30/11/2023
စိတ်ဒဏ်ရာတွေ
ပြေပျောက်ပါစေ
သမီးလေးရေ..
လွယ်အိပ်လွယ်ပြီး စာသင်ကျောင်းတတ်ချင်တာလို့တဖွဖွပြောတတ်သူ.
("သမီး ကျောင်းတခါမှ
မသွားဘူးသေးဘူး ကျောင်းကိုတခါလောက်တော့ တတ်ဖူးချင်လိုက်တာ")
ရောက်ရာအရပ်မှာ ရွယ်တူကလေး သူငယ်ချင်း မရှိလို့ သူ့အမေက သူ့ သူငယ်ချင်းအဖြစ် နေပေးပြီး ကစားနေတတ်သူ..
သူ့အမနဲ့ အကိုတွေကို တမ်းတရင်း အသံတိမ်နှစ်သွားတတ်သူ..
တခါတခါ အံကိုတင်းတင်းကြိတ်ရင်းမျက်ရည်ဝိုင်းကာ အချုပ်ခန်းထဲက အကြောင်း ပြန်ပြောပြ နေတတ်သူ..
လေဒီယိုက သတင်းဖွင့်သံကြားရင် အိပ်ယာကထပြီး သတင်းထဲမှာ ဖွားဖွားစု နဲ့သူ့အကိုကြီး လွတ်လာလေမလား နားထောင်ရင်း
မျှော်နေတတ်သူ..
သတ်ပုံမှန်အောင်မရေးနိုင် သေးတဲ့ စာတွေ .
ပီပြင်အောင်မဆွဲတတ်တဲ့ပန်းချီတွေကိုဆွဲရင်း စိတ်ထဲက ဒဏ်ရာတွေ ကိုဖော်ပြနေတတ်သူ..
ထမင်းစားတိုင်း ဆုံခဲ့သမျှ ရဲဘော်တွေရဲ့ သူ့အကြိုက်ဟင်းတွေ ချက်ပြုတ်ကြွေးခဲ့ပုံတွေကို သတိတရ ပြောနေတတ်သူ..
(သူ့ဦးမင်း ချက်တာက
ပိုကောင်းတာတဲ့)
သူ့အမေ အကျည်းထောင်ထဲကျန်ခဲ့စဥ် ကျွန်တော့်အမကြီးလို ချစ်ခင်လေးစားရသူ
တယောက်က သူ့အဖမ်းခံရပြီးလွတ်လာစဥ် စားသောက်.နေထိုင် .ရေချိုး. အိပ်ယာအိပ်ထ.
သွားတိုက်တာအဆုံး အစစပြုစုသွန်သင်ပေး ခဲ့တဲ့ သူ့ "မေမေသဲ" အကြောင်းစီကာပတ်ကုံး ပြောပြနေတတ်သူ..
သူလွတ်လာတဲ့အခါက ကျွန်တော်ရှိရာလာခဲ့စဥ် လမ်းမှာ ဆိုင်ကယ်မောင်းပို့တဲ့ ရဲဘော်တယောက် နောက်ကလိုက်စီးရင်း ဂိတ်ရောက်ရင် အိပ်ချင်ယောင်ဆောင်ကာ အကြမ်းဖက် စစ်အုပ်စုဂိတ်တွေက ဖြတ်ခဲ့ရပုံတွေကို
တခုတ်တရ
ပြန်ပြောပြ နေတတ်သူ..
မိုးခြိမ်းသံကြားရင်အကြောက်ကြီး ကြောက်ပြီး("မျက်နှာဖြူဖပ်ဖြူရော် ဖြစ်တဲ့အထိ" )
အကြောက်ကြီးသူက သေနတ်သံ မိုင်းသံကြားရင် ရဲရဲတောက် မကြောက်တတ်သူ..
သမီးငယ် စုထက်ဝိုင်းအပါအဝင် ကလေးငယ်တိုင်း
ကလေးတယောက်လို လွတ်လပ်ငြိမ်းချမ်းစွာ ရှင်သန်ကြီးပြင်းနိုင်ပါစေ
သမီးလေးရေ..
အဝေးတနေရာက
အဖေ့အလွမ်း ...
Ksh.mgk
(29.11.2023)