ကွန်ရက်ပေါက်ဖော်

  • Home
  • ကွန်ရက်ပေါက်ဖော်

ကွန်ရက်ပေါက်ဖော် ကွန်ရက်ပေါက်ဖော်မှ ကြိုဆိုပါတယ်။
Welco
(1)

16/03/2021

ကွန်ရက်ပေါက်ဖော် ပရိသတ်များသို့ အသိပေး အကြောင်းကြားခြင်း
-----------------
ကွန်ရက်ပေါက်ဖော် သတင်းအေဂျင်စီ အနေဖြင့် လတ်တလော page တွင် သတင်းတင်ဆက်နေမှုများကို ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း ပရိသတ်များကို လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။ အချိန်နှင့်နေရာပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။ #ကွန်ရက်ပေါက်ဖော်
12/03/2021

ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။ အချိန်နှင့်နေရာပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။
#ကွန်ရက်ပေါက်ဖော်

ပြင်ဦးလွင်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင်  ဆန္ဒထုတ်ဖော်နေစဉ်။ဇော်မင်းထွေး (ပြင်ဦးလွင်) #ကွန်ရက်ပေါက်ဖော်
11/03/2021

ပြင်ဦးလွင်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်နေစဉ်။

ဇော်မင်းထွေး (ပြင်ဦးလွင်)
#ကွန်ရက်ပေါက်ဖော်

မုံရွာမြို့ လမ်းမကြီးများတွင် စစ်နှင့်ရဲများ နေရာယူထားကြသော်လည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဦးဆောင်သော သပိတ်စစ်ကြေ...
09/03/2021

မုံရွာမြို့ လမ်းမကြီးများတွင် စစ်နှင့်ရဲများ နေရာယူထားကြသော်လည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဦးဆောင်သော သပိတ်စစ်ကြောင်းသည် မတ်လ(၉)ရက်တွင် လမ်းသွယ်အသီးသီးမှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို
ဓါတ်ပုံ - ပြည်သူ့မီဒီယာကွန်ရက် (မုံရွာ)
#ကွန်ရက်ပေါက်ဖော်

မီဒီယာ ၅ ခု ထုတ်ဝေခွင့် ရပ်ဆိုင်းခံရသတင်းမီဒီယာများထဲမှ DVB, Mizzima, 7Day, Myanmar Now နှင့် ခေတ်သစ် မီဒီယာတို့ကို ပြန်...
08/03/2021

မီဒီယာ ၅ ခု ထုတ်ဝေခွင့် ရပ်ဆိုင်းခံရ

သတင်းမီဒီယာများထဲမှ DVB, Mizzima, 7Day, Myanmar Now နှင့် ခေတ်သစ် မီဒီယာတို့ကို ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း MRTV ရုပ်မြင်သံကြားက မတ်လ ၈ ရက်နေ့ ည ၈ နာရီသတင်းတွင် ကြေညာသွားသည်။

ကိုခန့်
#ကွန်ရက်ပေါက်ဖော်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မတ်(၈)ရက်‌နေ့ နံနက် ၁ဝနာရီအချိန်၌ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ရာဘာကျည်၊...
08/03/2021

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မတ်(၈)ရက်‌နေ့ နံနက် ၁ဝနာရီအချိန်၌ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ရာဘာကျည်၊ မျက်‌ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်၍ သပိတ်စစ်ကြောင်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့ကြောင်းသိရပါသည်။

နေလင်း(ပြင်ဦးလွင်)
#ကွန်ရက်ပေါက်ဖော်

ပြင်ဦးလွင်မြို့လူထုသပိတ်စစ်ကြောင်း မတ်လ ၇ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ်။ဇော်မင်းထွေး (ပြင်ဦးလွင်) #ကွန်ရက်ပေါ...
07/03/2021

ပြင်ဦးလွင်မြို့လူထုသပိတ်စစ်ကြောင်း မတ်လ ၇ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ်။

ဇော်မင်းထွေး (ပြင်ဦးလွင်)
#ကွန်ရက်ပေါက်ဖော်

မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားတွင် မီးထွန်းဆုတောင်းနွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသော အာဇာနည်များအတွက် မတ်လ(၆)ရက် ည...
07/03/2021

မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားတွင် မီးထွန်းဆုတောင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသော အာဇာနည်များအတွက် မတ်လ(၆)ရက် ညပိုင်းက မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားတွင် မီးထွန်းဆုတောင်းခဲ့
ကြသည်။

စျာန်ထူးကို
ဓါတ်ပုံ Saw San
#ကွန်ရက်ပေါက်ဖော်

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေး ၂၂ လမ်းနှင့် ၈၉ လမ်း အနီးမှာ စုပေါင်းထိုင်သပိတ် ပြုလုပ်ကြပါတယ်။K မန်း #ကွန်ရက်ပေါက်ဖေ...
07/03/2021

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေး ၂၂ လမ်းနှင့် ၈၉ လမ်း အနီးမှာ စုပေါင်းထိုင်သပိတ် ပြုလုပ်ကြပါတယ်။

K မန်း
#ကွန်ရက်ပေါက်ဖော်

မန္တလေးမြို့ ၂၂ လမ်းနှင် ၈၉ လမ်းထောင့်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို မတ်လ ၇ ရက် နံနက် ၁၀:၄၅ ခန့်က အကြမ်...
07/03/2021

မန္တလေးမြို့ ၂၂ လမ်းနှင် ၈၉ လမ်းထောင့်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို မတ်လ ၇ ရက် နံနက် ၁၀:၄၅ ခန့်က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲနေကြောင်း ကနဦးသတင်းရရှိသည်။

Photo - Swam Htet Aung
#ကွန်ရက်ပေါက်ဖော်

ဆားလင်းကြီးမြို့ ဘုရားကြီးရင်ပြင်တော်တွင် ကျဆုံးသွားသူများအားရည်စူး၍ မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်          စစ်ကိုင်းတို...
07/03/2021

ဆားလင်းကြီးမြို့ ဘုရားကြီးရင်ပြင်တော်တွင် ကျဆုံးသွားသူများအားရည်စူး၍ မေတ္တာပို့ ဆုတောင်းပွဲပြုလုပ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ ဓာတ်ပေါင်းမဉ္ဇူဘုရားကြီးရင်ပြင်တော်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများအားရည်စူး၍ မတ်လ ၆ ရက် ညနေ ၆ နာရီခွဲအချိန်က မေတ္တာပို့အမျှဝေ ဆုတောင်းပွဲပြုလုပ်ကြောင်းသိရသည်။


ဆုတောင်းပွဲတွင် ဆားလင်းကြီးမြို့ပေါ်နှင့် ပေါင်းဝကျေးရွာမှ လူငယ် ၁၅၀ ကျော်တို့က ဓာတ်ပေါင်းမဉ္ဇူဘုရားကြီးရင်ပြင်တော်ပေါ်တွင် နွေဦးတော်လှန်ရေး စာလုံးကြီးအား ဖရောင်းတိုင်မီး ထွန်းညှိပုံဖော်၍ ဖရောင်းတိုင်မီးများ ကိုင်ဆောင်ကြကာ စစ်သားနှင့်ရဲသားများပစ်ခတ်သည့် သေနတ်ထိမှန်ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်းများအား ရည်စူး၍ မေတ္တာပို့ ဆုတောင်းအမျှပေးဝေကြကာ ကမ္ဘာမကြေဘူးတေးသံပြိုင်သီဆိုကြပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွတ်ပေးရေးအပါအဝင် ကြွေးကြော်သံများကြွေးကြော်ကြသည်။


အလားတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် အမြို့မြို့အနယ်နယ်မှ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား ရည်စူး၍ ဖရောင်းတိုင်ဆီမီးထွန်းညှိမေတ္တာပို့ ဆုတောင်းပွဲများကို ဆားလင်းကြီးမြို့နယ် ဒူးထောက်ကျေးရွာနှင့် ကံကုန်းကျေးရွာများ၌ ကျေးရွာနေပြည်သူများ စုပေါင်းကြကာ ယနေ့ညပိုင်းကပြုလုပ်ကြောင်း သတင်းရရှိသည်။

အောင်အောင်မြင့်
#ကွန်ရက်ပေါက်ဖော်

မန္တလေးက ဆန္ဒပြစစ်ကြောင်းများ မတ်လ ၆ ရက်နေ့တွင် ဆက်လက်ချီတက်။ချစ်ကိုPhoto: MNJ #ကွန်ရက်ပေါက်ဖော်
06/03/2021

မန္တလေးက ဆန္ဒပြစစ်ကြောင်းများ မတ်လ ၆ ရက်နေ့တွင် ဆက်လက်ချီတက်။

ချစ်ကို
Photo: MNJ
#ကွန်ရက်ပေါက်ဖော်

ပြင်ဦးလွင်မြို့လူထုက စစ်အာဏာ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြစဉ်။(၆-၃-၂၀၂၁)ဇော်မင်းထွေး #ကွန်ရက်ပေါက်ဖော်
06/03/2021

ပြင်ဦးလွင်မြို့လူထုက စစ်အာဏာ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြစဉ်။
(၆-၃-၂၀၂၁)

ဇော်မင်းထွေး
#ကွန်ရက်ပေါက်ဖော်

ကျဆုံးခဲ့သော ကဗျာဆရာကေဇဝင်း၏ ဇာတိ လက်ပတောင်းတွင် အရိုးပြာအိုးဂူသွင်းမုံရွာမြို့ ဘုရားနီအနီးမတ်လ(၃)ရက်က ပစ်ခတ်ဖြိုခွင်းမှ...
06/03/2021

ကျဆုံးခဲ့သော ကဗျာဆရာကေဇဝင်း၏ ဇာတိ လက်ပတောင်းတွင် အရိုးပြာအိုးဂူသွင်း

မုံရွာမြို့ ဘုရားနီအနီးမတ်လ(၃)ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လမ်းမထက်ကျဆုံးခဲ့သော ကဗျာဆရာ ကေဇဝင်း၏ အရိုးပြာအိုးကို မွေးရပ်မြေ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာ ယာခင်းအတွင်း မတ်လ(၅)ရက်
နေ့တွင် ဂူသွင်းသဂြိုလ်ခဲ့သည်။


ကဗျာဆရာကေဇဝင်း၏ ရုပ်အလောင်းကို မတ်လ(၄)ရက်ညနေက မုံရွာမြို့ မြို့မသုဿာန်တွင် မီးသဂြိုဟ်၍ အရိုးပြာအိုးကို မတ်လ(၅)ရက်နေ့တွင် ဂူသွင်းခဲ့ခြင်းဖြစ်သည်။

စျာန်ထူးကို
ဓာတ်ပုံ - မင်းအောင်ရွှေ
#ကွန်ရက်ပေါက်ဖော်

မုံရွာမြို့ ဘုရားနီဖြစ်စဥ်တွင် ကျဆုံးခဲ့သူ(၃)ဦးအား ပို့ဆောင်သဂြိုဟ်မတ်လ(၃ )ရက်က ဖြစ်ပွားခဲ့သော မုံရွာမြို့ ဘုရားနီဖြစ်စ...
06/03/2021

မုံရွာမြို့ ဘုရားနီဖြစ်စဥ်တွင် ကျဆုံးခဲ့သူ(၃)ဦးအား ပို့ဆောင်သဂြိုဟ်

မတ်လ(၃ )ရက်က ဖြစ်ပွားခဲ့သော မုံရွာမြို့ ဘုရားနီဖြစ်စဥ်တွင် ကျဆုံးခဲ့သူ(၉)ဦးထဲမှ (၃)ဦးကို မတ်လ(၅)ရက်နေ့ ညနေပိုင်းက မုံရွာမြို့ မြို့မသုဿန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ကြသည်။


အကြမ်းဖက်ဖြိုခွင်းမှုတွင် ကျဆုံးခဲ့သော အာဇာနည်(၉)ဦးအနက် (၃)ဦးဖြစ်သော မကျော့နန္ဒာအောင် (၂၅)နှစ်၊ ကိုဝေယံ(ခ)ကံချွန် (၂၅)နှစ်နှင့်
ကိုဇော်သိန်း‌အောင် (၂၀)နှစ် တို့ကို ပို့ဆောင်သဂြိုဟ်ခဲ့ကြခြင်းဖြစ်သည်။


စျာန်ထူးကို
Photo: Saw San
#ကွန်ရက်ပေါက်ဖော်

မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မကြယ်စင်ရဲ့ အုတ်ဂူကို အေးရိပ်ငြိမ်သုဿာန်မှာ ဖွင့်ဖောက်ပြီး ရုပ်အလောင်းကိုစစ်ဆေးသွာ...
06/03/2021

မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မကြယ်စင်ရဲ့ အုတ်ဂူကို အေးရိပ်ငြိမ်သုဿာန်မှာ ဖွင့်ဖောက်ပြီး ရုပ်အလောင်းကိုစစ်ဆေးသွားတယ်လို့ ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ နံနက်ခင်းပိုင်းမှာ အုတ်ဂူနားမှာ စစ်ဆေးပြီး စွန့်ပစ်သွားတဲ့ လက်အိတ်ကစလို့ အသုံးအဆောင်အချို့တွေ့ရတာတွေ ဖြစ်ပါတယ်။

K မန်း
#ကွန်ရက်ပေါက်ဖော်

မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆက်လက်ချီတက်ရာ ချင်းတွင်းမြစ်အနောက်ဖက်မှ ဒေသခံများ လာ‌ရောက် ...
05/03/2021

မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆက်လက်ချီတက်ရာ ချင်းတွင်းမြစ်အနောက်ဖက်မှ ဒေသခံများ လာ‌ရောက် ပူးပေါင်းကြောင်း သိရသည်။


စျာန်ထူးကို
Photo: Thanlar Thaung

#ကွန်ရက်ပေါက်ဖော်

မန္တလေးမြို့ပေါ် တက္ကသိုလ်၊ ကောလိပ် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ သပိတ်စစ်ကြောင်း။၅-၃-၂၀၂၁Yu Yu Hlaing #ကွန်ရက်ပေါက်ဖော...
05/03/2021

မန္တလေးမြို့ပေါ် တက္ကသိုလ်၊ ကောလိပ် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ၏ သပိတ်စစ်ကြောင်း။
၅-၃-၂၀၂၁

Yu Yu Hlaing
#ကွန်ရက်ပေါက်ဖော်

Address


Alerts

Be the first to know and let us send you an email when ကွန်ရက်ပေါက်ဖော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကွန်ရက်ပေါက်ဖော်:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

ကွန်ရက်ပေါက်ဖော်

ကွန်ရက်ပေါက်ဖော် သတင်းဌာနသည် မန္တလေးမြို့တွင် အခြေစိုက်ပြီး တရားဝင် မှတ်ပုံတင်ထားသည့် သတင်းဌာန ဖြစ်သည်။ တရုတ်-မြန်မာ ချစ်ကြည်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်စုံ ကဏ္ဍအသီးသီးမှ သတင်း၊ ဆောင်းပါးများကို အောက်ပါ ဝက်ဆိုဒ်၊ လူမှုကွန်ရက်တို့တွင် တင်ဆက်လျက်ရှိပါသည်။

Website : www.PaukPhaw.com

page : www.facebook.com/PaukPhawNews

WeChat Official Account : "PaukPhaw" (ID : pauk-phaw)