ငြိမ်းချမ်းရေး၊ ကြီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးစာစောင်
(Peace, Progress & Prosperity Magazine)
ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း၊ မှတ်ပုံတင်အမှတ် (၂၀၁၅) ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။
ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း သည် ကျေးလက်ဒေသနှင့် တောင်တန်းဒေသရှိ ဒေသခံ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး။ ရေကောင်းရေ
သန့်ရရှိရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ဒေသနှင့်လျော်ညီသော အသက်မွေးဝမ်းကျောင်း နည်းပညာများပေးရန်၊ ဒေသအလိုက် လိုအပ်လျက်ရှိသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသော
အသင်းဖြစ်သည်။
အသင်း၏ တည်နေရာမှာ တိုက်(၄)၊ အခန်း (၁၀၃)၊ သာယာရွှေပြည်အိမ်ရာ၊ သာယာရွှေပြည်လမ်း၊ ရပ်ကွက် (၁၆)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိ၍ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု နယ်နိမိတ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်သည်။
အသင်အနေဖြင့် INGO များ၊ UN အဖွဲ့အစည်းများ၊ သံရုံးများ၊ UNICEF၊ UNFPA တို့နှင့်ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေရရှိရေးနှင့် ကျေးရွာဝင်ငွေတိုးလုပ်ငန်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
အသင်း၏ လုပ်ငန်းစဉ်များမှာ လူထုအတွင်း ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကလေးများ၊ လူငယ်၊ သက်လတ်နှင့် လူကြီးများ ပညာရေးအသိ မြင့်မားလာစေရန် အသက်အရွယ်နှင့် လျော်ညီသော ပညာရေးမြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒေသနှင့်လျော်ညီသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းအမျိုးမျိုးအတွက် သင်တန်းများပို့ချခြင်း၊ ဒေသ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် သဘာဝလေးအန္တရယ်ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။