Mizzima burmese news

  • Home
  • Mizzima burmese news

Mizzima burmese news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mizzima burmese news, Newspaper, .

17/02/2023
17/02/2023

⚡""ဘဝဆိုတာ""
➖➖➖➖➖➖

လူတိုင်းအပေါ်နားလည်ပေးတတ်တဲ့
စိတ်ရှိနေတာလည်း တစ်ခါတစ်ခါ
မကောင်းဘူး....

လူတချို့ဟာ
စေတနာနဲ့ မထိုက်တန်ဘူး.

လူတစ်ဦးတစ်ယောက်က ကိုယ့်ကို
အပြင်မှာဖြစ်ဖြစ် လိုင်းပေါ်မှာဖြစ်ဖြစ်

မပတ်သက်ချင်မှန်းသိရင် ဘယ်တော့မှ သွားမပတ်သက်တာ ကောင်းတယ်.....

လူတချို့ဟာ သည်းညည်းခံလွန်းရင်
အလျှော့ပေးလွန်းရင် အရေးပေးလွန်းရင်
ခေါင်းကို နင်းချင်ကြတယ်.....

မတူမတန်သလိုပုံစံမျိုးနဲ့ အပေါ်စီးက
မောက်မာစွာနဲ့ ဆက်ဆံချင်ကြတယ်.
သဘောကောင်းလေ နင်းခံရလေပဲ.

အောက်ကျနောက်ကျ ခံတယ်ဆိုတာက
ကိုယ့်တန်ဖိုး ကျေးဇူးတရားကို သိတဲ့သူ နားလည်သူဆီမှာတော့ ဖြစ်သင့်တာပေါ့......

ကိုယ့်မေတ္တာ စေတနာကို နားမလည်တဲ့ လူတချို့ဆီမှာ အောက်ကျ နောက်ကျနဲ့
ဒူးထောက်နေဖို့အတွက် ဘယ်အမေကမှ
မွေးဖွားပေးထားမှာ မဟုတ်ဘူး......

စွန့်စားသင့်တာကို စွန့်စား
စိမ်းကားသင့်သူကို စိမ်းကား
ပြတ်သားသင့်တာကို ပြတ်သား.....

ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြု
မေ့ဖျောက်သင့်သူကို မေ့ဖျောက်
လွှတ်ချသင့်တာကို လွှတ်ချမှ
ဘဝဟာ အဓိပ္ပါယ်ရှိမှာပါ......

အစွဲအလန်း‌တွေ များနေသရွေ့ ဘဝဟာလုံးပါးပါးနေမှာပဲ. ဘဝဆိုတာ တခဏမို့
တန်အောင်လေးတော့နေမှဖြစ်မယ်.

Crd....

14/02/2023
14/02/2023

_💪🏿💪🏿မင်းလုပ်နှိုင်ပါတယ်.💪🏿💪🏿
========================

💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿💪🏿

➡️ဘဝ ရဲ့ ........
➡️ အဆင်မပြေမှုတွေကြား ပိတ်မိနေလား.....!!!!
➡️ စိတ်ဓာတ် မကျလိုက်ပါနဲ့။

➡️ တချို့အရာတွေက ......
➡️ ဖောက်ထွက်ဖို့ အချိန်လိုသလို။

➡️ တချို့အရာတွေက ......
➡️ ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို ....
➡️ စမ်းသပ် လိုက်တာလည်း ဖြစ်နေတတ်တယ်။
➡️ အားတင်းထားပါ "မင်း လုပ်နိူင်ပါတယ်"။

➡️ ကိုယ် အရမ်းမြတ်နိူးရတဲ့ ......
➡️ လူ တစ်ယောက်ကို သေကွဲ ၊ ရှင်ကွဲ ခွဲလိုက်ရလို့
➡️ အရမ်းခံစားနေရလား......!!!!

➡️ ဘဝကို အရှုံးမပေးလိုက်ပါနဲ့ .....
➡️ ရေစက်ဆိုတာ တစ်ဖက်တည်းက
➡️ တန်ဖိုးထားရုံနဲ့
➡️တည်မြဲနေတတ်တာ မဟုတ်သလို။

➡️ အရာအားလုံးက .....
➡️ သူ မထားခဲ့လည်း အချိန်တန်ရင် .....
➡️ ကိုယ်က ထားခဲ့ရမှာချည်းပါပဲ ဖြေသိမ့်ပါ။
➡️ "မင်း လုပ်နိူင်ပါတယ်။

➡️ ကိုယ့်ဘဝကို စိတ်ပျက်နေလား........!!!!
➡️ စိတ်မပျက် လိုက်ပါနဲ့။
➡️ လူဆိုတာ .......
➡️ အရမ်း စွမ်းအားကြီးတဲ့ သတ္တဝါပါ
➡️ လူတစ်ယောက်က
➡️ကြိုးစားအားထုတ်မှု မှန်ကန်ရင်
➡️ ဘုရားတောင် ဖြစ်သွားနိူင်ပါတယ်။

➡️ ဖိနပ် မရှိတိုင်း ငိုနေရင် .....
➡️ ခြေထောက် မရှိတော့တဲ့ .....
➡️ သူတွေကို အားနာလိုက်ပါ။

➡️ အထီးကျန်လွန်းလို့ ......
➡️ စိတ်ဓာတ်ကျနေမိရင်
➡️ မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။

➡️ ခံစား ရလွန်းလို့ မခံစားနိူင်ဘဲ ဖြစ်နေရင် ....
➡️ မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။

➡️ ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင် .....
➡️ ကိုယ့်ရဲ့ ဘဝကို ကိုယ်ကိုယ်တိုင်ပဲ
➡️ အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။
➡️ ကြိုးစားပါ "မင်း လုပ်နိူင်ပါတယ်။

➡️ လောကမှာ .......
➡️ ကြီးမားလွန်းတဲ့ အရှက်ကွဲမှုကြောင့်
➡️ လူတောမတိုးရဲသလို ဖြစ်နေလား.......!!!!

➡️ လူဆိုတာ အမှားအယွင်း ......
➡️ အပြစ် ကင်းစင်သူ ဆိုတာ အရမ်းရှားပါတယ်။
➡️ အပြစ် အနာ /အဆာ .....
➡️ အနည်းနဲ့အများပဲ ကွာခြားတာပါ။

➡️ ကိုယ့်ရဲ့ အားနည်းချက်ကို အမြဲတွေးပြီး .....
➡️ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာက
➡️ ကိုယ့်ဘဝကို အရှုံးပေးနေရုံတင်မကဘဲ။
➡️ ကိုယ့်ရဲ့ကျေးဇူးရှင် မိဘနှစ်ပါး .....
➡️ ကိုယ့်ကြောင့်ကြီးမားစွာ
➡️ ထိခိုက်သွားစေနိူင်ပါတယ်။

➡️ ကိုယ့်ရဲ့စိတ်ကို ......
➡️ အမြဲ အကျဉ်းချနေမယ့်အစား။
➡️ ကိုယ့်ရဲ့မိဘမျက်နှာကို ထောက်ထားရင်
➡️ ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါတော့။

➡️ လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ ....
➡️ အသက်ထက် အရေးကြီးတယ်ဆိုပေမယ့်။
➡️ ရှင်လျက်နဲ့ ဘဝသေနေတာက။
➡️ အရှက်ကွဲလိုက်တာထက်
➡️ ပိုဆိုးနေတတ်ပါတယ်။

➡️ ဖြစ်နိူင်ရင် မြန်မြန်ရုန်းထပြီး .....
➡️ ကိုယ့်အတွက် မဟုတ်ရင်တောင်မှ
➡️ ကိုယ့်မိသားစု / ကိုယ်နိုင်ငံ အတွက်
➡️ ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။
➡️"မင်း လုပ်နိူင်ပါတယ်။

➡️ သူငယ်ချင်း.......
➡️ ဘာကိုပဲလုပ်လုပ် / ဘာတွေပဲဖြစ်ဖြစ်
➡️ ဘယ်လို အရာတွေပဲကြုံကြုံ
➡️ ဘယ်လို စိတ်ဖိစီးမှုတွေပဲ ခံစားနေရပါစေ။
➡️ "ငါ လုပ်နိူင်ပါတယ်လို့ .....
➡️ စိတ်ထဲက ခိုင်ခိုင်မာမာခံယူပြီး ကြိုးစားပါ။

➡️ မင်း ဘဝက .....
➡️ တစ်ရက်ပြီးတစ်ရက် /တစ်နှစ်ပြီးတစ်နှစ်
➡️ အများက အားကျ လေးစားလောက်တဲ့
➡️ ဘဝတစ်ခုကို ပိုင်ဆိုင်နိူင်တယ်ဆိုတာ .....
➡️ ဗေဒင် မေးစရာမလိုအောင် မှန်နေပါလိမ့်မယ်



https://youtube.com/

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCvDFlChyW_M699I_o61L35Q

https://youtube.com/channel/UCN2qbEqTrHZSeNybvZg9a4w

https://youtube.com/channel/UC_QFrC42nvzZy-jyo2HwMFg

https://youtube.com/channel/UCio2lTELjJk3eYRCt1dEG6Q

https://youtube.com/channel/UC0M8ryBfIJlT7XmNvLteazA

https://youtube.com/channel/UCeVBESiS4-2GRNNJPPOKkvA

https://youtube.com/channel/UCk1YoX2OQKpNANBIEyYSXBw

https://youtube.com/

09/02/2023

အရမ်းပဲ နာကြင်နေလား
စိတ်ဓာတ် မကျနဲ့
လောကမှာ
ဒဏ်ရာကင်းတဲ့သူဆိုတာ
မရှိဘူး ပျော်ပျော်နေပါ
ဘဝက အရမ်းတိုတယ်လေ။

Credit:စေရာ - တစ်ခါက

09/02/2023

08/02/2023


08/02/2023

🥰😘🤙

08/02/2023
06/02/2023
05/02/2023

ရှောင်နေလိုက်ပါမိတ်ဆွေ

သူ့စိတ်ဓာတ်ကို ကိုယ်သိရပြီ ဆိုရင် -
တိုက်ရိုက်သွားမပြောနဲ့ !
မသိသလို နေပေးပြီးတော့ -
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ !!

သူ့အကျင့်ကို ရိပ်မိနေပြီမလား --!
သွားပြီး ပေါက်ကွဲမပြနဲ့ !
မသိသလို နေပေးပြီး ၊
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ !
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး -
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုဘူး !!

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို -
ကိုယ်က နားလည်နေပြီမလား ---!
ဆက်ပြီး အပေါင်းအသင်းမလုပ်နဲ့ -
တစ်ဖြည်းဖြည်း ရှောင်နေလိုက်ပါ !
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိူင်တာမို့ပါ !!

တစ်ခါတစ်လေတော့ ကိုယ်သိတဲ့အရာတစ်ခုဟာ -
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ !
လုံးဝမပတ်သက် မဆက်ဆံရဘူးလို့ မပြောလိုဘူး !
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လဲ -
ကိုယ်ပေါင်း စိတ်ခွာ နဲ့ ပေါင်းသင်းနိူင်ပါတယ် !!

ရိုးသားချင်ယောင်ဆောင် -
သဘောကောင်းသလို ဟန်ပြ ၊
ကွယ်ရာမှာ နောက်ကောက်ချနင်း -
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွင့် ၊
ခွင့်ရရင် ရသလို ဖဲ့ညှစ် ၊
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့ -
ဟန်ဆောင်ကာ မျက်နှာဖုံးစွပ်ထားတဲ့ လူမျိုးကို -
ဒီတစ်သက် မင်းတွေ့ဆုံခဲ့ရင် ၊
ကင်းနိူင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ !!

Credit

05/02/2023

စစ်ကောင်စီသက်တမ်း ၆ လတိုးသည့်အပေါ်
NLD ထိပ်တန်း ဗဟိုကော်မတီဝင်၏ မှတ်ချက်
------------------------------------
နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ဗိုလ်ချုပ်များ၏ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးက သာမန်မဟုတ်သော အခြေအနေဖြစ်သည်ဟု အကြောင်းပြကာ အရေးပေါ်ကာလ သက်တမ်း ၆ လတိုးလိုက် သည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်တန်း ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့် ဆက်သွယ်မေးမြန်းရာတွင် ဥပဒေမဲ့လုပ်ရပ်ဟု မှတ်ချက်ပြုသည်။

“အရေးပေါ်အခြေအနေက သူတို့မရှိမှပြီးမှာလေ။ အရေးပေါ် အခြေအနေဖြစ်အောင် သူတို့ပဲလုပ်တာ။ သက်တမ်းတိုးလဲ ဥပဒေမဲ့ပဲ” ဟု ဦးအောင်ကြည်ညွန့်က တုံ့ပြန်သည်။ ဦးအောင်ကြည်ညွန့်သည် လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် စုဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌလည်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ထက်ဝက်ခန့်သာ အပြည့်အဝထိန်းချုပ်နိုင်ကြောင်း ကာလုံအစည်းအဝေး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုခဲ့ပြီး အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး အဆင်သင့်မဖြစ်သေးဟု ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးသန်းခေါင်းစာရင်း မဖြစ်မနေကေက်ယူရမည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

သန်းခေါင်းစာရင်းကို ဆယ်နှစ်တစ်ကြိမ် ကောက်ယူသင့်သည်ဟု အာဏာသိမ်းခေါင်းဆောင်က ထုတ်ဖော် ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က နောက်ဆုံး ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူခဲ့သည် ဖြစ်ရာ လာမည့် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်းစာရင်းကောက်ယူရေး လမ်းကြောင်းနေခြင်းလည်းဖြစ်သည်။

Viber သတင်းများဖတ်ရန် : https://bit.ly/3NqTSxY

05/02/2023
05/02/2023

မင်းမဲ့စရိုက်တွေ ပေါကြွယ်ပြီး
မင်းမဲ့တိုင်းပြည်ကြီးဖြစ်နေတဲ့
ငါတို့ မြန်မာပြည်..
speeds moden

05/02/2023

ဒဏ်ရာဆိုတာ ထုတ်ပြနေဖို့မှမဟုတ်တာ
အချိန်ဆိုတဲ့ သမားတော်နဲ့ကုစားရမယ့်အရာပါ...

ဒဏ်ရာကို ပွတ်သပ်နေရုံနဲ့
ရင့်ကျက်လာမှာမှ မဟုတ်တာ...

ကိုယ့်ဒုက္ခကိုယ်ရှင်း ကိုယ့်အပူ ကိုယ်ပဲညှိမ်းရမှာမို့
ဘယ်သူ့ကိုမှ လက်သည်မဖော်ချင်ဘူး...

ဘယ်သူကမှ ကိုယ့်ရဲ့မျက်ရည် ကိုယ့်ရဲ့ဒုက္ခတွေကို
စာနာနားလည်ပေးနိုင်ကြမှာမှမဟုတ်တာ...

ကိုယ့်ဝေဒနာ ကိုယ့်ရဲ့ခံစားချက်ကို
ဘယ်သူကမှ ကိုယ့်လောက်မသိနိုင်ပါဘူး...

ကိုယ့်ဒဏ်ရာရဲ့ အတိမ်အနက်ကို
ကိုယ်ကိုယ်တိုင်သာအသိဆုံးပါ...

ကိုယ့်ရဲ့ ဒုက္ခဆိုတာလည်း
အများသိအောင် ချပြနေဖို့ မလိုပါဘူး...

ကိုယ့်ဒုက္ခကို အများသိသွားတော့လည်း
ဒုက္ခက လျော့သွားမှာမှ မဟုတ်တာ...

လူသိရှင်ကြား ခံစားပြပေမယ့်
စာနာ သနားတဲ့သူက နည်းနည်းရယ်...

ကြိတ်ပြီး ဝမ်းသာမယ့်သူက ခပ်များများ...

ဘာဖြစ်လို့လဲဆိုတော့
လူဆိုတာ သူများအရေးထက်

ကိုယ့်အရေးကိုပဲ
ဦးစားပေးတတ်တာ များပါတယ်လေ...

ဒီတော့ ကိုယ့်အပူကိုယ်သိပြီး
ကိုယ့်မီးကိုယ် ညှိမ်းတာပဲ ကောင်းပါတယ်...

တကယ်တော့ ဒုက္ခဆိုတာ
ကိုယ့်ကို ရင့်ကျက်သွားစေမယ့် အရာတခုပါ...

ဒုက္ခတစ်ခုကို ကျော်ဖြတ်ပြီးတိုင်း
တခါရင့်ကျက်သန်မာလာခဲ့ကြတယ်လေ...

အရင်က ကိုယ်ဖြတ်သန်းခဲ့ရတဲ့
ဒုက္ခတွေဟာ အခုချိန်ပြန်တွေးကြည့်ရင်
ဟာသတွေဖြစ်နေတတ်တယ်...

အရင်က ကိုယ်အရူးအမူး စွဲလမ်းခဲ့တဲ့
အရာတွေက အခုချိန်ပြန်တွေးကြည့်ရင်
ဟာသတွေဖြစ်နေတတ်တယ်...

ဒဏ်ရာဆိုတာလည်း
နာကျင်နေတုန်းခဏပါပဲ...

အချိန်က ကုစားပြီးတဲ့နောက်
ကြာတော့လည်း သက်သာသွားတာပါပဲ...

အခုဖြစ်နေတဲ့ ဒုက္ခဆိုတာလည်း
နောင်တစ်ချိန်ဖြစ်လာမယ့် ဟာသတစ်ခုပါပဲ...

ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အသိ ရှိသွားပြီဆိုတာနဲ့
လောကဓံနဲ့ နေသားတကျဖြစ်သွားမှာပါ...

အကောင်းတွေလာရင်လည်း
သိပ်မပျော်တတ်တော့သလို

အဆိုးတွေလာရင်လည်း
ဝမ်းမနည်းတတ်တော့ပါဘူး...

အနားမှာဘယ်သူမှမရှိလည်း
တစ်ယောက်ထဲ အေးအေးချမ်းချမ်း
နေတတ်သွားတယ်ဆိုတာ
ရင့်ကျက်ခြင်းတစ်မျိုးပါပဲ...။

အားလုံးလည်း ကိုဗစ်ရန်မှကင်းဝေးကြပါစေ...

မေတ္တာဖြင့် #ကိုကိုလွင်
__________________________________
#

Address


Website

Alerts

Be the first to know and let us send you an email when Mizzima burmese news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share