POSH HOMME

POSH HOMME Myanmar Online Magazine
(1)

𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐭𝐲𝐥𝐞 လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ညှို့ဓာတ်ကို ဖော်ပြစေတဲ့....Elegance ဖြစ်အောင် ဆင်ယင်ပေးနိုင်တဲ့.....ဂ...
24/06/2024

𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐭𝐲𝐥𝐞

လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ညှို့ဓာတ်ကို ဖော်ပြစေတဲ့....
Elegance ဖြစ်အောင် ဆင်ယင်ပေးနိုင်တဲ့.....
ဂုဏ်ပုဒ်တစ်ခုကို ဖော်ပြပေးနိုင်တဲ့.....
Power ဖြစ်တဲ့ ဟန်ကို ပေးနိုင်တဲ့.....
....... "𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐭𝐲𝐥𝐞" .......

💚 သေသပ်ကျနစေတဲ့ ဒီဇိုင်း၊
💜 ကျော့ရှင်းစေတဲ့ ကာလာ၊
💙 ဟိတ်ဟန်ရှိစေတဲ့ အသွင်အပြင်တွေနဲ့ ဖန်တီးထားထားတဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ "OLD MONEY FASHION STYLE" လေးနဲ့
မိမိုက်နေကြတဲ့ Model Soe San Aung နဲ့ Devvonne တို့ရဲ့ အမိုက်စားဖက်ရှင်စတိုင်လေးတွေကို ခံစားရင်း 𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐒𝐭𝐲𝐥𝐞 ထဲမှာ စီးမျောကြည့်လိုက်ရအောင်.......

Photographer - Kan Su Ho
Collection - Aunty Pauk ( Old Money Fashion Sytle)
Model -Soe san Aung and Devvonne
Makeup Ye Ye ( Kyaw Y Tun)
Art Director. - Aung Moe Hein and Tiger
videographer- Sai Bhone Myat Htut

လူငယ်ဆိုတာ ဘာပဲလုပ်လုပ်Best - အကောင်းဆုံးတွေကို ဖန်တီးချင်ကြတယ်၊ လုပ်ဆောင်ချင်ကြတယ်၊ တွေးဆကြတယ်၊ တီထွင်ကြတယ်။ ပြီးတော့.....
06/06/2024

လူငယ်ဆိုတာ ဘာပဲလုပ်လုပ်
Best - အကောင်းဆုံးတွေကို ဖန်တီးချင်ကြတယ်၊ လုပ်ဆောင်ချင်ကြတယ်၊ တွေးဆကြတယ်၊ တီထွင်ကြတယ်။
ပြီးတော့..... ကြိုးစားကြတယ်။

is yet to come - မကြာခင် ...... လုပ်ဆောင်ခဲ့တဲ့ အသီးအပွင့်တွေ ခံစားလာရမှာပေါ့

ဒီတစ်ပတ်မှာတော့ POSH Homme ရဲ့
လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်တဲ့ စတိုင်ကိုဖြစ်စေတဲ့ ဝတ်စုံလေးတွေကို ဖန်တီးပုံဖော်ထားပါတယ်။

အကောင်းဆုံး Outfit အဖြစ် ရေပန်းစားလာမယ့် High Cultured ရဲ့ ဝတ်စုံတွေနဲ့အတူ Soe San Aung နဲ့ Kyaw NandaSithu တို့ကလည်း
ပေါ့ပါးသွက်လက်တဲ့ လူငယ်တစ်ယောက်ရဲ့ဟန်ကို ပေါ်လွင်စေပါတယ်။
ဒီလိုဖန်တီးမှုကို Art Director - Tiger Wang နဲ့ Aung Moe Hein တို့က ရိုက်ကူးပုံဖော်ခဲ့ပါတယ်။

မဝေးတော့မယ့် ကာလမှာ အကောင်းဆုံးတွေကို သယ်လာပေးမယ့် POSH Homme ရဲ့ နောက်ထပ် လက်ရာကောင်းတွေကို စောင့်မျှော်ရင်းးးးး

Best is yet to come.....

Photographer - Kan Su Ho
Model - Soe San Aung , Kyaw NandaSithu (Devonne)
Outfit - High Cultured
H&MU - Makeup Ye Ye
Art Director - Tiger Wang / Aung Moe Hein

Happy New year 2024 🍾🎉🎉🎊🎊နှစ်သစ်မှာပျော်ရွင်ကြပါစေ🙏🙏🙏
31/12/2023

Happy New year 2024 🍾🎉🎉🎊🎊
နှစ်သစ်မှာပျော်ရွင်ကြပါစေ🙏🙏🙏

Title “RAPTURE”ပျော်ရွှင်ဖို့၊ သာယာကြည်နူးဖို့နဲ့ ချစ်ခြင်းမေတ္တာတွေမှာ အပေါ်ယံ လွှမ်းခြုံထားမှုတွေ မလိုအပ်ပါဘူး... “RAP...
01/12/2023

Title “RAPTURE”

ပျော်ရွှင်ဖို့၊ သာယာကြည်နူးဖို့နဲ့ ချစ်ခြင်းမေတ္တာတွေမှာ အပေါ်ယံ လွှမ်းခြုံထားမှုတွေ မလိုအပ်ပါဘူး... “RAPTURE”

ဟန်ဆောင်မှုတွေ၊ မနာလိုမှုတွေ၊ ဒေါသတွေ၊ မောဟတွေကို Takeoff လုပ်၊ Naked လုပ်ပြီး ကိုယ်ချစ်တဲ့သူတွေအတွက် ချစ်ခြင်းမေတ္တာတွေ၊ ပျော်ရွှင်မှုတွေ ဖန်းတီးနိုင်တဲ့... “RAPTURE”

ကိုယ်က ဘယ်လိုလူ၊ ကိုယ်က ဘယ်လို Brand ဝတ််တယ်၊ ဘယ်အရောင်မှာ စွဲစွဲမြဲမြဲ ဝတ်တယ်ဆိုတဲအစွဲတွေ ခတ္တခန ချွတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်တစ်ခုကို ထင်ဟပ်ပြမယ့် ... “RAPTURE”

ဒီတစ်ပတ် POSH Homme ကနေ ... “RAPTURE” Fashion Style တစ်ခုကို ဖန်တီးပုံဖော်ပေးလိုက်ပါတယ်။
ချစ်ရတဲ ပရိသတ်တွေ ကြိုက်မယ်လို့ မျှော်လင့်ရင်း ပိုကောင်းတဲ့ ဖက်ရှင်စတိုင်တွေကို ရိုက်ကူးတင်ဆက်နိုင်အောင် ကြိုးစားသွားပါမယ်။

model : Wanna Aye Kyaw
Art director : Thihan Kyaw
Assistant Stylist : Snow Ang
Outfits : Tytenium
Hair & Make up : Ye Ye
Photographer : Min Mon Chan

စိုစွတ်ခြင်းတွေ ကင်းဝေးလို့ မြောက်ပြန်လေ ဝှေ့တိုက်နေတဲ့ ကာလလေးတစ်ခု၊ရောင်စုံပန်းလေးတွေ၊ လိပ်ပြာလေးတွေနဲ့ သာယာအေးမြတဲ့ နေ...
11/11/2023

စိုစွတ်ခြင်းတွေ ကင်းဝေးလို့
မြောက်ပြန်လေ ဝှေ့တိုက်နေတဲ့ ကာလလေးတစ်ခု၊
ရောင်စုံပန်းလေးတွေ၊ လိပ်ပြာလေးတွေနဲ့
သာယာအေးမြတဲ့ နေ့ရက်လေးတွေ၊
အေးမြတဲ့ ဆောင်းအငွေ့အသက်နဲ့အတူ လူငယ်သုံးယောက်ရဲ့ အမိုက်စား ဖက်ရှင်လေးကို ဖန်တီရိုက်ကူးပေးထားပါတယ်။
မိုးအကုန် ဆောင်းအငွေ့အသက်လေးတွေနဲ့ အမိုက်စားဖက်ရှင်အတွက် ဒီဇိုင်နာ - Lal Pian Rual၊
Stylist - လင်းခန့်မောင်တို့ရဲ့ ဖန်တီးမှုတွေနဲ့အတူ လိုက်ဖက်တဲ့ ပြင်ဆင်မှု၊ ရိုက်ချက် အမိုက်စားတွေကို ဒီတစ်ပတ်ရဲ့ POSH Homme ကနေ တင်ဆက်ပေးလိုက်ပါတယ်။
စတိုင်အကျဆုံးနဲ့ အကောင်းဆုံး ဖက်ရှင်ကဏ္ဍတွေကို အမြဲ ဖန်တီးတင်ဆက်သွားမယ့် POSH Homme . . .

STARRING .HAN LYNN .VITAMIN .AUNG MYA ZAN
PHOTOGRAPHER.KANSUGO
BLACK&WHITE
RETOUCH .KANSUHO
MAKE UP HAIR .JESSICA HAN
STYLIST .LWIN KHANT MAUNG
DESIGNER .LAL PIAN RUAL
FLORAL .WHITE FLORAL KANOUT

မပူလွန်း၊ မအေးလွန်းတဲ့ ချည်သားနဲ့ ယက်လုပ်ထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးလုံး အသုံးပြုကြတဲ့ မြန်မာ့ ချည်စောင်။ နေ...
27/10/2023

မပူလွန်း၊ မအေးလွန်းတဲ့ ချည်သားနဲ့ ယက်လုပ်ထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးလုံး အသုံးပြုကြတဲ့ မြန်မာ့ ချည်စောင်။

နေ့စဥ် ဘဝမှာ ပူအိုက်ခြင်းမရှိ သက်​​တောင့်သက်သာရှိကာ ရိုးရှင်းပြီး ​အထာကျ​တဲ့ ဝတ်စုံအဖြစ် popart ​အ​​ရောင်​​လေးနဲ့ မြန်မာ့ချည်စောင်ကို ဖန်တီးထားတဲ့ ဒီဇိုင်နာ hearthom ရဲ့ လက်ရာ။

ရှေးဆန်တဲ့ ရွှေ Accessories တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အမိုက်စား Fashion Set အဖြစ် ဖန်တီး ရိုက်ကူးထားပါတယ်။

ဒီတစ်ခေါက် POSH ရဲ့ ပရိသတ်တွေအတွက် ပွဲလမ်းသဘင်ကို သွားခွင့်မရဘဲ ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ "MOOD" ကို ပုံဖော်ဖန်တီးထားပါတယ်။

ကြိုက်နှစ်သက်လိမ့်မယ်လို့ ယူဆရင်း နောက်များမှာလည်း POSH ကနေ ဖက်ရှင် အမိုက်စား လက်ရာဆန်းတွေကို အကောင်းဆုံး တင်ဆက်ပေးသွားပါမယ်။

Title : NOWHERE

Credits :

Model : Min Thu Kyaw
Makeup & Hair : Win Lavi
Stylist : Day
Styling assistant - Winne Peach
Fashion Designer : Heart Hom
Photography assistant : Min Thein Khant
Photographer : Zicky Le
Video Grapher : Lynn Khant Aung ( Kapri Kun )
Editor in Chief : Austin Thein
Article Writer : Myat Su Lwin




-blanket

-homme

23/10/2023

" Nooo...where...
ပြင်ဆင်ပြီးမှ ဘယ်မှ မသွားရတဲ့အခါ ...

တစ်ခုခုစီစဉ်ပြီးမှ ဘာမှ ဖြစ်မလာတဲ့အခါ ...

ခံစားချက်တွေက လေဟာပြင်ထဲမှာ လွင့်မျောနေတယ် . . ."

ဒီလိုခံစားချက်ကို ပေါ်လွှင်အောင် ရိုက်ကူးထားတဲ့ POSH Homme ရဲ့ ရိုက်ချက်။

မြန်မာ့အငွေ့ အသက်ကို ခံစားပုံဖော်ထားတဲ့ Culture Context ပါတဲ့ ဖက်ရှင်စတိုင်တစ်ခုကို Story ဆန်စွာ ရိုက်ကူးထားပါတယ်။

Title : NOWHERE

Credits :

Model : Min Thu Kyaw
Makeup & Hair : Win Lavi
Stylist : Day
Styling assistant - Winne Peach
Fashion Designer : Heart Hom
Photography assistant : Min Thein Khant
Photographer : Zicky Le
Video Grapher : Lynn Khant Aung ( Kapri Kun )
Editor in Chief : Austin Thein
Article Writer : Myat Su Lwin




ဖက်ရှင်ရသကိုပေးစွမ်းတဲ့ "A Taste of Thai" ကျစ်လျစ်တဲ့ ကြွက်သား၊ တောင့်တင်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို လျစ်ဟဖော်ပြတတ်တဲ့...
02/10/2023

ဖက်ရှင်ရသကိုပေးစွမ်းတဲ့ "A Taste of Thai"

ကျစ်လျစ်တဲ့ ကြွက်သား၊ တောင့်တင်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို လျစ်ဟဖော်ပြတတ်တဲ့ ထိုင်းအမျိုးသားတွေရဲ့ ယဥ်ကျေးမှုဟာ မျက်မှောက်ခေတ်မှာလည်း အမိုက်စား ဖက်ရှင် စတိုင်တစ်ခုအဖြစ် တည်ရှိလို့နေပါတယ်။ 🧍🏻🧍🏻‍♂️🧍🏻‍♀️

ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ Modernist ဖြစ်တဲ့ Fashion Trend အဖြစ် ထိုင်းအမျိုးသား ဖက်ရှင်ဟာ ဖက်ရှင်လောကမှာ ဝင်ဆံ့နိုင်တဲ့အထိ အောင်မြင်လို့နေပါတယ်။

ဒီတစ်ပတ် POSH HOMME မှာတော့ ထိုင်းမော်ဒယ်လ်တွေနဲ့အတူ နာမည်ကြီး Fashion Brand များနဲ့ထိုင်းလူငယ် တစ်ယောက်ရဲ့ ဟန်ပန်ကို ပေါ်လွင်စေတဲ့ ဖက်ရှင်များအဖြစ် ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

စာဖတ်သူတွေရော A Taste of Thai Fashion ကဏ္ဍမှာ ဘယ်ဖက်ရှင်စတိုင်ကို သဘောကျလဲ ဆိုတာလေး ဖြေပေးခဲ့ပါဦးနော် 😉🤩.....

POSH HOMME ရဲ့ A Taste of Thai အတွင် အတူပါဝင်အားဖြည့်ပေးကြသးတွေကတော့ .....

Photographer : Narin Yun
Creative Director/Stylist : Termsit Siriphanich
Model : Taihua, Max, Evan, Tomi &PRESTON MODELS BANGKOK
Makeup : Napak Ganjanakulnon
Hair : Theerakarn Best
Clothes :
th
brand
Editor in Chief : Austin Thein
Photo Assistants : Nol Kerdsup , Peerakran Numnoke
Location

စိမ်းစိုတဲ့ တောတောင်တွေကြားက တသွင်သွင်စီးဆင်းနေတဲ့ စိမ်းညို့တဲ့ ရေအလျင် . . . ညို့အားပြင်းသူရဲ့ မျက်ဝန်းအကြည့်တွေကြားမှာ...
27/09/2023

စိမ်းစိုတဲ့ တောတောင်တွေကြားက
တသွင်သွင်စီးဆင်းနေတဲ့
စိမ်းညို့တဲ့ ရေအလျင် . . .

ညို့အားပြင်းသူရဲ့ မျက်ဝန်းအကြည့်တွေကြားမှာ
လှုပ်ရှားရိုက်ခတ်သွားတဲ့ ရင်ခုန်သံ တဖျတ်ဖျတ် . . .

ရေအလျင် စီးသံနဲ့အတူ ရင်ခုန်သံများ စီးမျောခြင်း ...

F. L. U. E. R. E ဆိုတဲ့ စီးမျောခြင်းထဲမှာတော့ မော်ဒယ်လ် ကျော်ထက်ဇော်နဲ့အတူ POSH ရဲ့ အဖွဲ့သားများ ခံစားစီးမျောရင်း ရိုက်ကူးပုံဖော်ထားပါတယ်။

စာဖတ်သူတွေအတွက် အကောင်းဆုံး ရိုက်ကူးတင်ဆက်သွားမယ့် POSH HOMME

CREDITS :
F.L.U.E.R.E
Model - Kyaw Htet Zaw (Actor)
Designer - Peter Kyaw ( London )
Photographer - Aung Ye Lin ( SHANE Photography )
HMU - Omega Mee Mee
Stylist - Herry Ender
Videographer - Than Tun Aung & Crews
Set Arranged by Aung Moe Hein
Editor In Chief - Austin Thein
Article Writer - Myat Su Lwin

20/09/2023

To . . . . . F l o w . . . . .
F. . L. . U .. E .. R. . E......
စီး . . . မျော . . . ခြင်း . . . .

ရေတွေထဲမှာ စီးမျောမယ်....
သစ်ရွက်တွေကြား စီးမျောမယ်....
လေပြည်​တွေနဲ့အတူ စီးမျောမယ်....

POSH HOMME ရဲ့ ဖက်ရှင်တွေနဲ့အတူ စီးမျောဖို့ ဒီတစ်ပတ်မှာတော့ မော်ဒယ်လ် ကျော်ထက်ဇော်နဲ့ ကျောက်ဆည်၊ ဆင်ခေါင်းတောင်မှာ ရိုက်ကူးခဲ့ပါတယ်။

Art Director Aung Moe Hein, Dress Desinger Peter Kyaw, Stylist - Herry Ender, Photographer - Aung Ye Lin နဲ့ Videographer - Than Tun Aung Hair and makeup Omega MeeMee တို့ရဲ့ ဖန်တီးမှုတွေထဲ စီးမျော ခံစားရင်း ဒီထက်... ဒီထက် ဖန်တီးမှု လက်ရာကောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Posh Homme ပရိသတ်တို့ရော ဗီဒီယိုလေးကိုကြည့်ပြီး မော်ဒယ်လ် ကျော်ထက်ဇော်ရဲ့ စီးမျောခြင်းကြားထဲအတူ ခံစားမိရဲ့လားဆိုတာလေး မန့်ပေးခဲ့ပါဦးနော်





Coming soon .. A new fresh start with fresh ideas and fresh perspectives ..
23/08/2023

Coming soon .. A new fresh start with fresh ideas and fresh perspectives ..

14/05/2023

ဒီနေ့မှစ POSH HOMME ကို ရက်အကန့်သတ်မရှိရပ်နားသွားမည်ဖြစ်ကြောင်း .. Will update on the republish date after 2023 .. Thanks 🙏 so much for supporting !!

Met Gala 2023 Red Carpet: See Every Celebrity Look, Outfit, and Dressနယူးယောက်မြို့ Metropolitan Museum of Art မှာ ယနေ့ ...
02/05/2023

Met Gala 2023 Red Carpet: See Every Celebrity Look, Outfit, and Dress

နယူးယောက်မြို့ Metropolitan Museum of Art မှာ ယနေ့ ကျင်းပပြုလုပ်တဲ့ 2023 ခုနှစ်ရဲ့ Met Gala Theme ကတော့ ဖက်ရှင်ကမ္ဘာရပ်ဝန်းမှာ အံ့မခန်း ဖန်တီးမှုတွေ အထုအထည်နဲ့ ချပြချန်လှပ်ထားခဲ့ပြီး ကျွန်တော်တို့ အားလုံးကို နှုတ်ဆက်ခွဲခွါသွားပြီဖြစ်တဲ့ ထိပ်ဆုံးက Designer: Karl Lagerfeld ကို ဂုဏ်ပြုဦးညွှတ်တဲ့ ရည်ညွှန်းချက်ခေါင်းစဉ် “Karl Lagerfeld: A Line of Beauty” ပဲ ဖြစ်ပါတယ်..

Chanel, Fendi နဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တွေကို ဦးဆောင်ပေးခဲ့သူ Karl Lagerfeld ရဲ့ Theme ဆိုတဲ့အတိုင်း ကော်ဇောနီထက် အများဆုံး တွေ့ရတာတွေကတော့ Chanel ရဲ့ Tweeds ထည်တွေ၊ အဖြူ-အမဲ ဝတ်စုံတွေ၊ ကမာပုလဲ ပင်လယ်ရတနာတွေ၊ Glamour ဖြစ်မှု၊ မိန်းမသားဆန်မှုတွေနဲ့ ကျော့ရှင်းမှု ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အတိုင်းသား တွေ့မြင်ရတာပါပဲ..

ဒါတင်မက ထူးထုးခြားခြား အနေနဲ့ Jared Leto, Doja Cat နဲ့ LilNasX တို့ကတော့ ဒီဇိုင်နာကြီးရဲ့ အချစ်ရဆုံး မျက်လုံးပြာပြာနဲ့ ကြောင်ဖြူလေး အဖြစ် ပုံပြောင်းရင်း ပွဲတက်လာကြလေရဲ့..

Met Gala 2023 Red Carpet ဆီက အကောင်းဆုံး Celebrities Looks တွေကို တင်ဆက်ပေးလိုက်ပါတယ်..

Exclusive Interview with Hair & Makeup Artist: Ye Ye 1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ..လက်ရှိမှာကတော့ wedding makeup တွေ၊...
22/04/2023

Exclusive Interview with Hair & Makeup Artist: Ye Ye


1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ..
လက်ရှိမှာကတော့ wedding makeup တွေ၊ commercial shooting အတွက် makeup တွေ ဖန်တီး လိမ်းခြယ်ပေးနေပါတယ်။

2. POSH Homme နဲ့ Cover Editorial ရိုက်ကူးမှုအပေါ် ခံစားချက်လေး ပြောပြပေးပါအုံး..
Posh Homme နဲ့ cover editorial shoot ဖန်တီးရတော့အရမ်းပျော်တာပေါ့နော် team work ကောင်းကောင်း နဲ့ ဖန်တီးရတာရော ပြီးတော့ editorial shoot တွေ မဖန်တီးဖြစ်တာကြာတော့ ပိုပျော်ပါတယ်။

3. ဒီ Editorial Shoot မှာ လိမ်းပေးထားတဲ့ ပုံစံလေး ပြောပြပေးပါလား..
ဒီ editorial shoot မှာ model Mon Htoi Aung ကို မှ ခပ်မိုက်မိုက် menmake လေး ကို art director ကိုသီဟန် ပေးတဲ့ ref အတိုင်း inspired လုပ်ပီး ဖန်တီးပေးထားပါတယ်။

4. လက်ရှိ Main Stream မှာ ခေတ်စားနေတဲ့ Hair & Makeup Trends တွေကို ဘယ်လိုမျိုး လေ့လာဖြစ်လဲ..
Main stream မှာခေတ်စားနေတဲ့ Hair & Makeup Trends တွေကိုတော့ Fashion web တွေ YouTube , Instagram ပြီးတော့ seasonal အလိုက် Fashion Show တွေ ကို Online ကနေ လေ့လာဖြစ်ပါတယ်။ ရဲ oversea သွားတဲ့အချိန်ဆိုလည်း Fashion Magazine တွေကနေလည်း ကြည့်ရှူ့လေ့လာဖြစ်ပါတယ်။

5. Editorial နဲ့ Bridal Makeup မှာ ဘယ်လိုမျိုး ကွဲပြားမှုတွေရှိလဲ ပြီးတော့ ဘယ်ဘက်ပိုင်းကို ပိုကြိုက်တယ်လို့ ပြောလို့ရနိုင်လား..
Editorial & Bridal makeups မှာတော့ ကွာခြားချက်တွေ ရှိပါတယ်။
Bridal မှာကျ traditional ဆို traditional အရ လိုက်ဖက်အောင် ဖန်တီးရပြီး clients နဲ့လိုက်ဖက်မယ့် အပြင်အဆင် ဝတ်ဆင်မယ့် bridal dress နဲ့ လိုက်ဖက်မယ့် bridal hair & makeups ကို ဖန်တီးရတာပေါ့။
Editorial shoot တွေ အတွက်ကျ trend & fashion အပေါ် မူတည်ပြီးရော Theme & concept ပေါ် မူတည်ပြီး ဖန်တီးရပါတယ် စိတ်ကြိုက် creation တွေလုပ်ပြီး လွတ်လပ်စွာ ဖန်တီးခွင့်တွေ ရနိုင်တာပေါ့နော်။

6. လက်တလော လိမ်းပေးဖြစ်နေတဲ့ Makeup Looks က ဘယ်လိုမျိုးလဲ..
လတ်တလောတော့ makeup looks တွေ အများကြီးပဲလိမ်းဖြစ်ပါတယ် glow , glam , Matt & smoky eye look တွေ စသဖြင့်ပေါ့။

7. အကြိုက်ဆုံး Products လေးတွေကို အားလုံးသိရအောင် ဝေမျှပေးပါအုံး..
အကြိုက်ဆုံး products တွေ ကတော့ တစ်ခုချင်းစီပြောရမယ်ဆိုအများကြီးပါပဲ luxury cosmetics တွေမှ မဟုတ်ပါဘူး professional artist တွေအတွက် အသုံးဝင်တဲ့ cosmetics တွေဟူသမျှ ကြိုက်တော့ အများကြီးပေါ့နော်။

8. Makeup Artist အပြင် အခြားရော ဘယ်လိုမျိုးတွေကို စိတ်ဝင်စားလဲ..
Makeup Artist အပြင် စိတ်ဝင်စားတာကတော့ Fashion ပါပဲ Fashion Designer တော့ မဟုတ်ပေမယ့် Fashion နဲ့ ပတ်သက်တာတွေ ဟူသမျှ ဝါသနာပါ ပါတယ်ဗျ။

9. Makeup ပညာအပေါ် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘယ်လိုမျိုး အကြံပြုချင်လဲ
Makeup ပညာအပေါ် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပြောချင်တာလေးတွေက ဒီခေတ်မှာက လွယ်လွယ် လေ့လာလို့ ရလာပြီ၊ ကိုယ်ဖန်တီးမှုကိုလည်း social media တွေကနေ လွယ်လွယ် ချပြနိုင်လာတယ်။ လေ့လာပါ ကြိုးစားပါ ပြီးတော့ ကိုယ်ဝါသနာပါတယ်ဆိုတဲ့ အလုပ်ကို ချစ်မြတ်နိုး တန်ဖိုးထားပါ makeup artist တစ်ယောက် အဖြစ် ရပ်တည်မယ်ဆိုလည်း အကောင်းဆုံး လေ့လာဖန်တီးမှုတွေနဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ တိုက်တွန်းပါတယ်။

10. ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး..

ရဲကတော့ Clients တွေအတွက် အကောင်းဆုံးတွေပဲ ဖန်တီးပေးနိုင်အောင် အမြဲကြိုးစားနေပါတယ်ဗျာ။

“To lust is human but To love is divine”နွေနေခြည်တွေနဲ့အတူ POSH HOMME ပရိသတ်တွေရဲ့ ရင်ထဲကို ခပ်ပြင်းပြင်း ရင်ဖိုမှု မုန်...
07/04/2023

“To lust is human but To love is divine”

နွေနေခြည်တွေနဲ့အတူ POSH HOMME ပရိသတ်တွေရဲ့ ရင်ထဲကို ခပ်ပြင်းပြင်း ရင်ဖိုမှု မုန်တိုင်းတစ်ခု တိုက်ခက်စေလိုက်မိရင် စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့…

Actor/ Model - Mung Htoi Aung ကို သိပ်သိပ် Hot လွန်းတဲ့ A seductive Rabbit အဖြစ်နဲ့ ခံစားတွေ့မြင်ရဖို့ စီစဉ်ဖန်တီးပေးလိုက်တယ်နော်…

Photographer: Shane Photography
က ထိမိတဲ့ အလင်း အမှောင် ကစားချက်တွေနဲ့ အကောင်းဆုံး ပုံဖမ်းပေးထားပြီး Art Director: Thihan Kyaw ရဲ့ Direction တွေကတော့ အပြည့်စုံဆုံးဆိုတဲ့ meaning ကို ဖော်ဆောင်နေသလို Hair & Makeup Artis: Ye Ye ရဲ့ ပြင်ဆင်မှုတွေကလဲ လိုက်ဖက်မှု အရှိဆုံး ကဏ္ဍကနေ ရပ်တည်ပေးထားပါတယ်…

Mung Htoi Aung ရဲ့ Big Fans တွေရော POSH HOMME ရဲ့ ပရိသတ်တွေပါ ခံစားသက်ဝင်နိုင်စေဖို့ ရင်ဖိုဖို Editorial Set လေးကို ချပြပေးလိုက်ပြီနော်…

Talent : Mung Htoi Aung
Photographer : Shane Photography
Art Director : Thihan Kyaw
H&M Artist : Ye Ye
Editor In Chief : Austin Thein

ဒီတစ်ခေါက်တော့ POSH HOMME ပရိသတ်တွေကို Unique & Youthful Vibes တွေ inspired ဖြစ်စေမယ့် Editorial Set လေးတစ်ခု ချပြပေးချင...
27/03/2023

ဒီတစ်ခေါက်တော့ POSH HOMME ပရိသတ်တွေကို Unique & Youthful Vibes တွေ inspired ဖြစ်စေမယ့် Editorial Set လေးတစ်ခု ချပြပေးချင်မိပါရဲ့..

ဗီယက်နမ်နိုင်ငံမှ ပညာရှင်တွေ ဖန်တီးထားတဲ့ ဒီ Editorial Set လေးမှာဆိုရင် ယနေ့ခေတ် လူငယ်တွေ အနေနဲ့ Inspiration ကွန့်မြူးလို့ အကောင်းဆုံး ဖြစ်စေမယ့် ဆင်ယင်မှုမျိုးကို မီးမှောင်းထိုးလို့ အသားပေး တင်ဆက်ထားတာပါ..

ကဲ… POSH Homme ရဲ့ ပရိသတ်တွေရော ခံစားစီးမျောနိုင်စေဖို့ Editorial Set လေးကိုလည်း တင်ဆက်ပေးလိုက်ပါပြီနော်…

Production: 267 STUDO
Creative Director: JINHOON
Photo: PETER
Stylist: MAS
Fashion Editor: THIEN KHIEM
Makeup and Hair: THU LE
Lighting: SANG TRAN
Model: HOANG PHAT ( MADEINVIETNAMMODELS )
Fashion: JINBYJIN
Editor In Chief: Austin Thein

Exclusive Interview with Photo Retouch: Nyi Nyi Hla Baw (Love Space)1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ… လက်ရှိမှာတော့ ရိုက်...
21/03/2023

Exclusive Interview with Photo Retouch: Nyi Nyi Hla Baw (Love Space)

1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ…

လက်ရှိမှာတော့ ရိုက်ပြီး သွားတဲ့ commercial နဲ့ editorial photo တွေကို retouch လုပ်နေပါတယ်ဗျ ။

2. POSH Homme နဲ့ Cover Editorial ရိုက်ကူးမှုအပေါ် ခံစားချက်လေး ပြောပြပေးပါအုံး..

POSH Homme အတွက် cover editorial ကဏ္ဏမှာ ပါဝင်လုပ်ဆောင် ခွင့်ရတဲ့ အတွက် ပျော်ပါတယ်ခဗျ ။ ကျွန်တော်ကိုယ် တိုင်ကလဲ Editorial တွေ ဖန်တီးရတာ ဝါသနာ ပါတဲ့သူမို့လို့ပါဗျ။

3. ဒီ Cover Editorial Shoot မှာ ဘယ်လို ပုံစံမျိုး Photo Retouching လုပ်ပေးထားလဲဆိုတာလေး ပြောပြပေးပါလား..

ဒီ Cover editorial အတွက် Retouch လုပ်ပေးထားတဲ့ပုံစံလေးကတော့ stylist ရဲ့ idea အတိုင်း warm tone လေးကိုမှ fade and bold ဖက်ရောက်တဲ့ပုံစံမျိုးလေး လုပ်ပေးဖြစ်တယ်ဗျ။

4. Editorial Shoot နဲ့ Commercial Shoot တို့ရဲ့ Retouching ပိုင်းမှာ ဘယ်လိုမျိုး ကွဲပြားမှုတွေရှိလဲ ပြီးတော့ ဘယ်ဘက်ပိုင်းကို ပိုကြိုက်တယ်လို့ ပြောလို့ရနိုင်လား…

Editorial နဲ့ commercial နှစ်ခုမှာ retouch အပိုင်းကပြောရရင် technique ကတော့ အတူတူပါပဲဗျ။ ဒါပေမဲ့ commercial ကျတော့ beauty ပိုင်းကို ပို ဦးစားပေးပြီး perfect ဖြစ်အောင် လုပ်ရတယ်ဗျ။ Editorial ကျတော့ နဲနဲ freedom ဖြစ်တဲ့သဘောရှိတယ်ဗျ။ ကိုယ့်စိတ်ထဲရှိတဲ့ပုံစံမျိုး ပိုလုပ်လို့ရတယ်။ ဘယ်ဟာပိုကြိုက်လဲလို့မေးရင်တော့ နှစ်မျိုးစလုံးအားစိုက်ထုတ်ရတာချင်းတူပေမဲ့ Editorial တွေလုပ်ရတာတော့ပိုပျော်တယ်ခဗျ။

5. လက်တလော ချပြချင်တဲ့ ပုံစံမျိုး၊ Concept မျိုး ရှိရင် ပြောပြပေးပါလား..

လက်တလောချပြချင်တဲ့ပုံစံမျိုးဆိုရင်တော့ .. အခုတလော ကျွန်တော် သဘောကျနေတဲ့ ပုံစံလေးတွေရှိတယ်ဗျ .. Flim effect လေးတွေပေါ့ .. ၁၉၉၀ လောက်ကပုံစံလေးတွေ .. Digital တွေခေတ်မစားခင်ကာလလောက်က ဖက်ရှင်လေးတွေကို flim effect လေးတွေနဲ့ပုံလေးတွေ ဖန်တီးချင်ပါတယ်ဗျ။

6. Photo Retouching & Editing ပညာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တာလား…

ပြောရရင်တော့ ငယ်ငယ်က စိတ်ဝင်စားခဲ့တာက တခြား ပညာရပ် တစ်ခုပါဗျ။ Photo retouching ကတော့ ကျွန်တော် လုပ်နေရင်းနဲ့မှ ( လုပ်ကြည့်ရင်းနဲ့မှ ) ဝါသနာ ပါသွားတာပါ။

7. Photo Retouching & Editing အပြင် အခြားရော ဘယ်လိုမျိုးတွေကို စိတ်ဝင်စားလဲ…

Retouch ပညာအပြင် တခြား စိတ်ဝင်စားတဲ့ပညာရပ် ဆိုရင်တော့ Directing ပညာရပ်ပါဗျ။

8. ကိုယ်လေးစားအားကျရတဲ့ ပြည်တွင်း၊ ပြည်ပက Photographer ဆိုရင် ဘယ်သူဖြစ်မလဲ…

ပြည်တွင်း ပြည်ပက Photographer တော်တော် များများ လေ့လာဖြစ်ပါတယ်ဗျ။ တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေ အားသာချက်တွေ မတူဘဲ ကိုယ့်ပုံစံနဲ့ကိုယ် ရှိကြတာမို့လို့ တစ်ယောက်တစ်မျိုးစီ လေးစားသဘောကျပါတယ်ဗျ။

9. Photography & Retouching ပညာရပ်အပေါ် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘယ်လိုမျိုး အကြံပြုချင်လဲ..

Photography and Retouching ပညာကို စိတ်ဝင်စားတဲ့ဘယ်သူမဆို စိတ်ဝင်စားပြီး ဖြစ်ချင်တယ်ဆို မဖြစ်ဖြစ်အောင် လုပ်ဖို့ တိုက်တွန်း ချင်ပါတယ်ဗျ ။ နောက်ပိုင်း နည်းပညာတွေကလဲ တိုးတက်လာပြီး သင်ယူစရာတွေကလဲ များလာတော့ အခွင့် အလမ်းတွေလဲ အရမ်းကိုများလာပြီမို့လို့ စိတ်ဝင်စားရင်သေချာလေ့လာပြီး အောင်မြင်အောင် လုပ်ကြပါလို့ …

10. ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး..

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြီးပြည့်စုံကြပါစေဗျာ။

Exclusive Interview with Hair & Makeup Artist: Jessica Han 1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ..အခုရက်ပိုင်းလေးတွေမှာတော့ co...
20/03/2023

Exclusive Interview with Hair & Makeup Artist: Jessica Han


1. လက်ရှိမှာ ဘာတွေ လုပ်ဖြစ်နေလဲ..
အခုရက်ပိုင်းလေးတွေမှာတော့ commercial ရူတင်တွေ၊ wedding ပွဲတွေ အတွက် makeup ဝန်ဆောင်မှုအဓိက လုပ်ဖြစ်ပါတယ်

2. POSH Homme နဲ့ Cover Editorial ရိုက်ကူးမှုအပေါ် ခံစားချက်လေး ပြောပြပေးပါအုံး..
POSH HOMME နဲ့ Cover editorial ရိုက်ကူးရတဲ့ ခံစားချက်ကတော့ အရမ်းကို ရင်ခုန်ရပါတယ် .. POSH က ဖန်တီးတဲ့ Cover တွေက အရမ်းကို creative ဆန်တော့ စီကာ ကိုယ်တိုင်ကလဲ အဲလို creative လုပ်ရတာလေးတွေ သဘောကျတော့ အရမ်းကို ရင်ခုန်ရပါတယ်

3. ဒီ Editorial Shoot မှာ လိမ်းပေးထားတဲ့ ပုံစံလေး ပြောပြပေးပါလား..
ဒီ cover editorial shoot မှာ စီကာ လိမ်းပေးဖြစ်တဲ့ ပုံစံလေးကတော့ stylist လိုချင်တဲ့ ပုံစံလေးဖြစ်တဲ့ skin texture အသားပေးပြီး natural အရမ်း ဆန်တဲ့ look လေးကိုမှ ဆံပင်တွေကို high fashion creation ပုံစံ အမျိုးစုံ လုပ်ပေးထားပါတယ်

4. လက်ရှိ Main Stream မှာ ခေတ်စားနေတဲ့ Hair & Makeup Trends တွေကို ဘယ်လိုမျိုး လေ့လာဖြစ်လဲ…

၁နှစ်နဲ့၁နှစ် မတူညီတဲ့ ခေတ်ရေစီးကြောင်းကို အမှီလိုက်ဖို့ ၁နှစ်၁ခါလောက်တော့ oversea မှာ make up သင်တန်းလေးတွေ လေ့လာဖြစ်ပါတယ် social media တွေ ကျယ်ပြန့်လာတဲ့အတွက်လဲ လေ့လာစရာတွေ ပိုများလာတာပေါ့

5. Editorial နဲ့ Bridal Makeup မှာ ဘယ်လိုမျိုး ကွဲပြားမှုတွေရှိလဲ ပြီးတော့ ဘယ်ဘက်ပိုင်းကို ပိုကြိုက်တယ်လို့ ပြောလို့ရနိုင်လား…
Editorial နဲ့ Bridal makeup က ကွဲပြားပါတယ် Editorial makeup look တွေက လိုချင်တဲ့ team ၁ခုလုံးရဲ့ လိုအပ်ချက်အတိုင်း ရောက်ရှိဖို့ ထိထိမိမိ makeup စွမ်းဆောင်ရည်ကို ပြရတာပေါ့နော်
Bridal makeup looks လေးတွေကတော့ ပွဲအပ်တဲ့သတိုးသမီးလေးရဲ့ ဝတ်စုံနဲ့ သတိုးသမီးလေး လိုချင်တဲ့ပုံလေးအတိုင်း မိတ်ကပ်ဆရာရဲ့အတွေးအမြင်လေးနဲ့ ပေါင်းစပ်ရတာပါ

6. လက်တလော လိမ်းပေးဖြစ်နေတဲ့ Makeup Looks က ဘယ်လိုမျိုးလဲ…
လက်တလော လိမ်းပေးဖြစ်တဲ့ makeup looks ရယ်လို့ ၁ခုတည်း သီးသန့်ဆိုပီးတော့ အမြဲမလိမ်းဖြစ်ဘူးပေါ့နော် အခြေနေ အချိန်အခါပေါ် မူတည်ပြီး ပြီးပြည့်စုံတဲ့ makeup looks လေးတွေ လိမ်းပေးဖြစ်ပါတယ်

7. အကြိုက်ဆုံး Products လေးတွေကို အားလုံးသိရအောင် ဝေမျှပေးပါအုံး…
အကြိုက်ဆုံး products လေးတွေကတော့
_Dior
_Tom Ford
_Chanel
_YSL
_Hourglass
စတဲ့ cosmetics brand တွေပေါ့ အခြား brand တွေ အများကြီးရှိပါသေးတယ် အခုပြောထားတဲ့ brand လေးတွေကတော့ မြန်မာနိုင်ငံစျေးကွက်ထဲ ဝယ်ယူလို့ရတယ်ပေါ့နော်

8. Makeup Artist အပြင် အခြားရော ဘယ်လိုမျိုးတွေကို စိတ်ဝင်စားလဲ…
Makeup artist အပြင် အခြားစီးပွါးရေးတွေ လုပ်ဖို့တော့ရှိပါတယ် ဝါသနာက ကတာတို့ သီချင်းဆိုတာတို့ပေါ့

9. Makeup ပညာအပေါ် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘယ်လိုမျိုး အကြံပြုချင်လဲ…
စီကာရဲ့ငယ်ငယ်က အိပ်မက်လဲ makeup artist 1ယောက်ဖြစ်ချင်တာပါ မိသားစုနဲ့ အတိုက်အခံလုပ်ပီး ကြိုးစားရုန်းကန်ခဲ့ရတယ် တချို့အချိန်တွေမှာ ခက်ခက်ခဲခဲ ငိုရတဲ့အထိ ဒီအလုပ်ပေါ် ချစ်မြတ်နိုးခဲ့တာပါပဲ၊ ဒီပညာကို ဝါသနာပါတယ် ချစ်မြတ်နိုးတယ်ဆို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့ အမြဲတမ်းကြိုးစားပါ အိပ်မက်တွေဟာ တကယ်ဖြစ်လာတတ်ပါတယ်

10. ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး…

စီကာ ကံကောင်းတယ်ပေါ့နော် လက်တွဲအလုပ်လုပ်ဖူးတဲ့သူတွေ ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရတဲ့ သူတွေအားလုံးရဲ့ အားပေးမှု ချစ်ခင်မှုတွေ အပြည့်အဝရရှိပါတယ် စီကာကို ချစ်ခင်အားပေးနေတဲ့ သူတွေအတွက်အကောင်းဆုံး ကြိုးစားသွားမှာပါရှင့်

Exclusive Interview with Stylist: PuTu1. လက်တလော ဘာတွေလုပ်ဖြစ်နေလဲ…ပုတု ခုရက်ပိုင်းတော့ commercial shooting လေးတွေ Fashi...
20/03/2023

Exclusive Interview with Stylist: PuTu

1. လက်တလော ဘာတွေလုပ်ဖြစ်နေလဲ…

ပုတု ခုရက်ပိုင်းတော့ commercial shooting လေးတွေ Fashion Editorial shoot တွေ ပွဲအခမ်းအနားတွေ လုပ်နေပါခင်ဗျ

2. POSH Homme နဲ့ Cover Editorial ရိုက်ကူးရတဲ့အပေါ် ခံစားချက်လေး ပြောပြပေးပါအုံး…

POSH က PuTu ရယ်လို့ ဆယ်စုနှစ်တခုတိုင် ယနေ့ချိန်မှာ ရပ်တည်နေနိူင်အောင် မွေးထုတ်ပေးခဲ့တဲ့ မိခင်မဂ္ဂဇင်းကြီးပေါ့နော် ….. POSH နဲ့က ပုတု မဆုံဖြစ်တာလည်း နည်းနည်း ကြာခဲ့ပါပီ ခု POSH Homme ရဲ့ Cover မှာ ပြန်ဆုံရတော့ ပုတု အတိုင်းမသိ ဝမ်းသာပါတယ် …. ဘယ်လိုပြောရမလဲ အချိန်အကြာကြီး ဝေးကွာနေတဲ့ ကိုယ့်ရဲ့ မိသားစုနဲ့ ပြန်ဆုံတွေ့ရသလိုပေါ့ ….

3. ဒီ Cover Editorial Set အတွက် Theme, Concept, Direction တွေကို ဘယ်လိုမျိူး စဉ်းစားပြင်ဆင်ပြီး တိုင်ပင်ညှိနှိုင်းဖြစ်ခဲ့လဲ…

ဟုတ် … ပုတုက Shoot တိုင်းကို အသစ်သစ်လေးတွေ ကြိုးစားပီး ချပြချင်တာဆိုတော့ ဒီ Cover Editorial Shoot လေးကတော့ ပုတု မလုပ်ဘူးတဲ့ ပုံစံအသစ်လေးကို ကြိုးစားပီး ပုံဖော်ထားပါတယ်ဗျ …
အဓိကတော့ ဒီ Shoot လေးမှာတော့ Men Fashion ကို Floral နဲ့ တွဲစပ်ပီး နွေဦးလည်း ရောက်ပီဆိုတော့ Warm Tone Colour လေးနဲ့ ပုံဖော်ချင်ခဲ့တာပေါ့နော် ….
ပုတု စဉ်းစားထားတာလေးကို ဝိုင်းဝန်းပုံဖော်ပေးတဲ့ Model / Photographer/ retouch/ Makeup / Designer / Floral Setup အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျ ….

4. Fashion ကို ဘယ်အရွယ်ကစပြီး စိတ်ဝင်စားခဲ့တာလဲ…

အွမ်းးးး အိမ်က အမေက ပုတုငယ်ငယ်က စက်ချူပ်တယ် … ပုတု ကိုယ်တိုင်ကလည်း အလှအပ ကြိုက်တယ်လေ …. ဆိုတော့ စိမ်းမနေခဲ့တဲ့ အမေ့ရဲ့ ဖန်တီးခဲ့တဲ့ အဝတ်အထည်တွေက အလှအပကြိုက်တဲ့ ပုတုကို Fashion အဖြစ် ခလေးထဲက စိတ်ဝင်စားစေခဲ့တယ်လို့ ပြောရမလားဘဲ …

5. ကိုယ့်ရဲ့ တစ်နေ့တာမှာ Fashion က ဘယ်လောက်ထိ အရေးပါလဲ…

100% ? ဟင့်အင်းးး ရာနှူန်းပြည့်ထက် ပိုမိုကျော်လွန်သောပေါ့ …..

6. Fashion Stylist တစ်ယောက်အနေနဲ့ Global Fashion Trend အပေါ် Up to Date ဖြစ်အောင် ဘယ်လိုလေ့လာဖြစ်လဲ…

ခုခေတ်က Social Media ခေတ်ဆိုတော့ တော်တော်များများ လေ့လာရတာ အဆင်ပြေပါတယ် .. YouTube အမြဲ ဝင်ကြည့်တယ် … Magazine တွေ ဖတ်ပါတယ်ဗျ ။

7. Fashion Industry ထဲ စရောက်လာတုန်းက အတွေ့အကြုံလေး ပြောပြပေးပါလား…

အမှတ်တရအတွေ့ကြုံတွေကတော့ အများကြီးပါဘဲ ….ဒီလောကထဲ စစဝင်တော့မယ်ဆိုတော့ POSH မှာ ပထမဆုံး Test Shoot ရိုက်ဖို့ ရန်ကုန်လာရဖို့အတွက် ကျောင်းတက်နေရင်းမို့ အိမ်က ခွင့်မပြုတော့ ပိုက်ဆံမရှိလို့ အဆောင်က သူငယ်ချင်းတွေက သူတို့ မုန့်ဖိုးလေးတွေ စုပေးပီး ရန်ကုန်ကို သွားဖို့ ဘူတာမှာ ရထားကြီးပေါ်ထိ ဇွတ်လိုက်မြှောက်ပေးလိုက်တာပါဘဲ …. ဟီးးး

8. ကိုယ့်ရဲ့ Career တစ်လျှောက် လုပ်ခဲ့တဲ့အထဲမှာ အကြိုက်ဆုံးဆိုပြီး ရှိလား…

ပုတုက ကိုယ်စလုပ်ထဲက ပုတုကြိုက်မယ်ထင်တဲ့ ဟာတွေဘဲ လုပ်ခဲ့တာဆိုတော့ ဖန်တီးခဲ့တာ တော်တော်များများကို ကြိုက်ပါတယ်ဗျ

9. Fashion Stylist အပြင် အခြား ဘယ်အရာကို စိတ်ဝင်စားသေးလဲ…

နောက်ထပ် စိတ်ဝင်စားပီး လေ့လာချင်တာဆို အက ကရတာ … ဒါပေမဲ့ အသက်ကြီးပီ ထင်ပါတယ် မခုန်ပေါက်နိူင်တော့ဘူး ဟီးးးးးးး

10. နိုင်ငံတကာ Fashion Industry ထဲကို ခြေဆန့်ဖို့ရော အစီအစဉ်ရှိလား…

ပုတု အများကြီးကြိုးစားကြည့်ချင်တယ် …Fashion Industry ကြီးက လေ့လာစရာတွေ အရမ်းကို ကြီးမားကျယ်ပြန့်လို့လေ …

11. တက်သစ်စ Stylist တွေကို ဘယ်လိုအကြံပြုချင်လဲ…

ခုခေတ် ကလေးတွေက အရမ်း တော်လာကြပါပီ …
ဘလိုအကြံပေးရမလဲဆိုတော့ ဝတ်စုံ ၁ စုံ ၂ စုံနဲ့ Portrait Shoot တွေမှာတင် မဟုတ်ဘဲ concept ကောင်းကောင်းလေးတွေ စဉ်းစားပီး ပြည့်ဝတဲ့ Fashion Editorial Shoot တွေ များများရိုက်ကူးပီး ကိုယ်ရည်သွေးပါလို့ အကြံပြုချင်ပါတယ်ဗျ ။

12. ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး…

ပုတု အသစ်သစ်တွေ အမြဲ ကြိုးစားပီး ချပြသွားပါမယ် …
အားလုံးဘဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပီး အသက်ရှူတိုင်း ငွေဝင်ကြပါစေဗျ ။

Exclusive Interview with Model/ Actor: Khun Phone1. Posh ပရိသတ်တွေကို မိတ်ဆက်စကားလေး ပြောပေးပါအုံး..POSH Megazine ကို အမ...
18/03/2023

Exclusive Interview with Model/ Actor: Khun Phone

1. Posh ပရိသတ်တွေကို မိတ်ဆက်စကားလေး ပြောပေးပါအုံး..

POSH Megazine ကို အမြဲတမ်း စောင့်မျှော်အားပေးတဲ့ ပရိတ်သတ်များအားလုံး မင်္ဂလာပါ၊ ကျွန်တော်ကတော့ Model ခွန်ဖုန်း ပါ

2. လက်တလော အနုပညာ လှုပ်ရှားမှု ဘာတွေ လုပ်ဖြစ်နေလဲ..
လက်တလော ကျွန်တော် photo shoot နဲ့ MV တွေရိုက်ဖြစ်တယ်၊ နောက် ဇတ်လမ်းတွဲတစ်ခု မှာ ပါဝင်ရိုက်ကူးသွားဖို့ ရှိပါတယ်

3. POSH Homme နဲ့ Cover Editorials ရိုက်ကူးမှုအပေါ် ခံစားချက်လေး ပြောပြပေးပါလား..
ဆန််းသစ်ပြီးတော့ quality ရှိတယ်လို့ ခံစားရတယ်၊ ပရိတ်သတ်တွေကို ရသတစ်ခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

4. ရိုက်ကွင်းတုန်းက အမှတ်တရလေးတွေကို ပြောပြပေးပါအုံး..
Team တစ်ခုလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့ရတာက ကျွန်တော့်ကို အမှတ်တရ ဖြစ်စေပါတယ်ခဗျ

5. အခုလိုမျိုး ထိထိမိမိ Cover Editorials ထွက်လာဖို့ ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ဖြစ်ခဲ့လဲ..
ကြိုတင်ပြင်ဆင်မှုကကြတော့ Gym ကိုပုံမှန် ဆော့ဖြစ်တယ် ပြီးတော့ ရိုက်ကွင်းမှာ အဆင်ပြေအောင် အသားအရေကို သေချာဂရုစိုက်ဖြစ်ပါတယ်

6. Modelling လောကထဲကို စရောက်တုန်းက ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါအုံး..

အခက်အခဲတွေကတော့ အများကြီးပါပဲ၊ ပြောပြရင်မကုန်နိုင်ပါဘူး Modelling လောကကို ရူးသွပ်မှုတစ်ခုတည်းနဲ့ ဝင်ဖြစ်ခဲ့တာပါ

7. Modelling အပြင် တခြား ဘယ်လိုအရာမျိုးတွေကို စိတ်ဝင်စားသေးလဲ..

တခြားအရာတွေကတော့ သီချင်းဆိုတာ နဲ့ သရုပ်ဆောင်တာတွေတော့ စိတ်ဝင်စားပါတယ်

8. ပရိသတ်တွေအနေနဲ့ Khun Phone ကို ရုပ်ရှင်သရုပ်ဆောင် အနေနဲ့ရော မြင်တွေ့ရဖို့ရှိလား..
ဟုတ် ရှိပါတယ်၊ ကျွန်တော့်ကို သရုပ်ဆောင်ကောင်း တစ်ယောက်အနေနဲ့ မြင်တွေ့ရဖို့ရှိပါတယ်

9. ကိုယ့်ကိုကိုယ် စကားလုံး ၃လုံးနဲ့ သတ်မှတ်မယ်ဆိုရင် ဘယ်လိုမျိုးစကားလုံးတွေ ဖြစ်မလဲ..
ကိုယ့်ဟာကို စကားလုံး ၃လုံးနဲ့ သတ်မှတ်ရမယ်ဆိုရင် Boy ဆိုတဲ့စကားလုံးနဲ့ သတ်မှတ်ချင်ပါတယ်၊ အမြဲတမ်း တက်ကြွပြီး ကိုယ့်အိပ်မက်ကို ဇွဲရှိရှိ ဖန်တီးနေတဲ့ လူငယ်တစ်ယောက် အနေနဲ့ သတ်မှတ်ချင်ပါတယ်

10. International နဲ့ Local ထဲမှာ ကိုယ်နှစ်သက်အားကျရတဲ့ Actor/ Model က ဘယ်သူတွေဖြစ်မလဲ..
International ထဲမှာတော့ Korean Actor: Song Seung Heon ကိုတော့ နှစ်သက်အားကျပါတယ်

11. အနုပညာကို စိတ်ဝင်စားတဲ့ ညီငယ် ညီမငယ်တွေအတွက် ဘယ်လိုမျိုး အကြံပြုချင်လဲ..

အနုပညာကို စိတ်ဝင်စားတဲ့ ညီငယ်တွေကို အကြုံပြုချင်တာ ဆိုရယ်တော့ မဟုတ်ပါဘူး၊ ကိုယ်ဝါသနာပါတဲ့အရာကို ကိုယ်လုပ်ပါ ပုံဖော်ပါ ရူးသွပ်ပါ လို့ပဲ အကြံပြုချင်ပါတယ်

12. ပရိသတ်တွေအတွက် နှုတ်ဆက်စကားလေး ပြောပေးပါအုံး..

အားလုံးပဲ အခုလို ကျွန်တော့် interview ကို အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ POSH Homme နဲ့အတူ လက်တွဲခွင့်ရလို့လဲ အတိုင်းမသိ ဝမ်းသာမိပါတယ်လို့ စကားလက်ဆောင် ပြောချင်ပါတယ်ခဗျာ

“မင်းမှာသာ စစ်မှန်တဲ့ ချစ်ခြင်းမျက်လုံးအစုံ ရှိနေမယ်ဆိုရင် ကမ္ဘာကြီးက ပန်းဥယျာဉ်ကြီးတစ်ခုလို လှပနေတာကို မြင်တွေ့ရမှာပါ”က...
16/03/2023

“မင်းမှာသာ စစ်မှန်တဲ့ ချစ်ခြင်းမျက်လုံးအစုံ ရှိနေမယ်ဆိုရင် ကမ္ဘာကြီးက ပန်းဥယျာဉ်ကြီးတစ်ခုလို လှပနေတာကို မြင်တွေ့ရမှာပါ”

ကျွန်တော်တို့ POSH HOMME ကနေ ဒီတစ်ခါ Cover Set လေးကိုတော့ နွေဦးရာသီနဲ့ အလိုက်ဖက်ဆုံး ဖြစ်စေမယ့် ပန်းဥယျာဉ်ကြီးတစ်ခု ဖန်ဆင်းရင်း အကောင်းဆုံး ပုံဖော်ပေးလိုက်ပါတယ်..

မော်ဒလ်ချောလေး Khun Bhone (Li Yong Fu) ကို “Wild Force” လို့ အမည်ပေးထားတဲ့ Cover Editorial Set လေးမှာ အစိမ်းလန်းဆုံး ဟန်ပန်တွေနဲ့ ခံစားတွေ့မြင်ရမှာပါ..

ထိမိတဲ့ ရိုက်ချက်တွေနဲ့ အကောင်းဆုံး ပုံဖော်ပေးထားတာကတော့ Photographer: Aung Zaw (Love Space) ဖြစ်ကာ Photo Retouch: Nyi Nyi Hla Baw ( Love Space) က အပြည့်စုံဆုံး Retouching ပြုလုပ်ပေးထားပါတယ်..အခုလို ထိမိတဲ့ Styling တွေ ဖန်တီးပေးထားတာကတော့ Stylist: Pu Tu ဖြစ်ကာ H&M Artist: Jessica Han က အလှပဆုံး Hair & Makeup တွေ ပြင်ဆင်ပေးထားတာပါ..

ဒီ Cover Editorial Set တစ်ခုလုံး ဖြစ်မြောက်ဖို့ အဓိက စီစဉ်ပေးတာကတော့ Arranged by Seinn Sein ပဲ ဖြစ်ပါတယ်..

ကဲ… POSH Homme ရဲ့ ပရိသတ်တွေရော Khun Bhone ရဲ့ ချစ်ဖန်လေးတွေအားလုံး စိမ်းရွှင်လန်းဆန်းပြီး သဘာဝတရားကြီးကို ခံစားမိစေဖို့ Cover Editorial Set လေးကို တင်ဆက်ပေးလိုက်ပါပြီနော်…

WILD FORCE

Model - Khun Phone
H&Mu - Jessica Han
Designer - Sandar by Sandar Aung
Floral - Ye Mhan
Photographer - Aung Zaw ( Love Space)
Retouch - Nyi Nyi Hla Baw ( Love Space)
Art Director & Stylist by PuTu
Arranged - Seinn Sein
Editor In Chief - Austin Thein

ဝေဖန်မှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲပြီး Charles & Keith ရဲ့ Campaign မှာ မော်ဒလ်ဖြစ်လာသူလေး Zoe Gabriel အားလုံးမှတ်မ...
07/03/2023

ဝေဖန်မှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲပြီး Charles & Keith ရဲ့ Campaign မှာ မော်ဒလ်ဖြစ်လာသူလေး Zoe Gabriel

အားလုံးမှတ်မိကြမယ် ထင်ပါရဲ့..

သူမရဲ့ အဖေက လက်ဆောင်အဖြစ် ဝယ်ပေးလိုက်တဲ့ Charles & Keith တံဆိပ် Tote Bag လေးကို “Luxury Bag” လို့ သုံးနှုန်းမိလို့ TikTok မှာ ဝေဖန်ခံခဲ့ရသူ အသက် 17 နှစ်အရွယ် Zoe တစ်ယောက် C&K ရဲ့ Campaign မှာ ပါဝင်သွားခဲ့ပါပြီ..

C&K ရဲ့ International Women’s Day အတွက် ရည်ရွယ်တဲ့ Campaign မှာ Zoe လေးကို အမှတ်တံဆိပ်ရဲ့ ရောင်းအား အကောင်းဆုံး ဗေဒါရောင် Alia bag လေးနဲ့အတူ တွေ့မြင်ရမှာပါ..

“အမျိုးသမီးတွေဆိုတာ ပန်းတွေနဲ့တူတယ်၊ ကျွန်မတို့ ပွင့်လန်းနိုင်ဖို့ အချိန်နဲ့ လိုအပ်ချက်တွေက မတူညီကြဘူးလေ၊ ကျွန်မတို့က ပန်းခင်းကြီးထဲက Poppy ပန်းပွင့်နဲ့ ရေကန်ထဲက ကြာပန်းပွင့်တွေလိုပဲ၊ မတူညီ ကွဲပြားကြပေမယ့် သူ့အလှနဲ့သူ ပသာဒ ဖြစ်နေကြသူတွေပါပဲ” လို့ သူမက ရေးသားပြီး IG မှာ မျှဝေထားပါတယ်..

လူတွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ကိုယ့်ယုံကြည်ရာကို တစိုက်မတ်မတ် လျှောက်လှမ်းမယ်ဆိုရင် အောင်မြင်မှုက ကိုယ့်ဆီ ရောက်လာမယ်ဆိုတာကို Zoe တစ်ယောက် သက်သေပြလိုက်တာပါပဲ..

Big Congrats ပါ Zoe ရေ…

New York Fashion Week အတွင်းက 2023 ခုနှစ်အတွက် ကခုန်နေသော “အရောင်များ”အားလုံး သိကြတဲ့အတိုင်း Fashion ဆိုတာ Trend အလိုက် ...
13/02/2023

New York Fashion Week အတွင်းက 2023 ခုနှစ်အတွက် ကခုန်နေသော “အရောင်များ”

အားလုံး သိကြတဲ့အတိုင်း Fashion ဆိုတာ Trend အလိုက် အမြဲ ပြောင်းလဲဆန်းသစ်နေတဲ့ အရာတစ်ခုလေ.. လူတိုင်းကလဲ Trend ရဲ့ ဦးဆုံး ရပ်တည်သူ အဖြစ်ပဲ ရှိချင်ကြတာပါ.. ဒီ့အတွက် Pantone ကို ကျေးဇူး ဥပကာရ တင်ဖို့ သင့်တော်ပါရဲ့.. ဘာကြောင့်ဆို အရောင်တွေအကြောင်း တစ်ဖက်ကမ်းခက် ကျွမ်းကျင်သူ Pantone က Fall 2023 New York Fashion Week အတွက် ခေတ်စားမယ့် အရောင် ခန့်မှန်းချက်ကို ချပြထားပါတယ်.. ကြည့်ရသလောက် ကျနော်တို့တွေ အရောင်အသွေးစုံတဲ့ ဆောင်းကို ဖြတ်သန်းရဖို့ ရှိနေပါတယ်….

Pantone ရဲ့ Color Trend Report ဆိုတာကတော့ နာမည်ကျော် ဒီဇိုင်နာတွေ သူတို့ရဲ့ ရာသီသစ်စာ Collection တွေမှာ ဦးတည်ထားတဲ့ အရောင်တွေနဲ့ လက်တွေ့ Culture မှာ ခေတ်စားမယ့် အရောင်တွေကို စစ်တမ်းကောက် ခန့်မှန်းထားတာမျိုးပါ.. 2023 ဆောင်းရာသီစာ အတွက်တော့ Rose Violet (a red-tinged fuchsia), Red Orange (a vibrant, fiery orange), Red Dahlia (a deep red), High Visibility (an almost-neon yellow), Kohlrabi (a playful, vivid green) တွေနဲ့ Viva Magenta (2023 ရဲ့ Color of the Year) တို့ပဲ ဖြစ်ပါတယ်…

“Fall 2023 အတွက် Palette မှာ ကျနော်တို့အနေနဲ့ Creativity & Designs တို့ကို ပျော်ရွှင်မြူးထူးခြင်း ရသတွေ ပေါင်းကူးပေးနိုင်ဖို့ ရည်ရွယ်ထားတာဗျ..စူးစမ်း ရှာဖွေမှု၊ စမ်းသစ်တီထွင်မှု စတာတွေကို အားပေးအားမြောက် ပြုနိုင်ဖို့ရယ် ကွဲပြားခြားနားတဲ့ အရောင်အဆင်းတွေကို လွတ်လပ်စွာ ပေါင်းစည်းဖန်တီးနိုင်စွမ်းတွေကို လှစ်ဟပေးနိုင်ဖို့လည်း ပါဝင်တာပေါ့” လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်…

“ခင်ဗျား အနေနဲ့ ပြပွဲတစ်ခုကို သွားကြည့်တဲ့အခါမှာ ဒီပြပွဲမှာ ပြသထားတဲ့ ရုပ်ပုံပန်းချီကားရဲ့ အရောင်ထင်းထင်းတွေက ခင်ဗျားရဲ့ စိတ်ကို စိုးမိုးသွာရတာမျိုး ကြုံဖူးလိမ့်မယ် ထင်ပါရဲ့.. ဒါဟာ အရောင်တွေရဲ့ လွမ်းမိုးနိုင်မှုကို အထင်းသား သိမြင်ရခြင်းပဲ” လို့ သူက ဆက်ပြောပါတယ်…

ခန့်မှန်းရသလောက်ကတော့ ဒီဦးတည်ချက်တွေဟာ post-quarantine ကာလမှာ အကောင်းမြင်ဝါဒ လွမ်းမိုးနိုင်ဖို့၊ နည်းပညာခေတ်မှာ အသုံးပြုနေတဲ့ phones, tablets & computers တွေက ပေးလာတဲ့ “ အရောငါစိုလေ မျက်စိပသာဒ ပိုရှိလေ” ဆိုတဲ့ အတွေးအမြင်တွေကို မီးမောင်းထိုး ပြသထားသလိုပါပဲ…

ပြီးခဲ့တဲ့ နှစ်အတွင်းက အားလုံးရဲ့ စိတ်အစဉ်ကို သိမ်းပိုက်ထားတဲ့ Valentino ရဲ့ ပန်းဆီရောင် Collection တွေ၊ Viktor&Rolf ရဲ့ အရောင်စုံ Ballgowns တွေက သက်သေပါပဲ…

18-1750 Viva Magenta ဆိုတဲ့ Color of the Year 2023 အရောင်က အားပြင်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြောင်း ထုတ်ဖော်ပြောကြားဖို့ အသသ့်တော်ဆုံး ဖြစ်သလို 19-1555 Red Dahlia ကတော့ အေးငြိမ် ရင့်ကျက်ခြင်း အပြည့်အဝ ရှိနေကြောင်း ဖော်ကျူးနိုင်မယ့် အရောင်ပါ..

13-4403 Silver Birch နဲ့ 11-0608 Coconut Milk တို့ကတော့ အရိုးရှင်းဆုံးနဲ့ စွဲဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့ ရည်ရွယ်သူတွေ အကြိုက်တွေ့မယ့် အငြိမ်ရောင်လေးတွေပေါ့..

13-0751 High Visibility က တက်ကြွ လန်းဆန်းခြင်း၊ နွေးထွေး နုပျိုခြင်း အကြောင်းရင်းခံ အရောင်လို့ ဆိုနိုင်သလို 12-0912 Tender Peach ကိုတော့ နူးညံ့ညင်သာခြင်းတွေ ပုံဖော်နိုင်ဖို့ရာ ဦးတည်သူအတွက်ပါ..

17-3934 TCX Persian Jewel နဲ့ 19-3810 Eclipse တို့ကတော့ နာမည်နဲ့ လိုက်ဖက်အောင် mysterious & influence ဖြစ်မှုကို ဖော်ညွန်းနိုင်တဲ့ အရောင်ငြိမ်တွေ ဖြစ်သလို 14-0255 Kohlrabi လို ထောပတ်စိမ်းရောင်ကတော့ မြူးကြွတဲ့ သဏ္ဍာန်ကို ပုံဆောင်ရာမှာ အသုံးတည့်ပါလိမ့်မယ်..

ကဲ POSH HOMME ပရိသတ်တွေရောင် ဒီနှစ် New York Fashion Week ရဲ့ ခေတ်စားမှု အရောင်တွေထဲက အကြိုက်ဆုံး အရောင်လေးတွေကို ပြောပြသွားအုံးနော်….

Address


Website

Alerts

Be the first to know and let us send you an email when POSH HOMME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share