13/06/2022
ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင်လျှော်နိုင်မယ့်နည်းလမ်း
ခေါင်းအုံး ညစ်ပတ်ရင်ကျန်းမာရေး အတွက်လည်း မကောင်းသလို မျက်နှာအသားအရေနဲ့ ဆံသားအတွက်လည်း မကောင်းပါဘူးခေါင်းအုံးမှာကပ်နေတဲ့ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေက ဝက်ခြံနဲ့ အဆီဖုတွေ ထွက်စေတယ် အသားအရေယားတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့်ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင် လျှော်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။
ရေနွေးကို အိုးကြီးတစ်အိုးနဲ့ အရင်တည်ထားလိုက်ပါ ရေနွေးဆူပြီဆိုရင် အဲ့ထဲကိုဆပ်ပြာမှုန့် ခွက်တစ်ခွက်စာ၊ ပန်းကန်ဆေး ဆပ်ပြာရည်ခွက်တစ်ခွက်စာနဲ့ ပိုးမွှားသန့်စင်စေတဲ့ဆေးဖြစ်တဲ့ Borax ခွက်တစ်ဝက်စာတို့ကိုထည့်ပြီးမွှေလိုက်ပါမွှေပြီးရင်ဇလုံးအကြီးထဲ ပြောင်းထည့်ပြီး၊ အစွန်းချွတ်ဆေး Bleach ခွက်တစ်ခွက်စာထည့်ပြီး မွှေပါပြီးတာနဲ့ ခေါင်းအုံးစွတ်ချွတ်ပြီး ခေါင်းအုံးကို အနည်းဆုံး မိနစ် (၃၀) ကြာအောင်စိမ်ထားလိုက်ပါ စိမ်ထားတဲ့အချိန်မှာ ပေကျံနေတဲ့ စွန်းထင်း ညစ်ပတ်နေတဲ့ နေရာတွေကို ပွတ်ပေးဖို့လည်း မမေ့ပါနဲ့အားလုံးပြီးပြီ ဆိုရင်ကိုယ့် အဝတ်လျှော်စက်က ခေါင်းအုံး လျှော်လို့နိုင်တဲ့စက်ဆိုရင် အဝတ်လျှော်စက်ထဲ ထည့်ပြီး ထပ်လျှော်ပါ။
လျှော်လို့မနိုင်တဲ့ စက်ဆိုရင်တော့ မိနစ်၃၀ထက်ပိုကြာအောင်စိမ်ထားပြီးBrush နဲ့ သေချာတိုက်ပေးပါ။ ဒါဆိုရင်တော့ ညစ်ပတ်နေတဲ့ခေါင်းအုံးက ဖြူပြီးသန့်စင်သွားပါလိမ့်မယ်။