20/10/2023
စီ အေ တီ ကတ် ကြောင်
===============
ကျနော် မီးလုပ်နေရင်း လုပ်သက်လေးတွေ ရလာတာနဲ့ အမျှ ပိုးတွေက တစ်မျိုးပြီးတစ်မျိုး
မရိုးရအောင် ဝင်လို့လာပါတော့တယ်။
ပထမ ပိုး တုန်းက screw driver ကောင်းကောင်း လေးတွေ လိုချင်တဲ့ ပိုးပါပဲ။
အခုဝင်လာတဲ့ ဒုတိယပိုးကတော့ မီတာလိုလျင်တဲ့ ပိုးပါပဲ ကိုယ့်ဆရာတို့ရေ။ ပုံမှန်ဆိုရင်တော့ ဆရာက သူ့တပည့်တွေကို မီတာတွေ ထုတ် ပေးလေ့ရှိပါတယ်။ ကျနော်ကိုတော့
ခုထိ မီတာထုတ်မပေးသေးပါဘူး။ အာဗျာ
ကိုယ့်ဆရာတို့ကလဲ ကျနော့ဆို သိပ်အထင်
သေးတာပဲ။ ဆရာထုတ်မပေးလို့သာ ကိုယ်
ပိုင်မီတာ မရှိသေးပေမယ့်၊ အလုပ်ထဲမှာ စီနီယာ အကိုတွေရဲ့ မီတာတွေကို ယူကိုင်ပြီး
တိုင်းနေကြပါဗျ ။ ဟင်း ဟင်း ဒီလောက်ဆို
ကိုယ့်ဆရာတို့လဲ ကျနော့ကို အထင်မသေးရဲ
လောက်တော့ဘူးထင်ပါတယ်နော့။
ပိုးက မရတော့ဘူးဗျို့ ။ ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှေ့ သူရှေ့ မှာ မီတာကြီးထုတ်ထုတ်ပြီး ဟိုတိုင်းဒီးတိုင်းလုပ်ရတာ feel သိပ်လာတာပေါ့ဗျာ။ ဒီ feel ကို ကိုယ့်ဆရာတွေက တိုင်းနေကြဆိုတော့ ကျနော့ထက်ပိုသိကြမှာပါဗျာ။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကံကောင်း
ထောက်မစွာနဲ့ စာရေးမချောချော လေးတွေများ ရှိလို့ကတော့ ဘာပြောကောင်းမတုန်း။
အလုပ်မရှိ အလုပ်ရှာပြီး သူတို့နားအားအားရှိ
မီတာပဲ သွားတိုင်းနေကြတော့တာပဲကိုးဗျ။
ရှူ း တိုး တိုးဗျ ။ ကြုံ တုန်းအတင်းတုပ်ရဦးမယ်။ အဲ့လို့တိုင်းတဲ့ အထဲမှာ ကျနော်တို့ရဲ့ စီနီယာ အကိုတွေလဲပါတယ်ဗျ။
ကျနော်ပြောခဲ့သလိုပေါ့ မီတာကိုင်ချင်တဲ့ပိုးက
ဘယ်လိုမှနေလို့မရတော့လို့ ဆရာထုတ်ပေးတဲ့အထိ မစောင့်တော့ပဲ ကိုယ့်ဘာသာကိုယ်
လခထဲကနေ မီတာဝယ်လိုက်ပါရောလား။
တစ်ဖွဲ့လုံးကလဲ digital မီတာကိုင်တော့ ကျနော်ကလဲ digital မီတာ ဝယ်တာပေါ့ဗျာ။
ဟာ ဟ ခုတော့ဘာရမလဲ မီတာနဲ့ ကြွားချင်ရင် သူများမီတာကို အောက်ကျခံပြီး ငှါးစရာ မလိုတော့ဘူး။ ကျနော့ရဲ့ မီတာတစ်ကိုင်ကိုင်
လုပ်နေတဲ့ပုံစံကို ကိုယ့်ဆရာတွေ မြင်မိပြီပေါ့။
မကြာဘူးထင်မယ် မီတာဝယ်ပြီး တစ်ရက်နှစ်
လောက်ပဲရှိဦးမယ်။ စက်ရုံတစ်ရုံမှာ ဆရာနဲ့
အတူတူ အလုပ်လုပ်ဖို့ဖြစ်လာပါတယ်။
လုပ်ကြတဲ့နေရာကတော့ သူတို့အခေါ် power house ပေါ့ဗျာ။ မထူးဆန်းပါဘူး ထရမ်စဖော်မှာ ခြံထဲကလာတဲ့ ပါဝါကို မိန်းတွေ ချိန်းတွေ ATS တွေနဲ့ စက်ရုံထဲကို မီးလွှတ်ပေးတဲ့ ရုံလေးပါ။
ဒါနဲ့လုပ်ကိုင်ပြီးလို့ မီးမလွှတ်ခင် မက်ရိုက်၊
မက်ရိုက်ပြီး မီတာနဲ့ စမ်းမယ်လုပ်တော့၊ ကျနော်က ဘာရမလဲ ကျနော်လဲ မီတာကိုင်နေပြီဆိုတာ ဆရာ့ကို သိစေချင်လို့ ခပ်တည်တည်နဲ့ ဆရာ့ကို ကျနော့်မီတာထုတ်ပေးလိုက်တာပေါ့။
ဆရာက ဟေ့ကောင် ဒါဘာလဲလို့ ကျနော်ကို
မေးပါတယ်။ ကျနော်က ဟာ ဆရာ အဲဒါ ကျနော် ဝယ်ထားတဲ့ မီတာလေ လို့ပြောတော့။
ဆရာက ဟေ့ကောင်ရ မီတာဝယ်ရင် မီတာမှာ
CAT l, CAT ll, CAT lll, CAT lV ဆိုပြီးတော့ပါတယ်ကွ။ ငါတို့လို မီးသမားတွေက
အနည်းဆုံး CAT lll မီတာလောက်တော့ဝယ်ရတယ်။ ခုကြည့်စမ်း မင်းဝယ်ထားတာ CAT l
တဲ့ အဲဒါက V 150 အောက်ပဲ သုံးလို့ကောင်း
တယ်လို့ ဆူပါတယ်။
သွားရောပေါ့ ကိုယ့်ဆရာတို့ရာ မြွေပါလဲဆုံး
သားလဲဆုံး မဟုတ်ဘူး။ ကျနော်က မီတာလဲဆုံး ငွေလဲဆုံးဖြစ်ပြီ။ နောက်နေ့ကျတော့ ဆရာက ကျနော့ကို CAT lll မီတာအသစ်တစ်လုံး ထုတ်ပေးတယ်ပါတယ်။
တော်သေးတာပေါ့ ဗျာ ဆရာထုတ်ပေးတဲ့
ဒီမီတာနဲ့ဆို ကျနော်ဆက်ကြွားလို့ ရသွားပြီ။
MyatMin ThuyaKyaw