Mandalay Insight News

  • Home
  • Mandalay Insight News

Mandalay Insight News News
(1)

မန္တလေးအထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုသစင်တာ တတိယထပ် မီးလောင်မှုဖြစ်ပွားမန္တလေး၊ အောက်တိုဘာ ၁မန္တလေးအထွေရောဂါကုဆေးရုံ...
01/10/2024

မန္တလေးအထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုသစင်တာ တတိယထပ် မီးလောင်မှုဖြစ်ပွား

မန္တလေး၊ အောက်တိုဘာ ၁

မန္တလေးအထွေရောဂါကုဆေးရုံကြီး နှလုံးအထူးကုသစင်တာ တတိယထပ်တွင် ယနေ့နံနက် ငါးနာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့​ပြီး ခြောက်နာရီကျော်ခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်

26/08/2024

မန္တလေး၊ သြဂုတ် ၂၆

တူတာတွေမတူတာတွေကို လက်ခံတာတွေ လက်မခံတာတွေမသိဖူး ကိုသားကြီး(ဒွေး) ကိုချစ်တဲ့စိတ်နဲ့လုပ်တာလို့ ပြောလာတဲ့ မန္တလေးက ဒွေကရေစီညီနောင် ဒွေကလုန်းနဲ့ မန္တလေးက ကိုသားကြီး တို့ကို Mandalay View က ရိုက်ကူးတင်ဆက်ပေးထားပါတယ်

ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မန္တလေး ဆိပ်ကမ်း စိုရိမ်ရေအမှတ်အထက်ရောက်ရှိလာပါတယ်၊လက်ရှိမြင့်တက်လာတဲ့ အခြေအနေအတွက် မန္တလ...
11/07/2024

ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မန္တလေး ဆိပ်ကမ်း စိုရိမ်ရေအမှတ်အထက်ရောက်ရှိလာပါတယ်၊

လက်ရှိမြင့်တက်လာတဲ့ အခြေအနေအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဖွဲ့စည်း
ထားပြီးဖြစ်ပါတယ်၊ အဲဒီအထဲက ရှာဖွေကယ်ဆယ်ရေးအဖွဲ့အသင့်ပြင်ဆင်ထားသလို
​စက်ကိရိယာတွေကိုလည်း ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်

အကူအညီတောင်းခံလာခဲ့ရင် စက်လှေ 32စီးကို သက်ဆိုင်ရာ ရေဆိပ်တွေမှာ အသင့်ပြင်ဆင်ထားရှိသလို ရေဝင်တတ်တဲ့ မြေနိမ့်ပိုင်းဒေသတွေကို ကြို တင်အသိပေးတာတွေ အသိပေးဆော်သြတာတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်

ဆိပ်ကမ်းတစ်လျှောက်မှာလည်း သဲအိတ်တွေကိုချထားသလို အရေးပေါ်ကယ်ဆယ်ရေးအင်အားတွေကို အဆင့်သင့်လုပ်ဆောင်ထားရှိတယ်လို့ သိရပါတယ်

မန္တလေးဆိပ်ကမ်းဧရာဝတီမြစ်ရေ စိုရိမ်ရေအမှတ် 1260 စင်တီမီတာဖြစ်ပြီး မနေ့ကတော့ 1275 ရှိပါတယ်


#ဧရာဝတီမြစ်ရေမြင့်တက်
#မန္တလေးဆိပ်ကမ်း

မန္တလေးရတနာမောလ် ကျောက်မျက်ရတနာစျေးရှိ ဆိုင်ခန်းများ အရောင်းပြပွဲကျင်းပမည်မန္တလေး၊ ဇွန် ၇မန္တလေးမြို့၊ ချမ်းအေးသာစံမြို့...
07/06/2024

မန္တလေးရတနာမောလ် ကျောက်မျက်ရတနာစျေးရှိ ဆိုင်ခန်းများ အရောင်းပြပွဲကျင်းပမည်
မန္တလေး၊ ဇွန် ၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်ရှိ မန္တလေးရတ နာမောလ် နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ရတနာစျေးရှိ စျေးဆိုင်ခန်းများကို ရောင်းချပေးမည့် အရောင်းပြပွဲ ကို ဇွန် ၈၊၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရတနာမောလ်တွင်စျေးဆိုင်ခန်းပေါင်း သုံးရာကျော်ရှိပြီး အခန်းများကို သေချာဖွဲ့စည်းပြင်ဆင်ထားရှိကြောင်း၊ ဝယ်ယူသူများ ပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် စည်ပင် owner book များကိုလည်း ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

အရောင်းပြပွဲအား ဇွန် ၈၊၉ ရက်နေ့များတွင် နံနက် ကိုးနာရီမှ ညနေ ခြောက်နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ပြီး ပြပွဲနှစ်ရက်အတွင်း ပထမဆုံးဝယ်ယူသူ သုံးဦးအတွက် Discount 20 % နှင့် ၁၂လ အတိုးမဲ့အရစ်ကျစ နစ်ဖြင့်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဘဏ်များဖြင့် ချိတ်ဆက်၍ ၁ဝနှစ်အရစ်ကျ စနစ်များဖြင့် ဝယ် ယူနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်းသိရသည်။
မန္တလေးနေ့စဉ်-၈



မန္တလေး-စစ်ကိုင်းလမ်းပေါ်တွင် Amara Centara’s Thiri Villa အိမ်ယာများကို ရောင်းချပေးလျက်ရှိမန္တလေး၊ မေ ၂၉မန္တလေးခရိုင်၊ အ...
29/05/2024

မန္တလေး-စစ်ကိုင်းလမ်းပေါ်တွင် Amara Centara’s Thiri Villa အိမ်ယာများကို ရောင်းချပေးလျက်ရှိ

မန္တလေး၊ မေ ၂၉

မန္တလေးခရိုင်၊ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်းပေါ်တည်ရှိပြီး တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ် ဇယ်တန်း၊ ရတနာဂူနှင့် မဟာဂန္ဓာရုံကျောင်းအနီးဝန်းကျင်တည်ဆောက်ထားသော Amara Centara’s Thiri Villa အား စတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

‘အိမ်ယာစီမံကိန်း Hotel, Hospital, Shopping Mall, Office Center, Villa စသည့် စီမံကိန်း ငါးမျိုးပါဝင်ပါတယ်ရင်းနှီးမြှုပ်လိုတဲ့သူတွေအတွက်လည်းရှိသလို၊ ဘဏ်တွေကနေ အရစ်ကျစနစ်နဲ့ ဝယ်ယူဖို့ အတွက်လည်း စီစဉ် ထားပါတယ်၊’ ဟု အဆိုပါ စီမံကိန်းဥက္ကဌ ဦးကျော်ဝင်းမင်းကပြောသည်။

အဆိုပါအိမ်ယာများတွင် ၂၄နာရီ လျှပ်စစ်မီးရရှိနိုင်စေရန်ဆောင်ရွက်ထားရှိကြောင်း၊ အိမ်တိုင်ရာရောက် အ မှိုက်သိမ်းစနစ်၊ ကောင်းမွန်သော အင်တာနက်တပ်ဆင်ပေးထားသကဲ့သို့ သွားလာမှုလွယ်ကူစေရန်အတွက် လမ်းများကို သေချာဖောက်လုပ်ပေးထားကြောင်း၊ ရေစီးရေလာကောင်းမွန်စေရန်လုပ်ဆောင်ထားသကဲ့သို့ သန့် ရှင်းပြီးရေများကို ရရှိစေရန်အတွက် ရေသန့်စနစ်များဖြင့် ရေပေးဝေမှုများကို စနစ်တကျပြုလုပ်ထားရှိကြောင်း သိရသည်။

‘ လျှပ်စစ်မီးအတွက်ဆိုရင် EPC က Shup down ဖြစ်မယ်ဆိုရင် ဆိုလာအနေနဲ့ အသုံးပြုလို့ရအောင်လုပ်ပေး မှာဖြစ်ပါတယ်၊ ဆိုလာအနေနဲ့ဆိုရင် အိမ်တစ်လုံးခြင်းကို ဆိုလာချပ်တွေကို မတင်တော့ဖူး၊ Main Control Station ကနေပြီးတော့ပဲ Provide လုပ်ပေးမယ်၊ အိမ်ဆောက်လုပ်ရမှာအသုံးပြုတဲ့ပစ္စည်းလုပ်ဆောင်ပုံတွေကို ဝယ်ယူသူတွေသိရှိအောင် အချက်အလက်တွေအားလုံးကိုပေးသွားမှာဖြစ်ပါတယ်၊ `` ဟု Shan Lay Property Group Project Manager ဦးဝင်ဇော်မြတ်ကပြောသည်။

လက်ရှိတွင် အိမ်ယာတည်ဆောက်မှုပိုင်းတွင် ၆၅ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီး ဇုန်အလိုက်ခွဲခြားကာ သတ် မှတ်ထားသည့်ရက်အတိုင်းပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝယ်ယူသူများအတွက်လည်း အိမ်ယာများ အား မည့်သည့်ရက်တွင် အပ်နှံမည်ကို အတိအကျပြောကာ အပ်နှံပေးသွားမည်ဖြစ်ကြောင်း၊ အိမ်ယာများ၏ အကျယ်အဝန်းမှာ Square Feet 2400 အနည်းဆုံးရှိပြီး အဆိုပါ ပမာဏထက်ကျယ်သည့် အိမ်ယာများလည်း ပါဝင်ကြောင်းသိရသည်။

လက်ရှိတည်ဆောက်လျှက်ရှိသော အိမ်ယာစီမံကိန်းတွင် Sevurity, Gym, Sport Center, Private Parking, River View, Convenience Store, Banking, Restaurant & Bar စသည့်တို့ပါဝင်ပြီး မြေဧက ၁၂ဧက ပေါ် တွင် တည်ဆောက်ထားရှိကြောင်းသိရသည်။

 #ရာသီဥတုနဲ့_မီးမမှန်တာကြောင့်_Air_Coolerတွေသုံးနေရပါတယ် #ကျန်းမာရေးအပေါ်ဘယ်လိုက်သက်ရောက်မှုရှိလဲ_သိလိုပါတယ်        လက်ရ...
18/05/2024

#ရာသီဥတုနဲ့_မီးမမှန်တာကြောင့်_Air_Coolerတွေသုံးနေရပါတယ်
#ကျန်းမာရေးအပေါ်ဘယ်လိုက်သက်ရောက်မှုရှိလဲ_သိလိုပါတယ်


လက်ရှိ အခြေအနေအရကတော့ ဘာပဲ ပြောပြော သုံးနေကြရမှာပါပဲ
ပန်ကာ က ပတ်ဝန်းကျင်က လေကို ယူပြီးမှုတ်ပေးနေတာမို့ လေထွက်တာပဲရှိပြီး အေးမလာပါဘူး - လေပူတွေပဲ ထွက်တာပါ
အဲ့ဒါကြောင့် လေအပြင် ရေငွေ့ပါဖြန်းပေးတဲ့ Air cooler တွေ နည်းနည်းပိုအသုံးဝင်ပါတယ်
* လေ အပြင် ရေငွေ့တွေနဲ့ ပတ်ဝန်းကျင်ကို စိုထိုင်းဆ မြှင့်ပေးလို့ အပူတော့ နည်းနည်းသက်သာပါတယ်
(ဒါပေမယ့် Aircon လို မအေးပါဘူး ပတ်ဝန်းကျင် အပူချိန်ကို နည်းနည်းပဲ လျှော့ပေးနိုင်ပါတယ်)

#ကျန်းမာရေးအတွက်ဘယ်လိုသက်ရောက်မှုရှိသလဲ

- အပူသက်သာတော့ နေရတာ ကောင်းပါတယ်
- ချွေးထွက်နည်းစေတော့ ရေဓာတ်ဆုံးရှုံးမှုကို အထိုက်အလျောက်ကာကွယ်ပေးပါတယ်
- Aircon က ခြောက်သွေ့တဲ့လေအေးထွက်လို့ အသားအရေခြောက်သွေ့တတ်ပေမယ့် Air cooler က အဲ့လို မဖြစ်စေပါဘူး

ဒါပေမယ့်
🚨 Air cooler ထဲ ရေထည့်ရတဲ့ ကန်ကိုတော့ နေ့စဉ်သန့်ရှင်းရေးလုပ်ပြီး ရေလှယ်ဖို့ အထူးအရေးကြီးလှပါတယ်

ရေထဲမှာ Bacteria ပိုးများစွာ ပေါက်ပွါးနေတတ်ပါတယ် အဲ့ ပိုးမွှားတွေကို အမှုန်အမွှားလေးတွေအဖြစ် လေနဲ့ ရိုက်ထုတ်တဲ့အခါ လေ ထဲမှာ Bacteria တွေ အများကြီး ပျံ့နှံ့နေပါရော အဲ့လေကို ရှူမိတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားကြရပါတယ်
- နှာစေး နှာချေ နှာမွှန် နှာပိတ်
- နားယား နှာခေါင်းယား လည်ချောင်းယား
- လည်ချောင်းနာ ချောင်းဆိုး
- ဓာတ်မတည့် Allergy ခဏ ခဏ ရတတ်ပါတယ်
ကိုယ်ခံအားနည်းတဲ့
- ကလေးသူငယ်တွေ
- နာတာရှည် ရောဂါအခံရှိသူတွေ
- သက်ကြီးရွယ်အိုတွေကတော့
🚨 အဖျားကြီးခြင်း
🚨 အသက်ရှူကြပ် မောကြပ်ပြီး Oxygen ကျခြင်း
🚨 အဆုတ်ရောင်အဆုတ်ပွဖြစ်ပြီး အသက်အန္တရာယ်အထိဖြစ်တတ်ပါတယ်

အဲ့ဒါကြောင့် မသုံးမဖြစ်သုံးနေရတဲ့ Air cooler ရဲ့ သန့်ရှင်းရေး **အထူးသဖြင့် ထည့်တဲ့ရေရဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြပါ
✅ ရေသန့်ထည့်တာအကောင်းဆုံးဖြစ်ပြီး
✅ ရေနေ့စဉ်လှယ်ပါ
✅ ရေကန်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ

**စိုထိုင်းဆ (Humidity) မြင့်လွန်းရင်လည်း ခန္ဓာကိုယ်ကချွေးပြန်ပေမယ့် ထွက်တဲ့ချွေးတွေက ခန္ဓာကိုယ်ကအပူကို စုပ်ဖို့ခက်တာကြောင့် ဒီရက်ပိုင်းကြုံနေရတဲ့ မိုးအုံ့ပြီး မိုးမရွာပဲ ပူနေတဲ့ရက်တွေမှာတော့ (လေထုထဲ စိုထိုင်းဆ ပိုတက်စေတဲ့ Air cooler အစား) ပန်ကာသုံးတာ ပိုပြီး အဆင်ပြေနိုင်ပါတယ်

Dr. ဘုန်းစည်သူလွင်
04:40 pm

ချင်းပြည်နယ်က နွားနောက်သားရောင်းတဲ့ဓလေ့ချင်းတောင်တန်းပေါ်က ရွာတွေမှာ မြို့ပေါ်လို အမဲဒိုင်မရှိကြဘူး။အမဲရောင်းချင်တဲ့သူက ...
29/03/2024

ချင်းပြည်နယ်က နွားနောက်သားရောင်းတဲ့ဓလေ့

ချင်းတောင်တန်းပေါ်က ရွာတွေမှာ
မြို့ပေါ်လို အမဲဒိုင်မရှိကြဘူး။

အမဲရောင်းချင်တဲ့သူက ရွာမှာ တစ်ရက်ကြိုပြီး ပြောထားကြတယ်။ အမဲကောင်ကို ရွာဘေးမှာ ပေါ်ပြီး ရွာထဲကို အသားတွေသယ်လာကြပါတယ်။ အသား ၊ အရိုးအသေး ၊ အရိုးအကြီးကို ရောပြီးရောင်းပါတယ်။

အသားချည်းလိုချင်လို့လည်း မရပါဘူး။ အကယ်၍ ၅သိန်းတန် နွားနောက်တစ်ကောင် ပေါ်မယ်ဆိုရင် အပုံ ၁၀၀ ပုံချလိုက်ပါတယ်။ အသားတုံးလေးတွေက အညီအညာတုံးထားပြီး အတုံး ၁၀၀ ကို စီပြီးချလိုက်တယ် ။ ပြည့်သွားရင် နောက်တစ်ကြော့ထပ်ချပြန်တယ် ။

အသားကုန်သွားရင် အရိုးသေးတွေနဲ့ အရိုးကြီးတွေကို ထပ်ပြီး ပုံချလိုက်ပါတယ်။ အဲ့လို တစ်ပုံကို ၅၀၀၀ကျပ်နဲ့ ရောင်းပါတယ်။

၁ ပိဿာ ဝန်းကျင်လောက်ရှိမယ် ထင်ပါတယ်။ အကျိုးအမြတ်ကို သိပ်မကြည့်ဘူး။ အလေးချိန်ခွင် မသုံးကြဘူး။ နည်းတယ် ၊ များတယ်လည်း မပြောသလို ချိန်ခိုင်းတာလည်းမရှိဘူး၊ တွေ့တဲ့အပုံ ကောက်ယူပီး ပြန်သွားကြတာပဲ။

ဈေးကောက်လည်း မရှိသလို
သမာဓိချိန်ခွင် မလိုတဲ့ ချင်းတောင်တန်းရဲ့ အလှတရားတစ်ခုပါပဲ။

နွားနောက်သားကနူးညံ့ပြီး အားရှိပါတယ်။ ကလီစာ ၊ခေါင်း ၊ခြေထောက် ၊ ဝမ်းတွင်းသားကို ပိုင်ရှင်က စားပါတယ်။ အသားခုတ်နေတဲ့အချိန် ကလီစာနဲ့ အသားအတိုအစတွေကို အိုးကြီးနဲ့ပြုတ်ထားပါတယ်။

အသားရောင်းပြီးရင်အိမ်နီးနားချင်းတွေ ကလီစာပြုတ်ကို ပင်စိမ်းခြောက် ၊ ဂျင်းတွေ ထည့်ပြီး ဝိုင်းစားကြပါတယ်။

#မှတ်စုကျမ်း #နွားနောက်သား

မန္တလေးမြို့နှင့် အနီးတစ်ဝိုက် မတ်လ၂၂ရက်နေ့အထိ မိုးထစ်ချုန်ရွာသွန်းမည်မန္တလေး၊ မတ် ၂၁မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ မတ် ...
21/03/2024

မန္တလေးမြို့နှင့် အနီးတစ်ဝိုက် မတ်လ၂၂ရက်နေ့အထိ မိုးထစ်ချုန်ရွာသွန်းမည်

မန္တလေး၊ မတ် ၂၁

မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မှာ မတ် ၂၂ ရက်နေ့မှာတော့နေရာကွက်ကျားမိုးထစ်ချုန်းရွာ သွန်းမှာဖြစ်ပြီးတော့ ရွာရန်ရာနှုန်း ၈၀ဖြစ်တယ် လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်​ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တွေမှာတော့
နေရာအနှံ့အပြားရွာသွန်းမှာဖြစ်ပါတယ်
၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွေမှာတော့ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမှာ ဖြစ်ပါတယ်ရွာရန်ရွာနှုန်းပြည့် ဖြစ်ပါတယ်


of Meteorology and Hydrology

သုံးဘီးခိုးယူခံရသူက ၁၈ရက်အကြာမှာ အနယ်နယ်အရပ်ရပ်ရှိ ပေးအပ်တဲ့ အလှူငွေများဖြင့်သုံးဘီးပိုင်ရှင်ကို လျော်ကြေးပေးယနေ့မှစ၍ ထပ...
21/03/2024

သုံးဘီးခိုးယူခံရသူက ၁၈ရက်အကြာမှာ အနယ်နယ်အရပ်ရပ်ရှိ ပေးအပ်တဲ့ အလှူငွေများဖြင့်
သုံးဘီးပိုင်ရှင်ကို လျော်ကြေးပေး

ယနေ့မှစ၍ ထပ်မံပြီး အလှူငွေများ လက်ခံတော့မည် မဟုတ်ဟုဆို

မန္တလေး၊ မတ် ၂၁

ရွှေစာရံတွင် သုံးဘီးအခိုးခံရသူ ကိုဝင်းမြင့် (ခ) ကိုဆန်းဝင်းလှိုင်သည် မတ် ၂၁ရက် နံနက်ပိုင်းတွင် အဆိုပါ သုံးဘီးပိုင်ရှင်ကို ကျပ် ၉၅သိန်း ပေးလျော်ပေးခဲ့ပြီးဖြစ်ရာ ယနေ့မှစတင်၍ အလှူခံခြင်း ရပ်နားကာ အလှူငွေ လက်မခံတော့ကြောင်း သိရပါတယ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၁လမ်း နှင့် ၃၂လမ်းကြား၊ ၇၆လမ်း နှင့် ၇၇လမ်းကြားရှိ ဦးဖိုးသာဝင်းအတွင်း နေထိုင်သူ ကိုဝင်းမြင့် (ခ) ကိုဆန်းဝင်းလှိုင်သည် ၂၀၂၄ခုနှစ် မတ် ၃ရက်က ရွှေစာရံဘုရားသို့ ဘုရားဖူး​ပြီးကလေးကျန်းမာရေးအတွက် ယတြာချေရန် သွားရောက်စဉ်တွင် ယခုကဲ့သို့အခိုးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်

၂၀၂၄ခုနှစ် မတ်လ ၂၁ရက် ညပိုင်းထိ အခိုးခံရတဲ့ သုံးဘီး ပြန်မတွေ့သေးဘူးလို့ သိရပါတယ်



-NyeinChan Facebook

မန္တလေးမြို့တွင်Indian Food Festival နှစ်ရက်ကြာ ပြုလုပ်လျက်ရှိမန္တလေးMingalar Mandalay Hotel နှင့် Consulate General of ...
20/03/2024

မန္တလေးမြို့တွင်Indian Food Festival နှစ်ရက်ကြာ ပြုလုပ်လျက်ရှိ

မန္တလေး

Mingalar Mandalay Hotel နှင့် Consulate General of India, Mandalay တို့ ပူးပေါင်းစီစဉ် ပြုလုပ်သည့် Indian Food Festival ပွဲကို မတ်လ ၂၀ရက်နေ့မှ ၂၁ရက်နေ့၊ ညနေ ၆နာရီ မှ ည ၉နာရီအထိ အဆိုပါဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိပါတယ်

Indian Festival ထဲတွင် အိန္ဒိယနိုင်ငံအဓိက စား သောက်ကုန်အမျိုးမျိုး၊ စားသောက်ဖွယ်ရာအမျိုး မျိုးတို့ကို ပြသထားရှိကြောင်း၊ လာရောက်သူများ အတွက် အိန္ဒိယတေးသီချင်းများဖြင့်လည်း ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်


မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်းများ စိတ်ဝင်စားမှုမြင့်တက်လာ မန္တလေး၊ မန္တလေးမြို့တွင် အိမ်ခြံမြေ ဝယ်ယူလိုသူများက မြေယာ...
20/03/2024

မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်းများ စိတ်ဝင်စားမှုမြင့်တက်လာ

မန္တလေး၊

မန္တလေးမြို့တွင် အိမ်ခြံမြေ ဝယ်ယူလိုသူများက မြေယာများထက် ကွန်ဒိုများကို ဝယ်ယူမှုပိုမိုများပြားလာကြောင်း ဖိုးလမင်းအိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဦးဝဏ္ဏစိုးထံကသိရသည်။

ကွန်ဒိုများမှာ ၂၄နာရီလျှပ်စစ်မီးပုံမှန်ရရှိခြင်း၊ လုံခြုံရေးကောင်းမွန်ခြင်း၊ အိမ်ငှားရမ်းရမှုလွယ်ကူခြင်းတို့ကြောင့် ဝယ်ယူမှုပိုမိုများပြားလာကြောင်းသိရသည်။
`` မန္တလေးက ကွန်ဒိုုယဉ်ကျေးမှုဖြစ်လာတယ်၊ မေးမြန်းတဲ့သူအရေအတွက်လည်းများလာတယ်၊ စျေးနှှုန်းတွေ ကတော့ နေရာအနေအထားပေါ်မူတည်ပြီး ၁ စကွယ်ယားဖိ သုံးသိန်းကနေ ငါးသိန်းအထက် စျေးနှှုန်းရှိပါတယ်၊ `` ဟု ငှင်းကပြောသည်။

လက်ရှိမန္တလေးမြို့တွင် တံခွန်တိုင်းအဝိုင်းအနီးရှိ ဂါဒင်းစီးတီး၊ စကိုင်းဗီလာ၊ မင်္ဂလာမန္တလေးကွန်ဒို၊ ငုရွှေဝါ ကွန်ဒို၊ စျေးချိုအနီးရှိ အဆာဟိကွန်ဒို၊ ခရေကွန်ဒိုနှင့် အခြားသော ကွန်ဒိုများမှာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

`` ကွန်ဒိုက အဝယ်တင်မဟုတ်ပဲ အငှားစျေးကွက်လည်းဖြစ်နေပါတယ်၊ နေရာအနေအထားပေါ်မူတည်ပြီး ဆယ် သိန်းနှင့်အထက် စျေးနှှုန်းရှိပါတယ်၊ အွန်လိုင်းရှော့ပင်းလုပ်ငန်းလုပ်တဲ့သူတွေနဲ့ အေးအေးဆေးဆေးနေထိုင်လို တဲ့သူတွေ အများဆုံးငှားရမ်းကြတယ်၊`` ဟု ဦးဝဏ္ဏစိုးကဆက်လက်ပြောသည်။

ကွန်ဒိုများအရောင်းအဝယ်ကောင်းမွန်နေသကဲ့သို့ တိုက်ခန်းများမှာလည်း နေပယ်ဒေသအသီးသီးက လာရောက် ဝယ်ယူသူများကြောင့် စျေးနှှုန်းကောင်းမွန်လျက်ရှိကြောင််၊ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြရည်နန္ဒာ တန် ဖိုးသင့်နှင့် တန်းဖိုးမျှတ အဆောက်အဦးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်းသိရသည်။

ကွန်ဒိုစျေးကွက်အလုပ်ဖြစ်နေသော်လည်း မန္တလေးမြိုရှိ မြေယာအဆောက်အဦးများမှာ အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ နေထို်င်လိုသူများသာ ဝယ်ယူမှုရှိနေသဖြင့် အရောင်းအဝယ်အေးနေကြောင်းသိရသည်။

`` မန္တလေးမြေယာအဆောက်အဦးတွေက အမြင့်ဆုံးစျေးနှှုန်းအနေအထားရောက်သွားတော့ ရင်းနှီးမြှုပ်နှံသူ တွေကလည်း ဝယ်ယူမှု သိသိသာသာနည်းသွားတယ်၊ အဲဒါကြောင့် အရောင်းအဝယ်အေးသွားတာပါ၊ အခုအနေ အထားကတော့ စောင့်ကြည့်ရမယ့်အခြေအနေမှာရှိပါတယ်။``ဟု အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။


estate

26/02/2024

ငလျင်ဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်တွေနဲ့ပက်သက်ပီး ကြိုတင်ပြင်ဆင်ထားတာတွေနဲ့ပက်သက်ပီး မေးမြန်းထားတာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်


အိမ်ခြံမြေ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးဟောပြောပွဲကျင်းပမန္တလေးမြန်မာနိုင်ငံအိမ်ခြံမြေလု...
18/02/2024

အိမ်ခြံမြေ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးဟောပြောပွဲကျင်းပ

မန္တလေး

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေးတိုင်းဒေသကြီးရုံးခွဲ)က ကြီးမှူး၍ အိမ်ခြံမြေ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၇ရက်နေ့ နံနက် ၈နာရီခွဲမှ ညနေ ၅နာရီအထိ
မန္တလေးမြို့ Mandalay Covention Center တွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအိမ်ခြံ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(MRPDA) ဗဟို နယက ဦးတင်မောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုဥက္ကဌ(၂) ဦးဝဏ္ဏစိုးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး MRPDA (မန္တလေးတိုင်းဒေသကြီးရုံးခွဲ) ယာယီဥက္ကဌ ဦးထွန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် လယ်ယာမြေ/စီမံခန့်ခွဲ စာရင်းအင်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက လယ်ယာမြေဥပဒေများဟော​ပြောဆွေးနွေးခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဌာန နေပြည် တော်ရုံးချုပ်က တာဝန်ရှိသူတစ်ဦးက ကြို တင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို ဟောပြောဆွေးနွေးခြင်း၊ မန္တလေးမြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက တာဝန်ရှိသူ တစ်ဦးက စာချုပ်စာတမ်းဥပဒေများဟောပြောခြင်း၊ အထွေထွေအုပ်ချုပ်မှုဦးစီးဌာန နေပြည်တော်ရုံးချုပ်က တာဝန်ရှိသူတစ်ဦးက AML/ CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရ သည်။

သင်တန်းနှင့်ဟော​ပြောပွဲတွင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့် Steel Stone Group of Companies နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြကြောင်း၊ ယခုပြုလုပ်ခဲ့သော ပွဲအား Main Sponsor အဖြစ် Steel Stone Group of Companies နှင့် Co Sponsor အဖြစ် ဖိုးလမင်းအိမ်ခြံမြေဆောက်လုပ်ရေး၊ ဖိုးလမင်းမြန်မာကုမ္ပဏီလိမိတက် တို့က အဓိက ကူညီပံ့ပိုးခဲ့ကြောင်းသိရသည်။



15/02/2024

"Mingalar Mandalay 9th Year Anniversary 2024 ပွဲစည်းကားသိုက်မြိုက်စွာကျင်းပသွားမည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

Mingalar Mandalay 9th Year Anniversary 2024 (jp) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရ သည်။

'ဒီပွဲကြီးမှာ မင်္ဂလာမန္တလေးမှ မွေးထုတ်ပေးလိုက်သော ဒီဇိုင်နာ(၁၂) ဦးရဲ့ ဖက်ရှင်ရှိုးများ နဲ့အတူ Mrenix Dance Crew, Black Line Dance Crew, Bees Poison Dance Crew .
အကအလှများ ၊ နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် ချစ်ဇွဲသာ ၊ ခိုင်မြဲသစ္စာ ၊ စစ်ပိုင်ထက် ၊ မင်းသန့် ၊ Jashon Ace ၊ May ၊ ရဲလေး ၊ Project K တို့ရဲ့ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု့ခံစားရင်း မည်သူမဆို အခမဲ့ လာရောက်အားပေးနိုင်ဖို့ စီစဉ်ထားပါတယ်' ဟု မဂ်လာမန္တလေးက တာဝန်ရှိသူတစ်ဦးကပြောသည်။

မင်္ဂလာမန္တလေး(၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီးမှာ ထူးခြားမှုအနေဖြင့် ဒီနှစ်မှာ Cosplay

gep: K Pop Random Dance Street Art Dance Battle : ::: စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ ပွဲရက်အတွင်းလာရောက်လည်ပတ်ကြသော ဧည့်သည်တော်များအတွက် 3000Ks တန် Gift Voucher များကို ပေးဝေရန် စီစဉ်ထားကြောင်းသိရသည်။

အစီအစဉ်ပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းထားပြီး အလှဓာတ်ပုံများလဲ ရိုက်ကူးနိုင်ရန် စီစဉ်ထား ကြောင်းသိရသည်။

အဆိုပွဲဖြစ်မြောက်ရေးအတွက် အဓိကစပွန်ဆာများအဖြစ် my locum Win & San (Diamonds & Fine Jewelry) Diamond Sponsor : Oraimo Smart Accessories, Manulife Insurance, Billion Empress Cosmetic, Century Auto Mart, Gold Sponsor The Space Language Academy တို့မှ ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီပေးထား ကြောင်းသိရသည်။

Insight News

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785962787

Alerts

Be the first to know and let us send you an email when Mandalay Insight News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay Insight News:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Advertising

ကြေငြာများထည့်သွင်းလိုပါက Ph- 09785962787 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။