Crime Media Group

  • Home
  • Crime Media Group

Crime Media Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crime Media Group, Media/News Company, .
(3)

နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်။ မတ် ၁၆မတ်လ ၁၅ ရက်နေ့ ၀၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးန...
16/03/2024

နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ မတ် ၁၆

မတ်လ ၁၅ ရက်နေ့ ၀၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့အ၀င်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မသင်းသင်းဦး သယ်ဆောင်လာသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မသင်းသင်းဦး(၅၂)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

(Unicode)

နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်။ မတ် ၁၆

မတ်လ ၁၅ ရက်နေ့ ၀၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မသင်းသင်းဦး သယ်ဆောင်လာသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မသင်းသင်းဦး(၅၂)နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

Myanmar

တူကီယဲကမ်းလွန် ရော်ဘာလှေနစ်၍ ရွှေ့ပြောင်း ၂၂ ဦး သေဆုံး---------------------တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ကာနက်ကာလီပြည...
16/03/2024

တူကီယဲကမ်းလွန် ရော်ဘာလှေနစ်၍ ရွှေ့ပြောင်း ၂၂ ဦး သေဆုံး
---------------------
တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်း ကာနက်ကာလီပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာတဲ့ ရော်ဘာလှေတစ်စင်း နစ်မြုပ်မှုကြောင့် ကလေးခုနစ်ဦး အပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးက မတ်လ ၁၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။

လှေနစ်မြုပ်ပြီးနောက် လူနှစ်ဦးကို ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ပြီး တခြားနှစ်ဦးက ကိုယ်တိုင် ရေကူး လွတ်မြောက်ခဲ့ တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစောပိုင်းမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူလေးဦးကို ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ နိုင်ငံပိုင် အအာဒိုလူသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
လှေပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ ဘယ်လောက် ပါခဲ့မှန်း မသိရသေးဘူးလို့လည်း ပြောပါတယ်။

ကာဘာတီပီ ဆိပ်ကမ်းကို ရိုက်ပြတဲ့ ဗီဒီယိုဖိုင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်တဲ့ လှေတစ်စင်းဟာ ကုန်းပတ် ပေါ်မှာ အလောင်းအိတ် တွေနဲ့ ဆိပ်ကမ်းဆီ ပြန်လာတာကို မြင်ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေက အလောင်းထည့်ထားတဲ့ အိတ်တွေကို လှေပေါ်ကနေ လူနာတင်ယာဉ်ပေါ် ရွှေ့ပြောင်းတင်သွား တယ်လို့ သိရပါတယ်။

News Myanmar

ချမ်းမြသာစည်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ နေပြည်တော်။ မတ် ၁၆မတ်လ ၁၃ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်...
16/03/2024

ချမ်းမြသာစည်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်။ မတ် ၁၆

မတ်လ ၁၃ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၄ x ၁၀၄(A)လမ်းထောင့်တွင် ထန်ကွယ်ဆိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထန်ကွယ်ဆိုင်(၃၀)နှစ်အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

(Unicode)

ချမ်းမြသာစည်မြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်။ မတ် ၁၆

မတ်လ ၁၃ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၄ x ၁၀၄(A)လမ်းထောင့်တွင် ထန်ကွယ်ဆိုင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထန်ကွယ်ဆိုင်(၃၀)နှစ်အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

Myanmar

16/03/2024

စစ်မှုထမ်းဘို့ မဲစနစ်နဲ့ဆို
အရင်တုန်းက ဆန် ဆီ
ဆင်းကဒ်ပေးခဲ့တုန်းကလိုမျိုး
ရပ်/ကျေးဥက္ကဌနဲ့ ဆယ်မှူးရာမှူးအမျိုးတသိုက်အရင်ပေါက်ကြပါစေ၊🙏🙏🙏
😂😂😂

10/02/2023

ရောင်းစားခံလိုက်ရတဲ့ နွားမလေးအပေါ် သံယောဇဉ်ကြီးမားလွန်းတဲ့ နွားထီးကြီးရဲ့မြင်ကွင်းပါ 😢😢

VDO Crd

10/02/2023

တူရကီ

19/12/2022

19.12.2022
၄၂၅၀ ဦးစစ်
အတည်ပြုလူနာသစ်(၁၃)ဦးတွေ့ 0.31% နှင့် သေဆုံးသူမရှိ

Address


Website

Alerts

Be the first to know and let us send you an email when Crime Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share