30/09/2022
လူတွေရဲ့ Level
**************
စိတ်ပညာရှင်တွေရဲ့ အဆိုတစ်ခုကို
ဆီလျော်အောင် ဘာသာပြန်ထားပါတယ်
ဖတ်ကြည့်စေချင်လို့
စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး
သတ်မှတ်ချက်က လူတွေရဲ့
အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ
လေးမျိူးတောင် ရှိလာသတဲ့
အိုင်ကျူ (IQ)
အီးကျူ (EQ) နှစ်ခုနဲ့တင်မကဘဲ
အက်စ်ကျူ (SQ)
အေကျူ (AQ) ဆိုတဲ့ နှစ်ခုပါ
ထပ်တိုးလာပါတယ်
အရှည်ကတော့ -
1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ)
တို့ပဲဖြစ်ပါတယ်
အကျယ်နဲနဲချဲ့ ရှင်းပြပါ့မယ်
1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့
အသိဉာဏ်လယ်ဗယ်က တကယ်တော့
ကျိုးကြောင်းဆက်စပ်တွေးခေါ်မှုကို
တိုင်းတာရုံသက်သက်ပဲ၊ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ သင်ခန်းစာယူနိုင်တယ်၊ ဒါပဲ
အဲ့ဒါက ခင်ဗျားတို့ရဲ့ IQ level ပဲ
2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့ လူအများနဲ့ မင်းရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို တိုင်းတာတာ ဖြစ်တယ်၊ လူအများနဲ့ ဆက်ဆံတဲ့အခါ မင်းဘယ်လောက် အဆင်ပြေလဲ? မင်းဘယ်လောက် ရိုးသားမှုရှိလဲ? တာဝန်ယူမှု တာဝန်ခံမှု ရှိလား? လူသားအချင်းချင်း လေးစားတန်ဖိုးထားသလား? ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံနိုင်လား? သူများ ပါစင်နယ်ကိစ္စတွေကို လေးစား ထိန်းသိမ်းပြီး ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား? ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ EQ level ပါပဲ
3) Social Quotient (SQ)
------------------------
ဒါကတော့ ကိုယ့်ရဲ့ မိတ်ဆွေ
အပေါင်းအသင်း သူငယ်ချင်း
မိသားစုဆွေမျိုးတွေကြားမှာ
ဘယ်လောက်ထိ အချိန်ကြာကြာ
ရင်းနှီးဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?
ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့
ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?
ဒါတွေကို တိုင်းတာနိုင်တာက ဆိုရှယ် SQ level ဖြစ်ပါသတဲ့
4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ....
ဘဝမှာ တွေ့ကြုံလာရသမျှ
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့
စွမ်းရည်လယ်ဗယ်တဲ့
အဲ့ဒါ AQ level တဲ့
မြန်မာစကားနဲ့ပြောရရင်
လောကဓံကို မင်းဘယ်လောက်
ခံနိုင်စွမ်းရှိမလဲပေါ့...