Celebrity Online Media

  • Home
  • Celebrity Online Media

Celebrity Online Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Celebrity Online Media, News & Media Website, Online, .

အိမ်ထောင်သက် ၅ နှစ်ပြည့် anniversary မိသားစု အမှတ်တရပုံတွေ ရိုက်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်"ဒီနေ့က ဒီဒီတို့ရ...
05/03/2023

အိမ်ထောင်သက် ၅ နှစ်ပြည့် anniversary မိသားစု အမှတ်တရပုံတွေ ရိုက်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်

"ဒီနေ့က ဒီဒီတို့ရဲ့ ၅ နှစ်ပြည့် anniversary လေးပါ "ဆိုပြီး မတ်လ ၄ ရက်နေ့မှာ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်က သူ့ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာမှာရေးသားထားပါတယ်။

Photo credit-SandyMyintLwinfacebook

နှလုံးရောဂါနဲ့ကွယ်လွန်သွားတဲ့ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ၊ ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးနိုင်ငံတော် သရုပ်ဆေ...
21/02/2023

နှလုံးရောဂါနဲ့ကွယ်လွန်သွားတဲ့ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ၊ ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး

နိုင်ငံတော် သရုပ်ဆောင် ထူးချွန်ဆု (ဒုတိယအဆင့်) ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ၊ ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး အသက် (၅၇) နှစ်က ၂၁ . ၂ . ၂၀၂၃ အင်္ဂါနေ့မှာ ဘဝတပါးသို့ ကူးပြောင်းသွားပြီး ၂၃ . ၂ . ၂၀၂၃ ကြာသာပတေးနေ့မှာ ရုပ်ကလပ်အား ရေဝေးသုသာန်တွင် မွန်းလွဲ ( ၂ ) နာရီအချိန်မှာ မီးသင်္ဂြိုလ်မှာ ဖြစ်ကြောင်းသိရပါတယ်။

MUSCLE REPUBLIC Gym & Fitness ရဲ့ Grand Opening အခမ်းအနားပြုလုပ်ခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မင်းမြတ်စိုးစံ မော်ဒယ်လ်၊ သ...
15/02/2023

MUSCLE REPUBLIC Gym & Fitness ရဲ့ Grand Opening အခမ်းအနားပြုလုပ်ခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မင်းမြတ်စိုးစံ

မော်ဒယ်လ်၊ သရုပ်ဆောင် မင်းမြတ်စိုးစံ က
MUSCLE REPUBLIC Gym & Fitness ရဲ့ Grand Opening ပွဲလေးကို တောင်ဥက္ကလာပမြို့နယ်၊ရတနာလမ်း၊ မလိခအိမ်ရာရှေ့ မှာကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲကို အဆိုတော် ဂရေဟမ် ၊ စိန်လင်း ( Aroma ) ၊ ဒေါင်းဝေ ၊ မိုးစက် ၊ လုလင်ပျို ၊ စိုင်းဟိန်း ၊ ပန်းရောင်ခြယ် ၊ ချောငယ် ၊ ပန်းသွန်းခြယ် ၊ Alex ၊ဆုလာဘ်ဝိုင် တို့တက်ရောက်ခဲ့ပါတယ်။
Gym&Fitness

ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကေကေမိုးမြင့် သရုပ်ဆောင် ကေကေမိုးမြင့်သည် ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီးေ...
08/02/2023

ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ကေကေမိုးမြင့်

သရုပ်ဆောင် ကေကေမိုးမြင့်သည် ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဖေဖော်ဝါရီလ ၇ရက်နေ့ ည ၉နာရီ၂၅မိနစ် မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။


မွေးနေ့မှာ ပထမဆုံးအကြိမ်သွေးလှူခဲ့တဲ့  MRTV4 သရုပ်ဆောင် စည်သူဝင်း MRTV4 သရုပ်ဆောင် စည်သူဝင်းက သူ့ရဲ့မွေးနေ့မှာ အမျိုးသား...
01/02/2023

မွေးနေ့မှာ ပထမဆုံးအကြိမ်သွေးလှူခဲ့တဲ့ MRTV4 သရုပ်ဆောင် စည်သူဝင်း

MRTV4 သရုပ်ဆောင် စည်သူဝင်းက သူ့ရဲ့မွေးနေ့မှာ အမျိုးသားသွေးလှူဘဏ်ကို သွေးလှူခဲ့တဲ့အကြောင်းကို
"မွေးနေ့မှာ ပထမဆုံးအကြိမ်သွေးလှူခြင်း"ဆိုပြီး သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ယက် Facebook မှာရေးသားထားပါတယ်။

-SiThuWin'sFacebook

International SCO Film Festival မှာ ဘောလိဝုဒ်အနုပညာရှင်များနဲ့ တန်းတူချီးမြှင့်သော ရုပ်ရှင်အနုပညာထူးချွန်ဂုဏ်ပြုဆု ဆွတ်ခ...
30/01/2023

International SCO Film Festival မှာ ဘောလိဝုဒ်အနုပညာရှင်များနဲ့ တန်းတူချီးမြှင့်သော ရုပ်ရှင်အနုပညာထူးချွန်ဂုဏ်ပြုဆု ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာအမျိုးသမီး ဒါရိုက်တာကျော်နှင်းဆီ

"အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်သောနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီးတွင် ဘောလိဝုဒ်အနုပညာရှင်များနှင့် တန်းတူချီးမြှင့်သော ရုပ်ရှင်အနုပညာထူးချွန် ဂုဏ်ပြုဆုရရှိခဲ့ပြီး ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။
The Listening Eye နှင့် The Attachment အနုပညာဖန်တီး မှုများနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။"ဆိုပြီး ဒါရိုက်တာကျော်နှင်းဆီ က သူမရဲ့
လူမှုကွန်ယက် Facebook မှာရေးသားထားပါတယ်။

-DirectorKyawHninSi'sFacebook

"ယုံကြည်ရသူနဲ့စိတ်ချရသူဆို ဘာကိုရွေးမလဲ" လို့ဆိုတဲ့ သရုပ်ဆောင်အောင်မင်းခန့် သရုပ်ဆောင်အောင်မင်းခန့်က "ယုံကြည်ရသူနဲ့စိတ်ခ...
29/01/2023

"ယုံကြည်ရသူနဲ့စိတ်ချရသူဆို ဘာကိုရွေးမလဲ" လို့ဆိုတဲ့ သရုပ်ဆောင်
အောင်မင်းခန့်

သရုပ်ဆောင်အောင်မင်းခန့်က "ယုံကြည်ရသူနဲ့စိတ်ချရသူဆို ဘာကိုရွေးမလဲ"ဆိုပြီး သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ယက်
မှာ ရေးသားပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်ပါတယ်။

-AungMinKhant'sFacebook

21/01/2023

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ Mister & Miss Indian Traditional ပွဲလေးလုပ်တာပါ... မချိုချိုသိန်း(Mister & Miss Indian Traditional ပွဲစီစဉ်သူ)

နိုင်ငံကျော်အနုပညာရှင်များကို အိန္ဒိယအက သင်ပေးခဲ့ပြီး အက သင်တန်း လည်း ဖွင့်ထားပါတယ်... V Jay(အိန္ဒိယအကပညာရှင်)



Miss Universe 2022 ပြိုင်ပွဲ Winner Crown ဆုကို USA အလှမယ် ဆွတ်ခူးရရှိအမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းစ်မြို့မှာ ကျင်းပ...
18/01/2023

Miss Universe 2022 ပြိုင်ပွဲ Winner Crown ဆုကို
USA အလှမယ် ဆွတ်ခူးရရှိ

အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းစ်မြို့မှာ ကျင်းပပြုလုပ်တဲ့။ ၇၁ ကြိမ်မြောက် Miss Universe 2022 အလှမယ်ပြိုင်ပွဲကြီးမှာ USA အလှမယ် အာဘန်နီဂေဘရီယယ်က Winner Crown ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်

-Miss Universe 2022 Organization

"နှစ်ဖက်သောမိဘများကသဘောတူခွင့်ပြုပါသဖြင့်လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ  ဆိုတဲ့ သရုပ်ဆောင် အကယ်ဒမီ ...
22/02/2022

"နှစ်ဖက်သောမိဘများကသဘောတူခွင့်ပြုပါသဖြင့်လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ ဆိုတဲ့ သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော်"

"နှစ်ဖက်သောမိဘများကသဘောတူခွင့်ပြုပါသဖြင့်လက်ထပ်ထိမ်းမြား
မင်္ဂလာပွဲကျင်းပပြုလုပ်ပြီးစီးခဲ့ပါပြီ ...
ဝေဠုကျော် +ရေကြည်ချမ်းမြ
ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ "ဆိုပြီး သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော်က သူ့ရဲ့ facebook မှာ အသိပေးရေးသားထားပါတယ် ။

Aroma

"Korea နိုင်ငံ Seoul မြို့မှာ ကျင်းပတဲ့  2020 Untact Asia Model Festival/ Awards က ​"Asia Special Award" ​​ဆုချီးမြှင့်ခ...
06/12/2020

"Korea နိုင်ငံ Seoul မြို့မှာ ကျင်းပတဲ့ 2020 Untact Asia Model Festival/ Awards က ​
"Asia Special Award" ​​ဆုချီးမြှင့်ခံရတဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး"

"Korea နိုင်ငံ Seoulမြို့မှာ ကျင်းပတဲ့ 2020 Untact Asia Model Festival/ Awards က ​ဖွေး ကို ချီးမြှင့်ခဲ့တဲ့
"Asia Special Award" ​​လေး နဲ့ အမှတ်တရ ..
Darlings ​တွေ Oopsies ​တွေ ​မျှော်​နေမယ်ဆိုတာ သိလို့...
2020 covid 19 ကာလဖြစ်လို့ ဒုက္ခ ​တွေထဲ က ​ပျော်စရာ ​တောက်​တောက်ပပ ​လေးတခု ဖြစ် လာခဲ့တယ် ​ပေါ့ ရှင်... 🤍✨မြန်မာ့ရုပ်ရှင် မှ ချီးမြှင့်တဲ့ အကယ်ဒမီ ၃ ဆု ပြီးရင်... This "Asia Special Award" is my very 1st award i ever achieved from Abroad ....
Thanks heaps to Asia Model Festival Organizing Commitee Chairman Mr. Yang Eui Sig &
​JBJ Entertainment ကို​လည်း ​ကျေးဇူးတင်ပါတယ်ရှင့်... ဒီဓါတ်ပုံ​တွေ ကို ​ရော, ​ဖွေး အကြိုက် ဝတ်စုံ​လေးကို ​ရော, ဆံပင်​ရော မိတ်ကပ်​ရော က ​ချစ်ခြင်းမေတ္တာ နဲ့ ဝိုင်း ဖန်တီး​ပေးကြတာဖြစ်လို့.. .
Photographer Ko Aung Kyaw Tun (Visual Design)
MUA & Hair By T Cho+ T Khine(HELLO)
Dress By Ko Phyo Ko ( Extraordinary Fashion) တို့ကို လဲ ​ကျေးဇူးမ​မေ့ပါဘူးရှင်...
Photography Art Direction ​ပေးတဲ့ တ​နေ့လုံး လာ​နေ​ပေးကြတဲ့ချစ် ညီမ​လေး ပွင့်သိင်္ဂီ​ဇော် + The Alphabet T တို့ကိုလဲ Cheers!!! 😁😁
ဒီဆု​လေးဟာ ​ဖွေးကိုချစ်​ပေးခဲ့သူ​တွေ အားလုံးအတွက်​လက်ခံယူတဲ့ ဆု​လေးပါ...
I Hope You Are Proud of me...
ဆက် ကြိုးစားသွားပါဦးမယ်....​နော်.....
As I Told you before ...its all love...
I am made of y'all love..."ဆိုပြီး ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက သူမရဲ့ facebook မှာရေးသားထားပါတယ်။

Credit-PhwayPhway'sFacebook

"ကျွန်တော့်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်အဖြေထွက်လာပါတယ် လို့အသိပေးခဲ့တဲ့"ချန်ပီယံ အောင်လအန်ဆန်"ချစ်ခ...
03/07/2020

"ကျွန်တော့်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်
အဖြေထွက်လာပါတယ် လို့အသိပေးခဲ့တဲ့"ချန်ပီယံ အောင်လအန်ဆန်

"ချစ်ခင်ရပါသောမိသားစုဝင်များနှင့်မိတ်ဆွေသူငယ်ချင်းများခင်ဗျာ၊ကျွန်တော်တနင်္လာနေ့တုန်းကကိုဗစ်-၁၉စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး
ဒီနေ့မှာတော့ကျွန်တော်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ဒါကြောင့်ကျွန်တော်နဲ့
ကျွန်တော့်မိသားစုကွာရန်တင်း၁၄ရက်နေထိုင်ရတော့မှာဖြစ်
ပါတယ်။နေထိုင်မကောင်းစဖြစ်တဲ့ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရကြပ်တာ၊ကိုယ်လက်ကိုက်ခဲတာနဲ့မောပန်းတာတွေခံစားခဲ့ရပါတယ်။ဒါပေမယ့်ကျွန်တော့်မိသားစုဝင်တွေ
ကတော့နေထိုင်ကောင်းပြီးကောင်းမွန်စွာအဆင်ပြေနေတဲ့
ကောင်းကြီးခံစားရပါတယ်။ကျွန်တော်တို့ဒီအခြေအနေကို
အတူတကွအကောင်းဆုံးရင်ဆိုင်ပြီး၊
ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ"
ဆိုပြီးအောင်လအန်ဆန်ကအသိပေးပြောကြားပြီးသူ့ရဲ့facebook မှာရေးသားဖော်ပြထားပါတယ်။

Credit-AungLaNSeng'sFacebook

10/06/2020

"ကျွန်မနဲ့သားလေးကိုချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့
တချို့ အရေးကြီးသတင်းတွေကို တကူးတက မီဒီယာကနေ သတင်းစာကနေ မကြေငြာတာပါ ဆိုတဲ့ အကယ်ဒမီ သရုပ်ဆောင် မယ်လိုဒီ"

"လူတွေမှာ နား နှစ်ဖက်ရှိတယ်(တစ်စုံ)
မျက်လုံး ၂လုံးရှိတယ်(တစ်စုံ)
ပါးစပ်တစ်ပေါက်ရှိတယ်
ကြားရတာ မြင်ရတာ အမှန်လား အမှားလား ခွဲခြားနိုင်စွမ်းကတော့ အသိညဏ်ပညာနဲ့ဆင်ခြင်တုံတရားဘဲ
ဘဝမှာ ယနေ့ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာ ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကအသိဆုံးဘဲ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ရလို့ ဘေးပတ်ဝန်းကျင်ကိုတောင် လှည့်ကြည့်ဖို့မအားပါဘူး
ဒါပေမယ့် ပတ်ဝန်းကျင်ကိုလည်း စော်ကားတတ်တဲ့စိတ်မရှိပါဘူး
ဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ
ကျွန်မကြောင့် အကုသိုလ် အတွေး အရေး အပြောတွေ ဖြစ်မှာစိုးလို့
ကျွန်မနဲ့သားလေးကိုချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့
တချို့ အရေးကြီးသတင်းတွေကို တကူးတက မီဒီယာကနေ သတင်းစာကနေ မကြေငြာတာပါ
ခုကာလကလည်း ကိုယ့်အသက် မိသားစုအသက် ကို အထူးဂရုစိုက်ရချိန်မှာ အကုသိုလ်စိတ် ပိုပြီး မဖြစ်စေချငိတာပါ
ကျွန်မဘဝကို အားကျတယ်လို့ပြောခဲ့တဲ့သူတွေကို
ကျွန်မ ပြန်ပြောနေကျစကားတစ်ခွန်းရှိပါတယ်
(အိမ်မှာကျွန်မနေရာမှာ တပတ်လောက်နေကြည့်ပါလို့)
ခုချိန်မှာ သားရဲ့အနာဂတ်အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ဘဲ ကြိုးစားပါတယ်
ဘဝလမ်းမှာ တစ်ယောက်တည်းပြေးရတာ ပိုအဆင်ပြေပါတယ်
နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေ
သိက္ခာအရ ပတ်ဝန်းကျင်အနေအထားရ
ကျောပိုးနိုင်လဲ ၅နှစ်ပေါ့
တသက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲရေသွန်သလို
ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလို
ဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ်သေခဲ့ရတာပါ
လိမ်ခြင်းကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူ
လိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လား
မသိ အကြိမ်ကြိမ်အလိမ်ခံရတယ်
ရိုးရှင်းပါတယ်
ကိုယ့်ဘဝကိုကြောင်း
ကိုယ့်ထမင်းကိုယ်ရှာစားပြီး
အိမ်ခြေမဲ့ အနေအထားပျက်
အကြိမ်ကြိမ်အလိမ်ခံရတာတောင်
၅နှစ်ကျော် အပြုံးမပျက်
တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံမှာ
ကိုယ့်စရိတ်ကိုယ်စား
ကံကောင်းသောသူလား တိတ်တဆိတ်နေခဲ့တာပါ
အကယ်ဒမီသာပေးရင် ၅နှစ်ဆက်တိုက်ကိုတစ်ယောက်တည်းရမှာ
ပြီးဆုံးသွာရတဲ့ဇာတ်လမ်းလေးမှာ ကိုယ်ဟာ အခြားအမ်ျုးသမီးတွေလို သိန်းပေါင်းများစွာ ကားတွေ တိုက်တွေ condo တွေ မရခဲ့သလို
ကိုယ့်ကိုလူကောင်းထင်စေဖို့အလို့ငှါ
သူတစ်ပါးကို သူယုတ်မာလို့ ထင်ရောင်ထင်မှားဖြစ်အောင် မရေး မပြော ခဲ့ပါဘူး
ပြီးဆုံးပြီးသား ဇာတ်လမ်းတပုဒ်ကိုလဲ အစကပြန်မကချင်ပါဘူး
ထွေးပြီးသားတံတွေး ပြန်မလျှက်သလို
ရွံပါတယ်ပြောပြီး ပိုက်ဆံလေးနည်းနည်းရလဲမဆိုးပါဘူးဆိုပြီး အတင်းလိုက်ပက်သတ်နေတဲ့ မိန်းမစားထဲမှာလဲ ကျွန်မ မပါဘူး
အမ်းပြီး ချစ်ရတာ မရှက်ပါဘူး
ချူပြီး မှီပြီး လိမ်စားနေတာမှမဟုတ်တာ
ငါးစိမ်းမြင်ငါးကင်ပစ်တာမဟုတ်ပါဘူး
ငါးမြင်တာနဲ့တင် အမ်းရတော့မှာပါလားဆိုပြီးကြောက်နေပါပြီ
ကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ်ထောင်ဦးမှာပါ😇
ချစ်သာသူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့
တိတ်တဆိတ်နေနေခဲ့တာပါ
အခြေနေအရပ်ရပ်ကိုစဆုံး သိပြီး ချစ်ကြ အားပေးကြတဲ့ အစ်မတွေ အစ်ကိုတွေနဲ့
ဟင်းတွေ တနေ့တမျိုးမရိုးနိုင်အောင် ပို့ပေးကြတဲ့ မေမေစန်းနဲ့ ချစ်ရပါသော အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်🙏🏻
ဘာအကြောင်းကြောင့်နဲ့မှမလိမ်နဲ့ အဖြူရောင်မုသားလဲမသုံးနဲ့ မေးတာ မဖြေလို့ရတာ ဖြေရင်တော့ အမှန်တရားဖြစ်ပါစေ
ရိုးသားတာလေးကိုတပ်မက်ခဲ့တာလေ
ရိုးသားတာလေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာဘဲ
ကိုယ့်ဘဝမှာဖြူစင်ခြင်းအားနည်းခဲ့လို့
တကူးတကဖြူတာရှာထားပါတယ်ဆိုမှ လိမ်ခြင်းကရင်ဝကို စုံကန်တော့တာဘဲ
ခုတော့ တရားဝင်ပြောပါတော့မယ်

🌟ကျွန်မ ဘုရင်မ ပြန်ဖြစ်သွားပြီ🌟

😇၆နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့သားလေးတစ်ယောက်တော့ ဘုရားကဆုလက်ဆောင်အဖြစ်ပေးလိုက်တယ်ရှင်😇
ဆုံးရှုံးမူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေပါတယ်😎
သူမဖောက်ပြန်ဘူး
ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ်
တယောက်နဲ့တယောက် သည်းခံနိုင်တဲ့အကြောင်းတရားခြင်းမတူဘူးလေ
စုံစမ်းမေးမြန်းခြင်းသည်းခံပါ🙏🏻🙏🏻🙏🏻🙏🏻"
ဆိုပြီး အကယ်ဒမီ သရုပ်ဆောင် မယ်လိုဒီက သူမရဲ့facebook မှာရေးသားထားပါတယ်။
Credit-Melody's Facebook

06/06/2020

လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို
ပိုင်ဆိုင်ခွင့်ရခဲ့ပြီဆိုတဲ့ အဆိုတော်အိမ့်ချစ် မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုး

"မေတ္တာတရားတွေလွှမ်းခြုံပြီး
ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး
နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး
ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ

ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး
လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ
မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက
ခါးသီးလွန်းခဲ့တယ်
ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့
အချိန်တွေရင်ဆိုင်ရတိုင်းမှာ
မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု
လိုချင်ခဲ့တာ...
ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု
ကမ်းလင့်တဲ့လက်လေးတစ်စုံကို
ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ❤️

မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့်
ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း
ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ
မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ
ကျင်းပပါမယ်ရှင့်

အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ
ချစ်ပေးကြပါလို့ ❤"️အဆိုတော်အိမ့်ချစ်က သူမရဲ့facebook မှာရေးသားထားပါတယ်။

အဆိုတော် R ဇာနည်နဲ့ ၀မ်းတို့ရဲ့ တတိယမြောက် သမီးလေးမွေးဖွား"သမီးလေး ဒီနေ့မနက်မှာ ကျွန်တော်တို့မိသားစုဘဝထဲကို ရောက်လာပါပြီ...
14/05/2020

အဆိုတော် R ဇာနည်နဲ့ ၀မ်းတို့ရဲ့ တတိယမြောက် သမီးလေးမွေးဖွား

"သမီးလေး ဒီနေ့မနက်မှာ ကျွန်တော်တို့မိသားစုဘဝထဲကို ရောက်လာပါပြီ သမီးလေး ကျန်းကျန်းမာမာနဲ့ ကမ္ဘာမြေကြီးအတွက် ကံကောင်းချင်းတွေ ချစ်ချင်းမေတ္တာတရားတွေ တစ်ပွေ့တစ်ပိုက်ကြီးသယ်ဆောင်လာပါပြီ ကမ္ဘာသူကမ္ဘာသား များနှင့် သတ္တဝါများအားလုံး လဲကျန်းမာချမ်းသာ ၍ ကမ္ဘာမြေကြီးလဲစိမ်းလန်းဆိုပြေသာယာလှပပါစေ 🙏❤️"

R+1 - 14,5,2020
ဆိုပြီး အဆိုတော် R ဇာနည်က သူ့ facebook မှာရေးထားပါတယ်။
Credit-RZarNiFacebook

"အနုပညာသည်ဘဝကို အပြီးတိုင်စွန့်လွှတ်ပြီး သာမာန်ပြည်သူ တစ်ယောက်အဖြစ်သာနေထိုင်သွားတော့မယ့် အဆိုတော် ရေဗက္က၀င်း"ကျွန်မအခုအချိ...
03/04/2020

"အနုပညာသည်ဘဝကို အပြီးတိုင်စွန့်လွှတ်ပြီး သာမာန်ပြည်သူ တစ်ယောက်အဖြစ်သာနေထိုင်သွားတော့မယ့် အဆိုတော် ရေဗက္က၀င်း"

ကျွန်မအခုအချိန်ကနေ နောက်ထပ် 24နာရီပြည့်တဲ့အချိန်ကစပြီး FB သုံးခြင်းရပ်နားပါပြီရှင်...
ကျွန်မကို ဆက်သွယ်ချင်ရင် ဖုန်းကနေတဆင့်ဆက်သွယ်နိုင်ပါတယ်ရှင်...
ကျွန်မ group chat အသီးသီးက ထွက်သွားတာ မည်သူကြောင့် မည်သည့်ပြဿနာကြောင့်မှ မဟုတ်ဘဲ FB ဆက်လက်မသုံးစွဲတော့တာဖြစ်တဲ့အတွက်သာ ဖြစ်ပါတယ်ရှင်...
တဆက်တည်းမှာပဲ ကျွန်မရဲ့ အနုပညာလုပ်ငန်းနှင့် လှုပ်ရှားမှုများအားလုံးအပြီးတိုင် ရပ်နားလိုက်ပြီဖြစ်ပါသောကြောင့် ကျွန်မကို အနုပညာရှင်(သို့) အနုပညာသမားဟု လုံးဝ(လုံးဝ) ခေါ်ဝေါ်သုံးနှုန်း အသိအမှတ်ပြုခြင်း မပြုလုပ်ကြဖို့ရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်...
နောက်နောင် ကျွန်မရဲ့ကျန်ရှိနေသော နေ့ရက်များအတွက် သာမာန်ပြည်သူတစ်ယောက်အဖြစ်သာ နေထိုင်သွားမှာဖြစ်ပြီး ကျွန်မရဲ့ အနုပညာသည်ဘဝကို အပြီးတိုင်စွန့်လွှတ်နေထိုင်သွားမည်ဖြစ်သောကြောင့် ကျွန်မ အနုပညာအမည်ဖြစ်သော ရေဗက္ကဝင်းအမည်ကိုပင် ခေါ်ဝေါ်သုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်...
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင်....ဆိုပြီး

Credit-RebeccaWin Facebook

15/02/2020

ဖေ​ဖော်ဝါရီလ ၁၄ ရက် ချစ်သူများ​နေ့မှာ "​ရွှေဖူးစာ"ရုပ်ရှင်ကန်​တော့ ပွဲပေးကိုတက်ရောက်လာတဲ့ သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး

Photo-Amazing Grace

သရုပ်ဆောင် မေသန်းနု ဖြစ်စဉ်နဲ့ပတ်သက်ပြီးအကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်းပြောတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်"...
03/01/2020

သရုပ်ဆောင် မေသန်းနု ဖြစ်စဉ်နဲ့ပတ်သက်ပြီးအကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်းပြောတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

"ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင်"ဆိုပြီး
ဒါရိုက်တာစင်ရော်မောင်မောင်က သူ့ရဲ့ ဖေ့ဘုတ်မှာရေးသားထားပါတယ်။
Credit-ZinYawMgMg'sFacebook

01/01/2020

ဒီဇင်ဘာလ 31 နေ့ မှာကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်၊ တေးသံရှင် စိုးနန္ဒာကျော်ရဲ့ "2020မှာတမ်း" တေးစီးရီး ပရိုမိုးရှင်းနဲ့စာနယ်ဇင်း မိတ်ဆက်ပွဲပုံရိပ်များ


Photo-SoeNandarKyawFacebook

25/12/2019

'ညညညည' တေးစီးရီးထွက်ရှိထားတဲ့ 'တေးသံရှင် ဗီဇ' နဲ့ ခဏတာ အင်တာဗျူး

MMH

16/12/2019

Sayarama Luntaya Acheik & Fabric ဆိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

MMH

အဌမအကြိမ်မြောက် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ရွှေပြည် Resort တွင်ကျင်းပမည်အဌမအကြိမ်မြေ...
26/11/2019

အဌမအကြိမ်မြောက် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော် ရွှေပြည် Resort တွင်ကျင်းပမည်

အဌမအကြိမ်မြောက် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနဲ့ အရောင်းပွဲတော်ကို ရွှေပြည် Resort ပန်းပုရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ပြုလုပ် ကျင်းပမှာ ဖြစ်ကြောင်းသိရပါတယ်၊ဆုကြေးငွေ ကျပ်ငွေ ၁၀ သိန်းမှ ကျပ်ငွေသိန်း ၁၀၀ အထိ ချီးမြှင့်မှာ ဖြစ်ပြီး ပွဲတော်နောက်ဆုံးညတွင် ဆုပေးပွဲ ကျင်းပ မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် မြို့ ရွှေမန်းသား ဖိုးချစ်နှင့် အနုပညာရှင်များမှ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ကြောင်းသိရပါတယ်။

22/11/2019

LUX Yuzu Blossom ဆပ်ပြာရည် အသစ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

22/11/2019

မိတ်ကပ်ပညာရှင်ခင်စန်းဝင်း(မကြီးစန်း)ရဲ့ KSW cosmetic အလှကုန်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

အနုပညာရှင်များစွာဖျော်ဖြေခဲ့တဲ့ အထက (၂) တာမွေ ကျောင်းသား၊ ကျောင်းသူဟောင်းများရဲ့အာစရိယပူဇော်ပွဲနဲ့ Gathering Dinner 2019...
22/11/2019

အနုပညာရှင်များစွာဖျော်ဖြေခဲ့တဲ့ အထက (၂) တာမွေ ကျောင်းသား၊ ကျောင်းသူဟောင်းများရဲ့အာစရိယပူဇော်ပွဲနဲ့ Gathering Dinner 2019 ကျင်းပပြုလုပ်

16/11/2019

သဘာဝလက်ဖက်စိမ်းနဲ့ရှားစောင်းလက်ပတ်အဆီအနှစ်ကို ပြုလုပ်ထားတဲ့ Lifebuoy Matcha ရေချိုးဆပ်ပြာအသစ်
ပထမဆုံးစတင်မိတ်ဆက်အခမ်းအနားကျင်းပပြုလုပ်

MMH

15/11/2019

YVES ROCHER FRANCE အလှကုန်ပစ္စည်းများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်းဝယ်ယူသုံးစွဲသူများထဲမှ ပြင်သစ်နိုင်ငံသို့ သွားရောက်လေ့လာရန် ကံထူးရှင် ၂ ဦး ရွေးချယ်မည်

MMH

06/11/2019

Laurel Art Academy မှ ရိုက်ကူးထုတ်လုပ်မယ့်
A တစ်စုံတစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက် ကန်တော့ပွဲပေးအခမ်းအနားကျင်းပ


26/10/2019

အမေရိကန်တက္ကသိုလ်ရန်ကုန်တွင်ပညာသင်ကြားနိုင်မည့်အစီအစဉ်များနှင့်ပတ်သတ်၍ရှင်းလင်းပြောကြားခဲ့
========================================
အမေရိကန်နိုင်ငံတွင်ပညာသင်ကြားနိုင်မည့်အစီအစဉ်များနှင့်ပတ်သတ်၍American Univerdity Of Yangonမှရှင်းလင်းပွဲကို အောက်တိုဘာလ၂၅ ရက်နေ့ကရန်ကုန်မြို့Pan Pacific ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အမေရိကန်တက္ကသိုလ်ရန်ကုန်တွင်ကျောင်းသားများအနေဖြင့်အမေရိကန်နိုင်ငံရှိတက္ကသိုလ်များ၏သင်ရိုးများအတိုင်းသင်ကြားပေးမည်ဖြစ်ပြီးတက္ကသိုလ်၏သင်ကြားမှုပုံစံမှာအထွေထွေဘာသာရပ်ပေါင်း(၂၂)ခုကိုလေ့လာရမည်ဖြစ်သည်။
အမေရိကန်ရှိကျောင်းများမှာကျောင်းဝင်ခွင့်လွယ်ကူပြီးဘွဲ့ရရှိရန်ခက်ခဲသည့်အတွက်ကျောင်းသားများအနေဖြင့်ဝင်ခွင့်ကိုလွယ်ကူစွာလျှောက်ထားနိုင်ပြီးနှစ်နှစ်ပရိုဂရမ်များဖြစ်သည့်အတွက်ပထမနှစ်ကောင်းတက်ချိန်တွင်ကျောင်းသားမှအမေရိကန်ပညာရေးနှင့်ကိုက်ညီမှုရှိမရှိကိုသိရှိနိုင်မည်ဖြစ်သည်။
ပထမနှစ်နှစ်တွင်ကျောင်းသားများအနေဖြင့်မြန်မာနိုင်ငံမှာပင်တက်
ရောက်နိုင်ပြီးနောက်ထပ်နှစ်နှစ်ကျောင်းတက်ချိန်မှသာအမေရိကန်နိုင်ငံသို့သွားရောက်ကျောင်းတက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်(၂)နှစ်သင်ကြားအပြီးတွင်ရန်ကုန်မြို့တွင်Associate Degreeကိုရယူနိုင်ပြီးBacheor Degreeရယူရန်အတွက်လည်းအမေရိကန်နိုင်ငံရှိကယ်လီဖိုးနီးယား၊နယူးယောက်၊မီနီဆိုးတား၊ကန်တာကီနှင့်မေရီလန်းပြည်နယ်ရှိပါတနာအစိုးရတက္ကသိုလ်များတွင်ကြိုက်နှစ်သက်ရာမေဂျာများကိုရွေးချယ်တက်ရောက်နိုင်မည်ဖြစ်သည်။
လက်ရှိတွင်အမေရိကန်တက္ကသိုလ်ရန်ကုန်မှ၄၆ဦးမှာအမေရိကန်တက္ကသိုလ်များတွင်ပညာသင်ကြားလျက်ရှိပြီးBeache-Ior Degreeရရှိသူကျောင်းသားကျောင်းသူများရှိကြောင်းလက်ရှိပညာသင်ကြားနေသောကျောင်းသူကျောင်းသားဦးရေစုစုပေါင်း ၁၆၂ ဦး ပညာသင်ကြားလျက်ရှိကြောင်းသိရှိရသည်။

01/10/2019

အဆိုတော် L ဆိုင်းဇီ ရဲ့ "မိုးကောင်းကင်ခရီး" တေးစီးရီး မိတ်ဆက်အခမ်းအနား

MMH

Address

Online

Website

Alerts

Be the first to know and let us send you an email when Celebrity Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share