။

တစ်ချို့ သင်္ခန်းစာတွေက
အရမ်းတန်ဖိုးကြီးမားတယ်။

#အရှင်ရေဝတ #ကန့်ဘလူ
12-11-2023.

" ရေးဖွဲ့ဖို့ "ဇာတိကိုရေးဖွဲ့ဖို့မရဏလိုတယ် ။မရဏကိုရေးဖွဲ့ဖို့ဇာတိလိုတယ် ။ချစ်ခြင်းကိုရေးဖွဲ့ဖို့နားလည်မှုလိုတယ် ။မေတ္တာက...
16/11/2023

" ရေးဖွဲ့ဖို့ "

ဇာတိကိုရေးဖွဲ့ဖို့
မရဏလိုတယ် ။

မရဏကိုရေးဖွဲ့ဖို့
ဇာတိလိုတယ် ။

ချစ်ခြင်းကိုရေးဖွဲ့ဖို့
နားလည်မှုလိုတယ် ။

မေတ္တာကိုရေးဖွဲ့ဖို့
စာနာမှုလိုတယ် ။

ပျော်ရွှင်ခြင်းတွေရေးဖွဲ့ဖို့
နာကျင်ခြင်းတွေလိုတယ် ။

သာယာခြင်းတွေရေးဖွဲ့ဖို့
ကြမ်းတမ်းခြင်းတွေလိုတယ် ။

လိုအပ်သမျှ ဖြည့်ဆည်းဖို့အတွက်တော့
မုသားချိုချိုတွေနဲ့ လေတစ်ချို့လိုတယ် ။

ကဗျာကိုရေးဖွဲ့ဖို့တော့
နှလုံးသားတစ်စုံရှိဖို့လိုတယ်... ။

#အရှင်ရေဝတ #ကန့်ဘလူ
7-11-2020.

" ကြိုးစားခြင်းအနုပညာ "ကြိုးစားခြင်းဆိုတာနှစ်မျိုးရှိတယ် ။မဖြစ်နိုင်တာကို ကြိုးစားခြင်း ၊ဖြစ်နိုင်တာကိုကြိုးစားခြင်း ။အာ...
16/11/2023

" ကြိုးစားခြင်းအနုပညာ "

ကြိုးစားခြင်းဆိုတာနှစ်မျိုးရှိတယ် ။

မဖြစ်နိုင်တာကို ကြိုးစားခြင်း ၊
ဖြစ်နိုင်တာကိုကြိုးစားခြင်း ။

အားလျော့ လက်မှိုင်ချ
နောက်ဆုတ်ပြီး အရှုံးပေးတယ် ။

အားတင်း လက်တွေ့လုပ်
ရှေ့ဆက်ပြီး အနိုင်ယူတယ် ။

ကြိုးစာခြင်းမှာ အဓိကလိုအပ်တာ
စိတ်ဓာတ်ခိုင်မာ ပြတ်သားရမယ် ။

ဖြစ်နိုင်ခြင်း, မဖြစ်နိုင်ခြင်းဆိုတာ
ပုံသေ သတ်မှတ်လို့မရတဲ့အရာ ။

ငါမဖြစ်နိုင်တာကို မင်းဖြစ်နိုင်တယ် ။
မင်းမဖြစ်နိုင်တာကို ငါဖြစ်နိုင်တယ် ။

- ကိုယ်အင်္ဂါချို့တဲ့ရုံနဲ့ ကြိုးစားချင်သူကို
လုံးဝရပ်တန့်လို့မရဘူး ။

သူဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့
စီးဆင်းတဲ့ရေလို ရပ်တန့်မရဘူး ။

နံနက်ခင်းရဲ့ တောက်ပလာတဲ့
နေရောင်ခြည်လို တိမ်အားလုံးကို
ဖြိုခွင်းနိုင်စွမ်း သူ့မှာရှိတယ် ... ။

အညွှန့်တလူလူ အခက်တဝေဝေ
အဖူးအပွင့်တွေ လန်းဆန်းစေဖို့
သူ့မှာ ကြိုးစားခြင်စိတ်ရှိတယ် ... ။

- ကိုယ်အင်္ဂါပြည့်စုံပြီး
မကြိုးစားခြင်သူကတော့
လုံးဝ အရာအားလုံး ရပ်တန့်နေမှာ ။

ခန်းခြောက်တော့မယ့် ရေကန်
ရေမစီးဆင်းတော့တဲ့ စမ်းချောင်း
ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး ။

အလင်းမရှိတဲ့ ကမ္ဘာ
အကာမရှိတဲ့ အိမ်
ဉာဏ်တိမ်တဲ့လူတစ်ယောက်
ဘယ်တော့မှ ပြောင်မြောက်မှာမဟုတ် ။

အညွှန်မရှိ အခက်မဝေ
အဖူးမလန်း မပွင့်စွမ်းနိုင်တော့
မျိုးတုံးမှာ လုံးဝသေချာပါတယ် ။
သူ့မှာ ကြိုးစားခြင်စိတ် မရှိဘူးလေ ။

ကိုယ်အင်္ဂါလည်းပြည့်စုံမယ် ၊
ကြိုးစားခြင်စိတ်လည်းရှိမယ်ဆိုရင် ၊

မင်းဟာ ကမ္ဘာလောကကြီးပေါ်မှာ
အတော်ဆုံးလူတွေထဲက ...
အတော်ဆုံးလူတစ်ယောက်ဖြစ်တယ် ။

ဒါကြောင့် မင်းဘာဖြစ်ချင်သလဲ
" ကြိုးစား " ဖို့တော့ လိုတာပေါ့ ... ။

မိတ်ဆွေအားလုံး ကြိုးစားကြပြီး
လိုချင်သောပန်းတိုင်ရောက်ကြပါစေ ... ။

#အရှင်ရေဝတ #ကန့်ဘလူ
21-6-2021.

💙 မေတ္တာဟူသည် 💙မေတ္တာဟူသည် ထပ်တူညီမျှ ကူဖေးမ၍ဘဝခရီး လျှောက်မပြီးခင် စည်းလုံးကြည်ဖြူ ညီကိုတူ ၏ ... ။မေတ္တာဟူသည် အဖြူ အမဲ ...
16/11/2023

💙 မေတ္တာဟူသည် 💙

မေတ္တာဟူသည်
ထပ်တူညီမျှ ကူဖေးမ၍
ဘဝခရီး လျှောက်မပြီးခင်
စည်းလုံးကြည်ဖြူ ညီကိုတူ ၏ ... ။

မေတ္တာဟူသည်
အဖြူ အမဲ ရောင်မခွဲ၍
မကွဲစိတ်ဓာတ် သိမ်ငယ်လတ်သော်
ထွေးဖက်ရင်ခွင် သောကစင်၏ ... ။

မေတ္တာဟူသည်
ကြီးသူငယ်သူ မခွဲမူ၍
လူသားတိုင်းအား ကိုယ့်လိုထားပြီး
သနားကြင်နာ ကိုယ်ချင်းစာ၏ ... ။

#အရှင်ရေဝတ #ကန့်ဘလူ
9-11-2019.5:49pm.

"တစ်ခန်းရပ် ဟာသ"ဝ,ရှိမှ ဝိ,လုပ်ပါ။ အမေ့အိမ်ကပန်းကန်ပြောင်အောင်ဆေးပြီးမှ ပရဟိတလုပ်ပါ။"အမေကျော် ဒွေးတော် မလွမ်းပါနဲ့"။"ရွာ...
16/11/2023

"တစ်ခန်းရပ် ဟာသ"

ဝ,ရှိမှ ဝိ,လုပ်ပါ။
အမေ့အိမ်ကပန်းကန်
ပြောင်အောင်ဆေးပြီးမှ ပရဟိတလုပ်ပါ။

"အမေကျော် ဒွေးတော် မလွမ်းပါနဲ့"။
"ရွာကျော် ခဲပစ် မဖြစ်ပါစေနဲ့"။

ကြိုးစားမှုမရှိပဲ အောင်မြင်မှုကို
မမျှော်မှန်းပါနဲ့။

ကြိုးစားနေသမျှကာလပတ်လုံး
အရှုံးဆိုတာ ဟာသသက်သက်မျှသာ။

ဟာသဆိုပေမယ့်
တစ်ချို့ဟာသတွေရဲ့နောက်ကွယ်မှာ
ချွေးစက်၊ သွေးစက်၊ မျက်ရည်စက်တွေနဲ့ပါ။

#အရှင်ရေဝတ #ကန့်ဘလူ
11-11-2022.5:11pm.

" သင်ယူခြင်း အနုပညာ"ကိုယ်က အခြားသူတွေကိုကိုယ်ချင်းစာလို့ကူညီပေမယ့် ။မတူညီတဲ့ တစ်ချို့တုန့်ပြန်မှုတွေကတခါတခါ အသဲနာစရာကောင...
16/11/2023

" သင်ယူခြင်း အနုပညာ"

ကိုယ်က အခြားသူတွေကို
ကိုယ်ချင်းစာလို့ကူညီပေမယ့် ။

မတူညီတဲ့ တစ်ချို့တုန့်ပြန်မှုတွေက
တခါတခါ အသဲနာစရာကောင်းတယ် ။

တခါတခါ ကိုယ်ချင်းစာမှုတွေက
မပြတ်သားမှုတွေဖြစ်လာတတ်တယ် ။

ရက်စက်တဲ့ နှလုံးသားမရှိတဲ့အခါ
ကိုယ့်လမ်းကြောင်းတွေက နောက်နှေး
တွန့်ဆုတ်သွားစေတတ်မှန်း သိလာတယ် ။

ကိုယ့်ရဲ့နွေးထွေးမှုတွေဟာ
သူ့တို့ကိုသူ့တို့ အဆင့်မြင့်တယ်လို့
တွေးထင်တတ်စေသွားကြတယ် ။

အားနာတဲ့စိတ္​ ၊
ကိုယ်ချင်းစာစိတ်တွေအပေါ်
တစ်ချို့တွေက သူတို့တက်စရာ
လှေခါးထစ်အဖြစ် မြင်တတ်ကြတယ် ။

နောက်ပိုင်းတွေမှာ
အရာရာကို ဥပေက္ခာပြုနိုင်တဲ့စိတ်
ထားတတ်ဖို့ လေ့ကျင့်မှရတော့မယ် ။

မတူညီတဲ့ဘက္​ ၊
မမျှော်လင့်တဲ့ဘက်ကဝင်လာတဲ့
ဓားချက် အရှိုးရာတွေက ကိုယ့်ကို
သတိချပ်စေခဲ့တာ အမြတ်ပေါ့ ။

" အတန်းသင်္ခန်းစာတွေက
ဆိုင်ရာစာအုပ်တွေမှာ သင်ယူရတယ် ။

ဘဝသင်္ခန်းစာတွေကတော့
ကိုယ့်ပါတ်ဝန်းကျင်က သင်ယူရတယ် ။"

#အရှင်ရေဝတ #ကန့်ဘလူ
13-11-2021.12:38pm.

စကားထဲက ဇာတိပြ🍒🍒🍒🍒🍒🍒တစ်ခါတုန်းက  ရွာတစ်ရွာမှာ ရုပ်ရည်လဲ ချောမောသလို  အလွန်လိမ္မာပါးနပ်တဲ့ မိန်းမပျိုလေး တစ်ဦးရှိတယ် သူမရ...
16/11/2023

စကားထဲက ဇာတိပြ
🍒🍒🍒🍒🍒🍒

တစ်ခါတုန်းက ရွာတစ်ရွာမှာ ရုပ်ရည်လဲ ချောမောသလို အလွန်လိမ္မာပါးနပ်တဲ့ မိန်းမပျိုလေး တစ်ဦးရှိတယ်

သူမရဲ့ အကျင့်သိက္ခာနဲ့ ဣနြေ္ဒရှိတဲ့ သတင်းကြောင့် အနယ်နယ်အရပ်ရပ်ရှိ လူပျိုကာလသားတွေက သူမအိမ်ကို လာလည်လေ့ရှိတယ်

ဒါပေမယ့် မိန်းကလေးကတော့ သူ့ဆီ လာလည်တဲ့ လူပျိုလေးတွေကို သူလိုချင်တဲ့ အရည်အချင်းနဲ့ အကျင့်သိက္ခာတွေ မတွေ့ရင် လိမ္မာပါးနပ်စွာနဲ့ ငြင်းပယ်လိုက်တာချည်းပဲ တဲ့

တစ်ခါတော့ ရုပ်ရည် အပြောအဆို အနေအထိုင်ဟန်ပန်တွေကမှ အစ အားလုံးလိုလို တူညီနေတဲ့ တစ်ရပ်တစ်ကျေးက လူပျိုလေးယောက်ဟာ
သူမထံ လာပြီး မေတ္တာတောင်းခံကြတယ်

ဒီအခါမှာ သူမဟာ အရွေးရခက်သွားတယ်
သူတို့ ၄ ဦးထဲက တစ်ဦးဦးကို ရွေချယ်ဖို့ ဆုံးဖြတ်လိုက်တယ် ဒါပေမယ့် ဘယ်သူ့ကို ရွေးရမယ်မှန်းမသိတာနဲ့
" မောင်ကြီးတို့ အေးအေးဆေးဆေး စကားပြောကြပါဦးရှင် " လို့ ဆိုပြီး ချည်ငင်တဲ့ ချားကို ထုတ်လာပြီး လေးယောက်စလုံးရဲ့ ရှေမှာ သူတို့နဲ့ အတူ လက်ခံစကားပြောရင်း ချည်ငင်နေလိုက်တယ် လူပျိုလေးဦးဟာ လိုရင်းစကားကို မပြောနိုင်ကြဘဲ ဟိုရောက်သည်ရောက်စကားတွေ
ပြောနေကြသတဲ့

ဒီလိုနဲ့ သန်းခေါင်ကျော် ကြက်ဦးတွန်ချိန်ရောက်လာတယ် အချိန်ကုန်ပြီဖြစ်ပေမယ့် လူပျိုလေးယောက်စလုံးဟာ ဘယ်သူကမှ ထမပြန်ဘဲ ဇွဲကောင်းကောင်းနဲ့ ထိုင်နေတုန်းပဲ သူတို့ရဲ့ စိတ်ထဲမှာတော့ အရင်ထပြန်တဲ့သူဟာ ဇွဲမရှိဘူး လို့ မိန်းကလေးက ထင်သွားမှာ စိုးလို့ တစ်ဦးနဲ့ တစ်ဦးအရိပ်အကဲ ကြည့်ပြီး ပေကပ်နေကြသတဲ့

ပြောနေကြတဲ့ စကားတွေကလဲ ကုန်သလိုဖြစ်ပြီး ခပ်ထိုင်းထိုင်း ခပ်အေးအေး ဖြစ်နေကြတယ်
အဲ့ အချိန်မှာပဲ အပျိုလေးရဲ့ အိမ်က ကြက်ဖကြီးက ထ တွန်ပါလေရော ၊

ပြောစရာရှာမရဖြစ်နေကြတဲ့ လူပျိုလေးယောက်ထဲက ပထမတစ်ယောက်က " ဒီအချိန်ကတော့ ဒီလို လမိုက်ပုံလေးနဲ့တော့ သူခိုးတွေ ခိုးလို့ ကောင်းတဲ့ အချိန်ပဲ " လို့ ပြောလိုက်တယ်

ဒုတိယတစ်ယောက်က " ဟုတ်ပေတယ် ထန်းတက်သမားတွေလည်း ဒီအချိန်လောက်က ထ ပြီး လုပ်စရာကိုင်စရာ ပြင်စရာဆင်စရာတွေ ပြင်ဆင်ကြမယ့်အချိန်ပဲ " လို့
ပြောလိုက်တယ်

( ဒီအချိန်မှာ မိန်းမပျိုလေးက သူတို့ ဇာတိသဘောကို သိဖို့ သေချာနားစွံ့နေတာ လူပျိုလေးတို့ သတိမထားမိကြ )

တတိယတစ်ယောက်က " သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုတဲ့ အတိုင်း အခုလို သန်းခေါင်ကျော်
ရေတက်ဦးကလေးမှာ ပိုက်တန်းချဖို့ ထွက်ရမယ့် လှေ ၊ တက် ပြင်ဆင်ချိန်ပဲ " လို့ ပြောပြန်တယ်

နောက်ဆုံးတစ်ယောက်က " အလုပ်ဆိုတာကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ကျွမ်းကျင်ရာ လုပ်ကြရတာပဲ ၊ စီးပွားအရှာကောင်းသူတွေဆိုရင် တရေးနိုး ဒီအချိန်က ထပြီး စီးပွားရေးအတွက်
အကြံသစ် ဉာဏ်သစ်တွေ ထုတ်တဲ့ အချိန်မျိုးတောင် ရောက်ပြီ " လို့ ပြောလိုက်တယ်

ဒီလိုစကားမရှိ စကားရှာပြီး အမှတ်တမဲ့ ပြောလိုက်တဲ့ လူပျိုလေးတွေရဲ့ စကားကို
မိန်မပျိုလေးက သေချာမှတ်ထားလိုက်ပြီး " ဟုတ်ပါရဲ့... ကျွန်မလည်း ညဉ့်နက်လို့
အလုပ်သိမ်းဖို့ အချိန်ရောက်ပြီ " လို့ပြောရင်း ဧည့်ခံစကားပြောနေတာကို ရပ်လိုက်တဲ့
သဘောနဲ့ ချည်တွေကို သိမ်းလိုက်တယ်

လူပျိုးလေး လေးယောက်ဟာ အသီးသီး နှုတ်ဆက်ပြီး ပြန်သွားကြတယ်

သူတို့ ပြန်သွားပြီးနောက် မိန်းမပျိုလေးဟာ သူတို့စကားတွေကို စကားထဲက ဇာတိပြ ဆိုတဲ့
သဘောအတိုင်း ခွဲထုတ်စိစစ်ကြည့်လိုက်တဲ့အခါ

ပထမလူကို သူခိုးသားသမီး (သို့ )သူခိုးနဲ့အဆက်အသွယ်ရှိတဲ့ သူလို့ မှတ်ချက်ချလိုက်တယ်
ဒုတိယလူကို ထန်းသမားမျိုးနွယ် အဆက်အသွယ်ရှိသူလို့ မှတ်ချက်ချတယ်

တတိယလူကို တံငါမျိုးနွယ် .... ။

စတုတ္ထလူကိုတော့ ဉာဏ်လုံ့လထုတ်ပြီး ဥစ္စာပစ္စည်းအရှာကောင်းသူ ၊ ဒါမှမဟုတ် အဲ့ဒီလိုလူတွေနဲ့ နီးစပ်တဲ့သူ စီးပွားဖြစ်ရေး အကြံအစည်ရှိတဲ့သူလို့ မှတ်ချက်ချလိုက်တယ်

နောက်မကြာခင်မှာပဲ မိန်းမပျိုလေးဟာ စတုတ္ထလူပျိုလေးရဲ့ မေတ္တာကို လက်ခံပြီး
လက်ထပ်လိုက်သတဲ့ ကွယ်

ပုံပြင်လေးကတော့ ဒါပါပဲ

စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးတယ်
သူဌေးတစ်ယောက်က သူ့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ လူရွေးတော့ အလုပ်လာလျှောက်တဲ့ သူကို အင်တာဗျူးတွေ ဘာတွေ ညာတွေ လုပ်မနေဘဲ
သူကို စားသောက်ဆိုင်ကို ခေါ်သွားပြီး ထမင်းလိုက်ကျွေးရင်း စကားတွေ အများကြီးပြောစေသတဲ့
အဲ့ဒီအချိန်မှာ အလုပ်လာလျှောက်သူရဲ့စကားတွေကို အကဲဖြတ်ပြီး အလုပ်ခန့်သင့် မခန့်သင့် ဆုံးဖြတ်သတဲ့ ။

စကား စကား ပြောပါများ - စကားထဲက ဇာတိပြ ဆိုတဲ့အတိုင်း စာဖတ်သူတို့လည်း စကားကောင်းများ ပြောဆိုနိုင်ဖို့ အလုပ်ကောင်း နှင့် မိတ်ကောင်းများကို ရွေးချယ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ..... ။

((( တက္ကသိုလ်ကျောင်းသားရဲ့အမေ )))အင်း ဟောဒီတမာရွက်တွေ တဖွဲဖွဲကြွေသာ မြင်ရပြီဆိုရင် မကြာခင်ကျောင်းတွေပိတ်တော့ မယ်ဆိုသာ ခန်...
23/02/2023

((( တက္ကသိုလ်ကျောင်းသားရဲ့အမေ )))

အင်း ဟောဒီတမာရွက်တွေ တဖွဲဖွဲကြွေသာ မြင်ရပြီဆိုရင် မကြာခင်ကျောင်းတွေပိတ်တော့ မယ်ဆိုသာ ခန့်မှန်းလို့ရသယ်။ ဆောင်းကအကုန် နွေကအကူး၊ လေရူးက တဖြူးဖြူးနဲ့ဆိုတော့ ငယ်ငယ်က ကျုပ်အဖေပြောခဲ့ဖူး သဲ့ စကားလေး သွားအမှတ်ရမိသယ်။ ဘာတဲ့...။ " စိတ်မခိုင်သူ ရူးလောက်တဲ့ရာသီ..."တဲ့။ ဟုတ်ပါ့။ ကျုပ်တောင် ဟိုလွမ်းသလိုလို ဒီလွမ်းသလိုလို နဲ့ ကျောင်းပိတ်ချိန်ကို မျှော်နေမိသာရယ်။

အဟင်း..."ကျောင်းပိတ်ချိန်ကို မျှော်နေမိသာ" ဆိုလို့ ကျုပ်ကို ကျောင်းသားလေးမှတ်မနေနဲ့ဦး။ ကျုပ်လား...အသက်ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်နီး...အဲ...အတိအကျပြောရရင် ခြောက်ဆယ့်ကိုးနှစ်။ ဆံပင်တွေဖြူ ၊ပါးရေ နားရေတွေကတွန့်နဲ့ ခါးမကိုင်းသေးတဲ့ အဘွားကြီးပါတော်။ တော်တို့ကတော့ "ကျောင်းပိတ်ချိန်နဲ့ အဘွားကြီး ဘာဆိုင်သာမှတ်လို့..." ဆိုပြီး တွေးချင်တွေးနေမှာ။ ဆိုင်ပါသော်ကော။ ကျောင်းပိတ်ရင် ကျုပ်သားမောင်ပဉ္ဇင်း ရွာပြန်ကြွလာမှာတော်ရဲ့။ ကဲ ကျုပ်နဲ့ ကျောင်းပိတ်ချိန်မဆိုင်လား။

သြော် မောင်ပဉ္ဇင်းလား။ မန်းလေးမှာလေ။ စာသင်ကြွနေသာပါ့။ "သာသနာ့ပရိယတ္တိစာသင်တိုက်" အဲ...ဟုတ်ပါဘူး။ "နိုင်ငံတော်သာသနာ့ကျောင်းတိုက်" ဒါလည်း ဟုတ်သေးပါဘူးတော်။ နေပါဦး ဘာတဲ့။ သြော်...သိပြီ သိပြီ။ နိုင်ငံတော်ပရိယတ္တိသာသ နာ့တက္ကသိုလ်...တဲ့။ ဟုတ်တယ် အဲ့ဒါ။ အံမယ်လေး...သူတို့ကျောင်းနာမည်ကလည်း အခေါ်ရခက်လိုက်သာတော်။ ကျုပ်တို့ရွာဘက်ကကျောင်းတွေဆိုရင် "တောင်ကျောင်း" "မြောက်ကျောင်း" ဆိုပြီးရော။

အင်း...စပ်မိလို့ ကြွားရ အဲလေ ပြောရပါဦးမယ် သားတော်မောင်အကြောင်းကို။ သားတော်မောင်က ကိုးနှစ် ဆယ်နှစ်လောက်တည်းက သင်္ကန်းဝတ်သွားသာ။ အခုထိ လူထွက်ချင်သယ် တစ်ခွန်းမဟဘူး။သံယောဇဉ်ကလည်း ဘာပြတ်သလဲမမေးနဲ့။ "အမေ့ကို သတိရသယ် လွမ်းသယ်" ဆိုသာမျိုး ယောင်လို့တောင်မပြောဘူး။ ကျုပ်တို့ကတော့ ဘယ်နေနိုင်မှာတုန်း။ သားသမီးဆိုတော့ လွမ်းရသာပါ့။ သူသင်္ကန်းဝတ်သွားခါစကဆိုရင် တစ်ပတ်ဆယ်ရက်လောက်မနေတတ်ဘူး။ ထမင်းဝိုင်းမယ် လူမစုံတော့ "ဟဲ့ သွားဆော့နေသာထင်တယ်၊ လိုက်ခေါ်ဦး." ဘာညာနဲ့ အယောင်ယောင်အမှားမှားကိုဖြစ်လို့။

ကျုပ်တို့ကသာ အဲ့သလောက်ဖြစ်နေသာ...။
သားတော်မောင်ကို "ညီကိုမောင်နှမတွေကို သံယောဇဉ်ရှိဘူးလား"မေးတော့ ဘာပြောသယ်မှတ်လဲ။ "သံယောဇဉ်ပြတ်ချင်လို့ ဆံပင်တွေတောင် ရိတ်ပစ်ထားတာ အမေရ..."တဲ့။ သင်္ကန်းဝတ်ပြီး ဘာမကြာ စာသင်တိုက်သွားချင်သယ် ဖြစ်ပါလေရော။ ကျုပ်ဖြင့်လေ သားတောင်မောင်မြို့သွားမယ်ဆိုတော့ ငိုလိုက်ရသာ မပြောပါနဲ့တော့။ အကြာကြီးခွဲနေရမယ်ဆိုတော့ လွမ်းသယ်တော်ရေ့။ နောက်ပြီး အစားအသောက်အဆင်မပြေမှာ၊ အနေအထိုင်ဆင်းရဲမှာတွေကိုလည်း တွေးပူရသေးမှုတ်လား။ သူကတော့ ဘယ်သိရှာမတုန်း။ စာသင်တိုက်သွားရမယ်ဆိုတော့ ပြုံးရွှင်လို့။

ဒီအဖေ ဒီအမေနဲ့ ခွဲနေရမှာတောင် ပြုံးပျော်နေသဲ့ သားတော်မောင်ကို (မရိုသေ့စကား) အမြင်တောင်ကပ်မိသေး။ ဟုတ်သယ်။ ဒီလောက်တောင် သံယောဇဉ်ပြတ်ရလားဟယ် ဆိုပြီးတော့လေ။မှတ်မှတ်ရရ- သားတော်မောင်မြို့ကိုကြွတော့ (၁၃) နှစ်ပြည့်ပြီးလို့ (၁၄)နှစ်ထဲဝင်ခါစရှိသေး တာ။ နောက်တော့ ကျုပ်လည်းနေတတ်သွားပါသယ်။ သူတောင်သံယောဇဉ်ပြတ်နိုင်သေးတာ၊ ကျုပ်က ဘာလို့မပြတ်နိုင်ရမှာလဲနော့။ အဲ့ဒီကတည်းက ကျုပ်သားတော်မောင်လည်း ကျုပ်ရင်ခွင်ထဲရောက်လာသယ်ကို မရှိတော့ဘူး။ နွေကျောင်းပိတ်ရင် ခဏပြန်လာလိုက်၊ သီတင်း ကျွတ်ရင် ခဏပြန်လာလိုက်နဲ့။ ပြီးရင် သုတ်ခနဲ သုတ်ခနဲ ပြန်ပြန်သွားသာရယ်။

စာမေးပွဲတွေ ဘာတွေအောင်သယ်ဆိုသာကတော့ မကြာခဏကြားနေရသာပဲ။ ဘာစာမေးပွဲတွေအောင်မှန်းတော့ သိပေါင်။ ဘာပြောပြော ကိုယ့်သားစာမေးပွဲအောင်တယ်ဆိုတော့ အရပ်ထဲမှာ ဂုဏ်ရှိတာတော့အမှန်ပဲ။ " ဟဲ့ နင့်သားစာမေးပွဲအောင်လို့ဆို..."ဆိုပြီး လာမေးရင် ကျုပ်ဖြင့်ဘယ်လိုကျေနပ်မှန်းမသိဘူး။ အဲ..စာမေးပွဲအောင်သယ် ဆိုလို့သာ ကျေနပ်နေမိသာ။ "ဘာစာမေးပွဲအောင်တာလဲ..."လို့လာမေးရင်တော့ "သိပေါင်အေ..."ဆိုတဲ့ပြီး ရယ်ကျဲကျဲလုပ်နေလိုက်ရသာရယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ တက္ကသိုလ်ထဲဝင်ဖို့ ဝင်ခွင့်စာမေးပွဲအောင်သယ်ပြောသာပဲ။ အဲ့ဒီသတင်းကြားတုန်းက ကျုပ်တွေးမိတာကို ပြန်ပြောပြဦးမယ်။ သားတော်မောင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်တယ်လည်းဆိုရော..."ဘယ့်နှယ်! တက္ကသိုလ်ထဲဝင်များ စာမေးပွဲတွေ ဘာတွေ ဖြေနေရသေးတယ်လို့၊ ကျုပ်တို့ရွာဦးကျောင်းထဲဆိုရင် ကြိုက်တဲ့အချိန် ကြိုက်တဲ့အပေါက်ကဝင်၊ ဘာစာမေးပွဲမှ ဖြေစရာမလိုဘူး..."ဆိုပြီး ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်နေတယ်ထင်နေသာပါ့။ အံမလေးလေး... ဘယ်ကလာ ကျုပ်ထင်သလို ဟုတ်ရမှာတုန်းတော်။ သားတော်မောင်ပြောပြ မှပဲ ဝင်ခွင့်စာမေးပွဲ ဆိုတာ တက္ကသိုလ်တက်ခွင့်ရဖို့ အရည်အချင်းစစ်တာဆိုပဲ။ တော်သေးတာပါ့။ ကျုပ်တွေးမိတာကို ဘယ်သူ့မှမပြောပြမိသေးလို့။

အဲ...သူတို့ဝင်ခွင့်စာမေးပွဲဆိုတာက အင်္ဂလိပ်လိုတွေရောဖြေရသတဲ့တော်ရေ့။ ဟုတ်မယ် ဟုတ်မယ်။ အဲ့ဒီမတိုင်ခင်လေးငါးခြောက်လလောက်က စပီကင်သင်တန်းဆိုလား ဘာဆိုလား တက်ချင်လို့ဆိုပြီး ငွေမှာလို့ပို့လိုက်ရသေးတာ။ အံမယ် သားတော်မောင်တို့တက်တဲ့ စပီတွေ ဘာတွေ ကင်တဲ့ သင်တန်းက အင်္ဂလိပ်စာလည်းသင်ပေးသတဲ့။ ဆရာက သဘောကောင်းလို့နေမှာပေါ့လေ။ အမှန်အတိုင်းပြောရရင် ကျုပ်သားတော်မောင်တစ်ပါး အဲ့သလို စာမေးပွဲတွေအောင်၊ တက္ကသိုလ်တွေတက်နေရလို့ ဂုဏ်ယူစရာကောင်းသယ်ဆိုသာကလွဲပြီး သားတော်မောင် ဘာဖြစ်လာမယ်ဆိုတာ ကျုပ်လည်း ပြောတတ်ဘူးရယ်။ စာချဆရာတော်လား။ တရားဟောတဲ့ ကိုယ်တော်လား။ ပြောတတ်ပေါင်တော်။

သြော်...တရားဟောတယ်ဆိုလို့ ပြောရပါဦးမယ်။ မနှစ်ကသင်္ကြန် သားတော်မောင် ရွာကိုကြွလာ တုန်းကတော့ ကျုပ်တော်တော်အံ့သြသွားတာတော်ရေ့။ဘာဖြစ်ရမှာလဲ...တရားဟောတာလေ ကျုပ်ကိုယ်တော်က။ အံမလေး...တရားတစ်ပုဒ်ကိုဟောသွားလိုက်တာများ တကယ့်ဆရာတော်ကြီးတွေအတိုင်းပဲ။ အသံကလည်းအောင်လိုက်တာလွန်ရော။ အဟုတ်အဟုတ်။ ကျုပ်သားမို့ ကျုပ်မြှောက်ပြော တာမဟုတ်ဘူးရယ်။ ကျုပ်ဖြင့်လေ မောင်ပဉ္စင်း အဲ့သလိုတရားဟောနေနိုင်တာမြင်ရတော့ ပျံတော်မူသွားတဲ့ သူ့ငယ်ဆရာကိုတောင် သတိရမိသေး။ ဘေးနာမှာသာ ရှိရင် "ဘုန်းဘုန်း! ဘုန်းဘုန်းတပည့်က တယ်ဟုတ်နေပါလား..."ဆိုပြီး လက်တို့ လျှောက်ထား မိမလားပဲ။

မောင်ပဉ္စင်းက ခေါင်းလေးကိုပြောင်အောင်ရိတ်လို့ သင်္ကန်းညိုညိုလေးရုံတဲ့ပြီး တရားဟောပလ္လင်ပေါ်တက်သွားတော့ ကျုပ်စိတ်ထဲတထင့်ထင့်နဲ့ ဟုတ်မှဟုတ်ပါ့မလားလို့။ အဲ...အသံလည်းထွက်လာရော ကျုပ်ရင်ညွန့်ဆီက "ဒိတ်"ဆို တစ်ချက်ဆောင့်တက်သွားပြီး ကြက်သီးမွှေးညှင်းတွေ ဘာတွေထလို့။ဘယ်နားမှာများ ထစ်နေမလဲ ဆိုပြီး မျက်စိဖွင့် နားစွင့်နေလိုက်တာ မောင်ပဉ္စင်းက "သတည်း ..."လုပ်လို့ ဘေးကလူတွေ သာဓုခေါ်သံကြားမှ "ဟင်း"ချနိုင်တော့တာကလား။

အဲ့ဒီအခါကျမှ ကျုပ်တွေးမိတယ်။ ဟိုစာမေးပွဲ ဒီစာမေးပွဲတွေအောင်တယ်ဆိုတာ ဒါတွေသင်ရတာနေမှာလို့။ သြော်...ဘယ်နှယ့်ပြောပါလိမ့်။ မျက်စိဖွင့် နားစွင့်နေပါတယ်ဆိုမှ မောင်ပဉ္စင်းဘာဟောသွားလဲဆို တာ မသိဘဲနေပါ့မလားတော့ ဟော... သာသနာပြုတဲ့နေရာမှာ ဆရာဒကာ ညီညွတ်ဖို့လိုသတဲ့တော်ရေ့။ ဆရာဘက်က ဆရာတာဝန်ကျေရမှာဖြစ်သလို ဒကာဘက်ကလည်း ဒကာတာဝန်ကျေရမယ်ဆိုတာလည်းပါပါ့။ နောက်ပြီး ဆရာဒကာ နေရာမမှားကြစေနဲ့ ဆိုတာတောင်ပါသေး။ အို... အကုန်လုံးတော့ ဘယ်မှတ်မိမလဲနော့။ ဟို မောင်ပဉ္စင်းကြားညှပ်ညှပ်ပြောတဲ့ ဒွတ်ဒက်ရွှတ်ရှက်တွေတော့ ကျုပ်ဘာသိလိမ့်မတုန်း။

အံမလေး သူတို့ပညာတတ်တွေပြောတော့လည်း ဒွတ်ဒက်ရွှတ်ရှက်ဆိုသဲ့ဟာတွေကလည်း ဘာမှသာ နားမလည်တာ။ နားထောင်လို့တော့ အတော်ကောင်းတာကလား။ ဟုတ်တယ် ဟုတ်တယ်။ ကျုပ်သတိထားမိတယ်။ အဲ့ဒီသာသနာ့တက္ကသိုလ်တက်ဖြစ်ပြီဆိုကတည်းက သားတော်မောင် ရွာကြွလာပြီဆိုရင် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ဖြစ်တော့ဘူး။ သူ့ကိုမုန်းလို့၊ သူ့မျက်နှာမကြည့်ချင်လို့တော့ ဟုတ်ပါ့မလား။ မောင်ပဉ္စင်းစကားပြောရင် အဲ့ဒီဒွတ်ဒက်ရွှတ်ရှက်တွေပါပါလာတော့ တံတွေးစင်လို့တော်ရေ့ သိပြီလား။ ဘယ့်နှယ့်တော် ကိုယ်မှနားမလည်ပါဘူးဆို။ သူကအဲ့ဒါတွေညှပ်ညှပ်ပြောတော့ နားကြားပြင်းကပ်တာပါ့။ နားထောင်လို့တော့ ကောင်းပါရဲ့။ ကိုယ်မှ နားမလည်တာ ဘယ်နှယ့်လုပ်မတုန်းတော့။ အဟင်း...ကျုပ်တို့က တောသူဆိုတော့ ဘွင်းဘွင်းရယ်။ မသိသာတော့ မသိဘူးပါ့တော်။ ကဲ ရှင်း ဘူးလား။

အခု မောင်ပဉ္စင်းက သာသနာ့တက္ကသိုလ်မှာ "ဖိုင်လယ်"ရောက်ပြီဆိုလားပဲ။ အင်းလေ... အဲ့ဒီတက္ကသိုလ်တက်နေတာပဲ သုံးလေးနှစ်လောက်ရှိနေပြီ။ ဒီလိုပါပဲ။ ကျုပ်တို့ငယ်ငယ် ကောက်စိုက်တုန်းကတောင် လက်သင်ဆိုရင် ငန်းအစက စရတာရယ်။ ပြီးမှ အလယ် အဆုံး ဒီလိုမဟုတ်လား။ အခု သူလည်း ဖိုင်လယ်ပြီးရင် ဖိုင်ဆုံးရောက်မှာနေမှာပါ့။

အံမယ်...သူတို့တက္ကသိုလ်အကြောင်းသာ သိပ်နားမလည်တာ။ မောင်ပဉ္စင်းရွာကိုပြန်ကြွလာလို့ စကားပြောဖြစ်တဲ့အခါ အဆန်းတွေပါပါလာလို့ မှတ်ထားရသေးတာတော်ရေ့။ ဘာတဲ့...ဟိုတစ်ခေါက်ကတောင် သူပြောသွား တဲ့အကြောင်းက...သြော် ကွင်ဗျူတာ တဲ့။ အင်သာနက်...တဲ့။ သူတို့တက္ကသိုလ်မှာ အဲ့ဒါတွေလည်းကိုင်ရသတဲ့တော်။စပ်မိလို့ပြောရပါဦးမယ်။ မောင်ပဉ္စင်းက အဲ့သည် ကွန်ဗျူတာတွေ အင်သာနက်တွေအကြောင်း ပြောနေတော့ ကျုပ်လည်း နားစွန်နားဖျားကြားလို့ "ခဏနေပါဦး ကိုယ်တော်..."ဆိုပြီး ငွေငါးထောင်ထုတ်လှူ လိုက်သယ်။ သားတော်မောင်ပဉ္စင်းက သူ့စကားကို တို့လို့တန်းလန်းရပ်ပြီးနားမလည်တဲ့မျက်လုံးတွေနဲ့ "ဒါ ဘာအတွက်လဲ....အမေ" တဲ့။

" အဲ့သာ ကိုယ်တော့်အတွက် ကွန်ဗျူတာနဲ့ အင်သာနက် ဝယ်သုံးဖို့ " ဆိုတော့ မောင်ပဉ္စင်းက ခွက်ထိုး ခွက်လန်ရယ်ပါလေရော။ ကျုပ်တစ်သက်နဲ့တစ်ကိုယ် မောင်ပဉ္စင်း အဲ့သလောက် အားရပါးရရယ်တာ ဒီတစ်ခါပဲ တွေ့ဖူးသာပါ့။ သူ့ခမျာမျက်ရည်တွေ တောင် ဝိုင်းလို့။

ရယ်လို့ဝပြီဆိုမှ "ရိုးလိုက်တာ အမေရယ်..." ဆိုတဲ့ပြီး ကွန်ဗျူတာဆိုသာ ဘယ်လို အင်သာနက်ဆိုသာ ဘယ်ပုံနဲ့ ရှင်းပြရှာသယ်။ အိုး ကျုပ်လည်း ဘယ်သိမှာလဲ နော့။ ကျုပ်တို့ရွာမှာက ဗွီဒီယိုလောက်ရှိသာရယ်။ ဒါတောင် ကလေးတွေပဲ ကြည့်ကြသာ။ မောင်ပဉ္စင်းပြောတဲ့ အဲ့သည်ဟာတွေက လည်း ဈေးကြီးလိုက်သာတော်။ စပါးရိတ်တစ်နှစ်စာလောက်ရှိသယ်။ အင်းလေ...ဘာပဲဖြစ်ဖြစ် ကျူပ်ကမှ တက္ကသိုလ် ကျောင်းသားအမေမို့ ကြားဖူးသေးတာရယ်။ အချို့များဆိုကြား တောင်ကြားဖူးတာဟုတ်ဘူးတော့။

မောင်ပဉ္စင်းကလေ စာတတ်တာလည်း မပြောနဲ့။ တစ်ခါတုန်းက သူတို့သင်ရတဲ့ဘာ သာတွေ ပြောပြတာ နည်းမှမနည်းပဲတော်။ ဆယ်မျိုးလောက်ရှိထင်ပါ့။ အဲ အဲ နေဦး။ ဒါတော့ လိုရ မယ်ရ "စာလေးနဲ့ရေးမှတ်ထားပေးစမ်းပါ ကိုယ်တော်"ဆိုလို့ ဒီမယ် ဒီမယ် ဖိတ်စာပေါ်မှာ ရေးထားသာ။ အင်း သူတို့သင်ရသာက တစ် - နှစ် - သုံး - လေး - ငါး - ခြောက် - ခွန် - အဲ...ဆယ်မျိုးတော့မရှိဘူးတော့်။ ခုနှစ်မျိုး ခုနှစ်မျိုး။ ဘာတဲ့။ ဝိနယ တဲ့၊ သု တံ တ တဲ့၊ အဘိဓမာ တဲ့၊ ပြီးတော့ ပါထိ ဟုတ်ပေါင်၊ ပါ...ပါ ဟဲ့ ဒါဘယ်လိုဖတ်...ဪ ဩ ပါဠိ၊ အင်း ပြီးတော့ အင်းဂလိပ် တဲ့၊ မြန်မာစာ တဲ့၊ နောက် ဗုဒ္ဓဒေသနာပြန့်ပွားတဲ့။ အံမယ်လေးတော်-နည်းတဲ့ဘာသာတွေမှ မဟုတ်တာ။ မောင်ပဉ္စင်းတို့လို တက္ကသိုလ်ကျောင်းသားတွေ စာမတတ်ခံနိုင်ရိုးလားတော့။ လက်ရေးလေးတွေများဆို လှမှလှ။ ကျုပ်ငယ်ငယ်တုန်းကတော့ သူ့အဖေလက်ရေး လှလှပြီထင်နေသာ။ ဘယ် မောင်ပဉ္စင်းလက်ရေးနဲ့ယှဉ်တော့ သူ့အဖေလက်ရေးက ပဲပင်ပေါက်။

အင်း...ပြောလို့ပြောသာမဟုတ်ဘူးရယ်။ ကိုယ့်သားသမီးကြောင့်ရတဲ့ပီတိက ဘာနဲ့မှတူတာ မဟုတ်ဘူး။ "ဒါ ငါ့သား၊ ဒါ ငါ့သမီး "လို့ခေါင်းမော့ ရင်ကော့ ပြောရတဲ့ အရသာက တော်တော် ကျေနပ်ဖို့ကောင်းတာကလား။ ကျုပ်လေ မောင်ပဉ္စင်း အဲ့သလိုတွေဖြစ်လာတာ ကြည့်ပြီး စဉ်းစားမိသာ တစ်ခုရှိသေးသယ်။ သူစကားပြောရင် ပညာရေးတို့၊ အသိဉာဏ်တို့၊ ပရဟိတတို့ ဆိုတဲ့စကားလုံးတွေ မကြာခဏပြောတတ်တာလေ။

ကျုပ်တို့ကလေးဘ၀တုန်းကတော့ ရွာဦးဘုန်းကြီးသင်ပေးတာလောက်ကိုပဲ ပညာရေးထင်နေတာကိုး။နောက် တဖြည်းဖြည်းအရွယ်လေးရ လာတော့မှ ပညာတွေက သင်ယူလို့မကုန်နိုင်ဘူးဆိုတာ သဘောပေါက်လာရသာပါ့။ ဒါကိုပဲ အသိဉာဏ်တိုးလာတယ်ခေါ်ရမလားပဲ။ ကိုယ်ကျိုးမဖက်ဘဲ စေတနာသက်သက်နဲ့အများကောင်းကျိုးလုပ်တာကိုတော့ ပညာရေးလား၊ အသိဉာဏ်ဖွံ့ဖြိုးရေးလား၊ ပရဟိတလား...ပြောတတ်ပါဘူးတော်။ ရွာပြန်လာလို့ ကြာကြာနေဖြစ်ပြီဆိုတာနဲ့ ရွာထဲကကလေးတွေကို စာခေါ်သင်တော့တာပဲ။ ကလေးတွေကလည်း မောင်ပဉ္စင်းတို့များ ပြန်လာပြီဆိုရင် မြူးလို့ ရွှင်လို့။

အဟင်း...ပျော်ကြမှာပေါ့တော်။ မောင်ပဉ္စင်းတို့လာရင် စာသင်ပေးတဲ့အပြင် စာအုပ်တွေ၊ ခဲတံတွေ၊ ဖောင်တိန်တွေ ဝေပေးသေးတာကိုး။ ဒီအထဲ မုန့်ပါကျွေးသေးတာဆိုတော့ ကျုပ်တောင် တက်ချင်စိတ်ပေါက်သေး။ ကျုပ်ကအမေဆိုတော့ တစ်နေကုန် တစ်နေခန်း စာတွေသင်နေရတာ မကြည့်ရက်လို့ " ပင်ပန်းလိုက်တာကိုယ်တော်၊ နားပါဦးလား..."ဆိုတော့ ဘာပြောတယ် မှတ်လဲ တော်တို့ကိုယ်တော်က။ " အခုမှ အစရှိသေးတာ အမေရ၊ နောက် တော်တော်လေး ခရီးရောက်မှပဲ နားတော့မယ်..."တဲ့။ မောင်ပဉ္စင်း ဘာဆိုလိုချင်တယ်ဆိုတာတော့ ကျုပ်ဖြင့် နားမလည်ပေါင်။ သူမနားချင်ဘူး လို့ပြောတာပဲ နေမှာပါ့။ သူတို့ပညာတတ်တွေများ စကားပြောရင် ရိုးရိုးကိုမပြောဘူး။

ပြီးခဲ့တဲ့ သီတင်းကျွတ်ရွာကိုပြန်လာတုန်းကတော့ ဒီတစ်နှစ်ပြီးရင်း သူ့ကျောင်းကပြီးပြီ တဲ့။ တကယ်လို့ မဟာတန်းတက်ခွင့်မရရင် တောင်တန်းသာသနာပြုကြွရမှာဆိုလား ဘာဆိုလား သိပါဘူး။ "တောင်တန်းသာသနာပြု"ဆိုတော့ ဟို...ပရိတ်ရေပွက်တဲ့ဆရာတော်ဦးဥတ္တမသာရလို တောင်တန်းဒေသတွေသွားပြီး တရားဟောရတာမျိုးနေမှာ။ အဲ့ဒီကအပြန်မှ ဘီအေဘွဲ့ရမှာတဲ့တော်ရေ့။ ကျုပ်ကပြောပါတယ်။ " မောင်ပဉ္စင်းရယ်...တောင်တန်းဒေသတွေဆိုတော့ ဝေးလိုက်တာ၊ ရွာပဲပြန်လာပြီး သာသနာပြုရုံနဲ့ အဲ့ဒီဘွဲ့က မရဘူးလား " ဆိုတော့ မောင်ပဉ္စင်းက ပြုံးပြုံး ပြုံးပြုံးနဲ့ " အဲ့ဒီဒေသက လူတွေက ဦးဇင်းတို့ရွာထက် ပိုပြီး သာသနာခေါင်းပါးတယ် အမေ "တဲ့။ ပြီးတော့ ပြောသေးတယ်။ " သာသနာပြုသွားတယ်ဆိုတာ ကိုယ့်သဘောနဲ့ကိုယ် သွားရတာ မဟုတ်ဘူး "တဲ့။ " ကိုယ်ကျတဲ့နေရာမှာ တာဝန်ထမ်းဆောင်ရတာ" တဲ့။

အံမယ်လေး...သူတို့တက္ကသိုလ်က ဘီအေတို့ အမ်မင်အေတို့ ရဖို့ဆိုတာ မလွယ်ပါလားကွယ်ရို့။ အင်းလေ...မလွယ်လို့ပဲ ဦးပဉ္စင်းတိုင်း အဲ့ဒီတက်ခွင့်ရကြတာမှ မဟုတ်တာ။ ဒီလိုဆိုတော့လည်း တက္ကသိုလ်‌ ကျောင်းသားရဲ့အမေ ဖြစ်ရတာ အတော်ဂုဏ်ရှိတာပဲ။ ကြည့်ပါလား။ သူတို့ တက္ကသိုလ်တွေကပြီးရင် တောင်တန်းဒေသတွေကိုတောင် သာသနာပြု ကြွနိုင်တယ်ဆိုတော့ နည်းတဲ့အရည်အချင်းလား နော့။

အင်း...‌မောင်‌ပဉ္စင်းပြောပုံအရဆိုရင်‌‌တော့ မကြာခင်‌ ကျုပ်‌တို့ရွာကိုပြန်‌လာရ‌တော့မှာပဲ။ ဒီတစ်‌‌ခေါက်‌‌ ကျောင်းပြီးလို့ ပြန်‌လာရင်‌‌တော့ ကျုပ်‌တို့နဲ့ အ‌ဝေးကြီးပြန်‌မသွား‌လောက်‌‌တော့ပါဘူး။ သြော်‌...မပူဘဲရှိပါ့မလား‌တော်‌။ ကျုပ်‌ဖြင့်‌ သူ့ကို‌မွေးသာထားရသယ်‌။ အခုလို လူပျိုကြီးဖားဖား... အဲ‌လေ... ကန်‌‌တော့ပါ့‌တော်‌...ဦးပဉ္စင်းပျိုကြီးဖြစ်‌လာတဲ့အထိ‌ ကောင်းကောင်းပြုစုရသယ်‌လို့မှ မရှိသာ။ သူ့ဆရာ‌တွေ၊ သူ့‌ကျောင်းသား‌တွေ၊ သူ့ပညာ‌ရေး‌တွေနဲ့ အင်း.. ကျုပ်‌ကို‌တောင်‌ အ‌မေ‌မို့ မ‌မေ့ပုံရသယ်‌။ နို့မို့ဆိုအကုန်‌လုံးကို‌‌မေ့‌နေမှာတော့်။ ဒီတစ်‌‌ခေါက်‌ ပြန်‌ကြွလာရင်‌‌တော့‌ မောင်‌ပဉ္စင်းကို‌‌ ကောင်းကောင်းပြုစုရဦးမယ်‌။ ပြီး‌တော့ မ‌မေ့‌ကောင်းတဲ့အရာ‌တွေထဲမှာ‌မွေးရပ်‌‌မြေလည်းပါတယ်‌ဆိုတာကို သိ‌လောက်‌‌ပေမယ့် ထပ်‌‌လျှောက်‌ရဦးမှာပဲ။ ဟုတ်‌သယ်‌‌လေ။ တော်‌ကြာ... သား‌တော်‌‌မောင်‌က "အ‌မေတို့‌တောက မီးမရှိ ဘာမရှိနဲ့ ပျင်းစရာကြီးပါအ‌မေရာ မလာချင်‌ပါဘူး..."လို့‌ပြောချင်‌‌ပြော‌နေမှာ။ကျုပ်‌ကိုသာ အဲ့သလို စကားကြီး စကားကျယ်‌ လာ‌ပြောလို့က‌တော့ "အ‌မေ့ဗိုက်‌ထဲမှာတုန်းကလည်း မီးမရှိပါဘူး ကိုယ်‌‌တော်‌ရယ်‌..."လို့ကို‌လျှောက်‌ဦးမှာ။

ဟော...‌ကြွေပြန်‌ပြီး ‌ဟောဒီတမာရွက်‌‌တွေ။ တပြိုက်‌ပြိုက်‌‌ကြွေ‌နေလိုက်‌တာ တစ်‌ပင်‌လုံးလည်း အရိုးပြိုင်းပြိုင်းထ‌နေပြီရယ်‌။ အင်း...ဒါလည်း သင်္ခါရပဲ‌လေ။ အ‌ဟောင်း‌ကြွေတယ်‌ဆိုကတည်းက အသစ်‌‌ဝေဖို့မဟုတ်‌လား။ အခုလို အရိုးပြိုင်းပြိုင်းထနေချိန်မှာသာ ဘယ်ငှက်တစ်ကောင် တစ်မြှီးမှ လာမနားတာ၊ ဟော...အညွန့်တွေ အသီးတွေနဲ့ ဝေလာတော့လည်း တစ်ပင်လုံးငှက်သံတွေချည်းပဲ။ အဟင်း...ကျုပ်တို့ရွာကလေးက ဟောဒီတမာပင်လေးဆိုရင် သားတော်မောင်ပဉ္စင်းက ငှက်ကလေးဖြစ်ချင်ဖြစ်နေမှာ။

ကဲ...သားတော်မောင်ပဉ္စင်းရေ...ကျုပ်တို့တမာပင်ကြီး ကြွေကြွေ မကြွေကြွေ၊ ဝေဝေ မဝေဝေ တောင်တန်းဒေသမှာ ထမ်းဆောင်ရမယ့်တာဝန်တွေပြီးရင်တော့ တပည့်တော်တို့ရွာကိုလည်း သာသနာပြုကြွခဲ့ပါဦးနော်။ သားတော်မောင်ပဉ္စင်းကြွလာမယ့်နေ့ကို စောင့်မျှော်လျက်ပါဘုရား။

=-=-=-=-=-==-=-=-=-=-=-=ပြီးပါပြီ။

(နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) ၂၅ နှစ်ပြည့် ငွေရတုမဂ္ဂဇင်း၌ ဖော်ပြခံခဲ့ရသော ဝတ္ထုတိုကို ပြန်လည်မျှဝေပါသည်။)

အရှင်ကောသလ္လ (ရေဦး)
၃၀၊ ၁၂၊ ၂၀၁၅။

@@@@@@@@@@@@@@@@@@@

((( တက္ကသိုလ်ကျောင်းသားရဲ့အမေ )))

အင်း ဟောဒီတမာရွက်တွေ တဖွဲဖွဲကြွေသာ မြင်ရပြီဆိုရင် မကြာခင်ကျောင်းတွေပိတ်တော့ မယ်ဆိုသာ ခန့်မှန်းလို့ရသယ်။ ဆောင်းကအကုန် နွေကအကူး၊ လေရူးက တဖြူးဖြူးနဲ့ဆိုတော့ ငယ်ငယ်က ကျုပ်အဖေပြောခဲ့ဖူး သဲ့ စကားလေး သွားအမှတ်ရမိသယ်။ ဘာတဲ့...။ " စိတ်မခိုင်သူ ရူးလောက်တဲ့ရာသီ..."တဲ့။ ဟုတ်ပါ့။ ကျုပ်တောင် ဟိုလွမ်းသလိုလို ဒီလွမ်းသလိုလို နဲ့ ကျောင်းပိတ်ချိန်ကို မျှော်နေမိသာရယ်။

အဟင်း..."ကျောင်းပိတ်ချိန်ကို မျှော်နေမိသာ" ဆိုလို့ ကျုပ်ကို ကျောင်းသားလေးမှတ်မနေနဲ့ဦး။ ကျုပ်လား...အသက်ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်နီး...အဲ...အတိအကျပြောရရင် ခြောက်ဆယ့်ကိုးနှစ်။ ဆံပင်တွေဖြူ ၊ပါးရေ နားရေတွေကတွန့်နဲ့ ခါးမကိုင်းသေးတဲ့ အဘွားကြီးပါတော်။ တော်တို့ကတော့ "ကျောင်းပိတ်ချိန်နဲ့ အဘွားကြီး ဘာဆိုင်သာမှတ်လို့..." ဆိုပြီး တွေးချင်တွေးနေမှာ။ ဆိုင်ပါသော်ကော။ ကျောင်းပိတ်ရင် ကျုပ်သားမောင်ပဉ္ဇင်း ရွာပြန်ကြွလာမှာတော်ရဲ့။ ကဲ ကျုပ်နဲ့ ကျောင်းပိတ်ချိန်မဆိုင်လား။

သြော် မောင်ပဉ္ဇင်းလား။ မန်းလေးမှာလေ။ စာသင်ကြွနေသာပါ့။ "သာသနာ့ပရိယတ္တိစာသင်တိုက်" အဲ...ဟုတ်ပါဘူး။ "နိုင်ငံတော်သာသနာ့ကျောင်းတိုက်" ဒါလည်း ဟုတ်သေးပါဘူးတော်။ နေပါဦး ဘာတဲ့။ သြော်...သိပြီ သိပြီ။ နိုင်ငံတော်ပရိယတ္တိသာသ နာ့တက္ကသိုလ်...တဲ့။ ဟုတ်တယ် အဲ့ဒါ။ အံမယ်လေး...သူတို့ကျောင်းနာမည်ကလည်း အခေါ်ရခက်လိုက်သာတော်။ ကျုပ်တို့ရွာဘက်ကကျောင်းတွေဆိုရင် "တောင်ကျောင်း" "မြောက်ကျောင်း" ဆိုပြီးရော။

အင်း...စပ်မိလို့ ကြွားရ အဲလေ ပြောရပါဦးမယ် သားတော်မောင်အကြောင်းကို။ သားတော်မောင်က ကိုးနှစ် ဆယ်နှစ်လောက်တည်းက သင်္ကန်းဝတ်သွားသာ။ အခုထိ လူထွက်ချင်သယ် တစ်ခွန်းမဟဘူး။သံယောဇဉ်ကလည်း ဘာပြတ်သလဲမမေးနဲ့။ "အမေ့ကို သတိရသယ် လွမ်းသယ်" ဆိုသာမျိုး ယောင်လို့တောင်မပြောဘူး။ ကျုပ်တို့ကတော့ ဘယ်နေနိုင်မှာတုန်း။ သားသမီးဆိုတော့ လွမ်းရသာပါ့။ သူသင်္ကန်းဝတ်သွားခါစကဆိုရင် တစ်ပတ်ဆယ်ရက်လောက်မနေတတ်ဘူး။ ထမင်းဝိုင်းမယ် လူမစုံတော့ "ဟဲ့ သွားဆော့နေသာထင်တယ်၊ လိုက်ခေါ်ဦး." ဘာညာနဲ့ အယောင်ယောင်အမှားမှားကိုဖြစ်လို့။

ကျုပ်တို့ကသာ အဲ့သလောက်ဖြစ်နေသာ...။
သားတော်မောင်ကို "ညီကိုမောင်နှမတွေကို သံယောဇဉ်ရှိဘူးလား"မေးတော့ ဘာပြောသယ်မှတ်လဲ။ "သံယောဇဉ်ပြတ်ချင်လို့ ဆံပင်တွေတောင် ရိတ်ပစ်ထားတာ အမေရ..."တဲ့။ သင်္ကန်းဝတ်ပြီး ဘာမကြာ စာသင်တိုက်သွားချင်သယ် ဖြစ်ပါလေရော။ ကျုပ်ဖြင့်လေ သားတောင်မောင်မြို့သွားမယ်ဆိုတော့ ငိုလိုက်ရသာ မပြောပါနဲ့တော့။ အကြာကြီးခွဲနေရမယ်ဆိုတော့ လွမ်းသယ်တော်ရေ့။ နောက်ပြီး အစားအသောက်အဆင်မပြေမှာ၊ အနေအထိုင်ဆင်းရဲမှာတွေကိုလည်း တွေးပူရသေးမှုတ်လား။ သူကတော့ ဘယ်သိရှာမတုန်း။ စာသင်တိုက်သွားရမယ်ဆိုတော့ ပြုံးရွှင်လို့။

ဒီအဖေ ဒီအမေနဲ့ ခွဲနေရမှာတောင် ပြုံးပျော်နေသဲ့ သားတော်မောင်ကို (မရိုသေ့စကား) အမြင်တောင်ကပ်မိသေး။ ဟုတ်သယ်။ ဒီလောက်တောင် သံယောဇဉ်ပြတ်ရလားဟယ် ဆိုပြီးတော့လေ။မှတ်မှတ်ရရ- သားတော်မောင်မြို့ကိုကြွတော့ (၁၃) နှစ်ပြည့်ပြီးလို့ (၁၄)နှစ်ထဲဝင်ခါစရှိသေး တာ။ နောက်တော့ ကျုပ်လည်းနေတတ်သွားပါသယ်။ သူတောင်သံယောဇဉ်ပြတ်နိုင်သေးတာ၊ ကျုပ်က ဘာလို့မပြတ်နိုင်ရမှာလဲနော့။ အဲ့ဒီကတည်းက ကျုပ်သားတော်မောင်လည်း ကျုပ်ရင်ခွင်ထဲရောက်လာသယ်ကို မရှိတော့ဘူး။ နွေကျောင်းပိတ်ရင် ခဏပြန်လာလိုက်၊ သီတင်း ကျွတ်ရင် ခဏပြန်လာလိုက်နဲ့။ ပြီးရင် သုတ်ခနဲ သုတ်ခနဲ ပြန်ပြန်သွားသာရယ်။

စာမေးပွဲတွေ ဘာတွေအောင်သယ်ဆိုသာကတော့ မကြာခဏကြားနေရသာပဲ။ ဘာစာမေးပွဲတွေအောင်မှန်းတော့ သိပေါင်။ ဘာပြောပြော ကိုယ့်သားစာမေးပွဲအောင်တယ်ဆိုတော့ အရပ်ထဲမှာ ဂုဏ်ရှိတာတော့အမှန်ပဲ။ " ဟဲ့ နင့်သားစာမေးပွဲအောင်လို့ဆို..."ဆိုပြီး လာမေးရင် ကျုပ်ဖြင့်ဘယ်လိုကျေနပ်မှန်းမသိဘူး။ အဲ..စာမေးပွဲအောင်သယ် ဆိုလို့သာ ကျေနပ်နေမိသာ။ "ဘာစာမေးပွဲအောင်တာလဲ..."လို့လာမေးရင်တော့ "သိပေါင်အေ..."ဆိုတဲ့ပြီး ရယ်ကျဲကျဲလုပ်နေလိုက်ရသာရယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ တက္ကသိုလ်ထဲဝင်ဖို့ ဝင်ခွင့်စာမေးပွဲအောင်သယ်ပြောသာပဲ။ အဲ့ဒီသတင်းကြားတုန်းက ကျုပ်တွေးမိတာကို ပြန်ပြောပြဦးမယ်။ သားတော်မောင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်တယ်လည်းဆိုရော..."ဘယ့်နှယ်! တက္ကသိုလ်ထဲဝင်များ စာမေးပွဲတွေ ဘာတွေ ဖြေနေရသေးတယ်လို့၊ ကျုပ်တို့ရွာဦးကျောင်းထဲဆိုရင် ကြိုက်တဲ့အချိန် ကြိုက်တဲ့အပေါက်ကဝင်၊ ဘာစာမေးပွဲမှ ဖြေစရာမလိုဘူး..."ဆိုပြီး ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်နေတယ်ထင်နေသာပါ့။ အံမလေးလေး... ဘယ်ကလာ ကျုပ်ထင်သလို ဟုတ်ရမှာတုန်းတော်။ သားတော်မောင်ပြောပြ မှပဲ ဝင်ခွင့်စာမေးပွဲ ဆိုတာ တက္ကသိုလ်တက်ခွင့်ရဖို့ အရည်အချင်းစစ်တာဆိုပဲ။ တော်သေးတာပါ့။ ကျုပ်တွေးမိတာကို ဘယ်သူ့မှမပြောပြမိသေးလို့။

အဲ...သူတို့ဝင်ခွင့်စာမေးပွဲဆိုတာက အင်္ဂလိပ်လိုတွေရောဖြေရသတဲ့တော်ရေ့။ ဟုတ်မယ် ဟုတ်မယ်။ အဲ့ဒီမတိုင်ခင်လေးငါးခြောက်လလောက်က စပီကင်သင်တန်းဆိုလား ဘာဆိုလား တက်ချင်လို့ဆိုပြီး ငွေမှာလို့ပို့လိုက်ရသေးတာ။ အံမယ် သားတော်မောင်တို့တက်တဲ့ စပီတွေ ဘာတွေ ကင်တဲ့ သင်တန်းက အင်္ဂလိပ်စာလည်းသင်ပေးသတဲ့။ ဆရာက သဘောကောင်းလို့နေမှာပေါ့လေ။ အမှန်အတိုင်းပြောရရင် ကျုပ်သားတော်မောင်တစ်ပါး အဲ့သလို စာမေးပွဲတွေအောင်၊ တက္ကသိုလ်တွေတက်နေရလို့ ဂုဏ်ယူစရာကောင်းသယ်ဆိုသာကလွဲပြီး သားတော်မောင် ဘာဖြစ်လာမယ်ဆိုတာ ကျုပ်လည်း ပြောတတ်ဘူးရယ်။ စာချဆရာတော်လား။ တရားဟောတဲ့ ကိုယ်တော်လား။ ပြောတတ်ပေါင်တော်။

သြော်...တရားဟောတယ်ဆိုလို့ ပြောရပါဦးမယ်။ မနှစ်ကသင်္ကြန် သားတော်မောင် ရွာကိုကြွလာ တုန်းကတော့ ကျုပ်တော်တော်အံ့သြသွားတာတော်ရေ့။ဘာဖြစ်ရမှာလဲ...တရားဟောတာလေ ကျုပ်ကိုယ်တော်က။ အံမလေး...တရားတစ်ပုဒ်ကိုဟောသွားလိုက်တာများ တကယ့်ဆရာတော်ကြီးတွေအတိုင်းပဲ။ အသံကလည်းအောင်လိုက်တာလွန်ရော။ အဟုတ်အဟုတ်။ ကျုပ်သားမို့ ကျုပ်မြှောက်ပြော တာမဟုတ်ဘူးရယ်။ ကျုပ်ဖြင့်လေ မောင်ပဉ္စင်း အဲ့သလိုတရားဟောနေနိုင်တာမြင်ရတော့ ပျံတော်မူသွားတဲ့ သူ့ငယ်ဆရာကိုတောင် သတိရမိသေး။ ဘေးနာမှာသာ ရှိရင် "ဘုန်းဘုန်း! ဘုန်းဘုန်းတပည့်က တယ်ဟုတ်နေပါလား..."ဆိုပြီး လက်တို့ လျှောက်ထား မိမလားပဲ။

မောင်ပဉ္စင်းက ခေါင်းလေးကိုပြောင်အောင်ရိတ်လို့ သင်္ကန်းညိုညိုလေးရုံတဲ့ပြီး တရားဟောပလ္လင်ပေါ်တက်သွားတော့ ကျုပ်စိတ်ထဲတထင့်ထင့်နဲ့ ဟုတ်မှဟုတ်ပါ့မလားလို့။ အဲ...အသံလည်းထွက်လာရော ကျုပ်ရင်ညွန့်ဆီက "ဒိတ်"ဆို တစ်ချက်ဆောင့်တက်သွားပြီး ကြက်သီးမွှေးညှင်းတွေ ဘာတွေထလို့။ဘယ်နားမှာများ ထစ်နေမလဲ ဆိုပြီး မျက်စိဖွင့် နားစွင့်နေလိုက်တာ မောင်ပဉ္စင်းက "သတည်း ..."လုပ်လို့ ဘေးကလူတွေ သာဓုခေါ်သံကြားမှ "ဟင်း"ချနိုင်တော့တာကလား။

အဲ့ဒီအခါကျမှ ကျုပ်တွေးမိတယ်။ ဟိုစာမေးပွဲ ဒီစာမေးပွဲတွေအောင်တယ်ဆိုတာ ဒါတွေသင်ရတာနေမှာလို့။ သြော်...ဘယ်နှယ့်ပြောပါလိမ့်။ မျက်စိဖွင့် နားစွင့်နေပါတယ်ဆိုမှ မောင်ပဉ္စင်းဘာဟောသွားလဲဆို တာ မသိဘဲနေပါ့မလားတော့ ဟော... သာသနာပြုတဲ့နေရာမှာ ဆရာဒကာ ညီညွတ်ဖို့လိုသတဲ့တော်ရေ့။ ဆရာဘက်က ဆရာတာဝန်ကျေရမှာဖြစ်သလို ဒကာဘက်ကလည်း ဒကာတာဝန်ကျေရမယ်ဆိုတာလည်းပါပါ့။ နောက်ပြီး ဆရာဒကာ နေရာမမှားကြစေနဲ့ ဆိုတာတောင်ပါသေး။ အို... အကုန်လုံးတော့ ဘယ်မှတ်မိမလဲနော့။ ဟို မောင်ပဉ္စင်းကြားညှပ်ညှပ်ပြောတဲ့ ဒွတ်ဒက်ရွှတ်ရှက်တွေတော့ ကျုပ်ဘာသိလိမ့်မတုန်း။

အံမလေး သူတို့ပညာတတ်တွေပြောတော့လည်း ဒွတ်ဒက်ရွှတ်ရှက်ဆိုသဲ့ဟာတွေကလည်း ဘာမှသာ နားမလည်တာ။ နားထောင်လို့တော့ အတော်ကောင်းတာကလား။ ဟုတ်တယ် ဟုတ်တယ်။ ကျုပ်သတိထားမိတယ်။ အဲ့ဒီသာသနာ့တက္ကသိုလ်တက်ဖြစ်ပြီဆိုကတည်းက သားတော်မောင် ရွာကြွလာပြီဆိုရင် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ဖြစ်တော့ဘူး။ သူ့ကိုမုန်းလို့၊ သူ့မျက်နှာမကြည့်ချင်လို့တော့ ဟုတ်ပါ့မလား။ မောင်ပဉ္စင်းစကားပြောရင် အဲ့ဒီဒွတ်ဒက်ရွှတ်ရှက်တွေပါပါလာတော့ တံတွေးစင်လို့တော်ရေ့ သိပြီလား။ ဘယ့်နှယ့်တော် ကိုယ်မှနားမလည်ပါဘူးဆို။ သူကအဲ့ဒါတွေညှပ်ညှပ်ပြောတော့ နားကြားပြင်းကပ်တာပါ့။ နားထောင်လို့တော့ ကောင်းပါရဲ့။ ကိုယ်မှ နားမလည်တာ ဘယ်နှယ့်လုပ်မတုန်းတော့။ အဟင်း...ကျုပ်တို့က တောသူဆိုတော့ ဘွင်းဘွင်းရယ်။ မသိသာတော့ မသိဘူးပါ့တော်။ ကဲ ရှင်း ဘူးလား။

အခု မောင်ပဉ္စင်းက သာသနာ့တက္ကသိုလ်မှာ "ဖိုင်လယ်"ရောက်ပြီဆိုလားပဲ။ အင်းလေ... အဲ့ဒီတက္ကသိုလ်တက်နေတာပဲ သုံးလေးနှစ်လောက်ရှိနေပြီ။ ဒီလိုပါပဲ။ ကျုပ်တို့ငယ်ငယ် ကောက်စိုက်တုန်းကတောင် လက်သင်ဆိုရင် ငန်းအစက စရတာရယ်။ ပြီးမှ အလယ် အဆုံး ဒီလိုမဟုတ်လား။ အခု သူလည်း ဖိုင်လယ်ပြီးရင် ဖိုင်ဆုံးရောက်မှာနေမှာပါ့။

အံမယ်...သူတို့တက္ကသိုလ်အကြောင်းသာ သိပ်နားမလည်တာ။ မောင်ပဉ္စင်းရွာကိုပြန်ကြွလာလို့ စကားပြောဖြစ်တဲ့အခါ အဆန်းတွေပါပါလာလို့ မှတ်ထားရသေးတာတော်ရေ့။ ဘာတဲ့...ဟိုတစ်ခေါက်ကတောင် သူပြောသွား တဲ့အကြောင်းက...သြော် ကွင်ဗျူတာ တဲ့။ အင်သာနက်...တဲ့။ သူတို့တက္ကသိုလ်မှာ အဲ့ဒါတွေလည်းကိုင်ရသတဲ့တော်။စပ်မိလို့ပြောရပါဦးမယ်။ မောင်ပဉ္စင်းက အဲ့သည် ကွန်ဗျူတာတွေ အင်သာနက်တွေအကြောင်း ပြောနေတော့ ကျုပ်လည်း နားစွန်နားဖျားကြားလို့ "ခဏနေပါဦး ကိုယ်တော်..."ဆိုပြီး ငွေငါးထောင်ထုတ်လှူ လိုက်သယ်။ သားတော်မောင်ပဉ္စင်းက သူ့စကားကို တို့လို့တန်းလန်းရပ်ပြီးနားမလည်တဲ့မျက်လုံးတွေနဲ့ "ဒါ ဘာအတွက်လဲ....အမေ" တဲ့။

" အဲ့သာ ကိုယ်တော့်အတွက် ကွန်ဗျူတာနဲ့ အင်သာနက် ဝယ်သုံးဖို့ " ဆိုတော့ မောင်ပဉ္စင်းက ခွက်ထိုး ခွက်လန်ရယ်ပါလေရော။ ကျုပ်တစ်သက်နဲ့တစ်ကိုယ် မောင်ပဉ္စင်း အဲ့သလောက် အားရပါးရရယ်တာ ဒီတစ်ခါပဲ တွေ့ဖူးသာပါ့။ သူ့ခမျာမျက်ရည်တွေ တောင် ဝိုင်းလို့။

ရယ်လို့ဝပြီဆိုမှ "ရိုးလိုက်တာ အမေရယ်..." ဆိုတဲ့ပြီး ကွန်ဗျူတာဆိုသာ ဘယ်လို အင်သာနက်ဆိုသာ ဘယ်ပုံနဲ့ ရှင်းပြရှာသယ်။ အိုး ကျုပ်လည်း ဘယ်သိမှာလဲ နော့။ ကျုပ်တို့ရွာမှာက ဗွီဒီယိုလောက်ရှိသာရယ်။ ဒါတောင် ကလေးတွေပဲ ကြည့်ကြသာ။ မောင်ပဉ္စင်းပြောတဲ့ အဲ့သည်ဟာတွေက လည်း ဈေးကြီးလိုက်သာတော်။ စပါးရိတ်တစ်နှစ်စာလောက်ရှိသယ်။ အင်းလေ...ဘာပဲဖြစ်ဖြစ် ကျူပ်ကမှ တက္ကသိုလ် ကျောင်းသားအမေမို့ ကြားဖူးသေးတာရယ်။ အချို့များဆိုကြား တောင်ကြားဖူးတာဟုတ်ဘူးတော့။

မောင်ပဉ္စင်းကလေ စာတတ်တာလည်း မပြောနဲ့။ တစ်ခါတုန်းက သူတို့သင်ရတဲ့ဘာ သာတွေ ပြောပြတာ နည်းမှမနည်းပဲတော်။ ဆယ်မျိုးလောက်ရှိထင်ပါ့။ အဲ အဲ နေဦး။ ဒါတော့ လိုရ မယ်ရ "စာလေးနဲ့ရေးမှတ်ထားပေးစမ်းပါ ကိုယ်တော်"ဆိုလို့ ဒီမယ် ဒီမယ် ဖိတ်စာပေါ်မှာ ရေးထားသာ။ အင်း သူတို့သင်ရသာက တစ် - နှစ် - သုံး - လေး - ငါး - ခြောက် - ခွန် - အဲ...ဆယ်မျိုးတော့မရှိဘူးတော့်။ ခုနှစ်မျိုး ခုနှစ်မျိုး။ ဘာတဲ့။ ဝိနယ တဲ့၊ သု တံ တ တဲ့၊ အဘိဓမာ တဲ့၊ ပြီးတော့ ပါထိ ဟုတ်ပေါင်၊ ပါ...ပါ ဟဲ့ ဒါဘယ်လိုဖတ်...ဪ ဩ ပါဠိ၊ အင်း ပြီးတော့ အင်းဂလိပ် တဲ့၊ မြန်မာစာ တဲ့၊ နောက် ဗုဒ္ဓဒေသနာပြန့်ပွားတဲ့။ အံမယ်လေးတော်-နည်းတဲ့ဘာသာတွေမှ မဟုတ်တာ။ မောင်ပဉ္စင်းတို့လို တက္ကသိုလ်ကျောင်းသားတွေ စာမတတ်ခံနိုင်ရိုးလားတော့။ လက်ရေးလေးတွေများဆို လှမှလှ။ ကျုပ်ငယ်ငယ်တုန်းကတော့ သူ့အဖေလက်ရေး လှလှပြီထင်နေသာ။ ဘယ် မောင်ပဉ္စင်းလက်ရေးနဲ့ယှဉ်တော့ သူ့အဖေလက်ရေးက ပဲပင်ပေါက်။

အင်း...ပြောလို့ပြောသာမဟုတ်ဘူးရယ်။ ကိုယ့်သားသမီးကြောင့်ရတဲ့ပီတိက ဘာနဲ့မှတူတာ မဟုတ်ဘူး။ "ဒါ ငါ့သား၊ ဒါ ငါ့သမီး "လို့ခေါင်းမော့ ရင်ကော့ ပြောရတဲ့ အရသာက တော်တော် ကျေနပ်ဖို့ကောင်းတာကလား။ ကျုပ်လေ မောင်ပဉ္စင်း အဲ့သလိုတွေဖြစ်လာတာ ကြည့်ပြီး စဉ်းစားမိသာ တစ်ခုရှိသေးသယ်။ သူစကားပြောရင် ပညာရေးတို့၊ အသိဉာဏ်တို့၊ ပရဟိတတို့ ဆိုတဲ့စကားလုံးတွေ မကြာခဏပြောတတ်တာလေ။

ကျုပ်တို့ကလေးဘ၀တုန်းကတော့ ရွာဦးဘုန်းကြီးသင်ပေးတာလောက်ကိုပဲ ပညာရေးထင်နေတာကိုး။နောက် တဖြည်းဖြည်းအရွယ်လေးရ လာတော့မှ ပညာတွေက သင်ယူလို့မကုန်နိုင်ဘူးဆိုတာ သဘောပေါက်လာရသာပါ့။ ဒါကိုပဲ အသိဉာဏ်တိုးလာတယ်ခေါ်ရမလားပဲ။ ကိုယ်ကျိုးမဖက်ဘဲ စေတနာသက်သက်နဲ့အများကောင်းကျိုးလုပ်တာကိုတော့ ပညာရေးလား၊ အသိဉာဏ်ဖွံ့ဖြိုးရေးလား၊ ပရဟိတလား...ပြောတတ်ပါဘူးတော်။ ရွာပြန်လာလို့ ကြာကြာနေဖြစ်ပြီဆိုတာနဲ့ ရွာထဲကကလေးတွေကို စာခေါ်သင်တော့တာပဲ။ ကလေးတွေကလည်း မောင်ပဉ္စင်းတို့များ ပြန်လာပြီဆိုရင် မြူးလို့ ရွှင်လို့။

အဟင်း...ပျော်ကြမှာပေါ့တော်။ မောင်ပဉ္စင်းတို့လာရင် စာသင်ပေးတဲ့အပြင် စာအုပ်တွေ၊ ခဲတံတွေ၊ ဖောင်တိန်တွေ ဝေပေးသေးတာကိုး။ ဒီအထဲ မုန့်ပါကျွေးသေးတာဆိုတော့ ကျုပ်တောင် တက်ချင်စိတ်ပေါက်သေး။ ကျုပ်ကအမေဆိုတော့ တစ်နေကုန် တစ်နေခန်း စာတွေသင်နေရတာ မကြည့်ရက်လို့ " ပင်ပန်းလိုက်တာကိုယ်တော်၊ နားပါဦးလား..."ဆိုတော့ ဘာပြောတယ် မှတ်လဲ တော်တို့ကိုယ်တော်က။ " အခုမှ အစရှိသေးတာ အမေရ၊ နောက် တော်တော်လေး ခရီးရောက်မှပဲ နားတော့မယ်..."တဲ့။ မောင်ပဉ္စင်း ဘာဆိုလိုချင်တယ်ဆိုတာတော့ ကျုပ်ဖြင့် နားမလည်ပေါင်။ သူမနားချင်ဘူး လို့ပြောတာပဲ နေမှာပါ့။ သူတို့ပညာတတ်တွေများ စကားပြောရင် ရိုးရိုးကိုမပြောဘူး။

ပြီးခဲ့တဲ့ သီတင်းကျွတ်ရွာကိုပြန်လာတုန်းကတော့ ဒီတစ်နှစ်ပြီးရင်း သူ့ကျောင်းကပြီးပြီ တဲ့။ တကယ်လို့ မဟာတန်းတက်ခွင့်မရရင် တောင်တန်းသာသနာပြုကြွရမှာဆိုလား ဘာဆိုလား သိပါဘူး။ "တောင်တန်းသာသနာပြု"ဆိုတော့ ဟို...ပရိတ်ရေပွက်တဲ့ဆရာတော်ဦးဥတ္တမသာရလို တောင်တန်းဒေသတွေသွားပြီး တရားဟောရတာမျိုးေ

Address


Website

Alerts

Be the first to know and let us send you an email when တက္ကသိုလ် လွမ်းဝေသူ ၏ နှလုံးသားသွေးနှင့်ရေးသော ကဗျ ာမ် ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share