နွေဦး-Nway Oo

  • Home
  • နွေဦး-Nway Oo

နွေဦး-Nway Oo နွေဦး အကြောင်းအရာနဲ့ ဟာသများ

09/06/2024
23/05/2024

နွေဦးလေတပ်မတော်

11/05/2024

လေယာဥ်ပစ်ခက်

07/05/2024

အဘ အဘ

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ဟုဆိုရန်ကုန်၊ မေ ၇ ကရင်နီပြည်နယ်တ...
07/05/2024

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ဟုဆို

ရန်ကုန်၊ မေ ၇

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဘောလခဲမြို့နယ်အနီးတွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုခဲ့ပြီး စစ်ကောင်စီ၏ လေတပ်သတင်းရင်းမြစ်ကမူ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်သည် ကရင်နီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဆင်းသက်ရန် ကြိုးပမ်းရင်း ပျက်ကျခဲ့သည်ဟု ပြောဆိုသည်။

"ပစ်ချခံရတာက သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ်မှာ ပါတဲ့ သူ ၁၁ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ရဟတ်ယာဉ်က တစ်ခါတည်းပျက်ကျသွားတာမျိုးမဟုတ်ဘဲနဲ့ ပစ်ခံရပြီး ဆင်းသက်ဖို့ ကြိုးစားရင်း ပျက်ကျတယ်လို့ သိရတယ်။ အပစ်ခံရတဲ့အချိန် ရဟတ်ယာဉ်ထဲမှာ စုစုပေါင်း ၁၈ ဦးရှိနေတယ်။ ကျနော်တို့ သိထားတာကတော့ အပစ်ခံရတာက Mi 17 ရဟတ်ယာဉ်အမျိုးအစားပါ" ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ အပါအဝင် စုစုပေါင်း ၇ စီးကို တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ချခဲ့ပြီးဖြစ်ရာ ယမန်နေ့ ပစ်ချခံရသည့် ရဟတ်ယာဉ်ပါဆိုလျှင် စုစုပေါင်း ပစ်ချနိုင်ခဲ့သော တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၈ စီးရှိလာပြီဖြစ်သည်။

ဓာတ်ပုံ- ယမန်နေ့ ကရင်နီတပ်များက စစ်ရဟတ်ယာဉ်ကို ပစ်ခတ်နေသည့် မြင်ကွင်းနှင့် ပျက်ကျသွားသည့် စစ်ကောင်စီ၏ Mi17 အမျိုးအစား ရဟတ်ယာဉ် တစ်စီး။

06/05/2024

စွပုသားတွေ😅😅😅

အရင်လို့ အားပေးတဲ့ ပရိတ်သက်တွေ မရှိတော့ သလို့ပဲနော် ❤
04/05/2024

အရင်လို့ အားပေးတဲ့ ပရိတ်သက်တွေ မရှိတော့ သလို့ပဲနော် ❤

အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်း ရှေ့မတိုး...
03/05/2024

အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်း ရှေ့မတိုးနိုင်သေး

ဒီးဒို/People's Spring

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အောင်ဇေယျစစ်ကြောင်းသည် အာရှလမ်းမ၌ တိုက်ခိုက်ခံရပြီးနောက် ဒေါနတောင်ပေါ် တောအတွင်းဝင်ရောက်သွားပြီး လက်ရှိတွင် တောနောရေတံခွန်အနီးဝန်းကျင်၌ ရှိနေသည်ဟု အဆို ပါ စစ်မျက်နှာပြင်ရှိ အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

" ထိတွေ့မှုကနေ့တိုင်းရှိတယ်။ အဖွဲ့ကလည်းများတယ်။ နေရာကလည်းကျယ်တော့"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက People's Springသို့ ပြောသည်။

အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာမှုရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ" သူတို့က နေ့တိုင်းတိုးဖို့ ကြိုးစားတယ်။ ဒီနေရာမရရင် နောက်နေရာ အဲ့လိုပဲ။ အဲ့နား(တောနောရေတံခွန်) တစ်ကျောပဲ ရှိသေးတယ်"ဟု ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိခိုက်မှုများပြီး အောင်ဇေယျစစ်ကြောင်းမှ ရရှိသော ရုပ်အလောင်းများတွင် တပ်မ(၅၅)တံဆိပ်များ အများစုတွေ့ရ၍ တပ်မ(၅၅)တစ်ခုလုံး အင်အားသုံးလာခြင်းဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းက အာရှလမ်းမ၌ တင့်ကားများတိုက်ခိုက်ခံရပြီးနောက် တောတွင်းမှ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု အဆိုပါ ရဲဘော်က ဆက်ပြောသည်။

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် နှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရာမှ ယခုအခါ ဒေါနတောင်ပေါ်သို့ ရောက်နေခြင်း ဖြစ်သည်။

အဆိုပါ အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် အင်အား ၅၀၀ကျော်ပါရှိနိုင်ဟု ယူဆရကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ SOG စစ်ကြောင်းမှူး စောအောင်က သုံးသပ်သည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှာ မြေပြင်စစ်ကြောင်းထိုးမှု ထိရောက်စွာမလုပ်နိုင်၍ လေကြောင်းမှ မြဝတီမြို့သို့ အင်အားပို့နေခြင်းဖြစ်သည်ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

(အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များနှင့် ဒေါတောင်ပေါ်၌ တိုက်ပွဲဖြစ်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။ဓာတ်ပုံ - ကောါဘရာစစ်ကြောင်း)

03/05/2024

"တိုင်းပြည်လွတ်မြောက်တဲ့အခါ ဒဏ်ရာကိုယ်စီကိုတက်တူးလိုထိုးပြီး အိမ်ကို အတူတူပြန်ကြမယ် ”

ကိုမင်းကိုနိုင် - ၈၈ မျိုးဆက်

ပြည်သူလှူထားတဲ့ လက်နက်နဲ့ပြည်သူကို မချိန်းခြောက်ပါနဲ့.....
03/05/2024

ပြည်သူလှူထားတဲ့ လက်နက်နဲ့
ပြည်သူကို မချိန်းခြောက်ပါနဲ့.....

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးရန်ကုန်၊ မေ ၂မြန်မာနိုင်ငံတစ်ဝန်း မေလ ၂ ရက်နေ့ ရရှိထားသော အချက်အလက်...
03/05/2024

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံတစ်ဝန်း မေလ ၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

ဘပုရဲ့ ဒုက္ခ 😁😁😁
02/05/2024

ဘပုရဲ့ ဒုက္ခ 😁😁😁

02/05/2024

အောင်ဇေယျ စစ်ကြောင်းကို ဆွမ်းကြီးလောင်းထားတာ😁😁😁

ကျွန်တော်တို့ရဲ့ ဒီ Page လေးဟာ နွေဦးကာလ အကြောင်းအရာများနဲ့ နွေဦးကာလ အတွင်းက ဟာသလေးတွေတင်ဆက်ပေသွားပါ့မယ်ခင်ဗျ😍😍😍
02/05/2024

ကျွန်တော်တို့ရဲ့ ဒီ Page လေးဟာ နွေဦးကာလ အကြောင်းအရာများနဲ့
နွေဦးကာလ အတွင်းက ဟာသလေးတွေတင်ဆက်ပေသွားပါ့မယ်ခင်ဗျ😍😍😍

😁😁😁
02/05/2024

😁😁😁

Address


Website

Alerts

Be the first to know and let us send you an email when နွေဦး-Nway Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share