Daily Blog

Daily Blog Just a Daily Blog

12/06/2024

မြဝတီမှာ ဆန်ဝယ်လို့မရတော့ဘူး ကြက်ဥတစ်လုံးကို ၇၀၀ ချက်ပြီးသား ၁၀၀၀ ပါတဲ့

ZH ရွှေဆိုင်ဆိုပါလား
11/06/2024

ZH ရွှေဆိုင်ဆိုပါလား

29/05/2024

နောက်မြှီးတိုနေတဲ့ ကြက်ပေါင်ဖိနပ်လေးစီး နေပူကြဲတဲထဲ ဆွမ်းခံခွက်လေးပိုက်၊ တခါတလေဆို အလှူခံလို့ရတဲ့ ဆန်ပေါင်းစုံရောထည့်ထားတဲ့ ပီနှံအိတ်လေးတွေကို မနိုင်မနင်းနဲ့ ဒက် ပွေးမျိုးစုံပေါက်နေတဲ့ ခေါင်းပေါ်ရွက်ပြီး ရပ်ကွက်တကာ လမ်းတကာလျောက်နေတဲ့ ဆရာလေးတွေ အသက်လေးတွေမေးကြည့်တော့ လေးနှစ် အရွယ် ငါးနှစ်အရွယ်လေးတွေ အကြီးဆုံးမှ ဆယ်နှစ်။ ဘယ်ကျောင်းကလဲလို့ မေးကြည့်တော့ မပီမသစကားလေးတွေနဲ့ နာမည်တခုထွက်လာတယ် အလှူခံရတဲ့ပိုက်ဆံတွေပြန်ပေးရသေးလားဆိုတော့ တစ်ယောက်ကိုငါးထောင်ပြန်ပေးရတယ်လို့ ဆရာလေးတစ်ယောက်က လွှတ်ခနဲထွက်သွားတယ်။ သေချာအောင်ပြန်မေးကြည့်တော့ မဖြေတော့ဘူး။ ကြည့်ရတာ ဆရာလေးတွေဆီက တစ်ယောက် ငါးထောင်ယူနေတဲ့ သူက လူတွေမေးရင်မဖြေရဘူးလို့ သေချာသင်ထားပုံပါပဲ။ အသက်အရွယ်မပြည့်သေူတဲ့ မိဘရင်ခွင်မှာနေရဦးမယ့် ကလေးလေးတွေကို သာသနာ့ဘောင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းတွေကိုပို့၊ ကိုယ့်လက်ကလွတ် ဗြွတ်လုပ်တဲ့ မိဘဆိုတဲ့ 🦮🦮🦮 တွေကိုလဲမေးချင်တယ် ဒီကလေးတွေက သူတို့က လူ့လောကကြီးထဲကို လာချင်ပါတယ်ဆိုပြီး တောင်းဆိုလို့ရောက်လာတာလား ၊ခင်ဗျားတို့ သွေးသားဆန္ဒအရ ဂျိမ်းချင်တိုင်းဂျိမ်း ခင်ဗျားတို့စနက်နဲ့ရောက်လာတာလား။ သူတို့ဘဝလေးတွေက ခင်ဗျားတို့စနက်နဲ့ရောက်လာတာ ခင်ဗျားတို့ တာဝန်ယူရမှာပေါ့။ တာဝန်မယူနိုင်ရင် မဂျိမ်းကြနဲ့။ အခုတော့ 🦮🦮လိုပဲ မွေးပြီး ဗြွတ်ရွှတ် ဘာတာဝန်မှမယူချင်တော့ နှပ်ချေးတွဲလောင်းနဲ့ကလေးလေးတွေကို ဘုန်းကြီးကျောင်း သီလရှင်ကျောင်းပို့ ခိုင်းစား။ ပြီးရင် အနန္တော အနန္တ ငါးပါးထဲ ခပ်တည်တည်နေရာဝင်ယူဦးမယ်။ ဘာသာတရားဆိုတဲ့ ဗန်းကြီးပြပြီး လူယောင်ဆောင်ထားတဲ့ 🦮တွေ။
အဲ့ဒီလိုနှပ်ချေးတွဲလောင်းနဲ့ ကလေး‌လေးတွေကိုမှ ရွေးလက်ခံ ကလေးလုပ်သားလိုမွေး ဆွမ်းခံတယ်ဆိုပြီး ကျွန်လိုခိုင်းစားတဲ့ ကတုံးထီးတွေ ကတုံးမတွေကိုလဲပြောချင်တယ်။ မင်းတို့တွေ စိတ်ထဲ ထမင်းစားလို့ လုံလား။ ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ အလှူရှင်တွေ ဝန်ပိုမဖြစ်အောင် မနေဘူး ငွေတိုးချေးစား အပေါင်ခံစား နှစ်လုံးဒိုင် သုံးလုံးဒိုင်ခံစားနေတဲ့ ကတုံးတွေ ကတုံးမတွေလဲ မိုးဦးကျဖားတွေလိုပဲ လက်ညှိုးထိုးမလွဲဘူး။ ကြားထဲ သင်္ကန်းတဖားဖား ကတုံးတပြောင်ပြောင်နဲ့ ဝစ်သောက်ကားတွေ တဝှီဝှီနဲ့။ ကလေးတွေကို ဘာသာရေးဗန်းပြပြီး ခေတ်သစ်ကျွန်လုပ်ပြီးရထားတဲ့ ပိုက်ဆံတွေနဲ့ ဇိမ်ခံနေကြတာ။ ကိုရင်လေးတွေ သီလရှင်လေးတွေကို ခိုင်းစား၊ တနေ့ဘယ်လောက်ရအောင် အလှူခံရမယ် မရရင်ပြန်မလာနဲ့ မရရင်ရိုက်။ လေးငါးနှစ်အရွယ်ကလေးလေးတွေခင်ဗျာ ပိုက်ဆံမပြည့်သေးလို့ မိုးချုပ်တဲ့အထိ ရွာရိုးကိုးပေါက် အလှူခံကြရရှာတယ်။ ကြည့်ရ မြင်ရတာ သောက်သည်းပေါက်တယ်။ အကုန်လုံးကို ⚽⚽⚽ပါပဲ။

25/05/2024

ပန်းကန်ပြားပျံ

တနေ့က အိမ်မှာခေါက်ဆွဲကြော်လို့ဘေးအိမ်သုံးအိမ်လောက်ကိုလည်းမနည်းမများပေးလိုက်ပါတယ်။

ဦးကိုကြီးနဲ့ဖွားခင်ရီတို့အိမ်ကလူများတာကြောင့် စတီးစလုံနဲ့ပိုပေးလိုက်ပါတယ်။

နေ့လည်ကျတော့ဦးကိုကြီးကအရက်သောက်လာလို့ဆိုပြီးရန်ဖြစ်တယ်။
ဖြစ်တဲ့ချိန်ဖွားခင်ရီကထမင်းစားပြီးလို့ပန်းကန်တွေဆေးနေတာဆိုလားပဲ။

ဦးကိုကြီးကအရက်မူးနေတော့ဖွားခင်ရီကိုလင်ငယ်နေပါတယ်ဆိုပြီးအော်အော်ပြောတော့ ဟိုကလည်းအော်ရမလားပြောရမလားဆိုပြီး မင်းပြောတာရယ်ရလွန်းလို့ငါ့အဟွာကတောင်ရယ်နေတယ် ဟားဟား ဟားဟားနဲ့နေတာပဲလို့ဆိုပြီး သူဆေးလက်စ
ထမင်းပန်းကန်ကြီးနဲ့လှမ်းပြစ်လိုက်တာကြားလိုက်ရပါတယ်။

မြင်လည်းမြင်ရတယ် ခြံစည်းရိုးတွေကသံဆူးကြိုးတွေနဲ့ကာတာဆိုတော့။

အဲ့တာပြောချင်တာကခုမှပါ ဖွားခင်ရီပြစ်လိုက်တဲ့ထမင်းပန်းကန်ကြီးကညီမတို့အိမ်ကပို့လိုက်တဲ့စတီးစလုံကြီးပါ။
ဘေးတွေချိုင့်သွားပါတယ် အရင်ဆိုဖန်ပန်းကန်လေးတွေနဲ့ပေးနေကျကို မနေ့ကမှသူ့သားတွေပါရောက်နေတာပဲ
ဆိုပြီးပိုပေးလိုက်လို့စတီးစလုံဖြစ်သွားတာပါ။

အဲ့တာဖန်ပန်းကန်ဆိုရင် သူ့သူပြစ်လည်းမှန်မှန် မမှန်မှန်ကွဲသွားရင်အစားပြန်ရမှာပဲ ခုကစတီးစလုံးကြီးဆိုတော့ပိန်တဲ့တိုင်းကြီးပြန်ရလာပါတယ်။

စတီးစလုံကြီးမြင်တိုင်းငါဖန်ပန်းကန်နဲ့ပေးလိုက်ရမှာဆိုတဲ့နောင်တရယ် အလျောပြန်လိုချင်နေတဲ့စိတ်ရယ်ဖြစ်နေမိလို့။😣

Credit May Myat Noe May

၁၉၉၉ ခုနှစ် feb 14 ကိုယ်တွေ ၉ တန်းဖြေပြီးတဲ့အချိန်တုန်းကပေါ့ အိမ်ကအဒေါ်အပျိုကြီး ၃၁ နှစ်နဲ့ ရည်စားက အိမ်ကသဘောတူတဲ့ကောင်မ...
03/05/2024

၁၉၉၉ ခုနှစ် feb 14 ကိုယ်တွေ ၉ တန်းဖြေပြီးတဲ့အချိန်တုန်းကပေါ့ အိမ်ကအဒေါ်အပျိုကြီး ၃၁ နှစ်နဲ့ ရည်စားက အိမ်ကသဘောတူတဲ့ကောင်မလေးနဲ့ စေ့စပ်သွားတာသိသိချင်း လမ်းထိပ်ကကြိုးဖုန်းဆိုင်ကနေအိမ်ပြန်လာပီး သူ့အခန်းထဲဝင်ပြီး ဘယ်သူခေါ်ခေါ် မဖွင့်ပေးဘဲနေတော့ သူတစ်ခုခုစိတ်ထိခိုက်စရာဖြစ်လာလို့နေမှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့နေလိုက်ရာက နံနက် ၁၀ နာရီခွဲလောက်လည်းကျရော သူ့အခန်းကုတင်ပေါ်ကနေ ဘုံးဆိုပီး ပြုတ်ကျသံကြားတော့ တံခါးကိုဖျက်ပြီး အထဲဝင်လည်းကြည့်ရော ပါးစပ်က အမြှုပ်တွေထွက်ပီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတာမြင်တော့ အမေဆို သတိပါမေ့လဲရော အဲ့ဒါနဲ့အိမ်ရှေ့ကိုရွှေ့ လမ်းထိပ်ကဆရာဝန်ကိုသွားခေါ်ပြီး ကန်စွန်းရွက်တွေထောင်းပါးစပ်ထဲ အရည်ညှစ်ထည့်ပြီး ကားငှားဆေးရုံပို့ဖို့လုပ်တာ ဆေးရုံမရောက်ခင် ကားပေါ်မှာ (ကိုယ့်လက်ပေါ်တင်) အသက်ထွက်သွားတာ
ဆေးရုံရောက်အလောင်းကိုစစ်ကြည့်တော့ အိပ်ဆေးတေသောက်တဲ့အရှိန်နဲ့ လူးလှိမ့်ရင်းပက်လက်ပြုတ်ကျရင်းကဦးနှောက်ထဲသွေးခဲသွားတာ
လိုရင်းကခုမှ
အဲ့လိုနဲ့ သူအလုပ်လုပ်တဲ့ pan sea ဟိုတယ်(သူက အဲ့မှာ စာရင်းကိုင်) ကို လမ်းထိပ်ဖုန်းဆိုင်က ကြိုးဖုန်းနဲ့ ခေါ်ပြီးအကြောင်းကြားတော့ အားလုံမယုံနိုင်ကြဘူး
ဘာလို့လဲဆိုတော့ သူတိုဆီကို ဒီနေ့ရုံးမလာဖြစ်ဘူးဆိုပြီး ဘယ်သော့က ဘယ် locker ထဲမှာ ဘယ့ဖိုင်က ဘယ်ဗီဒိုထဲမှာဆိုပြီး သူ့လက်ထောက်ကို ဖုန်းဆက်သွားသေးသတဲ့ဗျာ
ဆက်တဲ့အချိန်က ၁၁ ထိုးခါနီးတဲ့ဗျာ
အဲ့အချိန်က သူ့ကိုဆေးရုံခေါ်သွားတဲ့အချိန်ပေါ့ ကိုယ်တွေ့ပါ
နောက်ရက်လည်မယ့်နေ့ အဖွားက တရားနာဖို့ လမ်းဆုံလမ်းခွကနေ ပန်းခက်လေးနဲ့
လိပ်ပြာခေါ်ပြီးပြန်ဝင်လာတဲ့အချိန် ကိုယ်တွေက အိမ်နောက်ဖေးမှာ အကြီးမရယ် ဝမ်းကွဲအမတေနဲ့ ချက်ပြုတ်နေချိန်နောက်ဖေးမှာ သုံးရေထည့်တဲ့ ကျောက်စည်ကိုဖုံးထားတဲ့ ၅ ထပ်သားပြားကို ဆွဲလှန်သွားတာဗျာ အားလုံးပါးစပ်အဟောင်းသားပဲ
ပြောရရင် အများကြီး ကျန်သေးတယ် ရက်မလည်ခင်က အခြေအနေတွေ ရက်လည်ပြီး အခြေအနေတွေ
သူ့ဘဲ သစ္စာမဲ့😡
From May Ni tiktok comment

ဂျပန်နိုင်ငံကို မသွားသင့်တဲ့ အချက် 8 ချက်1။ သင့်ကို သူတို့ဆီလာဖို့ ဘယ်တော့မှ လက်ကမ်းကြိုဆိုနေမှာမဟုတ်ပါဘူးဂျပန်လူမျိုးတွ...
01/05/2024

ဂျပန်နိုင်ငံကို မသွားသင့်တဲ့ အချက် 8 ချက်

1။ သင့်ကို သူတို့ဆီလာဖို့ ဘယ်တော့မှ လက်ကမ်းကြိုဆိုနေမှာမဟုတ်ပါဘူး
ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသော်လည်း သင့်ကို ၎င်းတို့ထဲမှ တစ်ဦးအဖြစ် လက်ခံရန် မမျှော်လင့်ပါနှင့်။ဂျပန်လူဦးရေ၏ 1.5% ခန့်သာ နိုင်ငံရပ်ခြားမှာမွေးဖွားသူတွေဖြစ်ပါတယ်။ သူတို့လူမျိုးမဟုတ်သူတွေ အထူးသဖြင့်ဂျပန်လူမျိုး‌ေတွရဲ့ရုပ်ရည်သွင်ပြင်နဲ့ကွဲပြားနေတဲ့သူတွေအတွက် အလွန်ခက်ခဲပါလိမ့်မယ်။ အချို့သော စနစ်တွေဟာ ဂျပန်လူမျိုးတွေအတွက်သာ ရည်ရွယ်ထားပါတယ် ဥပမာ ဂျပန်လူမျိုးတွေကိုသာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတို့ စားသောက်ဆိုင်တို့ပေါ။ ဒါက သင်က ဂျပန်နိုင်ငံသားဖြစ်‌ေနပေမယ့် ဂျပန်လူမျိုးမဟုတ်ဘူးဆိုရင်လဲမရပါဘူး။ ကျောင်းများတွင်လည်း ဂျပန်လုမျိုးမဟုတ်တဲ့ မိဘတွေတွေကမွေးလာတဲ့ကလေးတွေကို အနိုင်ကျင့်တတ်ကြတာကလဲ ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေပါတယ်။
2. ဂျပန်မှာ လူတွေရဲ့ ကျင့်ဝတ်နဲ့သိက္ခာကို သူတို့ ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာကို ကြည့်ပြီးဆုံးဖြတ်တယ်။ အချိန်ပိုမလုပ်ဘဲ အချိန်မှန်ရုံးဆင်းခြင်းသည် ပျင်းရိခြင်းဖြစ်ပါတယ်။သင် ဖျားနာနေလို့ အိမ်တွင် နေရင်တောင်မှ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်မှောင်ကြုတ်ကြည့်ခြင်းကိုခံရပါလိမ့်မယ်။ အလုပ်အလွန်အမင်းလုပ်တာဟာ လူတိုင်းလ်ုက်နာရမယ့် ရက်စက်တဲ့ဓလေ့ထုံးတမ်းဖြစ်ပါတယ်။
3. အလုပ်ပြီးရင် ဝန်ထမ်းတွေဟာ ကာရာအိုကေဘားသွားပြီး သီချင်းဆိုတာ စားဿာက်ဆိုင်မှာ အရက်အတူတူသောက်တာ လုပ်ကြရပါတယ်။ အဲဒါဟာ ဂျပန်‌ေတွအတွက်‌ေတာ့ အသင်းအဖွဲ့တည်ဆောက်မှုဖြစ်ပါတယ်။ မင်းရဲ့အလုပ်ရှင်နဲ့ အရက်အတူတူသောက်တာကို မဖြစ်မနေလုပ်ကိုလုပ်ရပါမယ်။ အိမ်မှာအလုပ်ရှိလို့ မိသားစုကိုအချိန်ပေးချင်လို့ နေမကောင်းလို့ ဆိုပြီး မလိုက်ဘဲနေရင် မင်းဟာ ယုံကြည့်စရာမကောင်းတဲ့သူ အသင်းအဖွဲ့စိတ်ဓါတ်မရှိတဲ့သူ အလိုအလျောက်ဖြစ်သွားပါလိမ့်မယ်။ အဲ့တာဆိုရင် မင်းဟာ အလုပ်မှာ အချိန်မရွေး အပယ်ခံဖြစ်သွားလိမ့်မယ်။ ဖယ်ကျဉ်ခံရတယ်ဆိုတာ ဂျပန်မှာ အဆိုးရွားဆုံး ပြစ်ဒဏ်ဖြစ်သည် ။
4. ဂျပန်တွေဟာ လူမျိုးရေးခွဲခြားတာတင်မကပါဘူး အမျိုးသမီးတွေအပ‌ေါ်လဲ ခွဲခြားဆက်ဆံပါတယ်။ ဂျပန်တွေရဲ့ စိတ်ဓါတ်ဟာ အာဖကန်နစ္စတန်လောက်မဆိုးပေမယ့် တခြားဖွင့်ဖြိုးပြီးနိုင်ငံတွေနဲ့ယှဉ်ရင် အတိတ်မှာ ကျန်နေခဲ့ပါတယ်။ ဂျပန်ဟာ အမျိုးသမီးသမီးတွေအပေါ် လုပ်ငန်းခွင်ခွဲခြားဆက်ဆံဆုံးနိုင်ငံဖြစ်ပါတယ်။ အလုပ်ချင်းတူပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လစာ 22.4% လျော့ပါတယ်။ အိမ်ထောင်တခုမှာ ဇနီးခင်ပွန်း အလုပ်အတူတူလုပ်ရတာချင်းတူပေမယ့် ဂျပန်ယောကျာ်းတွေဟာ အိမ်မှုကိစ္စတွေကို လုံးဝမလုပ်ပါဘူး။ အလုပ်ကနေ မောပန်းပြန်လာတာချင်းတူပေမယ့် ဂျပန်ယောကျာ်းတွေကတော့ အိမ်ပြန်ရောက်တာနဲ့တန်းနားကြပြီး မိန်းမတွေကတော့ အိမ်ပြန်ရောက်လဲ မနားရပါဘူး။ အဝတ်လျော် ထမင်းချက် အိမ်သန့်ရှင်းရေး ကလေးထိန်း အရာရာဟာ မိန်းမတွေရဲ့တာဝန်လို့ ဂျပန်အမျိုးသားတွေက မှတ်ယူထားကြတာပါ။ ဒါကြောင့်မို့လို့ ဂျပန်မှာ အိမ်ထောင်ပြုလိုသူ အမျိုးသမီး ရှားသထက်ရှားလာတာဖြစ်ပါတယ်။
5. ဂျပန်နိုင်ငံတွင် နေထိုင်မှုစရိတ်စက အလွန်ကြီးပါတယ်။ အခန်းငှားမယ်ဆိုရင် လပိုင်းကြိုတင် ပေးဆောင်ရမည်ဖြစ်ပြီး၊ တခါတလေမှာ အာမခံပေးသူ ရှိရပါမယ်။ ဒေသဆိုင်ရာ စာရွက်စာတမ်း လိုအပ်ချက်များလည်း ရှိနိုင်သည်။ တိုက်ခန်းအများစုတွင် အိမ်မွေးတိရစ္ဆာန်များကို ခွင့်မပြုပါဘူး။ အချို့ဆိုရင် ကလေးပါရင်လဲ မငှားတော့ပါဘူး။ တချို့ အိမ်ရှင်တွေဆိုရင် နိုင်ငံခြားသားများကို ငှားရမ်းပေးဖို့ ငြင်းပယ်လေ့ရှိပါတယ်။
6. ဂျပန်နိုင်ငံမှာ အရာအားလုံးဟာ သေးငယ်ပါတယ်။ တိုက်ခန်းအများစုဟာ ကျဉ်းမြှောင်းလှပါတယ်။ ဟင်းချက်ဖို့ နေရာလဲ သီးသန့်မပါပါဘူး။ နေစရာတိုက်ခန်းတင်မဟုတ်ဘဲ အဝတ်အစား ဖိနပ် စတာတွေကလဲ သေးငယ်ပါတယ်။ ခန္ဓာကိုယ်ကြီးသူတွေ အရပ်ရှည်သူတွေအတွက် သင့်တော်မယ့် ဆ်ုက်တွေ့ဖို့ ခဲယဉ်းပါလိမ့်မယ်။
7. ဂျပန်မှာ ဂျပန်စကားပဲသုံးပါတယ်။ သင်ဟာ အင်္ဂလိပ်စာတတ်တာပဲ ဂျပန်စကားမတတ်လဲ ဂျပန်မှာအဆင်ပြေပြေ နေနိုင်မယ်လို့ မထင်လိုက်ပါနဲ့။ ဂျပန်သည် အလွန်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ပေမယ့် ဥရောပနှင့်မတူဘဲ အင်္ဂလိပ်ကို လက်ခံကျင့်သုံးခြင်းမရှိပါဘူး။ ကမ္ဘာသုံး အင်္ဂလိပ်စကားဟာ ဂျပန်န်ုင်ငံမှာအသုံးမဝင်ပါဘူး။ လမ်းညွှန်ဆိုင်ဘုတ်တွေ၊ စီးပွားရေးလုပ်ငန်းဆိုင်းဘုတ်တွေ၊ စားသောက်ဆိုင်မီနျူးတွေ ဂျပန်စာပဲသုံးပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာဆိုရင် အနည်းဆုံးတော့ ဆေးကဒ်တွေ ဆေးဘူးတွေမှာပါတဲ့ ဆေးညွှန်းဟာ အဂ်လိပ်လိုရေးထားတာပါ။ အင်္ဂလိပ်စာ တလုံးတောင်မပါတဲ့ ဆေးဘူးတွေ ဆေးညွှန်းတွေပဲ ဂျပန်မှာရှိပါတယ်။ သင်ဟာ ဂျပန်စာမဖတ်တတ်ရင် လမ်းညွှန်စာအုပ် မဖတ်တတ်တာနဲ့ လမ်းပျောက်မှာပါ။ စားသောက်ဆိုင်သွားလဲ ဘာမှမှာလို့မရလို့ မစားရဘဲပြန်လာရမှာပါ။ ဆေးညွှန်းတွေနားမလည်လို့ ဘာဆေးသောက်လို့သောက်မယ်မှန်းမသိပါဘူး။ ပညာရပ်ဆိုင်ရာစာအုပ်တွေကိုလဲဂျပန်လိုသာ ရေးသားပါတယ်။ ဂျပန်အစိုးရအဆက်ဆက်ဟာ သူ့တို့နိုင်ငံသားတွေ ပညာရပ်မှန်သမျှကို ဂျပန်လိုလေ့လာလို့ရအောင် ‌ကျောင်းတွေ တက္ကသိုလ်တွေမှာ လုပ်ပေးထားပါတယ်။ မိခင်ဘာသာစကားက လိုလေးသေးမရှိပြည့်စုံနေမှတော့ တခြားဘာသာစကားကို သုံးစရာမလိုတာ ဂျပန်လုမျိုးတွေအတွက်မဆန်းပါဘူး။ ဒ ဂျပန်စာမတတ်လဲ အဂ်လ်ပ်စာတတ်တာဘဲဆိုပြီး ဂျပန်ကိုရောက်လာတဲ့ န်ုင်ငံခြားသားတွေအတွက်ကတော့ ဒုက္ခနဲ့လှလှ တွေ့ကိန်းကြုံပါလိမ့်မယ်။ ကမ္ဘာမှာ အသိပညာ အတတ်ပညာ တွေကို အဂ်လိပ်လိုသာရေးသားထားကြတာကြောင့် အဂ်လိပ်စာတတ်မှသာ အဲ့ဒီအသိပညာ အတတ်ပညာတွေကို သင်ယူနိုင်မှာပါ။ အဂ်လိပ်စာတတ်ရင် နိုင်ငံတော်တော်များများမှာအဆင်ပြေပြေနေနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်မှာတော့အဲ့လိုမဟုတ်ပါဘူး။
8. သဘာဝဘေးအန္တရာယ်တွေ အများကြီးဖြစ်လေ့ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ငလျင်လှုပ်တာက ပုံမှန်ပါပဲ။ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် ဆူနာမီနဲ့ တိုင်ဖွန်းမုန်တိုင်းတွေကလဲ အြမဲတမ်းဖလိုလိုဖြစ်နေတတ်ပါတယ်။

28/04/2024

မန္တလေးတိုင်း ညောင်ဦးမြို့နယ်ထဲက မြန်မာ့ရိုးရာ ဇော်ယိမ်းအက

18/04/2024

လူကြားထဲ ဘောင်းဘီလာချွတ်တဲ့သူတွေကို နင်ဘယ်လိုပြန်လုပ်လဲ

တရုတ်နိုင်ငံက ဆိုင်းဘုတ်တခုရဲတွေက သတိပေးချင်ပါတယ် ရန်ဖြစ်ခြင်းကို တားမြစ်ထားပါသည်။ တယ်လို့မင်းရှုံးရင် ဆေးရုံရောက်မယ်။ မ...
30/03/2024

တရုတ်နိုင်ငံက ဆိုင်းဘုတ်တခု
ရဲတွေက သတိပေးချင်ပါတယ် ရန်ဖြစ်ခြင်းကို တားမြစ်ထားပါသည်။ တယ်လို့မင်းရှုံးရင် ဆေးရုံရောက်မယ်။ မင်းနိုင်ရင် ဂျေးထဲအောင်းရမယ်တဲ့😁😁😁

ပေ့ခ်ျခိုးဖို့လုပ်တာနော် ဒါမျိုးတွေခဏခဏပဲ
22/03/2024

ပေ့ခ်ျခိုးဖို့လုပ်တာနော် ဒါမျိုးတွေခဏခဏပဲ

Address


Website

Alerts

Be the first to know and let us send you an email when Daily Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share