Stories We Tell: Lives in Exile

  • Home
  • Stories We Tell: Lives in Exile

Stories We Tell: Lives in Exile A video series giving voice to the untold ​stories of Burmese exiles.
(1)

[ENGLISH BELOW]Captain Zero နဲ့တောင်တက်သွားကြတဲ့အကြောင်းကို ခါတိုင်းလိုပဲ YouTube မှာလည်း အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်လို...
30/06/2024

[ENGLISH BELOW]

Captain Zero နဲ့တောင်တက်သွားကြတဲ့အကြောင်းကို ခါတိုင်းလိုပဲ YouTube မှာလည်း အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်လို့ရတယ်နော်။ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေနဲ့လည်း ရှဲပေးပါဦး။

You can watch “Hiking with Captain Zero” on YouTube with English subtitles as usual. Please share it with your friends and family members as well.

“Hiking with Captain Zero” (FULL EPISODE)In the movies we watched as children, soldiers were portrayed as heroes who protected their loved ones and their cou...

29/06/2024

“Hiking with Captain Zero” (FULL EPISODE)

[ENGLISH BELOW]

Captain Zero ဆိုရင်တော့ အထူးတလည် မိတ်ဆက်ပေးနေစရာလိုမယ်မထင်ပါဘူး။ တော်လှန်ရေးစကတည်းက တက်တက်ကြွကြွပါဝင်ခဲ့ပြီး၊ လူမုန်းမှာမကြောက်ဘဲ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူဆိုတာ အားလုံးလည်းသိမှာပါ။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အဖွဲ့သားတွေ Captain Zero နဲ့ စကားပြောခွင့်ရခဲ့ပြီး၊ တခါမှမမြင်ဖူးတဲ့ Captain ရဲ့ပုံစံကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။​ ကျွန်တော်တို့တတွေ၊ ရိုးသားပြီး ဟိတ်ဟန်မများတဲ့ Captain Zero နဲ့ဘာတွေပြောခဲ့ကြလဲ။ ဒီဗီဒီယိုလေးကို ကြည့်ပေးပါနော်။

***ဤဗီဒီယိုတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဒေါင်းလုဒ်လုပ်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ တခြားပေ့ချ်များတွေ ပြန်လည်ဖော်ပြခြင်းအများ မပြုလုပ်ဖို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။***

//

Captain Zero likely needs no introduction. Since the beginning of the resistance, he has been actively involved, speaking openly and without fear of being hated. Everyone knows this about him. This time, our team had the opportunity to talk with Captain Zero and see a side of him that has never been seen before. What did we talk about with the candid and down-to-earth Captain Zero? Watch this video to find out.

***Unauthorised downloading, reproduction, or distribution of this video or any part of it without permission is strictly prohibited.***

For English version of this video, watch here:
https://youtu.be/9bruiTDPLK8

29/06/2024

[ENGLISH BELOW]

Captain Zero တစ်ယောက် ဘာများတွေ့လို့ ထွက်ပြေးတာလဲ။ 🤔 ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ စောင့်ကြည့်ပေးနော်။ ထိုင်းအချိန်ဆိုရင်တော့ ည ၇ နာရီခွဲပါ။

What is Captain Zero running away from? 🤔 Find out in the full episode dropping at 7 PM Myanmar time and 7:30 PM Thailand time. Stay tuned!

[ENGLISH BELOW]မနက်ဖြန် Episode အသစ်မလာခင် အရင်အပိုင်းလေးလည်း YouTube မှာ ထပ်သွားကြည့်လို့ရတယ်နော်။ ဒီတစ်ခေါက်တော့ မငိုရ...
28/06/2024

[ENGLISH BELOW]

မနက်ဖြန် Episode အသစ်မလာခင် အရင်အပိုင်းလေးလည်း YouTube မှာ ထပ်သွားကြည့်လို့ရတယ်နော်။ ဒီတစ်ခေါက်တော့ မငိုရပါဘူး။ ကတိပေးပါတယ်။ 😌

Before the new episode comes out tomorrow, you can watch the previous episode again on YouTube. No more tears this time, we promise. 😌

“A Walk With Brany” (FULL EPISODE)We took Brany for a walk by the reservoir, explored the night market, and had a heartfelt conversation. The full episode is...

We are also on YouTube with English Sub.
26/06/2024

We are also on YouTube with English Sub.

“Then, we parked our scooter by the road and hopped on a random bus, having no idea where to go.”

HIKING WITH CAPTAIN ZERO[ENGLISH BELOW]ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ရုပ်ရှင်တွေထဲမှာတော့ စစ်သားဆိုတာ ကိုယ်ချစ်တဲ့သ...
23/06/2024

HIKING WITH CAPTAIN ZERO

[ENGLISH BELOW]

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ရုပ်ရှင်တွေထဲမှာတော့ စစ်သားဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ့်နိုင်ငံကို ကာကွယ်ပေးကြတဲ့ သူရဲကောင်းတွေပါ။ အဲ့လိုယုံကြည်ခဲ့လို့လည်း Captain Zero တစ်ယောက် ဆယ်တန်းပြီးတော့ ပြည့်သူ့စစ်သားကြီးဖြစ်ဖို့ရည်ရွယ်ချက်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်၊ လက်နက်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့တာတွေကိုမြင်ခဲ့ရပြီး၊ အဲ့ဒီယုံကြည်ချက်တွေလည်း ပျက်စီးသွားခဲ့ပါတယ်။

အဲ့လိုအာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် အခက်အခဲတွေကြားထဲကနေ စစ်တပ်ကိုစွန့်ခွါလာပြီးတဲ့နောက်၊ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ အခုအချိန်အထိ တော်လှန်ရေးထဲမှာပါဝင်နေလဲ။ စစ်တပ်ထဲမှာလည်း သူငယ်စဥ်က မျှော်လင့်ထားခဲ့သလိုမဟုတ်ဘဲ၊ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ ဘယ်လိုအုပ်ချုပ်ခံခဲ့ရသလဲ။ ရှေ့ဆက်ပြီးတော့ရော ဘယ်လိုအနာဂတ်အိပ်မက်တွေ ရှိလဲဆိုတာတွေကို၊ ကျွန်တော်တို့ အဖွဲ့သားတွေ Captain Zero နဲ့အတူ တောင်တက်ရင်း စကားတွေပြောခဲ့ကြပါတယ်။

Captain Zero နဲ့ ကျွန်တော်တို့တွေ ဘာတွေပြောကြမလဲဆိုတာကို ဇွန်လ ၂၉ ရက်နေ့မှာ စောင့်ကြည့်ပေးသွားပါနော်။

//

In the movies we watched as children, soldiers were portrayed as heroes who protected their loved ones and their country. Believing in this ideal, Captain Zero chose to attend the Defense Services Technological Academy with the goal of becoming a full-fledged soldier after completing high school. However, after the military coup in 2021, witnessing the brutal suppression of unarmed civilians shattered those beliefs.

Unable to accept the coup, he left the military despite the challenges and has been actively involved in the resistance ever since. What kind of mental strength has kept him going? How different was the reality in the military from his childhood expectations, and how was he governed by a regime of power and oppression? What are his dreams for the future? Our team had a conversation with Captain Zero during a hike, discussing these topics.

Tune in on June 29th to see what we talked about with Captain Zero.

[ENGLISH BELOW]ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့တတွေ ညီမလေးဘရဏီဗီဒီယိုကိုကြည့်ပြီး ငိုခဲ့ကြပြီးပြီဆိုတော့၊ ဒီတစ်ပတ်တော့ ပေ့ါ...
22/06/2024

[ENGLISH BELOW]

ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့တတွေ ညီမလေးဘရဏီဗီဒီယိုကိုကြည့်ပြီး ငိုခဲ့ကြပြီးပြီဆိုတော့၊ ဒီတစ်ပတ်တော့ ပေ့ါပေ့ါပါးပါး တောင်တက်သွားကြရအောင်။ ကျွန်တော်တို့အဖွဲ့သားတွေ တောင်တက်သွားကြရင်း စကားပြောခဲ့ကြတာ ဘယ်သူဖြစ်မယ်ထင်လဲ။

Last week, we watched Brany’s video and cried, so this week, let's go hiking for a lighter experience. Who do you think we talked to while we hiked?

YouTube မှာလည်း ဗီဒီယိုတွေ အင်္ဂလိပ်စာတန်းထိုးနဲ့တင်ထားပါတယ်။ အပန်းမကြီးရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ရှဲပေးပါနော်။ 😌W...
20/06/2024

YouTube မှာလည်း ဗီဒီယိုတွေ အင်္ဂလိပ်စာတန်းထိုးနဲ့တင်ထားပါတယ်။ အပန်းမကြီးရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ရှဲပေးပါနော်။ 😌

We are also on YouTube with English subtitles. Share with your family and friends if you can. 😌

A video series giving voice to the untold ​stories of Burmese exiles. Through their journeys of resilience, ​courage, and hope, we aim to shine a light on t...

[ENGLISH BELOW]အင်္ဂလိပ်စာတန်းထိုးနဲ့ မတင်ဘူးလားလို့ မေးကြတဲ့သူတွေအတွက်ပါ။ ​YouTube မှာတင်ထားပါတယ်။For those of you aski...
18/06/2024

[ENGLISH BELOW]

အင်္ဂလိပ်စာတန်းထိုးနဲ့ မတင်ဘူးလားလို့ မေးကြတဲ့သူတွေအတွက်ပါ။ ​YouTube မှာတင်ထားပါတယ်။

For those of you asking if we have English subtitles in our video, you can also subscribe to our YouTube channel as well.

DELETED SCENE: “When you've cried out all your tears, it hurts too much to cry anymore. So, I just laugh all the time.”

[ENGLISH BELOW]မနေ့ညကတင်ထားတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အားပေးစကားတွေပြောပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရ...
16/06/2024

[ENGLISH BELOW]

မနေ့ညကတင်ထားတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အားပေးစကားတွေပြောပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခါတိုင်းလိုပဲ ဗီဒီယိုလေးကို YouTube မှာ အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်လို့ရပါတယ်နော်။

Massive thanks to each and every one of you for your encouraging words last night. As usual, you can watch the English version of the video on our YouTube channel.

“A Walk With Brany” (FULL EPISODE)We took Brany for a walk by the reservoir, explored the night market, and had a heartfelt conversation. The full episode is...

15/06/2024

“A Walk With Brany” (FULL EPISODE)

[ENGLISH BELOW]

ကျွန်တော်တို့ အဖွဲ့သားတွေ ညီမလေးဘရဏီနဲ့အတူ ကန်ဘေးနားမှာ လမ်းလျှောက်၊ ညစျေးလျှောက်လည်ပြီး၊ ရင်ထဲမှာ မြိုသိပ်ထားတာတွေ ပြောခဲ့ကြပါတယ်။ ဘာတွေပြောခဲ့ကြလဲဆိုတာ ဒီမှာကြည့်ပေးပါနော်။​

(အသံပိုင်း၊ ရုပ်ပိုင်း လိုအပ်တာလေးတွေရှိရင် သည်းခံပေးပါ။ နောက်ပိုင်းမှာ ဒီထက်ကောင်းအောင်တင်ဆက်ပေးဖို့ ကြိုးစားသွားပါမယ်။)

***ဤဗီဒီယိုတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဒေါင်းလုဒ်လုပ်ခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ တခြားပေ့ချ်များတွေ ပြန်လည်ဖော်ပြခြင်းအများ မပြုလုပ်ဖို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။***

//

We took Brany for a walk by the reservoir, explored the night market, and had a heartfelt conversation. The full episode is finally here!

(If there are any issues with the audio or video, please bear with us. We will strive to improve and present even better content in the future.)

***Unauthorised downloading, reproduction, or distribution of this video or any part of it without permission is strictly prohibited.***

For English version of this video, watch here: https://youtu.be/7T8CaFZKOKo

15/06/2024

[ENGLISH BELOW]

ပြောထားတဲ့အတိုင်း ‘Stories We Tell’ ရဲ့ ပထမဦးဆုံးအပိုင်းလေးကို ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ ထုတ်လွှင့်သွားပါတော့မယ်။ ထိုင်းအချိန်ဆိုရင်တော့ ည ၇ နာရီခွဲပါ။

The first episode of 'Stories We Tell' will drop at 7 PM Myanmar time and 7:30 PM Thailand time. Stay tuned!

14/06/2024

***မေတ္တာရပ်ခံခြင်း***

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်ကစပြီး ကျွန်တော်တို့သူငယ်ချင်းတစ်စု ကိုယ်တိုင်အိတ်စိုက်ပြီး ဒီဗီဒီယိုလေးတွေစဖန်တီးခဲ့ကြတာပါ။ ဗီဒီယိုတစ်ခုလုပ်ဖို့ အားထုတ်ရတဲ့အချိန်ကာလ မနည်းသလို၊ ကင်မရာပစ္စည်းတွေ၊ editing software တွေနဲ့ music right တွေဝယ်ဖို့အတွက်လည်း ငွေကြေးစိုက်ထုတ်ရတာပါ။​ အခုအချိန်အထိ ကျွန်တော်တို့အဖွဲ့သားတွေနဲ့ ပါဝင်ကူညီပေးကြတဲ့ ညီအကိုမောင်နှမတွေအားလုံး အကျိုးအမြတ် တစုံတရာမှမရသေးပါဘူး။ အဲ့တာကြောင့် ကျွန်တော်တို့ အားထုတ်ရတာလေးတွေကို ငဲ့ညှာပြီးတော့ ကျွန်တော်တို့ဗီဒီယိုလေးတွေကို ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုဖို့ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ 🙏🙏🙏

You can also find us on YouTube and Instagram !
14/06/2024

You can also find us on YouTube and Instagram !

“One thing that I regret about my time in uni is that I never got to date anyone there.”

A WALK WITH BRANY[ENGLISH BELOW]၂၀၂၁ မတိုင်ခင်ကဆို ဘရဏီတစ်ယောက် တစ်နေ့တစ်နေ့ စာလုပ်မယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်။ ...
09/06/2024

A WALK WITH BRANY

[ENGLISH BELOW]

၂၀၂၁ မတိုင်ခင်ကဆို ဘရဏီတစ်ယောက် တစ်နေ့တစ်နေ့ စာလုပ်မယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်။ တကသကျောင်းသူတစ်ယောက်ပီပီ ကျောင်းကလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ တက်တက်ကြွကြွပါဝင်မယ်။​ ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ဘဝအစီအစဥ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေအပြည့်နဲ့ပါ။

ဒါပေမဲ့ အခုတော့ ဘဝဟာ အဲ့ဒီလောက် မရိုးရှင်းတော့ပါဘူး။ ကျောင်းနဲ့ဝေးလာတာလည်းကြာပြီမို့ စာလုပ်ချင်တာတောင် လုပ်ခွင့်မရတော့သလို၊ သူငယ်ချင်းတွေနဲ့လည်း တစ်နေရာစီဖြစ်သွားကြပါပြီ။ တော်လှန်ရေးသုံးနှစ်အကြာမှာ ကျောင်းပြီးအောင်တက်ဖို့နဲ့ ဘွဲ့ရဖို့ဆိုတာလည်း အတော်အလှမ်းဝေးနေပြီး၊ အနာဂတ်ကလည်း မရေမရာပါ။​ ဒီကြားထဲမှာ မိသားစုကိုပစ်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့အတွက် အပြစ်ရှိသလိုလည်း ခံစားနေရသူပါ။

ချစ်ရတဲ့ မိသားစုနဲ့ကျောင်းတော်ကြီးကို စွန့်ခွါပြီးထွက်ခွါလာရတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်၊ သူ့အနာဂတ်ကိုပြန်ရဖို့ ဘယ်လိုအိပ်မက်တွေနဲ့ ဆက်လက်ရှင်သန်နေလဲ။ ကျွန်တော်တို့အဖွဲ့သားတွေလည်း ဘရဏီနဲ့တွေ့တုန်း အင်းလျားအလွမ်းပြေ အိမ်နားကရေကန်နား သွားလည်ခဲ့ကြရင်း ခံစားချက်တွေ ပြောခဲ့ကြပါတယ်။

ဘရဏီနဲ့ ကျွန်တော်တို့တွေ ဘာတွေပြောကြမလဲဆိုတာကို ဇွန်လ ၁၅ ရက်နေ့မှာ စောင့်ကြည့်ပေးသွားပါနော်။

//

Before 2021, Brany's days were filled with either studying or hanging out with friends, or as a member of the student union, she loved being involved in school activities. Her life was full of ambitions, hopes, and dreams.

However, life is no longer as simple. It's been a while since she left university, and the opportunity to study has slipped away. Her friends are now distant. Three years of resistance and the dream of graduating seem distant, and the future is uncertain. On top of it all, she grapples with guilt for leaving her family behind.

What is her current dream, and how is she rebuilding her life after leaving her beloved family and university? We took a walk by the nearby lake and had a heart-to-heart about lives.

Catch the first episode of ‘Stories We Tell’ premiering on June 15!

📣FAQs 📣[ENGLISH BELOW]ကျွန်တော်တို့ ‘Stories We Tell’ ရဲ့ တင်ဆက်မှုတွေကို —💬 ဘယ်လိုပုံစံနဲ့ ထုတ်လွှင့်သွားမှာလဲ။ ‘Storie...
08/06/2024

📣FAQs 📣

[ENGLISH BELOW]

ကျွန်တော်တို့ ‘Stories We Tell’ ရဲ့ တင်ဆက်မှုတွေကို —

💬 ဘယ်လိုပုံစံနဲ့ ထုတ်လွှင့်သွားမှာလဲ။

‘Stories We Tell’ ရဲ့ ပထမဦးဆုံး Pilot Season အဖြစ် အပိုင်း ၈ ပိုင်းကို၊ တစ်လ နှစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာပါ။ တစ်ပိုင်းချင်းဆီမှာ တော်လှန်ရေးမှာပါဝင်နေကြတဲ့သူ တစ်ဦးချင်းဆီရဲ့ ဖြတ်သန်းမှုတွေ၊ ခံစားချက်တွေကို ကြည့်ရှုခံစားရမှာပါ။​

💬 ဘယ်မှာကြည့်လို့ရမှာလဲ။

ကျွန်တော်တို့ Facebook စာမျက်နှာမှာ မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ YouTube မှာတော့ အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ရှုသွားနိုင်မှာ ဖြစ်ပါတယ်။

💬 ဘယ်နေ့မှာစလွှင့်မှာလဲ။

ပထမ Episode ကို ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်လွှင့်သွားတော့မှာဖြစ်လို့ သေချာအားပေးကြဖို့နဲ့၊ ခံစားချက်တွကို သေချာလေးနားထောင်ပေးကြဖို့ မျှော်လင့်ပါတယ်။

P.S.

ပထမဆုံးအပိုင်းလေးက ဘယ်သူ့အကြောင်း ဖြစ်မယ်ဆိုတာတော့ မနက်ဖြန်မှာ မိတ်ဆက်ပေးမယ်နော်။

💬 How Will the Episodes Be Released?

Our pilot season will consist of eight episodes, with two episodes released per month. Each episode features an individual in resistance, sharing their life experiences and challenges.

💬 Where Can You Watch the Episodes?

Full-length episodes will be available on Facebook with Burmese captions and on YouTube with English captions.

💬 When Will the Episodes Be Available?

The first episode will premiere on June 15. Don’t miss it! Mark your calendars.

P.S.
Tomorrow we will introduce our first character!

CHECKING IN…[ENGLISH BELOW]“အာဏာသိမ်းပြီးတော့ ဘာတွေပြောင်းလဲသွားလဲ။”‘Stories We Tell’ ရဲ့ပထမဆုံးအပိုင်းကို ရှေ့အပတ်ထဲမှာ...
07/06/2024

CHECKING IN…

[ENGLISH BELOW]

“အာဏာသိမ်းပြီးတော့ ဘာတွေပြောင်းလဲသွားလဲ။”

‘Stories We Tell’ ရဲ့ပထမဆုံးအပိုင်းကို ရှေ့အပတ်ထဲမှာ ထုတ်လွှင့်သွားတော့မှာပါ။ အခုတော့ ကျွန်တော်တို့ ခံစားချက်လေးတွေ ဝေမျှရအောင်။

အာဏာသိမ်းပြီး ပြောင်းလဲသွားတာတွေပြောရရင်တော့ တစ်နေကုန်သွားမှာပါ။ ကုန်စျေးနှုန်းကလည်း အဆမတန်တက်၊ မီးကလည်းမလာ၊ Facebook လေးသုံးဖို့တောင် VPN သုံးရ၊ အခုဆို VPN တောင်ပိတ်ဦးမယ်။ ကြားထဲစစ်မှုထမ်းဥပဒေကရှိသေး… အဲဒီတော့ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာဆိုရင်ရော။

ကျွန်တော်တို့အဖွဲ့သားတွေအတွက်ဆို အာဏာမသိမ်းခင်ကတော့ ဘဝရည်မှန်းချက်တွေ၊ အိပ်မက်တွေအများကြီးပေ့ါ။ အခုတော့ ဘဝနဲ့ယှဥ်မပြောနဲ့ နောက်အပတ်ဘာဖြစ်မလဲဆိုတာတောင် မပြောနိုင်ဘူး။ အနာဂတ်အစီအစဥ်ဆိုလို့ အလွန်ဆုံး မနက်ဖြန်အထိပဲ တွေးနိုင်တယ်။

ဒီကလူတွေရော။ ဘယ်လိုလဲ။ ကျွန်တော်တို့တတွေ ‘စိတ်ပျော်’ ရဲ့လား။

"How Has the Coup Changed Us?"

We're releasing the first episode of 'Stories We Tell' next week. In the meantime, let's talk.

Prices are going crazy. Power cuts are constant. You need a VPN just to use social media, and now they're even blocking those! On top of it all, there's this new conscription law.

So, how are we doing? We used to have goals and dreams for the future. Now, forget about next week, just surviving day to day is all we can focus on.

How about you guys? How are you holding up?

[ENGLISH BELOW]ခါတိုင်းလိုပဲ မနေ့ကဗီဒီယိုကို YouTube နဲ့ Instagram မှာ အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်လို့ရပါတယ်။ (ကိုယ့်မှာ...
06/06/2024

[ENGLISH BELOW]

ခါတိုင်းလိုပဲ မနေ့ကဗီဒီယိုကို YouTube နဲ့ Instagram မှာ အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်လို့ရပါတယ်။ (ကိုယ့်မှာဘိုသူငယ်ချင်းတွေရှိရင်လည်း ရှဲလို့ရပါတယ်နော်။) Instagram မှာ ဆိုတဲ့ Username နဲ့ပဲ ကျွန်တော်တို့ကိုရှာလို့ရပါတယ်ခင်ဗျ။

As usual, you can watch our videos with English captions on YouTube and Instagram. You can also find us using the username .

♥️ A DAY IN THE LIFE ♥️Although many of us in resistance are trying to survive amidst trauma and loss, only tears and pain do not define us. The Junta might'...

05/06/2024

♥️ A DAY IN THE LIFE ♥️

[ENGLISH BELOW]

တော်လှန်ရေးထဲမှာပါဝင်နေကြတဲ့ လူငယ်အများစုဟာ စိတ်ဒဏ်ရာနဲ့ ဆုံးရှုံးမှုတွေကြားမှာ ကြိုးစားရှင်သန် ရပ်တည်နေကြပေမယ့်လည်း၊ ကျွန်တော်တို့တွေရဲ့ဘဝတွေဟာ အမြဲတမ်း မျက်ရည်တွေ၊ နာကျည်းမှုတွေနဲ့ပဲ​ ပြည့်နှက်နေတာမဟုတ်ပါဘူး။ စစ်ကောင်စီအာဏာသိမ်းပြီး ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေကို လုယုဖျက်ဆီးပစ်လိုက်ပေမယ့် ကျွန်တော်တို့တွေရဲ့ ပျော်ရွှင်မှုအကုန်လုံးကို ယူမသွားနိုင်ပါဘူး။ ကျရာနေရာမှာ ပျော်ရွှင်စွာနေတတ်ကြတဲ့ လူငယ်တွေဖြစ်လို့ 'Stories We Tell’ မှာ ဝမ်းနည်းကြေကွဲစရာတွေကိုပဲ​ ပြသွားမှာမဟုတ်ဘဲ၊ ကျွန်တော်တို့ နေ့စဥ်ဘဝထဲမှာ ကြိုးစားရှင်သန်ရင်း ပျော်ရွှင်စရာ၊ နာကျည်းစရာ၊ ရသအစုံလေးတွေလည်း တင်ပြပေးသွားမှာပါနော်။

Although many of us in resistance are trying to survive amidst trauma and loss, only tears and pain do not define us. The Junta might've shattered our dreams, but not all of our happiness. So in 'Stories We Tell', you're not only witnessing our sadness and pain but a glimpse of our joy in these dark times.

For English version of this video, watch here: https://youtu.be/wAgY_Y4XGVc

✊WHY ‘STORIES WE TELL’? ✊[ENGLISH BELOW]‘Stories We Tell’ ကို ဘာကြောင့်ဖန်တီးဖြစ်ခဲ့တာလဲ။ နောက်ကွယ်ကဖန်တီးသူတွေရဲ့ ရင်တွ...
03/06/2024

✊WHY ‘STORIES WE TELL’? ✊

[ENGLISH BELOW]

‘Stories We Tell’ ကို ဘာကြောင့်ဖန်တီးဖြစ်ခဲ့တာလဲ။ နောက်ကွယ်ကဖန်တီးသူတွေရဲ့ ရင်တွင်းစကားတွေကို တစ်ပုံချင်း ကြည့်ပေးပါနော်။ ဒီအစီအစဥ်က ကျွန်တော်တို့အတွက် အရမ်းအရေးပါလို့ ကိုယ်တိုင်အိတ်စိုက်ပြီး ကြိုးစားဖန်တီးနေကြတာပါ။ ကျွန်တော်တို့နဲ့အတူ ပူပေါင်းပါဝင်ချင်တယ်ဆိုရင်တော့ အချိန်မရွေး ဆက်သွယ်လိုက်နော်။

Discover why ‘Stories We Tell' matters? We're currently self-funding this project because we believe in it wholeheartedly. If you share our vision, reach out to us for ways to support.

[ENGLISH BELOW]မနေ့က Page ဖွင့်ဖွင့်ချင်းမှာပဲ Follow ပေးကြပြီး ဗီဒီယိုလေးကြည့်ပေးကြတာ ကျေးဇူးတင်ပါတယ်နော်။ မနေ့ကတင်ထားတ...
02/06/2024

[ENGLISH BELOW]

မနေ့က Page ဖွင့်ဖွင့်ချင်းမှာပဲ Follow ပေးကြပြီး ဗီဒီယိုလေးကြည့်ပေးကြတာ ကျေးဇူးတင်ပါတယ်နော်။ မနေ့ကတင်ထားတဲ့ Teaser လေးကို အင်္ဂလိပ်စာတန်းထိုးနဲ့ကြည့်ချင်ရင်တော့ YouTube မှာကြည့်လို့ရပါတယ်။ အဲ့မှာ Like & Subscribe လည်း ဝါသနာပါရင်လုပ်လို့ရပါတယ်။ 😁

Thanks for the incredible support yesterday! If you'd like to watch the English version of the teaser we released yesterday, you can find it on our YouTube page. We'd love it if you liked and subscribed! 😁

📹VIDEO SERIES ANNOUNCEMENT📹Mingalabar! Introducing our web-series ‘Stories We Tell: Lives in Exile,’ portraying diverse stories from our lives in resistanc...

01/06/2024

📹VIDEO SERIES ANNOUNCEMENT📹

[ENGLISH BELOW]

အားလုံးပဲ မင်္ဂလာပါ။ တော်လှန်ရေးမှာပါဝင်နေကြတဲ့ ကျွန်တော်တို့ရဲ့ဘဝတွေအကြောင်း ပုံဖော်ထားတဲ့ ‘Stories We Tell: Lives in Exile’ ဆိုတဲ့အစီအစဥ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးခဲ့တဲ့အချိန်ကစလို့ အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ရင်း၊ ရုန်းကန်နေကြတဲ့ ကျွန်‌တော်တို့တွေရဲ့ ဘဝဇာတ်လမ်းအစုံကို ‘Stories We Tell’ မှာတင်ဆက်ပေးသွားမှာပါ။ Episode အပြည့်ကို YouTube နဲ့ Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ Highlight အတိုတွေကိုတော့ Instagram မှာလည်း မျှဝေပေးသွားမှာပါ။ ဘယ်လိုပုံစံမျိုးတွေကို ဘယ်တော့ကြည့်ခွင့်ရမလဲသိချင်ရင်တော့ ဒီ Page လေးကို Follow လုပ်ထားကြပါနော်။

Mingalabar! Introducing our web-series ‘Stories We Tell: Lives in Exile’” portraying diverse stories from our lives in resistance. ‘Stories We Tell’ will dive into our journey of resilience and defiance against the military junta. Catch full episodes on our YouTube and Facebook, with highlights featured on Instagram. Follow this page for updates on release schedules.

For English version of this video, watch here: https://youtu.be/1m8ttWRm24M

Address


Alerts

Be the first to know and let us send you an email when Stories We Tell: Lives in Exile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share