Thamaga Wall

Thamaga Wall Liberty, Equity, Realty
No(590),Thumingalar Road, South Okkalapa Township

အာရှ-ပစိဖိတ်အိမ်ခြံမြေကွန်ဗန်းရှင်း နှီးနှောဖလှယ်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ထိုင်းနိုင်ငံသို...
06/10/2023

အာရှ-ပစိဖိတ်အိမ်ခြံမြေကွန်ဗန်းရှင်း နှီးနှောဖလှယ်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ
....

အာရှပစိဖိတ် အိမ်ခြံမြေ ကွန်ဗေးရှင်း နှင့်ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်(FIABCI - Thai)နှီးနှောဖလှယ်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) ထိုင်းနိုင်ငံသို့ ရောက်ရှိနေလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့ ထွက်ခွာခဲ့ရာ ယင်းနေ့ မနက်ပိုင်းက ထိုင်းနိုင်​ငံလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရပြီးနှီးနှောဖလှယ်ပွဲကို ယခုလ ၅ရက်မှ ၆ ရက်ထိ ၂ရက်ကြာအဖြစ် ဘန်ကောက်မြို့၊The Berkeley ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့အသင်းသူ၊ အသင်းသား၁၀၀ ကျော်တက်ရောက်မည်ဖြစ်သည်။

" နှီးနှောဖလှယ်ပွဲမှာ အိမ်ခြံမြေနဲ့ သက်ဆိုင်ရာ အမှတ်တံဆိပ်များကို ဘယ်လိုရောင်းချမလဲ။အပန်းဖြေ ရိပ်သာ၊ဇိမ်ခံပစ္စည်းများကို ဘယ်လိုရောင်းချမလဲ။နိုင်ငံခြားသားများပိုင်ဆိုင်တဲ့ အိမ်ခြံမြေအဆောက်အ ဦးများကို ပိုင်ဆိုင်မှုနဲ့ စပ်လျဉ်းတဲ့ မည်သည့်နေရာတွေမှာ အဆင်ပြေလွယ်ကူစွာ ဝယ်ယူရောင်းချမလဲ။ သီးခြားလွတ်လပ်တဲ့ ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်မည်ကဲ့သို့ ဖြစ်မြောက်အောင် လုပ်ဆောင်မည် နည်း၊ ဟိုတယ်နှင့် အဆောက်အဦးတွေကို ဘယ်လိုရောင်းဝယ်ဖောက်ကားမလဲ ဆိုတဲ့ သင်တန်းမျိုး တွေကို ဆွေးနွေးဖလှယ်သွားမှာဖြစ်ပါတယ်။ဒါ့ကြောင့်မို့ တက်ရောက်တဲ့အတွက် အိမ်ခြံမြေအကျိုး ဆောင်ပဲဖြစ်ဖြစ်၊ Developer တွေပဲဖြစ်ဖြစ် ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနနဲ့ နှီးနှောဖလှယ်ပွဲကို တက် ရောက်ပြီး အသိပညာဗဟုသုတွေ ရယူပြီးတော့ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် အရာတွေကို လုပ် ဆောင်သွားမမယ်” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း မှပြန်ကြားရေးတာဝန်ခံ ဦးယဉ် ထွေးက မီဒီယာများ၏မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားသည်။

"မြန်မာနိုင်ငံအိမ်ခြံမြေအသင်းဝင်ဦးရေ ၁၀၀၀၀ ကျော်ရှိပါတယ်။ဒီထဲမှာမှ ဥက္ကဌ​ကြီးဦးခင်​မောင်သန်းဦးဆောင်ပြီး အခုဖိုရမ်ကို သွားတာပါ။တရား

ဝင်ဖိတ်ကြားတာပါ။ဒီပွဲသွားပြီအပြန်မှာ ကျနော်တို့အနေနဲ့ မြန်မာအိမ်ခြံမြေလောကကို ပိုပြီးစွမ်းဆောင်ပေးနိုင်မယ်လို့

ယုံကြည်ထားပါတယ်"ဟု ဒဂုံဆိက်ကမ်းမြို့နယ်အိမ်ခြံမြေအသင်းဥက္ကဌဦးတင်အောင်မြင့်က ဆိုသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)က အာဆီယံအိမ်ခြံမြေအသင်း(ARENA) သို့ ၂၀၁၆ခုနှစ်ဩဂုတ်လ ၂၆ရက်တွင်အာဆီယံရှစ်နိုင်ငံနှင့် MoU ရေးထိုးကာဝင်ရောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် MRESAကိုပြင်သစ်နိုင်ငံနိုက်စ်မြို့ အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ကအသိအမှတ်ပြုခဲ့သည်။

13/07/2023

Address


Alerts

Be the first to know and let us send you an email when Thamaga Wall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thamaga Wall:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share