Myanmar People Channel

  • Home
  • Myanmar People Channel

Myanmar People Channel News & Information Sharing

Non CDM
17/11/2023

Non CDM

17/11/2023
တလရကာလ လုံခြုံစွာနေထိုင်နိုင်ရေး-သတင်းတွေ နားစွင့်-တိုက်ပွဲတွေစရင် ရွှေ့ပြောင်းမယ့်နေရာ ကြိုသတ်မှတ်-လမ်းကြောင်းတွေနဲ့ စု...
17/11/2023

တလရကာလ လုံခြုံစွာနေထိုင်နိုင်ရေး
-သတင်းတွေ နားစွင့်
-တိုက်ပွဲတွေစရင် ရွှေ့ပြောင်းမယ့်နေရာ ကြိုသတ်မှတ်
-လမ်းကြောင်းတွေနဲ့ စုရပ် သတ်မှတ်၊ မိုင်းသတိထား
-ဖုန်းနံပါတ်တွေ မှတ်
-အရေးပေါ်အိတ် ပြင်ဆင်
-စစ်စခန်းတွေနဲ့ ဝေးရာနေ
-ပစ်ခတ်မှုနဲ့ ဆန့်ကျင်ဖက်သို့ ရှောင်
-ခိုင်ခံ့တဲ့ အဆောက်အအုံ၊ ကတုတ်ကျင်းမှာ ပုန်းခို
-အပြင်ရောက်နေလျှင် သစ်ပင်ထူတဲ့နေရာမှာ ပုန်း
-ခန္ဓာကိုယ်မြင်လွယ်တဲ့နေရာမှာ သွေးအုပ်စုရေးထား
-အခြေခံရှေးဦးသူနာပြုနည်း လေ့လာ
-လက်နက်ခဲယမ်းတွေကို မစူးစမ်းနဲ့
-ကျန်းမာသန့်ရှင်းစွာနေ
-အချင်းချင်းနှစ်သိမ့်၊ အကောင်းမြင်ဝါဒနဲ့နေပါ

17/11/2023

အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ခြင်း

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစနစ်များအပေါ် မှီခို နေရမှုအပေါ် အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် သီးခြားလွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နှင့် NUGPay မိုဘိုင်းပိုက်ဆံအိတ် အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပါသည်။

၂။ NUGPay စတင်ခဲ့သည့်ကာလမှစ၍ ယနေ့အချိန်အထိ NUGPay လုပ်ငန်းလည်ပတ်လျက် ရှိသောဒေသ (၁၀) ခု၊ ငွေကြေး (၁၄) မျိုးရှိပြီး ငွေကြေးအရှုပ်အရှင်း၊ အငြင်းပွါးမှုများမရှိစေရန် ငွေကြေးစျေးကွက်ပေါ်မူတည်၍ အချိန်နှင့်တပြေးညီ ၄င်းတို့နှင့်သက်ဆိုင်သော ငွေလဲနှုန်းထားများကို သတ်မှတ် ကြေညာပေးလျက် ရှိပါသည်။

၃။ NUGPay ကိုယ်စားလှယ်များသည် သတ်မှတ်ကြေညာထားသော ငွေလွှဲနှုန်းထားများအတိုင်း အတိအကျ ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး သုံးစွဲသူများထံမှ ငွေအပ်နှံ/လဲလှယ်ထုတ်ယူမှုများအတွက် ကိုယ်စားလှယ်ကြေး၊ဝန်ဆောင်ကြေးရယူခြင်းနှင့် သတ်မှတ်ချက်များကိုကျော်လွန်၍ လုပ်ဆောင်ခြင်း များကို ခွင့်ပြုထားခြင်း မရှိပါ။

၄။ NUGPay ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍(ကိုယ်စားလှယ်များထံ) အပိုဆောင်းငွေကြေး ပေးချေ ရမှုများ၊ သတ်မှတ်ကြေညာထားသော ငွေလွှဲနှုန်းထားများနှင့် မတူညီပဲ ငွေအပ်နှံ/ လဲလှယ်ထုတ်ယူ ရမှုများရှိပါက NUGPay အင်တာနက် စာမျက်နှာမှဖြစ်စေ၊ [email protected] အီးမေးလ် လိပ်စာမှဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

NUGPay Management Team

17/11/2023

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ(တိုကျို)

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေး န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ပါသည် ။

နေရာအခက်အခဲကြောင့် ကြိုတင်စာရင်းပေးသွင်းထားသူများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး ပွဲစီစဉ်နေချိန်အတွင်း လုံခြုံရေးအရ စီမံဆောင်ရွက်ထားမှုများအပေါ် ကြည်ဖြူစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည် ။

🛑ကြိုတင်စာရင်းပေးသွင်းရန်
https://tinyurl.com/Nov19NUG

နေ့ရက် ။ ။ နိုဝင်ဘာလ(၁၉)ရက်၊တနင်္ဂနွေနေ့။
အချိန် ။ ။ ညနေ ၆:၄၅ မှ ၉:၀၀ နာရီ
(ညနေ ၆:၁၅ မှ စတင်ဝင်ရောက် နိုင်ပါသည်။)
နေရာ ။ ။ Ushigome Tansu Civic Hall(2F)
လိပ်စာ ။ ။ 15 Tansumachi, Shinjuku City, Tokyo 162-0833
(Toei-Oedo Line , Ushigome-Kakurazaka Station,A-1 exit)

17/11/2023
17/11/2023
17/11/2023
NonCDM တွေအတွက် လူသားချင်းစာနာထောက်ထားမှုအရ အသက်ကိုတော့ အာမခံပေးနိုင်တာမျိုး ရှိပါလိမ့်မယ်။ သို့ပေမဲ့ Justice ဆိုတဲ့ တရာ...
17/11/2023

NonCDM တွေအတွက် လူသားချင်းစာနာထောက်ထားမှုအရ အသက်ကိုတော့ အာမခံပေးနိုင်တာမျိုး ရှိပါလိမ့်မယ်။ သို့ပေမဲ့ Justice ဆိုတဲ့ တရားမျှတမှုကလည်း တပါတည်း ရှိပါလိမ့်မယ်။ Justice လို့ ပြောတဲ့အတွက် Impunity ဆိုတဲ့ ပြစ်ဒဏ်က လွတ်ကင်းနေခွင့် မရှိတော့ပါ။ မြန်မာနိုင်ငံလိုမျိုး Transitional Justice ပါ လိုအပ်တဲ့ အနေအထားမှာဆို Impunity ဆိုတာ လျှော်ပေးလိုက်လို့ လုံး၀ မရတဲ့ အနေအထားပါ။

ဒါ့ကြောင့် NonCDM တွေ စီးပွားရေးသမားအမည်ခံ လောဘသားခရိုနီတွေ အပါအ၀င် ပြည်သူကို သစ္စာဖောက် ပုန်ကုန်မှု ကျူးလွန်သူတွေကို ပံ့ပိုးတဲ့သူတိုင်းကို တရားဥပဒေထီးရိပ်အောက် ပို့ရပါမယ်။ တရားဥပဒေစိုးမိုးမှု Rule of Law ကို တည်ဆောက်ရပါမယ်။ တရားဥပဒေအောက် ရောက်ရှိစီရင်ခံရမှာဖြစ်လို့ တရားခံအဖြစ် စွပ်စွဲခံရစဉ် ရထိုက်တဲ့ အခွင့်အရေးတွေလည်း ရပါလိမ့်မယ်။ ရုံးတော်က စီရင်ချက် ချပြီးတဲ့နောက် ပြုပြင်ရေးစခန်းတွေ၊ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံရချိန်မှာလည်း အကျဉ်းသားတစ်ဦး၊ လူသားတစ်ဦးရဲ့ အခွင့်အရေး ရပါလိမ့်မယ်။ ဒါက တရားဥပဒေ စိုးမိုးမှုရဲ့ အနှစ်သာရပါပဲ။

တဖက်မှာလည်း ပြည်သူလူထုတရပ်လုံးရဲ့ လူမှုရေးပြစ်ဒဏ်ကို ခံရပါလိမ့်မယ်။ လူမှုရေးပြစ်ဒဏ်ဆိုတာလည်း တရားလက်လွတ် ဥပဒေမဲ့ မဟုတ်ပါ။ လူသားတစ်ဦးချင်းစီဟာ သူဆက်ဆံပတ်သက်လိုခြင်း မရှိတဲ့သူကို ရှောင်နိုင်ပါတယ်၊ ကြဉ်နိုင်ပါတယ်။ ဒါဟာ ဥပဒေချိုးဖောက်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်သူတရပ်လုံးက ကိုယ့်ကို ရှောင်ခွာတာ၊ ဖယ်ကြဉ်တာမျိုး ကိုယ်ကြုံရတဲ့အခါ မတရားလုပ်တာလို့ ပြောလို့မရပါဘူး။ ဒါဟာ ဥပဒေနဲ့ညီတဲ့ လူမှုရေးပြစ်ဒဏ်ကျခံနေရခြင်းသာ ဖြစ်ပါလိမ့်မယ်။

Non CDM တွေနဲ့ပတ်သက်ပြီး NUCC က ၂၀၂၃ ဇန်နဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးတဲ့ CDM Policy (၄) ချက်ရဲ့ နောက်ဆုံးအချက်မှာစစ်အာဏာရှင်နဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတဲ့ Non တွေကို သက်ဆိုင်ရာဒေသ ဥပဒေအရ အရေးယူမယ်လို့ ဆိုထားပါတယ်။

ဖယ်ဒရယ်ယူနစ်တွေအရ ဆိုင်ရာ ဖယ်ဒရယ်အစိုးရရဲ့ ဥပဒေတွေအရ အရေးယူမယ်လို့ နားလည်ထားပါတယ်။ တနေရာနဲ့ တနေရာ ကွာခြားမယ့် သဘောဖြစ်ပါတယ်။ ဒီအပေါ်မှာ Non တွေက ဥပဒေကို နောင်မှာ လက်တလုံးခြား လုပ်နိုင်ခွင့် မရှိဖို့လည်း အရေးကြီးပါတယ်။ ဗဟိုအစိုးရမှာလည်း လွှမ်းခြုံနိုင်တဲ့ ဥပဒေတစ်ရပ်လိုပါဦးမယ်။ နိုင်ငံမှာ တရားတဲ့ ဥပဒေတွေ မစိုးမိုးခဲ့တာ၊ ဥပဒေတွေကို လက်တလုံးခြားလုပ်တာတွေ၊ မထီမဲ့မြင်လုပ်တာတွေကြောင့် နစ်နာဆုံးရှုံးရမှုတွေ အလွန်များနေပါပြီ။ ဒါ့ကြောင့် တရားဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်ဖို့ အရေးကြီးပါတယ်။

တရားတဲ့ဥပဒေတွေ စိုးမိုးတာ ဘယ်လိုလဲဆိုတာကို မတရားလုပ်ထားတဲ့သူတွေ ကြုံတွေ့ သိမြင်စေချင်ပါတယ်။ အလားတူ တရားသဖြင့် အခက်အခဲတွေကို ရုန်းကန်ကျော်ဖြတ်ခဲ့တဲ့ ပြည်သူတွေအဖို့ တရားတဲ့ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အ၀ ခံစားရစေချင်ပါတယ်။

Non CDM ပြုလုပ်ခဲ့ကြသူတွေထဲမှာ စစ်အာဏာရှင်နဲ့အတူ မတရားတာကို စိတ်လိုလက်ရ ပူးပေါင်းလိုစိတ်နဲ့ ဆောင်ရွက်နေသူတွေရှိသလို မတရားမှန်းသိပေမယ့် သတ္တိနည်းလို့၊ အကြောက်လွန်လို့ ဒူးထောက်ခဲ့ကြသူတွေလည်း ရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်ဟာ ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်လို့ ပုန်ကန်မှုမှာ ပူးပေါင်းပါ၀င်သူတွေဟာ အပြစ်ရှိပါတယ်။

ပြစ်ဒဏ်တွေဟာ အမျိုးမျိုးရှိနိုင်ပါတယ်။ စိတ်လိုလက်ရနဲ့ ပူးပေါင်းပြီး နှိပ်စက်ကလူပြုခဲ့တဲ့သူတွေအတွက် ပြစ်မှုပြစ်ဒဏ် ပမာဏပြင်းထန်နိုင်သလို ဒါမျိုးတွေ မလုပ်ဘဲ အနေအထိုင် သိုသိပ်တဲ့သူတွေအတွက် ပြစ်ဒဏ်တွေကလည်း တမျိုးဖြစ်ရင် ဖြစ်နိုင်ပါတယ်။ အလားတူ အသွင်ယူ (ဖရဲသီး) လုပ်ဆောင်နေသူတွေဆိုတာလည်း ရှိပါသေးတယ်။

ဆိုတော့ ပြစ်ဒဏ်တွေဟာ ထောင်ဒဏ်တွေဖြစ်နိုင်သလို၊ ငွေဒဏ်လည်းဖြစ်နိုင်တယ်။ ဒဏ် ၂ ရပ်လုံးလည်း ဖြစ်နိုင်ပါတယ်။ အချိန်နဲ့ လူမှုရေးလုပ်အားပြန်ပေးရတဲ့ ပြစ်ဒဏ်တွေလည်း ဖြစ်နိုင်ပါတယ်။ လျော်ကြေးတွေပြန်ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အခြားအမျိုးမျိုးပေါ့။

ဒါတွေကတော့ ဥပဒေပြုသူတွေနဲ့ တရားရေးကဏ္ဍက တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ အများကြီး သက်ဆိုင်လာပါမယ်။ ဥပဒေကျွမ်းကျင်သူတွေက ပြည်သူအများလွတ်လွတ်လပ်လပ်နဲ့ ပြောဆိုနှီးနှောနိုင်ချိန်မှာ ဆောင်ရွက်ချမှတ်နိုင်မယ်ထင်ပါတယ်။

အဓိကကတော့ နစ်နာနေရ၊ နစ်နာနေခဲ့တဲ့ CDM တွေအတွက် တရားမျှတမှု မလွဲမသွေရှာဖွေပေးနိုင်ဖို့ပါပဲ။ CDM ၀နျထမျးတှေ လူသားအခွင့်အရေးအကြီးအကျယ် ချိုးဖောက်ခံနေရပြီး အသက်တောင် ခြိမ်းခြောက်ခံနေရတဲ့ကာလမို့ ပြန်လည်ကုစားပေးဖို့ဆိုတာ ကြီးမားတဲ့တာ၀န်ပါ။ အလေးအနက်ထားပြီး ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်ပေးရပါမယ်။

မတရားလုပ်ရပ်တွေ ဆောင်ရွက်ထားသူတွေကိုလည်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြစ်ဒဏ်က ကင်းလွတ်နေခွင့် (Impunity) ထပ်ပေးနေလို့ မရတော့တဲ့ နိုင်ငံဖြစ်ပါတယ်။ စိတ်ဓါတ်အခံ မကောင်းတဲ့၊ ဒီလိုမကောင်းကြောင်းကိုလည်း ကမ္ဘာသိ ပြသထားတဲ့သူတွေနဲ့ နိုင်ငံအသစ်၊ ဖယ်ဒရယ်ပြည်ထောင်စုအစစ်ကို တည်ဆောက်လို့ မရနိုင်ပါဘူး။

ချုပ်ပြောရရင်တော့ တရားဥပဒေစိုးမိုးမှု ထီးရိပ်အောက်မှာ တရားမျှတစွာနေထိုင်သူတွေ ဘယ်လိုလုံခြုံအကာအကွယ်ရတယ်၊ တရားမဲ့သူတွေ ဥပဒေကို ခြေစုံကန်သူတွေ ရာဇ၀တ်ဘေး ပြေးမလွတ်ဘူးဆိုတာရယ်ကို မျက်ဝါးထင်ထင် ခံစားသိမြင်လာရအောင် ကြိုးစားတည်ဆောက်ရပါမယ်။ ဒါဟာ လက်စားချေတာ မဟုတ်ပါ။ အနာဂတ် ဖက်ဒရယ်နိုင်ငံအတွက် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေ ခိုင်အောင် တည်ဆောက်ခြင်းပါပဲ။

အောင်ဆင့်





17/11/2023

အိမ်ပြန်ရတော့မယ်… ပျော်ရတာ ချိုလိုက်တာ…

မနေ့က Broken Dream Trailer ကြည့်ပြီးသူတိုင်း အဲ့စကားလေးကို သတိတရ ရှိကြမယ်ထင်ပါတယ်။ ဒီတော်လှန်ရေးမှာ လူတိုင်းနီးပါး မျှော်လင့်နေတဲ့ အရာ ဖြစ်ပါတယ်။

ပျော်ရတာ ဘယ်လောက်တောင် ချိုလိုက်မလဲ…
ဒါတွေ ဆက်လုပ်စရာ မလိုတော့တဲ့ ဘဝဟာ ဘယ်လောက်တောင် စိတ်အေးချမ်းလိုက်မလဲ…

ခံစားချက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ Broken Dreams ကို နိုင်ငံတကာမှာ စတင်ပြသမှာ ဖြစ်လို့ စောင့်မျှော် ကြည့်ရှုပေးပါနော်



#ကျိုးပဲ့အိပ်မက်များမှသည်အိပ်မက်အသစ်များဆီသို့

17/11/2023

17/11/2023
05/11/2023
05/11/2023

ကိုကိုဒေါင်းဖန်တွေက ဉာဏ်ကောင်းတယ်နော်..💙

(၅) စောင်ပြည့်အောင် တစ်ခါတည်းစုပြီးလာမယ်၊ ကိုကိုဒေါင်းရဲ့ သံလွင်ပို့စကဒ်ကို တစ်ယောက်တစ်စောင်ပေးတဲ့..

ပီးချစ်တို့ရဲ့ ဉာဏ်ရွှင်မှူကို လက်ဖျားခါလို့ မမတို့တွေပဲ အလျော့ပေးပါတယ်နော်..

ဒါကတော့ (၁၀) စောင်ဝယ်တဲ့ သူတွေအုပ်စုကပါ…

ကဲ..ကိုကိုဒေါင်းဖန်တို့ရေ Ticket အစောင်ရေ (၂၀၀၀) ပဲရောင်းမှာမို့ မရလိုက်၊ မရှိအောင် (၅) ယောက်တစ်စုစီနဲ့ အမြန်လာခဲ့တော့နော်။

📌 https://www.wlmf.org/projects/thanlwin

ကိုကိုဒေါင်းဖန်တွေ တုန်းရင် အစောင် (၂၀၀၀) ဆိုတာ တစ်ရက်နဲ့လဲ ကုန်တာ ကိုယ်တွေ့ပါနော်..

မျှော်နေမယ် ပီးချစ်တို့ 💙

#ကိုဒေါင်းရဲ့သံလွင်ပို့စကဒ်

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

05/11/2023

ပါမောက္ခ ဒေါ်မီမီဝင်းဘတ်
နှင့် ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံသားများတွေ့ဆုံပွဲ

အမေရိကန်တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်သည် ဂျပန်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွင်း ဂျပန်​ရောက်မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားနိုင်ရန်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ တိုကျိုမြို့နှင့် အိုဆာကာမြို့များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်သွားမည် ဖြစ်ပါသည် ။

အိုဆာကာမြို့တွင် ၂၀၂၃ ခုနစ်၊ဒီဇင်ဘာလ ၉ ရက်၊စနေနေ့ တွင်လည်းကောင်း ၊တိုကျိုမြို့တွင် ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက် ၊တနင်္ဂနွေနေ့ တွင်လည်းကောင်း ဂျပန်နိုင်ငံရောက် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ ၊အဖွဲ့အစည်းများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူများအား တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံ​၏ ပကတိ အခြေအနေမှန်များနှင့် ပြည်သူလူထု​၏ အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်သွားမည် ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်အတိုင်း မည်သူမဆိုတက်ရောက် ဆွေးနွေးနိုင်ကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါသည်။

🛑Osaka

နေ့ရက် ။ ။ ၂၀၂၃၊ဒီဇင်ဘာလ၊၉ ရက်
(စနေနေ့)
အချိန် ။ ။ ညနေ ၆ နာရီမှ ၈:၃၀ အထိ
( ၅:၃၀ မှ စတင် ဝင်ရောက်နိုင်ပါသည်)
နေရာ ။ ။ J:COM 中央区民センターŌsakashi, Chūōku ,
kyūtarōmachi 1 - 2 - 27
အနီးဆုံးဘူတာSakaisuji Honmachi Station
( Sakaisuji Line/Chuo Line )မှ လမ်းလျှောက် ၅မိနစ်)

🛑Tokyo

နေ့ရက် ။ ။ ၂၀၂၃၊ဒီဇင်ဘာလ၊၁၀ ရက်
(တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ ၆:၃၀ မှ ၉:၀၀ နာရီ အထိ
နေရာ ။ ။ Totsuka Chiiki Center(7 F)
〒169-0075 東京都新宿区高田馬場2丁目18番1号(Takadanobaba Station မှ လမ်းလျှောက် ၅ မိနစ်)

05/11/2023
05/11/2023
05/11/2023

=================================

Campaign Duration: 30.Oct.2023 To 03.Dec.2023

(GoFundMe Page link)
https://gofund.me/3af0d9d6

=================================

Freedom Tattoo Campaign ဖြစ်မြောက်ရေးကော်မတီ
















အချင်းအချင်း အားပေးကြမယ်စည်းလုံးကြမယ်ကောက်ရိုးမီးမဟုတ်ဘူးတညီတညာတည်း ဝိုင်းရုန်းနိုင်ရင် နိုင်ပြီအောင်ပွဲနီးချိန် အရာရာ သ...
09/07/2023

အချင်းအချင်း အားပေးကြမယ်
စည်းလုံးကြမယ်
ကောက်ရိုးမီးမဟုတ်ဘူး
တညီတညာတည်း ဝိုင်းရုန်းနိုင်ရင် နိုင်ပြီ
အောင်ပွဲနီးချိန် အရာရာ သတိပိုရှိကြပါစို့ ... ılı

Address


Website

Alerts

Be the first to know and let us send you an email when Myanmar People Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share