Myanmar Hajj News

  • Home
  • Myanmar Hajj News

Myanmar Hajj News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Hajj News, News & Media Website, .

12/06/2023

Breaking News 12-6-2023
သိမ်ဖြူလမ်း အာရပ်ထမင်ဆိုင် မှ ဟဂျ်ကိုတာ ခွဲတမ်းမရှိသော Yangon နှင့်စသော ကုမ္ပဏီတစ်ခု ဟာဂျီ ၂၀၀ ကျော် လက်ခံပြီး လက်ရှိ အဆက်အသွယ်မရဟုသတင်းရရှိပါတယ်။
ဒေါ်လာစား ဟာဂျီပွဲစားများလဲ ဖုန်းမကိုင်တော့ပါ။
အပ်ထာသောဟာဂျီများ ဆက်သွယ်ကြည့်ကြပါ။

22/05/2023
စျေးသက်သက်သာသာ နှင့် ဟဂျ်သွားလို့သူများ တစ်ဦးဒေါ်လာ(၄၉၅၀)😀
13/05/2023

စျေးသက်သက်သာသာ နှင့် ဟဂျ်သွားလို့သူများ တစ်ဦးဒေါ်လာ(၄၉၅၀)😀

“အလ်ဟမ်ဒုလိလ္လာဟ်”
Group (A) Group (B) ဝန်ဆောင်မှုအပြင်

ယခုနှစ်2023ဟာဂျီများ အထူးစျေးနှုန်းသက်သာစွာဖြင့် ဟာဂျ်ပြုနိုင်ရန်ရည်ရွယ်၍ Group (BB) Gold Stone ကုမ္ပဏီမှ ကာဗာဟ်ကျောင်းတော်သို့ (၇)မိနစ်၊သက်ကြီးပိုင်းများအနေဖြင့် (၁၀)မိနစ်သာလမ်းလျှောက်ရမည့် တည်းခိုရိပ်သာတွင် $(၄၉၅၀)ဖြင့် ဟာဂျ် Package တစ်ခုစီစဉ်ထားပါသည်။ အသေးစိတ်သိရှိလိုပါက - Gold Stone Co.,Ltd အမှတ် ၄၂၊ ၅၄ လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း - 01-292901 - ရုံးဖုန်း-09797015505

📱09798410885
📱09777016599
📱09964707556
📱0943108776
📱09764310593

Edited 22-05-2023အချိန်ပြည့်သွားပါပြီ။ မှန်မှန်ကန်ကန် ဆက်သွယ်လာသူတစ်ဦးမှ မရှိပါ။အကောင့်ပုန်း(Fake Account) များဖြင့်သာလာ...
30/04/2023

Edited 22-05-2023
အချိန်ပြည့်သွားပါပြီ။ မှန်မှန်ကန်ကန် ဆက်သွယ်လာသူတစ်ဦးမှ မရှိပါ။
အကောင့်ပုန်း(Fake Account) များဖြင့်သာလာရောက်အာချောင်နေတာပါ။

အစ္စလာမိုအလိုင်ကွမ်

မြန်မာပြည်က ဟာဂျ်သွာမည့်သူတွေအတွက်သတင်းကောင်း

အေးဂျင့်သုံးဦးဆက်သွယ်လာပါတယ်။ သူတို့ လူ(၃၀၀)စာမှ လူ(၁၅၀)ကို ကုမ္ပဏီ ဝန်ထမ်းလခ၊ ပြည်တွင်းအခွန်ပေးငွေ၊ရုံးခန်စရိတ်နှင့်လိုအပ်သည်များကိုလုပ်ပေးရမည့်ဝန်ဆောင်ခ တွေတွက်ပြီး လူတစ်ဦးလျှင် ဒေါ်လာ (၂၀၀) သာယူပါမည်။ ဆော်ဒီနိုင်ငံတွင် အေးဂျင့်များသာ ရုံကိစ္စ များ၊ကားကိစ္စများ ကိုလုပ်ရပါသောကြောင့် အေးဂျင့် ကုမ္ပဏီပိုင်ရှင် သုံဦး ကို ဟာဂျီများ Package အတိုင် (FOC)အခမဲ့ခေါ်ဆောင်သွားရပါမည်။

မြန်မာပြည်မှ အဖွဲ့အစည်းများမှဖြစ်စေ၊အုပ်စုတစ်စုမှဖြစ်စေ၊တစ်ဦးခြင်းဖြစ်စေ ဟာဂျီများကို ဦဆောင်ခေါ်သွားရပါမယ်။ ထိုကုမ္ပဏီ သုံးခုမှ အဖွဲ့အစည်း၊အုပ်စု၊တစ်ဦးခြင်း ဦးဆောင်သူများမှ တစ်ဦးနှင့်သာအလုပ်ကိစ္စ စကားပြောပါမည်။
ဟာဂျီလက်ခံခြင်း၊လေယာဉ်လက်မှတ်စီစဉ်ခြင်း၊ မက္ကာဟော်တယ် online စာချုပ်၊မဒီနာဟော်တယ်online စာချုပ်၊ မြန်မာပြည်မှ ဟော်တယ်ငှားရမ်းခြင်း၊ဟာဂျီ (၁၅၀) စာ အတွက်အာမခံငွေသွင်းခြင်း၊ မော်လင်ကြေးသွင်းခြင်း၊ကားခများငွေသွင်းခြင်း၊ဆော်ဒီနိုင်ငံမှကောက်ခံသော ငွေသွင်းခြင်းများတွင်ပေးရသော ကုန်သွယ်ခွန် (၁၅)ရာခိုင်နှုန်းအတွက်ပေးရသောငွေ၊ အဆိုပါငွေများကို ခေါ်ဆောင်သွာမည့်သူမှ မိမိငွေလွှဲစရိတ်ဖြင့် အေးဂျင့်များ၏ ဆော်ဒီနိုင်ငံတွင်ရှိသော ဘဏ်အကောင့်တွင် သွင်းပေးရမည်။

မက္ကာဟော်တယ်၊မဒီနာဟော်တယ်၊ ဟာဂျီ (၁၅၀) စာ အတွက်အာမခံငွေသွင်းခြင်း၊မော်လင်ကြေးသွင်းခြင်း၊ကားခများငွေသွင်းခြင်း၊ကုန်သွယ်ခွန် (၁၅)ရာခိုင်နှုန်း အတွက်ငွေများသည် ဟဂျ်ဝန်ကြီဌာန၏စည်းကမ်းအရ အေးဂျင့်၏ ဘဏ်အကောင့်ဖြင့်သာတိုက်ရိုက်ပေးချေနိုင်သည်။ အောက်လမ်းငွေလွှဲခြင်း၊ ငွေသားဖြင့်ပေးချေခြင်း၊ ဆော်ဒီနိုင်ငံတွင် နေထိုင်သူ တစ်ဦးဦးမှပေးချေခြင်ကိုပြင်ထန်စွာတာမြစ်ထားသည်။ဟာဂျီများအတွက် အစားအသောက်ကိစ္စကိုခေါ်ဆောင်သွာသူမှမိမိဖာသာစီစဉ်ရပါမည်။

အေးဂျင်များမှတာဝန်ယူဆောင်ရွက်ပေမည့်ကိစ္စများမှာ မြန်မာပြည်တွင် လ၀က သို့ ခရီးသွာမည့်သူများ၏အချက်အလက်များပို့ပေးခြင်း၊ ဟာဂျ် Visa တင်ရန်အတွက် Online တွင်တင်ရသော ဟာဂျီများ၏ အချက်အလက်များတင်ပေးပြီး၊ပေးသွင်းရမည့်ငွေများပေချေပြီးVisa ထွက်သည့်အထိတာဝန်ယူလုပ်ဆောင်ပေးပါမည်။

ဦးစီးပြီခေါ်မည့်သူမှဆောင်ရွက်ရမည့်ကိစ္စများမှာ ပထမဦးဆုံး လေယာဉ်လက်မှတ် လူ (၁၅၀) စာ စရံငွေသွင်းပေးရမည်။လေယာဉ်လက်မှတ်က ဟဂျ်နီးလေစျေတက်လေပါ။ လေယဉ်လက်မှတ်က လက်ရှိ Group Ticket ယူရင် တစ်ဦး ၁၆၅၀ လောက်ပေါက်ပါတယ်။ မနှစ်က အနားကပ်မှယူတာ တစ်ဦး ဒေါ်လာ ၂၀၀၀ လောက်ပေးခဲ့ရပါတယ်။ အေးဂျင့်ပြောလို့သိရတာပါ။ ဟော်တယ်ကတော့ online စာချုပ်လုပ်ရင်ငွေအကြေသွင်းရပါတယ်။ ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်းပါတစ်ခါတည်းသွင်းရပါတယ်။

လူ(၁၅၀) စာ မော်လင်ကြေနှင့်ကားခများကြိုသွင်းပေးရမည်။ မော်လင်ကြေး သွင်းငွေ နောက်ကျလျှင် မော်လင် (D) Package ကုန်ပြီး၊ မော်လင် (C) Package မှာယူလျှင် ဒေါ်လာ ၅၀၀ သို့မဟုတ် ဒေါ်လာ ၇၀၀ ခန့် များသွာမည်။အဲတော့ ပိုတဲ့ငွေက သွားမည့် ဟာဂျီခေါင်းပေါ်ရောက်သွာလိမ့်မည်။

အေးဂျင့်ကထပ်ပြောပါတယ် ဟဂျ်ဂရုပ် တွေမှာ စာမတတ်ပေမတတ် ကားပွဲးစာတွေ၊ကားပွဲစာအားလုံးကိုမဆိုလိုပါ၊ ရေးတဲသူတွေကိုပြောတာပါ။ ရေထဲမှာပဲအချိန်ကုန်ပြီးကုန်ပေါ်ကအကြောင်းဘာမှမသိတဲ့ သင်္ဘောသားတွေ၊သင်္ဘောသားအားလုံးကိုမဆိုလိုပါ၊ ရေးတဲသူတွေကိုပြောတာပါ။ ကိုဗစ်မှာ Mask တွေကိုစျေးကြီရောင်းပြီးငွေရှာနေတဲ့အပ္ပနားဘိုင်တွေ၊ရာသီပေါ်သင်တန်းတွေဖွင့်စားနေတဲ့သူတွေ။ ရာသီပေါ် Cele ဖြစ်ခြင်သူတွေ က အာချောင်နေတာ လေယာဉ်လက်မှတ်က အွတ်မရာသွားတုန်းက ဒေါ်လာ ၁၀၀၀ ပဲရှိတာ၊ ဖုန်းထဲကနေ booking.com, agoda.com ကြည့်ပြီး ဟော်တယ်က တစ်ရက် ဒေါ်လာ ၂၀ လောက်ပဲကျတယ်လို့ပြောနေတော့ အခုကိုတိုင် အဲလူတွေအာလုံးပေါင်း ပြီးသူဌေးတစ်ယောက်ရှာ၊မရရင် သူဌေးနှစ်ယောက်ရှာ ဟာဂျီတွေကိုသက်သက်သာသာ နဲ့ခေါ်သွားလို့ပြောတယ်။

သေခြာပေါက် ဟာဂျီတွေကိုသက်သာသောစျေးနှုန်ဖြင့်အေးဂျင့်ကို ဝန်ဆောင်ခ တစ်ဦးဒေါ်လာနှစ်ရာ နှင့် အေးဂျင့်သုံးဦး၏စရိတ်မျှခံပေးခြင်း သာအပိုကုန်ကျငွေရှိပါသည်။ ကျန်တဲ့ကုန်ကျစရိတ်တွေကိုဟာဂျီများကို အရင်းအတိုင်ချပြပြီးခေါ်ဆောင်သွား မယ်ဆိုရင် Chat Box မှာ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ နာမည် ချန်ထားခဲ့ပါ။

ဦးဆောင်မည့်သူတစ်ဦထဲကိုသာတွေ့ပါမည်။ အေးဂျင်များ က တွေ့မည်သူကို စုံစမ်းရပါအုံးမယ်။လမ်ဘေးကလူလား၊လုပ်နိုင်ကိုင်နိုင်ငွေကြေးအင်အားရှိသူလား။ တော်ကြာ ဟာဂျီငွေအားလုံမပြီးပြေးရင် အေးဂျင်လဲမရှင်းနိုင်၊ကုမ္ပဏီလဲ Black List ထိမယ်။ကုမ္ပဏီနာမည်ခံထားတော့ တရားပါစွဲခံထိမယ်။အေးဂျင်များမှလာရောက်ဆက်သွယ်ပါမယ်။ နောက်ပြောင်ပြီး အချက်အလက်အမှားပေးပါက ဆက်သွယ်မည်မဟုတ်ပါ။

အချိန်မှီ ဦဆောင်လုပ်ကိုင်နိုင်မည့်သူမတွေ့ပါက အဆိုပါ ခွဲတမ်း(၁၅၀) ဟာဂျီဦးရေးကို အချိန်မှီ
ဟဂျ်သွာမည့်သူမရှိပါသဖြင့် မနှစ်ကလို ပြန်အပ်လိုက်ပါမည်။

မှတ်ချက်။ ။အေဂျင့်ရေးခိုင်းတဲ့အတိုင်းရေးထားတာပါ။ ကျွန်တော်တို့ရဲ့ Page ၏အာဘော်မဟုတ်ပါ။အေးဂျင့် လော်ဘီမလုပ်ပါ။
ဟာဂျီတွေစျေးသက်သက်သာသာ နှင့်သွာလို့ရမလားလို့ တင်ပေးကြည့်တာပါ။
အမှားပါရင် မာဖ်လုပ်ပါ။

💖ALHAMDULILAH 🤲🇸🇦မြန်မာနိုင်ငံ ဟဂျ် ၂၀၂၃ ခွဲတမ်း ထွက်ပါပြီ။အောက်ပါ ခွဲတမ်းရ ကုမ္ပဏီများ တွင် မြန်မာဟာဂျီများ ယုံကြည်စိတ်...
14/04/2023

💖ALHAMDULILAH 🤲🇸🇦
မြန်မာနိုင်ငံ ဟဂျ် ၂၀၂၃ ခွဲတမ်း ထွက်ပါပြီ။
အောက်ပါ ခွဲတမ်းရ ကုမ္ပဏီများ တွင် မြန်မာဟာဂျီများ ယုံကြည်စိတ်ချစွာ
ဟဂျ်ခရီးစဉ်ကို အပ်နှံနိုင်ပါသည်။

အောက်ဖေါ်ပြပါ ကုမ္ပဏီများ မှအပ အခြားကုမ္ပဏီများခွဲတမ်းရထာခြင်းမရှိပါ။
ယခု post ကို Share ခြင်းဖြင့် လူအများသိအောင်ဖြန့်ပေးပါရန်။

မနှစ်က ၂၀၂၂ တွင် မြန်မာနိုင်ငံတော်အစိုးရနှင့် ဆော်ဒီသံရုံး မှ မြန်မာနိုင်သားအစ္စလာမ်ဘာသာဝင်များ ဟဂျ်သွားရောက်ကြမည်ကို ခြ...
03/03/2023

မနှစ်က ၂၀၂၂ တွင် မြန်မာနိုင်ငံတော်အစိုးရနှင့် ဆော်ဒီသံရုံး မှ မြန်မာနိုင်သား
အစ္စလာမ်ဘာသာဝင်များ ဟဂျ်သွားရောက်ကြမည်ကို ခြွင်းချက်မရှိ
ခွင့်ပြုထားပါသည်။
သို့သော်ဦးဌေးအောင် က အခွင့်အရေးလိုခြင်လို့လား၊ မျက်နှာသာရခြင်လို့လား
မသိဘူး၊ အစ္စလာမ်ဘာသာဝင်ဖြစ်ပါလျှက် သာသနာရေးဝန်ကြီးဌာန၊နေပြည်တော်ကို မြန်မာ ဟာဂျီတွေ ဟဂျ်သွားခြင်း ခွင့်မပြုအောင် စာတင်ခဲ့ပါသည်။ ယခုတော့ အလ္လာဟ် အရေးယူတဲ့အချိန်ကျရောက်လာပါပြီ။

မျက်နှာမရ ဖိနပ်ရ ဆိုသလို ဖြစ်နေပါပြီ။

ဟိုတယ်နှင့်ခရီသွားဝန်ကြီဌာန ကိုတရားရှုံးပြီး သိန်း ၇၀၀၀ ကျော် အကြွေး
တွေမဆပ်နိုင်လို့ Orchid ဟော်တယ် ကိုလေလံပြစ်ရမဲ့ အခြေအနေရောက်
လာပါပြီ။
အခုလဲစကားက မလျှော့သေးဘူး၊ လှူခြင်လို့ လေလံပြစ်တာပါတဲ့။

အဲဒီလောက် လှူခြင်ရင် ကုန်သည်လမ်း India သံရုံးဘေးက မြေကွက်ကြီး
ကို မွတ်စလင်မ်တွေအတွက် Islamic Culture Centre အဖြစ် လှူလိုက်ပါလား။
မွတ်စလင်မ်တွေအတွက်မလှူခြင်ရင်လဲ အများပြည်သူ အကျိုးရှိမဲ့ ကိစ္စတစ်ခုခုလုပ်ပေါ့။
ပရဟိတသမားလိုလိုဘာလိုလိုနဲ့ မျောက်ပြ ဆန်တောင်းလုပ်နေတယ်။

ဦးဌေးအောင် Orchid ဟိုတယ်နှင့်ပတ်သက်ပြီး အင်တာဗျူး Youtube လင့်ခ်
https://youtu.be/ZbrgiGaLmxU

အလ္လာဟ် အရှင်မြတ် သင့်အား ဟေဒါယသ်ပေးတော်မူပါစေ ။
နောက်ဆုံး ထွက်သက်၌အီမာန် ချီးမြင့်တော်မူပါစေ ။
အလ္လာဟ်အိမ်တော်ကို သွားရောက်ခြင်းကို သင် မည်သည့်အင်အားနှင့်မျှ
မတားနိုင်ပါ ။
ဘယ်သူ ဘယ်အချိန် ဘယ်မျှ သွားရမည်ကို အလ္လာဟ် သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။

မြန်မာ ဟာဂျီတွေ ဟဂျ်သွားခြင်း ခွင့်မပြုအောင် လုပ်တဲ့သူတွေထဲမှာ
ဦးဌေးအောင် အပြင် အသစ်ဖွဲ့ထာတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့က
အစ္စလာမ်ဘာသာဝင် လူအချို့လဲပါဝင်တယ်။
အသင်တို့အပေါ် အလ္လာဟ်အရေးယူတဲ့အချိန်ကျရောက်လာ ပါလိမ့်မယ်။ နာမည်တော့မရေးတော့ပါဘူး။ နောက်ထပ် ဟဂျ်ကိစ္စမှာထပ်လာရှုပ် ရင်နာမည်တပ်ရေးရပါလိမ့်မယ်။
ဦးဌေးအောင် က နာမည်တပ်ပြီးစာတင် ခဲ့လို့နာမည်တပ်ပြီပြောတာပါ။
တရားစွဲလဲ ဂရုမစိုက်ဘူး။ ကျွန်တော်တို့က နိုင်ငံခြားမှာပါ။
ပြည်တွင်းက ရရှိတဲ့ ဟဂျ်သတင်းများ ကို အစ္စလာမ်ဘာသာဝင်များ အချိန်နှင့်
တပြေးညီ သိရှိရန်တင်ပြခြင်း ဖြစ်ပါတယ်။

Myanmar Hajj News မှသတင်းမှန် များကို လူအများသိရှိစေရန် Share
ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

နောက်ထပ်အရေးကြီး သတင်းတစ်ခုတင်ပေးပါမယ်။

သတင်း ကိုသေခြာရန် Confirm လုပ်နေရလို့ပါ။

ရန်မဇန် အွတ်မရာခရီးစဉ် အကြီးကြီး လိမ်ခံရဖို့ရှိပါတယ်။
လိမ်တာဆိုတာ ငွေပဲအပြီးလိမ် မလား၊ သိုမဟုတ် ခေါ်သွားပြီး ပြောထားတဲ့ဟော်တယ်မဟုတ်ပဲ ရတဲ့ လမ်းဘေးက ဟိုတယ်မှာပြစ်ချ မလာတော့
သေခြာမသိရသေးဘူး။😥😥😥

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Hajj News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

About Us

Unicode ကျွန်တော်တို့ Myanmar Hajj News Page သည် မြန်မာနိုင်ငံရှိဟဂျ်ကုမ္ပဏီများနှင့်နီစပ်သောသူများ၊ဆော်ဒီအာရေးဗျ နိုင်ငံမှ မိတ်ဆွေများနှင့်ပူပေါင်းကာမြန်မာနိုင်ငံမှဟဂျ်သွားရောက်မည့်ဟာဂျီများအတွက် ဟဂျ်ခရီးစဉ်၊ဟဂျ်ကုမ္ပဏီများနှင်ပတ်သက်သောသတင်းမှန်များကိုတင်ပြနေပါသည်။ Zawgyi ကျွန်တော်တို့  Myanmar Hajj News Page သည် မြန်မာနိုင်ငံရှိဟဂ်ျကုမ္ပဏီများနှင့်နီစပ်သောသူများ၊ဆော်ဒီအာရေးဗျ နိုင်ငံမှ မိတ်ဆွေများနှင့်ပူပေါင်းကာမြန်မာနိုင်ငံမှဟဂ်ျသွားရောက်မည့်ဟာဂျီများအတွက် ဟဂ်ျခရီးစဉ်၊ဟဂ်ျကုမ္ပဏီများနှင်ပတ်သက်သောသတင်းမှန်များကိုတင်ပြနေပါသည်။