Saw James Vlog

  • Home
  • Saw James Vlog

Saw James Vlog Collections of my photos, videos and knowledge.
ဓါတ်ပုံလေးတွေ တင်မ

ဝါသနာ အရ ရိုက်ထားတဲ့ ဓါတ်ပုံ နှင့် ဗွီဒီယိုများကို ဒီ Page မှာ တင်ပါမယ်။

James Photo and Video Art
(Saw Myo Min Hlaing)

Zoomers ရိုက်ကူးခဲ့သူ ဒါရိုက်တာ Dylan Chow နှင့် တွေ့ဆုံခြင်းhttps://youtu.be/LJFwNeFn-qg
22/08/2024

Zoomers ရိုက်ကူးခဲ့သူ ဒါရိုက်တာ Dylan Chow နှင့် တွေ့ဆုံခြင်း
https://youtu.be/LJFwNeFn-qg

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များအဖွဲ့ (စင်ကာပူ) က ကြီးမှူးကျင်းပတဲ့ ၁၃ ကြိမ်မြောက် ကရင့်ရိုးရာ လက်ချည်ပွဲ မှတ်တမ်းပုံများ...
22/08/2024

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များအဖွဲ့ (စင်ကာပူ) က ကြီးမှူးကျင်းပတဲ့ ၁၃ ကြိမ်မြောက် ကရင့်ရိုးရာ လက်ချည်ပွဲ မှတ်တမ်းပုံများ
၂၀၂၄ ဩဂုတ်လ ၁၈ ရက်နေ့

အန်တီ ဒေါ်အောင်ဆန်းစုကြည် ကို ကျတော်ဘယ်လို စတင်သိခဲ့တာလဲဆိုတာကို မနှစ်က သူ့မွေးနေ့အပြီးမှာ စဉ်းစားခဲ့ပါတယ်။ စာလည်း ရေးခဲ...
19/06/2024

အန်တီ ဒေါ်အောင်ဆန်းစုကြည် ကို ကျတော်ဘယ်လို စတင်သိခဲ့တာလဲဆိုတာကို မနှစ်က သူ့မွေးနေ့အပြီးမှာ စဉ်းစားခဲ့ပါတယ်။ စာလည်း ရေးခဲ့ပါတယ်။ သူမရဲ့ ၇၈ နှစ်မွေးနေ့အပြီး ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ဗွီဒီယိုရိုက်ကူးခဲ့ပြီး အခုမှ ကျတော့်ရဲ့ Saw James Vlog YouTube ကို အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်။ လင့်ကို ကွန်းမန့်မှာထည့်ပေးထားပါတယ်။
ဒီဓါတ်ပုံလေးကတော့ ကျတော် ပထမဆုံးတွေ့ဖူးတဲ့ ပုံလေးဖြစ်ပါတယ်။
အမျိုးတွေရော အန်တီကို ဘယ်လို စသိခဲ့ကြတာလဲ?

သူမတူ အကျဉ်းသားအရင်ကတည်းက ထောင်နဲ့ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို စာရေးဆရာများစွာက ရေးသားခဲ့ကြပါတယ်။ အချို့ကို ဖတ်ဖူးခဲ...
03/06/2024

သူမတူ အကျဉ်းသား

အရင်ကတည်းက ထောင်နဲ့ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကို စာရေးဆရာများစွာက ရေးသားခဲ့ကြပါတယ်။ အချို့ကို ဖတ်ဖူးခဲ့ပြီး အချို့ကိုတော့ မဖတ်ဖူးသေးပါ။ ငယ်ငယ်ကလေးဘဝက “ဘဝကြေးမုံ ထောင့်အတွေ့အကြုံ” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးခဲ့တယ်။ မူလတန်းအရွယ်လောက်က ဖြစ်မယ်ထင်တယ်။ သေသေချာချာ မမှတ်မိတော့ဘူး။ နောက် ဆရာလူထုဦးလှ ရဲ့ “ထောင်နှင့်လူသား” စာအုပ်ကိုလည်း ဖတ်ဖူးခဲ့ပါတယ်။ အဲတုန်းက ထောင်ဆိုတာ မမြင်ဖူး မသိဖူးသေးသော နေရာ ဖြစ်ပြီး အထက်တန်းကျောင်း တက်ရတော့မှ မိမိတက်တဲ့ ကျောင်းရှေ့တည့်တည့်မှာ အကျဉ်းထောင်ရှိနေတာမို့ ထောင်အုတ်ရိုးနီနီ ကို မြင်တွေဖူးခဲ့ပါတယ်။ ထောင်အထဲကိုတော့ လှမ်းမမြင်ရတာမို့ မိမိဖတ်ခဲ့ဖူးသော စာအုပ်များထဲကလို အဆောင်တွေ ရှိလိမ့်မည်ဟု မှန်းဆမိခဲ့ပါတယ်။ ထောင်ပတ်ဝန်းကျင် အနီးအနားမှာ လည်း အကျဉ်းသားများကို ဝတ်စုံဖြူ ခြေချင်းသံတညံညံ နဲ့ အလုပ်များလုပ်နေကြတာကို ရံဖန်ရံခါ တွေ့မြင်ဖူးခဲ့ပါတယ်။ ကျောင်းဆရာ ဆရာမများက မင်းတို့ ပညာတတ်အောင်သင် လိမ်လိမ်မာမာနေ၊ မဟုတ်ရင် သူတို့လို နေရလိမ့်မယ်လို့ ဆုံးမခံခဲ့ရဖူးပါတယ်။ နောက် မိမိမှာ စာကြိုးစားပြီး လိမ္မာသော်လည်း ထောင်ထဲကို ရောက်ခဲ့ရပြီး အဲတုန်းကဆို ဆရာ ဆရာမများရဲ့ ဆုံးမစကားများကို ကြားရောင်ကာ ပြုံးမိပါသေးတယ်။ စာတော် လိမ္မာရုံမက ရဟန်းသံဃာများကို ရိုသေကူညီခဲ့တာကတစ်ကြောင်း မိမိနိုင်ငံကြီးကို တိုးတက်စေချင်တဲစေတနာတွေကြောင့်တစ်ကြောင်း အုတ်ရိုးအတွင်းသို့ ရောက်ခဲ့ရတာတွေကို ဆရာမတွေနဲ့ ကြုံရင် ပြန်ပြောပြချင်ပါသေးတယ်။ ထောင်ထဲသို့ရောက်မှ ဖတ်ခဲ့ရတာကတော့ ပါပီလွန်နှင့်ဗင်ဂို ဆိုတဲ့ ဘာသာပြန်ထောင်စာအုပ် ဖြစ်ပါတယ်။

မိမိမှာ ထောင်ထဲမှာနေခဲ့ဖူးသော်လည်း မှတ်မှတ်သားသားအနေနဲ့ စာအုတ်မရေးထုတ်နိုင်ခဲ့ပါ။ ရေးရန် အတန်တန်ကြိုးစားခဲ့သော်လည်း ခေါင်းစဉ်လောက်နဲ့ တစိတ်တပိုင်းလောက်သာ အကြမ်းရေခဲ့ဖူးပါတယ်။ ယခုအခါ ပါမောက္ခ မစ္စတာရှောင်တာနယ်က သူထောင်က ထွက်ပြီးမကြာခင်မှာပင် မြန်မာနိုင်ငံက ထောင်တွင်း အတွေ့အကြုံများကို စာတစ်အုပ် ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေလိုက်ပါတယ်။ An Unlikely Prisoner လို အမည်ပေးထားပါတယ်။ မစ္စတာရှောင်ရဲ့ ကြိုးစားအာထုတ်မှုကြောင့် လက်ရှိမြန်မာ့နိုင်ငံအကျဉ်းထောင်ထဲရှိ အခြေအနေများအား ကမ္ဘာကိုသိစေတဲ့ ခေတ်ပြိုင်သမိုင်းမှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။ မစ္စတာရှောင်တာနယ်ဟာ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းအပြီးမှာ မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး အတန်ကြာ အကျဉ်းကျခံခဲ့ရတာဖြစ်ပါတယ်။ သူ့စာအုပ်ထွက်ပြီးမကြာခင်မှာပဲ ဆရာအေကေမိုးက မြန်မာဘာသာ ပြန်ဆိုပြီး “သူမတူအကျဉ်းသား” လို့ အမည်ပေးခဲ့ပါတယ်။ မူရင်းစာအုပ်ရော ဘာသာပြန်စာအုပ်ရောကို အစအဆုံးမဖတ်ရသေးပါ။ ကံကောင်းချင်တော့ မြန်မာပြန်ထားတဲ့ စာအုပ်ကို All Young Burmese League YouTube Channel မှာ ကိုနေမျိုးဇင် ဖတ်ပြလို့ အပိုင်းလိုက် နားထောင်နေရပါတယ်။ မပြီးသေးဘူးပေါ့။

နိုင်ငံခြားသားတစ်ယောက်အဖို့ အထူးသဖြင့် ပညာကိုသာ စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ ပညာရှင် ပါမောက္ခတစ်ယောက်အနေနဲ့ တော့ သူ့အတွေ့အကြုံတွေက အတော်လေးမသက်မသာ ဖြစ်တာကို တွေ့ရပါတယ်။ သူလုံးမမျှော်လင့်ထားတဲ့ အနေအထားတွေကို ကိုတွေ့ကြုံခဲ့ရတာပါ။ ခက်ခဲတဲ့အနေအထားတွေကို ဖြတ်သန်းရင်း မြန်မာမိတ်ဆွေကောင်းတွေနဲ့ ထောင်ထဲတွေ့ကြုံရတာတွေကို အသေးစိတ်ဖေါ်ကျူးထားတာ ဖြစ်လို့ ခေတ်ပြိုင်မှတ်တမ်းလေ့လာလိုသူများ ဖတ်သင့်ပါတယ်။ သူက အင်္ဂလိပ်လိုရေးတာမို့ နိုင်ငံတကာကနေ မြန်မာ့အကြောင်း ကို သိရှိနိုင်သွားပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတစ်ယောက်ကို ဖမ်းဆီးခဲ့တဲ့ မှတ်တမ်းအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပါပြီ။

စောဂျိမ်း
၃.၆.၂၀၂၄

ရှယ်ပါရစေနော်🎉 Facebook recognised me as a top rising creator this week!
20/05/2024

ရှယ်ပါရစေနော်
🎉 Facebook recognised me as a top rising creator this week!

“ည” ရုပ်ရှင်ကားကို ကျတော်တို့ ဝိုင်းကူညီခဲ့ကြတယ်။ စင်ကာပူရောက် မြန်မာတွေ အားပေးခဲ့ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့ရုပ...
17/05/2024

“ည” ရုပ်ရှင်ကားကို ကျတော်တို့ ဝိုင်းကူညီခဲ့ကြတယ်။ စင်ကာပူရောက် မြန်မာတွေ အားပေးခဲ့ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့ရုပ်ရှင်တွေကို အဆင့်မီလာအောင်၊ ထိုးထွက်လာအောင် ကြိုးစားလာကြတဲ့ လူငယ်တွေကို အားပေးချင်လို့ဖြစ်ပါတယ်။ မင်းသား ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ စတင်ထိုးဖေါက် လာခဲ့ကြပြီး လူငယ် များကလည်း ဒီလို ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်းပြည်က အတက်ဖက်ကို ဦးတည်ချိန် အဖက်ဖက်က တိုးတက်စေချင်တဲ့ စိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေပါ ၃၀ တန်းတွေ ၊၂၀ တန်း လူငယ်ခြေတက်​တွေဖြစ်လို့ လူငယ်တွေကို အားပေးချင်ကြလို့လည်း ဖြစ်ပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး နဲ့ မင်းသား မင်းသမီးတွေကိုယ်တိုင် လာပြီး ပရိတ်သတ်တွေ့ဆုံခဲ့တာပါ။ ဒီပွဲမှာ ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့သလို ကျတော့်ရဲ့ အရင်အကောင့်မှာ တင်ပေးခဲ့ဖူးပါတယ်။ အခုတော့ အဲဒီအကောင့် မရှိတော့ပါဘူး။ အရင်ပို့စ်မှာ ညီမငယ် မြတ်နိုးအေး ရဲ့ ပုံကို တင်ပေးခဲ့ပြီး အခုတစ်ခါတော့ မင်းသမီး နန်းထရေစီ ရဲ့ ပုံကို တင်ပေးလိုက်ပါတယ်။ အခု နန်းထရေစီ ကို မတွေ့မိတော့ပါ။ သိကြသူများ ကွန်းမန့်ပေးကြပါ။ အခြားပုံများကိုတော့ အလျဉ်းသင့်သလို တင်ပေးသွားမှာဖြစ်ပြီး ရိုက်ကူးခဲ့တဲ့ ရက်ကတော့ ၂၀၁၈ မေလ ၁ ရက်နေ့က ဖြစ်ပါတယ်။

စင်ကာပူမှာ ၂၀၁၃ လောက်ကနေ ၂၀၂၀ လောက်အတွင်းကမှာ လုပ်ခဲ့ကြတဲ့ပွဲတွေ အများစုရဲ့ မှတ်တမ်းတွေ ကျတော့်ဆီမှာ ရှိပါတယ်။ ဘယ်ဟာတွေကို တင်စေချင်လဲ ဆိုတာ အဲတုန်းက မှတ်မိသူများ၊ ကိုယ်ပုံလေးတွေ ပါနိုင်မယ် ဆိုသူများ Comment ရေးပေးသွားကြပါအုံး။

ရုပ်သံများကို YouTube Channel ( )မှာလည်း သွားရောက် ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

အရင်က ရိုက်ဖူးတဲ့ ပုံလေးတွေ၊ ရိုက်ဖူးတဲ့ ရုပ်သံတွေ၊ ရိုက်ဖူးတဲ့ ပွဲတွေကို ပြန်ပြီး စာရေးတင်တာဖြစ်စေ ရုပ်သံလုပ်တင်တာဖြစ်စ...
16/05/2024

အရင်က ရိုက်ဖူးတဲ့ ပုံလေးတွေ၊ ရိုက်ဖူးတဲ့ ရုပ်သံတွေ၊ ရိုက်ဖူးတဲ့ ပွဲတွေကို ပြန်ပြီး စာရေးတင်တာဖြစ်စေ ရုပ်သံလုပ်တင်တာဖြစ်စေ ကြိုးစားကြည့်မလားလို့။ ဥပမာ -၂၀၁၅ ရွေးကောက်ပွဲတုန်းက စင်ကာပူသံရုံးရှေ့မှာ နေ့မအိပ် သွားရိုက်ခဲ့တဲ့အကြောင်းမျိုးတွေ ၊ ဆီးဂိမ်းမှာ မြန်မာပရိတ်သတ်တွေရဲ့ အားပေးမှု မှတ်တမ်းတွေ၊ သင်္ကြန်ပွဲတွေ… စသဖြင့်ပေါ့။ ဘယ်ဟာတွေက စတင်စေချင်လဲ ဆိုတာ အဲတုန်းက မှတ်မိသူများ၊ ကိုယ်ပုံလေးတွေ ပါနိုင်မယ် ဆိုသူများ Comment ရေးပေးသွားကြပါအုံး။

အခုပုံကတော့ စင်ကာပူမှာ “ည” ရုပ်ရှင်ကားပြစဉ်တုန်းက မင်းသမီး ညီမငယ် မြတ်နိုးအေးကို ရိုက်ဖြစ်တဲ့ ပုံလေးပါ။ ၂၀၁၈ မေလ ၁ ရက်နေ့က ဖြစ်ပါတယ်။ Golden Mile က Carnival ရုပ်ရှင်ရုံမှာ “ည” ဆိုတဲ့ကား ပြခဲ့တုန်းက ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဦးဆောင်တဲ့ မင်းသား မင်းသမီးတွေ လာပြီး ပရိတ်သတ်တွေ့ဆုံပွဲ လုပ်ခဲ့တာပါ။ ပရိတ်သတ်တစ်ယောက် နဲ့ ဆယ်ဖီဆွဲနေစဉ် အမှတ်တမဲ့ မှတ်တမ်းတင်ခဲ့တာလေးပါ။

ကြိုးစားပြီး မကြာခင် တင်ပါမယ်
13/05/2024

ကြိုးစားပြီး မကြာခင် တင်ပါမယ်

ကမ္ဘာကိုပတ်နေကြတဲ့ Starlink ဂြိုဟ်တုများအကြောင်း လေ့လာမိသလောက် ဝေမျှရင်ကောင်းမလားလို့ စဉ်းစားနေပါတယ်...

ဒီအထဲမှာ နောက်ပြန်ရှာကြည့်တော့ ၂၀၁၅ ဆီးဂိမ်းကပုံတွေ အများကြီး တွေ့သဗျ… ကင်မရာစကိုင်ကတည်းက snap ရိုက်ချက်များ…
11/05/2024

ဒီအထဲမှာ နောက်ပြန်ရှာကြည့်တော့ ၂၀၁၅ ဆီးဂိမ်းကပုံတွေ အများကြီး တွေ့သဗျ… ကင်မရာစကိုင်ကတည်းက snap ရိုက်ချက်များ…

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က T-Aeint ဆိုတဲ့ Hostel and Restaurant အကြောင်း အမှတ်တရ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ရိုက်ခဲ့တ...
09/05/2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က T-Aeint ဆိုတဲ့ Hostel and Restaurant အကြောင်း အမှတ်တရ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ရိုက်ခဲ့တာကတော့ ၈ လလောက်ရှိပါပြီ။ အခုမှ တင်ဖြစ်ပါတယ်။ T-Aeint ဆိုင်ပိုင်ရှင်က တော့ သူငယ်ချင်း မအိမ့် ဖြစ်ပါတယ်။ ဘန်ကောက်ကို ရောက်ရင် တီအိမ့်ကို လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကြည့်ရန် - https://youtu.be/Yc-t9FBnsDU


T-Aeint Bar and Restaurant Chiang Mai

T-aeint vlog - coming soonအခုက တီစာပါ အရှည် မကြာခင်လာမည်https://youtu.be/lVeVW1WeDaw
09/05/2024

T-aeint vlog - coming soon
အခုက တီစာပါ အရှည် မကြာခင်လာမည်
https://youtu.be/lVeVW1WeDaw

08/05/2024

အရင် အကောင့်ဟောင်းမှာ စင်ကာပူက ပွဲတွေရဲ့ မှတ်တမ်းပုံတွေ အများကြီးပါသွားတယ်။ အဲဒီအကောင့်က ပျက်သွားတယ်ဆိုတော့ အကုန်ပါသွားတယ်လေ။ ဟတ်ဒစ်ထဲမှာတော့ အများကြီးပဲ။ နှစ်အလိုက် အစဉ်လိုက် ပြန်တင်ရင် ကောင်းမလား လို့ စဉ်းစားမိတယ်။ ဘယ်လိုသဘောရကြလဲ အမျိုးတို့ရေ?

ဒီလိုတော့ ပြတာပေါ့နော့် ဒါပေမယ့် ကိုယ်က ပို့စ်မှ မတင်တော့ ဘယ်ရပါ့မလဲလေ။
29/04/2024

ဒီလိုတော့ ပြတာပေါ့နော့် ဒါပေမယ့် ကိုယ်က ပို့စ်မှ မတင်တော့ ဘယ်ရပါ့မလဲလေ။

ပို့စ်တင်စရာက မရှိ ရှာကြံတင်ရရင် ကျတော့်ရဲ့ ကိုယ်ပိုင်ချန်နယ်လေး အားပေးကြပါအုံးလို့ကိုယ်ချန်နယ်သာ လှည့်မကြည့်ဖြစ်တာ အခြာ...
27/04/2024

ပို့စ်တင်စရာက မရှိ
ရှာကြံတင်ရရင် ကျတော့်ရဲ့ ကိုယ်ပိုင်ချန်နယ်လေး အားပေးကြပါအုံးလို့
ကိုယ်ချန်နယ်သာ လှည့်မကြည့်ဖြစ်တာ အခြားချန်နယ်တွေ အတွက်တော့ အများကြီး လုပ်ပေးနေဖြစ်ပါတယ်
ကိုယ်ဘက်လည်း ပြန်လုပ်ပါမယ်လို့

03/01/2024

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ
Happy New Year to you all.

ကင်မရာနောက်ကွယ်က သူတစ်ယောက်အတွက် ကင်မရာရှေ့ထွက်ဖို့က အတော်ခက်ပါတယ်…အတိုချုပ်ပြောရရင် ကျတော့်ရဲ့ Saw James Vlog YouTube C...
29/09/2023

ကင်မရာနောက်ကွယ်က သူတစ်ယောက်အတွက် ကင်မရာရှေ့ထွက်ဖို့က အတော်ခက်ပါတယ်…
အတိုချုပ်ပြောရရင် ကျတော့်ရဲ့ Saw James Vlog YouTube Channel ကို အားပေးကြပါလို့…

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဘန်ဘောဈေးကို ရောက်ရှိခိုက် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဘောဈေး က...
19/09/2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဘန်ဘောဈေးကို ရောက်ရှိခိုက် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဘောဈေး ကို မြန်မာဈေးလို့လည်း ခေါ်ကြပါတယ်။ မြန်မာဈေးလို့ ခေါ်ဆို ရောင်းသူ ဝယ်သူ အားလုံးက မြန်မာများ ဖြစ်ကြပါတယ်။ မြန်မာအစားအစာ အဝတ်အစား အသုံးအဆောင် အကုန် အဲဒီဈေးမှာ ရပါတယ်။ ရွှေဆိုင် ဖုန်းဆိုင်ကနေ တက်တူးဆိုင် အကုန်လုံးက မြန်မာဆိုင်ချည်းပါ။

Youtube လင့်ကို comment တွင်ကြည့်ပေးကြပါခင်ဗျာ။



#ဘန်ဘောဈေး

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား
17/09/2023

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား

မကြာမီ လာမည်လို့ ပြောတာ ၃ နှစ်ကျော် ကြာခဲ့ပါတယ်Singapore MRT မြေအောက်လှိုင်ခေါင်းတူးတဲ့အကြောင်း တစ်စေ့တစ်စောင်းhttps://y...
15/09/2023

မကြာမီ လာမည်လို့ ပြောတာ ၃ နှစ်ကျော် ကြာခဲ့ပါတယ်

Singapore MRT မြေအောက်လှိုင်ခေါင်းတူးတဲ့အကြောင်း တစ်စေ့တစ်စောင်း
https://youtu.be/wl7322kJBWo

မကြာမီလာမည်

ကမ္ဘာကိုပတ်နေကြတဲ့ Starlink ဂြိုဟ်တုများအကြောင်း လေ့လာမိသလောက် ဝေမျှရင်ကောင်းမလားလို့ စဉ်းစားနေပါတယ်...
12/09/2023

ကမ္ဘာကိုပတ်နေကြတဲ့ Starlink ဂြိုဟ်တုများအကြောင်း လေ့လာမိသလောက် ဝေမျှရင်ကောင်းမလားလို့ စဉ်းစားနေပါတယ်...

James Vlog ထဲမှာ ရှိတဲ့ Content မျိုးစုံအကြောင်းကို ပြောပြပေးထားပါတယ်။https://youtu.be/BMivnExLLv8Saw
05/09/2023

James Vlog ထဲမှာ ရှိတဲ့ Content မျိုးစုံအကြောင်းကို ပြောပြပေးထားပါတယ်။

https://youtu.be/BMivnExLLv8Saw

အသစ်တွေ မလာသေးခင် အရင်ကရိုက်ကူးခဲ့တာလေးတွေ ပြန်ကြည့်နိုင်ပါတယ်ဆမ်ဘာဝမ်း ဓမ္မဥယျာဉ်ကျောင်း ဆရာတော် ဦးဣန္ဒာစရိယ နဲ့ တွေ့ဆု...
02/09/2023

အသစ်တွေ မလာသေးခင် အရင်ကရိုက်ကူးခဲ့တာလေးတွေ ပြန်ကြည့်နိုင်ပါတယ်

ဆမ်ဘာဝမ်း ဓမ္မဥယျာဉ်ကျောင်း ဆရာတော် ဦးဣန္ဒာစရိယ နဲ့ တွေ့ဆုံခြင်း

#ဆမ်ဘာဝမ်းဓမ္မဥယျာဉ်ကျောင်း #ဦးဣန္ဒာစရိယ ်ဘာဝမ်း ဓမ္မဥယျာဉ်ကျောင်း ဆရာတော် ဦးဣန္ဒာစရိယ ထံသို့ သွားရ.....

Singapore MRT မြေအောက်လှိုင်ခေါင်းတူးတဲ့အကြောင်း တစ်စေ့တစ်စောင်းhttps://youtu.be/wl7322kJBWoSingapore MRT မြေအောက်လှိုင်...
30/08/2023

Singapore MRT မြေအောက်လှိုင်ခေါင်းတူးတဲ့အကြောင်း တစ်စေ့တစ်စောင်း

https://youtu.be/wl7322kJBWo

Singapore MRT မြေအောက်လှိုင်ခေါင်းတူးတဲ့အကြောင်းကို Senior Geologist တစ်ယောက်ဖြစ်တဲ့ ကိုမင်းအောင်ခိုင် နှင့် မေးမြန်းတင်ဆက်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ်က ရိုက်ခဲ့တာကို အခုမှ တင်ဖြစ်တာပါ။

Vlog Playlist Link - https://youtube.com/playlist?list=PLVhGDs_6CY7gLZCrFahbs9PQ2Ljb2V6uf&si=Mhp5Q9tq4Ds4QY8r

Saw James Vlog ကို ပြန်စပြီလို့ ဒုတိယအကြိမ်ပြောပြန်ပြီ... ဒီတစ်ခါ တစ်ကယ်လုပ်ပါမည် 😆https://youtu.be/ECR41A5_qBM
27/08/2023

Saw James Vlog ကို ပြန်စပြီလို့ ဒုတိယအကြိမ်ပြောပြန်ပြီ... ဒီတစ်ခါ တစ်ကယ်လုပ်ပါမည် 😆

https://youtu.be/ECR41A5_qBM

24/08/2023

ငွေလေး စဝင်ပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်
ဆက်လက် အားပေးကြပါအုံး အမျိုးတို့ရေ

လွတ်လပ်ရေးရတာ လပိုင်းပဲ ကွာတယ်သုခမြို့တော်ဆိုတဲ့ ဝတ္ထု ဖတ်ဖူးတယ်ခုတော့ ကွာခြားခဲ့လေပြီ"လ"ပေါ်ကို အိန္ဒိယ လဆင်းယာဉ် ယနေ့ဆ...
23/08/2023

လွတ်လပ်ရေးရတာ လပိုင်းပဲ ကွာတယ်

သုခမြို့တော်ဆိုတဲ့ ဝတ္ထု ဖတ်ဖူးတယ်

ခုတော့ ကွာခြားခဲ့လေပြီ

"လ"ပေါ်ကို အိန္ဒိယ လဆင်းယာဉ် ယနေ့ဆင်းဆက်နိုင်ခဲ့လေပြီ

ငယ်ငယ်တုန်းကပေါ့...တော်တော်လေး ငယ်ပါတယ်... ကျတော်စိတ်ထင် အဲကောင်လေး တတိယတန်း စတုတ္ထတန်းလောက်က အဲဒီပိုး စမယ်ထင်ပါတယ်... က...
22/08/2023

ငယ်ငယ်တုန်းကပေါ့...
တော်တော်လေး ငယ်ပါတယ်... ကျတော်စိတ်ထင် အဲကောင်လေး တတိယတန်း စတုတ္ထတန်းလောက်က အဲဒီပိုး စမယ်ထင်ပါတယ်... ကထိန်ရာသီရောက်ပြီဆိုရင် မနေနိုင် မထိုင်နိုင် ဖြစ်ပါတော့တယ်... ရွာက လူကြီးတွေ ဘကြီးတွေကို ပူဆာပြီး ကထိန်လုပ်ဖို့ ဆော်ဩပါတော့တယ်... အဓိက ကတော့ အိုးစည်ဝယ်ရင် ဝယ် မဝယ်ရင် ငှားဖို့ပေါ့... ကျွဲရုပ်ကတော့ ကိုယ်တိုင်ချိုးဖို့ မစွမ်းသာရကား လူကြီးမိဘတွေကို အပူကပ်ပြီး ကျွဲချိုးနည်း ပညာကို လှည့်လည်ရှာဖွေပါတော့တယ်...

ရွာ နဲ့ မလှမ်းမကမ်းက ထူးကြီးမြို့နားက ရွာတစ်ရွာက ဆရာတော်ကြီးက ကျွဲရုပ် ချိုးတတ်တယ်လို့ ဆိုတာနဲ့ အဲဒီရွာမှာ နေခဲ့ဖူးတဲ့ ဘကြီးမြတ်ကျော် (အခုတော့ ဆုံးရှာပါပြီ) ကို အကူအညီတောင်းပြီး အဲဒီဆရာတော်ဆီမှာ တပည့်ခံပြီး ကျွဲချိုးနည်း လေ့လာပါတယ်... ဆရာတော်ကလည်း သူ့သင်္ဃန်းအဟောင်းတွေကို ဆေးမည်းဆိုးပြီး ကူညီရှာတယ်... သင်ပြပေးတယ်... ကျွဲရပြီဆိုတော့ ရွာပြန်လာပြီး ရွာက ကာလသားများနဲ့ အတူတူ (အဲကောင်လေးကတော့ ကလေးပဲ ရှိသေးတယ်) အလှူခံထွက်ကြပါတော့တယ်...

ရောဂါချူချာတဲ့ အဲဒီကလေးဟာ တစ်ခါတစ်လေ ခရီးဝေး အလှူခံ တစ်ခါထွက်ပြီးရင် ဖျားပါတယ်... ဖျားပေသော်လည်း ညကျရင် မနားမနေ ကျွဲရုပ်ကို ပြင်ဆင်ပါတယ်... ပြဲတဲ့နေရာချုပ်... ပေါက်တဲ့နေရာဖာပေါ့... ဒါမှ နောက်နေ့ အဆင်သင့် ဖြစ်မှာပေါ့... လျှပ်စစ်မီး မရှိတဲ့ မြိုင်ခြေက ရွာလေး ဖြစ်တာကြောင့် ရေနံဆီ မီးခွက်... ဖရောင်းတိုင် တို့ နဲ့ ညအမှောင်ကို အံတု... ကျွဲချုပ် ရတာ ညည့်နက်သန်းကောင်ထိ... ကထိန်ရာသီတစ်ခုပြီးသွား တာနဲ့ အဲကောင်လေးကိုလည်း မိဘတွေက တော်တော် နာနှပ်ယူရတော့တာပဲ... အဲဒီလို လေး ငါး နှစ် ရှစ်တန်းနှစ်လောက် ထိအောင် နှစ်တိုင်း လုပ်ဖြစ်ခဲ့ပါတယ်...
အင်း အခုလား အဲဒီကောင်လေး လေ... မြန်မာ့ရိုးရာအိုးစည်သံ ကြားရင် မကပဲ မနေနိုင်... ရင်မှာတလှပ်လှပ်... ကျွဲရုပ်မြင်ရင် ဝင်ကလိုက်ရမှ...
ချစ်တယ်... အဲဒီကောင်လေးက သူ့ရေ သူ့မြေကို သိပ်ချစ်တယ်... သူ့လူတွေကို သိပ်ချစ်တယ်...သူ့လူတွေရဲ့ ဓလေ့ရိုးရာကို သိပ်ချစ်တယ်... သူနိုင်ငံကို သူသိပ်ချစ်တယ်...
ကဲ... တစ်ပွဲတစ်လှမ်း အကဲစမ်းရအောင် လာလေ့...


နာဂစ်မုန်တိုင်း ထောင်တွင်းအတွေ့အကြုံများ စကားဝိုင်းမြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ခဲ့တာ ၁၅ နှစ်ကျော်ကြာခဲ့ပါပြီ။ ပ...
20/08/2023

နာဂစ်မုန်တိုင်း ထောင်တွင်းအတွေ့အကြုံများ စကားဝိုင်း

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ခဲ့တာ ၁၅ နှစ်ကျော်ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၃ နှစ် (၁၂ နှစ်ပြည့်အထိမ်းအမှတ်) အဖြစ် နာဂစ်ကာလကို အင်းစိန်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားဘဝ နဲ့ ဖြတ်သန်းခဲ့ကြရတဲ့ ဦးပဉ္ဇင်းဂျောင်းဂျောင်းလို့ လူသိများတဲ့ ဦးဣဿရိယ နဲ့ ဦးအောင်ကျော်ကျော် တို့ကို ဖိတ်ခေါ်ပြီး အွန်လိုင်းကနေ ဆွေးနွေးခန်းတင်ဆက်ပေးလိုက်ပါတယ်။

https://youtu.be/8Vddy1KplV8

၂၀၂၀ ရွေးကောက်ပွဲ (စင်္ကာပူ) ကြိုတင်မဲပေးမှတ်တမ်း (၆၂)၁၉.၁၀.၂၀၂၀
14/02/2022

၂၀၂၀ ရွေးကောက်ပွဲ (စင်္ကာပူ) ကြိုတင်မဲပေးမှတ်တမ်း (၆၂)

၁၉.၁၀.၂၀၂၀

၂၀၂၀ ရွေးကောက်ပွဲ (စင်္ကာပူ) ကြိုတင်မဲပေးမှတ်တမ်း (၆၀)၁၈.၁၀.၂၀၂၀
14/02/2022

၂၀၂၀ ရွေးကောက်ပွဲ (စင်္ကာပူ) ကြိုတင်မဲပေးမှတ်တမ်း (၆၀)

၁၈.၁၀.၂၀၂၀

Address


Alerts

Be the first to know and let us send you an email when Saw James Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saw James Vlog:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share