We Stand with Daw Aung San Suu Kyi Forever

  • Home
  • We Stand with Daw Aung San Suu Kyi Forever

We Stand with Daw Aung San Suu Kyi Forever Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Stand with Daw Aung San Suu Kyi Forever, News & Media Website, .
(3)

01/02/2023
ကော့ကရိတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆ ဦးကျော်ရှိလာ အောက်တိုဘာ ၂၁ ကရင်ပြည်န...
21/10/2022

ကော့ကရိတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆ ဦးကျော်ရှိလာ

အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် တိုက်ပွဲမှာ စစ်ကောင်စီတပ် အသေများပြီးနောက် လေယာဉ်နဲ့ ဗုံးကြဲတဲ့ အတွက် လက်ရှိအချိန်ထိ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆ ဦးကျော် ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက်ပိုင်းက စတင်ပြီး ပူးပေါင်း PDF တပဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြု တိုက်ခိုက်တဲ့အတွက် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၆ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရှိတဲ့သူ ၁၆ ဦး ရှိပြီလို့ သိရပါတယ်။

“ဆေးရုံမှာ ဒဏ်ရာရရှိတဲ့သူတွေ ရောက်လာကြတယ်။ နောက် လူမှုကယ်ဆယ်ရေး ကားတွေလည်း ဆက်တိုက် ဝင်ထွက်သွားနေတယ်”လို့‌ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကော့ကရိတ်မြို့ပေါ်ကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်‌ရေး တပ်ပေါင်းစု တွေက စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ရုံး အပါအဝင် အခြားရုံးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြေပြင်မှာ လက်ရှိတိုက်ခိုက်နေတဲ့ အဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“ အခု သူတို့(စစ်ကောင်စီ)ဘက်က လေယာဉ်နဲ့ လာပစ်တာ ‌ခြောက်ကြိမ်ရှိပြီ။ သူတို့ဘက် အသေတော့ များတယ်။ စာရင်းအတိကျ မသိရသေးဘူး”လို့ ၎င်းက ပြောပါတယ်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ကို ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings၊ Justice Soldiers၊ LION Battalion Commando Special Force တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေထဲက ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတတယ်။

Source: သတင်းဋ္ဌာနပေါင်းစုံ

ပြည်သူတွေဟာအရက်စက်အကြမ်းကြုတ်ဆုံး ဖက်စစ်တပ်နဲ့ရင်ဆိုင်နေရတာပါ။ အားလုံးဟာဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်သန်းနေရတာ။ ပြည်သူ...
05/10/2022

ပြည်သူတွေဟာအရက်စက်အကြမ်းကြုတ်ဆုံး ဖက်စစ်တပ်နဲ့ရင်ဆိုင်နေရတာပါ။ အားလုံးဟာဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်သန်းနေရတာ။ ပြည်သူ့အောင်ပွဲနဲ့ပွဲသိမ်းချင်ကြပါပြီ။ ပွဲသိမ်းချင်ရင်ပွဲထိန်းနိုင်ဖို့လိုပါတယ်။

ပွဲဖျက်၊ ပွဲလှန့်တာတွေကိုထိန်းနိုင်ဖို့ ဗဟိုစင်မြင့်ရဲ့ပင်မလော်စပီကာက အသံအောင်အောင်နဲ့ ရှင်းလင်းစကားလိုပါတယ်။ လက်ရှိအခြေအနေအင်အားနဲ့ အခင်းအကျင်း ဘာတာဝန်ယူ ဘာလုပ်ကြရမယ်ဆိုတာသိကြဖို့ပါ။

၂၀၂၀ မတ်လမှာရေးတင်ခဲ့တဲ့ post အဟောင်းကို တိုက်ဆိုင်ကြည့်ဖို့ တမင်္ဂလာပြန်တင်ပါတယ်။
………. #……………. #……………..

ဘယ်"လော်"ကိုယုံရမှာလဲ.....

တစ်ခါကတောမြို့တစ်မြို့မှာပွဲကြီးတစ်ခုဝှဲချီးကျင်းပပါတယ် ။ကြိုတင်ပြင်ဆင်အချိန်ယူအစည်းအဝေးတွေလုပ်ကော်မတီတွေဖွဲ့ခဲ့ကြတာပါ။တကယ်ပွဲတော်ရက်ရောက်တဲ့အခါအားလုံးမျက်လုံးပြူးစရာဒဲ့ဒိုးကြုံပါတော့တယ်။

အဲဒါကတော့ရွှေပွဲလာတွေအဆမတန်များလွန်းတဲ့ကိစ္စပါ။ပွဲလာတယ်ဆိုလို့ခဏတဖြုတ်မဟုတ်ပါဘူးညအိပ်ညနေပါ။တစ်ပြည်လုံးကလာကြတာနဲ့မြို့နီးချုပ်စပ်ကတက်လာတာဧည့်သည်ဦးရေဟာသိန်းဂဏန်းချီနေပါတယ်။တည်းခိုစရာမြို့ပေါ်အိမ်တိုင်းလည်းပြည့်လျှံနေပါပြီ။ဘုန်းကြီးကျောင်းတွေလည်းမဆန့်တော့ပါဘူး။

ဖုန်းလိုင်းတွေဆိုကျပ်ခဲပြီးဆက်မရမရဖြစ်ကုန်ပါပြီ။ဒီအထိပြောချင်တာမရောက်သေးပါဘူးအခက်အခဲတွေကိုအဆင်ပြေအောင်နည်းလမ်းစုံသုံးရှင်းနိုင်ပါသေးတယ်။အဓိကအချက်ကညမှာတက်တာပါ။

ပွဲခင်းထဲမှာပေါ့။အနီးအနားနယ်တွေကျေးရွာတွေကပရိသတ်တွေဟာပွဲခင်းထဲမှာပဲနေတာပါ။တပိုတပါးသွားတာကလွဲလို့ပွဲခင်းထဲအိပ်ပွဲခင်းထဲစား ။အကြိုညတွေကကျပ်ပေမယ့်ထိန်းနိုင်ခဲ့ပါတယ်။ပြဿနာကတကယ်ပွဲကြီးညအရောက်မှာပါ။

သိန်းချီနေတဲ့ပရိသတ်ကိုထိန်းဖို့က ရာဂဏန်းမပြည့်တပြည့်လုံခြုံရေးအင်အားဘယ်လိုမှမစွမ်းသာတော့ပါဘူး။ပွဲခင်းဟာဘောလုံးကွင်းထက်သာပါတယ်။ကျပ်ညပ်နေပြီးဘေးပတ်လည်ဆိုင်ခန်းကိုယ်စီမှာစပီကာကိုယ်စီနဲ့ဆိုတာလည်းကြိုမြင်ယောင်ပေးထားပါ။

ပွဲကြီးညအစည်ကားဆုံးအချိန်မှာပွဲလန့်ပါတော့တယ်။ကျပ်သပ်နေတဲ့ပရိသတ်ခြေချစရာမရှိတဲ့ကြားကိုနာမည်ကြီးဖျော်ဖြေရေးအဖွဲ့ကပွဲခင်းထဲဖြတ်ဝင်ပြီးစင်ပေါ်တက်ဖို့ကြိုးစားရာကစတာပါ။

ပိတ်ခဲနေတဲ့ပရိသတ်ဟာဝေါကနဲပြိုကျလာပါတယ်။အော်သံဟစ်သံတွေကြောင့်အထိတ်တလန့်သိလိုက်ရတာကတော့တစ်ယောက်နဲ့တစ်ယောက်တက်နင်းမိကုန်ကြပြီဆိုတာပါပဲ။
ကလေးတွေသေကုန်ပါပြီလို့အသံကုန်အော်တါတွေလည်းကြားနေရပါတယ်။

လုံခြုံရေးတွေချက်ချင်းထရပ်၊ထိန်းကျောင်းဖို့ကြိုးစားကြပါတယ်။သို့ပေမယ့်ကျပ်သိပ်နေတဲ့လူအုပ်ကိုတိုးလို့မရပါဘူး။ခက်တာကလူတိုင်းအော်ဟစ်နေကြတာပါ။ဘယ်သူ့အသံကမှမလွှမ်းနိုင်ပါဘူး။

ပိုခက်တာကပွဲခင်းပတ်လည်ကဆိုင်ခန်းတွေကလည်းလော်စပီကာကိုယ်စီနဲ့သံကုန်ဟစ်နေကြတဲ့အချက်ပါပဲ။

လူအုပ်ကြီးဟာထိတ်လန့်တကြားတွန်းကြဝှေ့ကြ၊သေပါပြီ ၊ဖယ်ကြပါ ၊အော်ကြပေမယ့်စနစ်တကျဖြေရှင်းမှုမရခဲ့ပါဘူးထိုင်မရထမရရှေ့့နောက်ကျပ်ညပ်ပြီးပိသူပိ ဖိသူဖိနေကြပါပြီ။

ဒီအချိန်မှာဗဟိုစင်မြင့်ပေါ် တာဝန်ရှိသူကတက်ထိမ်းပါတယ်။အရင်ဆုံးငြိမ်ကြဖို့ကြောက်လန့်တကြားကစဉ့်ကလျားမလုပ်ကြဖို့ပြောဖို့ကြိုးစားပါတယ်။ဒါပေမဲ့အာရုံမရောက်ကြပါဘူး။

ပွဲခင်းပတ်လည်ဆိုင်ခန်းတွေမှာလော်စပီကာကိုယ်စီအသံကုန်ဟစ်နေတယ်ဆိုတာအစီရင်ခံခဲ့ပြီးပါပြီ။ဗဟိုစင်မြင့်ကညွှန်ကြားတာလိုက်နာဖို့ထက် ပွဲခင်းပတ်လည်က​ "လော်"တွေကြောင့်ခက်ပါ။

ဆိုင်တွေကလူတွေဟာမိုက်ခွက်တွေဆွဲယူပြီးတပြိုင်နက်ဟစ်အော်စီမံနေကြလို့ပါပဲ။

"ဟိုနားကမတိုးနဲ့"
"ဒီဘက်ကရပ်နေ"စသဖြင့်ဘယ်နားကိုဆိုလိုမှန်းမသိ၊ဘယ်ဘက်ကိုရည်စူးမှန်းမသိ၊ပတ်ချာလည်​"လော်"
ပေါင်းစုံကအော်သမျှပရိသတ်ဟာ ဇဝေဇဝါအဖြစ်တိုးမိတိုးရာတွေတိုးနင်းမိနင်းရာနင်းကုန်ကြပါပြီ။

ဗဟိုစင်မြင့်
ဆိုတာအားလုံးသော"လော်"ပိုင်ရှင်များဆိုင်များထက်အစစအရာရာသာတယ်ဆိုတာသိကြမှာပါ။လုံခြုံရေးကော်မတီ ၊ဆုံးဖြတ်ခွင့်ရှိသူတွေကြိုတင်ဖွဲ့စည်းစီစဉ်ထားသလိုတစ်ကွင်းလုံးကိုအပေါ်စီးကမြင်နေရတာပါ။ဒါကြောင့်ဗဟိုစင့်မြင့်ပေါ်ကထိမ်းဖို့ကြိုးစားနေကြတာပါ။

ခက်တာက"လော်"ပေါင်းစုံပိုင်ရှင်တွေပါ။ဇီးသီးသည်၊မုန့်လက်ဆောင်းသည်ကအစ"လော်"ပိုင်နေတဲ့ဒီပွဲခင်းမှာလော်ပိုင်သမျှအော်နိုင်ကြတော့လန့်နေတဲ့ပွဲခင်းဟာဘယ်သူ့စကားနားထောင်ရမှန်းမသိတော့ပါဘူးစနစ်ကျတဲ့ဖြေရှင်းမှုကိုမရတော့ပါဘူး။

အားလုံးကိုစီးမိုးမြင်နေရတဲ့
အားလုံးကြားနိုင်တဲ့အသံရှိတဲ့
တကယ်ကြိုတင်တာဝန်လည်းယူထားတဲ့
တစ်ခုတည်းသောလော်ပိုင်ရှင်ဖြေရှင်းတာကိုကြားရတာမဟုတ်တော့ပွဲခင်းဟာလှုပ်လေမြုပ်လေပိုရှုပ်လေ။ရှင်းလေနင်းလေအော်သံတွေပိုဆူလေ ဒီမြင်ကွင်းကိုစိတ်နဲ့မြင်မြင်ယောင်ကြမယ်ထင်ပါတယ်။

ဒီလိုမလုပ်နဲ့သေကုန်မယ်
ဒီဘက်တိုးလေဟိုဘက်ရွှေ့လေ
သေတော့မှာပဲ အဲသလိုလော်ကိုယ်စီနဲ့အော်ဟစ်နေတာမြင်ယောင်ကြားယောင်ကြည့်ပါ။
ထိန်းတာနဲ့မတူလှန့်တာနဲ့ပိုတူလှပါတယ်။ပွဲပိုလန့်ပါတယ်။

ရုပ်ဝတ္ထုတွေပေါများလွယ်ကူရလာတာနဲ့အမျှလူတိုင်းလက်ထဲ"လော်"တွေရောက်လာတာဟာစဉ်းစားစရာရှိလာပါတယ်။မတရားမှုတွေဒုစရိုက်သမားတွေကိုဟန့်တားဖို့ဖော်ထုတ်ဖို့လော်နဲ့အော်ရမယ်။

မှန်ပါတယ်။ကိုယ့်ကိစ္စကိုတွင်ကျယ်ဖို့လော်တွေသုံးတာကလည်းမျက်စိမှိတ်မကန့်ကွက်ပါ။ဒါပေမယ့် လူ့အဖွဲ့အစည်း"ပွဲလန့်ပြီဟေ့"ဆိုရင်တော့စနစ်ကျတဲ့ဖြေရှင်းမှုတကယ်လိုပါတယ်။တတ်ကျွမ်းတဲ့သူတွေတာဝန်ယူနိုင်တဲ့သူတွေနဲ့ကြိုဖွဲ့ထားတဲ့အဖွဲ့ရဲ့"လော်"ကိုဦးစားပေးရပါမယ်။

တစ်ကွင်းလုံးကိုခြုံမြင်နေရတဲ့မျက်လုံးကိုလေးစားရပါမယ်။
ခေါင်းအေးအေးထားပြီးစနစ်တကျဖြေရှင်းဖို့တည်ငြိမ်စွာစည်းရုံးနိုင်ဖို့တော့အဲဒီဦးစားပေးမိုက်ကိုင်သူမှာအရည်အချင်းလိုတာပေါ့။ပြီးတော့လူပိန်းနားလည်အောင်ပြောတတ်ဖို့လည်းလိုပါတယ်။ဘာသာရပ်ဆိုင်ရာဝေါဟာရတွေပြွတ်သိပ်နေရင်လူအုပ်ပိသေမယ့်သူကိုကွပ်ကဲဖြေရှင်းရာမရောက်ပါဘူး။

ဒီကြားထဲလော်ရှိသူအားလုံးကကိုယ်မြင်ရာ၊ကိုယ်ထင်သလိုအော်နေကြရင်လည်းလူအုပ်ကြီးဟာနဝေတိမ်တောင်ဇဝေဇဝါပိုဖြစ်ပါမယ်။

စေတနာဘယ်လောက်ကောင်းကောင်းဉာဏ်မဦးစီးရင်အကျိုးဆက်မကောင်းနိုင်တာ့အားလုံးအသိပါ။အရေးအကြောင်းဆိုဘယ်"လော်"ပိုင်ရှင်ပြောတာနားထောင်ရမလဲဘယ်သူကဘယ်လိုတာဝန်ယူသလဲဆိုတာရှင်းနေ ပြတ်နေဖို့လိုပါတယ်။

အထူးသဖြင့်လူ့အဖွဲ့အစည်းပွဲလန့်တဲ့အခါဘယ်​"လော်"ကိုယုံရမှာလဲလို့မေးစရာမလိုအောင်ရှင်းပြီးသားဖြစ်နေသင့်ပါတယ်။ဖြစ်နေရပါမယ်။

#မင်းကိုနိုင်
ပြည်သူ့အရေးဂျာနယ်
၃၁ ၃ ၂၀၂၀

နေရာလိုချင်တယ်ဆိုတာ ...ကိုယ့် တစ်ယောက်တည်းအတွက်ပါ။နေရာပေးချင်တယ်ဆိုတာ ...အများ အကျိုးအတွက်ပါ။အဲ့ဒီတော့ နေရာ မယူချင်ကြပါန...
02/10/2022

နေရာလိုချင်တယ်ဆိုတာ ...
ကိုယ့် တစ်ယောက်တည်းအတွက်ပါ။

နေရာပေးချင်တယ်ဆိုတာ ...
အများ အကျိုးအတွက်ပါ။

အဲ့ဒီတော့ နေရာ မယူချင်ကြပါနဲ့...
နေရာ ပေးချင်ကြပါ။

အရည် အချင်း ရှိပြီး

အကျင့် စာရိတ္တ ကောင်းတဲ့သူတွေကို

နေရာပေးကြပါ။

💕 ဒေါ်အောင်ဆန်းစုကြည်

 #ဖတ်နေရင်းနဲ့  #မျက်ရည်အလိမ့်လိမ့်ကျခဲ့ရတဲ့ D-day  #တစ်နှစ်ပြည့်ကဗျာပြိုင်ပွဲမှ  #အထူးဆုရကဗျာဖြစ်ပါခင်ဗျာ...။ပြည်နယ် နှ...
28/09/2022

#ဖတ်နေရင်းနဲ့ #မျက်ရည်အလိမ့်လိမ့်ကျခဲ့ရတဲ့ D-day #တစ်နှစ်ပြည့်ကဗျာပြိုင်ပွဲမှ #အထူးဆုရကဗျာဖြစ်ပါခင်ဗျာ...။

ပြည်နယ် နှင့် တိုင်းအလိုက် ဆုရကဗျာများကို We Love Myanmar - Global page ကနေတင်ပေးသွားမှာမို့ page ကို Like & follow လုပ်ထားပေးပါခင်ဗျာ။ Page link ကို Comment မှာ ချပေးထားပါ့မယ်ခင်မျ ။

လူအများဖတ်နိုင်အောင် ထပ်တူခံစားမျှဝေနိုင်အောင်လို့ share လုပ်ပေးခြင်းဖြင့် ကူညီပေးပါခင်ဗျာ။

MFDMC က ဦးစီးကျင်းပတဲ့ D-dayတစ်နှစ်ပြည့်ကဗျာပြိုင်ပွဲ အထူးဆုရကဗျာပါ။

❝ သားမှာတမ်း ❞တဲ့။
ကဗျာရေးသူက ‘ဇတ်လိုက်ကြီး’ပါ။

ဒီကဗျာလေးကို ဆုရွေးချယ်တဲ့ကော်မတီဝင်အားလုံးက နှလုံးသားနဲ့ မျက်ရည်တွေနဲ့ ဖတ်ခဲ့ရပါတယ်။

❝ #သားမှာတမ်း ❞

ဒီကာလ
ကိုယ့်စိတ်ကိုပျော်အောင်
မနည်းချော့မြူရ အားပေးရ
တခါတခါ ကိုယ့်တရားကို ပြန်ပြန်နာရ

မိုးတွေရွာတိုင်းလည်း
မိုးမိခဲ့တာပါပဲ
မိုးဆိုတာ အချိန်တန်တိတ်တယ်ဆိုပြီး
မိုးလုံလေလုံနေခဲ့ဖူးတဲ့
ဟိုးအတိတ်တွေကို ပြန်အောက်မေ့သတိရ

အချစ်သီချင်းကို စစ်တလင်းမှာ
မျှစ်ဟင်းတွေစားပြီး ဆိုခဲ့ရ
ကိုငှက်ကြီးရဲ့
အမေ့အိမ်သီချင်းဟာ
ဘယ်အချိန်ပဲဆိုဆို ငိုသံတွေပါတယ်

လွတ်မြောက်ရာလမ်းမှာလည်း မျက်နှာငယ်ခဲ့ရတာပါပဲ
ကလေးဘဝတုန်းကလို
အရုပ်ဆိုင်ရှိုးကေ့စ်ထဲက
ဈေးကြီးတန်ဓာတ်ခဲသေနတ်
မဝယ်နိုင်လို့ ငေးကြည့်ခဲ့ရသလိုမျိုး
အခုလည်း တကယ့်တိုက်ပွဲတွေကြားမှာ
စစ်သားကြီးဟာ လက်ဗလာပါပဲ

ကိုယ့်နိုင်ငံပြန်ရွေးတဲ့သမိုင်းမှာ
နိုင်ငံသားတစ်ယောက်အနေနဲ့ပါဝင်ကြတဲ့အခါ
ကျနော်ဟာ ယောက်ကျားလေးမို့
သိုင်းချတမ်းပဲ ကစားတတ်တယ်အမေ
စစ်တိုက်တမ်းပဲ ကစားချင်တယ်အမေ

အိမ်အပြန်နောက်ကျလို့
အရင်လိုစိတ်တွေမဆိုးတော့နဲ့အမေ
ပြန်လာဖို့သိပ်ခက်ခဲတဲ့ကြောင်း အိမ်ကထွက်လာသူတွေပဲ သိကြတယ်လေ
တချို့တွေ
ထာဝရ အိမ်ပြန်မလာနိုင်တော့ဘူးအမေ

မီးခိုးတန်းလေးတွေကိုမြင်တိုင်း
အိမ်တွေ
မိုးပေါ်တက်သွားကြတယ်
လူတွေ
မိုးပေါ်တက်သွားကြတယ်
မြေပြင်ကိုတော့ မကြည့်ပါနဲ့အမေ
တစ်ရွာလုံးက ပြာပုံဘဝရောက်နေကြပြီ
သွေးတွေကအထပ်ထပ်
အလောင်းတွေကအထပ်ထပ်

တူမီးသေနတ်
ခါးချိုးသေနတ်
လက်လုပ်သေနတ်တွေနဲ့ကလေးလေးတွေကို
လေယာဉ်ပျံကြီးတွေနဲ့လိုက်ပစ်တာ
အရမ်းရယ်ရတာပဲအမေ
တချို့တိုက်ပွဲတွေက တကယ့်ဟာသ
ဒါပေမယ့် မျက်ရည်အစစ်တွေ
သွေးအစစ်တွေ တလဟောထွက်ကျ ဟုတ်ကဲ့ ရယ်ရပါတယ်

အမေ
စစ်ပွဲကြီးပြီးလို့
သူရဲကောင်းတွေအိမ်ပြန်လာတဲ့အခါ
သားမပါလာခဲ့ရင် မငိုလိုက်ပါနဲ့အမေ
နွေဦးမှာ
ပွင့်ခဲ့ရတာလည်း ပျော်စရာ
ကြွေခဲ့ရရင်လည်း ကျေနပ်စရာ
ဟိုး ဟိုမှာ
ပြောရင်းဆိုရင်းနဲ့
ကြယ်တွေကြွေပြန်ပြီအမေရာ...။

ဇာတ်လိုက်ကြီး
၁၂ ၊ ၆ ၊ ၂ဝ၂၂



27.9.2022

မိုးညှင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကျော် စစ်ကြောရေးမှာ သတ်ဖြတ်ခံရ  စက်တင်ဘာ၂၁၊၂၀၂၂ စစ်ကောင်စီက ဖမ်းဆီးထားတဲ...
22/09/2022

မိုးညှင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကျော် စစ်ကြောရေးမှာ သတ်ဖြတ်ခံရ

စက်တင်ဘာ၂၁၊၂၀၂၂

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကျော် စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားပြီလို့ သိရပါတယ်။

အဲ့ဒီသတင်းကို ကချင်ပြည်နယ် နမ္မတီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘုခ် စာမျက်နှာမှာ အတည်ပြု တင်ထားတာကို တွေ့ရပါတယ်။ ဦးမျိုးကျော်ကို သြဂုတ်၂၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စုပေါင်းဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရပြီး တစ်လနီးပါးအကြာမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဦးမျိုးကျော်ရဲ့ အလောင်းကို မိသားစုကို ပြန်မပေးတဲ့ အပြင် ကွယ်လွန်တာကိုတောင် အကြောင်း မကြားတဲ့ အတွက် ဘယ်နေ့မှာ ကွယ်လွန်သွားတယ်၊ ဘယ်မှာ သဂြိုလ်လိုက်တယ်ဆိုတာကို မိသားစုက မသိလိုက်ရပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းခဲ့တုန်း ကလည်း စစ်ကောင်စီက ဦးမျိုးကျော်ကို ၂၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသေးတယ်။ လူတွေကို ဖမ်းဆီး စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက်တာမျိုးက စစ်ကောင်စီ အတွက် ထမင်းစား ရေသောက် သဘောမျိုး ဖြစ်နေပြီး၊ စစ်ကောင်စီလက်မရွံ့ တပ်သားတွေ လက်ချက်နဲ့ စစ်ကြောရေးမှာ ကျဆုံးရတဲ့သူက ရာဂဏန်းထိတောင် ရှိလာနေပြီ ဖြစ်ပါတယ်။

ပုံစာ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်

Burma VJ

Thanks Malaysian Ministerအမေရိကန်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက  NUG ၊ NUCC နှင့် CRPH ကိုယ်စားလှယ်များနှင့်တွေ့ဆုံ...
20/09/2022

Thanks Malaysian Minister

အမေရိကန်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG ၊ NUCC နှင့် CRPH ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြောင်း သိရှီရသည်။

မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ (အမေရိကန်စံတော်ချိန် စက် တင်ဘာလ ၁၉ ရက်နေ့) နယူးယောက်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး NUG ဘက်မှ ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးကောင်စီ ASEANMP က ဆောင်ရွက်ခဲ့သော မြန်မာ့အရေး နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု (IPI) နှင့်ပတ်သက်၍လည်း အစည်းအဝေးကို ဦး ဆောင်ကျင်းပခဲ့ပြီး ASEANMP ဘက်မှ ကိုယ်စားလှယ်များ၊ NUG ၊ NUCC နှင့် CRPHဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Source :

အမည်အရင်းကကိုပေါ်ဦးတိုက်ပွဲဝင်ကလောင်အမည်မင်းကိုနိုင်မတရားအုပ်ချုပ်တဲ့မင်းကိုနိုင်ရမည်ဆိုတဲ့အတိတ်နမိတ်၈၈ကတည်းကအဏာရှင်ရဲ့အ...
19/09/2022

အမည်အရင်းက
ကိုပေါ်ဦး

တိုက်ပွဲဝင်ကလောင်အမည်
မင်းကိုနိုင်

မတရားအုပ်ချုပ်တဲ့မင်းကိုနိုင်ရမည်ဆိုတဲ့
အတိတ်နမိတ်

၈၈ကတည်းက
အဏာရှင်ရဲ့အကြောင်းအူမချေးခါးသိသူ
စစ်ကြောရေးထောက်လှမ်းရေး
တရားရုံး/ထောင်များနဲ့
မြေအောက်ယူဂျီလောကကို
အရည်ကျိုသောက်ခဲ့သူ

နွေဦးတော်လှန်ရေးမှာ
အေးဆေးစွာရှောင်ထွက်နိုင်သူ

လွယ်လွယ်နဲ့စပ္ပါယ်ပွင့်ရင်
တစ်နိုင်ငံလုံးမွှေးနေမှာပေါ့

သွေးကွက်တွေစွန်းသွားတဲ့ စာသင်ကျောင်း________________________________သွပ်မိုးတွေ လန်ထွက်နေပြီး ၊ အပေါက်တွေ ဖြစ်နေတဲ့ ကျည်...
19/09/2022

သွေးကွက်တွေစွန်းသွားတဲ့ စာသင်ကျောင်း
________________________________
သွပ်မိုးတွေ လန်ထွက်နေပြီး ၊ အပေါက်တွေ ဖြစ်နေတဲ့ ကျည်ဆံရာတွေကြားမှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုတဲ့ ခေါင်းစည်းစာတန်းလေးရေးထားတဲ့ စာသင်ကျောင်းရဲ့ မြင်ကွင်းကို ဓာတ်ပုံတွေမှာ တွေ့ရတာပါ။

စာသင်ခန်း အဝင်အဝကစလို့ ကလေးစီးဖိနပ်လေးတွေ၊ စာသင်ခုံတွေ၊ ပြန့်ကြဲနေတဲ့ စာအုပ်တွေ၊ လွယ်အိတ်လေးတွေ၊ ကျောပိုးအိတ်လေးတွေကို ဟိုနေရာ ဒီနေရာမှာ တွေ့ရသလို ၊ သွေးကွက်တွေနဲ့ ကြမ်းပြင်တွေ၊ အသားအစလေးတွေကပ်နေတဲ့ ပန်ကာတွေနဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း မြင်ကွင်းက မြင်ရသူတိုင်းကို ရင့်နင့်စေပါတယ်။

ဒါတွေကတော့ လက်ယက်ကုန်းရွာကို စက်တင်ဘာ ၁၆ ရက်က စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခံရအပြီး လူမှုကွန်ရက် ဓာတ်ပုံတွေမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံမှာဆိုရင် အရိုးစလေး နှစ်စကိုတောင် တွေ့လိုက်ရပါတယ်။

အဲ့ဒီမှာသေဆုံးသူဟာ ကလေး ၇ ယောက်နဲ့ လူကြီး ၆ ယောက် စုစုပေါင်း ၁၃ ယောက် ၊ လက်ရှိအချိန်အထိ အဖမ်းဆီးခံထားရသူ ကလေးနဲ့ ဆရာ၊ဆရာမ ၁၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

“ စစ်သားတွေ သူတို့အချင်းချင်းပြောနေကြတယ်။ ခုတ်ရာတခြား ထစ်ရာတခြားဖြစ်ပြီတဲ့“ အဲ့ဒီနေရာမှာရှိနေခဲ့ ‌ဒေါ်မာမာ ( အမည်လွှဲပြောင်း) က ပြောပါတယ်။

■ အဲ့နေ့က ဘာတွေဖြစ်ခဲ့ကြသလဲ

ဒေါ်မာမာဟာ အဲ့ဒီနေ့က စာသင်ခန်းထဲမှာ ကလေးတွေနဲ့အတူတူ ရှိနေခဲ့သူဖြစ်ပါတယ်။

အလယ်တန်းကလေးတွေကို နေ့လယ် ၁၂ နာရီမှာ စာစသင်တာဖြစ်ပြီး မူလတန်းကလေးတွေကိုတော့ နေ့လယ် ၁ နာရီမှာ သင်တာဖြစ်တဲ့အတွက် ကျောင်းသား အယောက် ၂၀၀ လောက်ဟာ စာသင်ခန်းတွေထဲမှာ ရှိနေခဲ့ကြပါတယ်၊

နေ့လယ် ၁ နာရီဝန်းကျင်မှာ ဝေဟင်ကနေ လာမယ်လို့ သတင်းကြားတာကြောင့် ဒေါ်မာမာတစ်ယောက် ကလေးတွေကို ဘေးလွတ်မယ်လို့ ထင်ရတဲ့ နေရာကိုပြောင်းနေတုန်းမှာပဲ လေယာဉ်သံတွေနဲ့အတူ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပါတော့တယ်။

အဲ့ဒီအချိန်မှာ ဆရာတစ်ယောက်က လက်နက်ကြီးကျည်စ ထိမှန်ထားသလို စာသင်ခန်းရဲ့ တခြားနေရာတွေကလည်း ဘယ်သူထိနေပြီ၊ ဒဏ်ရာတွေရနေပြီဆိုတဲ့အသံတွေ ဆက်တိုက်ကြားလာရပါတော့တယ်။

ဒေါ်မာမာရဲ့ သားသမီး ၃ ယောက်ကလည်း ဒီကျောင်းမှာ မူလတန်း ကျောင်းတက်နေတာဖြစ်ပြီး သူတို့တွေရဲ့ စာသင်ခန်းတွေမှာ ရှိနေကြတာပါ။ သူက အလယ်တန်းကလေးတွေနဲ့အတူ ရှိနေတာဖြစ်ပြီး သားတွေ ၊ သမီးတွေအတွက်လည်း စိတ်ပူနေရပါတယ်။

“ တစ်နာရီလောက်ကို ဆက်တိုက် အငြိုးကြီးကြီးနဲ့ကိုပစ်တာ၊ ကျောင်းဆောင်တွေဘက်ကိုပဲပစ်တာ၊ လက်နက်ကြီးနဲ့လည်းပစ်တယ်၊ စက်သေနတ်တွေနဲ့လည်း တရစပ်ပစ်တယ်။ ကျမက အလယ်တန်းအဆောင်ဘက်မှာဆိုတော့ မူလတန်းဆောင်ဘက်ကို သွားမရဘူး။ မူလတန်းဆောင်မှာ ဘာတွေဖြစ်နေလဲ မသိရဘူး။ မူလတန်းဆောင်ကို အသားကုန်ပစ်တာ။ ပစ်ချင်တိုင်း ပစ်ပြီးတဲ့အချိန်ကျတော့ စစ်သားတွေဝင်လာတယ်“

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်လာချိန်မှာ အကုန်လုံးကို ထွက်ခဲ့ဖို့၊ ခေါင်းငုံ့ပြီးနေဖို့ အမိန့်ပေးပါတော့တယ်။ အဲ့ဒီအချိန်မှာ မူလတန်းအဆောင်ဘက်က ကလေးတွေ ဒဏ်ရာတွေနဲ့ ထွက်လာကြတာကို တွေ့လိုက်ရပါတယ်။

“ ထွက်လာတဲ့ကလေးတွေကလေ တချို့ဆို ခြေထောက်မပါတော့ဘူး။ တချို့ဆို သွေးတွေ ဗရပွနဲ့၊ အဲ့ချိန်ကျမှ သားနဲ့ သမီး နှစ်ယောက်ကို တွေ့တယ်၊ သားတစ်ယောက်ကို မတွေ့သေးဘူး။ သားလေးက အနားရောက်လာပြီး မေမေ အထဲမှာ သေနေတာအများကြီးပဲတဲ့။ သားညီဝမ်းကွဲလေးရောတဲ့။ သမီးကလည်း အထဲမှာ အူပွင့်သွားတဲ့သူတွေရော ၊ ခေါင်းမရှိတော့တဲ့သူတွေရော မေမေတဲ့“

သားနဲ့သမီးဆီက ဒီလိုစကားတွေကြားရတဲ့အခါ ဒေါ်မာမာတစ်ယောက် အရိပ်အခြည်ကြည့်ပြီး စကားပြောလို့ရနိုင်လောက်မယ့် စစ်သားတစ်ယောက်ကို ကလေးတွေကို ပြုစုခွင့်၊ ကုသခွင့်ပေးဖို့ ခွင့်တောင်းလိုက်ပါတယ်။

စစ်သားက ဘယ်မှာလဲ ဒဏ်ရာရတဲ့ကလေးတွေ အကုန်ထွက်ခဲ့လို့ ပြောတဲ့အချိန်မှာ မူလတန်းအဆောင်ဘက်က ဒဏ်ရာတွေကိုယ်စီနဲ့ ကလေးတွေ အယောက် ၃၀ လောက် ထွက်လာပါတော့တယ်။ အဲ့ဒီအချိန်မှာ ကလေးအမေတစ်ယောက်က အရဲစွန့်ပြီး သူ့ရဲ့သားကို ခေါ်ခွင့်ပြုဖို့ စစ်သားတွေဆီ တောင်းပန်နေပါတယ်။ ဒါပေမဲ့ လုံးခွင့်မပြုပေးခဲ့ဘဲ ငုံ့နေဖို့နဲ့ အဲ့လိုမနေရင် ပစ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားကိုပဲ ရခဲ့ကြပါတယ်။

အဲ့အချိန်မှာပဲ မူလတန်းဆောင်ထဲကနေ မေမေရေဆိုတဲ့ အသံတစ်သံကို ကလေးမိခင်ရော ဒေါ်မာမာရော အဲ့ဒီ စစ်သားတွေရော ကြားလိုက်ကြပါတယ်။ ကလေးမိခင်ကလည်း အထဲပြေးဝင်ပြီး သားဖြစ်သူကို ခေါ်လာချိန်မှာ ဒေါ်မာမာ မြင်လိုက်ရတာတွေကို ရှိုက်သံတစ်ဝက်နဲ့ ပြန်ပြောပြတာက

“ကလေးလေးက လက်လည်းမရှိတော့ဘူး။ ယောက်ျားအင်္ဂါလည်းဘာမှမရှိတော့ဘူး၊ ကလေးက စကားပြောနိုင်သေးတယ်။ နာလှပါပြီမေမေရဲ့ သားကို သတ်လိုက်ပါတော့တဲ့“

အဲ့ဒါနဲ့ သူက အဆောင်ထဲက ကျန်တဲ့ကလေးတွေကို သွားကြည့်ခွင့်တောင်းတော့” မကြည့်ရဘူးတဲ့ ၊ အဲ့ဒါ နင်တို့ ပီဒီအက်ဖ်တွေ လုပ်လို့ဖြစ်တာတဲ့။ ငါတို့လုပ်တာမဟုတ်ဘူးတဲ့၊ ငါတို့ကြောင့်မို့လို့ မပြောနဲ့တဲ့၊ ပီဒီအက်ဖ်တွေလုပ်တာတဲ့”

ဒဏ်ရာရတဲ့ကလေးတွေကို စစ်ကောင်စီတပ်မှာပါတဲ့ဆေးအဖွဲ့က ကုသပေးတာတွေ လုပ်ပေမဲ့ ဒဏ်ရာပြင်းတာ၊ သွေးထွက်လွန်တာတွေ ရှိနေခဲ့တာပါ။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါ်သွားမယ့်အကြောင်း ပြောပါတော့တယ်။

■ ကလေးအလောင်းတွေကို စစ်ကောင်စီတပ်တွေ အကုန်သယ်သွား

ကလေးတွေကို ဆေးကုခေါ်သွားဖို့ ရွာထဲက ကားမောင်းတတ်သူ နှစ်ယောက်ကို ခေါ်ပြီး ရွာထဲက ကားနှစ်စီးပေါ်တင်ချိန်မှာပဲ ခုနက လက်ပြတ်ပြီး ယောက်ျားအင်္ဂါမရှိတော့တဲ့ ကလေးက အသက်ဆုံးရှုံးသွားပါတယ်။ မိခင်ဖြစ်သူနဲ့ ဒေါ်မာမာတို့က စစ်ကောင်စီတပ်တွေကို အလောင်းပြန်ပေးဖို့ တောင်းတဲ့အခါ

“ ကျမတို့တွေ ရှိခိုးပြီးလည်းတောင်းတယ်။ လုံးဝပြန်မပေးဘူး။ အတည်မပြုရသေးလို့တဲ့၊ ဒါက ရှင်မှာတဲ့။ ကျမတို့က ဒီကလေး သေပါပြီဆရာရယ်၊ ကျမတို့ကိုပေးပါ၊ ကျမတို့လက်နဲ့ပဲ သင်္ဂြိုဟ်ပါရစေလို့ပြောတာ လုံးဝမပေးဘူး။“

ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၇ ယောက်ကိုခေါ်ပြီး ကားပေါ်တက်ခိုင်းချိန်မှာ ကျောင်းဝင်းထဲမှာရှိတဲ့ ဒေါ်မာမာအပါဝင် ကလေးတွေကို ခေါင်းငုံ့ခိုင်းထားပါတယ်။ ဒေါ်မာမာတစ်ယောက် ချောင်းကြည့်မိလို့ မြင်လိုက်ရတာက

“ ကျောင်းအဆောင်ထဲမှာ သေသွားတဲ့ကလေးတွေကို အကုန်ပီနံအိတ်နဲ့ထုတ်ပြီးသယ်သွားတာ ၊ ဘာမှ မချန်ခဲ့ဘူး၊ သူတို့ပါးစပ်က ပြောသွားတာကြားလိုက်တယ်၊ ခုတ်ရာတခြား ထစ်ရာတစ်ခြားဖြစ်ပြီတဲ့၊ ပီဒီအက်ဖ်တွေရှိနေတယ်လို့ သတင်းပေးတာတဲ့၊ ကလေးတွေ ရှိနေမှန်းမသိဘူးလို့ သူတို့ပါးစပ်က ပြောတာပဲ၊ ပြီးတော့ သူတို့က တောင်းပန်ပါတယ်တဲ့၊ ကျမလည်း သူတို့လုပ်သလိုလုပ်ပြီးမှ ပြန်တောင်းပန်ချင်တယ်”

လက်ယက်ကုန်းကနေ ထွက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက ရေဦးသုသာန်မှာ ကလေးအလောင်း ၆ လောင်းကို သင်္ဂြိုဟ်သွားတယ်လို့ ရေဦးဒေသခံတွေဆီကနေ သိရပါတယ်။

“ လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီးဆုံးတာက ၄ ယောက်၊ စစ်တပ်ကခေါ်သွားပြီး ဆုံးတာက ၂ ယောက်“လို့ ဒေါ်မာမာက ပြောပါတယ်။

■ အလောင်းပြန်ရလိုက်တဲ့ အရပ်သား ၇ ယောက်ရှိ

စစ်ကောင်စီတပ်တွေက လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ စာသင်ကျောင်းကို ပစ်ခတ်ချိန်မှာ စာသင်ကျောင်းဝန်းကျင်နားမှာ ဖခင်နဲ့အတူ ငါးဖမ်းနေတဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်လည်း ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။

လေကြောင်းကနေ တိုက်လေယာဉ်နဲ့ပစ်ခတ်သလို ရဟတ်ယာဉ်နဲ့ စစ်အင်အားတွေ ချခဲ့ကြတာပါ။ အဲ့ဒီစစ်ကောင်စီတပ်တွေက ကျောင်းကို ဝင်စီးနေချိန်မှာ ရဟတ်ယာဉ်နောက်တစ်စီးနဲ့ နောက်ထပ်အင်အားတွေ ချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒုတိယအကြိမ်မှာ ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကနေထွက်ပြေးလာတဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဖမ်းပြီးမှ ခေါင်းတွေချည်းပစ်သတ်သွားတာ၊ ကျောင်းထဲရောက်နေတဲ့ အဖွဲ့ကတော့ တောင်းပန်တယ်တဲ့၊ နောက်အဖွဲ့ကတော့ ကြောက်လို့ထွက်ပြေးတဲ့သူတွေကို သတ်ပစ်တယ်၊ အိမ်တွေထဲက ရွှေတွေ၊ တန်ဖိုးရှိတာတွေကို ယူသွားကြတယ်“ လို့ ဒေါ်မာမာက ပြောပါတယ်။

■ ကျန်ခဲ့တဲ့ကလေးတွေမှာ စိတ်ဒဏ်ရာတွေနဲ့ကြောက်လန့်နေ

ဒေါ်မာမာတို့ ကျောင်းကို စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ ကျောင်းသားတွေနဲ့အတူ တခြားနေရာမှာ ရွှေ့ပြောင်းနေကြရပါတယ်။ ညဘက် အတူတူတချို့ ကျောင်းသားလေးတွေနဲ့ စုပြီးအိပ်ချိန်မှာ ကလေးတွေဟာ ညဘက် အိပ်မပျော်နိုင်ကြဘဲ သူတို့မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်မြင်နေကြရတယ်လို့ ဒေါ်မာမာက ပြောပြပါတယ်။

အနီးစပ်ဆုံး သူ့သားသမီးတွေမှာတောင် ဒီလိုရင်ဆိုင်နေကြရပါတယ်။

“တစ်ယောက်မှ မအိပ်နိုင်ကြဘူး။ အကုန် လန့်နေကြတာ၊ ကျမသားသမီးတွေရှေ့တင် ဖြစ်သွားကြတာ၊ မျက်လုံးပွင့်တဲ့ ကလေးရော၊ ဗိုက်ထိတဲ့ကလေးရောက ကျမသမီးကြီးရှေ့မှာ ဖြစ်သွားတာ၊ မျက်လုံးခိုက်မိတဲ့ကလေးက သမီးကို လာဖက်တယ်တဲ့ မမ သားသားနာတယ်လို့ လာပြောတာတဲ့။ သူ့သူငယ်ချင်းရဲ့ ညီမလေးလည်း အူတွေပွ့င်ထွက်သွားတာ မျက်စိထဲမြင်နေတယ်တဲ့ “

ကလေးတစ်ယောက် ပျောက်ဆုံးနေ

လက်ယက်ကုန်းကျေးရွာကို ကျောင်းသွားတက်တဲ့ ညောင်ဇီးကုန်းကျေးရွာက မူလတန်းကျောင်းသူတစ်ယောက်လည်း ပျောက်ဆုံးနေတာကြောင့် တွေ့ခဲ့ရင် အကြောင်းကြားပေးဖို့ မိဘဆွေမျိုးတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

အဲ့ဒီနေ့မှာ ပုံမှန်အတိုင်း နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ကျောင်းကိုထွက်သွားခဲ့တာပါ။ ကလေးကျောင်းကို ထွက်သွားပြီး မကြာခင်မှာပဲ လေကြောင်းကနေ စာသင်ကျောင်းကို ပစ်ခတ်တာ၊ ရွာထဲကို စစ်ကြောင်းထိုးနေတာကြောင့် မိဘတွေသွားခေါ်လို့မရခဲ့ကြပါဘူး။ အခြေအနေတွေ ငြိမ်တဲ့အထိ ကလေးက အိမ်ပြန်မလာသလို သတင်းလည်း မကြားတာ ဒီနေ့ဆို ၃ ရက်နီးပါးဖြစ်နေပါပြီ။

“ သေဆုံးတဲ့အထဲလည်း ပါမပါ မသိရဘူး။ စစ်တပ်ကခေါ်ပြီး ရေဦးဆေးရုံမှာ ကလေးတွေကို ပို့ထားတယ်ပြောလို့ ဆေးရုံရှေ့မှာစောင့်နေတာ၊ ဝင်တွေ့ခွင့်လည်းမရဘူး။ ကလေးအဲ့မှာ ရှိလားမရှိလားလည်း မသိရဘူး“လို့ ကလေးရဲ့ ဆွေမျိုးဖြစ်သူတစ်ယောက်က ပြောပါတယ်။

■ ပီဒီအက်ဖ်တွေက လူသားတံတိုင်းလုပ်ပြီးပစ်ခတ်လို့ အရပ်သားတွေ သေဆုံးထိခိုက်တာလို့ စစ်ကောင်စီထုတ်ပြန်

စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့အထဲမှာတော့ လက်ယက်ကုန်းရွာမှာ PDF တွေရှိနေတယ်လို့ သတင်းရတာကြောင့် လေကြောင်းနဲ့ အလစ်အငိုက်ယူပြီး ပစ်ခတ်ခဲ့တဲ့အကြောင်း၊ PDF တွေက လူသားတံတိုင်းလုပ်ပြီး ပြန်ပစ်တာကြောင့် အပြန်လှန်ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းသားကလေးငယ်တွေ သေဆုံးတာနဲ့ပတ်သက်လို့တော့ မပါပါဘူး။

ထုတ်ပြန်ချက်မှာပါတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်မာမာဦးက ပြောင်းပြန်ယူဖို့သာ မှတ်ချက်ပေးပါတယ်။ ဘာ့ကြောင့်ဆိုတော့ ခိုးဆိုးလုယက်တာ၊ ဓားပြတိုက်တာတွေကြောင့် ကျေးရွာလုံခြုံ‌ရေးအဖွဲ့ ဖွဲ့ထားတာသာရှိပြီး ဘယ်ပီဒီအက်ဖ်မှ မရှိဘူးလို့ ဆိုပါတယ်။

“ ညဘက်က သူခိုးရန်၊ ဓားပြရန်ကို ကြောက်လို့မို့ ကင်းစောင့်တာရှိပါတယ်။ ပီဒီအက်ဖ်ဆိုတာ သူတို့ဘာသာသူတို့ ဘယ်လိုဖြစ်ပြီး ပီဒီအက်ဖ်လို့ စွတ်စွဲပြီး ပစ်တာလဲ မသိတော့ပါဘူး“လို့ ပြောပါတယ်။

ဒီလို လေကြောင်းကနေ ပစ်ခတ်တာအပြင် ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ လက်ယက်ကုန်းရွာနဲ့ စာသင်ကျောင်းဟာ စစ်မြေပြင်လို ဖြစ်နေမလားဆိုတဲ့ မေးခွန်းကို သူလက်မခံပါဘူး။

“ စစ်မြေပြင်ထက် ဆိုးတာပါ။ စစ်မြေပြင်ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ပစ်ကြတာ၊ အခုက စစ်မြေပြင်မဟုတ်ဘူး။ ကျမတို့က ဘာမှ ပစ်စရာမရှိဘူး ၊ ပစ်တာမရှိဘူး။တစ်ဖက်သတ်ခံရတာ“ လို့ ဒေါ်မာမာက ပြောပါတယ်။

Source :

 #ထပ်ဆင့်မျှဝေပေးတာပါသတိဆိုတာပိုတယ်မရှိ‼️ တော်လှန်ရေး Alert ‼️တနိုင်ငံလုံးနော် အထူးသဖြင့် စစ်ရေးနယ်မြေ ဒေသတွေပေါ့ အကယ်၍ ...
19/09/2022

#ထပ်ဆင့်မျှဝေပေးတာပါသတိဆိုတာပိုတယ်မရှိ

‼️ တော်လှန်ရေး Alert ‼️

တနိုင်ငံလုံးနော် အထူးသဖြင့် စစ်ရေးနယ်မြေ ဒေသတွေပေါ့ အကယ်၍ 🦮တွေ ရုတ်ချည်း တပ်ဆုပ်သွားရင်

ပြည်သူတွေ နေရာခွဲနေပါ ကတုတ်ကျင်းနဲ့ လွတ်မည့်နေရာတွေမှာ ရှောင် ပုန်းအောင်းပါ

ထိုချိန်ကြရင် စခတွေက အမြောက်တွေ
လက်နက်ကြီးတွေနဲ့ ထုတော့မှာဖြစ်ပြီး
သူ့လူတွေ အကုန်ဆွဲထုပ်ပြီးမှ လုပ်မှာ ဖြစ်တဲ့အတွက်

တပ်အင်အား မရှိတော့၍ အရင်လို အယောင်ပြ ထိုးကြွေးဖို့ ဟန်ပြလည်း ထားတော့မှာ မဟုတ်ကြောင်း မသိမသာနဲ့ ရုတ်ချည်း ဆုတ်ခွာ ခံစစ်သဏ္ဍန်ပြောင်း လနက်ကြီးများဖြင့် ပစ်ခတ် ထုအပါ၀င် လေယာဉ်တွေပါ သုံးလာမည်ဖြစ်ကြောင်း

ထိုအတွက် စကစဘက်မှ ဖျက်အားပြင်းဗူံးတွေ ကျဲဖို့အထိ ပြင်ဆင်နေကြောင်းပါ သတင်းများ ထွက်ပေါ်နေသည့်အတွက်

ပြည်သူများနဲ့ လနက်ကိုင်အဖွဲ့၀င်များ
မပေါ့ဆပဲ သတိမပျက်ခြင်းဖြင့် ထိုအချိန်ကြရင် စခတွေ နောက်ဆုတ်သွားပြီ စိတ်ချ အေးချမ်းပြီဆိုပြီး

မိမိနေရာ ‌အရပ်များသို့ အလောတကြီး မပြန်ကြသေးပဲ အခြေနေကို စောင့်ကြည့်ပြီးမှ သတိထားပြီး ပြင်ဆင် ရွေ့ပြောင်း အခြေပြုကြပါရန် အရေးတကြီး အသိပေး တပ်လှန့်လိုက်သည်

သို့ဖြင့် ဤစာသည် ပြည်သူအတွက် ကြောက်လန့်စေရန် မဟုတ် သတိပေးမှုနဲ့ ကြိုတင် သိရှိ ပြင်ဆင်ထားနိုင်ရန် ရည်ရွယ်ပြီး ရရှိမှုသတင်းကို အချိန်နှင့် တပြေးညီ ပေးပို့ အသိပေးခြင်းသာ ဖြစ်တဲ့အတွက်

အားလုံး အထူး ဂရုစိုက်ပြီး သတိပြု ကြိုတင် ပြင်ဆင် အောင်ပွဲရယူနိုင်ဖို့သာ အလေးထား အခြေပြုစေလိုကြောင်း ထပ်လောင်းဆော်ဩ အသိပေးရင်း အရေးတော်ပုံ အောင်ရမည်ဟု ယတိပြတ်ကို ကြွေးကြော်သည် ✊🏻

#ရဲဘော်မောင် ✊🏻

Credential Challenge အပါအဝင် တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လားရာအကြောင်း ... ပြည်သူတွေဆီက ရောက်လာတဲ့ မေးခွန်းတွေကို ကိ...
12/09/2022

Credential Challenge အပါအဝင် တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လားရာအကြောင်း ... ပြည်သူတွေဆီက ရောက်လာတဲ့ မေးခွန်းတွေကို ကိုမင်းကိုနိုင် ဖြေဆိုသုံးသပ်ပြထားတာဖြစ်ပါတယ်။

မေး။ ။အာဏာရှင်(စကစ)ဟာမျက်မှောက်
ကမ္ဘာရဲ့ဗီလိန်ကြီး၊ကျူးကျော်စစ်တရားခံအရှုံးသမားကိုဘာဖြစ်လို့နိုင်ငံတကာမျက်လုံးတွေရှေ့မှာဆရာတင်ပြီးခယလိုက်ရတာလဲ။

ဖြေ။ ။သူအဲဒီလိုမိုက်ရူးရဲပါ့မလားလို့စိတ်ပူနေကြတာခုတော့အေးသွားပြီပေါ့၊ရှင်းပြတ်သွားပြီပေါ့။သူတို၂ယောက်ပေါင်းပြီးပူးချည်ပြီးတော့ချဉ်ဖတ်အိုးထဲခုန်ချသွားတာပါပဲ။ကမ္ဘာကြီးအတွက်တော့ရှင်းလင်းတဲ့သတင်းစကားရသွားတာပါ။

သူ့မှာမလုပ်မဖြစ်အကြောင်းရှိတယ်။ သူ့ကိုပြည်သူကလဲလက်မခံဘူး
အာဆီယံကလည်းအလာမခံဘူး။ တရုတ်ဝန်ကြီးချုပ်ကလည်းအတွေ့မခံဘူး။ဒီတော့သူဘာလုပ်မလဲ။သူ့တပ်ထဲမှာစည်းရုံးရေးပြသနာရှိသေးတယ်လေ။
အင်အားကြီးနိုင်ငံတခုနဲ့ဆက်ဆံရေးကောင်းပါတယ်လို့ပြချင်တာကိုး၊အားကိုးရမယ့်သူကိုယ်တိုင်က အရှုံးသမား၊UNမှာဆွေးနွေးခွင့်စတောင်းရတယ် ၊ယူကရိန်းကအထက်စီးရသွားပြီး တောင်းဆိုချက်တွေတင်းတင်းနဲ့တုန့်ပြန်တယ်၊ရုရှားအကျအဆုံးတွေဝန်ခံလာရပြီ၊

မေး။။အခုမအလရဲ့လျှို့ဝှက်စာထဲပါလာတာကအရှုံးကိုဝန်ခံတာလား။

ဖြေ။ ။သူများကိုလွှဲချတာဗျ ၊လူမဆန်အောင်ရက်စက်ကြမ်းကြုတ်ပြီးမှပြည်သူချစ်အောင်နေဆိုတော့ အသက်ထွက်မှဆေးကျမ်းလိုက်ရှာတာပဲ။ဒီလိုဖြစ်ရင်သူဒီလိုလွှဲချမယ်ဆိုတာ လူတွေသိပြီးသားပဲ ဒါတောင် ဒီနှစ်ရဲ့ပထမ လေးလပါတ်ကစာနော်၊ခုရက်ပိုင်းစခန်းတွေတခုပြီးတခုသူတို့အသိမ်းခံရ ဟက်တက်ကြီးတွေကွဲရတာတွေမလာခင်ကဗျ။

မေး။ ။လက်ရှိတော်လှန်ရေးရောက်နေတဲ့အနေအထားနဲ့နောက်ဘာဆက်ဖြစ်မလဲဘာလုပ်ကြမလဲဆိုတာလဲပြောပြပါ။

ဖြေ ။။အတိုဆုံးပြန်ကြည့်ရအောင်။

၁/ရှိတာနဲ့ပြန်ခုခံခဲ့တယ်။တူမီး /အမဲလိုက်
သေနတ်စသဖြင့်ရရာနဲ့ပြန်ချတာ၊

၂/ပြောက်ကျားတပ်တွေဖွဲ့တယ်၊

၃/အဲဒီပြောက်ကျားတပ်တွေစုပေါင်းပြီးစစ်ဆင်ရေးတွေလုပ်တယ်လေ။

တပြိုင်နက်မှာ NUG ရဲ့တပ်ဖွဲ့တွေရော ဒေသဆိုင်ရာလိုကယ်လ်ပီဒီအက်ဖ်တွေရော၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရောပေါင်းပြီးတိုက်ခဲ့တယ်။”ခြွေစစ်” ပြောပါတော့။

ပြီးတော့ခုရောက်နေတဲ့အဆင့်ကတော်လှန်ရေးအင်အားစုတွေဟာကျေးလက်၊အဲဒီကနေတိုက်နယ်၊မြို့နယ်တွေခရိုင်တွေအထိလွှမ်းမိုးချုပ်ကိုင်ပြီးအဝေးပြေးလမ်းမကြီးတွေကိုလည်းခုနစ်ဆယ်ရာခိုင်နှုန်းထိန်းသိမ်းနိုင်ပြီ။

ဥပမာစစ်ကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းကိုကြည့်ပါ။ကလေး/ယာကြီးလမ်းကိုကြည့်ပါ။တခြားလမ်းတွေများစွာရှိသေးတယ် နယ်စပ်ကုန်သွယ်လမ်းတွေအထိ ။ဒါတွေဟာစစ်ကောင်စီကိုမြို့ပြမှာပဲပိတ်ဆို့ထားလိုက်တာပဲ။
ကမ္ဘာ့တော်လှန်ရေးတွေအောင်မြင်ခဲ့တာဒီနည်းနာကိုများစွာကျင့်သုံးခဲ့ကြတယ်။

ဒီကာလဟာအပြင်းထန်ဆုံး အပင်ပန်းဆုံးပဲ။ဒါကြောင့်
တိုက်မယ်လို့သံဓိဌာန်ချထားတယ်လို့ပြောတာ။

အဲဒီလိုမြို့ပြတွေကိုပိတ်ဆို့နိုင်ပြီဆိုရင်ဗျူဟာအရပြောက်ကြားခုခံရုံမကဘူးရန်သူကိုပြန်ဝိုင်းနိုင်တဲ့အဆင့်။

ခြွေစစ်တုန်းကရလဒ်တွေအဖြစ်ရန်သူဟာ အင်အားချိနဲ့ပြီး အိုနာကျိုးကန်းတွေလက်ရုံးတပ်တွေ၊ ရဲတွေ၊နောက်အကျဉ်းဦးစီးပါမကျန် တိုက်ခိုက်နေရလို့အခြေအနေကအဲဒီကိုရောက်နေတာ စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းတွေကကမ္ဘာမီဒီယာတွေမှာ မြန်မာ့နွေဦးတော်လှန်ရေးသုံးသပ်ချက်တွေကိုကြည့်ပါ။ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရအင်အားသိပ်ကြီးတယ်ဆိုတဲ့စစ်တပ်လည်းပြိုကွဲတော့မယ်ဆိုတာကိုအရေးတယူထရေးနေကြပါပြီ။

ဒါတွေကအလေးအနက်ရေးနေကြတာပါ။ကမ္ဘာကြီးရဲ့စိတ်ဝင်စားမှုတက်လာတာ။ဘယ်သူနိုင်မယ်ဆိုတာတွက်ချက်နိုင်ပါပြီ။ ဒီကာလ(နောက်ဆုံးအားပြိုင်မှု)ကကြမ်းတမ်းပါတယ်၊ဒါပေမဲ့ဒါလွန်သွားရင်တော့ကုန်းဆင်းများလိုပဲအရှိန်နှင့်တွန်းချလိုက်ရုံကျန်ပါတယ်။

မေး။ ။အခုစစ်တပ်ထဲ ဖွဲ့စည်းပုံရော စစ်ကြောင်းအလိုက်ပျက်တာတွေရော ဘယ်လိုဆက်ဖြစ်လာမလဲ။

ဖြေ။ ။အဓိကက ကျင့်ဝတ်ပျက်ခဲ့တာကိုး ပြည်သူအပေါ်သစ္စာပျက် ရက်စက်ကြမ်းကြုတ်တော့ ပြည်သူက သဘာဝကျကျတုန့်ပြန်တာ ခံရတော့ သူတို့ပျက်တာပဲလေ။
အက္ခရာသင်္ချာမှာ AP /GPတွေမှတ်မိတယ် မဟုတ်လား အခုတပ်ဟာ ပြည်သူ့ဆန့်ကျင်ခံရလို့ ပေါင်းပွါးကိန်းနဲ့ပြိုမှာမကဘူး ။မြှောက်ပွါးကိန်းနဲ့ပြိုမှာ သူတို့ကိုယ်တိုင်သိနေပါပြီ ။တပ်သားသစ်တယောက်သိန်းသုံးဆယ်ပေး
ဝိုင်းလုဝယ်နေရတာကြည့် ။ပိုက်ဆံလက်ငင်းပေးမယ် ဆိုတာပါသေး။
ရယ်စရာအကောင်းဆုံးက ရှေ့တန်းမထွက်ရအောင်စီစဉ်ပေးမယ်ဆိုတာကိုတော့ ခြင်းကြားကြီးကျောပိုးရမှ သိလိမ့်မယ်ဆိုတာပါပဲ။

မေး။ ။အခုပြည်သူတွေအတွက် ဘယ်နေရာတွေမှာအားစိုက်ကူရမလဲ အမြန်ဆုံးအောင်ချင်ကြပြီဗျာ။

ဖြေ။ ။ဟုတ်ကဲ့အပြည့်အဝနားလည်ပါတယ်ဗျာ။ ဘဏ္ဍာရေး သံတမန်ရေးနယ်ပါယ်တွေမှာအားအပြည့်ကူကြပေါ့ဗျာ ။ ကိုယ်ရရှိထားတဲ့ခြေ ကုပ်မြဲရမယ် ပြန်မလျှောကျစတမ်းတက်ရမယ်၊အခုပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းအမည်ပေါက်နေရာမြဲဖို့ လှုပ်ရှားမှုပေါင်းစုံမှာအားအပြည့်ပါကြပါ။

ဘဏ္ဍာရေးမှာလည်းပြည်သူ့အားပေးချက်က စံချိန်သစ်တွေတင်နေတာ၊စစ်တပ်ထဲတော့ဒီသတင်းတွေကအာဏာရှင်ကျဆုံးခန်း သွေးပျက်စရာပဲ၊ပြည်သူနဲ့
တော်လှန်ရေးသမားတွေအတွက်တော့အားတက်ရ အောင်ပွဲတွေရနေတာ တွေ့ကြတဲ့အတိုင်းပဲ။ ကမ္ဘာကြီးကလည်းထုတ်ဖေါ်ချီးမွမ်းရုံမကဖိတ်ခေါ်ဆက်ဆံမှုတွေ လက်မလည်အောင်ရနေပါပြီ

ကျနော်တို့ပြောဘူးပါတယ်
“တော်လှန်ရေးဟာ
သနားစရာလို့စုပ်သပ်ခံရမည့်အစား
အားကျစရာကြီးလို့ ဝန်ခံရတဲ့အထိ
ခွါသံပြင်းပြင်းဒုံးစိုင်းလိုက်
နိုင်မြင်းဖြစ်ကြောင်းပြေးပြလိုက်တာပေါ့”

#မင်းကိုနိုင်

19/08/2022

နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံက စစ်ကိုင်း ၅/ နဲ့ မ​ကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်

ရန်ကုန် ၊ ဩဂုတ် ၁၉

နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့တရုတ်နိုင်ငံသားပိုင် စက်ရုံက ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် FGWN က သတင်းထုတ်ပြန်ပါတယ်။

မတရား အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်း နဲ့ မကွေး တိုင်း က လာရောက် အလုပ်လုပ်ကိုင် နေတဲ့ အလုပ်သမား တွေ ကို ပစ်မှတ်ထား အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း(မြန်မာကိုင်ဒိုလမ်းကြား)အနီးမှာရှိတဲ့
ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံဟာ နာမည်ကျော် အဝတ် အထည် အမှတ်တံဆိပ် (H&M) ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ဒီစက်ရုံကနေ ၅/နဲ့ ၈/မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားတွေ ကို ခြိမ်းခြောက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကနေ ဩတ်ဂုတ်လ ၁ရက်နေ့ ကစပြီး ဒီကနေ့ အထိ လုပ်ငန်းခွင်ထဲမှာ ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားစာရင်းကောက်ယူပြီး အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်လို့ FGWN ကဆိုပါတယ်။

၅ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ
စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်ကိုင်နေသူအမျိုးသမီး အလုပ်သမား တစ်ဦးဟာ စက်ရုံက တာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ပြောဆို မှုနဲ့ ကြုံတွေ့ ခဲ့ရတာ ကြောင့် အလုပ်ဆုံးရှုံး ခဲ့ကြောင်း FGWN ရဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

"ကျွန်မတို့ကဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်
ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ။ အဲလိုမှမထွက်ရင် စစ်တပ်ကလာတဲ့အခါ နင်တို့ကိုထည့်ပေးလိုက်မယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကျွန်မလည်း ၁ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရပါတယ်"လို့ သူမ က ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအားလုံးကိုနစ်နာကြေးမပေးတဲ့အပြင် အလုပ်ထုတ်စာလည်းထုတ်မပေး ဘူးလို့ သိရှိရပါတယ်။

လုပ်ငန်းခွင်အတွင်း ကျန်ရှိနေတဲ့အလုပ်သမားတွေကိုလည်း ယခုလိုဒီလိုအလုပ်ထုတ်တာဟာ အထက်က ညွှန်ကြားချက်အရလို့ သတင်းလွှင့်ပြီး အလုပ်သမားတွေကိုလည်း အဲ့ဒီကိစ္စရပ်မှာ ဝင်မပါဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့သိရှိရပါတယ်။

အဲ့ဒီစက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း(၂၅၀၀)ကျော်ရှိနေပြီး စက်လိုင်း (၇၀)နဲ့လည်ပတ်နေတဲ့ စက်ရုံတစ်ရုံလည်းဖြစ်တယ်လို့သိရှိရပါတယ်။

Source : Khit Thit Medi.

16/08/2022

စစ်ထောက်ချုပ် ဒဗခက ညိုစော
DSA 23

မြထွန်းဦးတို့နဲ့ NDC တပတ်စဉ်တည်းဆင်း။
၂၀၂၀ မှာမှ စစ်ထောက်ချုပ်က အနားယူခဲ့။
မအလ လုပ်ခဲ့တဲ့ စစ်တပ်စီးပွါးရေးမှန်သမျှကို သူကသာဦးဆောင်ခဲ့။
Inno city, landmark, mytel, Myanmar plaza ဘေးက စိုက်ပျိုးသိပ္ပံအိမ်ရာ၊ စစ်သမိုင်းပြတိုက်အိမ်ရာ စသဖြင့် •••
star mart, star high ဆီဆိုင် တွေကို သူ့လက်ထက်မှာ အသစ်ထပ်ဖွင့်။
ဦးခင်ညွန့်ရဲ့သား ရဲနိုင်ဝင်းနဲ့ ညီရင်းအကိုလိုရင်းနှီးပြီး ညတိုင်းလိုလို အရက်အတူသောက်ကြပေမယ့်ထောက်လှမ်းရေးဖြိုခွဲခဲ့တဲ့အချိန် ဗခမြင့်ဆွေရဲ့ အရင်းဆုံးလူ။ ရန်ကုန်G1 ဖြစ်နေလို့ ရာထူးဖြုတ်တဲ့အထဲ မပါခဲ့။

ရာထူးတက် တာ နောက်ကျပေမယ့် စိန်စီသောည မင်္ဂလာဆောင်မှာ ဦးမြင့်ဆွေကတော် ဒေိါခင်သက်ဌေးကမှတဆင့် မိတ်ကပ်ဆရာခေါ်တာကအစ ဖိနပ်အဆုံး ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးမှုကြောင့် နေပြည်တော်တိုင်းဗျုဟာမှုးအဖြစ်ပြောင်း။

တိုင်းမှူးဗခ ဝေလွင်နဲ့ အင်မတန်ရင်းနှီးရာကနေ ဦးသန်းရွှေနဲ့ပါရင်းနှီးပြီး နပတ မှာ မြေကွက်ပေါင်းများစွာရယူနိုင်ခဲ့။

ရခိုင်ဘက် တပ်မမှူးထွက်ပြီး ခဏသာတာဝန်ထမ်း DSTA ကျောင်းအုပ်ဖြစ်။ မြထွန်းဦးက DSA ကျောင်းအုပ်။ သမီးအကြီးဖြစ်သူ သန့်ညိုစောနဲ့ ဖိုးလပြည့်တို့ရည်းစားဖြစ်ပြီးနောက်
မန္တလေးတိုင်း တိူင်းမှူးဖြစ်ပြီး မကြာ စစ်ထောက်ချုပ်အဖြစ်ခန့်အပ်ခြင်းခံရ။

၂၀၂၀ ပင်စင်ယူပြီး နောက်ပိုင်း လက်ရှိ MHEL ထိပ်တန်းဒါရိုက်တာ၊ အင်းဝဘဏ် အကြီးဆုံးရာထူးတို့ကို လုပ်ကိုင်လျက်ရှိ။

ရန်ကုန်တိုင်း G1 အဖြစ်လုပ်ကိုင်နေစဉ်ကတည်းက ငွေကြေးဆိုင်ရာအရှုပ်အရှင်းအများကြီးရှိတဲ့ Naing Group. နဲ့ နီးကပ်စွာဆက်ဆံခဲ့။

နာမည်ကျော် နေခြည်ဦးရဲ့အဖေ မျိုးမြင့်စိန်နဲ့ ဗိုလ်ကြီးဘဝကစ၍ သိကျွမ်းခဲ့ပြီး အင်မတန်ရင်းနှီးမှုရှိပြီး ဘီလျံချီ အိမ်ရာproject များနဲ့တကွ စစ်တပ်နဲ့ပတ်သက်တဲ့ project များစွာကို ဗခညိုစော ၁၉%၊ မျိုးမြင့်စိန် ၁၀%၊ ဆုတင် ၂% ခွဲယူလေ့ရှိ။

((ဆုတင်ဆိုတာ အမေစုအကြောင်းတွေကို နေ့နေ့ညည အပုတ်ချရေးနေပြီး ထိုသို့ရေးနိုင်ရန် နောက်ကွယ်က ဗခ ညိုစောမှ ထောက်ပံ့။ )))

ဗခ ညိုစော ဇနီးမှာ မင်းသမီးမေသဉ္ဇာဦး၏ အစ်မ စန်းစန်းမြင့်။
သမီးအကြီး သန့်ညိုစော__ time link condo (ဓမ္မစေတီ-လင့်လမ်းထောင့်တွင် urban beauty & spa ဖွင့်၍ jovisa တံဆိပ်မျက်တောင်တုနှင့် မျက်တောင်တုတံဆိပ်မျိုးစုံကို တပြည်လုံးဖြန့်ချီ။

သမက် - ဒေါက်တာဇွဲမာန်အောင်

သား- သင့်ညိုစော MAI လေယာဉ်မှူး
ချွေးမ- bae hon အမည်ရ online cele တဦးဖြစ်ပြီး kasual တံဆိပ်အကျီထုတ်လုပ်ရောင်းချ။

သမီးငယ်- ဆင့်ညိုစော

Crd

Address


Website

Alerts

Be the first to know and let us send you an email when We Stand with Daw Aung San Suu Kyi Forever posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Unity is Strength.

Unity is Strength.