Min's Podcast

  • Home
  • Min's Podcast

Min's Podcast Sharing experiences to the world.
(11)

19/07/2024
To all my enemies who pray for my downfall,Pray harder.
05/07/2024

To all my enemies who pray for my downfall,
Pray harder.

🟦Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ🔷လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယ...
20/06/2024

🟦Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ

🔷လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

🔷ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

🔷ဘာသာစကားအသစ်တွေ လေ့လာမိသလား? တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

🔷အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

🔷ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com

ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare
www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People
www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow
www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia
www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump
www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder
www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera
www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor
www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX
www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။

Credit: အခရာ

U.S.A နိုင်ငံရဲ့ Asylum ဆိုတာ ဘာလဲ❓ဘယ်အချိန်မှာ Asylum စလျှောက်သင့်လဲ🤔-Asylum ဆိုတာ USAနိုင်ငံ အတွင်း တရားဝင်နေထိုင်ခွင့...
19/06/2024

U.S.A နိုင်ငံရဲ့ Asylum ဆိုတာ ဘာလဲ❓
ဘယ်အချိန်မှာ Asylum စလျှောက်သင့်လဲ🤔

-Asylum ဆိုတာ USAနိုင်ငံ အတွင်း တရားဝင်နေထိုင်ခွင့် လျှောက်လို့ရတဲ့ နည်းလမ်းထဲမှ နည်းလမ်းတစ်သွယ် ဖြစ်ပါတယ် ...

-Asylum (ခိုလှုံခွင့်) ဆိုတာ မိမိတို့ မွေးဇာတိနိုင်ငံတွင် 👉အကြမ်းဖက်ခံရမှု
👉နှိပ်စက်ညှင်းပန်းခံရမှု
👉စစ်ပွဲမှထွက်ပြေးတိမ်းရှောင်လာသူများ
👉လူမျိုးရေး၊နိုင်ငံရေး၊ဘာသာရေး
စသည့်အခြေအနေ တစ်ခုခုကြောင့် အမေရိကန်နိုင်ငံတွင် ခိုလှုံ နေထိုင်ခွင့်ပြုရန်တရားဝင် လျှောက်ထားနိုင်သည့် လမ်းစဉ်ဖြစ်သည်🇺🇸🇺🇸🇺🇸

-ဒါဆိုရင် Asylum (ခိုလှုံခွင့်) ကို ဘယ်ချိန်မှာ စလျှောက်ရမလည်း❓❓❓
👉အမေရိကန်အတွင်းသို့ ဘယ် visa နဲ့ ရောက်လာလာ
အမေရိကန်မြေကို ခြေစနင်း ချိန်မှ 1နှစ် အတောအတွင်း ဟာ ခိုလှုံခွင့် လျှောက်ထားဖို့ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပါတယ်✅✅✅
👉တစ်နှစ်ကျော်သွားခဲ့ရင်တော့ ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခုကို သေချာစွာ ရှင်းလင်းတင်ပြနိုင်ရပါမယ် ....

❗November 2022 မှစတင်ပြီး Asylum (ခိုလှုံခွင့်)လျှောက်ရန် နည်းလမ်း၂သွယ် ရှိလာ ခဲ့ပါတယ်✅✅✅
-Paper based
-Online တို့ဘဲ ဖြစ်ပါတယ်✅✅✅

👉 paper based ဟာ USCIS မှု I-589form နဲ့ statements များ၊လိုအပ်တဲ့ Document တွေကို စာတိုက်မှ တစ်ဆင့် ပို့ရတာ ဖြစ်ပြီး

👉 Online ကတော့ USCIS Account Register လုပ်၍ I-589 form ကို Online မှ ဖြည့်၍ Submit လုပ်ရတာပါ✅✅✅

❗ Application တင်ပြီးရင်တော့ USCIS ရုံးမှ Received letter ပြန်ပို့ပေးပါလိမ့်မယ်✅✅✅

❗❗ဒီနေရာမှာ Online နဲ့တင်သူဟာ 24 နာရီအတွင်း Received letter ရရှိနိုင်ပြီး Paper based တင်သူအနေနဲ့တော့ 1လ မှ 4လ ကြား ကြာနိုင်ပါတယ် ❗❗

❗ Received letter တွင်ပါသော A number သည် အရေးကြီးနံပါတ်ဖြစ်ပါတယ် ❗

ကဲ ..ဒါဆိုရင်တော့ Asylum လျှောက်ဖို့ လိုအပ်တဲ့ Document တွေကတော့ 👉👉
-Passport
-I-94
-Visa paper
-မိမိstory ကို support လုပ်ပေးနိုင်မဲ့ Photos, Video,Notice letter တို့ဘဲ ဖြစ်ပါတယ် ✅✅

👉USCISvရုံးမှ ပို့လာသည့် Received letter တွင် Biometric Appointment (လက်ဗွေနှိပ်ရန်) Time&Date&Place တို့ပါဝင်ပြီး ထိုနေ့သည် အရေးကြီးသည့်အတွက် မပျက်မကွက် သွားရောက်ဖို့ လိုအပ်ပါတယ် နော် ❗❗

👉လက်ဗွေနှိပ်ပြီး ရက်ပေါင်း 150 ပြည့်ရင် SSN,EAD စလျှောက်လို့ရပါပြီ 👏👏👏
❗ရက်ပေါင်း 150အတွင်း Interview ရက် ရခဲ့ရင်တော့USCIS ရုံးမှ EAD Card တန်းထုတ် ပေးပါတယ်။
SSN Card သာ လျှောက်ရတော့မှာ ပါ👏👏👏

ကဲ .. ဒါဆိုရင်တော့ Interview Date တွေ အမြန်ဆုံးရပြီး American Citizen အမြန်ဆုံး ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် 🇺🇸🇺🇸🇺🇸

USA နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တွေကို မျှဝေပေးမှာ ဖြစ်လို့ page လေးကို Like & Follow လုပ်သွားကြအုံးနော် 🩵🩵🩵

24/05/2024

𝗨.𝗦.𝗔 ဗီဇာ နှင့်ပတ်သက်သော အကြောင်းအရာများ

Guests- Naing Ayar
- Kyi Phyu

02:11 Third Country တွေမှာရှိတဲ့ ဗီဇာအခြေအနေ

06:08 အချိန်ကြာလာတာနဲ့အမျှ Visa Rejection Rate တက်လာတာလား ?

07:59 ဗီဇာအောင်ဖို့လိုအပ်တဲ့အချက်များ

11:16 ဗီဇာအောင်ဖို့ ပြင်ဆင်ဖို့လိုအပ်တဲ့ အချက်များ

14:43 ရောက်လာတဲ့လူတွေသတိထားရမယ့် အချက်များ

21:40 ရောက်လာရင် Migration Officer မှမေးမယ့်မေးခွန်းများ

24:43 အနာဂတ်မှာဖြစ်လာမဲ့ ဗီဇာ အခြေအနေ

25:32 Interviewer နှင့် ကိုယ့်ရဲ့ယုံကြည်မှု

26:16 Reject ထိထားတဲ့လူတွေ ဘာလုပ်ရမလဲ ?

26:54 Reject မခံရအောင် သတိထားရမယ့် အချက်များ

27:54 Agents တွေဘယ်လို ရွေးချယ်ရမလဲ ?

30:41 Duo lingo, IELTS English Tests တွေလိုအပ်လား ?

Ayar Ma Travel ဧရာမ
https://www.facebook.com/ayarmatravel?mibextid=LQQJ4d

Naing ayar from myanmar
https://www.facebook.com/Ayarthenomad?mibextid=LQQJ4d

Phyu USA
https://www.facebook.com/profile.php?id=61556509696407&mibextid=LQQJ4d

Min's Podcast
TikTok
https://www.tiktok.com/?_t=8mabjEURYpT&_r=1
YouTube
https://www.youtube.com/
Instagram
https://www.instagram.com/minpo_dcast?igsh=YzAwZjE1ZTI0Zg%3D%3D&utm_source=qr

ီဇာ

Address


Website

Alerts

Be the first to know and let us send you an email when Min's Podcast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min's Podcast:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share