22/10/2018
ထိုင်းနိုင်ငံ Khampangphet ကန်ဖင်ဖက် ပြည်နယ် အဝေးပြေး လမ်းမမှာ ဒီကနေ့ နံနက် ပိုင်းက လမ်းဘေး သစ်ပင်နဲ့ ဝင်တိုက်မိပြီး မီးလောင်သွားခဲ့တဲ့ ဓါတ်ငွေ့ သုံး ဗင်ကားပေါ်မှာမြန်မာနိုင်ငံသား ၁၄ဦး ကားမောင်းသူတဦးစုစုပေါင်း (၁၅)ဦးလိုက်ပါလာခဲ့ပြီး သေဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၉ )ဦး( အမျိုးသမီး ၆ဦး အမျိုသား၃ဦ)း ဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦး ဖြစ်ကြောင်း သိရပါတယ်။မီးလောင်သွားခဲ့တဲ့ ကားဟာ အသက်အာမခံကြေး ပေးဆောင်ထားတာကြောင့် ဆေးကုတဲ့ကုန်ကျစရိတ်ကို အာမခံဌာနက ရှင်းပေးရမှာဖြစ်ပြီးသေဆုံးသူနဲ့  ဒဏ်ရာရသူတွေအတွက် တစ်ဦးကို ဘတ်ငွေ (၃)သိန်း (ကျပ်သိတ်း၁၂၀ကျော် ) အာမခံဌာနက နစ်နာကြေးပေးအဖြစ်ရမှာဖြစ်ပါတယ်။ပထမပိုင်း စစ်ဆေးချက်တွေမှာ ဗင်ကားပေါ်မှာပါလာတဲ့ GPS မှတ်တမ်း ကို ကားမောင်းသူထိုင်းနိုင်ငံသား ကဖြတ်တောက်ထားခဲ့တာတွေ့ ရပြီး ကားဟာ အရှိန်မြင့်မောင်းခဲ့ပုံရကြောင်း ၊ကားပေါ်မှာလိုက်ပါလာသူ မြန်မာ နိုင်ငံသားတွေဟာ ထိုင်းမြန်မာ နယ်စပ် မြ၀တီ မြို့  မှာအလုပ်သမား လက်မှတ် သက်တမ်းတိုးကြမယ့် သူတွေဖြစ်ကြောင်း သိရပါတယ်။