CMKH Burmese Vlog

  • Home
  • CMKH Burmese Vlog

CMKH Burmese Vlog စာပေ၊ ဗီဒီယိုများနှင့် အခြားသော နည်းပညာများ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်

ချာလီချက်ပလင်က သူ့ပရိသတ်ကိုဟာသတခု ပြောပြတယ်။ပရိသတ်က ဝါးလုံးကွဲ ရယ်မောကြတယ်။အဲဒီဟာသကိုပဲချာလီကဒုတိယအကြိမ်ထပ်ပြောတယ် သိပ်မ...
22/07/2024

ချာလီချက်ပလင်က သူ့ပရိသတ်ကို
ဟာသတခု ပြောပြတယ်။

ပရိသတ်က ဝါးလုံးကွဲ
ရယ်မောကြတယ်။

အဲဒီဟာသကိုပဲချာလီက
ဒုတိယအကြိမ်
ထပ်ပြောတယ် သိပ်မရယ်ကြတော့ဘူး။

တတိယအကြိမ် ထပ်ပြောတယ်
လုံးဝ မရယ်ကြတော့ဘူး။

ဒီတော့မှ ချာလီက
"ခင်ဗျားတို့က ဟာသတခုကို အကြိမ်ကြိမ်ရယ်ပေးဖို့
ဆန္ဒမရှိပေမယ့် ဘာလို့များ ဒုက္ခတခုကိုအကြိမ်ကြိမ်
ပူဆွေးနေရတာလဲ" တဲ့။

တွေးခေါ်တတ်တဲ့ဦးနှောက်ရယ်
ရှင်သန်ခွင့်ရယ် ရှိနေသမျှ
ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။

"ရှုံးတယ်ဆိုတာ
ကိုယ်က အရှုံးပေးမှ ရှုံးတာပါ"တဲ့
ဘဝက အဲဒီလို ပြဋ္ဌာန်းထားတယ်။

👍👍👍👍👍

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်========================သူများအိပ်တဲ့အခါကိုယ်က လေ့လာပါ ~ သူများ တွေဝေနေတဲ့အခါကိုယ်က ...
22/06/2024

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
========================
သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုံးရတတ်သည် ......
💅🍀🙏

💐🕊☘🌿

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ပြောရက်ကြတယ်...အစွယ်လိုသူမိဖုရားတဲ့....ကျမတကယ်လိုချင်ခ...
16/06/2024

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ပြောရက်ကြတယ်...
အစွယ်လိုသူမိဖုရားတဲ့....
ကျမတကယ်လိုချင်ခဲ့တာက
မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ...

အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့
ကမ္ဘာအဆက်ဆက်
သုဘဒ္ဒါမုန်းရက်ခဲ့တာမဟုတ်ပါဘူး

ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင်မရခဲ့လို့သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ....
ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်....

ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာ
ကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း
အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့
ဘဝတစ်ခုလုံးပေးဆပ်ချစ်ခဲ့တာတောင်
ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား....

ဟင့်အင်း...
ပထမချစ်ခြင်းမဟုတ်ရင် ဒုတိယအဖြည့်ခံတော့
ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး....

မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်...
မဖြစ်နိုင်တော့ပါဘူး...

ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်...
ကျမ ရှင့်ကို စိတ်နာတယ်....

ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ
တသီတတန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဖူး....

အပယ်ခံတယောက်လို နာကျင်မှုမျိုးနဲ့
ကိုယ့်အချစ်ကို အဆိပ်ခတ်ပြီး
ယိုင်နဲ့နဲ့နှလုံးသားတစ်စုံကို ဖက်တွယ်ရင်း
ရှင်ပစ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်ခဲ့မိတာပါ...

ရှင့်စိတ်ထဲထင်ခဲ့ချင် ထင်ခဲ့မယ်...
သုဘဒ္ဒါဟာ အငြိုးကြီးတဲ့...အမျက်ကြီးတဲ့...
ဒေါသကြီးတဲ့ မိန်းမရယ်လို့....
ရှင်ထင်ချင်သလိုသာ ထင်ပါတော့မင်းဆဒ္ဒန်ရယ်...

ဒီလောကကြီးတစ်ခုလုံးကို
မြေလှန်ပြီးမေးကြည့်စမ်းလှည့်ပါ..
ကိုယ့်ချစ်သူထံက ဦးစားပေးအချစ်ခံချင်တဲ့
မိန်းမဆိုလို့ ကျမတစ်ယောက်တည်းရှိခဲ့တာများလားလို့....

ရှင့်အတွက်တော့ ခါချဉ်လေးတကောင်...ဆိုပေမယ့်...
ကျမအတွက်တော့ နာကျင်ခြင်း
မြင့်မိုရ်တောင်ကြီးပါပဲလေ...
ဆင်ရှစ်သောင်းစုပေါင်းနေတဲ့
မင်းရင်ပြင်ထက် ရှင်ပေးတဲ့ပန်းတခက်က
အများအလယ်မှာ အရှက်ရစေခဲ့တယ်ဆိုတာ
ရှင်ကမှသတိမထားမိခဲ့ပဲ...

မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ပြီး ခံရခက်ခဲ့တယ်ဆိုတာ
ရှင်ထင်သလို ခါချဉ်လေးပါတဲ့
အင်ကြင်းပန်းတခက် ကြောင့်မဟုတ်ပါဘူး...

မဟာသုဘဒ္ဒါအပေါ် ရှင့်ရဲ့
အရေးပေးမှုအောက်မှာ
ကျမ ကမ္ဘာကြီး မူးနောက်ပြာကျခဲ့ရတာပါလေ..

ရှင်သိအောင် ထပ်ပြောခဲ့မယ်မင်းဆဒ္ဒန်....
ပထမ စူဠသုဘဒ္ဒါ မဟုတ်ခဲ့ဖူးဆိုရင်
ဒုတိယ မဟာသုဘဒ္ဒါတော့
ဘယ်မိန်းမက မဖြစ်ချင်ခဲ့ဘူးဆိုတာ
တနေ့နေ့တော့ ရှင်နားလည်လာမှာပါ....

ဟင့်အင်း....
ရှင်အထင်မလွဲပါနဲ့...
အစွယ်လိုသူမိဖုရား မဟုတ်ခဲ့ပါဘူး...
ရှင့်အချစ်တခုတည်းကိုပဲ လိုချင်ခဲ့တာပါ....

ဘဝချင်းမတူအောင် သံသရာခြားနားခဲ့ပေမယ့်
ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်နစ်
ချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်

ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်
ဆိုတာလည်း
ကျမမှာ အကြောင်းအရင်းတွေရှိပါတယ်.

ဟိမဝန္တာ အင်ကြင်းတောမြိုင်ယံမှာ
ရှင့်ရဲ့သက်ဆိုင်သူဖြစ်ခဲ့တဲ့ ကျမကို
ရှင်ခုချိန်ထိ သတိတရရှိသေးရဲ့လား
ဆိုတာ ကျမသိချင်တယ်...
သတိတရနဲ့လွမ်းဆွတ်တမ်းတမှုမျိုးကိုလည်း ကျမလိုချင်မိတယ်....

ဘဝချင်းခြားခဲ့တာတောင် ချစ်အားမလျော့ခဲ့တဲ့
ကျမနှလုံးသားကို ရှင် လျှော့မတွက်ပါနဲ့ မင်းဆဒ္ဒန်...

တဖတ်သတ်ဆိုရင်တောင် ကျမက ကျေကျေနပ်နပ်ကြီး
သံသရာအဆက်ဆက် ယူသွားအုံးမှာမို့လို့ပါ...
ဟုတ်တယ်...ကျမရှင့်ကို အဲ့လောက်ထိချစ်တယ်....

ဒါပေမယ့်....
နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ
မင်းဆဒ္ဒန်ရယ်.....

ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်လို့
သောနုတ္ထိုရ်ကို ကျမမှာကြားလိုက်တယ်ဆိုပေမယ့်....

အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့
ကျမမမှာခဲ့မိဘူး...အမိန့်လည်းမပေးခဲ့ပါဘူး....

နားဋောင်းလုပ်ဝတ်လို့ရမယ့်
ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ
ကျမကလိုချင်ခဲ့မိတာပါ...

ရှင်အနားမှာ ရှိနေမပေးရင်တောင်
ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ
အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ....

ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတဆင်စာ
အစွယ်အဖျားလေးတော့
ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား....

ခုတော့....
မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ
ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင်ရတယ်တဲ့လေ...

ကျမက မှားခဲ့တယ်ဆိုပေမယ့်...
ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်....

နားဋောင်းတဆင်စာ ပမာဏဟာ
အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား...

မုဆိုးတင်သမျှကို ကြားရပြီး
စိတ်နာတဲ့ လေသံနဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့လို့ ပြောရင်း
ရှိရှိသမျှအပြစ်တွေကို ကျမအပေါ်ပဲစုပုံရက်ခဲ့တယ်....

ကျမ မှာတော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်ဖွေးဖွေးကို
ခပ်ဝေးဝေးကလှမ်းမြင်ရတည်းက
အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်ပြီး
သောကအပေါင်းဟာ ဖိစီးထိုးနှက်ခဲ့ပါတယ်....

နောက်ဆုံးထွက်သက်တွေအထိ
နာကျင်ခံခက်တဲ့ လေသံနဲ့ ရှင် ကျမကို ပြောရက်ခဲ့တဲ့…

မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့...

ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်မုန်းလို့ပဲ
သတ်စေခဲ့သလိုပါပဲလား....

မဟုတ်ရပါဘူးမင်းဆဒ္ဒန်ရယ်....
အစွယ်လေး နားဋောင်းတဆင်စာ ပဲလိုချင်ခဲ့တာပါ...

အာခေါင်ရင်းကနေ သွေးမြေကျ ဖြတ်ပေးဖို့ ကျမက
ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်စက်နိုင်မှာတဲ့လဲ...

မိုက်လိုက်တာ မင်းဆဒ္ဒန်ရယ်....

နာကျည်းချက်တွေနဲ့ ရှင်က ကျမကို နှုတ်ဆက်ခဲ့တယ်ပေါ့....

မျက်နှာငွေလ ရွှင်ပျပျနှင့် သခင်မ...ဝမ်းမြောက်ပါလေတော့တဲ့လား....

ပြောရက်လိုက်တာ မောင်တော်မင်းဆဒ္ဒန်ရယ်....

နားဋောင်းတဆင်စာလေးအတွက် အာခေါင်းရင်းကနေ
ဖြတ်ယူခဲ့တဲ့ မုဆိုးမိုက်ကြောင့် လွဲမှားတဲ့ သံသယတွေနဲ့
သုဘဒ္ဒါ နှလုံးသားဟာ သွေးမြေကျခဲ့ရပါပြီလေ....

မျက်နှာငွေလ မဟုတ်ခဲ့ပါဘူးမင်းဆဒ္ဒန်...
သုဘဒ္ဒါ မျက်နှာတစ်ခုလုံး တိမ်ဖုံးပြီး လမိုက်ခဲ့ရပါပြီ...

သခင်မ...ဝမ်းမြောက်စေချင်တဲ့ ရှင့်ဆုတောင်းတွေလည်း
မပြည့်နိုင်တော့ပါဘူး...

နှမတော်ရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့
ရှင့်ကို သေအောင်သတ်မိခဲ့သလို
ဖြစ်သွားခဲ့တဲ့အတွက် ကျမ ဘယ်လိုနည်းနဲ့မှ
ရွှင်ရွှင်ပျပျ ပျော်မနေရတော့ပါဘူး..

အခု.....
နှမတော် အသည်းစိုင်တစ်ခုလုံး ကွဲအက် ပျက်စီးပြီး ကံတော်ကုန်လုနေပါပြီ....မင်းဆဒ္ဒန်...

မနက်ဖြန်တွေအဆက်ဆက် နောက်ထပ်
ရှိခဲ့အုံးမယ်ဆိုရင်တော့...
ရှင့်ရဲ့ သံသယတွေအတွက် ရှင်းပြခွင့်ရလိုက်ချင်ပါတယ်လေ...

တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ
မိန်းမရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး....

ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်...
ရှိပါစေတော့...
ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ...

တကယ်ဆိုရင်.....
ကျမက....မှားခဲ့တယ်ဆိုပေမယ့်
ရှင်က......မိုက်ခဲ့ပါတယ်မင်းဆဒ္ဒန်.....

ဘာလို့လဲဆိုတော့...
မိန်းမသားဆိုတာ....ကိုယ့်ချစ်သူရဲ့

ပထမ.......စူဠသုဘဒ္ဒါ မဟုတ်ခဲ့ရဘူးဆိုရင်
ဒုတိယ.....မဟာသုဘဒ္ဒါ တော့

ဘယ်တော့မှ အဖြစ်မခံချင်ကြဘူးဆိုတာ
ဟိမဝန္တာ တောမြိုင်ယံမှာ ဆင်အ ပေါင်းခြံရံပြီး စိုးစံခဲ့တဲ့ မင်းဆဒ္ဒန်ဧကရာဇ် ကြီးမှ မသိခဲ့တာကိုး......

တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က
မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး
အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်....

Credit

🙏 ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ် 🙏✨✨✨✨✨✨✨✨✨✨✨✨✨✨✨ကလေးငယ်တွေကပဲမေးမေး ၊ ဘာသာခြားတွေကပဲမေးမေး ၊  ဘယ်သူမေးမ...
11/06/2024

🙏 ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ် 🙏
✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ကလေးငယ်တွေကပဲမေးမေး ၊
ဘာသာခြားတွေကပဲမေးမေး ၊ ဘယ်သူမေးမေး
ဗုဒ္ဓဘာသာ အခြေခံ ၊အတိုချုပ်လောက်တော့
ဖြေနိုင်ရမယ်၊ သိထားသင့်တယ်။ အဲဒီလိုဖြေနိုင်အောင်
သိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

#ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော
#သိမှတ်ဖွယ်ရာများ

ဗုဒ္ဓဘာသာ
**********
ဗုဒ္ဓ = မြတ်စွာဘုရား
ဘာသာ = အယူ

သာသနာတော်
************
အဆုံးအမကို လိုက်နာကျင့်သုံး

လက္ခဏာရေးသုံးပါး
****************
အနိစ္စ = မမြဲခြင်း
ဒုက္ခ = ဆင်းရဲခြင်း
အနတ္တ = အစိုးမရခြင်း

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
***********************************
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်
******************
၁။ ပရိယတ္တိ သာသနာ = ပိဋကတ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး
************
၁။ ဘုရား
၂။ တရား
၃။ သံဃာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သော
အချက်များ•••••

မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန
*******************
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယျာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး
****************

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစြင်္က ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး
********************
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်တော်မူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး
************************
၁။ သွာက္ခာတော = တရားတော်၏ အစ,အလယ်,အဆုံးကောင်း
သောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး
*********************

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန ္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး
***********

၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ
ပစ္စည်းလေးပါး
**************

၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
****************************

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး
*****************

၁။ အာယု = အသက်ရှည်ခြင်း
၂။ ဝဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး
**************************

၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
******************************

၁။ စည်းစိမ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး
***************************
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး
*******************
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး
***********************
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘဝသို့လားရခြင်း။

အပါယ်လေးပါး
*************

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်
ကပ်သုံးပါး
**********

၁။ ဒုဗိ ္ဘက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန ္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး
************

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ဝိကလိန္ဒြိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး
***************

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး
*******************

၁။ သီလဝိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း
၄။ အာဇီဝဝိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး
******************

၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး
****************

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး
*************

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး
********************

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား
သုံးပါး
*****************************************

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
**********************************

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး
*********
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ဝစီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
*********************************

၁။ ရူပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ
***************

၁။ သုတ္တန် ၂။ ဝိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်
***************

၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ

လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
*************************************

ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

လောက သုံးပါး
***************

၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက
ဗြဟ္မစိုရ်တရား လေးပါး
*********************

၁။ မတေ်တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။
ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး
*******************

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘဝနတ်ဘဝကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ = ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
****************************************

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန်ဓာ ငါးပါး
**********

၁။ ရူပက္ခန္ဓာ
၂။ ဝဒေနာက်ခန်ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက်ခန်ဓာ
၅။ ဝိညာဏက်ခန်ဓာ

သိက္ခာ သုံးပါး
*************

၁။သီလ
၂။သမာဓိ
၃။ပညာ

သစ္စာ လေးပါး
**************
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ်စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ

စေတီ လေးမျိုး
**************

၁။ ဓမ္မစေတီ
၂။ ဓါတုစတေီ
၃။ ဥဒ္ဓိဿစေတီ
၄။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး
********************

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

ငရဲ
****
ဆင်းရဲခြင်းအပြည့်၊ချမ်းသာမှု မြူမှုန်မျှမရှိ၊အကြားအလပ်မရှိ
ဒုက္ခဆင်းရဲ အဖန်တလဲလဲဖြစ်နေသောဆင်းရဲခြင်း။

ကမ္မသကတဉာဏ်
***************
ကံ,ကံ၏အကျိုးပေးကို ယုံကြည်သက်ဝင်သောဉာဏ်။
( ကောင်းတာလုပ်ရင် ကောင်းကျိုးရမည်။မကောင်းတာလုပ်ရင်
မကောင်းကျိုးရမည်လို့ ယုံကြည်သောဉာဏ်။)

ဗုဒ်ဓသာသနံ စိရံတိဋတု
******************
မြတ်စွာဘုရားရှင်၏ သာသနာ ရောင်ဝါနေသို့လင်းစေသောဝ်။
အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲပါစေသောဝ်။

🙏 သင်ကြားလေ့လာဗုဒ္ဓဘာသာ..🙏

Thanks;
Buddhism Beams (Myanmar)

Credit:: 🍀 ဓမ္မဒါနပြန်လည်မျှဝေပူဇော်ပါ၏။မိမိ သိသမျှ
ကိုလည်း ပေါင်းစပ်ရေးသားမျှဝေကုသိုလ်ပြုပါ၏။ 🍀

YouTube Channel Monetization အောင်သွားရင် နောက်ထပ်လုပ်ပိုင်ခွင့်လေးတွေကတော့ Shopping ဘဲ ဖြစ်ပါတယ်... YouTube နဲ့ချိပ်ဆက်...
06/02/2024

YouTube Channel Monetization အောင်သွားရင် နောက်ထပ်လုပ်ပိုင်ခွင့်လေးတွေကတော့ Shopping ဘဲ ဖြစ်ပါတယ်... YouTube နဲ့ချိပ်ဆက်ပေးထားတဲ့ ဆိုဒ်နှစ်ခုကတော့ teespring ရယ် spreadshirt တို့ဖြစ်ပါတယ် 🤗

AI မှာ ဖန်တီးထားတဲ့ ဘီလူးခေါင်းပုံကလေးကို ထည့်ထားတာလေးတွေက ထိုဆိုဒ်တွေထဲ ဝင်ပြီး ကြိုက်လို့ဝယ်ကြရင်တော့ အဲ့ကနေ ကော်မရှင်စားပေါ့ဗျာ...

အရင်ကဆိုရင် ဒီဇိုင်းရဖို့အတွက် အတော်ကလေးအချိန်ပေးရတယ်...

ခုက AI လည်းကျယ်ပြန့်လာတော့ အတော်များများလက်ဆေးစားယုံဘဲ...

AI ကို Passive Income ဖြစ်အောင်လည်း လေ့လာလိုက်စားနေတယ် 💸💸💸

အဲ့အတွက် နေ့မနားညမနားတော့ နိုင်သလောက်ကြိုးစားရှာဖွေနေတယ်...

လက်ရှိ AI Community Group တွေမှာသတိထားမိတာက Lock Zone မှာ ရောက်နေကြတယ်... တစ်မျိုးဆိုတစ်မျိုးထဲဘဲသွားနေကြတယ်...

အခြားကျယ်ပြန့်တဲ့အလုပ်တွေအတွက် ရှာဖွေလေ့လာမှုတွေမလုပ်ကြဘူး...

YouTube လိုနေရာမျိုးမှာတောင် Passive Income ပေးနိုင်တာကို အသုံးမချတတ်ကြဘူး...

တစ်ခါတစ်ရံ စာတွေရေးပြီး
ဗဟုသုတတွေအနေနဲ့ ပေးနေပေမယ့်
အဲ့လိုပို့စ်တွေကျရင် ကျော်သွားကြတယ်...

ကျွန်တော့်ဆိုဒ်ကလေးထဲ ဒီလင့်ကနေဝင်ကြည့်နိုင်ပါတယ်ဗျာ... 👇👇👇

💻 https://shorturl.at/efEL8

☆★☆★☆★☆★☆★☆★

👨‍🏫 𝗔𝗶 နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
သင်တန်းအသေးစိပ်ကို ဒီလင့်ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇🍀💸

💻 https://m.me/aimyanmartechnology

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 : @𝙷𝚝𝚒𝚔𝚎91
𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚅𝚒𝚋𝚎𝚛 : +66873413927

𝗔𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗙𝗕 𝗚𝗿𝗼𝘂𝗽
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

𝗣𝗿𝗼𝗺𝗽𝘁 𝗮𝗻𝗱 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရယူရန် 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

𝗕𝘂𝗿𝗺𝗲𝘀𝗲.𝗔𝗶
🍀 https://t.me/burmeseai


06/02/2024

Telegram မှာ Folder တည်ဆောက်နည်း

အကြည်ကြည့်ရန် YouTube လင့်လေးပါခင်ဗျာ

📺 https://youtu.be/lAIpGzV2qCo


#အိုင်တီနည်းပညာ

01/02/2024

နှင်းကိုမြင်ခိုက် (ကဗျာ - နောင်)

နှင်းကိုမြင်၍
သဇင်ပွင့်ဦး၊ သူကြည်နူးစဉ်
ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင်
ညီနောင်သားချင်း၊ လက်တွဲရင်းနှင့်
ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ
ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မာ
ကာလကြာလေ၊ စည်းရုံးလေတည့်။

မြေပြန့်တောင်ခုံး၊ ပတ်ကုံးဝန်းကျင်
မြစ်ခွင်တကြော၊ လွန်သာမောကို
ချစ်သောစိတ်နှင့်၊ သွေးနှင့်ချွေးနှင့်
အဆင့်ဆင့်ဆက်၊ အသက်သက်များ
စတေးထား၍၊ ဘိုးဘွားပေးဝေ
ချစ်အမွေတည့်။

အနေကြာကြာ၊ အသာမိုးမိုး
ချစ်တိုးလွန်မြတ်၊ သွေးသားထပ်၍
ကိုယ့်ရပ်ကိုယ့်မြေ၊ တွယ်တာပေ၏။

ကိုယ့်နေရာကို
တစ်ဖျာတစ်ကွက်၊ တစ်လက်မလည်း
တသနှမြော၊ စုံမက်မောသည့်
သဘောခြင်းရာ၊ ပြောရပါလျှင်
နှင်းရင်နုမှ၊ သဇင်လှကို
မြင်ရကြုံရ၊ ဆောင်းအမြမှာ
မဟာအောင်ခြင်း၊ စည်းလုံးခြင်းဖြင့်
သွေးချင်းကိုယ်သား၊ တို့ပိုင်ထားသည်
တရားမျှတလွတ်လပ်ခြင်း။

နှင်းကိုမြင်ခိုက် ကဗျာကို နောင် ရေးဖွဲ့ခဲ့သည်။ လင်္ကာ ကဗျာအမျိုးအစား ဖြစ်သည်။ နှင်းများကျသည့်ဆောင်းရာသီတွင် အမျိုးသားစည်းလုံးမှုနှင့် အမျိုးသား လွတ်မြောက်ရေးကို ရယူကြိုးပမ်းခဲ့သော ပြည်သူပြည်သားတို့ကို ဂုဏ်ပြုရေးဖွဲ့ထားသည်။

Text to Voice : TTSFree
Edit : CapCut PC

31/01/2024

CapCut မှာ မြန်မာစာအလှဖောင့်သွင်းနည်းနှင့် မြန်မာစာမှန်အောင် ပြုလုပ်နည်း

အကြည်ကြည့်ရန် YouTube လင့်လေးပါခင်ဗျာ
📺 https://youtu.be/Xa_sV7rlhUM


#အိုင်တီနည်းပညာ

ခေါင်းကြီးတို့အတွက် AI Girlfriend ဖန်တီးနည်းပါပွားများပြီး အသည်းကွဲရင်တော့ ကျွန်တော်နဲ့မဆိုင်ဘူးနော် 😁😁🤣🤣💻 https://youtu...
30/01/2024

ခေါင်းကြီးတို့အတွက် AI Girlfriend ဖန်တီးနည်းပါ
ပွားများပြီး အသည်းကွဲရင်တော့ ကျွန်တော်နဲ့မဆိုင်ဘူးနော် 😁😁🤣🤣

💻 https://youtu.be/07dr6GBRtQo?si=bYsE2fbyj5p12pJT

စိတ်မပုပ်ရင် ဗီဒီယိုကြည့်ပြီးရင်လည်း Like Subscribe နှိပ်ပေးထားပါဦး 😅😅😅

☆★☆★☆★☆★☆★☆★

👨‍🏫 𝗔𝗶 နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
𝗣𝗮𝗴𝗲 𝗖𝗕 𝗼𝗿 𝗖𝗕 ကနေ ဆက်သွယ်နိုင်ပါတယ် 📱

သင်တန်းအသေးစိပ်ကို ဒီလင့်ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇🍀💸
💻 https://m.me/aimyanmartechnology

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 : @𝙷𝚝𝚒𝚔𝚎91
𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚅𝚒𝚋𝚎𝚛 : +66873413927

𝗔𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗙𝗕 𝗚𝗿𝗼𝘂𝗽
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

𝗣𝗿𝗼𝗺𝗽𝘁 𝗮𝗻𝗱 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရယူရန် 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

𝗕𝘂𝗿𝗺𝗲𝘀𝗲.𝗔𝗶
🍀 https://t.me/burmeseai


Ai နည်းပညာ သင်ခန်းစာပေါင်း (20) တင်ပေးထားပါတယ်ဒီလင့်ကနေ ဝင်ရောက်လေ့လာအားပေးနိုင်ပါတယ်ခင်ဗျာ 📺 https://youtube.com/playli...
25/01/2024

Ai နည်းပညာ သင်ခန်းစာပေါင်း (20) တင်ပေးထားပါတယ်
ဒီလင့်ကနေ ဝင်ရောက်လေ့လာအားပေးနိုင်ပါတယ်ခင်ဗျာ

📺 https://youtube.com/playlist?list=PLVgLKQF_H0imCA_VOO3Gaj27wOPpd7OCp&si=jRb2cqE27-0yQ3h7

Subscribe လေးတွေနှိပ်ပြီး ကူညီပေးကြပါဦးနော်
ကိုယ်လည်း Silver Button လေး လိုချင်နေပြီ 😁🤗

ဗီဒီယိုထဲမှာ မိမိမျက်နှာကို Ai face Swap ပြုလုပ်နည်း📺 https://youtu.be/7p278Vzpwewအသုံးပြုနည်းကြည့်ပြီးLike & Subscribe ...
23/01/2024

ဗီဒီယိုထဲမှာ မိမိမျက်နှာကို Ai face Swap ပြုလုပ်နည်း

📺 https://youtu.be/7p278Vzpwew

အသုံးပြုနည်းကြည့်ပြီး
Like & Subscribe လေးနှိပ်ပြီး
အားပေးနိုင်ပါတယ် 😊

20/01/2024

ခလေးမ လွန်မယ်နော် 😁

Community Group မှာမေးထားတဲ့မေးခွန်းကလေးပါ... မိမိကအဝတ်အစားချုပ်ရောင်းတဲ့သူ ဒီဇိုင်နာဆိုရင်လည်း မိမိရဲ့အဝတ်အစားတွေကို Ai...
19/01/2024

Community Group မှာမေးထားတဲ့မေးခွန်းကလေးပါ... မိမိကအဝတ်အစားချုပ်ရောင်းတဲ့သူ ဒီဇိုင်နာဆိုရင်လည်း မိမိရဲ့အဝတ်အစားတွေကို Ai Model နဲ့ပေးဝတ်ပြီး အရောင်းပို့စ်တင်လို့ရပါတယ်ခင်ဗျာ...

stable diffusion မျိုးနဲ့လည်း ဝတ်ဆင်ပေးနိုင်သလို အသင့်သုံးစနစ်တွေလည်းရှိပါတယ်...

မိတ်ဆွေက Photoshop သုံးတတ်သူဖြစ်ဖြစ် ကွန်ပျူတာမရှိလို့ ဒီအပိုင်းတွေမသင်ရလေခြင်းမဖြစ်ရလေအောင် ဖုန်းနဲ့လုပ်ဆောင်လို့ရမယ့်အပိုင်းတွေကို ကျွန်တော့်ရဲ့ Ai အခြေခံနည်းပညာအသုံးချနည်းသင်တန်းမှာ သင်ခန်းစာပေါင်း (80) ကျော်အပြင် အသုံးချ Ai Application တွေနဲ့အတူ ပုံဖန်တီးသောသူများအတွက် Prompt အသုံးပြုနည်း၊ BingAi အသင့်သုံး Prompt (600+)၊ နောက်ထပ် Update သင်ခန်းစာတွေကိုပါ ထည့်သွင်းသင်ကြားပေးနေတာမို့ သင်တန်းတက်ရောက်ချင်သောမိတ်ဆွေတွေအနေနဲ့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...

☆★☆★☆★☆★☆★☆★

👨‍🏫 𝗔𝗶 နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
𝗣𝗮𝗴𝗲 𝗖𝗕 𝗼𝗿 𝗖𝗕 ကနေ ဆက်သွယ်နိုင်ပါတယ် 📱

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 : @𝙷𝚝𝚒𝚔𝚎91
𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚅𝚒𝚋𝚎𝚛 : +66873413927

𝗔𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗙𝗕 𝗚𝗿𝗼𝘂𝗽
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

𝗣𝗿𝗼𝗺𝗽𝘁 𝗮𝗻𝗱 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရယူရန် 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

𝗕𝘂𝗿𝗺𝗲𝘀𝗲.𝗔𝗶
🍀 https://t.me/burmeseai


တစ်ခါလောက်တော့ ကိုယ်လည်းကိုယ့်ပုံကလေးနဲ့သာယာချင်တာပေါ့လို့ 🤗စကားမစပ် ကျွန်တော့်ရဲ့ YouTube Channel လေးကိုလည်း Subscribe ...
14/01/2024

တစ်ခါလောက်တော့ ကိုယ်လည်းကိုယ့်ပုံကလေးနဲ့သာယာချင်တာပေါ့လို့ 🤗

စကားမစပ် ကျွန်တော့်ရဲ့ YouTube Channel လေးကိုလည်း Subscribe လေးတွေနဲ့အားပေးကြပါဦးလို့ 🤗

Ai နဲ့ရော IT နဲ့ရောပတ်သက်တဲ့သင်ခန်းစာတွေကို Playlist ကနေ လေ့လာနိုင်ပါတယ်...

https://www.youtube.com/user/htaid?sub_confirmation=1

အိုင်ဒီယာအတွေးတစ်ခုအနေဖြင့်Knowledge Sharing လေးတစ်ခုပေးပါမယ်...အကယ်၍ မိတ်ဆွေက Cosmetics နဲ့ပတ်သက်ပြီးထုတ်ကုန်တွေရှိတယ်ဆ...
10/01/2024

အိုင်ဒီယာအတွေးတစ်ခုအနေဖြင့်
Knowledge Sharing လေးတစ်ခုပေးပါမယ်...
အကယ်၍ မိတ်ဆွေက Cosmetics နဲ့ပတ်သက်ပြီး
ထုတ်ကုန်တွေရှိတယ်ဆိုပါတော့...
ဒါဆိုရင်တော့ မိမိရဲ့ထုတ်ကုန်တွေအတွက်
ကြော်ညာဖို့တွေ ပုံတွေကမဖြစ်မနေရိုက်ရတော့မယ်... ကြော်ညာလှမှ မိမိရဲ့ထုတ်ကုန်က ဝယ်လိုအားကောင်းမယ်မဟုတ်ဘူးလား... ဒီတော့ ငွေရှိပြီး ငွေနိုင်တဲ့သူတွေက ဒီဇိုင်နာတွေမှာ အလုပ်အပ်ကြပါတယ်... အချို့ကြတော့လည်း ဒီဇိုင်နာတွေကို အလုပ်ခန့်လိုက်တယ်... မျိုးစုံရှိကြပါတယ်...

ယခင်က ကျွန်တော်လည်း Cosmetics အလုပ်တစ်ခုမှာ Graphics Designer Admin အနေဖြင့် အလုပ်လုပ်ခဲ့ပါတယ်...

အဲ့မှာတွေ့ရတဲ့အခက်အခဲတွေက အများကြီးဘဲ...
အထူးသဖြင့် ထုတ်ကုန်တွေကို နောက်ခံပြောင်းဖို့တွေ ပုံအလန်းတွေဖန်တီးဖို့ Position ယူရတာတွေက အချိန်ကုန်လူပင်ပန်း အများကြီးဖြစ်ခဲ့ရတယ်...

လက်ရှိ AI ခေတ်မှာတော့ အချိန်ကုန်သက်သာအောင် Ai ပညာရပ်တွေကို အသုံးချလို့ရတယ်... လုပ်ကိုင်ဖို့အတွေးကြပ်နေရင်တောင်မှ ChatGPT ကောက်မေးလို့ရတယ်...

ကျွန်တော်တို့ မြန်မာ AI community group တွေမှာတော့ တူတူငါှငှါ ပုံတွေဖန်တီးပြီး 98% လောက်က အပျော်သဘော၊ အပြုသဘောဘဲ အသုံးချကြတယ်...

တစ်ခါတစ်လေ ဆဲရေးတိုင်းထွာမှုတွေပါဖြစ်ကြတယ်... ဒီနေရာမှာ ကျွန်တော့်အနေနဲ့တစ်ခုထောက်ပြမယ်... အဲ့ဒါကတော့ အိမ်နီးချင်းထိုင်းနဲ့ပါ...

ကျွန်တော်ကိုယ်တိုင်လည်း ထိုင်းမှာနေထိုင်သူဖြစ်တာမို့ လက်ရှိ ထိုင်းနိုင်ငံမှာ Ai နည်းပညာရပ်နဲ့ ဝင်ငွေတွေဘယ်လိုဖန်တီးနေကြသလဲ?

အကြမ်းမျဉ်းပြောပြပါမယ်...

(1) Prompt Guide Ebook
ဟုတ်ပါတယ်... Prompt ရေးဖို့ခက်ခဲသူတွေနဲ့ အင်္ဂလိပ်စာ အားနည်းသူတွေအတွက်... လုပ်ငန်းသုံးတွေအတွက် pdf eBook တွေကို အွန်လိုင်းမှတစ်ဆင့် ရောင်းချပါတယ်... ပုံဖန်တီးရင် Copy ကူးပြီးသုံးယုံပေါ့...

(2) ဒီဇိုင်နာလောကရဲ့ 2D,3D ကအစ နယ်ပယ်ပေါင်းစုံအတွက် Ai ကိုခိုင်းပြီး အစားထိုးအသုံးပြုလာကြတယ်... အဲ့အတွက် အချိန်ကုန်သက်သာစေပြီး သူတို့အတွက်ငွေရတာမြန်လာစေပါတယ်...

(3) Application
ဖုန်းတွေအတွက် APK တွေကို free သုံးခွင့်နည်းနည်းပေးပြီး လစဉ်ကြေးပေးရတဲ့ Apk တွေဖန်တီးပြီး ဝင်ငွေရှာကြပါတယ်...

(4) အချို့စားသောက်ဆိုင်တွေမှာ စာပွဲထိုးတွေအစား Ai Robot အစားထိုးဝင်လာပါတယ်... System နဲ့ခိုင်းရာလုပ်ပေါ့...

(5) AI နည်းပညာရပ်ကို မိတ်ဆွေက စက်ပိုင်းဆိုင်ရာတွေ၊ coding ပိုင်းတွေ အကုန်နားလည်ရင် အင်ဂျင်နီယာအလုပ်တွေခေါ်တာ အွန်လိုင်းမှာရှာနိုင်ပါတယ်...

ဒါတွေကတော့ လတ်သလောကျွန်တော်နားလည်းသလောက်ပါ...

မိတ်ဆွေတို့လည်း ပုံထုတ်တာတစ်မျိုးထဲနဲ့ အချိန်မကုန်ကြဖို့ တိုက်တွန်းချင်ပါတယ်...

မိမိရဲ့အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အဆင့်မြင့်တင်တဲ့အနေဖြင့် Ai နည်းပညာရပ်နဲ့ ပေါင်းစပ်ပြီး အကျိုးရှိရှိအသုံးချပါ...

ကျေးဇူးတင်ပါတယ်

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

မင်္ဂလာညချမ်းပါဗျာ 🙏🙏🙏 Stone carved from Buddha stone. Buddha Stone  It is a brown stone with a yellowish pattern.  It i...
06/01/2024

မင်္ဂလာညချမ်းပါဗျာ 🙏🙏🙏



Stone carved from Buddha stone.
Buddha Stone It is a brown stone with a yellowish pattern. It is a stone of wealth and success. Anyone who has it in their possession believes it will bring good luck. and helps to dare to think and make decisions Have leadership characteristics and helps protect from all dangers

☆★☆★☆★☆★☆★☆★

👨‍🏫 𝗔𝗶 နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
𝗣𝗮𝗴𝗲 𝗖𝗕 𝗼𝗿 𝗖𝗕 ကနေ ဆက်သွယ်နိုင်ပါတယ် 📱

𝗔𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗙𝗕 𝗚𝗿𝗼𝘂𝗽
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

𝗣𝗿𝗼𝗺𝗽𝘁 𝗮𝗻𝗱 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရယူရန် 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

𝗕𝘂𝗿𝗺𝗲𝘀𝗲.𝗔𝗶
🍀 https://t.me/burmeseai

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 : @𝙷𝚝𝚒𝚔𝚎91
𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚅𝚒𝚋𝚎𝚛 : +66873413927


ဒီခါမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေအတွက် Profile Logo ပုံလေးတွေရပါမယ်... လိုအပ်သူများ CB ကနေ ဆက်သွယ်နိုင်ပါတယ်...☆★☆★☆★☆★☆★☆...
05/01/2024

ဒီခါမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေအတွက် Profile Logo ပုံလေးတွေရပါမယ်...

လိုအပ်သူများ CB ကနေ ဆက်သွယ်နိုင်ပါတယ်...

☆★☆★☆★☆★☆★☆★

👨‍🏫 𝗔𝗶 နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
𝗣𝗮𝗴𝗲 𝗖𝗕 𝗼𝗿 𝗖𝗕 ကနေ ဆက်သွယ်နိုင်ပါတယ် 📱

𝗔𝗶 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 𝗙𝗕 𝗚𝗿𝗼𝘂𝗽
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

𝗣𝗿𝗼𝗺𝗽𝘁 𝗮𝗻𝗱 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရယူရန် 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹 သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

𝗕𝘂𝗿𝗺𝗲𝘀𝗲.𝗔𝗶
🍀 https://t.me/burmeseai

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 : @𝙷𝚝𝚒𝚔𝚎91
𝙲𝚘𝚗𝚝𝚊𝚌𝚝 𝚅𝚒𝚋𝚎𝚛 : +66873413927


ကောင်းခြင်းနိမိတ်တွေ အိမ်ရှေ့ကိုရောက်နေပြီထွက်ယူကြတော့နော် 🤗🤗🤗အားလုံးစီးပွားလာဘ်လာဘတွေ တိုးပွားကြပြီးကိုယ်စိတ်နှစ်ဖြာရွှ...
30/12/2023

ကောင်းခြင်းနိမိတ်တွေ အိမ်ရှေ့ကိုရောက်နေပြီ
ထွက်ယူကြတော့နော် 🤗🤗🤗
အားလုံးစီးပွားလာဘ်လာဘတွေ တိုးပွားကြပြီး
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ 🍀🙏🎄🎆

ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို Ai နှင့်ဖန်တီးပြီး ကြည်ညိုသပ္ပါယ်မိပါတယ်ဗျာ 🙏🙏🙏Watermark ဖြုတ်ထားတာမို့ မည်သူမဆိုယူသ...
24/12/2023

ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို Ai နှင့်ဖန်တီးပြီး
ကြည်ညိုသပ္ပါယ်မိပါတယ်ဗျာ 🙏🙏🙏

Watermark ဖြုတ်ထားတာမို့ မည်သူမဆိုယူသုံးနိုင်ပါတယ်...

မင်္ဂလာညချမ်းပါ 🙏🙏🙏

တရားနာနေရင်း ရလိုက်တဲ့မှတ်သားစရာစကားလေးမသန့်ရှင်းသောရေထဲကို ပတ္တမြားနစ်စိမ်ပြီး ရေသန့်ဖြစ်အောင်ဆောင်ရွက်နေသော စကြာဝတေးမင...
20/12/2023

တရားနာနေရင်း ရလိုက်တဲ့မှတ်သားစရာစကားလေး
မသန့်ရှင်းသောရေထဲကို ပတ္တမြားနစ်စိမ်ပြီး ရေသန့်ဖြစ်အောင်ဆောင်ရွက်နေသော စကြာဝတေးမင်းတွေရဲ့ လုပ်ထုံးလုပ်နည်းလို

လူတွေမှာလည်း သဒ္ဓါတရားဆိုတာ မကောင်းတဲ့စိတ်နဲ့အညစ်အကြေးတွေကို ဖယ်ရှားစေသည့် ပတ္တမြားကျောက်အစွမ်းပမာ

Ai နှင့်ပုံဖော်ခြင်း 🙏🙏🙏

ပါမောက်ခချုပ်ဆရာတော်ဘုရားကြီးရဲ့
လူနှင့်စကား သတိထားတရားတော်

Bing.Ai တွက် ပုံဖန်တီးဖို့ Prompt Format (Adjective + Noun + Verb + Style)eg.fuzzy creature wearing sunglasses digital a...
15/12/2023

Bing.Ai တွက် ပုံဖန်တီးဖို့ Prompt Format
(Adjective + Noun + Verb + Style)
eg.
fuzzy creature wearing sunglasses digital art

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Adjective (နာမဝိသေသန)
နာမ်ကို အထူးပြုသော ပုဒ်ကို နာမဝိသေသနဟုခေါ်သည်။

ဥပမာ။ ။ လှသော၊ ရွသော၊ နံသော၊ ကြောက်သော၊ မွှေးသော၊ ကောင်းမြတ်သော၊ လိမ္မာသော၊ ဆိုးသော။

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Noun (နာမ်)
နာမ်ဆိုသည်မှာ သက်ရှိသက်မဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်။

ဥပမာ − လူ၊ ကြောင်၊ ခွေး၊ ဝက်၊ စက်ဘီး၊ မော်တော်ကား၊ လေယာဉ်ပျံ၊ ကွန်ပျူတာ၊ မောင်မောင်၊ မင်းသိန်း၊ အေးကြည်မ၊ မြမြ 😁

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Verb (ကြိယာ)
ကြိယာသည် လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်း တစ်ခုခုကို ဖော်ပြသော စကားလုံးဖြစ်၏။ ကြိယာသည် ဝါကျတွင် နာမ်ကဲ့သို့ အရေးကြီး၍ ကြိယာမပါဘဲ ဝါကျ မဖြစ်နိုင်။ ကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။

ဥပမာ။ ။ 'သူ' 'နေ့စဉ်' 'ထမင်း' ဟူသော စကား သုံးလုံးမှာ အဓိပ္ပာယ် မပြည့်စုံချေ။

'သူနေ့စဉ် ထမင်းစားသည်' ဟူ၍ 'စားသည်'ဟူသော ကြိယာပုဒ်ကို ထည့်သွင်းမှသာ အဓိပ္ပာယ်ပြည့်စုံလေသည်။

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Style
စတိုင်နေရာမှာကတော့ မိမိဖန်တီးမယ့်ပုံက ဒစ်ဂျစ်တဲလ်စတိုင်လား၊ ခဲပန်းချီ၊ ရေဆေးပန်းချီ၊ ဓာတ်ပုံဆန်သောပုံ၊ ကာတွန်းပုံ... စသဖြင့် များစွာရှိပါတယ်။

Bing.Ai မှ မဟုတ်ပါဘူး။ အခြားသော Ai ဆိုဒ်တွေမှာလည်း Prompt ရေးနည်းတွေကအတူတူပါဘဲ။ ပုံကောင်းထွက်ဖို့အတွက် Prompt တွေကို စနစ်တကျ ရေးတတ်ဖို့လိုအပ်ပါတယ်။ Prompt နဲ့ပတ်သက်တဲ့ စကားလုံးဝေါဟာရတွေကိုလည်း များများလေ့လာမှတ်သားပြီး လက်တွေ့အသုံးချပါ။ Prompt တစ်ကြောင်းထဲကိုဘဲ Site ပေါင်းဆုံမှာစမ်းသုံးကြည့်ပါ။ မတူကွဲပြားမှုတွေ မြင်တွေ့ရပါမယ်။

အကြံပြုချက်။ ။ မိတ်ဆွေက အင်္ဂလိပ်စာအားနည်းလို့ Prompt မှာ အခက်တွေ့ပါက... ဒီနည်းလမ်းကိုအသုံးပြုပါ။

မိမိဖန်တီးချင်သောပုံရဲ့ အဓိပ္ပာယ်ကို မြန်မာလိုရှေ့နောက်စီလျော်အောင် ရေးသားပါ။ စာလုံးပေါင်းတွေလည်းဂရုစိုက်ပါ။ ပြီးရင် Google Translate မှာ ဘာသာပြန်ပါ။ ရလာတဲ့စာကိုကူးပြီး ကစ်ထည့်လိုက်ပါ။ ပုံတွေရလာပါလိမ့်မယ်။ အရိပ်ပြအကောင်မြင်ကြပေါ့ဗျာ 😅

အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် 🤗

Prompt and Application ရယူရန် Telegram Channel သို့ဝင်ရောက်နိုင်ပါတယ်
🍀 https://t.me/Aimyanmartechnology

AI နည်းပညာ အခြေခံမှစ၍ သင်တန်းတက်ရောက်ချင်ပါက
Page CB or CB ကနေ ဆက်သွယ်နိုင်ပါတယ်

Ai Myanmar Technology FB Group
🍀 https://www.facebook.com/groups/aimyanmartechnology/?ref=share_group_link

ကိုထိုက် @ ᴬⁱ ᴹʸᵃⁿᵐᵃʳ ᵀᵉᶜʰⁿᵒˡᵒᵍʸ

Address


Website

Alerts

Be the first to know and let us send you an email when CMKH Burmese Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Welcome To CMKH Burmese Vlog


  • ကျွန်တော့်နာမည်ကတော့ ကိုထိုက်ဖြစ်ပါတယ်ခင်ဗျာ

  • ကျွန်တော့် ဒီ Page လေးကတော့ ဗဟုတသုတနှင့် စိတ်ခွန်အား ဖြစ်ထွန်းစေမယ့် စာပေ၊ ဗီဒီယိုများနှင့် အခြားသော နည်းပညာများ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်

  • ထို့ပြင် နည်းပညာ၊ စီးပွားရေးနဲ့ ပတ်သတ်တော အကြံဥာဏ်များနှင့် Content Writer အနေနဲ့လည်း ဝန်ဆောင်မှုများ ပေးသွားပါမည်

  • လိပ်စာကဒ်များလည်း ဒီဇိုင်းရေးဆွဲ ဝန်ဆောင်မှု ပေးပါတယ်