Every1 Media for every1

  • Home
  • Every1 Media for every1

Every1 Media for every1 Media for Everyone

to give birth of Economy for everyone

24/07/2024

Einstein, Curie, Bohr, Planck, Heisenberg, Schrödinger… how many Nobel Prize laureates can you spot?

Some of the world’s most notable physicists participated in the 1927 Solvay Conference on Electrons and Photons. In fact, 17 of the 29 scientists attending were or became Nobel Prize laureates – including Marie Skłodowska Curie, who was awarded the Nobel Prize twice.



Back row: Auguste Piccard, Émile Henriot, Paul Ehrenfest, Édouard Herzen, Théophile de Donder, Erwin Schrödinger, Jules-Émile Verschaffelt, Wolfgang Pauli, Werner Heisenberg, Ralph Howard Fowler, Léon Brillouin.

Middle row: Peter Debye, Martin Knudsen, William Lawrence Bragg, Hendrik Anthony Kramers, Paul Dirac, Arthur Compton, Louis de Broglie, Max Born, Niels Bohr.

Front row (seated): Irving Langmuir, Max Planck, Marie Skłodowska Curie, Hendrik Lorentz, Albert Einstein, Paul Langevin, Charles-Eugène Guye, Charles Thomson Rees Wilson, Owen Willans Richardson.

Photo: Benjamin Couprie, Institut International de Physique Solvay, Leopold Park, Brussels, Belgium. Public domain via Wikimedia Commons.

24/07/2024

Poverty is not a choice.

Around the world, poverty affects both employed and unemployed individuals. According to International Labour Organization, one in five working people is poor.

Read more: https://www.un.org/sustainabledevelopment/poverty/

23/07/2024
23/07/2024

🌍 The world must unite to address present needs and future challenges. This September's is our chance to build solidarity and forge new paths for . Join the conversation: https://bit.ly/SotF2024

ဒီခေတ်ကြီးထဲမှာ ဘယ်လိုတွေတောင် တတ်နိုင်ကြတာလဲ  စားဖို့ ရန်ကုန် တသိန်းနီးပါးရေနွေးကြမ်းလက်ဖက်ရည် ၂ခွက်မုန့်ဟင်းခါး ၂ပွဲစမ...
23/07/2024

ဒီခေတ်ကြီးထဲမှာ ဘယ်လိုတွေတောင် တတ်နိုင်ကြတာလဲ

စားဖို့ ရန်ကုန် တသိန်းနီးပါး
ရေနွေးကြမ်း
လက်ဖက်ရည် ၂ခွက်
မုန့်ဟင်းခါး ၂ပွဲ
စမူစာ ၁ပွဲ
နံပြား ၁ချပ်

***
သိန်း 1,000

(Photos Credit)

10/08/2023
09/08/2023
09/08/2023
https://www.facebook.com/100077451373887/posts/305311448727232/?sfnsn=mo&mibextid=6aamW6
09/08/2023

https://www.facebook.com/100077451373887/posts/305311448727232/?sfnsn=mo&mibextid=6aamW6

မုတ္တမပင်လယ်ကွေ့သည် ငါးပုတ်သင်မျိုးစိတ်တို့ ပေါက်ဖွားရှင်သန်ရာတွင် လိုအပ်သော အစားကွင်းဆက်တွေ ရရှိဖို့အတွက် ဖြည့်ဆည်းပေးနိုင်သည့် ဒေသတစ်ခု ဖြစ်ပါသည်။ ငါးပုတ်သင်သည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့တင်ပို့ရောင်းချမှုဖြင့် ဝင်ငွေရရှိဖို့အတွက် အလွန်အရေးပါသော ငါးမျိုးစိတ်တစ်ခု ဖြစ်ပါသည်။ ဒါတွေကို မျိုးသုဥ်းမသွားအောင်ထိန်းသိမ်းဖို့၊ စဥ်ဆက်မပြတ်ပေါက်ဖွားရှင်သန်နိုင်ဖို့နှင့် အစာကွင်းဆက်များ မပျက်စီးသွားအောင် ကာကွယ်ထိန်းသိမ်းဖို့သည် မဖြစ်မနေ အားလုံးဝိုင်းဝန်းလုပ်ဆောင်သွားရမည် လုပ်ငန်းစဥ်တစ်ရပ် ဖြစ်ပါသည်။ ယခုစာတမ်းသည် ငါးပုတ်သင်၏ တစ်နှစ်ပတ်လုံး အရွယ်အစားအပေါ် မူတည်ပြီး ဖမ်းဆီးရရှိမှုပမာဏကို အဓိကထား သုတေသနပြုလုပ်ထားခြင်း ဖြစ်ပါသည်။

စာတမ်းရယူချင်ရင် အောက်ကိုနှိပ်ပါ။
https://themimu.info/sites/themimu.info/files/assessment_file_attachments/GOM_Pama_Croaker_croaker.pdf


Who move my cheese?Credit:
01/08/2023

Who move my cheese?

Credit:

ကျောက်တုံးတွေကို ဘယ်သူရွှေ့သလဲ
အမေရိကန် ပြည်တောင်စု ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး ပြည်နယ်ကြားမှာ Death valley ဆိုတဲ့ နေရာရှိပါတယ်။ လုံးကောက်ပြန်ရင်တောင် မြန်မာလို မရဏ တောင်ကြား လို့ ဆိုရမှာပေါ့။ နာမည်က ကျောချမ်းစရာ ဖြစ်သလို အဲ့ဒိနေရာ မှာ သဘာဝလွန် အခြေအနေ တစ်ခု ရှိပါသတဲ့။
ကျယ်ပြန့်တဲ့ လွင်ပြင်တစ်ခု ဖြစ်တဲ့ အဲ့ဒိနေရာမှာ ကီလို အနည်းငယ်က စလို့ ကီလို ငါးဆယ် အထိ အလေးချိန် ရှိတဲ့ အရွယ်စုံ ကျောက်တုံးတွေ ပြန့်ကျဲ နေပါတယ်။ ထူးဆန်းတာက အဲ့ဒိ ကျောက်တုံးတွေဟာ အလိုလို ရွေ့လျား နေတာပါပဲ။ သူတို့ ရွေ့လျားရာ တစ်လျောက် ရှည်လျားတဲ့ စွပ်ကြောင်းကြီးတွေ ကျန်ခဲ့ပြီး ဒီကျောက်တုံးတွေ ဘယ်နေရာက နေ ရွေ့လာသလဲ ဆိုတာ သိနိုင်ပါသတဲ့။ အချို့ကျောက်တုံး တွေရဲ့ စွပ်ကြောင်းကြီးတွေဟာ ပေ တစ်ထောင့်ငါးရာ ကျော် အထိ ရှည်လျားပါသတဲ့။
ဒီလို ကျောက်တုံးကြီးတွေ ရွေ့လျားနေတာကို လူတွေ စသတိပြုမိတာ ၁၉၀၀ ခုနှစ် အစောပိုင်းလောက်က ဖြစ်ပြီး sailing stones ဆိုတဲ့ ဆန်းကျယ်တဲ့ ဖြစ်ရပ်တစ်ခု အဖြစ် ဟိုးလေးတကြော် စဖြစ်လာခဲပါတယ်။ ဒီလောက်လေး တဲ့ ကျောက်တုံးတွေကို တွန်းရွေ့ရအောင်လည်း ခြေရာလက်ရာ မတွေ့၊ အားအားယားယား ရွေ့မယ့် သူကလည်း ရှိမယ်မထင်ရတော့ သဘာဝလွန် အခြေအနေလို့ ယူဆကြသလို အဲ့ဒီဖြစ်စဉ်ဟာ ဘူမိဗေဒ ပညာရှင်တွေ အတွက် မျက်စေ့ကျစရာဖြစ်နေပါတယ်။ သိပ္ပံ ပညာရှင်တွေဟာ တကယ်ရွေ့တာ ဟုတ် မဟုတ် သေချာအောင် ကျောက်တုံးကြီးတွေကို မှတ်သားပြီး GPS တောင် တပ်ပေးကြသတဲ့။ အဖြေက တကယ်ပဲ ရွေ့လျားနေကြတာပါပဲ။ ဒါပေမယ့် ဘာ့ကြောင့် ရွေ့ရသလဲ ဆိုတာ အဖြေရှာလို့ မရကြဘူး။ ပြီးတော့ ကျောက်တုံးတိုင်း မရွေ့ကြဘူးတဲ့။ ဆယ်စု နှစ်ပေါင်းများစွာ ကြာမြင့် လာသည့် တိုင်အောင် ပညာရှင်တွေဟာ အဖြေ မထုတ်နိုင် ခဲ့ဘူး။
ဒီလိုနဲ့ နှစ်တစ်ရာကျော် ကြာအပြီး ၂၀၁၄ မှာတော့ အဲ့ဒိ မရဏ တောင်ကြား ပ‌ ဟေဠိ ရဲ့ အဖြေကို သိပ္ပံပညာရှင်တွေ ရှာတွေ့ နိုင်ခဲ့ကြပါတယ်။ မရဏတောင်ကြား ဒေသက ရာသီဥတု ဟာ ကြမ်းတဲ့ သဘောရှိပြီး လူ အရောက် အပေါက် နည်းလွန်းပါတယ်။ လေ့လာတဲ့ ပညာရှင်တွေကလည်း လေ့လာတုန်းခဏ ကာလ တစ်ခု အထိပဲ သွားရောက် နိုင်ကြတယ်။ ဒီတော့ လေ့လာမှု့ အများစုက ကျောက်တုံးတွေ ရွေ့တာကို တိုင်းတာတာ အတည်ပြု တာလောက်ပဲ ဖြစ်ခဲ့ကြတယ်။ ဘယ်အချိန်မှာ ရွေ့သလဲ မသိကြဘူး။ ခန့်မှန်း ပြောဆို နေကြတာပဲ ရှိခဲ့တယ်။ ဒါ့ကြောင့် သိပ္ပံပညာရှင် တစ်စုက တစ်နှစ် တာ ကာလပါတ်လုံး စောင့်ကြည့်နိုင်ဖို့ ကြိုးစား ကြပါတယ်။ နောက်ဆုံးမှာ စောင့်ကြည့် ကင်မရာတွေ တပ်ပြီး ပြန်လည်ကြည့်ရှု့ စစ်ဆေးတဲ့ အခါမှာတော့ ကျောက်တုံးတွေကို ရွေ့တဲ့ နောက်ကွယ်က လက်သည်ကြီးကို ဖမ်းမိ ကြပါတော့သတဲ့။
အဲ့ဒိ ဒေသဟာ ကျယ်ပြန့် ပြီး ရေပြင်ညီတဲ့ လွင်တီးခေါင်ပြင်ဖြစ်ပြီး အပေါ်မှာ ညက်နေတဲ့ ရွံ့စေးမြေ အလွှာက ဖုံးလွှမ်းနေတယ်။ နွေရာသီ ပူပြင်းတဲ့ အချိန်မှာ ပတ်ကြားအက် တွေနဲ့ ပေါ့။ နွေရာသီလွန်ပြီး ဆောင်းရာသီ ရောက်တဲ့ အခါမှာတော့ အေးလွန်းတဲ့လေက မပြတ်တိုက်နေ တဲ့ အပြင် မိုးအနည်းငယ် ရွာပါသတဲ့။ ရွာချလိုက်တဲ့ မိုးတွေဟာ လွင်ပြင်ထဲမှာ ရေစပ်စပ် လေး ရှိတဲ့ ရေကန် လေးတစ်ခု ဖြစ်သွားစေတယ်။ အောက်ခံ မြေသားက ရွံ့ပျော့ပျော့လေး ဖြစ်သွားပြီး ရေက ရုတ်တရက် မြေကြီးထဲ စိမ့်ဝင်မသွားနိုင်ဘူးပေါ့။ အဲ့ဒိလို ကာလ အတိုင်းအတာတစ်ခု အထိ ကြာလွန်သည့်တိုင် အိုင်ပြီး ကျန်ခဲ့တဲ့ရေရဲ့ မျက်နှာပြင် ဟာ အေးလွန်းတဲ့ ရာသီဥတုကြောင့် ရေခဲသွားသတဲ့။ ပြီးတော့လွင်တီး ခေါင်ပြင်ဖြစ်တဲ့ အတွက် လေတိုက်နှုံး ကလည်း မြင့်တယ်။ အဲ့ဒိမှာ လေဟာ ခဲနေတဲ့ ရေမျက်နှာပြင်ကို ဖိတွန်းပါ သတဲ့။ ဖိအတိုက်ခံရတဲ့ ရေခဲပြင် အပြားအချပ် ကြီးဟာ တဖြည်းဖြည်းနဲ့ လေကြောင်းသင့်ရာဘက်ကို ရွေ့သွားတယ်။ အဲ့ဒိမှာ ရေခဲပြင် အကြားမှာ ညပ်နေတဲ့ ကျောက်တုံးတွေကို ပါ တစ်ပါတည်း ဒရွတ်တိုက် တွန်းယူသွားတော့တာပေါ့။ ဒါ့ကြောင့် မိုးရေချိန်နဲ့ ရေမျက်နှာပြင်ပေါ်မူတည်ပြီး ရေအောက် လုံးလုံးရောက်သွားတဲ့ ကျောက်တုံးတွေက လွဲလို့ ရေခဲပြင်နဲ့ ထိတွေနေတဲ့ ကျောက်တုံး မှန်သမျှ ရွေ့လျား ကုန်ကြရတယ်။ နွေမှာ နေပြန်ပူလာတော့ ရေတွေ မရှိတော့ဘဲ နေရာရွေ့နေတဲ့ ကျောက်တုံးတွေ နဲ့ စွပ်ကြောင်း တွေ ပဲ ကျန်ခဲ့တော့တာပေါ့။
အဲ့ဒိ သိပ္ပံပညာရှင်တွေဟာ သူတို့တွေ့ရှိချက်ကို စာတမ်းတင် ဖတ်ကြား အပြန်အလှန် မေးခွန်းထုတ် ဆွေးနွေး အပြီးမှာတော့ မရဏတောင်ကြားရဲ့ နှစ်တစ်ရာ ပဟေဠိ လက်သည်ဟာ သဘာဝတရားရဲ့ ရိုးရှင်းတဲ့ ပြောင်းလဲ အားပြိုင်မှုတွေ ကြောင့်သာဖြစ်ကြောင်း ဖေါ်ထုတ် အတည်ပြု နိုင်ခဲ့ ကြပါတော့တယ်။ တိုးတက်ပါတယ် ဆိုတဲ့ ရာစု မှာတောင် အချိန် အတော်ကြီးကြာ မှ ဖေါ်ထုတ် နိုင်ခဲ့တဲ့ ပဟေဠိ တစ်ခုပါ။
ဓမ္မ ဆိုတာ တကယ်တော့ သဘာဝ တရားပဲ။ အရှိတရားလို့ ဆိုရမယ်။ အဲ့ဒိ ဓမ္မကို လေ့လာ စူးစမ်းတာကို "ဓမ္မဝိစယ" လို့ခေါ်ပါတယ်တဲ့။ မြတ်စွာဘုရားဟာ လေ့လာစူးစမ်းမှု့ ကို အားပေးပါတယ်။ အလွယ်တကူ ကောက်ချက်ချ ယုံကြည်တာကို အား မပေးဘူး။ မြတ်စွာဘုရားရဲ့ ဓမ္မဆိုတာဟာ သဘာဝ အရှိတရားကိုပဲ စူးစမ်း လေ့လာပြီး သစ္စာတရား ကို ဖေါ်ထုတ် ထားတာပါပဲ။
စူးစမ်း လေ့လာ မှု့တွေဟာ သိမြင်နားလည်မှု့ ဆိုတဲ့ ပညာ ကို အခြေခံစမြဲပါ။ လိုအပ်တဲ့ အခြေခံ ဗဟု သုတ နှင့်လည်း ပြည့်စုံရပါမယ်။ ဒါ့ကြောင့်လည်း ပညာရှင် အစစ်အမှန် တွေဟာ ကောက်ချက် တစ်ခု၊ အလွယ် မချ တတ်ကြဘူး။ ချခဲ့ ရင်လည်း အခြားပညာ ရှင်တွေက ဖြေရှင်းချက် ဝိုင်းတောင်းတာ ကို ခံရမှာပါ။ အကျိုးအကြောင်း အခိုင်လုံ သေးလို့၊ ဒါမှမဟုတ် လေ့လာဖို့ လိုအပ်နေသေးလို့ မှတ်ချက် ပေးဖို့ ငြင်းပါယ် တာဟာ ပညာရှင်တွေ မသိ မတတ် လို့ ဆိုတဲ့ သဘော မဟုတ်ပါဘူး။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ်အထိ အထူးအဆန်း သတင်းပဲ ဖြစ်ခဲ့ ကြရတာပေါ့။
တကယ်လို့သာ ဒီမရဏ တောင်ကြားဟာ မြန်မာပြည်မှာ ရှိခဲ့တာ ဆိုရင်တော့ အဲ့ဒိနား မှာ နတ်ကွန်းတွေ စေတီတွေ နဲ့ ဖြစ်နေမှာပါ။ ကျွန်တော်တို့လည်း အမွှေးတိုင်ထွန်း ပူဇော် ဦးချချင် ချနေကြမှာ။ ဘုရားလက်ထက်ကပေါ့ ဒီနေရာမှာ …ဆိုတဲ့ ဇတ်လမ်းတွေလည်း ပြောချင် ပြောနေကြမှာပါပဲ။ ရွံ့မီးတောင်တောင် ဦးတော် လုပ်တဲ့ လူမျိုးကိုး။ စူးစူးစမ်းစမ်း လုပ်တဲ့သူတွေကို တော့ မစော်ကားနဲ့ နတ်ကိုင်လိမ့်မယ်၊ ငရဲ ကြီးလိမ့်မယ် ဆိုပြီး ဖြဲခြောက် ကြလိမ့်အုံးမယ်။ အဲ.. သူတို့ ဆီမှာတော့ အခြား ကမ္ဘာက ဂြိုလ်သားတွေ ကလုပ်တယ် ဆိုပြီး ဖြစ်ကြ ပါသတဲ့။
အကြောင်းတရား ကတော့ အကြောက် တရားပါ။ ကိုယ့်မှာ သိမြင်နိုင်တဲ့ ဉာဏ်အစွမ်း မပြည့်စုံသေးတဲ့ အခါ မသိခြင်းကြောင့် ဖြစ်လာတဲ့ စိုးရွံ့စိတ်၊ ဒီစိုးရွံ့စိတ်ကို နားလည် သူတွေရဲ့ ဖျံကျ လှည့်စားမှု့ တွေကြောင့် အတုအယောင် တွေဟာ အစစ်အမှန်ဟန်ဆောင်ပြီး တွင်ကျယ် လာကြတာပါပဲ။ အဆိုးဆုံးက စစ်မှန်တဲ့ တရား ဓမ္မ ကွယ်ပျောက် ရခြင်းပါ။ လွဲမှားတဲ့ ယုံကြည် မှု့ဟာ ပိုကြောက်စရာ ကောင်းပါတယ်။
ဘယ်လိုပဲပြောပြော လေ့လာစူးစမ်းမှု့ ကင်းမဲ့ တဲ့ ယုံကြည်မှု့ တွေဟာ ကမ္ဘာဦးစရိုက်ဆန်ပြီး ပကတိ အကြောင်း အရင်းမှန်ကို အခြေမခံတာကြောင့် လူမှု့ အဖွဲ့အစည်းအတွက် ကောင်းကျိုး ချမ်းသာ ရစေဖို့ရာ အခြေနေ နည်းပါး လွန်းပါတယ်။ ကြောက်ရွံ့ခြင််း ဘေးက ကင်းနိုင်ဖို့ အသိ ဉာဏ်ပညာ ဗဟုသုတနှင့် ပြည့်စုံကြပါစေ။။
credit

Address


Website

Alerts

Be the first to know and let us send you an email when Every1 Media for every1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

EVERY One Media

EVERY1 Media for every1 is to support for “Economy for everyone”, for every1, regarded as No.1

EVERY1 Media, but not representing any organization now, stands (by own) independently and publishes a free and independent magazine, which represents everyone in Myanmar.

Our proposition is .. “for Equality, Equity and Society Justice (Social Justice).

EVERY1 Media, founded in 2012 .. to publish EVERY1 infotainment Journal on August, 2012. (The Office was located in No.179/181, Rm 203, Botahtaung Pagoda Road, Yangon; first. Later, it moved to .. No. 33 (C-3), Moe Kaung Road, Yankin Township, Yangon.) On March 2018, it publishes EVERY1 infotainment Magazine, again as a print media.