Thuta Yatha Zone

  • Home
  • Thuta Yatha Zone

Thuta Yatha Zone "Enjoy life today, Yesterday is gone & Tomorrow may never come..."

🔰စိတ်ညစ်နေလားသူငယ်ချင်း...မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်နေလား သူငယ်ချင်း..ခဏတော့ သည်း...
05/05/2024

🔰စိတ်ညစ်နေလားသူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။

တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မျိုသိပ် လိုက်ပါ...

တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။

မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..ငါ့ကိုပြောပြနော်...

သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။

ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။

အဲ့ဒီ အခါမှာ မင်း..
တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..

တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....

တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....

တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...

တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....

တချို့ခံစားချက်တွေက
တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...

မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....

မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....

မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ

ပြောပြရင်တော့ နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...

သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...

ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...

ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား

စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကား အဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ..

တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....

နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...

ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလားမြောက်လာမှာ မဟုတ်ဘူး..

စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ
ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......

“ တန်ဖိုး ”လူငယ် တော်တော်များများ ဟာ ကိုယ့်ကို "မင်း တန်ဖိုးမရှိတဲ့ကောင်လို့" ပြောရင် သိပ်စိတ်ဆိုးတာဘဲ။ အဲတော့ " တန်ဖိုး...
01/05/2024

“ တန်ဖိုး ”
လူငယ် တော်တော်များများ ဟာ ကိုယ့်ကို
"မင်း တန်ဖိုးမရှိတဲ့ကောင်လို့"
ပြောရင် သိပ်စိတ်ဆိုးတာဘဲ။

အဲတော့ " တန်ဖိုး " ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။

တကယ်တော့ '' တန်ဖိုး '' ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။
အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊
ငါသွားခွာလည်း ရတယ်၊
သဘာဝက အလကား ပေးထားတာလေ၊

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး
လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊
လောက်စလုံး တန်ဖိုးကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ်။
သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
" တန်ဖိုး '' တက် မသွားဘူးလား။

ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။
လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား။

ငါတို့တွေ လေကို အလကား မရှူရဘူးလား၊
ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊
မင်းက အကိုရယ် လေအလကား ရတာပဲလို့
ပြောကြည့်ပါလား၊
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့၊
ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။

@ဆရာကြီး ဦးအောင်သင်း
(လူငယ်များအတွက်လက်ဆင့်ကမ်း သြဝါဒ...)

"ရွှေးချယ်ခြင်း ဗိသုကာ”အမေရိကားမှာ ရှီတဲ့  ကျောင်းတစ်ကျောင်းမှာတက်နေကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ နှုတ်ခမ်းနီဆိုး...
01/05/2024

"ရွှေးချယ်ခြင်း ဗိသုကာ”

အမေရိကားမှာ ရှီတဲ့ ကျောင်းတစ်ကျောင်းမှာတက်နေကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ နှုတ်ခမ်းနီဆိုးတဲ့ ယဥ်ကျေးမှုခေတ်စားခါစအချိန်။
အတန်းအားပြီဆိုတာနဲ့ကျောင်းသူတွေ သန့်စန်ခန်းထဲပြေးဝင်ပြီး နှုတ်ခမ်းနီတွေ အလုအယတ်ဆိုးကြပြီးရင် နှုတ်ခမ်းနီဆိုးထားတဲ့ ပါးစပ်လေးတွေနဲ့ သန့်စန်ခန်းထဲကကြည့်မှန် အကြီးကြီးတွေပေါ်မှာ နှုတ်ခမ်းနီရာတွေချန်ကြလေ့ရှီတယ်။
သန့်ရှင်းရေးဝန်ထမ်းတွေခမျာ မှန်ပေါ်ကနှုတ်ခမ်းနီရာတွေကိုသုတ်ဖို့အလုပ်တစ်ခုပိုလာရော။အဲဒီလိုတွေမလုပ်ကြဖို့ဆရာ၊ဆရာမတွေကဆုံးမပေမဲ့ ထုံးစံအတိုင်းပဲ ဘယ်သူမှနှားမထောင်ကြဘူး။
တစ်ရက်တော့ကျောင်းသူတွေကို ဆရာမ က သန့်စန်ခန်းထဲခေါ်သွားပြီး”မှန်ပေါ်မှာ ပေနေတဲ့နှုတ်ခမ်းနီရာတွေကိုသုတ်ရတာ လွယ်တာမဟုတ်ဘူး"
လို့ပြောပြီးတဲ့အခါ ဘေးမှာရှီတဲ့ သန့်ရှင်းရေး ဝန်းထမ်းကိုခေါ်ပြီး”သန့်ရှင်းရေးလုပ်တာ ဘယ်လောက်ခက်သလဲ သူတို့သိအောင်ပြလိုက်ပါ”ပြောပြီး
သန့်ရှင်းရေးဝန်ထမ်း ကြမ်းတိုက်တုတ်ကိုယူပြီးအိမ်သာအိုးထဲနှစ်လိုက်တယ်။
ပါလာတဲ့အိမ်သာရေတွေကို ညှစ်ချတယ်။ပြီးတော့မှ အဲဒီတုတ်နဲ့ မှန်ကို တိုက်ပြတယ်။အိမ်သာရေနဲ့ ထပ်စွတ်တယ်။မှန်ကိုထပ်တိုက်တယ်။
အဲဒီနေ့ကစပြီး မှန်ပေါ်မှာနှုတ်ခမ်းနီရာတွေ နှောက်ထပ် မတွေ့ရတော့ဘူး။
ရွှေးချယ်ခြင်း ဗိသုကာ ဆိုတာအဲဒါပါပဲ။သူတို့ နှုတ်ခမ်းနီဆိုးပြီး မှန်ကိုထပ်နှမ်းချင်ရင်နှမ်းခွင့်ရှီသေးတယ်ဒါပေမယ့် သူတို့သိတယ် အိမ်သာကရေးနဲ့ဆေးထားတယ်ဆိုတာ။ဒီကျောင်းသူလေးတွေရဲ့ ရွှေးချယ်ခွင့်ကိုပိတ်ပင်လိုက်တာမဟုတ်ပဲ ဆရာမဘက်ကတည်ဆောက်ပေးလိုက်တဲ့ရွှေးချယ်ခြင်း ဗိသုကာကြောင့် ကျောင်းသူတွေအတွက် ရွှေးစရာလွယ်ကူသွားတယ်။

(One Plus One Equals Three)စာအုပ်မှပြန်လည်မျှဝေသည်။
Credit-photo

Address


Website

Alerts

Be the first to know and let us send you an email when Thuta Yatha Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thuta Yatha Zone:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share