04/05/2024
မနေ့က admin နေ့စဉ် ငွေအဝင်အထွက်သုံးနေကြ Krungsri ဘဏ်အကောင့်က ပိတ်ခံထိသွားပါတယ်။
စစချင်းတော့ bank ဘက်က error တက်တာပဲ ထင်လိုက်မိတယ်။ နောက်မနေနိုင်တာနဲ့ account suspended ဖြစ်လို့ Call Center ကိုဖုန်းဆက်မေးကြည့်တော့ သူတို့ ဘာကြောင့်ဆိုတာ သဘက်ခါလောက်ပြန်ဆက်သွယ်ပေးမယ်ပဲ ပြောတယ်။
သဘက်ခါအထိမစောင့်နိုင် မနေနိုင်မထိုင်နိုင်နဲ့ မနက်မိုးလင်း bank ဖွင့်ခဲ့တဲ့ရုံးချုပ်ကိုပဲ သွားပီး ဘာလို့အပိတ်ခံရတာလဲမေးတော့ ရဲစခန်းက တိုင်လို့ပိတ်ခိုင်းတာပါ။ ရဲ case ဖြစ်တဲ့အတွက် သူတို့လိပ်စာ …..ရဲစခန်း (နာမည်) ကိုသွားပေးပါတဲ့။
ရောက်တော့ ကိုယ့် case ကိုကိုင်တဲ့ ပုလိပ်က အပြင်ထွက်သွားလို့ဆိုတာနဲ့ ထိုင်စောင့်။ မရောက်သေးတာနဲ့ ရုံးမှာထိုင်နေတဲ့ ပုလိပ်နဲ့ စကားပြောကြည့်တော့ Bahtငွေလဲတုန်းက ကိုယ့်ဆီ ငွေထည့်တဲ့သူကို တခြားတစ်ယောက်က လိမ်လည်မှုနဲ့ တိုင်ချက်ဖွင့်ထားတာတဲ့။ အဲ့ငွေလွှဲတာကို လက်ခံမိလို့ ကိုယ့်အကောင့်ပါ အပိတ်ခံရတာပေါ့။ (ငွေထည့်သူကို မသိပါ)
ကိုယ့် case ကိုင်တဲ့ ပုလိပ်က သူဒီနေ့ မအားလို့ နောက်နေ့မှ ပြန်လာပါတဲ့ သူ့ဖုန်းနံပါတ်ကိုပေးလိုက်တယ်။ အိမ်ပြန်ရောက်တော့ ဘာလုပ်ရမလဲ စဉ်းစားတယ် အသိဦးလေးတစ်ယောက် company ရဲ့ ရှေ့နေရှိတော့ ရှေ့နေနဲ့ဝင်ရင် ကောင်းမလားဆိုပီး လုပ်သေးတယ်။ ည၉နာရီလောက်ကျတော့ ပုလိပ်က ဖုန်းဆက်လာတယ်။ သူတို့ case ကိုစစ်ပြီးပြီ။ မင်းနဲ့တော့ မဆိုင်ဘူးတဲ့။ ငွေလိမ်သွားတဲ့သူကို ငါတို့အဆက်အသွယ်ရတယ်။ baht 50,000 လိမ်သွားလို့ပေါ့။ မင်းဘဏ်အကောင့် ပြန်ရချင်လား ပြန်ပွင့်ချင်လားပေါ့။ ပြန်ရချင်ရင် တိုင်ချက်ဖွင့်ထားတဲ့သူကို baht 50,000 ပေးလိုက်ဆိုတဲ့ ပုံစံမျိုးပြောတယ်။
Admin ဘဏ်အကောင့်ထဲမှာရှိတဲ့ ငွေမှ baht 12,000 ကျော်ပဲရှိတယ်။ ကိုယ်နဲ့လည်းမဆိုင် ကိုယ်လိမ်တာလည်း မဟုတ်ပဲ ကိုယ်အကောင့်ပြန်ဖွင့်ဖို့အရေး baht 50,000 လည်းပေးရဦးမယ်။ အစကတော့ ညှိဖို့ စဉ်းစားသေးတယ်။ နောက်တော့ ပေးလည်း မပေးနိုင်ဘူး အကောင့်လည်းပိတ်ချင် ပိတ်လိုက်ပါလို့ပဲ ပြောလိုက်တယ်။ကိုယ့်အကောင့်ထဲမှာ ရှိတဲ့ငွေကတော့ အဆုံးပါပဲ။
နောက်တစ်ခုက bank တွေနဲ့ ပုလိပ်တွေ ပေါင်းရိုက်တာလို့ပဲ ထင်ပါတယ်။ bank ဘက်ကိုမေးတော့ ရဲဘက်က တိုင်ချက်ဖွင့်လို့ပါတဲ့။ ပုလိပ်ကိုမေးတော့ bank ဘက်က admin အကောင့်ထဲ Transaction ဝင်ထားလို့ လှမ်းတိုင်ထားတာပါတဲ့။
Baht ငွေလဲတဲ့သူတွေလည်း သတိထားကြပါလို့။
ကိုယ့်ဘက်ကတော့ ငွေလဲလိုက်တာပဲ။ ကိုယ့်ဆီ ပြန်ထည့်လာတဲ့ baht ငွေက သန့်မသန့်။ ဘယ်လမ်းကြောင်းက ဘယ်လို Transaction ကဝင်လာလည်း ကိုယ်လဲ မသိနဲ့ ကြားထဲက မသင်္ကာရင် ဆက်စပ်မိတဲ့ အကောင့်တွေ အခုလိုပိတ်ခံရတတ်ပါတယ်။
BKK ရောက်ပြီဟေ့ဆိုတာနဲ့ bank account တန်းဖွင့်တတ်ကြတော့ admin လို ကြုံရတတ်တာမျိုး sharing လုပ်ပေးတာပါ။ အတတ်နိုင်ဆုံး baht ငွေသားပဲ ကိုင်ထားတာက ပြသာနာ အနည်းဆုံးပါပဲ။