
  • Home

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့, Media/News Company, .

စိမ်းလန်းစိုမြေ နမ့်ဆန်မြေ ☘️☘️  - Mai Ah Nainc #ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့
28/07/2023

စိမ်းလန်းစိုမြေ နမ့်ဆန်မြေ ☘️☘️

- Mai Ah Nainc
#ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့

နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင် လွယ်ဆိုင်ဘုရားပွဲကို ၃ ရက်ကြာ ကျင်းပမယ်စက်တင်ဘာ ၆ ရက်ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်...
06/09/2022

နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင် လွယ်ဆိုင်ဘုရားပွဲကို ၃ ရက်ကြာ ကျင်းပမယ်

စက်တင်ဘာ ၆ ရက်

ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ သမိုင်းဝင် လွယ်ဆိုင်ဘုရားပွဲကို မနက်ဖြန် စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ (တော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်) ၃ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

သမိုင်းဝင် လွယ်ဆိုင်ဘုရားဟာ တအာင်းလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာနေရာဖြစ်သလို နမ့်ဆန်မြို့နယ်မှာ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး မဏိစည်သူမင်းက တအာင်းလူမျိုးတွေအတွက် လက်ဖက်မျိုးစေ့ ပေးခဲ့တဲ့နေရာလို့ သမိုင်းဝင် လွယ်ဆိုင်ဘုရားရဲ့ သမိုင်းမှတ်တမ်းအရ သိရပါတယ်။

မဏိစည်သူမင်းက မျိုးချစိုက်ပျိုးပေးခဲ့တဲ့ လက်ဖက်ပင်ကနေ မျိုးပွားလာပြီး လက်ရှိအချိန်ထိ တအာင်းဒေသမှာ လုပ်ကိုင်စားသောက်နိုင်တာဖြစ်လို့ “လက်ဖက်ပင်အစ လွယ်ဆိုင်တောင်က”ဆိုပြီး တအာင်းလူမျိုးတိုင်းက လက်ဖက်ပင်ကြီးတည်ရှိရာ လွယ်ဆိုင်တောင်တော်ကို အထွဋ်အမြတ် ထားကြတာ ဖြစ်ပါတယ်။

မျိုးချစိုက်ပျိုးထားတဲ့ သက်တမ်းရင့် လက်ဖက်ပင်ကြီးက ဒီနေ့အချိန်ထိ တည်ရှိနေပြီး ၎င်းလက်ဖက်ပင်ကို အကြောင်းပြုပြီးတော့ နှစ်စဉ်နှစ်တိုင်း တော်သလင်းလဆန်း ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ကြာ အလှူပွဲကျင်းပကာ နမ့်ဆန်နယ်တဝိုက်က တအာင်းလူမျိုး၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးသူ၊ ဈေးရောင်းသူတွေနဲ့ စည်ကားနေပါတယ်။

ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်ခန့်က ကိုဗစ်ရောဂါကြောင့် ဘုရားပွဲကို အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့တယ်လို့ လွယ်ဆိုင်ဘုရား ဂေါပကတွေက ပြောပါတယ်။

“အရင်နှစ်တွေက ကိုဗစ်ရောဂါ ဖြစ်တာမို့လို့ ဘုရားပွဲကို လူနဲနဲနဲ့ သံဃာဆွမ်းကပ် သင်္ကန်းကပ်တာလောက်ပဲ ပြုလုပ်ခဲ့ပါတယ်။ အမှန်က ဘုရားပွဲက နှစ်တိုင်းရှိတယ်။ ဒီနှစ်က ကိုဗစ်ရောဂါ လဲ မရှိဘူး။ ပြီးတော့ ဒို့ဒေသမှာတည်ငြိမ်နေသေးလို့ ဘုရားပွဲကို စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပဖြစ်တာပါ”

လွယ်ဆိုင်​တောင်ဟာ နမ့်ဆန်မြို့နယ်ရဲ့တောင်ဘက် (၁၀)မိုင်ခန့်အကွာ တောင်မရွာအထက်မှာ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၆,၀၀၉)ခန့် မြင့်မားကာ နမ့်ဆန်မြို့ရဲ့ ဒုတိယအမြင့်ဆုံးတောင် ဖြစ်ပါတယ်။

သမိုင်းဝင် လွယ်ဆိုင်ဘုရားရဲ့ ထူးခြားချက်ဟာ တအာင်းလူမျိုးတို့ အထွဋ်အမြတ်ထားတဲ့ပွဲဖြစ်တဲ့အပြင် ပညာရှင်တို့ရဲ့ လေ့လာမှတ်တမ်းပြုချက်အရ သက်တမ်းပေါင်း နှစ်(၉၀၀)ခန့်ရှိ လက်ဖက်ပင်ကြီးကို လေ့လာကြည့်ရှုနိုင်ခြင်း၊ သမိုင်းဝင် လွယ်ဆိုင်ဘုရားရဲ့ တောင်ဘက်မုဒ်ရှိ မြတ်စွာဘုရားရှင် ပါရမီနုစဉ်အခါက ရွှေဥဒေါင်းမင်းဘဝမှာ နှစ်ပေါင်း(၇၀၀)တိုင်တိုင် သီတင်းသုံး နေထိုင်တော်မူတဲ့ လှိုဏ်ဂူတော် တည်ရှိနေခြင်း၊ စကားဝါသားနဲ့ ထုဆစ်သွန်းလုပ်ထားတဲ့ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ကြည်ညိုနိုင်ခြင်း စတဲ့အချက်တွေ ရှိနေတဲ့အတွက် လွယ်ဆိုင်ရားပွဲသို့ လာရောက်ဖူးမျှော်သူနဲ့ စည်ကားနေပါတယ်။

#သတင်း/Photo - CJ
- Shwe Phee Myay News Page

Address


Website

Alerts

Be the first to know and let us send you an email when ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share