22/10/2022
(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက်စဥ်းစားစရာအချက်များ
၁။ Singapore နှင့် ပြည်ပနိုင်ငံများတွင် ကုမ္မဏီနှင့် ကိုယ်ပိုင် bank account ဖွင့်ထားသူများ၊ Digital currencies account ဖွင့်ထားသူများ ပိုပြီးသတိထားရပါမယ်။ ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs)မရှိဘဲငွေ transfer လုပ်ပါက bank account ပိတ်ခြင်းပိုပြီးဖြစ်လာမယ်။
ယခင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့company တွေရဲ့ ဘဏ် account တွေပိတ်ခံထားရတာပါ။အခုတော့ ပိုပိတ်ခံရပါမယ်။ TTလွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်( intermediate bank) ကနေ hold/ freeze လုပ်တာခံရနိုင်ပါတယ်။
၂။ ဟွန်ဒီ သမားတွေလည်း သတိထားရပါမယ်။ တရားဝင်မဟုတ်တဲ့အတွက် bank account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ညိတဲ့အတွက်ပါ။ USD နဲ့ အ ခြား currencies ငွေသား(cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းကဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုဘဲတရားမဝင်လမ်းကြောင်းကဆက်ဝင်ရောက်မှာဘဲဖြစ်ပါတယ်။
၃။ Eport အတွက်ကတော့ EU ကို Payment with DP နဲ့ရောင်းသူတွေသတိထားရတော့မှာပါ။ ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။
ဆန်၊ဆန်ကွဲ၊ ပြောင်း၊နှမ်းကတော့ တရုတ်၊ထိုင်းနဲ့ ဘဂ်လားဒေ့ရှ်ကို CNY, THB နဲ့ဆက်သွားမှာပါ။ လောလောဆယ်လည်း ဘဂ်လာဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း၉၀၀ ကျော်)ဆန်ရောင်းရာမှာ payment with CNY ကိုသုံးထားတာတွေ့ရပါတယ်။
ပဲအမျိူးမျိုးကတော့ အိန္ဒိယ ကိုအဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့နေပါတယ်။ payment ကတော့ USD currency ကိုသုံးနေပါတယ်။
အထည်ချုပ်နဲ့ အခြား sector တွေကတော့ USD ကိုသုံးနေပါတယ်။
၄။ ဓါတ်ဆီ၊ ဒိဇယ်ကတော့ Petrol China Company ကနေဝယ်နေပါတယ်။ payment ကို တဝက်တပျက် CNY နဲ့ပေးချေနေပြီဖြစ်တဲ့အတွက် အခုဆိုရင်တော့ ၁၀၀% CNY နဲ့ပေး မယ်လို့ထင်ပါတယ်။
၅။ စားအုံးဆီကတော့ USD နဲ့ပေးချေတဲ့အတွက် ဆက်ပေးလို့ရမရတော့မသိပါ။ တ ခြား currrency ပြောင်းသုံးနိုငိပါတယ်။
၆။ ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် payment ကို USD နှင့် THB သုံးလို့ရနိုင်ပါတယ်။
၇။ Import အခြား item တွေကတော့ Thai transit နဲ့ဝင်ရောက်နေကြတာဖြစ်ပါတယ်။ Payment တွေကို Singapore က payment တွေကို တင်းကြပ်မယ်ဆို ထိုင်းတွင် COMPANY ထောင်ပြီး ထိုင်းဘဏ်တွေကိုပိုသုံးလာနိုင်ပါတယ်။ ယခင် နဝတ ခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်ပါတယ်။
၈။ INGO တွေအနေနဲ့ကတော့ ပြည်ပကနေ
ငွေဝင်လို့ရနေမှာပါ။ FATF က ပြောတာကတော့ Humatarian နဲ့ Legitimate အတွက် ငွေလွှဲပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။
၉။ Foreign Investment တွေကတော့ ဆက်သွားဖို့ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံကကုမ္မဏီတွေ Branded Company တွေကတော့ Black List နိုင်ငံမှာအလုပ် လုပ်ခြင်းဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာစိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။
၁၀။ Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာပါ။ Counter measure လုပ်တဲ့အခါကြမှပါ။ အချိန်လိုသေးပါတယ်။ အဲလိုဆိုရင်တော့ China, Thailand and India နဲ့ပိုပြီးလုပ်လာရမှာပါ။
အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့
၁၁။ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။
လက်ရှိအနေအထားရတော့ အလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း ( Enhance Due Diligence-EDD) အဆင့် မှာသာ ရှိတဲ့အတွက် ငွေရေးကြေးရေး လွဲပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး၊ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှုမပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်တို့ ရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်ခြင်း ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုရင်တော့ မှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်။
( စဥ်းစားမိသလောက်ရေးထားတာပါ။)
Dr. Soe Tun
22-October-2022
#ဆရာဒေါက်တာစိုးထွန်းရေးသားချက်အားပြန်လည်မျှဝေသည်။
/10