Burmese News

Burmese News Burmese News page brings the latest breaking news and information on the top stories and politics

"ပြည်သူချစ် အဆိုတော် တွံတေးစိုးအောင် ဦးနှောက်သွေးကြောပြတ် ကွယ်လွန်"မယ်ဒလင်တစ်လက်ဖြင့် ပြည့်သူ့နှလုံးသားများစွာကို သိမ်းပ...
09/03/2023

"ပြည်သူချစ် အဆိုတော် တွံတေးစိုးအောင် ဦးနှောက်သွေးကြောပြတ် ကွယ်လွန်"

မယ်ဒလင်တစ်လက်ဖြင့် ပြည့်သူ့နှလုံးသားများစွာကို သိမ်းပိုက်ခဲ့တဲ့ တေးသံရှင်ကြီး တွံတေးစိုးအောင်ဟာ ဒီမနက် ၂နာရီ ၃မိနစ်မှာ ဦးနှောက်သွေးကြောပြတ်၍ရုတ်တရက်ကွယ်လွန်သွားကြောင်းသိရှိရပါသည်။ မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါကြောင်း.........


#တွံတေးစိုးအောငိ

ရွာငံမြို့တွင် အာဏာသိမ်းစစ်တပ်ထံ အလင်းဝင်သူများမှာ ဒေသခံ PDF များမဟုတ်ပဲ ခိုးမှုဖြင့် ထောင်ချခံရခဲ့သူများသာဖြစ်ရှမ်းပြည်...
18/09/2022

ရွာငံမြို့တွင် အာဏာသိမ်းစစ်တပ်ထံ အလင်းဝင်သူများမှာ ဒေသခံ PDF များမဟုတ်ပဲ ခိုးမှုဖြင့် ထောင်ချခံရခဲ့သူများသာဖြစ်

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့တွင်း မနေ့(စက်တင်ဘာ ၁၆)က အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ အလင်းဝင်လာသော ၄ ဦးသည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များဟု ဆိုသူများသည် အမှန်တကယ် PDF များမဟုတ်ပဲ အဆိုပါဒေသက ခိုးမှုဖြင့် ထောင်ကျနေသူများသာဖြစ်ကြောင်း FNCCBurma က သတင်းထုတ်ပြန်သည်။

အဆိုပါအဖွဲ့ Fake News Check Community သည် သတင်းအမှားများကို ဒေသခံသတင်းရင်းမြစ်များထံ ဆက်သွယ်ပြီး စိစစ်ကာ ထုတ်ပြန်သော အဖွဲ့ဖြစ်ပြီစ်ပြီး ဒေသခံ PDF များနှင့် ချိတ်ဆက်ထားသည်။

"ကျနော်တို့ပြန်သိရတာ ဖျက်သိမ်းလိုက်တဲ့ ကျနော်တို့အဖွဲ့က လူတွေမဟုတ်ဘူး။ ဒေသခံတွေရဲ့ အပြောအရ အဲ့ဒီစစ်ကောင်စီထုတ်ပြသူတွေက တော်လှန်ရေး သင်တန်းတက်ခဲ့သူမဟုတ်ပဲ ခိုးမှုနဲ့ ထောင်ကျသူတွေ။ တောင်ကြီးထောင်မှကျသူတွေ။ အဲ့ဒီလူတွေကို PDF ဆိုပြီးတော့ ပုံမှားရိုက်တာ။ ဝါဒဖြန့်ဖို့လုပ်တာ" ဟု ရွာငံ မြို့ပြ ပျောက်ကျား တပ်ဖွဲ့ (YUG) အဝင်ဟောင်း တဦးဖြစ်သူက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။

စစ်ကောင်စီအနေဖြင့် တိုင်းနှင့်ပြည်နယ်တချို့တွင် ပြစ်မှုမကျူးလွန်သော PDF များကို ပြန်လည်လက်ခံကာ မိဘထံပြန်အပ်ကြောင်း ဝါဒဖြန့်ရာတွင် နေရာတော်တော်များများတွင် ထိုကဲ့သို့ PDF မဟုတ်ကြသူများကို အသုံးပြုနေကြောင်း သတင်းများ ကျယ်ပြန့်နေသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့၊ မန္တလေးတိုင်းတို့တွင်လည်း ထိုကဲ့သို့ ဖြစ်နေကြောင်း ပြည်တွင်း မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြသည်။

အာဏာသိမ်း စစ်တပ်နှင့် ၎င်းနှင့်သက်ဆိုင်သော ဝါဒဖြန့်သူများ အုပ်စုသည် နေ့စဥ် ၎င်းတို့ဝါဒဖြန့်နေသည့် လူမှုကွန်ယက်နှင့် သတင်းများတွင် PDF များ ပြန်လည်ဝင်ရောက်ရန် ထုတ်ပြန်နေသည်။

"ဒါကတော့ သူတို့အလုပ်ပဲ။ ကျနော်တို့အလုပ်ကတော့ စစ်တပ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးပဲ။ ကျနော်တို့ဒေသခံတွေ အိမ်ခြေ ၆ ထောင်ကျော် မီးလောင်တိုက်သွင်းတယ်။ ပြည်သူတွေကို သတ်တယ်။ အဲ့ဒီဟာတွေ ဒီစစ်တပ် တာဝန်ခံရမယ်" ဟု မကွေးတိုင်းအခြေစိုက် FPF အဖွဲ့ တာဝန်ခံတဦးက မှတ်ချက်ပြုသည်။

သစ်ပင်တွေက အရာဝတ္ထုပစ္စည်းတွေကို ဝါးမျိုနိုင်စွမ်းရှိကြောင်း ဓာတ်ပုံတွေနဲ့တကွ သက်သေပြခဲ့ကြသူတွေသစ်ပင်တွေဟာ မြင့်မားပြီးအ...
18/09/2022

သစ်ပင်တွေက အရာဝတ္ထုပစ္စည်းတွေကို ဝါးမျိုနိုင်စွမ်းရှိကြောင်း ဓာတ်ပုံတွေနဲ့တကွ သက်သေပြခဲ့ကြသူတွေ

သစ်ပင်တွေဟာ မြင့်မားပြီးအားကြီးတဲ့အရာတွေဖြစ်ကြတာကြောင့် သူတို့ရဲ့ရှင်သန်ကြီးထွားမှုလမ်းကြောင်းမှာ ရှိနေတဲ့ ဘယ်အရာကိုမဆို သူတို့ဂရုမစိုက်တတ်ကြပါဘူး။ ဆိုင်းဘုတ်တွေ၊ ပန်းပုရုပ်ထုတွေ၊ ချိတ်ဆွဲထားတဲ့ တခြားသောအရာတွေကိုတောင် သစ်ပင်တွေက ဝါးမျိုပစ်လိုက်နိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကို ကိုက်စားဝါးမျိုပစ်လိုက်နိုင်တဲ့ “ဆာလောင်မွတ်သိပ်နေတဲ့ သစ်ပင်” တွေကို ဝေမျှခဲ့ကြတဲ့သူတချို့ရဲ့ဓာတ်ပုံတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

သဘာဝတရားကြီးဟာ ဘယ်အရာကမှ လွန်ဆန်နိုင်ခြင်းမရှိတဲ့ စွမ်းအားကြီးမားတဲ့ အရာတစ်ခုဖြစ်ကြောင်းကို ဒီဓာတ်ပုံတွေက သက်သေပြလို့နေတာပါ။ ဒါပေမယ့်လို့ သစ်ပင်တွေဟာ သူတို့ရဲ့ပေါက်ရောက်ရှင်သန်ခြင်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုအချို့ကို ခံနေရတာပါ။ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုတွင် ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို အကဲဖြတ်လေ့လာမှုတစ်ခုအရ ပေါက်ရောက်နေတဲ့ သစ်ပင်တွေအနက် 11% မှ 16% ခန့်ဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်းကို တွေ့ရှိခဲ့ကြရပါတယ်။

သုတေသနပြုလုပ်မှုကို လွန်ခဲ့တဲ့ငါးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုအောက်ပိုင်း 48 ပြည်နယ်တွင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ မတူညီတဲ့အဖွဲ့အစည်းများစွာရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဒေသခံအပင်တွေရဲ့ လက်ရှိအခြေအနေကို ပိုမိုနားလည်သဘောပေါက်စေပြီး သစ်ပင်တွေကို ကာကွယ်ရန်အတွက် စတင်လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့မသိတဲ့အရာတွေကို ကာကွယ်လို့မရပါဘူး” ဟု United States Botanic Garden ရဲ့ အမှုဆောင်ဒါရိုက်တာ Susan Pell က ‌ဆိုပါတယ်။ “ဒါကြောင့် ဘယ်အရာတွေက အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ဖို့ အခြေခံကျတဲ့အချက်ကနေ စတင်ဖို့လိုအပ်ပါတယ်” ဟု Susan Pell က ပြောကြားခဲ့ပါတယ်။

photos from reddit

U.A.E နိုင်ငံ ၊ ဒူဘိုင်းမြို့တွင်  သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုက်ကူးထားသော ဓါတ်ပုံ
17/09/2022

U.A.E နိုင်ငံ ၊ ဒူဘိုင်းမြို့တွင် သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုက်ကူးထားသော ဓါတ်ပုံ

မြဝတီအာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာ---------------------------------------...
17/09/2022

မြဝတီအာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာ
-----------------------------------------
မော်လမြိုင်၊ စက်တင်ဘာ (၁၇)

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေးကောက်ခံမှုတွေ ပုံစံအသစ်နဲ့ လုပ်ဆောင်လာနေတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ အာရှလမ်းမကြီးတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လာသလို အဲဒီစစ်ဆေးရေးဂိတ်တွေမှာလည်း ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေအပေါ် ငွေကြေးကောက်ခံတာတွေ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ အာရှလမ်းမကြီးတစ်လျှောက် သွားလာနေကြရတဲ့ ကုန်တင်ကားတွေ အပါအဝင် ခရီးသည်ကားတွေကို လုံခြုံရေး အကြောင်းပြပြီး မထင်ရင် မထင်သလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အခုအခါမှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးဂိတ်တွေမှာ သူတို့ကိုယ်တိုင် ငွေကြေး မကောက်ခံတာတွေ မလုပ်တော့ဘဲ အရပ်သားတွေကို ငှားရမ်းပြီး ဆက်ကြေး ကောက်ခံလာတယ်လို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။

“လမ်းဘေးမှာ စခန်းလေးကနေပြီးတော့ ဘယ်လောက်ထိ လည်လို့ရှိရင် အရပ်သားတွေကို ငှားပြီးတော့ ပိုက်ဆံကောက်ခိုင်းတာ၊ ဘောင်းဘီတိုလေးတွေနဲ့ လွယ်အိတ်လေးလွယ်ပြီး ကုန်ကားတွေကို အဲဒီလို ‌ကောက်တာ။ပိုက်ဆံနည်းတဲ့ကားဆိုရင် ကားပေါ်တက်ပြီးတော့ စစ်သေးတာ။အဲဒါတွေက စစ်သားတွေ မဟုတ်ဘူး။စစ်သားတွေက စခန်းနားမှာ အသာလေးထိုင်နေပြီး အရပ်သားတွေကို လပြတ်နဲ့ငှားပြီး ကောက်ခိုင်းနေကြတာ။ဒါသူတို့ရဲ့ မြဝတီလမ်းကြောင်းပေါ် တောင်ပေါ်တန်းမှာ ထပ်ပြီး‌တော့ ကောက်လာတဲ့ ပုံစံအသစ်ပေါ့” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မြဝတီအာရှလမ်းမကြီးမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာအပြင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကြောင့် ခရီးကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ငွေကြေးကောက်ခံရာမှာတော့ ကားအပေါ် မူတည်ပြီး တစ်စီးကို ကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ လောက်ထိ ကောက်ခံတာတွေ လုပ်ဆောင်နေပြီး အချက်အလက်မပြည့်စုံတဲ့ ကားတွေကိုဆိုရင် သိန်းနဲ့ချီ တောင်းခံနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြဝတီ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ထိုင်းဘတ်ငွေ အဆမတန် မြင့်တက်လာပြီး ကုန်သွယ်မှု ရပ်တန့်လု နီးပါး ဖြစ်သွားခဲ့တာပါ။

လက်ရှိမှာတော့ ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေ ကျပ် ၉၀ လောက် ပြန်ဖြစ်လာတဲ့အတွက် ကုန်သွယ်မှုတွေ ပြန်လည် စတင်လာကြပေမယ့် ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှု ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲကို ပြောင်းအပါအဝင် စိုက်ပျိုးရေး ထွက်ပစ္စည်းတွေကို တင်ပို့နေတာ ဖြစ်ပြီး ထိုင်းကတော့ မြန်မာဘက်ကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်း ပစ္စည်းတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

Credit- သံလွင်တိုင်းမ်

PDF ကိုကြောက်လို့ ပေါင်မြို့မရဲစခန်းက ရဲတွေ ရုံးနေရာပြောင်းရွှေ့==============================ဧရာဝတီတိုင်းမ် - စက်တင်ဘာ ...
17/09/2022

PDF ကိုကြောက်လို့ ပေါင်မြို့မရဲစခန်းက ရဲတွေ ရုံးနေရာပြောင်းရွှေ့
==============================
ဧရာဝတီတိုင်းမ် - စက်တင်ဘာ ၁၆ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့မရဲစခန်းရုံးကို စက် တင်ဘာလ ဒုတိယအပတ်အတွင်းကစ၍ လူနေရပ်ကွက်အတွင်းပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ပေါင်မြို့ခံများထံကသိရသည်။

ပေါင်းရပ်ကွက်၊ ဇော်လေးပင်လမ်းထိပ်ရှိ မြို့နယ် အား ကစားရုံတွင် ရဲစခန်းရုံးကိုပြောင်းရွှေ့ဖွင့်လှစ်ရုံးထိုင်နေပြီး ရဲစခန်းအတွင်းတွင် အချုပ်သားစောင့်ရန် ရဲတပ်ဖွဲ့ဝင်အနည်းငယ်ချန်ထားခဲ့ပြီး အလှည့်ကျလဲလှယ်ကင်းစောင့်နေကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းပစ်ခတ်မှုတိုက်ခိုက်ခံရပြီးနောက် ထပ်မံတိုက်ခိုက်ခံရမည်ကိုစိုးရိမ်သဖြင့် တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာတွင် ရဲစခန်းရုံးအား ယခုကဲ့သို့ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

" ရဲစခန်းအရှေ့ပိုင်းကကားလမ်းဘေးဆိုပေမယ့် တောင်ခြေမှာကပ်နေတာ။ အရင်တခါကလည်း ပစ်ခံ ထားရတော့ နောက်ထပ်ပေါ့ ရှော့ဒုံးတို့ လက်နက်ကြီးတို့နဲ့ တောင်ပေါ်ကနေ လှမ်းပစ်မှာကြောက်ကြတာ။ အရင်တခါကလဲ တောင်ပေါ်ကနေဘဲ ၄၀ မမတွေနဲ့ပစ်သွားတာဆိုဝော့ာ ကျည်လွတ်မယ့် လူနေရပ်ကွက်ထဲ ပြောင်းပြီးရုံးထိုင်ကြတာ ၊ သူတို့အထိအခိုက်နည်းအောင်ပေါ့၊ တောင်ပေါ်မှာPDF ရှိတယ်ဆိုပြီးသူတို့ကသေချာတွက်ထားတယ်၊ အာ့ကြောင့်မနေရဲတော့တာ။ အချုပ်သားစောင့်ဖို့တော့ နှစ်ယောက်လောက် အလှည့်ကျ ကင်းသွားစောင့်ကြတယ်" ဟု ဒေသခံ အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပေါင်ရဲစခန်းပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ကုလားမတောင်ကြောတလျှောက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးပြီး PDF များကိုရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိကြောင်း ဒေသခံများထံကသိရသည်။

ပေါင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများတွင်မကြာခဏဗုံးပေါက်ကွဲမှုများရှိနေပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် မြို့မရဲစခန်းပစ်ခတ်ခံရပြီးနောက် စက်တင် ဘာ ၆ ရက်နေ့တွင်လည်း ပျူစောထီးခေါင်းဆောင် ၃ ဦးပစ်ခတ်ခံခဲ့ရကာ တဦးသေဆုံးခဲ့ကြောင်း သိရသည်။

Credit - AyeyarwaddyTimes

မြန်မာဘက်က ပစ်လိုက်တဲ့ မော်တာကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုကျပြီး တစ်ဦးသေ၊ခြောက်ဦးဒဏ်ရာရစက်တင်ဘာ၁၆၊ ၂၀၂မြန်မာဘက်အခြမ်းက ပစ...
17/09/2022

မြန်မာဘက်က ပစ်လိုက်တဲ့ မော်တာကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုကျပြီး တစ်ဦးသေ၊ခြောက်ဦးဒဏ်ရာရ

စက်တင်ဘာ၁၆၊ ၂၀၂

မြန်မာဘက်အခြမ်းက ပစ်လိုက်တဲ့ မော်တာကျည်ဆန်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသထဲကို ဒီနေ့သောကြာနေ့ကကျလာတဲ့အတွက် ၁ ဦးသေ၊ ၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Dhaka Tribuneက သတင်းဖော်ပြပါတယ်။

မော်တာကျည်ဆန်ထိပြီး ဒဏ်ရာရသွားတဲ့လူတွေထဲမှာ ရိုဟင်ဂျာကလေးငယ်တစ်ဦးလည်း ပါတယ်လို့ Dhaka Tribuneရဲ့ သတင်းဖော်ပြချက်ထဲမှာ တွေ့ရပါတယ်။ သေဆုံးတဲ့သူက အမ်းဒီအီကဘေ (Md Iqbal) ၁၇ နှစ် လို့သိရပြီး ၊သူ့ရဲ့ ရုပ်အလောင်း ကူတုပလောင် MSF ဆေးရုံမှာရောက်နေတယ်လို့ ဆွေမျိုးတော်စပ်သူ Erfanul Haque က Dhaka Tribune ကို ပြောထားပါတယ်။

မော်တာကျည်ထိပြီး ဒဏ်ရာရတဲ့သူတွေထဲမှာ ရိုဟင်ဂျာ(၃)ဦးပါ တယ်လို့ ဒေသခံတွေက ပြောတာကို သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်မှတ်တိုင် ၃၅ အနီးတွင်လည်း သောကြာ ညနေ ၃ နာရီခန့်က မိုင်းပေါက် ကွဲမှုတခု ဖြစ်ပွားခဲ့တဲ့ အတွက် အသက် ၂၂ နှစ်ရှိ ဘင်္ဂလားဒေ့ချ် နိုင်ငံသား တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တဲ့အကြောင်း ဒေသခံသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး သူတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံတမန်ကို လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ် ထား ပါတယ်။

ရက္ခိုင့်တပ်မတော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် နယ်စပ်ရှိ ရဲကင်း စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးနဲ့ပစ်တာတွေ ဆက်တိုက် လုပ်နေတဲ့အတွက် ဘင်္ဂလားဒေ့ချ်ဘက်ခြမ်းကိုအခုလို မော်တာကျည်တွေကျနေတာဖြစ်ပါတယ်။

ပုံဟာ - သြဂုတ်လ ၂၈ ရက်က စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ မော်တာကျည်တခု ဘင်္ဂလားဒေ့ချ်ဘက်ခြမ်းကို ကျလာ

နေးရှင်းလိဂ်ပွဲများအတွက် အင်္ဂလန်လူစာရင်း ထုတ်ပြန်-------------------ဥရောပထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ စ...
17/09/2022

နေးရှင်းလိဂ်ပွဲများအတွက် အင်္ဂလန်လူစာရင်း ထုတ်ပြန်
-------------------
ဥရောပထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ စက်တင်ဘာလအတွင်း ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ နည်းပြဆောက်ဂိတ် ထုတ်ပြန်ခဲ့တဲ့ ကစားသမား ၂၈ ယောက်စာရင်းမှာ ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးလည်း အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုနေးအနေနဲ့ အင်္ဂလန်အသင်းတွေမှာ တစ်ကြိမ်မှ မပါဝင်ဖူး သေးပေမယ့် ဘရန့်ဖို့ဒ်မှာ ၃ ရာသီအတွင်း ၉၆ ပွဲကစားပြီး ၅၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဆောက်ဂိတ်က ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဂူဟီ နဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝမ် တို့လည်း အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး မန်ယူအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ဆန်ချိုကိုတော့ ဆက်လက်ချန်လှပ်ထားပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ စက်တင်ဘာ ၂၃ ရက်မှာ အီတလီ၊ စက်တင်ဘာ ၂၈ ရက်မှာ ဂျာမနီအသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ချန်းရှမြို့ရှိ တယ်လီကွန်းကုမ္ပဏီတွင်မီးလောင်မှုဖြစ်ပွား===============================တရုတ်နိုင်ငံ၊ ဟူနန်ပ...
17/09/2022

တရုတ်နိုင်ငံ ချန်းရှမြို့ရှိ တယ်လီကွန်းကုမ္ပဏီတွင်မီးလောင်မှုဖြစ်ပွား
===============================
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရဲ့မြို့တော် ချန်းရှမြို့မှာ စက်တင်ဘာ(၁၆)ရက် နေ့လည်ပိုင်းက အစိုးရပိုင်ချိုင်းနားတယ်လီကွန်းကုမ္ပဏီ အထပ်မြင့်အဆောက် အဦမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ CCTVသတင်းမှာ ဖော်ပြထားပါတယ်။

အထပ်ပေါင်း၄၂ထပ်မြင့်တဲ့ အဲ့ဒီအဆောက်အဦမှာ မီးလောင်မှုကြောင့် အထပ်ပေါင်းဒါဇင်နဲ့ချီပြီး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟူနန်ပြည်နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃၆စီး၊ မီးသတ်သမား ၂၈၀နဲ့ငြှိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့ ပြောကြားမှုကို ကိုးကားပြီး CCTVသတင်းမှာ ဖော်ပြထားတာပါ။

ချိုင်းနားတယ်လီကွန်းကုမ္ပဏီဘက်ကတော့ အဲ့ဒီမီးဟာ ညနေ၄နာရီခွဲမှာ ငြိမ်းသွားကြောင်း သူတို့ရဲ့ တရားဝင်ကြေညာချက်ထဲကနေတစ်ဆင့် ပြောကြားထားတယ်လို့ ဆိုပါတယ်။

"မေးခွန်း သတ်ပြီ"ကာတွန်း - နာနတ်သီး  # ကာတွန်း  # နာနတ်သီး
17/09/2022

"မေးခွန်း သတ်ပြီ"

ကာတွန်း - နာနတ်သီး

# ကာတွန်း # နာနတ်သီး

ရေကြည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတာဘူး ငသိုင်းချောင်းမှာ ပစ်သတ်ခံရ==========================ဧရာဝတီတိုင်...
17/09/2022

ရေကြည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတာဘူး ငသိုင်းချောင်းမှာ ပစ်သတ်ခံရ
==========================

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမူး စက်တင်ဘာလ ၁၄ ရက်နေ့ ဒီကနေ့ နေ့လည် ၃ နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် လို့ ဒေသခံတွေထံက သိရပါတယ်။

ဇရပ်လှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတာဘူး ဟာ ငါသိုင်းချောင်းမြို့နယ် ကျုံတာကျေးရွာ အနီးမှာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးနေတာ လို့ ဒေသခံတွေက ဆိုပါတယ်။

"ဆိုင်ကယ်နဲ့ ခရီးသွားတာဖြစ်မယ် သူက ရေကြည်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးပါ။ ခရီးသွားတာဖြစ်မယ် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးနေတာကို ကျွန်တော်တ်ို့ လမ်းသွားရင် မြင်ခဲ့ရတာပါ။ စစ်သားတွေရဲတွေလဲ သိပ်မကြာဘူး အများကြီးရောက်လာကြတယ်။တစ်ခြားသူနဲ့ပတ်သက်တာတော့ ဘာမှ မသိရပါဘူး" လို့ မျက်မြင် ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

၎င်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတာဘူး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲဲ့က လုပ်ဆောင်တယ်ဆိုတာ တစုံတရာမထုတ်ပြန်သေးပါဘူး။

ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ပြော===========================သတင်းဌ...
17/09/2022

ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ပြော

===========================

သတင်းဌာနတခုကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအလုပ်သမားတွေရဲ့လစာကို KBZဘဏ်က တဒေါ်လာ၃ထောင်နဲ့လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောပါတယ်။

"ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွန်းလဲလှယ်နူန်း၂၁၀၀ဟာ ပြင်ဆင်စရာအကြောင်းမရှိပါဘူးဗျ၊ ဘာအစီအစဉ်မှလည်း မရှိပါဘူး၊ အဲ့ဒါကို ကောလဟလ တွေနဲ့လှုံဆော်နေတာလေးတွေ ရှိနေပါတယ်"လို့ ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကVOMကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်ညနေပိုင်းက ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နူန်း ၁၈၅၀ကျပ်အစား ၂၁၀၀ကျပ်အဖြစ် စတင်ပြောင်းလဲလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒေါ်လာပေါက်စျေးဟာ ဗဟိုဘဏ်ရောင်းစျေးနဲ့ ပြင်ပပေါက်စျေးလဲလှယ်မှုက စျေးနူန်းကွာဟမှုရှိနေတယ်လို့လည်း သိရပါတယ်။

စက်ရုံများတွင် ဖျားနာလုပ်သားများ များပြားလာပြီး ဆေးကုသမှုခံယူရန် အခက်အခဲရှိနေ=============================ရန်ကုန်တိုင်းရ...
17/09/2022

စက်ရုံများတွင် ဖျားနာလုပ်သားများ များပြားလာပြီး ဆေးကုသမှုခံယူရန် အခက်အခဲရှိနေ
=============================

ရန်ကုန်တိုင်းရှိ စက်ရုံလုပ်ငန်းခွင်များတွင် ဖျားနာသူများ ပြန်လည်များပြားနေပြီး ဆေးကုသမှုခံယူရန် အခက်အခဲများရှိနေကြောင်း အလုပ်သမားနှင့် အလုပ် သမားအရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

စက်ရုံတချို့ရှိ အလုပ်သမားများသည် ဖျားနာမှုများရှိနေသော်လည်း ခွင့်မရရှိသဖြင့် ဆေးစစ်ရန်နှင့် ကျန်းမာရေး ဆေးကုသခွင့်ရရှိရန် ခက်ခဲနေခြင်းဖြစ် သည်ဟု ၎င်းတို့ကဆိုသည်။

"ဖျားတော့ဖျားနေကြတာပဲ။ ရိုးရိုးဖျားတာလား၊ ကိုဗစ်လားလည်းမသိတော့ဘူး။ ခွင့်မရတော့ဖျားလည်းအလုပ် ဆင်းနေကြရတာပဲ" ဟု ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်များလာသော်လည်း စက်ရုံများ၌ ရောဂါကာကွယ်ရေး၊ ကျန်းမာရေးလမ်း ညွန်ချက်များကို လိုက်နာရန်အားနည်းနေ သည်ဟုလည်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။

"အလုပ်သမားတွေအတွက် အတော်အန္တရာယ်များနေတာ။ တချို့စက်ရုံတွေဆို လက်ဆေးခုံတွေပါမရှိတော့ဘူးလို့ အလုပ်သမားတွေဆီက ပြန်ကြားရတယ်" ဟု အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုသီဟကလည်း လူငယ်ခေတ်သို့ ပြောသည်။

ဖျားနာလုပ်သားများဆေးကုသခွင့်မရခြင်း၊ စက်ရုံများ၌ ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာရန်ပျက်ကွက်မှုများ ရှိနေခြင်းများအပေါ် စစ်ဆေးမှုရှိမနေကြောင်းလည်း ၎င်းတို့ကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ COVID-19 ကူးစက်ခံရသူ တစ်ရက်လျှင် ဦးရေ (၃၀၀) ကျော်ရှိလာပြီး ဆက်လက်တိုးမြင့်လာနိုင်သည်ဟု ကျန်းမာရေးအဖွဲ့များက ခန့်မှန်းထားသည်။

စက်တင်ဘာ (၁၀) မှ (၁၅) ရက်အထိ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကိုဗစ်- ၁၉ ရောဂါကူးစက်မှု အများဆုံးမြို့ နယ်များတွင် ရန်ကုန်တိုင်း၌ စက်မှုဇုန်များတည်ရှိသည့် မင်္ဂလာဒုံနှင့် လှိုင်သာ ယာမြို့နယ်များ ပါဝင်နေသည်။

မင်္ဂလာဒုံမြို့နယ်ရှိ Asia Optical မှန်ဘီလူးစက်ရုံတွင် ယမန်နှစ်ကလည်းလုပ် သားထောင်နှင့်ချီကာ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ခဲ့သေးသည်။

ယူကရိန်းပြန်လည်သိမ်းပိုက်တဲ့မြို့မှာ အလောင်း ၄၀၀ ကျော် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာ တွေ့ရှိ  =============================...
17/09/2022

ယူကရိန်းပြန်လည်သိမ်းပိုက်တဲ့မြို့မှာ အလောင်း ၄၀၀ ကျော် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာ တွေ့ရှိ

=============================

ယူကရိန်းစစ်တပ်က ရုရှားတပ်ဖွဲ့တွေဆီကနေ ပြန်လည်သိမ်းယူလိုက်တဲ့ အရှေ့မြောက်ပိုင်းမြို့တစ်မြို့မှာ လူအလောင်း ၄၄၀ မြှုပ်နှံထားတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အလောင်းအများစုဟာ အရပ်သားတွေဖြစ်နေပြီး အဆို ပါလုပ်ရပ်ဟာ ကျူးကျော်သူရုရှားတပ်တွေရဲ့ စစ်ရာ ဇဝတ်မှုသက်သေတစ်ခုဖြစ်တယ်လို့ ယူကရိန်းက ပြောဆိုလိုက်ပါတယ်။

“ရုရှားစစ်တပ်ဟာ ထွက်ခွာပြီးနောက် သေခြင်းတရားတွေ နေရာတကာမှာ ချန်ထားခဲ့တယ်။ ဒီ့အတွက် မဖြစ်မနေ တာဝန်ယူရပါလိမ့်မယ်” လို့ ယူကရိန်းသမ္မတ ဇင်လင်စကီးက သူ့ရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ယခင် ရုရှားတို့ရဲ့ ရှေ့တန်းအမာခံနေမြေ အစ်ဇီယမ်မြို့က အစုလိုက်ပြုံလိုက်သတ်ဖြတ်မြှုပ်နှံမှုဟာ ၁၉၉၀ ခုနှစ် ဘော်လကန်စစ်ပွဲ နောက်ပိုင်း အကြီးမားဆုံးသတ်အစု လိုက်အပြုံလိုက် မြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ရုရှားတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဟာ ၎င်းတို့ရဲ့ လက် နက်ခဲယမ်းတွေကို စွန့်ပစ်ပြီး အစ်ဇီယမ်မြို့ကနေ က သောင်းကနင်း ဆုတ်ခွာပြီးနောက် ယူကရိန်းတပ်ဖွဲ့တွေ အဆိုပါ မြို့ကို ပြန်လည် ရရှိခဲ့တာပါ။

လက်ရှိအချိန်ထိ အဆိုပါ နေရာမှာ တူးဖော်ရရှိတဲ့ အလောင်းတွေထဲမှာ စစ်သားတချို့ ပါဝင်နိုင်တယ်လို့ ယူဆရနိုင်ပေမဲ့ အားလုံးနီးပါးဟာ အရပ်သားတွေဖြစ်တယ်လို့ ယူကရိန်းရဲချုပ် Ihor Klymenko က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရဲချုပ်က - “ရုရှားတပ်တွေဟာ သူတို့သိမ်းယူခဲ့တဲ့ နယ် မြေတွေမှာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေ၊
ညှည်းပန်းနှိပ်စက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဇင်လင်စကီးရဲ့ အကြံပေး Mykhailo Podolyak ကလည်း “တင့်ကားတွေ ပို့ပေးမယ့်အစား စစ်ပွဲကို ရပ်ချင်တဲ့ သူများရှိကြသေးလား။ ပြည်သူတွေကို မကောင်း ဆိုးဝါးတွေနဲ့ ထားရစ်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး” လို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ ဓာတ်ပုံကို တင်ပြီး ရေးသားခဲ့တာကို တွေ့ရပါတယ်။

သို့သော်လည်း ရုရှားတာဝန်ရှိသူတွေဟာ အစုလိုက် အပြုံလိုက် မြှုပ်နှံထားမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ ရုရှားစစ်တပ်ဟာ စစ်ပွဲအတွင်း ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယခင်ကလည်း ငြင်းဆိုထားဖူးသလို မော်စကိုအစိုးရဟာ ယူကရိန်းကျူး ကျော်စစ်ကို ယခုအချိန်ထိ “အထူးစစ်ဆင်ရေး” လို့ ခေါ်ဆိုသုံးနှုန်းနေဆဲပါ။

Source – Reuters / New York Post
ပုံစာ - ယူကရိန်းနိုင်ငံအရှေ့ပိုင်း အစ်ဇီယမ်မြို့ပြင် တောအုပ်တစ်ခုတွင် မှုခင်းဆေးပညာ ပညာရှင်နှစ်ဦး အလောင်းကို တူးဖော်နေစဉ်။

ယူကရိန်းစစ်နှင့်ပတ်သက်၍ တရုတ်၏မျှတသည့်ရပ်တည်ချက်ကို ရုရှားက တန်ဖိုးထားဟု ပူတင် ပြော------ ------ ------ ----- -----ယူကရိ...
17/09/2022

ယူကရိန်းစစ်နှင့်ပတ်သက်၍ တရုတ်၏မျှတသည့်ရပ်တည်ချက်ကို ရုရှားက တန်ဖိုးထားဟု ပူတင် ပြော
------ ------ ------ ----- -----

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ မျှတသည့်ရပ်တည်ချက်ကို အလွန်တန်ဖိုးထားကြောင်း ရုရှားသမ္မတ မာလာဒီမာပူတင်က ပြောသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမ်မာကန်မြို့တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံသို့ တက်ရောက်လာစဉ် နှစ်နိုင်ငံ သီးသန့်တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး မိတ်ဆွေတရုတ်တို့ရဲ့ မျှတတဲ့ရပ်တည်ချက်ကို ကျွနု်ပ်တို့ အင်မတန် တန်ဖိုးထားပါတယ်”ဟု သမ္မတ ပူတင်က ပြောသည်။

ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီး ရှီကျင့်ဖျင်အနေဖြင့် စိုးရိမ်ပူပန်မှုတချို့ရှိသော်လည်း လက်ရှိပဋိပက္ခအတွင်း ရှီ၏ရပ်တည်ချက်သည် မျှတမှုရှိကြောင်း၊ ၎င်း၏ စိုးရိမ်ပူပန်မှုအတွက် ထိတ်သီးအစည်းအဝေးတွင် မိမိ၏ရပ်တည်ချက်ကို ပြောကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကျုးကျော်စစ် မစတင်မီ ရက်သတ္တပတ်အနည်းငယ်အတွင်းက နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုကြေညာခဲ့ကြသည်။

လက်တလောတွင် ယူကရိန်တပ်များက ထိုးစစ်အရှိန်မြင့်တင်လာပြီး ရုရှားတပ်များ ဆုတ်ခွာနေရသလို ရုရှားတို့လက်မှ Izyum မြို့ကို ယူကရိန်းတို့ ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့သည်။

ယင်းအပြင် အမေရိကန်အစိုးရကလည်း ယူကရိန်အတွက် စစ်ရေးအကူအညီအဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ထောက်ပံ့ရန် အိမ်ဖြူတော်က စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။ အမေရိကန်သည် ယူကရိန်ကို ပထမအသုတ်အနေဖြင့် ဒေါ်လာ ၁၅ ဘီလီယံ ထောက်ပံ့ပေးထားသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် အမှု့ဖွင့် ရုံးထုတ်စစ်ဆေးကာ အ...
17/09/2022

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က) ဖြင့် အမှု့ဖွင့် ရုံးထုတ်စစ်ဆေးကာ အင်းစိန်ထောင်သို့ပို့
============================

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ ကို စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းက မရမ်းကုန်းနှင့် မြောက်ဒဂုံမြို့နယ် တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ၎င်းတို့နှစ်ဦးအား အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းသရုပ်ဆောင်သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့အား ကာအိန္ဒြေပျက်ပြားစေသည့် အဖော်အချွတ်ဓာတ်ပုံများနှင့် ဗွီဒီယိုများကို လူမှုကွန်ရက်တွင် အခကြေး ငွေရယူကာ ဖြန့်ဝေသည်ဟုဆိုကာ သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကာ ယမန်နေ့ နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဥပ ဒေပုဒ်မ ၃၃(က) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်ဒယ် နန်းမွေစံကိုလည်း အီလက်ထရောနစ် ဥပဒေပုဒ် မ ၃၃(က) ဖြင့် မြောက်ဒဂုံတရားရုံးတွင် ရုံးထုတ်စစ်ဆေးကာ ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွင် ရုပ်သံရိုက်ကူးမှုအစီအစဉ်တစ်ခု လက်ခံရိုက်ကူးခဲ့သည့်အတွက် စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသေးသည်။

ယခု၎င်းတို့ နှစ်ဦးအား စွဲဆိုထားသည့် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က) သည် ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် (၇) နှစ်အထိကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော...
16/09/2022

Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
===================================

နစက မှပြုလုပ်လျက်ရှိသည့် Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းများမှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု စက်တင်ဘာ ၁၆ ရက် (ယနေ့)တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

အဆိုပါ Mtube platform သည်စမ်းသပ်လုပ် ဆောင်ဆဲအဆင့်တွင်သာရှိနေပြီး အမှန်တကယ်အသုံးပြုထုတ်လွှင့်မည့်အချိန်အား အသိပေးထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ နစက မှပြုလုပ်လျက်ရှိသည့် Mtube platform တွင် စက်တင်ဘာ ၁၅ ရက်ညပိုင်းနှင့်စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတို့တွင် ညစ်ညမ်းရုပ်သံတိုများပြသခဲ့သည်ဟု ရေးသားဖြန့်ဝေနေလျက်ရှိသည်။

အဆိုပါ ညစ်ညမ်းရုပ်သံတိုများအား"မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များအားကြိုဆို"ဟုသည့် သတင်းခေါင်းစဉ်အောက်တွင် ပြသထားခြင်းဖြစ်သည်ဟုလည်း ရေးသားဖြန့်ဝေထားကြသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Facebook လူမှုကွန်ယက်စာမျက်နှာနေရာတွင် အစားထိုးရန် Social Media platform တစ်ခုအား ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားထားသည်။

M

မင်္ဂလာဒုံမြို့နယ်ရဲ့ သမိုင်းကြောင်းနှင့် စီးပွားရေးလုပ်ငန်း အချက်အလက်များ==============================မင်္ဂလာဒုံမြို့န...
16/09/2022

မင်္ဂလာဒုံမြို့နယ်ရဲ့ သမိုင်းကြောင်းနှင့် စီးပွားရေးလုပ်ငန်း အချက်အလက်များ
==============================
မင်္ဂလာဒုံမြို့နယ်၏ မင်္ဂလာဒုံဟူသောအမည်သည် သိကြားမင်း၊ မယ်လမုနှင့် ဥက္ကလာမင်းတို့၏ ရာဇဝင်လာဇာတ်လမ်းမှ သမင်၏ အမည် မင်္ဂလာနှင့် တောအရပ်ဟု ဆိုလိုသည့် ဒုံ တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။

မြောက်ပိုင်းခရိုင်တွင် အကျုံးဝင်သော မင်္ဂလာဒုံမြို့နယ် ပတ်ပတ်လည်တွင် လှည်းကူးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်တို့ ဝန်းရံထားသည်။ ဧရိယာ အကျယ်အဝန်းမှာ ၈ ဒသမ ၁၅ စတုရန်းမိုင် ရှိသည်။

အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းပုံအရ ရပ်ကွက် (၂၇)ခု၊ ကျေးရွာအုပ်စု (၅)ခု ရှိသည့်အနက် ရပ်ကွက်အမည်များမှာ အနန်းပင်ရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်၊ ကြံခင်းစုရပ်ကွက်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ အမှတ် (၂)(က) ရပ်ကွက်၊ အမှတ် (၂)(ခ) ရပ်ကွက်၊ အမှတ် (၃)(က) ရပ်ကွက်၊ အမှတ် (၃)(ခ) ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ စမ်းကြီးဝ ရပ်ကွက်၊ တပ်မတော်စံပြ ရပ်ကွက်၊ တောတိုက်ရပ်ကွက်၊ ပုလဲရပ်ကွက်၊ တိုးချဲ့ရပ်ကွက်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ ထိလောကရုံရပ်ကွက်၊ ပထမစံပြရပ်ကွက်၊ ဒုတိယစံပြရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ ရဲစုတောင်ရပ်ကွက်၊ ဧကရာဇ်ရပ်ကွက်၊ ပဲခူးလမ်းရပ်ကွက်၊ ရွာမရပ်ကွက်တို့ ဖြစ်သည်။

ကျေးရွာအုပ်စုများမှာ နွယ်ခွေကျေးရွာအုပ်စု၊ ကုန်းတလပေါင် ကျေးရွာအုပ်စု၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုတို့ ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် စက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ကို အဓိကအားဖြင့် လုပ်ကိုင်ကြပြီး စီးပွားရေး လုပ်ငန်း (၃ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၉၀ ၃၀၀)ဦး လုပ်ကိုင်လျက်ရှိသည်ဟု Business Collection Group (BCG) ၏ အချက်အလက်များအရ သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ဧက (၃ ၂၀၀)ဝန်းကျင် ရှိသည်။စက်မှုဇုန်များ ထူထောင်ထားသည်မှာ ရန်ကုန်စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် ၊ ပျဉ်းမပင်စက်မှုဇုန်တို့ ဖြစ်သည်။ ရန်ကုန်စက်မှုဇုန်တွင် လုပ်ကိုင်သူဦးရေ (၂၁ ၀၀၀)ဦးကျော်ရှိပြီး မင်္ဂလာဒုံစက်မှုဇုန်တွင် (၂၆ ၀၀၀)ဦးကျော် ရှိသည်။ ပျဉ်းမစက်မှုဇုန်တွင် (၁၂ ၀၀၀)ဦးဝန်းကျင် ရှိသည်။

IBEC ဆရာတော် ကုလညီလာခံ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်==...
16/09/2022

IBEC ဆရာတော် ကုလညီလာခံ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်

============================

ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ကမ္ဘာ့ကုလသမဂ္ဂ၏ (77) ကြိမ်မြောက်အထွေထွေညီလာခံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန် အပြုသဘောဆောင်ဆွေးနွေးမည်ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၁၅ ရက်တွင် နယူးယောက်စ်မြို့သို့ရောက်ရှိပြီဖြစ်ကြောင်း IBEC-Office သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

IBEC ဆရာတော်သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသောနိုင်ငံရေးပဋိပက္ခများချုပ်ငြိမ်းစေရန်အပြုသဘောဆောင်သောဆွေးနွေးတင်ပြမူများကိုတတ်စွမ်းသမျှဆွေးနွေးသွားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေး နိုင်ငံသားအခွင့်အရေး လူနည်းစုတိုင်းရင်းသားများအခွင့်အရေး ကိုးကွယ်ယုံကြည်မူဆိုင်ရာအခွင့်အရေးများကိုလည်းဆွေးနွေးတင်ပြသွားမည်ဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောလက်နက်ကိုင်ပဋိပက္ခမြေပြင်အခြေအနေများကိုလည်း ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံစာတစ်စောင်ကိုလည်းညီလာခံစတင်ချိန်တွင် ရေးသားပေးပို့ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ (77) ကြိမ်မြောက်အထွေထွေညီလာခံထိပ်သီးအစည်းအဝေးသည် စက်တင်ဘာ ၁၃ ရက်တွင် စတင် ကျင်းပနေပြီဖြစ်သည်။

ဆိုးဆိုးရွားရွား မုန်တိုင်းမဝင်ခင်မှာ အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံများ===========================‘Photography’ ဆို...
16/09/2022

ဆိုးဆိုးရွားရွား မုန်တိုင်းမဝင်ခင်မှာ အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံများ

===========================

‘Photography’ ဆိုတဲ့စကားလုံးဟာ ရှေးဂရိစကားလုံးမှဆင်းသက်လာတာဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်က “အလင်းဖြင့် ပုံဆွဲခြင်း” ဟုဆိုလိုတာဖြစ်ပြီး ‘camera’ ဆိုတဲ့စကားလုံးကတော့ “အမှောင်ခန်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဓာတ်ပုံပညာကို တီထွင်လိုက်မှုကြောင့် လူသားတွေဟာ သူတို့ရဲ့ဘဝအဖြစ်အပျက်အမျိုးမျိုးကို တမင်တကာဖြစ်စေ အလိုအလျောက်ဖြစ်စေ မှတ်တမ်းတင်ထားနိုင်တာပါ။

လူတိုင်းလိုလိုက မှန်ကန်တဲ့အချိန်မှာ အမိအရဖမ်းယူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သဘောကျနှစ်သက်ကြပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် ပြီးပြည့်စုံတဲ့အခိုက်အတန့်ကိုမျှဝေထားကြတဲ့ ဓာတ်ပုံတွေထဲက တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေက ဆိုးရွားတဲ့အခိုက်အတန့်တစ်ခုနဲ့ မကြုံတွေ့ရခင် စက္ကန့်ပိုင်းလေးတွင် အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ တကယ့်ကိုမတွေးရဲစရာပါပဲ။

photos from reddit

ရုရှားလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် မြို့တွင် ယူကရိန်းအလံလွှင့်ထူ======================ယူကရိန်းစစ်တပ်၏တန်ပြန်ထို...
16/09/2022

ရုရှားလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် မြို့တွင် ယူကရိန်းအလံလွှင့်ထူ
======================

ယူကရိန်းစစ်တပ်၏တန်ပြန်ထိုးစစ်ကြောင့် ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာနေရပြီဖြစ်ပြီး ရုရှားလက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် အီဇီယမ်မြို့တွင် ယူကရိန်းအလံကို စက်တင်ဘာ ၁၄ ရက်တွင် လွှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။

အီဇီယမ်မြို့ရှိ ယူကရိန်းအလံလွှင့်တင်သည့် အခမ်းအနားသို့ ယူကရိန်းသမ္မတဗိုလိုဒီမာ ဇယ်လန်းစကီး တက်ရောက်ခဲ့သည်။ ယူကရိန်းစစ်သည်များ၏ ပြင်းထန်သော ထိုးစစ်ကြောင့် ရုရှားတပ်များသည် အီဇီယမ်မြို့မှ လွန်ခဲ့သောအပတ်တွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ဇယ်လန်းစကီးနှင့် ယူကရိန်းစစ်သည်များသည် အလံလွှင့်တင်သည့် အခမ်းအနားတွင် နိုင်ငံတော်သီချင်းကို ရွတ်ဆိုခဲ့ကြသည်။ ရုရှားလက်ထဲတွင် ခြောက်လခန့်ရောက်ရှိခဲ့သည့် အီဇီယမ်မြို့လေးသည် လုံးဝထိခိုက်ပျက်စီးနေပြီဖြစ်ပြီး လူနေအဆောက်အအုံအများစုသည် မီးလောင်မှု၊ လက်နက်ကြီးကျည်ကျရောက်မှုတို့ကြောင့် အပျက်အစီးပုံများဖြစ်နေပြီဖြစ်သည်။

“မြင်ကွင်းက တုန်လှုပ်စရာကောင်းတယ်၊ကျွန်တော့်အတွက်တော့ အဲ့လောက် တုန်လှုပ်စရာမဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဘူချာမှာလည်း အဲ့လိုမြင်ဖူးတယ်၊ ပြန်လည်သိမ်းပိုက်နိုင်တဲ့ နယ်မြေတွေမှာလည်း အဲ့လိုမြင်ခဲ့ရတယ်၊ ပျက်စီးသွားတဲ့အဆောက်အအုံတွေ၊ ရုပ်အလောင်းတွေပေါ့ဗျာ” ဟု ဇယ်လန်းစကီးက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဘူချာမြို့သည် မြို့တော် ကိယက်ဗ်ဆင်ခြေဖုံးရှိ မြို့ငယ်လေးတစ်ခုဖြစ်ပြီး မတ်တွင် ယင်းမြို့မှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက်တွင် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားရုပ်အလောင်း ရာပေါင်းများစွာတို့ကို လမ်းမများပေါ်တွင်သာမက ခြံဝင်းများထဲနှင့် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် သင်္ချိုင်းများထဲတွင် မြင်တွေ့ခဲ့ရသည်။ ရုပ်အလောင်းတချို့တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် ခြေရာလက်ရာများကို မြင်တွေ့ရသည်။

ခါကိဗ်ဒေသရှိ မကြာသေးမီတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ကျေးရွာတချို့တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် လက္ခဏာများပါဝင်သော ရုပ်အလောင်းခြောက်လောင်းကို တွေ့ရှိခဲ့ကြောင်း ယူကရိန်းဥပဒေအရာရှိများက ပြောဆိုခဲ့သည်။ ခါကိဗ်မြို့အရှေ့တောင်ဘက် ၆၀ ကီလိုမီတာ(၃၅ မိုင်)အကွာရှိ ဟာရာကိုဗ်နှင့် ဇာလီဇင်ခါကျေးရွာများတွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ခါကိဗ်ဥပဒေအရာရှိရုံး၏အကြီးအကဲ အိုလက်ဆန်ဒါး ဖီချာကော့ဗ်ကပြောဆိုခဲ့သည်။

“ကျူးကျော်သူတွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့နေရပါတယ်၊ ဘာလက်လီအီယာ၊ အီဇီယမ်တို့ကို ဘူချာ၊ ဘိုရိုဒြန်ကာ၊ အီရ်ပင်တို့လိုပဲ တစ်တန်းထဲထားရမယ်ထင်ပါတယ်” ဟု ယူကရိန်းဥပဒေအရာရှိချုပ် အန်ဒရေ ကိုစတင်ကပြောဆိုခဲ့သည်။

ရုရှားယခင်က သိမ်းပိုက်ခဲ့သည့် နယ်မြေများတွင်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောဆိုထားသော်လည်း ယင်းသတင်းအချက်အလက်များကို အတည်ပြုရန် မလွယ်ကူသေးချေ။ ဘူချာတွင် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားဦးရေများပြားလွန်းသောကြောင့် ရုရှားအစိုးရအရာရှိများအား စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် နိုင်ငံတကာကပင် တိုက်တွန်းခဲ့ရသည်။

အီဇီယမ်မြို့မှ စက်တင်ဘာ ၁၅ ရက်အစောပိုင်းတွင် ပြန်လာသည့် လမ်း၌ ဇယ်လန်းစကီးလိုက်ပါလာသော ယာဉ်နှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ ဝင်တိုက်မိခဲ့သော်လည်း ဇယ်လန်းစကီး ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သမ္မတ၏ပြောခွင့်ရှိသူက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။ ယာဉ်တိုက်မှုတွင် ပါဝင်သည့် အခြားယာဉ်မှ ယာဉ်မောင်းကို ဇယ်လန်းစကီး၏ ကျန်းမာရေးစောင့်ရောက်မှုအဖွဲ့က ကုသမှုများပြုလုပ်ပေးပြီး လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောခွင့်ရှိူ ဆာဂီ နီကီဖိုရော့က ပြောဆိုခဲ့သည်။ အသက် ၄၄ နှစ်အရွယ် ဇယ်လန်းစကီး မည်သို့သော ဒဏ်ရာများရရှိခဲ့သည်ကိုမူ ပြောခွင့်ရှိသူက ထုတ်ပြန်ခြင်းမပြုခဲ့ချေ။

ယူကရိန်းအရှေ့မြောက်ပိုင်းမှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာရမှုသည် ကိယက်ဗ်မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့် လွန်ခဲ့သာလပေါင်းများစွာမှစ၍ စစ်ရေးအရအကြီးမားဆုံး အရေးနိမ့်မှုလည်းဖြစ်သည်။ အီဇီယမ်မြို့မြောက်ဘက်ဆင်ခြေဖုံးတွင် ရုရှားသံချပ်ကာယာဉ်နှင့် အခြားစစ်ဘက်သုံးယာဉ်အပျက်အစီးများစွာကို မြင်တွေ့ရမည်ဖြစ်သည်။

ယူကရိန်းတပ်များသည် အီဇီယမ်မြို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းရှိမရှိ စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း လူဟန့်ဒေသ၏ ယူကရိန်းအုပ်ချုပ်ရေးမှူး ဆာဟေး ဟိုင်ဒိုင်ကလည်း ဇူလိုင်ကတည်းက ရုရှားထိန်းချုပ်မှုအောက်ရောက်ရှိနေသည့် အဆိုပါဒေသကို ယူကရိန်းတပ်များ ပြန်လည်သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆဗာတိုဗ်နှင့် စတာရိုဘီမြို့များတွင် ယူကရိန်းအလံလွှင့်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဟိုင်ဒိုင်က အေပီသတင်းဌာနသို့ ပြောဆိုခဲ့သည်။ သို့သော် ယူကရိန်းအလံလွှင့်တင်ထားသည့် ကရီမင်နာမြို့တွင်မူ ရုရှားတပ်များသည် စက်တင်ဘာ ၁၄ ရက်တွင် ပြန်လည်ရောက်ရှိလာပြီး ယူကရိန်းအလံကို ဖြုတ်ချခဲ့သည်။

လူဟန့်ဒေသသို့ ယူကရိန်းတပ်များ ထိုးစစ်ဆင်လာပြီဖြစ်ကြောင်း ရုရှားကျောထောက်နောက်ခံရ ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။ အခြေအနေကို ပြောဆိုရန် ခက်ခဲနေသေးကြောင်း ဒေသဆိုင်ရာပြည်သူ့စစ်ခေါင်းဆောင် အန်ဒရေ မာရိုချ်ကိုကပြောဆိုခဲ့သည်။

တန်ပြန်ထိုးစစ်ကြောင့် ယူကရိန်းတပ်များသည် ရုရှားစစ်သည်များ ချန်ထားခဲ့သည့် လက်နက်များစွာကို ရရှိခဲ့သည်။ ယူကရိန်းအရှေ့ပိုင်းတွင် ယူကရိန်းစစ်တပ်များ၏ ထိုးစစ်ကြောင့် ရုရှားတပ်သည် သံချပ်ကာယာဉ်များနှင့် လက်နက်ကြီးများစွာကို ချန်ထားပြီး ဆုတ်ခွာခဲ့သည်။ အီဇီယမ်မှ ဆုတ်ခွာသည့် ရုရှားတပ်ခွဲတစ်ခွဲသည် T-80 သံချပ်ကာယာဉ် ၃၆ စင်းနှင့် တိုက်ခိုက်ရေးသုံးယာဉ်များစွာကို ချန်ထားခဲ့ကာ အခြားတပ်ခွဲတစ်ခွဲသည်လည်း သံချပ်ကာယာဉ် ၄၇ စင်းနှင့် အခြားကျည်ကာယာဉ် ၂၇ စင်းကို ချန်ထားခဲ့ကြောင်း ယူကရိန်းပညာရှင်အဖွဲ့အစည်းတစ်ခုက စက်တင်ဘာ ၁၄ ရက်တွင် ပြောဆိုခဲ့သည်။

ရုရှားတပ်များသည် ပြန်လည်ဆုတ်ခွာပြီးနောက်တွင် ချန်ထားခဲ့ရသည့် ယာဉ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း အသုံးမပြုရသေးသည့် လက်နက်ခဲယမ်းများစွာကိုမူ ယူကရိန်းတပ်များ သိမ်းယူနိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့ကပြောဆိုခဲ့သည်။
ခါကိဗ်ဒေသအရှေ့စွန်းနှင့် ထိစပ်နေသည့် အိုစ်ကီမြစ်ကြောတစ်လျှောက်တွင် စစ်မျက်နှာသစ်တစ်ခု ပေါ်ပေါက်နေပြီဖြစ်သည်။ ရုရှားတပ်များသည် ထောက်ပံ့ပို့ဆောင်ရေးအကူအညီမရရှိသောကြောင့် အိုစ်ကီမြစ်ကြောတစ်လျှောက်တွင် ယူကရိန်းတပ်များကို တောင့်ခံနိုင်မည်ဟု မထင်ကြောင်း ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ စစ်လေ့လာရေးအင်စတီကျုကပြောဆိုခဲ့သည်။

သို့သော် အခြားဒေသများတွင်မူ ရုရှားသည် ထိုးစစ်ဆင်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ရုရှားစစ်တပ်က မိုင်ကိုလာယစ်သို့ S-300 ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗီတလီ ကင်ကပြောဆိုခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ဒိုနက်ဒေသတွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားငါးဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့သည်။ ဒွန်ဘက်ဒေသကြီး လက်အောက်တွင် လူဟန့်နှင့် ဒိုနက်ရှိနေပြီး ရုရှားတပ်သည် ယူကရိန်းမြို့တော် ကိယက်ဗ်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက် အဆိုပါဒေသများကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။

စစ်ပွဲစတင်ခြင်းသည် အမှားကျူးလွန်လိုက်ခြင်းသာဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက် ရှိုးက ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖုန်းပြောဆိုပြီးနောက် ပြောဆိုခဲ့သည်။ အငတ်ဘေးရှိမလာစေရေးအတွက် ယူကရိန်း၏ပင်လယ်နက်ဆိပ်ကမ်းများကို ဖြတ်ပြီး ရုရှားဓာတ်မြေဩဇာတင်ပို့ရေးနှင့်ပတ်သက်၍ ပူတင်နှင့် စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယို ဂူတာရက်စ်က ပြောဆိုခဲ့သည်။

Source: AP

Address


Alerts

Be the first to know and let us send you an email when Burmese News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share