T R T H E N Y O

  • Home
  • T R T H E N Y O

T R T H E N Y O Just a random guy. Who’s madly into poems. Enjoy!
(1)

ဘာလုပ်မလဲ?၁၄ နှစ်သားမှာ အင်တာနက်ကိုရှာတွေ့ခဲ့တစ်စက်မှမတွေးမိခဲ့တာ လူတွေပိုပိန်းလာမှာကိုပဲ၊ကျွန်တော်တို့ခွေးဖြစ်ခဲ့ရတာ ဘယ...
28/04/2024

ဘာလုပ်မလဲ?

၁၄ နှစ်သားမှာ အင်တာနက်ကိုရှာတွေ့ခဲ့
တစ်စက်မှမတွေးမိခဲ့တာ လူတွေပိုပိန်းလာမှာကိုပဲ၊
ကျွန်တော်တို့ခွေးဖြစ်ခဲ့ရတာ ဘယ်သူ့ကြောင့်လဲလို့
မကြင်နာတတ်တဲ့လူတွေကို ထပ်မမေးဖြစ်တော့ဘူး၊
ကမ္ဘာကပျက်နေတာကြာခဲ့ပြီ၊ ဘာလုပ်မလဲ?

ကိုယ့်အနာဂတ်ဟာ
မီးလာ၊ မီးပျက်တယ်ဆိုတာလောက် အရေးမကြီး
စာတတ်ရင် သူဌေးကြီးဖြစ်မယ်လို့ သူတို့ပြောတယ်၊
အတန်းထဲက အတော်ဆုံးကောင်တွေ သေကုန်ပြီ၊
မသိမသာနဲ့ ရေမြေဆုံးထိ အပြီးတိုင်ပေးဆပ်ခဲ့ကြ
ကာလ ရက်ကြွေ နှစ်တွေထိဝင်လာခဲ့ပြီ၊ ဘာလုပ်မလဲ?

“ရွှေဝါပြည်” ဖတ်တုန်းက တဟားဟားအော်ရယ်မိတယ်၊
နားနဲ့မနာ နာချင်တာနဲ့သာ နာလိုက်၊ မျိုးနဲ့ရိုးနဲ့ ပိန်းခဲ့တာ၊
ဘယ်လူစွမ်းကောင်းကို ဘာနဲ့မျက်နှာပြရမလဲ
အဘိုးတွေ အဖေတွေ ဘယ်နားသွားနေရမလဲ
အမြင်အကျယ်ဆုံး အတော်ဆုံးမျိုးဆက်တဲ့၊
ပါးပါးလေးလှီးခံလိုက်ရပြီ၊ ဘာလုပ်မလဲ?

မလွမ်းတတ်တာတော့ ဘယ်ဟုတ်မလဲ၊
တကယ်တော့ တနုံ့နုံ့နဲ့ အုံ့အုံ့နွေးရင်ခွင်မှာ
ဖွဲမီးလှံသွားတွေ၊ မြေနိမ့်နိမ့်သစ်ရွက်ခြောက်တွေ၊
တစ်ချိန်ချိန်ပြန်ရလိမ့်မယ်ဆိုတဲ့ မရိုးသားစကားနဲ့
ဘဝ အစအနတွေကို ကြိုးစား ချည်နှောင်ထားတယ်
ကြယ်တွေ တဖြုတ်ဖြုတ်ကြွေနေပြီ၊ ဘာလုပ်မလဲ?

ထန်းသီးမဟုတ်ပဲ တကယ်မိုးပြိုလာခဲ့ရင် ဘာလုပ်မလဲ?

တောမီးလို မင်းအိမ်ဘေးမှာလာလောင်ရင် ဘာလုပ်မလဲ?

အမြဲတမ်း အထုပ်ပြင်ထားရရင် ဘာလုပ်မလဲ?

သူနဲ့ ဘယ်တော့မှ မတွေ့ရတော့ဘူးဆို ဘာလုပ်မလဲ?

ဟိုစာရင်းထဲ မင်း နာမည်ပါလာရင် ဘာလုပ်မလဲ?

အောင်မြင်ခဲ့ပါပြီတဲ့ ဘာလုပ်မလဲ?

T R T H E N Y O

မပြောဖြစ်ခဲ့ခြင်းများ (၂)နွေရာသီရဲ့ ပျောက်ဆုံးခြင်းများစိန်စီထားတဲ့ မျှော်လင့်ချက်တွေတဖြောက်ဖြောက်ကျတဲ့ မိုးစက်တွေအောက်ရ...
25/04/2024

မပြောဖြစ်ခဲ့ခြင်းများ (၂)

နွေရာသီရဲ့ ပျောက်ဆုံးခြင်းများ
စိန်စီထားတဲ့ မျှော်လင့်ချက်တွေ
တဖြောက်ဖြောက်ကျတဲ့ မိုးစက်တွေအောက်
ရုတ်တရက် အမောဖောက်သွားတဲ့
မတရားမှုကံနဲ့ မွေးဖွားရသူ အဝေးငှက်များအကြောင်း၊
အလုပ်သမားဥပဒေ၊ ညိုမှောင်နေတဲ့ ပင်လယ်တွေ
ရှိတဲ့အတိုင်းပဲ ရှိပါစေတော့။

ကြုံရာကျပန်း လွမ်းဆွတ်မှုတိမ်မဲမဲတွေ
မတော်တဆ ဝမ်းနည်း၊ တစ်ခြမ်းပဲ့ ကြေကွဲခြင်းများ
တဝုန်းဝုန်းလောက်တဲ့ တောမီးတွေနောက်
ကောက်ကနဲ ထ’ လိုက်သွားတဲ့
အချစ်မှာ ဂုဏ်ယူ လှပစွာသော ကျေးကျွန်များအကြောင်း၊
တဲအိုပျက်ထိ ခုန်ဆင်းပစ်မယ်တဲ့ သစ်ပင်တွေ
ချစ်တဲ့အတိုင်း လွတ်လပ်ပါစေတော့။

ကိုယ်ယုံကြည်ရာလမ်း၊ ကိုယ်ကိုးကွယ်တဲ့ အနာဂတ်တွေ
တိုက်ခိုက်ကျော်ဖြတ်၊ ငတ်ပြတ်ပေတေခဲ့ခြင်းများ
တနုံ့နုံ့နဲ့ သွေးကြောမျှင်တစ်လျှောက်
ဆစ်ကနဲ နာကျင်​ဒေါသထွက်ရတိုင်း ဆုတောင်းတယ်
တည်ရှိခြင်းတိုင်း ငြိမ်းချမ်းပါစေတော့။

ကိုယ်ဟာ ညဉ့်မနက်တော့တဲ့ သန်းခေါင်တွေပဲ၊
ကိုယ်ဟာ
လူသားဆန်မှုပျောက်ဆုံးခဲ့တဲ့ လူတွေထဲက
လူတစ်ယောက်သာ၊
ကိုယ်ဟာ ပလေးတိုးရဲ့ စကားဝိုင်းထဲက
အပြိုင်စင်္ကြာဝလာ ဆော့ခရေးတီးစ်၊

ကိုယ်က ပါပီယွန် ဖြစ်ချင်ခဲ့တာ။

အဲ့ဒီ
ဝါးလုံးခေါင်းထဲက နေပြင်းပြင်းတွေအကြောင်း၊
ဆေးခြယ်ပြနိုင်စွမ်း အရွေ့ဓာတ်လိုချင်ခဲ့တာ

ကိုယ့်စိတ်ကိုသတ်ခဲ့ပေမယ့်၊ မပြောဖြစ်ခဲ့ပေမယ့်
သိစေချင်ခဲ့တဲ့ ကျိုးနွံပေးဆပ်မှုတွေ အကြောင်း၊

မင်းကလွဲပြီး လူတိုင်းကို ပြောပြခဲ့ပါရဲ့
ကိုယ့်မှာ ဘာမှ မရှိခဲ့တာ။

T R T H E N Y O

ကျွန်တော်နဲ့ မျှဝေပါ၊ကြယ်တွေ မကြွေခင် အတောက်ပဆုံးအချိန်လိုမျိုး၊ကျွန်တော့်ကို နားလည်ပါ၊ပြန်မရခြင်းတွေဆီမှာ အပုံလိုက် ပေး...
23/04/2024

ကျွန်တော်နဲ့ မျှဝေပါ၊

ကြယ်တွေ မကြွေခင် အတောက်ပဆုံးအချိန်လိုမျိုး၊
ကျွန်တော့်ကို နားလည်ပါ၊
ပြန်မရခြင်းတွေဆီမှာ အပုံလိုက် ပေးဆပ်ခဲ့တဲ့
နေကြာပန်းတွေရဲ့ အခင်းလိုက် အဝါရောင်မျိုး၊
ကျွန်တော့်ကို သယ်ဆောင်ပါ၊

ကျွန်တော်ဟာ ပေါက်ကွဲလွယ်သူ အတွေးတိမ်များ၊
ကျွန်တော့်ကို လွတ်လပ်စေပါ၊

ဘယ်မှာရှာတွေ့မယ် မသိပေမယ့်၊
ကျွန်တော့်ကို လာခေါ်ပါ၊

ကျွန်တော် ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်းများစွာ၊
ကျွန်တော့်ကို ရှာဖွေပါ။

T R T H E N Y O

အရင်တုန်းကဆိုရင်နတ်ပြည် တကယ်ရှိ၊ မရှိ၊တွယ်ငြိခဲ့ဖူးတဲ့ ကောင်မလေးက ဘယ်ဆီမှာ၊The Meditations of Marcus Aurelius,ရေချိန်မှန...
19/04/2024

အရင်တုန်းကဆိုရင်

နတ်ပြည် တကယ်ရှိ၊ မရှိ၊

တွယ်ငြိခဲ့ဖူးတဲ့ ကောင်မလေးက ဘယ်ဆီမှာ၊

The Meditations of Marcus Aurelius,

ရေချိန်မှန်ရင် ထူးအိမ်သင်ဆီ ပြေး၊

လွတ်လပ်ဖို့ တကယ် စျေးမကြီးခဲ့တာ၊

အမြန်လမ်းပေါ်မှာ ည ၂ နာရီသောက်တဲ့ ဆေးလိပ်၊

လက်ဖက်ရည်ဆိုင်က မိုးလင်းပေါက် ရေနွေးကြမ်း၊

ဆိုင်ကယ်ကြယ်တွေ ညနက်ထိလင်းတဲ့

လမ်းပြောင်းပြန်မောင်း ကောင်းကင်တွေဟာ

ကျွန်တော်တို့ သီးသန့် သန်းခေါင်းယံတွေမှာ၊

တကယ် တည်ရှိခဲ့ကြတာ၊

ရင်ခုန်ခြင်း အစ၊ အသည်းကွဲခြင်း အဆုံး၊

ဖြတ်သန်းခဲ့ရသမျှ အဆင်မပြေခဲ့လဲ ပျော်ပျော်ပဲ၊

ကျွန်တော်တို့မှာ အတွေးစီစဉ်မှု၊ ဒေါသခန့်ခွဲမှု၊

ဗဟုသုတ တော်တော်နည်းခဲ့တာ၊

အရင်တုန်းက ဆိုတဲ့အရာတွေ

ပြန်မရတော့ဘူးဆိုတာ ကျွန်တော်သိတယ်၊

ကျွန်တော့်မှာ

အဲ့ဒီအမှန်တရား

လက်ခံဖို့ ခက်ခဲနေခဲ့ရတာ။

T R T H E N Y O

16/04/2024

အချိန်တန်လို့ ဒီတိမ်တွေမရှိတော့ပဲ
မိုးလေကင်းစင်သွားတဲ့အခါ၊
ငါတို့တွေအတူတူ ကြံခင်းတွေဖက်
ညနေခင်း လမ်းလျှောက်ဖြစ်ရင်၊

ပျံရင်းသေခဲ့တဲ့ ငှက်တွေ
ကျန်ရစ်နေခဲ့တဲ့ ရက်တွေကို
မေ့ဖြစ်အောင် မေ့ဖို့၊ မတွေးဖြစ်အောင် နေဖို့၊
နံရံအသစ်တွေနဲ့ ပိတ်ဆို့လိုက်ဖို့

ဘာအကြောင်းကြောင့်မှ ဒီကံကြမ္မာနဲ့ ပြန်မဆုံဖို့
စကားများများပြောကြတာပေါ့။

ငါတို့က မခံစားတတ်သူတွေပဲလို့
မျက်နှာတွေတည့်တည့်ကြည့်ပြီး လိမ်ကြတာပေါ့။

မင်းလဲ သိ၊ ငါလဲ နားလည်တယ်၊
ငါတို့ပြန်တွေ့ကြတာ​ပေါ့။

T R T H E N Y O

12/04/2024

ပန်းပွင့်တဲ့အရပ်မှာ လူတည့်တည့်ဖြစ်ရ၊
ကြုံတောင့်ကြုံခဲ ပြိုလဲခဲ့ရ၊
အချစ်ကိုနားလည်လွဲခဲ့ကြ၊
မသိတတ်အမှားတွေ၊ လက်မှတ်အတုထိုးခဲ့ကြ။

ကျွန်တော်မသိခြင်းများ ဆိုက်ပရပ်စ်ရနံ့တွေ
အခန်းကျဉ်းထဲ သီချင်းကျယ်ကျယ်တွေ အော်ခဲ့ရ၊
တိမ်တွေပေါ်ထိ ဓားထက်ထက် သစ်ရွက်တွေ
မီးခိုးဖြူရထားအိပ်မက် ပြတ်ရှမြင်မက်ခဲ့ရ၊
အရောင်တွေခြောက်လှန့်မှုလိုမျိုး ကံကြမ္မာဆိုတဲ့အခါ
ဘာရယ်မဟုတ် ထွက်ပြေးခဲ့ကြ၊
ဘာရယ်မဟုတ် ပစ်ချခဲ့ရ။

သေချာတာတော့
သက်သေပြဖို့ မတောင်းဆိုခဲ့
စစ်မှန်မှုသာ ဆုအကြိမ်ကြမ်တောင်းခဲ့တာ၊

တစ်ကြိမ်တစ်ခါမှ
ဝိဉာဉ်စွန်းထင်းမယ့် ကိစ္စမျိုး ခွင့်မပြုခဲ့
စိတ်ထဲကနေ ဘဝင်မကျခဲ့တာ၊

အဝေးပျံသွားတဲ့ ငှက်တွေဆီမှာ
ဘာနောင်တတွေရှိမလဲ?
အမှိုက်ပုံထဲ ခေါင်းထိုးလို့ ကိုယ့်အကြောင်း ပါ’ မပါ
လိုက်ရှာနေမိတာ။

T R T H E N Y O

Only humanကျွန်တော်လဲ လူသားတွေလိုပါပဲ။ ရုတ်တရက် လွဲချော်ခဲ့ဖူးတယ်။ အကျင့်အရ ကိုယ့်အရှိတရားနဲ့ ငြိမ်းချမ်းရေးယူဖို့ အမြဲဆ...
07/04/2024

Only human

ကျွန်တော်လဲ လူသားတွေလိုပါပဲ။
ရုတ်တရက် လွဲချော်ခဲ့ဖူးတယ်။ အကျင့်အရ ကိုယ့်အရှိတရားနဲ့ ငြိမ်းချမ်းရေးယူဖို့ အမြဲဆွေးနွှေးနေခဲ့တာ။ မှော်ဆရာဦးထုပ်ထဲက ခိုဖြူတွေ တစ်ခါတစ်ခါ ခုန်ထွက်လာတဲ့အခါမှာတော့ “ဒီလောက်တော်၊ ဒီလောက်ထက်တဲ့ ငါကောင်လေး၊ စိတ်ထားတွေ ကောင်းခဲ့ပါရဲ့၊ ကြီးရိုသေခဲ့၊ ငယ်လေးစားခဲ့ပါရဲ့၊ ဒီလောက် နု၊ ဒီလောက် လဲပြိုလွယ်ခဲ့ပါတဲ့ ဘာကြောင့်ဒီလို ပူပြင်းပင်ပန်းခဲ့ရတယ်၊ ဘာလို့ဒီလောက် ကျိုးပဲ့ထိရှခဲ့ရလဲ ငါကောင်လေး” ၊ မေးမိဖူးတဲ့ အခိုက်အတံ့တွေရှိခဲ့တယ်။ ကျွန်တော်လဲ လူသားတွေလိုပါပဲ။

နေ့တိုင်း နေထွက်တယ်လို့ ကြားဖူးတယ်၊ ဒီအေးစက်လွင်ပြင်တွေထဲမှာ အဲ့ဒါလဲမသေချာဘူး။ ကျွန်တော် မပေးဆပ်ရတာကိုပဲ စိတ်မကောင်းဖြစ်မိနေတာ။ ဘယ်သူမှသတိမရတော့တဲ့ ကြယ်တွေနဲ့ ကျွန်တော် ရင်းနှီးခဲ့ဖူးတယ်။ အဲ့ကြယ်တွေရဲ့ မိသားစုတွေဆီမှာ ညစာတူတူစားခဲ့ဖူးတယ်။ ကျွန်တော် သူတို့ကိုသိတယ်၊ သူတို့မိသားစုဝင်တွေပြောပြတယ်၊ သူတို့က အဝေးကြီးမှာ၊ သူတို့က ဟိုးအဝေးကြီးမှာတဲ့၊ အမေ ကျွန်တော် လိမ်လိမ်မာမာနေမယ်နော် တဲ့၊ ခင်ဗျား သိလား၊ သူ့အမေ ၂၇ နှစ်၊ ကလေးက ၅ နှစ်သား၊ ဒါမျိုးတွေက အများကြီး၊ ဟိုးအဝေးကြီးမှာ။ တောင်းပန်ပါတယ်။ ကျွန်တော်လဲ လူသားတွေလိုပဲမို့လို့ နာကျင်ဒေါသထွက်ရပါတယ်။

ဒါပေမယ့် ခိုဖြူတွေဘယ်လောက်ခုန်ခုန်၊ တစ်စက်မှ နောက်ကြောင်းပြန်မလှည့် ထုံပေပေနဲ့ တည့်တည့်ကြီးတိုးခဲ့ပြန်တယ်။ အဲ့အတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်တယ်။ ဘယ်လောက်ပြေးပြေး ဝေးမသွားတဲ့ ရင်ရိပ်ရပ်မြုံအသိုက်နွေးနွေးရယ်၊ သစ်ရွက်သစ်ခက်တွေနဲ့ အိမ်မက်လှလှတွေအတွက် ဘဝနဲ့ချီသော ပုံပြင်တစ်ပုဒ်ဆန်းများ စာတိုပေါင်းချုပ် တစ်အုပ်၊ ခွလိုက်ရင်ပျောက်သွားတဲ့ စီးတော်ယာဉ်မြီးတိုရယ်၊ ဂျာမဏီကထုတ်တဲ့ ပိုးဟပ်က မြင်းဘယ်နှစ်ကောင်။ ဘယ်အိမ်မှာညစာစား၊ ဘယ်ရုပ်ရှင်ဘယ်ဝင်ကြည့်မျိုးအထိ ဇာတ်ဝင်ခန်းများပေါင်းချုပ် တစ်အုပ်၊ စာအုပ်ပေါင်းများ၊ လ မသာသောညများ၊ မချစ်ရတော့တဲ့ ချစ်ရခြင်းများ၊ ကျွန်တော်လဲ လူသားတွေလိုပဲမို့လို့ တစ်ခါတစ်လေ ရိုးသားစွာပင်ပန်းမိပါတယ်။

ပွင့်သောပန်းတိုင်း လန်းပါစေပေါ့ဗျာ။
လူတိုင်းမှာ ကိုယ့်တိုက်ပွဲနဲ့ ကိုယ်ပါပဲ။

ကျွန်တော်က လူသားတွေလိုပဲမို့လို့ တိုက်ပွဲမှန်သမျှ ကိုယ်ပဲတိုက်ပေးလိုက်လို့ရရင် တိုက်ပေးလိုက်ချင်တာ။

T R T H E N Y O

Came up in conditions that you’d never wanna dreamAnd I made it look so easy, like you wouldn’t even believe it. They sa...
18/03/2024

Came up in conditions
that you’d never wanna dream
And I made it look so easy,
like you wouldn’t even believe it.

They say the truth would prevail over time
and all that s**t.
But you didn’t tell me it will be forever.

I could’ve asked “How could you?”
But really It was me who went out
and wanted to be a boy wonder.

My grandfather never loved you,
yet you still managed to be the best.
I’ve met a lot of people right now,
but no one as human as you.

I wanna let you know, every good part of me,
I got them from you and mom.
And every bad thing is just me and my mind
being a du***ss.

It’s crazy how our world has changed
and things I had to endure and adapt.
But every time life took me down,
it’s your spirit in my DNA
that pulls me up off the ground.

As much as I want your rest to be peaceful,
I seriously, desperately hope you can see me now.

Love,
Your son.

ခိုဖြူတစ်သိုက်လွတ်လပ်ပေါ့ပါးတတ်ဖို့ မသင်ယူခဲ့ရ၊စဉ်းစားဖြေရှင်းတတ်ဖို့ မသင်ယူခဲ့ရ၊ပြေးဆော့သင်ယူချိန်တွေ အတန်းစာထဲပစ်ထည့်၊...
19/02/2024

ခိုဖြူတစ်သိုက်

လွတ်လပ်ပေါ့ပါးတတ်ဖို့ မသင်ယူခဲ့ရ၊
စဉ်းစားဖြေရှင်းတတ်ဖို့ မသင်ယူခဲ့ရ၊
ပြေးဆော့သင်ယူချိန်တွေ အတန်းစာထဲပစ်ထည့်၊
ရင်ခုန်သံ အသစ်တွေ၊ စနစ် အဟောင်းထဲ ပြုတ်ကျ၊
ပြန်ကြည့်လိုက်တိုင်း ညိုမှိုင်းမှိုင်းနဲ့ ကလေးငယ်များ။

ချွေတာတန်ဖိုးထားတတ်ဖို့ မသိတတ်ခဲ့ကြ၊
သူငယ်ချင်းအစစ်တွေ ထပ်မတွေ့တော့မှာ မသိတတ်ခဲ့ကြ၊
ပိုက်ဆံနည်းနည်းကို ဖိနပ်တွေ၊ အပျက်တွေထဲပစ်ထည့်၊
နောင်တနဲ့ အပြစ်အဟောင်းတွေ၊ ဘဝသစ်ထဲကပ်ပါလာ၊
မျှော်ကြည့်လိုက်တိုင်း ဝေဝါးဝါးနဲ့ ကလေးငယ်များ။

တစ်နိုင်ငံလုံးစာ မှားယွင်းခဲ့ကြ၊
မျိုးဆက် ၃ ဆက် စာမတတ်ခဲ့ကြ၊
လက်ဆင့်ကမ်းခဲ့သမျှဦးဏှောက်တွေ ဆေးကန်ထဲပစ်ထည့်၊
အချစ်စစ်စစ်၊ ကဗျာစစ်စစ်၊ သီချင်းစစ်စစ်တွေပျောက်ဆုံး၊
လေတွေတိုက်တိုင်း လွင့်မျောတတ်သူ ကလေးငယ်များ။

ကျရှုံးဖို့သက်သက် လူလာဖြစ်ရရင် မတရားဘူးလို့
လမ်းပေါ်ထွက်ဆော့တိုင်း အမေရိုက်မှာကြောက်ရတဲ့
ဘာသာတရားကို မေးခွန်းထုတ်တာ မမှားဘူးလို့
အတန်းထဲမှာခုံခေါက်တိုင်း ဆရာရိုက်မှာကြောက်ရတဲ့
ခွေးစကားပြော၊ ခွေးနောက်မလိုက်နိုင်ဘူးလို့
အုပ်ချုပ်သူလူတန်းစားကို လက်အုပ်ချီရတဲ့
နဝေတိမ်တောင် ကလေးငယ်များ။

အချစ်ဇာတ်လမ်းမှာ မင်းသားဖြစ်ချင်ခဲ့ဖူးရုံ၊
သူငယ်ချင်းအတွက် အကောင်းဆုံးဖြစ်ချင်ခဲ့ဖူးရုံ၊
ချမ်းသာချင်စိတ်လေး အဖြူသပ်သပ် ရှိဖူးရုံ၊
မကြီးပျင်းခဲ့ရရင် သိပ်ကောင်းမှာပဲ ယောက်ဖတဲ့
ငါတို့လူငယ် ကလေးငယ်များ။

TRTHENYO

The days before Tomorrowမနက်ဖြန် သေချင် သေသွားမှာဆိုပေမယ့် ဒီနေ့ကိုလဲ လွှတ်ချလို့ မရပြန်ဘူး၊ ဝိရောဓိတွေ ဒွိဟတွေနဲ့ ဝေဒနာ...
02/02/2024

The days before Tomorrow

မနက်ဖြန် သေချင် သေသွားမှာဆိုပေမယ့်
ဒီနေ့ကိုလဲ လွှတ်ချလို့ မရပြန်ဘူး၊
ဝိရောဓိတွေ ဒွိဟတွေနဲ့ ဝေဒနာ စက္ကန့် နှလုံးခုန်သံတွေ၊
ဖက်ဖူးစိမ်းရောင် မနေ့က သစ်ရွက်တွေ၊
ဘယ်အသက်အရွယ်၊ ဘယ်ဆယ်စုနှစ်မှာ
ဘယ်လိုအိမ်ငယ်၊ ဘယ်ရထားမှာ
ဘယ်လောက်ဒီဂရီ၊ ဘယ်တော့လဲ?
လွယ်လွယ်လေး ပြိုကျခဲ့သမျှ
တည်ဆောက်ရတာ ခက်ခဲလိုက်တာ။
တစ်ယောက်တည်းလို့ ခံစားရတိုင်း၊
ဂစ်တာတီးဖို့ အကြောင်းဖန်လာတိုင်း၊
သီချင်းနားထောင်တိုင်း၊
စိတ်လွတ်လက်လွတ် ပြေးမိတိုင်းမှာ
နတ်ပြည်ကိုယုံချင်စိတ် လျော့နည်းလာ၊
လက်ထဲထိုးထည့်ပေးလိုက်တဲ့ ကဒ်ပြားတွေကိုကြည့်ရင်း၊
တိမ်တွေလို ညိုမဲလာတဲ့ မျက်လုံးတွေဟာ
စာတစ်ကြောင်းချင်း၊ အတွေးတစ်ခုချင်း၊
သီချင်းတစ်ပုဒ်ချင်း၊ ဂစ်တာတစ်လက်ချင်း၊
တရိပ်ရိပ်လိုက်လာတဲ့ အိမ်မက်ဆိုးတွေကို
ရိုက်ချိုးဖို့အင်အားတွေ ကုန်လာရင်း၊
ဝိဉာဉ်နဲ့ ပိုက်ဆံ ဘာပိုအရေးကြီးလဲဆိုတာ ရှာရင်း၊
တည်ရှိခြင်းကို မေးခွန်းထုတ်လို့
ဒီမြစ်ထဲမှာပဲ ခုန်ဆင်းပျော်ဝင်ခဲ့ပြီ။
စောင့်နေခဲ့ပါ၊
မိုးတွေစဲတဲ့တစ်နေ့ ပန်းတစ်ခင်းနဲ့ ပြန်လာခဲ့မယ်၊
ဒီနေ့တိုင်းကို သမိုင်းတစ်ခုစာ ကိုယ် မေ့ပစ်ခဲ့ပြီ။

T R T H E N Y O

24/01/2024

စိတ်ဆိုတာလဲ ဆန်းကြယ်သား
မဖြစ်ခဲ့ဖူးလို့ပဲ မှတ်လိုက်ပါတဲ့။

တံခါးလေးတစ်ချပ်ဖွင့်ဖို့
မျက်လုံးပေါင်းများစွာ မှိတ်ဖို့လိုတယ်။

ကျွန်တော်မှားခဲ့တာရှိရင် ခွင့်လွှတ်ပါ။
ကျွန်တော် စောင့်နေခဲ့တယ်။

ဆန်းကြယ်လှတဲ့ စိတ်တံခါးလေးတစ်ချပ်
ကျွန်တော့်အတွက် ဖွင့်ဖို့
ကျွန်တော့်နာရီတွေ ရပ်တဲ့အထိ နှစ်ပေါင်းများစွာ
စောင့်နေခဲ့တယ်။

T R T H E N Y O

We are the virus.ကျွန်တော်တို့က မိနစ်တိုင်းမှာ တစ်စုံတစ်ခုကိုဆုံးရှုံးနေရတယ်လို့ ကျွန်တော်ပြောဖူးတာ မှတ်မိလား? တကယ်တော့ ...
24/01/2024

We are the virus.

ကျွန်တော်တို့က မိနစ်တိုင်းမှာ တစ်စုံတစ်ခုကိုဆုံးရှုံးနေရတယ်လို့ ကျွန်တော်ပြောဖူးတာ မှတ်မိလား?

တကယ်တော့ ရှုပ်ထွေးစိမ်းကားတဲ့ လောကကြီးထဲ မြေပုံမပါပဲဝင်လာတဲ့ ကျွန်တော့်အတွက် လျှောက်စရာလမ်းတွေက ကျဉ်းမြောင်းခါးသက်လွန်းတယ်။ ကော်ဖီစွဲတဲ့အကျင့်လိုမျိုးပေါ့ မနက်ခင်းတိုင်းမှာ စကားပြောဖို့ စာအုပ်တစ်အုပ်နဲ့ ဆေးလိပ်တစ်ထုပ် ဘေးနားရှိရင်တောင် ဒီအခါးဓာတ်ကို လိုအပ်နေတုန်းပဲ။ ဘာကိုမှထိန်းလို့ မရရင်တောင် ကိုယ့်ကိုကိုယ်တော့ ထိန်းလို့ရသင့်ပြီဆိုတဲ့ သီချင်းပဲ နားထောင်နေပေမယ့် ကိုယ့်လောကကြီးက တခြားကမ္ဘာတွေရဲ့ ငရဲဖြစ်နေနိုင်တယ်ဆိုတာကို လက်မခံနိုင်သေးဘူး။ ကလေးဆန်လွန်းနေတယ် ထင်ပါတယ်။

ကျွန်တော်တို့သိတဲ့ ပျော်ရွှင်မှုတွေက ပိုက်ဆံများများမလိုအပ်ခဲ့ဘူး။ အခုတော့ စျေးကြီးကြီးပေးရတဲ့ friendship တွေထဲမှာ သူတို့တွေကူးခတ်နေကြတယ်။ လူတိုင်းဟာ သူ့တိုက်ပွဲနဲ့သူ။ ဒါတွေကိုနားလည်ဖို့ ကြိုးစားရတာက ကျွန်တော့်တိုက်ပွဲဖြစ်တယ်။ ထားခဲ့သင့်တာတွေကို ထားခဲ့ဖို့ ဘယ်ဘုရားဟောဟော မကျွတ်တဲ့ စိတ်တ​စ္ဆေ။ သိလွန်းရင်လဲ ခက်ပြန်ရောဗျ။ အတွေးလွန်တတ်တဲ့ သ​န္ဓေကိန်းအောင်းနေတဲ့ ကျိန်စာပေါ့။ ကျွန်တော် လွှတ်ချလိုက်ချင်ပြီ။

ကျွန်တော်တို့ဟာ အတိတ်မိနစ်တိုင်းမှာ ဆုံးရှုံးခဲ့ဖူးသမျှ အရာတွေအတွက် ပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ နေထိုင်ကြသူတွေဖြစ်တယ်။ ဒီလိုနဲ့ ကျွန်တော် အိမ်ကိုလွမ်းတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပြဖြစ်တော့ဘူး။ ထွက်ပေါက်တွေအများကြီးရှိပေမယ့် ဖြူစင်ရိုးသားပေးခဲ့တယ်။ မရှိတဲ့အရာတွေကို လိုက်ရှာနေတာ ရပ်ခဲ့တယ်။ ပေးဆပ်ခဲ့သူတွေအတွက် ကျွန်တော်တို့ တည်ရှိပေးရမယ်။ တစ်နေ့ကျ အားလုံးအဆင်ပြေသွားမှာပါ ယောက်ဖတို့ရာ ဆိုတဲ့ စကားကို ကျွန်တော်တို့အားလုံး ယုံခဲ့တယ်။

T R T H E N Y O

သူစိမ်း (၃)တစ်ယောက်တည်း နေချင်နေလား?တစ်ယောက်ယောက်ကို လိုအပ်နေလား?အမုန်းတရားပြည့်နက် အိပ်မက်သပ်သပ်လား?အချစ်ဇာတ်လမ်းတွေအရှ...
21/01/2024

သူစိမ်း (၃)

တစ်ယောက်တည်း နေချင်နေလား?
တစ်ယောက်ယောက်ကို လိုအပ်နေလား?

အမုန်းတရားပြည့်နက် အိပ်မက်သပ်သပ်လား?
အချစ်ဇာတ်လမ်းတွေအရှုံးပေး ကဗျာလှလှလေးလား?

လိင်မှုကိစ္စစိတ်မဝင်စားတဲ့ နိုင်ငံရေးတွေလား?
မင်းအတွက်ထားတဲ့မေတ္တာတွေ ရှာမတွေ့သေးဘူးလား?

မချစ်ခဲ့ရတဲ့သူတွေ၊ အချစ်မခံရသူတွေဆီမှာလား?
မင်းပျောက်ဆုံးနေတာ မင်းကိုယ်မင်းသိရဲ့လား?

ဘီယာသောက်ချင်နေတာလား?
အထီးကျန် ခြောက်ခြား သွေးပျက် ပြိုကွဲနေတာလား?

သူငယ်ချင်းတွေကို လွမ်းနေတာလား?
မင်းကို သူငယ်ချင်းတွေက လွမ်းနေစေချင်တာလား?

စိတ်ဓာတ်ကျတိုင်း ပြန်ထမယ်မလား?
သီချင်းကို ဘယ်သူနဲ့မှမတူအောင်နားထောင်မယ်မလား?

ပြန်ဆုံကြမယ်မလား?
နောက်တစ်ခါမှန်ထဲကို တည့်တည့်ကြည့်မယ်မလား?

မင်းငါ့ကို ကတိပေးမယ်မလား?

T R T H E N Y O

Address


Website

Alerts

Be the first to know and let us send you an email when T R T H E N Y O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T R T H E N Y O:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

NYO

ကိုယ် ကဗျာတွေကို ချစ်တတ်ခဲ့တာ ကြာခဲ့ပါပြီ။ အထက်တန်းကျောင်းသား ဘဝကတည်းက အကြမ်းစာအုပ် နောက်ကျောမှာ အိမ်မက်ဆန်တဲ့ လက်ရေးတွေနဲ့ ပြည့်နေခဲ့တယ်။ ကဗျာကို ကဗျာလို့ မသိသေးပေမယ့်၊ စကားလုံးတွေကို အထားအသိုပြောင်း၊ အများသုံးလေ့မရှိတဲ့ အသံတွေရွေးသုံးတာကို မှော်ဆန်တယ်လို့ ထင်ခဲ့တယ်။ အဲ့ဒီနောက်တော့ ဝါသနာကိုနားလည်ပြီး အသေအချာ လေ့လာခဲ့တယ်။ ဝမ်းစာဖြည့်ရာ ကဗျာရင်ခွင်တွေတွေ့ရှိခဲ့တယ်။ (ဒီဘာမဟုတ်တဲ့ကောင်က သူလေ့လာခဲ့တဲ့ ကဗျာဆရာတွေရဲ့ နာမည်ပြောပြနေရင် စော်ကားသလိုဖြစ်မှာမို့ မပြောတော့ပါဘူး။) တိုတိုပြောရရင် အများကြီး ရူးသွပ်ပျော်ဝင်ခဲ့တယ်ပေါ့။ တစိုက်မက်မက် ရေးဖြစ်တာတော့ တက္ကသိုလ်ကျောင်းသား ဘဝ ပဲ။ မန္တလေး၊ ကုသိုလ်တော်ဘုရားမှာ တနင်္ဂနွေ ညနေတိုင်း ရှိတဲ့ 'ခရေရိပ် ကဗျာဝိုင်း' ကို ဘော်ဒါတစ်ယောက်က မိတ်ဆက်ပေးခဲ့တယ်။ (အဲ့ဒီကနေ ကိုယဉ်ဝယ်ထက်၊ ကိုမိုးရင့်ကြယ်၊ မောင်ဖြိုးဝေ၊ ကိုနောဧက၊ ကိုထွဏ်းသွေးအိမ်၊ ကိုး၊ လွန်ကြိုးခက် စတဲ့ စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ၊ ကိုယ် ရခဲ့တယ်။) ဒီလိုနဲ့ ဘွဲ့ရ၊ အလုပ်လုပ်တဲ့အထိ၊ စိတ်ညစ်လာရင် ကဗျာတွေပေါ် ပုံချတယ်၊ စိတ်ကူးပေါက်လာရင် ကဗျာတွေနဲ့ စကားပြောတယ်၊ သိမ်းထားတာတွေ၊ ရေးလက်စတွေလည်း တဖြည်းဖြည်း များလာခဲ့တယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကိုယ် ကုမ္ပဏီတစ်ခုမှာ အလုပ် စ ဝင်တဲ့အချိန်၊ အလုပ်က ပေးတဲ့ ဖိအားတွေ၊ မိသားစု ပြသနာတွေ၊ လူမှုရေး အရှုပ်အရှင်းတွေနဲ့ ကိုယ် တစ်ယောက်တည်း ပြိုလဲနေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကိုယ့် စိတ်ခံစားချက်တွေအကြောင်း တစ်ယောက်ယောက်ကို ပြောပြချင်လာတယ်။ ကိုယ် ဘယ်လောက်ပြိုလဲနေရကြောင်း တစ်စုံတစ်ယောက်ကို သိစေချင်တယ်။ အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိချင်တယ်။ အဲ့ဒါနဲ့ ဒီ Page ကို ထောင်ဖြစ်ခဲ့တာပဲ။ အရင်က ရေးခဲ့ဖူးတာတွေရော၊ အသစ်တွေရော စိတ်ကူးပေါက်တိုင်း တင်ရင်း၊ ရေးရင်းနဲ့ ဒီလောက် အခြေအနေထိရောက်မယ်လို့ တွေးတောင် မတွေးဖူးပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ ကြိုက်ကြတယ်ဆိုတော့ ကိုယ့်မှာ ပျော်ရတယ်။ ရင်ဘတ်ချင်းတူတဲ့သူတွေက အတူတူလာငိုကြတယ်။ Message Box မှာ လာရင်ဖွင့်ကြတယ်။ 18K likes ထဲကနေ ကိုယ့်ကို နားလည်တဲ့သူ တစ်ရာလောက်ရှိရင်ပဲ တစ်ယောက်ချင်းဆီတိုင်းကို တကယ်ကြီးကျေးဇူးတင်ပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ Personal Life ပါ။ စပြီး မျက်နှာပြောင်တော့မှာမို့ ဒီလောက်ပဲဖတ်ပြီး ပြန်လှည့်ချင် လှည့်ကြပါ။ ကျွန်တော်က မန္တလေးသား၊ မန္တလေးမှာပဲ ကျောင်းတက်ခဲ့ပြီးတော့ အခု ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ နှစ်နှစ်ကျော်လောက်ရှိပါပြီ။ လက်ရှိရာထူးကတော့ Assistant Manager ပါ။ ကျွန်တော်က အပြင်မှာ အရပ်ရှည်ပြီး နည်းနည်းလည်း ချောပါတယ်။ (ဒီအထိဖတ်လာပြီးတော့မှ ဒီလောက်တော့ သည်းခံပေါ့ :3)။ လူပျိုစစ်တာမှ ဦးနိုင်လူကြီးအရက်သောက်သလို ရေတစ်စက်မှ မရောပါဘူး။ တစ်ချို့က Page Inbox မှာ Personal Account မေးပြီး လာ Add ကြတယ်။ ပြီးတော့လည်း နောင်တ ရသွားကြတာပါပဲ။ ကျွန်တော်က Personal Account မှာဆို ဘော်ဒါတွေ၊ ရုံးကလူတွေနဲ့ ဗရုတ်ကျနေတာများတယ်ဗျ။ အားရင်ဆေးထိုင်ထိုးပြီး၊ ပုံဆိုးပန်းဆိုးပုံတွေလည်း တင်ပါသေးတယ်။ ကဗျာနဲ့ပတ်သက်တာ ဘာမှ မတင်ပါဘူး။ တစ်ချို့ ဘော်ဒါတွေက ကျွန်တော် 'ညို' ဆိုတာတောင် မသိပါဘူး။ ကျွန်တော်ကတော့ လာ Add တဲ့ သူတိုင်းကို လက်ခံပေးပါတယ်။ တစ်ချို့ကလည်း စောင်မြင်ကတ်ပြီး ဘလော့သွားတယ်။ တစ်ချို့ကတော့ နောင်တ တစ်ပိုက်နဲ့ သည်းခံနေကြပြီး၊ တစ်ချို့နဲ့တော့ အပြင်မှာပါ ခင်ပြီး လက်ဖက်ရည်သောက်ကြ၊ စကားပြောကြဖြစ်ကုန်ပါတယ်။

အလုပ်နဲ့ ခရီးသွားရတဲ့အခါ ရေးတာတွေကျဲသွားပေမယ့် စိတ်ရှည်လက်ရှည်စောင့်ခဲ့သူတွေ၊ Message Box ကနေ အသစ်မတင်ဘူးလားဆိုပြီး ခဏ ခဏ လာနားပူတဲ့သူတွေ၊ Personal Account ကြီးနဲ့ Page ထဲ ဝင်မန့်နေပြီဆိုရင် "မူးနေပြီလား"ဆိုပြီး လာဆုံးမတဲ့သူတွေ တစ်ယောက်ချင်းဆီတိုင်းကို ကျွန်တော်က ချစ်ပါတယ်။ ဒီအထိ သည်းခံဖတ်ပေးလို့လည်း ထပ်ပြီး ကျေးဇူးတင်ပါတယ်။