Tai Public News

  • Home
  • Tai Public News

Tai Public News အပြုသ​ဘော​ဆောင်​သ​ဘောထားမျာ်း်ွာတ

(1/2/2021) ----------------မထင်မှတ်တဲ့ စစ်တပ်ကအာဏာသိမ်းတဲ့နေ့တဖက်ကစဉ်းစားကြည့်ရင် 2020 ရွေးကောက်ပွဲကမဲမသမာမှုတွေ၊ မရိုးမသ...
01/02/2021

(1/2/2021) ----------------
မထင်မှတ်တဲ့ စစ်တပ်ကအာဏာသိမ်းတဲ့နေ့
တဖက်ကစဉ်းစားကြည့်ရင် 2020 ရွေးကောက်
ပွဲကမဲမသမာမှုတွေ၊ မရိုးမသားအောက်လမ်း
နည်းတွေကြောင့်လို့ ခန့်မှန်းမိပါတယ်။

🔴 တရားမျှတမှုမရှိလို့ အာဏာသိမ်းတာကို
ရှမ်းပြည်သူတစ်ယောက်အနေနဲ့ လက်ခံပါတယ်။
ထောက်ခံပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ရှမ်းပြည်မှာလည်းဘဲ SSPP ဝမ်ဟိုင်းလက်နက်
ကိုင်သူပုန်အဖွဲ့နဲ့ တပ်မဟာ-7 SSA ပြည်သူ့စစ်
အဖွဲ့ဟာ ဒေသခံရှမ်းပြည်သူတွေကို အမိန့်ပေး
အကြပ်ကိုင်ပြီး SNLD လို့ခေါ်တဲ့ ကျားခေါင်းပါ
တီကိုအဓမ္မမဲထည့်ခိုင်းလို့ပါဘဲ။

🔴အခု စစ်တပ်ကအာဏာသိမ်းတာ ရှမ်းပြည်
ရွေးကောက်ပွဲကလိမ်ကကျါစ်ကျနေတဲ့အပေါ်
လည်းသက်ရောက်ပါတယ်။
🔴 ရိုးသားမှန်ကန်သူများ အောင်မြင်ပါစေ
🔴ကောက်ကျစ်လိမ်လည်သူများ ကျရှုံးပါစေ

မရိုးမသါး ကျားခေါင်းဖြေပါ
31/01/2021

မရိုးမသါး ကျားခေါင်းဖြေပါ

🅾 Lin Kyi # ကျားခေါင်းဖြေပါ 🛑
*ဘာ​ကြီးလဲ*
ရှမ်းပါတီကြီးတခုက
၂၀၀၈ အ​ခြေခံဥပ​ဒေ
ကိုလက်မခံနိုင်
ဆုတ်ဖြဲပစ်
မီးရှို့ပစ်မယ်
အသစ်ပြန်ဆွဲမယ်တဲ့
ပြင်းပြင်းထန်ထန်
အဲဒါ
ဟိုအရင်က
ခု​တော့ စစ်တပ်က
အာဏာသိမ်း
၂၀၀၈ ကိုဖျက်မယ်ဆို
တော့မလုပ်သင့်မဖျက်
သင့်ဘူးတဲ့
နားရှိလို့ကြားရတာ
သူများလာ​ပြောရင်
ဘယ်ယုံမလဲ
ဒုဥက္ကဌ၁လဲ​ပြောတယ်
တွင်းမှူးကြီးလဲ​ပြော
လူကြီးစကားလား
လူပြက်စကားလား
ဟာသလား
နားလည်တဲ့သူတွေ
ရှင်းပြပါ

slk31121

အမျိုးသစ္စာဖောက် SSPP ကဗိုလ်မှူးနှစ်ယောက်ကိုဖမ်းဝရမ်းထုတ်ခြင်း 🔴🔴
29/01/2021

အမျိုးသစ္စာဖောက် SSPP ကဗိုလ်မှူးနှစ်ယောက်ကို
ဖမ်းဝရမ်းထုတ်ခြင်း 🔴🔴

သီပေါမြို့နယ် ကုန်းသာအုပ်ချုပ်ရေးမှူး ဦးဆိုင်ဟန်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ရှမ်းလူမိုက်သူပုန်အဖွဲ့ SSPP
23/01/2021

သီပေါမြို့နယ် ကုန်းသာအုပ်ချုပ်ရေးမှူး ဦးဆိုင်ဟန်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ရှမ်းလူမိုက်သူပုန်အဖွဲ့ SSPP

အမည်မဖော်လိုသူရဲ့ကာတွန်းလက်ရာ 2021 💚
11/01/2021

အမည်မဖော်လိုသူရဲ့ကာတွန်းလက်ရာ 2021 💚

သံသရာ လည်တတ်တယ်
11/01/2021

သံသရာ လည်တတ်တယ်

မြေကြီးကို
တီကောင်ကစား
တီကောင်ကို
ငါးကစား၍
ငါးကို
လူကစားတော့
လူကို
မြေကြီးပြန်စားမှုက
သံသရာလည်ခြင်းပါပဲ #

ပီယသွေး(မုံရွာ)

10/01/2021
အမှန်ပြောပြတိုင်း ရှမ်းလူရိုင်းတွေအမုန်းပွား2021 ရှမ်းကာတွန်းဆရာကိုဘယ်ကြိုက်ပါ့မလဲ
26/12/2020

အမှန်ပြောပြတိုင်း ရှမ်းလူရိုင်းတွေအမုန်းပွား
2021 ရှမ်းကာတွန်းဆရာကိုဘယ်ကြိုက်ပါ့မလဲ

 #ကျားခေါင်းတက်ပြည်ပျက် တဲ့SSPP နဲ့ SNLD ကကျားခေါင်းတံဆိပ်အတူတူ
20/12/2020

#ကျားခေါင်းတက်ပြည်ပျက် တဲ့
SSPP နဲ့ SNLD ကကျားခေါင်းတံဆိပ်အတူတူ

2015-2020 ရှမ်းပြည်နိုင်ငံရေးအခြေအနေကိုတစေ့တစောင်း မီးမှောင်းထိုးပြတဲ့ ရှမ်းကာတွန်း
15/12/2020

2015-2020 ရှမ်းပြည်နိုင်ငံရေးအခြေအနေကို
တစေ့တစောင်း မီးမှောင်းထိုးပြတဲ့ ရှမ်းကာတွန်း

08/12/2020

ရှမ်းနိုင်ငံရေးကိုဝေဖန်သုံးသပ်မိလို့ ရှမ်းအာဏာရှင်
တွေရဲ့ခြိမ်းခြောက်မှုဖြစ်ရပ်မှန်တစ်ခု ♦♦

28/11/2020

Shan Political Evaluation No.9🔴
ရှမ်းပြည်နိုင်ငံရေးသုံးသပ်ချက်(မြန်မာဘာသာ)
===== ဦးလေးဝမ်း (28/11/2020) ======
🅾 ကျားခေါင်းထောက်ခံပေးတဲ့ ဝမ်ဟိုင်းအဖွဲ့ရဲ့
ဦးလေးဝမ်းအပေါ် ခြိမ်းခြောက်ကြံစည်မှု
🔳 ကျားခေါင်းပါတီကိုသာမဲထည့်ပေးဖို့ အုပ်
ချုပ်ရေးမှူးတွေထံပေးပို့လာတဲ့ ဝမ်ဟိုင်းအဖွဲ့ရဲ့
ညွန်ကြားစာ သပ်သေအထောက်အထား
🔳 ကျောက်မဲမြို့နယ် ပန်ကွမ်ရွာ ကျားဖြူပါတီ
ဝင်ကဒ်များကိုအဓမ္မသိမ်းယူသွားတဲ့ကျားခေါင်း
🔳 ဝမ်ဟိုင်းတပ်မှူးတယောက်ရဲ့ လုပ်ကြံဖို့တင်
ပြတဲ့အသံဖိုင်
🔳 သတင်းသမားတယောက်ရဲ့ရင်ဖွင့်သံ
🔳 သနားစရာရှမ်းပြည်သူနဲ့ ကောက်ကျစ်ယုတ်
မာတဲ့ရှမ်းအာဏာရှင်အကြားကဇာတ်လမ်းများ
ကို ဒီရှမ်းပြည်နိုင်ငံရေးသုံးသပ်ချက်မှာ မြန်မာလို
ရှင်းပြထားပါတယ်။
လေ့လာလိုသူများ လွတ်လပ်စွာထပ်ဆင့် share
မျဝေနိုင်ကြပါတယ်ရှင့်။ 🌿🌿🌿🌿🌿🌿🌿
လုံးဝမ်းကိုယ်စား (Shan Malay) ခေတ္တ-ဝိန်းဟိုင်

16/11/2020

္ပုမ်း္ဒမှ်ူထ္လမ်ြူဝ်သိုဝ်္ပိုဝ်း္ဒြ်းလင်္ပိုဝှ်ူ
္ပ္ဂတှ်္ပိုဝ်း္ဂျမ်းလ္လ္မ်္ဒ္မူ်းမိုင်းတဿး-3
ผู้อยู่เบิ้งกลังพรรคหัวเสือที่โกงการเลือกตั้ง
Who supported SNLD became the betrayer. Part(3)
ကျားခေါင်းပါတီကိုထောက်ပံ့ပေးတဲ့အဖွဲ့
(11)ဖွဲ့အကြောင်း အပိုင်း(3)

11/11/2020

ရှမ်းပြည်သူ ကျားဖြူမိတ်ဆွေသို့ #
ဦးစိုင်းငေါင်းဝမ်းရဲ့ခေါင်းစဉ်ခြောက်ခုရှင်းလင်းချက်
========== (11/11/2020) ===========
သိမ်းဆည်းမြေယာပြဿနာနဲ့ကြုံတွေ့နေရတဲ့
တောင်သူ(60)ကျော်က တဖက်ပါတီကိုမဲလည့်ပေး
ပြီး သူတို့အားကိုးတဲ့ပါတီက အားမကိုးရတဲ့အပြင်
ခေါင်းရှောင်နေလို့ မတတ်သာတဲ့အဆုံး မိမိတို့ပြိုင်
ဘက်ပါတီကိုပြန်လာအားကိုးအကူအညီတောင်းတဲ့
ဖြစ်စဉ်ကို ဘယ်လိုဖြေရှင်းပေးမလဲ ? ? ? ? ? ?

ဦးစိုင်းငေါင်းဝမ်းဆိုသူက ကျားဖြူပါတီ SNDP
စည်းရုံးမှူးဖြစ်သလို ပရဟိတလုပ်ငန်းမှာ လူမျိုး
ဘာသာမရွေးကူညီပေးခဲ့ဖူးတဲ့သူတယောက်လို့
ဆိုပါတယ်။ ရှမ်းပြည်သူတွေအကွဲအပြဲဖြစ်အောင်
ဖန်တီးပေးတဲ့ မာနကြီးနေတဲ့ ကျားခေါင်းပြတ်
SNLD ကိုမနှစ်သက်သူတယောက်ဆိုတာလည်း
ပေါ်လွင်ထင်ရှားနေပါတယ်။

တဖက်ပါတီကိုထောက်ခံတဲ့ ဒုက္ခရောက်နေကြတဲ့
မြေသိမ်းခံတောင်သူတွေကို သူ့အနေနဲ့အကူအညီ
ပေး-မပေးဆိုတာ သူဆက်လက်ရှင်းပြမယ့်ခေါင်း
စဉ်တွေကို ဆက်လက်လေ့လာလိုက်ရအောင်။
သူဟောပြောမယ့်ခေါင်းစဉ်အတိုင်း အပိုင်းလိုက်
ခွဲထားတာမို့ အခက်အခဲ အတားအဆီးမရှိရင်
တဆက်တည်းထုတ်လွင့်ပေးသွားမယ်လို့သိရပါ
တယ်။
ဦးစိုင်းငေါင်းဝမ်းကိုယ်စား တင်ပြအပ်ပါတယ်ရှင့်

07/11/2020

🔴 ရှမ်းအာဏာရှင်များ သတိထားကြ 🔴

07/11/2020

ကျမ်းကိုးပြီး ရှမ်းဆိုးကိုကျိန်ဆို

ကျားဖြူကြီးကပျော့ပါသည်အားလုံးဝိုင်းဝန်းဖျံကျမည်ကံတရားရဲ့အကျိုးပေးအမြန်အနှေး ကျားဖြူလေးဝေး ဟေး ဟေး
02/11/2020

ကျားဖြူကြီးကပျော့ပါသည်
အားလုံးဝိုင်းဝန်းဖျံကျမည်
ကံတရားရဲ့အကျိုးပေး
အမြန်အနှေး ကျားဖြူလေး
ဝေး ဟေး ဟေး

💙 မိုင်စုံခ💙 တို့ရှမ်းပြည်ကြီး စစ်ပွဲငြိမ်းဖို့💙 တို့ရှမ်းမျိုးနွယ် တိုးတက်စေဖို့💙 SNDP ကျားဖြူနဲ့အတူ 🛑💜 ပြည်သူအများ အား...
07/08/2020

💙 မိုင်စုံခ
💙 တို့ရှမ်းပြည်ကြီး စစ်ပွဲငြိမ်းဖို့
💙 တို့ရှမ်းမျိုးနွယ် တိုးတက်စေဖို့
💙 SNDP ကျားဖြူနဲ့အတူ 🛑
💜 ပြည်သူအများ အားပေးကြစို့

🇦🇹🇦🇹 SNLD ကျားခေါင်းပါတီ 🇱🇹🇱🇹ကျားခေါင်းပါတီဝင်တစ်ယောက်မဟုတ်ပေမယ့်ကျားခေါင်းပါတီနဲ့ဆက်နွယ်ပတ်သက်ရတဲ့နေ့ပါ(24/2/2020) တောင...
24/02/2020

🇦🇹🇦🇹 SNLD ကျားခေါင်းပါတီ 🇱🇹🇱🇹
ကျားခေါင်းပါတီဝင်တစ်ယောက်မဟုတ်ပေမယ့်
ကျားခေါင်းပါတီနဲ့ဆက်နွယ်ပတ်သက်ရတဲ့နေ့ပါ
(24/2/2020) တောင်ကြီးမြို့ 2020 အတွက်
ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေး
ချယ်တာကို (16/2/2020) မှာကျင်းပခဲ့တယ်။
အဲဒီမှာ မိုင်းသော်အရှေ့အုပ်စုက ဥက္ကဋ္ဌသစ်
ရာထူးကိုအစားထိုးရွေးချယ်ရာကအစ တဖက်
နဲ့တဖက် အမြင်မရှင်းတာရှိလာပြီး အစွပ်စွဲခံ
တောင်နီကျေးရွာကဆရာမနန်းထွန်းသီက နစ်
နာသူအနေနဲ့ မြို့နယ်ရုံးမှာဖြေရှင်းဖို့အတွက်
ကျနော်လည်း ပါဝင်ကူညီခွင့်ရခဲ့လို့ပါဘဲ။

🇱🇹🇱🇹🇱🇹အမျိုးသားနိုင်ငံရေးကိုသာ အဓိက
ထားသူတစ်ဦးမို့ ဘယ်ပါတီရဲ့လက်အောက်ခံ
မဟုတ်သူမို့ ဘယ်ပါတီနဲ့မဆို လွတ်လပ်စွာဆွေး
နွေးအကြံပေးနိုင်ခဲ့တယ်လေ။ ကျားခေါင်းပါတီ
ရဲ့မြို့နယ်အလိုက်အမှုဆောင်အဖွဲ့ပြန်လ်ာရွေး
ခြယ်ရာက မခင်ဘဲဖြစ်ပေါ်လာတဲ့ပြသနာအပေါ်
အပြုသဘောဆောင်တဲ့အကြံပေးမှုကိုပေးခဲ့တဲ့
အပြင် SNLD ရဲ့ 2020 အတွက်အ​ကောင်းဆုံး
ဖြစ်ဖို့ 2015 ကအားနည်းချက်ကို သင်ခန်းစာ
ယူသင့်ကြောင်း ပွင့်လင်းစွာဘဲ ဆွေးနွေးခဲ့ပါတယ်

🇱🇹🇱🇹🇱🇹🇦🇹🇦🇹🇦🇹အဲဒီထက်အရေးကြီးတဲ့
အချက်တခုက ပါတီစည်းရေးအတွင်းမှာ
ကျားခေါင်းပါတီရဲ့မူဝါဒအတိုင်းပြည်သူကို
ဘယ်လိုကောင်းကျိုးပြုနိုင်တာကိုသာအလေး
ထားဖို့နဲ့ ရှမ်းကိုယ်စားပြုပါတီတစ်ခုဖြစ်ခဲ့ဖူးတဲ့ ကျားဖြူပါတီ SNDP ကိုအရင်ကလို မပုတ်ခတ်
မဆန့်ကျင်သင့်ဘူးလို့ရဲဝန့်ပွင့်လင်းစွာဘဲ ပြောပြ
လိုက်မိပါတယ်။
🇱🇹🇹🇼🇹🇼🇲🇲🇲🇲
ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီထဲမှာလည်းရှမ်း
တွေရှိတာကို တချို့စိတ်ကျဉ်းမြောင်းတဲ့
တဖက်စွန်းရှမ်းတွေက ဆန့်ကျင်ပုတ်ခတ်တာ
ကိုကြုံဖူးပါတယ်။ ယုတ္တိမရှိတဲ့ တဖက်သတ်
ရှမ်းတွေရဲ့တချို့မူဝါဒကြောင့် နိုင်ငံရေးပရိ
ယာယ်အရ ခန်းဆီးနောက်ကွယ်ကအာဏာရှင်
တွေရဲ့ကစားခြင်းကိုခံရတယ်လေ။ နစ်နာရတာ
က အပြစ်မဲ့ရှမ်းပြည်သူတွေပါ။

🇦🇹🇦🇹🇦🇹စေတနာမှန်တဲ့ ပြည်ထောင်စုထဲက
နိုင်ငံရေးပါတီတွေ အနိုင်ရကြပါစေလို့ ရှမ်းမင်းတို့ရဲ့ဝိညိဉ်နဲ့သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ
ကိုတိုင်တည်သစ္စာပြုရင်း. 🚩🚩🚩🚩🚩🚩
မိုင်စုံခ 🇱🇹

အမှားကြာ    အမှန်ထင်ဘုရားပင်ချွတ်လို့မရ။ခေါင်းပြတ်သည့်ကျားအကောက်သွားကနောက်နွားတသိုက်အကောက်လိုက်၏ငါ့မြင်းငါစီး    ငါ့ထီးင...
20/07/2019

အမှားကြာ အမှန်ထင်
ဘုရားပင်ချွတ်လို့မရ။

ခေါင်းပြတ်သည့်ကျား
အကောက်သွားက
နောက်နွားတသိုက်
အကောက်လိုက်၏

ငါ့မြင်းငါစီး ငါ့ထီးငါဆောင်း
ကျားခေါင်းမာန်တက် ရှမ်းပြည်ပျက်လိမ့်

Shan Political Cartoon"ကောင်းတာလုပ်ရင် ကောက်းကျိုးရမယ် ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ် " တဲ့။ လောကရဲ့အမှန်တရားသစ္စာတရားတခု . ...
07/05/2019

Shan Political Cartoon
"ကောင်းတာလုပ်ရင် ကောက်းကျိုးရမယ် ဆိုးတာ
လုပ်ရင် ဆိုးကျိုးရမယ် " တဲ့။ လောကရဲ့အမှန်တရားသစ္စာတရားတခု . .

ကာတွန်းအနုပညာကလည်း အဖြစ်အပျက် အမှန်တရားကို အတိုင်းအတာတခုအနေနဲ့ ရောင်ပြန်ဟပ်
ပြတဲ့ကြေးမှုံပြင်တခုလို . .
နိုင်ငံရေးအခြေအနေရဲ့အကောင်းအဆိုးကိုမီးမှောင်းထိုးပြတဲ့ လမ်းပြမီးအိမ် (Guide Lamp) ဆိုလည်းမမှားဘူးပေါ့။

သို့သော် မှန်တိုင်းလည်း လူတိုင်းမကြိုက်ကြပါ။ Online Social Media မှာလည်း အမြင်မတူ ဝါဒ
မတူလို့ စိတ်တိုင်းမကျခဲ့လို့ အချင်းချင်းဆဲဆိုပုတ်
ခတ် ကြတာကိုမြင်နိုင်ပါတယ်။ အလွယ်နဲ့ဆဲဆိုရဲ
ရင် ဆဲဆိုတဲ့ဖရုဿဝါစာရဲ့ဝဠ်ဒဏ်ကိုခံယူရဲရမှာ
ပေါ့။ Media သမားတအနေနဲ့လည်း သတင်းမီဒီယာကျင့်ဝတ်အတွင်းကနေ အမုန်းခံပြီး ကိုယ့်တာဝန်
ကျေပြွန်ခဲ့ကြသူတွေဘဲလေ။

အခုလည်း ရှမ်းပြည်နဲ့ရှမ်းအမျိုးသားနဲ့ပတ်သက်တဲ့ နိုင်ငံရေးကာတွန်းများကို ရှမ်းနဲ့မြန်မာနှစ်ဘာသာနဲ့ စုစည်းတင်ပြမှာမို့ မူရင်းလက်ရာပိုင်ရှင်ဖြစ်တဲ့ Ko Tiger(Maha Nwe, နန်းမောက်ကွမ်)တို့ကိုရည်စူး
ပြီး ခွင့်ပန်လိုက်ပါတယ်။

ဗုဒ္ဓရဲ့စကားကြီးနှစ်ခွန်းအတိုင်း မှန်တယ်၊ အကျိုးရှိတယ်၊ လူတိုင်းမကြိုက်(2)မှန်တယ်၊ အကျိုးရှိ
တယ်၊ လူတိုင်းလည်းနှစ်သက်လက်ခံတယ်လို့ ဘယ်လိုဘဲဖြစ်နေနေ နောက်ဆုံးထွက်သက်သေဆုံးသည်ထိ အမှန်တရားဘက်ကို ဆက်လက်ရပ်တည်သွားရမှာပါလို့ သူ့ကိုအားပေးရင်း ရင်ဖွင့်တင်ပြလိုက်ရပါတယ်ရှင်။
(အဖြူရောင်မင်းသမီး)
Political Cartoon #ရှမ်းနိုင်ငံရေးကာတွန်း

အမျိုးသားညီညွတ်ရေးဆိုတာထက်မိမိပါတီအာဏာရဖို့ အနိုင်ရဖို့ရိုဘဲအားသန်နေသူတွေ ခုထိအားကောင်းနေတုန်း ပြည်သူ့ဆန္ဒကိုအလေးမမူဘဲ အမ...
30/03/2019

အမျိုးသားညီညွတ်ရေးဆိုတာထက်
မိမိပါတီအာဏာရဖို့ အနိုင်ရဖို့ရိုဘဲ
အားသန်နေသူတွေ ခုထိအားကောင်းနေတုန်း

ပြည်သူ့ဆန္ဒကိုအလေးမမူဘဲ အမျိုးသားပေါင်း
စည်းရေးကိုလျစ်လျူပြီး မာနထောင်လွားနေတဲ့
ရှမ်းတွေရှိနေသမျ မိမိကာတွန်းကလည်းရပ်ဖို့မလွယ်ပါလား

ရှမ်းနွယ်တွေ အမြန်စည်းရုံးစေချင်တယ်။ ဒါမှတို့
လည်း ရှမ်းဟာသကာတွန်းတွေဘဲဆွဲတော့မှာလေ။
ရှမ်းခေါင်းဆောင်တွေသံဝေဂမရမချင်း . .
အင်း
အမုန်းခံပြီးဆက်လျောက်သွားရမှာ ပါဘဲ
သေမှာတောင်မကြောက်တတ်တဲ့ Art Media သမားတယောက်ဆိုတော့လည်း . .

ငြိမ်းချမ်းရေးခြေလှမ်း
22/03/2019

ငြိမ်းချမ်းရေးခြေလှမ်း

4 Facts of Media Lesson(က)ကာတွန်းဆွဲလို့ မကောင်းတဲ့နိမိတ်ဖြစ်လာတာမဟုတ်။ အဖြစ်မှန်ကို အနုပညာရသနဲ့လူအမုန်းခံတင်ပြလိုက်ခြင်...
22/03/2019

4 Facts of Media Lesson
(က)ကာတွန်းဆွဲလို့ မကောင်းတဲ့နိမိတ်ဖြစ်လာတာ
မဟုတ်။ အဖြစ်မှန်ကို အနုပညာရသနဲ့လူအမုန်းခံ
တင်ပြလိုက်ခြင်းပါ။

(ခ)ရှမ်းတွေသံဝေဂမရမခြင်း၊ အကောင်းဘက်ကို
မပြောင်းလဲမခြင်း သရေကွင်းနဲ့.. . အ. အဲ ကာတွန်းနဲ့သေတဲ့ထိ နည်းမျိုးစုံနဲ့ ဆက်လက်တင်ပြသွားဖို့

(ဂ)မိမိကာတွန်းအနုပညာက ရှမ်းတွေရဲ့အားနည်း
ချက်ကို လိုက်ထောက်နေတဲ့ အဆိုးမြင်မဟုတ်။
(အမှန်က ကိုယ့်အားနည်းချက်ကိုသိမှပြုပြင်ဖို့သတိရကြမှာလေ) မီဒီယာဆိုတာ လမ်းပြမီးအိမ်လိုဖြစ်
သင့်တယ်လို့ တချို့ကပြောလာတော့ . . .

(ဃ)ကိုင်းဒီတခါ ရှမ်းအဖွဲ့ 5 ဖွဲ့ပြုပြင်သင့်တဲ့အချက်ကို ပုဂ္ဂိုလ်ရေး personal အရထောက်ပြလိုက်
မယ်။ မှန်ချင်လည်းမှန်မယ် မှားချင်လည်းမှားမယ်
ပေါ့လေ။ ဘက်လိုက်မှုမရှိဘဲ အဂတိကင်းကင်း သံသယရှင်းရှင်းနဲ့ ပြောပြရရင် . .

1 RCSS-ရှမ်းပြည်ကယ်တင်ရှင်ကြီးမဆန်သွား
အောင်ထိန်းထိန်းသိမ်းသိမ်းရှိသင့်တယ်။ ဒဏ်ရာရရဲဘော်တွေကိုမစာနာတဲ့အပြုအမူမျိုး သတိထားရှောင်ရှားသင့်တယ်။ NCA မှာလက်မှတ်ထိုး
ပြီး ရှမ်းမြေတခွင်နေခွင့်ရှိတယ်ဆိုပေမယ့် SSPP နဲ့
သင့်မြတ်အောင် အပြုသဘောဆောင်ဆွေးနွေးသင့်တယ်။ (လိုက်လျောညီထွေမှုရှိတဲ့ သဘောတူညီမှုရတဲ့ထိပေါ့)တပ်မတော်နဲ့ဆွေးနွေးတိုင်းမှာ အပြည့်အဝယုံကြည်မှုနဲ့၊ အထင်သေးမှုကိုရှောင်သင့်တယ်။ လူထုဆန္ဒကိုပိုပြီးနားထောင်သင့်တယ်။ ရှမ်းနိုင်ငံရေးပါတီလက်အောက်ခံဖြစ်မသွားဖို့ သတိထားစေချင်တယ်။ အပြစ်ကင်းတဲ့ဒေသခံလူကြီးအချို့ကိုညဉ်း
ပမ်းတာတွေအနည်းငယ်ရှိဖူးတော့ သတိထားစေချင်ပါတယ်။

2 SSPP-အမျိုးသားရေးကိုရှေ့တန်းတင်ပြီး မိမိမဟာမိတ်ကို ဒုတိယအဆင့်မှာထားသင့်တယ်။ သူတပါးအားကိုးတာကို တဖြည်းဖြည်းလျော့ချသင့်
တယ်။ လက်အောက်ငယ်သားတွေရဲ့ မူးယစ်ဆေးနဲ့ပတ်သက်တာကို ဒိထက်ပိုဆန်းစစ်သင့်တယ်။ လူထုဆန္ဒကိုအလေးထားသင့်တယ်။ သတင်းမီဒီယာ ရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်အောင်လုပ်
သင့်တယ်။ ဆက်ကြေးကောက်တာနဲ့စစ်သားစု
ဆောင်းတဲ့စည်းမျဉ်းပြုပြင်သင့်တယ်။ RCSS နဲ့နားလည်မှု၊ သဘောတူညီမှုရအောင် ကြောင်းကျိုးကိုက်ညီတဲ့ဆွေးနွေးပွဲအမြန်စီစဉ်သင့်ပါပြီ။ ရှမ်းပြည်သူရဲ့ အဓိကနဲ့သာမညရန်သူကို ရှင်းလင်းကွဲပြားစွာ ဆန်းစစ်သင့်ပါတယ်။

3 SNLD ကျားခေါင်းပါတီ-ရှမ်းပြည်ကယ်တင်ရှင်
ကြီးဖြစ်ချင်လွန်းတဲ့မသိမသာအတွင်းစိတ်ကိုလျော့ချသင့်တယ်။ လူထုစည်းရုံးရေးမှာ အခြားပြိုင်ဘက်ကိုမသမာနည်းနဲ့ဆန့်ကျင်တိုက်ခိုက်တာကိုရှောင်
ကြဉ်သင့်တယ်။ လူထုစည်းရုံးရာမှာ ယုတ္တိရှိတဲ့
ကြောင်းကျိုးကိုက်ညီမယ့် ပြည်သူကိုတကယ်အကျိုးပြုနိုင်မယ့်လမ်းစဉ်ကိုသာ အဓိကထားသင့်တယ်။ ပါတီထဲက တဖက်စွန်းရောက်နေတဲ့ စိတ်ဓာတ်ကျဉ်းမြောင်းတဲ့သူတွေကိုဖယ်ရှားပြီး အမျိုးသား
ရေးမှာ သဘောထားပြည့်ဝတဲ့ စာရိတ္တကောင်းသူ
တွေကိုနေရာပိုပေးသင့်တယ်။ မဖြစ်နိုင်တဲ့မူဝါဒ၊
ပြည်ထောင်စုကိုစိမ်ခေါ်တဲ့မျက်ကန်းဝါဒတွေကို ပြန်
လည်ဆန်းစစ်ပြုပြင်သင့်တယ်။ လူထုအကျိုးပြုလုပ်ငန်းတွေ၊ အကာအကွယ်ပေးတာတွေကို ယခုထက်အဆတရာတိုးမြင့်သင့်တယ်။ ရွေးကောက်ပွဲအနိုင်ရဖို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုကိုရယူဖို့မကြိုးစားသင့်ပါ။ လူငယ်အဖွဲ့တွေနဲ့ တခြားအဖွဲ့တွေကို မိမိလက်အောက်ခံအဖြစ်သိမ်းသွင်းရမှာထက် အဲဒီရှမ်းအဖွဲ့တွေကို ပံ့ပိုးကူညီပေးသင့်တယ်။

4 SNDP ကျားဖြူပါတီ-ပြည်သူအပေါ်စေတနာမှန်ခဲ့ပေမယ့် လူထုစည်းရုံးရေးနဲ့ လူမှုဘဝမြင့်တင်ရေးမှာအားနည်းခဲ့တယ်။ ပါတီဝင်တွေထဲမှာ တကိုယ်
ကောင်းဆန်တဲ့၊ ပါတီအမည်ခံကိုယ်ကျိုးရှာတဲ့သူ
တချို့တွေကိုနေရာမပေးသင့်ပါ။ အာဏာရှိရင်ဘာမဆိုလုပ်နိုင်တယ်ဆိုပြီး ပြည်သူကိုလွယ်လွယ်ဂတိမ
ပေးသင့်ပါ။ ဘေးကသွေးထိုးစကားမယုံဘဲ မိမိလမ်းစဉ်အတိုင်းပုံမှန်ဆက်လျောက်သင့်တယ်။ ပါတီဂုဏ်သိက္ခာကိုထိခိုက်စေမယ့်သူကို ပုဂ္ဂိုလ်ရေးအရသာ
ဆက်ဆံသင့်တယ်။ ချီးမြောက်သင့်သူကိုချီးမြောက်
ပေးတတ်ဖို့မတွန့်တိုသင့်ပါဘူး။ မိမိပြောစကားများ ဝစီဒုစရိုက် 4 ပါးလွန်မသွားအောင် သတိထားရ
မယ်၊ အခြားသူကိုလည်ူ လေ့ကျင့်ပေးရပါမယ်။

5 ရှမ်းပြည်သူ့စစ်အဖွဲ့- မူးယစ်ဆေးဝါးနဲ့မပါတ်သက်ပါနဲ့လို့ဆိုမှာထက် ကိုယ့်တပ်သားတွေမူးယစ်ဆေးမစွဲဖို့ကိုဘဲ အရင်ကြိုးစားကြည့်စေချင်တယ်လို့ဘဲအ
ကြံပေးလိုက်မယ်။ မိမိတပ်က အမျိုးသားရေးအ
တွက်လား၊ ကာကွယ်ရေးအတွက်လား၊ စီးပွားရေးအတွက်ဘဲလား၊ ဒါမှမဟုတ်စစ်တပ်တခုခုရဲ့လက်
အောက်ခံဘဝဘဲလားဆိုတာ နေ့တိုင်းကိုယ့်ကိုဆန်း
စစ်သင့်တဲ့မေးခွန်းပါ။ ငွေအင်အားနဲ့အမျိုးသမီးတွေကို အဓမ္မဝယ်ယူသုံးစွဲတာတွေရှောင်သင့်တယ်။ အဲတာထက်အရေးကြီးတာက မိမိပေါ့ပါးတဲ့နေ့၊ အင်အားနည်းတဲ့အချိန်တွေမှာ ရုတ်တရက်တိုက်ခိုက်ချေမုန်းမခံရအောင် အထူးသတိရှိဖို့အမြဲလိုအပ်ပါတယ်။

(င) ဟာသဆန်ဆန်ပညာပေးတဲ့၊ သတိပေးတဲ့ မိမိမီဒီယာကို ကြောက်စရာမလိုပါ။ လူထုအကျိုးအတွက်
ပြုပြင်သင့်တာပြင်လိုက်ရင် ကိုယ့်သမိုင်းလည်းလှ
မယ်။ ကိုယ့်လိပ်ပြာလည်း နောင်တမလွန်ဘဝထိသန့်
နေမှာပါ။ ပြင်သင့်တာမပြင်ဘဲ မာနတကောကောနဲ့
ရှမ်းပြည်ကယ်တင်ရှင်သယောင်ယောင် အာဏာ
ဆက် ရူးဦးမယ်ဆိုရင်တော့ အဲဒီမှားကွက်ဟာကွက်
တွေကို ကာတွန်းနဲ့ထောက်ပြဖို့ မိမိကလည်းဝန်လေးမှာမဟုတ်ပါ။ ကာတွန်းဆွဲပြီးလိုင်းပေါ်တင်လိုက်တာလေးကို သဘောမတွေ့တဲ့သူတွေရဲ့ဝေဖန်တာ
တွေ ဆဲဆိုတာတွေကိုမဆိုနဲ့ဦး မိမိကိုမကျေနပ်တဲ့ပါတီက တရားစွဲဆိုမှာတွေ၊ စစ်အဖွဲ့တခုခုရဲ့လုပ်ကြံခံရမှာကိုတောင်မဖြုံမိပါဘူး။
အမှန်တရား သစ္စာတရားကိုလက်ကိုင်ထားပြီး ရှမ်း
တယောက်ရဲ့ဘဝကိုနိဂုန်းချုပ်ဖို့ ဆန္ဒရှိထားသူ
ဆိုတော့ . .
နန်းချယ်ရီ (ကျားဖြူမင်းသမီး)
#ရှမ်းမီဒီယာ

The Loser SHAN, 2019ရှမ်းပြည်ကိုချစ်ပါသည် တဲ့။သို့သော်.  .RCSS နဲ့ SSPP မှာ အားနည်းချက်၊ အားသာချက်ကွဲကွဲပြားပြားရှိနေကြပ...
28/02/2019

The Loser SHAN, 2019
ရှမ်းပြည်ကိုချစ်ပါသည် တဲ့။
သို့သော်. .

RCSS နဲ့ SSPP မှာ အားနည်းချက်၊ အားသာချက်ကွဲကွဲပြားပြားရှိနေကြပါတယ်။ သူ့ပုံစံနဲ့သူ၊ သူ့မူဝါဒနဲ့သူ။ ဒီနေရာမှာ မိမိအနေနဲ့ အဲဒီရှမ်းစစ်တပ်နှစ်တပ်ရဲ့ အားနည်းချက်ကိုမတင်ပြတော့ဘဲ သူတို့ရဲ့မတူညီတဲ့ ကောင်းချက်၊ အားသာချက်ကိုသာ ပြောပြပါ့မယ်။
RCSS မှာ ပြည်သူ့ထောက်ချက်အများကြီးရ
အောင် စည်းရုံးရေးကောင်းတယ်။ ရှမ်းပြည်တွင်း မူးယစ်ဆေးပပျောက်အောင်၊ လျော့နည်းအောင် အမှန်တကယ်လုပ်ဆောင်ပါတယ်။ ပြီးတော့ စစ်တပ်အ
တွင်း စည်းကမ်းနဲ့အမိန့်နာခံမှုကောင်းတယ်။

SSPP မှာ ဘာဘဲလုပ်လုပ် တဦးတယောက်ရဲ့
အမိန့်နဲ့ဆုံးဖြတ်ချက်ကိုနာခံတာထက် ဗဟိုကော် မတီကနေအဆင့်ဆင့် စုပေါင်းဆုံးဖြတ်တတ်တယ်။
တချို့အရေးကြီးတဲ့ကဏ္ဍမှာ အပြောထက်လက်
တွေ့ကျကျလုပ်တတ်တယ်။

အဲဒီနှစ်ဖွဲ့စလုံးရဲ့အားနည်းချက်လည်း ရှိနေတာ
အမှန်ပါဘဲ။ သို့ပေမယ့် အဲတာတွေကိုလိုက်ထောက်
ပြဖို့စိတ်မဝင်စားမိပါဘူး။ ပြောချိန်လည်းမတန်သေးဘူးလို့လည်းထင်မိလို့ပါ။
အဲဒီ SSA နှစ်ဖွဲ့စလုံးရဲ့တူညီနေတဲ့ကောင်းကွက်က မိမိတိုက်ခိုက်နေတဲ့ရန်သူကို အထင်မသေးခြင်းနဲ့
အောက်တန်းကျတဲ့ ပြန်ပေးဆွဲတာတွေ၊ မိုင်းထောင်ဖျက်စီးတာတွေမရှိသလောက်တို့ပါဘဲ။

SSA နှစ်ဖွဲ့ပေါင်းစည်းနိုင်ပါစေလို့ လွယ်လွယ်ဆုမ
တောင်းချင်ပါဘူး(ပေါင်းနိုင်ရင်တော့ကောင်းတာ
ပေါ့)။ သို့သော် အမျိုးသားရေးကိုအဓိကထားပြီး အချင်းချင်းမဆန့်ကျင်၊ မတိုက်ခိုက်ရင်တော့ အတိုင်းမသိဝမ်းသာမိမှာပါ။

အမိရှမ်းပြည် ပြည်တွင်းစစ်ကြီး အမြန်ဆုံးရပ်တန့်
နိုင်ပါစေ။ မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ။ ကမ္ဘာသူကမ္ဘာသားများ ဘေးရန်ကင်းကြပါစေ။
( ကျားဖြူမင်းသမီး )
#ရှမ်းမီဒီယာ

2019, The Loser: SHANတကွဲတပြားရှမ်းအဖွဲ့များအရှုံးသမားရှမ်းမင်းသားငါ့မူ  ငါ့ဝါဒ. ငါ့အဖွဲ့. ငါ့လမ်းစဉ်ငါ.  . ငါ.  . ငါ ကိ...
27/02/2019

2019, The Loser: SHAN
တကွဲတပြား
ရှမ်းအဖွဲ့များ
အရှုံးသမား
ရှမ်းမင်းသား
ငါ့မူ ငါ့ဝါဒ. ငါ့အဖွဲ့. ငါ့လမ်းစဉ်
ငါ. . ငါ. . ငါ ကိုရှေ့တန်းတင်
ရှမ်းကယ်တင်ရှင်ကြီးဖြစ်ချင်လွန်းတော့
အမျိုးသားရေးကို အဓိကမထားရင်ဖြင့် . .
အတိတ်ဘဝက ဝိပါကဝဠ်လို့ဘဲဆိုရလေမလား
ငါ . . နဲ့သာရှေ့ချီတက်
အမျိုးလည်းပျက် ပြည်လည်းပျက်လိမ့်

#ရှမ်းကာတွန်းရသ

31/10/2018

2018 Nov ကြားဖြတ်ရွေးကောက်ပွဲအတွက်
ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ကစည်းရုံးရေး
ကို SNDP ကျားဖြူပါတီအနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။

ရှမ်းတိုင်းဟာ SNDP ကျားဖြူမဟုတ်ပေမယ့်
ကျားဖြူဟာ ရှမ်းတွေအတွက်ပါ

ကျားဖြူကို မဟုတ်မမှန်တိုက်ခိုက်ခံခဲ့ရပေမယ့် ကျားဖြူက ဘယ်သူ့ကိုမှမတိုက်ခိုက်ခဲ့ပါဘူး။

ပြည်ထောင်စုခွဲထွက်ရေးကိုလည်း မပြောဖူးပါဘူး။
ကျဉ်းမြောင်းတဲ့မျက်ကန်းမျိုးချစ် နိုင်ငံရေးလမ်းစဉ်လည်းမဟုတ်ပါဘူး။

ရှမ်းပြည်တိုင်းရင်းသားအကျိုး၊ ရှမ်းအမျိုးသားအ
ကျိုးကိုရှေးရှုတဲ့ ဥပဒေဘောင်အတွင်းကရပ်တည်
နေတဲ့နိုင်ငံရေးပါတီအဖွဲ့တခုပါ။

Address


Website

Alerts

Be the first to know and let us send you an email when Tai Public News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share