17/05/2024
၁၅ နှစ်သားအရွယ် ချာတိတ်တယောက်ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။
ဘွဲ့ရပညာတတ်တယောက်ရဲ့ဝင်ငွေကို
ဘွဲ့ဒီဂရီတခုမှ မရှိဘဲ
တရားသောနည်းဖြင့် ရှာပြဖို့ပဲဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ကောင်လေးအနေနဲ့ဆိုရင်တော့
ဘယ်သူ့အကူအညီမှ မပါဘဲ
တယောက်တည်း ရပ်တည်ပြဖို့ဖြစ်ပါတယ်။
အခုလက်တလော
အသက် ၃၀ ပတ်ချာလည် လူလတ်ပိုင်းခြားတယောက်အနေနဲ့ကတော့
လူတယောက်ကို ဒီလို ပျိုးထောင်ရတယ်။
လူတစုကို ဒီလိုဦးဆောင်ရတယ်ဆိုတာ ပြဖို့သက်သက်ပါပဲ။
ပြောချင်တာက
ကျွန်တော် တိုက်ခိုက်သည်ဖြစ်စေ၊ ခ ယ သည်ဖြစ်စေ
ဒါတွေအားလုံးဟာ
ကျွန်တော် ၁၀ နှစ်သားမတိုင်ခင်မှာ
တွေ့ဆုံကြုံတွေ့ခဲ့ရတဲ့ လူအစုကိုပဲ ရည်ရွယ်ပါတယ်။
ဆိုတော့
ကျန်တဲ့သူအားလုံးဟာ
ဖြတ်လျှောက်ပါပဲလို့ မရည်ညွန်းချင်ပေမယ့်
တကယ်ကို စိတ်ထဲမရှိတာတော့ အမှန်ပါ။
ထပ်ပြောရရင်
ကျွန်တော့်အပေါ် ဆိုးသည်ဖြစ်စေ၊
ကောင်းသည်ဖြစ်စေ နည်းနည်းလေးမှ စိတ်မဝင်စားတော့ပါ။