Second Slots

Second Slots အ​နောက်တိုင်းအချိုပွဲများ/မြန်မာ့ရိုးရာအချိုပွဲများဝင်​ရောက်​လေ့လာဝယ်ယူနိုင်တယ်ရှင်

27/07/2023

🔥🔥🔥🔥slot machine game that allows you to win many prizes, come be lucky you too!

27/07/2023

🎰➡️🔃=🤑
Enjoy Slot machines and all slot machines games

27/07/2023

The Legendary Casino Game 🎰💃

ကြာဆံချက် (ပွဲ ၁၀ဝ စာ)ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်ကောင်းကောင်းနဲ့ချက်...
14/09/2022

ကြာဆံချက် (ပွဲ ၁၀ဝ စာ)

ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်ကောင်းကောင်းနဲ့ချက်တဲ့ ကြာဆံချက်က စားလို့ကောင်းတာပါ။ ပြီးတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ မအီတဲ့ အစားအစာမို့ အလှူပွဲမှာ ကြာဆံချက် ကျွေးမွေးဧည့်ခံရတာလည်း မျက်နှာပန်းလှပါတယ်။

ပါဝင်ပစ္စည်းများ

ပဲကြာဆံ – ၁ ပိဿာ

ကြက်သား – ၂ ပိဿာ

ကြက်ရိုး – ၁ ပိဿာ

ငါးဖယ် – ၁ ပိဿာ

ငုံးဥ – အလုံး ၂၀ဝ

ကြက်သွန်နီဥသေး – ၂ ပိဿာ

မှိုခြောက် – ၁၀ ကျပ်သား

ပန်းခြောက် – ၁၀ ကျပ်သား

ပဲလိပ် – ၁၀ ကျပ်သား

ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား

အရောင်တင်မှုန့် – ၁၅ ကျပ်သား

ကြက်သွန်ဖြူ – ၃၅ ကျပ်သား

လက်ဖက်စားကြက်သွန်ဖြူကြော် – ၂၅ ကျပ်သား

ချင်း – ၁၀ ကျပ်သား

ဆီ – ၃၀ ကျပ်သား

အရသာမှုန့် – စားပွဲဇွန်း ၅ ဇွန်း

သကြား – စားပွဲဇွန်း ၁၀ ဇွန်း

ဆား – စားပွဲဇွန်း ၇ ဇွန်း

ဗမာငံပြာရည်ကောင်းကောင်း – ၂၀ ကျပ်သား

နံနံပင် – ၁ ပိဿာ

ကြက်သွန်နီ – ၁ ပိဿာ (ပါးပါးလှီး)

ငရုတ်သီးလှော်မှုန့် – ၃၀ ကျပ်သား

ပြုလုပ်နည်း

ဦးစွာ ကြက်သားကို ရေဆေးသန့်စင်၍ အတုံးသေးလေးများတုံးပြီး ဆား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် ၁၀ ကျပ်သားနှင့် ပိုင်ပိုင်နိုင်နိုင် နယ်နှပ်ထားပါ။ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ရေစိမ်ထားပါ။ ပဲကြာဆံကိုလည်း ရေစိမ်ထားပြီး ငုံးဥကို ပြုတ်ထားပါ။ ရေနွေးဆူအောင်တည်၍ ဆူလာလျှင် ချင်း ၅ ကျပ်သား ဓားပြား ရိုက်ထည့်ပြီး ကြက်သွန်ဖြူ ၁၀ ကျပ်သားကို အပေါ်ခွံနွှာ၍ ရေသန့်စင်အောင် ဆေးပြီး ထည့်ပြုတ်ပါ။ ကြက်ရိုးများ ခုတ်ထစ်ပြီး ထည့်ပြုတ်ထားပါ။ ကြက်ရိုးမှ ကစီရည်ထွက်ပြီး မွှေးလာတဲ့အထိတည်ပါ။ ထည့်ရမယ့်ရေချိန်မှာ ထမင်း ပေါင်းအိုး ၁ ပြည်ချက်နှင့် ရေ ၁၀ လုံးပါရှင်။ ရေနွေးအသင့်ဆောင်ထားပါ။ အပျစ်အကျဲပေါ်လိုက်ပြီး ရေလိုက်နိုင် ပါတယ်။ အိုးကြီးချက်အရည်ချက်တဲ့အခါ အဓိက ရေမများစေဘဲ ရေနွေး အသင့်ဆောင်ပါ။ ပျစ်လျှင် ရေလိုက်လို့ ရပေမယ့် ကျဲသွားရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ငါးဖယ်ကို စေးနေအောင် ဆား၊ အရသာနှင့် ပေါက်ပြီး အလုံးလေးတွေ ထည့်ပြုတ်လို့ရသလို အပြားခပ်ကြီးကြီးပြားပြီး ပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးနှင့် ညှပ်ထည့်လို့လည်း ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းပြီး ဆီ ၂၀ ကျပ်သားနှင့် ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် အစိမ်းမှုန့်ထည့်ပါ။ နှပ်ထားသောကြက်သားထည့်ပြီး ကျန်တဲ့ ငံပြာရည်အားလုံးထည့်ပါ။ ငံပြာရည်အစိမ်းနံ့ ပျောက် တဲ့အထိ ဆီသတ်ပါ။ ရေစိမ်လို့ ပွလာပြီဖြစ်တဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို အနေတော်အရွယ် ကတ်ကြေး နှင့်ဖြတ်ထားပါ။ ရေနွေးအိုးဆူလျှင် နယ်ထားတဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ၅ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆန်ခါနှင့်စစ်၍ ဆန်ခါပေါ်မှ ရေဆေးပြီး ရေစစ်ထားပါ။ အဲဒါဆိုရင် မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်မှာပါတဲ့ ချဉ်တင်တင် အနံ့တွေပျောက်ပါပြီ။ ငုံးဥတွေကို အခွံခွာထားပါ။ ကြက်သွန်နီဥသေးကို ဟင်းရည်ထဲထည့်ဖို့ အခွံနွှာထားပါ။ ပဲကြာဆံ ရေစိမ်ထားတာကို ရေ ၃ ရေလောက် ဆေးပါ။ ပဲကြာဆံမှာ သဲတွေပါတတ်လို့ပါ။ ပြီးလျှင် ဆန်ခါနဲ့ ရေစစ်ထားပါ။ ဒယ်ကြီးကြီးထဲ ကျန် ဆီ ၁၀ ကျပ်သား ထည့်ပြီး ရေစစ်ထားသော ပဲကြာဆံများ ထည့်လှော်ပါ။ ဒီလိုလှော်ပြီးမှ ကြာဆံကို ဟင်းရည်ထဲခတ်တဲ့အခါ အဆူခံပါတယ်။ ကြာဆံများ ပြတ်ထွက်တာတွေ မဖြစ်တော့ပါဘူး။ ကြာဆံတွေ ရေဓာတ် ကုန်ပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရပါပြီ။ ကြက်ပြုတ်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပြီး မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်သွန်ဥ၊ ကြက်သားဆီသတ်၊ ငါးဖယ်၊ ဆား၊ အရသာမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပါ။ အပျစ်အကျဲအနေအထားနဲ့ အရသာမြည်းပါ။ အားလုံးအနေအထားမှန်လျှင် ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပွဲပြင်ရန်အတွက် နံနံပင်၊ ကြက်သွန်နီ၊ ရှောက်သီးလှီးထားပါ။ လက်ဖက်စားကြက်သွန်ကြော်ကို ထုခြေထားပါ။ (ကြာဆံချက်ထဲ ခတ်သောက်လျှင် အလွန်မွှေးပြီး အရသာတစ်မူထူးခြားပါတယ်။) ငရုတ်သီးလှော် မှုန့် စသည်တို့ကို ဧည့်ခံစားပွဲပေါ် လှပစွာခင်းကျင်းပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။ ငုံးဥကို တစ်ပွဲ ၂ လုံးကျ ထည့်ပေးပါ။

C. R. D
: ပန်းခရေ for Food Magazine
crd

စားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်းPancake ဆိုရင် လုပ်ရတာလွယ်တော့ တော်တော်များများလည်း အိမ်မှာလုပ်စားကြပါတယ်...
16/08/2022

စားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်း

Pancake ဆိုရင် လုပ်ရတာလွယ်တော့ တော်တော်များများလည်း အိမ်မှာလုပ်စားကြပါတယ်။ ဒါပေမယ့် Souffle Pancake ကိုတော့ သိပ်ပြီး လုပ်စားလေ့မရှိကြပါဘူး။ သူက နူးနူးညံ့ညံ့လေးဆိုတော့ လူကြီးလူငယ်မရွေး စားလို့ကောင်းပါတယ်။ လုပ်ရတာလည်း မခက်ပါဘူး။ ဒါကြောင့် အရမ်းစားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Japanese Souffle Pan Cake

အမေရိကန်ပန်ကိတ်က အားလုံးကိုရောမွှေပြီး ကြော်တာဖြစ်ပေမယ့် ဂျပန်ပန်ကိတ်က ကြက်ဥ အကာကို သတ်သတ်ခွဲလိုက်ပြီး ပြန်ကြော်ပါတယ်။ ဂျပန် ပန်ကိတ်က ကိတ်ပြုလုပ်နည်းနဲ့တူသလို အရသာကလည်း ကိတ်နဲ့ ဆင်ပါတယ်။ ကြော်ဖို့ ကွင်းလေးတွေ မရှိဘူးဆိုလျှင် ဒီအတိုင်း ရိုးရိုးပန်ကိတ်တွေလို ဒယ်အိုးပေါ် တစ်ခါတည်း ထည့်ကြော်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

သကြား – ၆၀ ဂရမ်

ကြက်ဥအနှစ် – ၁ လုံး

နွားနို့ – ၆၀ ဂရမ်

Pan Cake Mix – ၉၀ ဂရမ်

ကွကျဥအကာ – ၂ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

၁။ သကြား၊ ကြက်ဥအနှစ် ရောပြီး သမအောင် မွှေပါ။ နွားနို့ထည့်မွှေပါ။ နွားနို့ထည့်ပြီး သမသွားလျှင် Pan Cake Mix ကို ရောထည့်ပြီး မွှေပါ။

၂။ ကြက်ဥအကာကို ဖြူပြီးတောင့်လာသည်အထိ လက်နဲ့ဆွဲလိုက်လျှင် တန်းသွားသည်အထိ ခေါက်ပေးပါ။ ရလာတဲ့ ကြက်ဥအကာကို ကြက်ဥအနှစ်အရောနဲ့ သမအောင် လက်နဲ့ ဖြည်းဖြည်းချင်းရောပေးပါ။

၃။ မီးဖိုပေါ်မှာ မကပ်တဲ့အိုးကို ထောပတ်အနည်း ငယ်ထည့်ပါ။ အဝိုင်းလေးရအောင် သံကွင်းအဝိုင်းလေး ရှိလျှင်ရပါပြီ။ သံကွင်းအဝိုင်းလေးကို ထောပတ်သုတ်ပေးပါ။ ဒယ်အိုးပေါ်တင်ကာ ခုနက မုန့်နှစ်ရည်ကို ခွက်မပြည့် တပြည့်ထည့်ပြီး အဖုံး ဖုံးအုပ်ထားပါ။

၄။ Pan Cake အောက်ပိုင်းကျက်သွားပြီဆိုလျှင် နောက်တစ်ဖက် လှန်ပေးပါ။ နှစ်ဖက်စလုံး ကျက်သွားလျှင် ရပါပြီ။ Pan Cake ကို ပျားရည်ဆမ်းပြီးပဲစားစား၊ ရေခဲမုန့်နဲ့ပဲဖြစ်ဖြစ် သုံးဆောင်နိုင်ပါပြီ။

Crd.ဆုမြတ်

သာကူမုန့်ဖက်ထုပ်-----------------သာကူ ၂ထုပ်အုန်းသီး ၁ လုံး (ခြစ်ထားပါ)သကြား ၃၀သား (အချိုကြိုက်ရင်ပိုထည့်)ဆားအနည်းငယ် ပြု...
14/08/2022

သာကူမုန့်ဖက်ထုပ်
-----------------
သာကူ ၂ထုပ်
အုန်းသီး ၁ လုံး (ခြစ်ထားပါ)
သကြား ၃၀သား (အချိုကြိုက်ရင်ပိုထည့်)
ဆားအနည်းငယ်
ပြုလုပ်နည်း
အုန်းယိုအရင်ထိုးမယ်နော်
အုန်းသီး သကြား ဆားအနည်းငယ်ထည့် မီးဖိုပေါ်တင်
မီးအေးအေးနဲ့ပုံမှန်လေးမွှေပေးပါ စေးလာရင်ရဘီ အအေးခံထားပါ
သာကူကို ဇလုံထဲထည့် ရေဆေးဘီ ရေစစ်ထားပါ ရေစစ်ပြီရင်ရေနဲနြဲပန်ထည့်ပေးမယ်နော် (ရေစိမ်ရင် ပွပြဲကုန်မှာဆိုးလို့)
ဌက်ပျောဖက်ကို နေလှန်း အဝတ်သန့်ဖြင့်သုပ်ပီး ဆီသုပ်ထားပါ၊
ဌက်ပျောဖက်တခုယူ ..ကတော့ပုံချိုး သာကူ ထည့် အုန်းယိုထည့်ပြီ သာကူနဲ့ပြန်ဖုံးပေးပါ ထိပ်ဘက်ကို ကန်တော့ချိုးခေါက်သလို ခေါက်ပီးပိတ်ပါ။ မုန့်လုပ်နေတုန်းမှာရေနွေးတည်ထားပါပြီးတာနဲ့ရေဆူတာ ကွက်တိ
ရေဆူဆူမှာ နာရီဝက် ခန့်ပေါင်းပါ။
Crd😋

လူကြိုက်များတဲ့ သာခွေယိုင် လုပ်နည်းသာခွေယိုင်..၁- ထမင်းပေါင်းအိုးနဲ့ ကောက်ညှင်းငချိပ်(၁)ပြည်ရေစင်အောင်ဆေးပီးကောက်ညှင်းအပ...
13/08/2022

လူကြိုက်များတဲ့ သာခွေယိုင် လုပ်နည်း

သာခွေယိုင်..
၁- ထမင်းပေါင်းအိုးနဲ့ ကောက်ညှင်းငချိပ်(၁)ပြည်
ရေစင်အောင်ဆေးပီးကောက်ညှင်းအပေါ်က
ရေလက်၂ဆစ်ရောက်တဲ့အထိရေထည့်ပါ
သကြား(၂၅)ကျပ်သားရောမွှေပီးညထဲကစိမ်ထားပါ

၂-မနက်မိုးလင်းတာနဲ့ခလုတ်နှိပ်ပီးချက်ပါ ကျက်သွားရင်

၃-နို့ဆီ(၃)ဘူး နို့စိမ်း(၃)ဘူးထည့်မွှေလိုက်ရင်
အရမ်းအရသာရှိပီးစိမ့်နေတဲ့သာခွေယိုင်ရပါပီး
အချိုလိုသလိုထည့်ပါ အနံမွှေချင်ရင်အုန်းနို့(၁)ထည့်ပါ
ပြီးရင် စားလို့ရပါပြီ
လုပ်ရတာ အရမ်းလွယ်ပီးစားကောင်းပါတယ်နော်

Crd

.🌿 ကောက်ညှင်း ရွှေထမင်း 🌿****************************🔹 ကောက်ညှင်းဆန် ( ၄ လုံး )🔹 မုန့်လုပ်ထညက် ( ၅၀ သား )🔹 ဆား ( မကျီးစေ...
07/08/2022

.🌿 ကောက်ညှင်း ရွှေထမင်း 🌿
****************************
🔹 ကောက်ညှင်းဆန် ( ၄ လုံး )
🔹 မုန့်လုပ်ထညက် ( ၅၀ သား )
🔹 ဆား ( မကျီးစေ့ခန့် )

မုန့်လုပ်ထညက်ကို ကျိုပီး စစ်၍ နာရီဝက်ခန့်ထားပါ။
( အနည်ထိုင်စေရန် အတွက်ပါ )
နောက်အိုး တစ်အိုးထဲကို ခပ်ဖြည်းဖြည်း သွန်ထည့်ပါ။
အောက်မှာ အနည်ထိုင်နေတဲ့
မဲမဲအနည်မှုန်လေးတွေ ချန်ထားခဲ့ပါ။
ပီးရင် အတော်လေးပျစ်အောင် ထပ်ကျိုပေးပါ။

ကောက်ညှင်းဆန်ကို ညတည်းက ရေစိမ်ထားပီး
မနက်ကျရင် ပေါင်းပါ။
( မပျော့လွန်း မမာလွန်းတဲ့အနေအထားရှိရပါမယ်။ )

ပေါင်းပီးပီးချင်း ကောက်ညှင်းပေါင်းပူပူနဲ့
ထညက်ရည် ပူပူ ပျစ်ပျစ်တွေကို
အိုးတစ်အိုးထဲကို ရောထည့်လိုက်ပါ။
ဆား အနည်းငယ်ထည့်ပီး
ယောက်မ ( သို့ ) ဟင်းချက်ဇွန်းကြီးနဲ့
သမအောင် မွှေပေးပါ။

ကောက်ညှင်းနဲ့ ထညက်ရည် လုံးဝကို တသားတည်းကျသွားပီး
လုံးလုံးခဲခဲလေး ဖြစ်သွားတဲ့အထိ မွှေပေးပီးမှ
ဆီသုတ်ထားတဲ့ အောက်ခံလင်ဗန်းထဲကို ထည့်ပါ။

ပီးရင် ဗန်းထဲမှာ ညီနေအောင် ဖြန့်လိုက်ပါ။
လက်မှာ လက်အိတ်စွပ်ပီး မျက်နှာပြင်ကို ဆီသုတ်ကာ
ညီညာနေအောင် ထပ်ညှိပေးပါ။
ကျစ်နေအောင် လက်နဲ့ ဖိဖိချပေးပါ။ ရိုက် ရိုက် ပေးပါ။
အတော်လေး ဖိချပီးရင် ရပါပီ။
ပီးရင် အအေးခံထားလိုက်ပါ။

လုံးဝအေးသွားမှ လှီးလို့ ရပါမယ်။
အနည်းဆုံးတော့ နေ့တစ်ဝက်ထားရပါမယ်။
တစ်ညထားရင် ပိုကောင်းပါတယ်။

ပီးရင်တော့ မိမိကြိုက်တဲ့ ပုံစံလေးလှီးပီး
အုန်းသီးဖြူးကာ စားသုံးနိုင်ပါပီ။
_______________________________
မျက်နှာပြင်ကို ဆီသုတ်ပီး
သစ်သား ဒလိမ့်တုံးနဲ့ လှိမ့်လို့လည်း ရပေမယ့်
လက်မှာ ဆီသုတ်ပီးညှိပေးတာကို ကျမ ပိုကြိုက်ပါတယ်။

ခပ်နာနာလေး ဖိပေး ရိုက်ပေးမှ
သိပ်သိပ် ကျစ်ကျစ်လေးနဲ့ လှီးလို့ ကောင်းတာပါ။

ကောက်ညှင်းပေါင်းတဲ့အခါ လုံးဝမာလို့ မရပါဘူး။
မာသွားရင် ရွှေထမင်းဖြစ်တဲ့အခါ
မာမာခေါက်ခေါက်ကြီးနဲ့ စားမကောင်းတော့ပါဘူး။
အကယ်၍ မာနေတယ်ထင်ရင်
ကောက်ညှင်းဆန်နဲ့ ထညက်ရည်ကို ရောပြီး မီဖိုပေါ်တင်ကာ
မီးအေးအေးနဲ့ စီးထွေးလာအောင် မွှေပေးပြီးမှ
ဗန်းထဲထည့်၍ အအေးခံပေးပါရှင်။

အချိုလေးလေး ကြိုက်သူများကတော့
ထညက် ၁၀ သား ပိုထည့်ပေးလို့ရပါတယ်​ေနာ်။
Crd😋

  milk pudding(bake)လုပ်နည်း ပြုလုပ်နည်းကတော့ ......နွားနို့ 250 ဂရမ်သကြား 25 ဂရမ်ပြောင်းမှုန့် 25 ဂရမ် ကြက်ဥ အနှစ်တစ်လု...
02/08/2022

milk pudding
(bake)လုပ်နည်း

ပြုလုပ်နည်းကတော့ ......
နွားနို့ 250 ဂရမ်
သကြား 25 ဂရမ်
ပြောင်းမှုန့် 25 ဂရမ်
ကြက်ဥ အနှစ်တစ်လုံးတို့ကို
ဇလုံထဲ ထည့်ပါ ။
အားလုံးပျော်ဝင်နှံ့စပ်သွားစည်အထိမွှေပါ။
မီးဖိုပေါ်တင်ပြီး အပူချိန်အနည်းငယ်ဖြင့်
အပူပေးပါ။
ပူလာလျှင် cheddar cheese ထည့်ပါ။
ပျစ်လာသည်အထိ မီးအေးအေးနဲ့ ကျိုပါ။
ပလက်စတစ်ခင်းထားသောခွက်ထဲသို့
လောင်းထည့်ပါ။
မုန့်ခွက်ကို အအေးခန်းထဲ မာပြီးခဲသည်အထိ
သုံးနာရီခန့်ထည့်ပါ။
မာသွားလျှင် လိုချင်တဲ့အရွယ်အစားအတိုင်း
ပိုင်းဖြတ် ပြီး မုန့်ဖုတ်ဗန်းထဲသို့ထည့်ပါ။
ကြက်ဥ အနှစ်တစ်လုံးကို ကြေအောင်
ခလောက်ပါ။
မုန့်ပေါ်တွင်ကြက်ဥအနှစ်ကိုသုပ်ပါ။
၂၀၀ ံC ပေးထားသော ovenထဲတွင်
မုန့်အပေါ်ပိုင်း နီညိုရောင်သမ်းသည်အထိ
12 မိနစ် (သို့မဟုတ်) 15 မိနစ်ခန့်ဖုတ်ပါ။
Cheese အရသာစိမ့်စိမ့်လေးနဲ့
Cheese milk Pudding (bake)ရပါပြီရှင်။

Credit

Cheese Pudding ဒီတခါတော့ မင်မင်က ရိုးရ်ိုးရှင်းရှင်းနဲ့ စားလို့ကောင်းတဲ့ Cheese Pudding  လေးလုပ်ပြမယ်နော်။👏👏👏👏👏ပါဝင်ပစ္စ...
30/07/2022

Cheese Pudding

ဒီတခါတော့ မင်မင်က ရိုးရ်ိုးရှင်းရှင်းနဲ့ စားလို့ကောင်းတဲ့ Cheese Pudding လေးလုပ်ပြမယ်နော်။👏👏👏👏👏

ပါဝင်ပစ္စည်းများ

Cream Cheese 200 gm
Sugar 40 gm
Condensed Milk 120 gm
Egg 8 nos
Milk 600 gm

ပြုလုပ်နည်း

၁။ Cream Cheese နဲ့ သကြားကို Cream Cheese လဲ ပျော့ သကြားလဲ ကြေသည့်အထိ ရိုက်ပါ။

၂။ ပြီလျှင် နို့ဆီကို ထပ်ထည့်ပြီ အားလုံးရောနော ၍ နှံ့သွားသည့်အထိမွှေပါ။

၃။ ကြက်ဥကို Slow Speed ဖြင့် ဖြည်းဖြဉ်းချင်း ထပ်ထည့်ပါ။

၄။ ကြက်ဥ ကုန်သွားလျှင် နို့ကိုထပ်ထည့်ပါ။

၅။ နှစ်သက်ရာမုန့်ဖုတ်ခွက်ထဲသို ထည်ြ၍ဖုတ်ပါ။

အပေါ်မီး ၁၅၀ ၊ အောက်မီး ၁၅၀ ဖြင့်
အချိန် ၁ နာရီးခန့်ဖုတ်ပါ။

အောင်ခန့်ပိုင်
Trainer
Success Bakery School

 #ထိုင်းမုန့်ဟင်းခါးချက်နည်းငါး ၃၀သားစပါးလင် ၂ချောင်းအုန်းနို့ ၁ဗူးခွဲကြက်သွန်နီ ၁၅ကျပ်သားကြက်သွန်ဖြူ ၃လုံးဆိတ်ဖူးဥ ၅ကျပ...
26/07/2022

#ထိုင်းမုန့်ဟင်းခါးချက်နည်း
ငါး ၃၀သား
စပါးလင် ၂ချောင်း
အုန်းနို့ ၁ဗူးခွဲ
ကြက်သွန်နီ ၁၅ကျပ်သား
ကြက်သွန်ဖြူ ၃လုံး
ဆိတ်ဖူးဥ ၅ကျပ်သားခန့်
ခရမ်းချဉ်သီး ၃လုံး
ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ငါးတို့ကို ဆနွင်းမှုန့် စိမ်းစားငါးပိ စပါးလင် နဲ့ ဆားအနည်ငယ် ထည့်၍ ၁၅မိနစ်ခန့်ပြုတ်ပါ။
ရရင် ငါးကိုအရိုးနွင်ပြီး ငါးအသားများကို ညှက် အောင် အရင်ထောင်းထားပါ။
ကြက်သွန်နီ ကြက်သွန်ဖြူ ဆိတ်ဖူးဥတို့ကို ငရုပ်သီးခြောက်အနီတောင့်နှင့် ညှက်အောင် ထောင်းပြီး ဆီသပ်ပါ။ပီးမှ အုန်းနို့ ထည့်ချက်ပါ။
မီးဖြည်းဖြည့်ဖြင့် ၅ မိနစ်ခန့် ပေးဆူ ပြီးမှ ငါးပြုတ် ရေ ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ထောင်းထားသေားငါးအသားများ လှီးထားတဲ့ခရမ်းချဉ်သီး ready made ငါးဖယ်လုံး ပဲသွေးတုံး သို့ ကြက်သွေးတုံးများထည့်ပါ ပျစ်နေမှာစိုးလို့ ရေအနည်းငယ် ရော ၍ ၁၅မိနစ်ခန့်ဆူအောင် ဆက်တည်ပါ။
အိုးချခါနီး ဆား အရသာမှုန့် ငံပြာရည်တို့ဖြင့် အရသာ အပေါ့အငန် စိတ်ကြိုက်ပြင်ဆင်ပါ။
တစ်ပွဲစာပြင်ဆင်ပုံက မုန့်ဖတ် ဟင်းရည် ပဲသီး ဂေါ်ဖီ ငရုတ်သီးမှုန့် ကြက်သွန်ကြော် ကြက်သွန်မြိတ် နံနံပင် ဝက်ခေါက်ကြော် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။
Crd😋

ဝက်မွန်ချက်အဖွားလက်ထက်ကနေအမေ အမေကနေသားဆီလက်ဆင့်ကမ်း ပါဝင်ပစ္စည်းနဲ့ချက်နည်းကတော့တဖြည်းဖြည်းလွဲလာတယ်ထင်တာဘဲ ဝက်သား၊ပဲငံပြ...
23/07/2022

ဝက်မွန်ချက်
အဖွားလက်ထက်ကနေအမေ အမေကနေသားဆီလက်ဆင့်ကမ်း ပါဝင်ပစ္စည်းနဲ့ချက်နည်းကတော့တဖြည်းဖြည်းလွဲလာတယ်ထင်တာဘဲ ဝက်သား၊ပဲငံပြာရည်အပြစ်အကျဲ၊ငါးပိ၊သကြား၊ငရုတ်သီးမှုန့်၊ဆနွင်း၊သရက်သီးသနပ်၊ဆားနည်းနည်း၊ကြက်သွန်ဖြူဂျင်းနည်းနည်း၊ဆီ၊မဆလာနည်းနည်းကိုလုံးချက် ရေခန်းရင်မန်ကျည်းအရည်လေးနည်းနည်းထည့် ရပီဆိုရင်ကြက်သွန်နီဥအသေးလေးတွေထည့်ပီးဆီပြန်ရင်ရပါပီ ၃/၄/၅ရက်အထားခံတယ် မသိုးဘူး ကြာလေကောင်းလေဘဲနေ့တိုင်းတော့မနက်ဆိုရင်နွှေးပေးပါ ပဲနီလေးဟင်းချိုနဲ့လိုက်ပါတယ်
Credit Myo Gyi

 #အုန်းနို့ကျောက်ကျော(တခါတည်း ၂ ထပ်ထိုးနည်း)***********************************************ရေ                 👉 ၁ လီတာအု...
23/07/2022

#အုန်းနို့ကျောက်ကျော(တခါတည်း ၂ ထပ်ထိုးနည်း)
***********************************************
ရေ 👉 ၁ လီတာ
အုန်းနို့ရည် 👉 ၂ လီတာ(အုန်းသီး ၂ လုံး ခြစ်ညှစ်ထားပါ။)
သကြား 👉 ၂၀ သား
ကျောက်ကျော👉 25 g ( တယ်လီဖုန်းတံဆိပ် )

အားလုံးကို ကျိုမယ့်အိုးထဲထည့်မွှေပီး စကျိုပါမယ်ရှင်။
လက်ကလဲ အဆက်မပြတ် မွှေပေးနေရပါမယ်။
ဗွမ်းဗွမ်းဆူလာရင် မီးအားလျှော့ထားရပါမယ်။
မီးအား အနေတော်နဲ့ မိနစ် ၂၀ ခန့် ဆက်ကျိုပီးရင်
ဗန်းထဲလောင်းထည့်ပီး အအေးခံထားပေးပါ။

အုန်းနို့များအပေါ်တက်လာပီး
၂ ထပ်အုန်းနို့ကျောက်ကျော ဖြစ်သွားပါလိမ့်မယ်။

________________________________________________

ချိုပေါ့ ဆိုရင် သကြား ၂၀ ကျပ်သားထည့်ပါ။
ချိုလေး ဆိုရင် သကြား ၂၅ ကျပ်သား ထည့်ပါ။

ဆားလက်တစ်ညှပ်က
ထည့်လဲရ, မထည့်လဲရပါတယ်။

အုန်းနို့ရည်က အုန်းသီး ၁ လုံးကို
ရေတစ်လီတာနဲ့ ဆုပ်နယ်ပီး
အုန်းနို့ရည် ညှစ်ယူထားရမှာပါ။
၂ လုံးဆိုတော့ ရေ ၂ လီတာထည့်ညှစ်ရပါမယ်။

ကျမက အုန်းနို့ထူထူကြိုက်လို့
အုန်းသီးရင့်ရင့် ၂ လုံးသုံးထားတာပါ။
အုန်းသီးနုရင်တော့ အုန်းနို့ထူထူ မရပါဘူး။
အားလုံးအဆင်​ပြေကြပါစေ

ဲcrd😋

 #ထိုင်းမုန့်ဟင်းခါးချက်နည်းငါး ၃၀သားစပါးလင် ၂ချောင်းအုန်းနို့ ၁ဗူးခွဲကြက်သွန်နီ ၁၅ကျပ်သားကြက်သွန်ဖြူ ၃လုံးဆိတ်ဖူးဥ ၅ကျပ...
23/07/2022

#ထိုင်းမုန့်ဟင်းခါးချက်နည်း
ငါး ၃၀သား
စပါးလင် ၂ချောင်း
အုန်းနို့ ၁ဗူးခွဲ
ကြက်သွန်နီ ၁၅ကျပ်သား
ကြက်သွန်ဖြူ ၃လုံး
ဆိတ်ဖူးဥ ၅ကျပ်သားခန့်
ခရမ်းချဉ်သီး ၃လုံး
ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ငါးတို့ကို ဆနွင်းမှုန့် စိမ်းစားငါးပိ စပါးလင် နဲ့ ဆားအနည်ငယ် ထည့်၍ ၁၅မိနစ်ခန့်ပြုတ်ပါ။
ရရင် ငါးကိုအရိုးနွင်ပြီး ငါးအသားများကို ညှက် အောင် ထောင်းထားပါ။
ကြက်သွန်နီ ကြက်သွန်ဖြူ ဆိတ်ဖူးဥတို့ကို ငရုပ်သီးခြောက်အနီတောင့်နှင့် ညှက်အောင် ထောင်းပြီး ဆီသပ်ပါ။ပီးမှ အုန်းနို့ ထည့်ချက်ပါ။
မီးဖြည်းဖြည့်ဖြင့် ၅ မိနစ်ခန့် ပေးဆူ ပြီးမှ ငါးပြုတ် ရေ ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ထောင်းထားသေားငါးအသားများ လှီးထားတဲ့ခရမ်းချဉ်သီး readymade ငါးဖယ်လုံး ပဲသွေးတုံး သို့ ကြက်သွေးတုံးများထည့်ပါ ပျစ်နေမှာစိုးလို့ ရေအနည်းငယ် ရော ၍ ၁၅မိနစ်ခန့်ဆူအောင် ဆက်တည်ပါ။
အိုးချခါနီး ဆား အရသာမှုန့် ငံပြာရည်တို့ဖြင့် အရသာ အပေါ့အငန် စိတ်ကြိုက်ပြင်ဆင်ပါ။
တစ်ပွဲစာပြင်ဆင်ပုံက မုန့်ဖတ် ဟင်းရည် ပဲသီး ဂေါ်ဖီ ငရုတ်သီးမှုန့် ကြက်သွန်ကြော် ကြက်သွန်မြိတ် နံနံပင် ဝက်ခေါက်ကြော် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။
Credit မူရင်း #ထိုင်းမုန့်ဟင်းခါးချက်နည်း

 #ပုသိမ်ဟာလဝါလုပ်နည်း📝ပါဝင်ပစ္စည်းများ-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)-ဆန်မှုန့်၁ခွက်-အုန်းနို့၂ဗူး-ကြံသကာ ၃၀ ဂရမ်...
20/07/2022

#ပုသိမ်ဟာလဝါလုပ်နည်း

📝ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့

ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။

ထမင်းပေါင်းအိုးထဲကို ထဲ့ပြီး ထမင်းချက်သလို ရေအမှတ်၃မှာထားပြီး ချက်လိုက်ပါ။( မွှေရတာ သက်သာအောင်)

ကျတ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။

အဲဒီအခါမှမုန့်ကျိုမဲ့အိုးထဲကို ပြောင်းထဲ့ကာ အုန်းနို့၊ သကြားရောပါ။
ပြီရင် ဆားရောပါ။

ခနမွှေပြီး ကြံသကာရေ လောင်းထဲ့ပါ။ မီးကိုအနေတော်ထားလို့ရပါတယ်။အဆက်မပြတ်မွှေပါ။

မိနစ် ၃၀ – ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင် ဘိန်းစေ့ များလောင်းထဲ့ကာဆီ၊ ထောပတ်ရောကာမွှေပါ။အဆက်မပြတ်မွှေပါ။

ဆီပြန်ကာပျစ်ခဲလာရင် ဟာလဝါရပါပြီ။
မုန့်ဘန်းထဲ ထဲ့အအေးခံထားပါ။

ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။
Credit:အိသက်
crd to original uploader

အမေရိကန်ထမင်းကြော်ထမင်းကြမ်း                               ၂၀၀ ဂရမ်ကြက်သားချောင်း                       ၁ ချောင်း.နူတ်နူ...
11/07/2022

အမေရိကန်ထမင်းကြော်
ထမင်းကြမ်း ၂၀၀ ဂရမ်
ကြက်သားချောင်း ၁ ချောင်း.နူတ်နူတ်စင်းထားပါ
ငရုပ်ပွအစိမ်း+ငရုပ်ပွအနီ ၁၀၀ ဂရမ်.
ခရမ်းချဉ်သီးဆော့စ် tomato ketchup စာပွဲစားဇွန်း ၁ ဇွန်း နဲ့ တဝက်
ငရုပ်ကောင်း အနည်းငယ်
အရသာမူန့် လဖက်ရည်ဇွန်း ဝက်
ပဲငံပြာရည်အကြည်. စာပွဲစားဇွန်း ၁ ဇွန်း
ဆီ စာပွဲစားဇွန်း ၁ ဇွန်း
ထောပတ် စာပွဲစားဇွန်း ၁ ဇွန်း
တွဲစားရန်..
ကြက်ဥကြော် ၁လုံး
ကြက်သားကြော် ၁တုံး
ဒယ်အိုးထဲဆီထည့်ပါ.ဆီနဲ့ ထောပတ်ထည့်ပါ
ဆီပူရင် ကြက်သားချောင်းနဲ့ ငရုပ်ပွထည့်ကြော်ပါ
ပြီးရင် ထမင်း.ခရမ်းချဉ်သီးဆော့စ်.ပဲငံပြာရည်.အရသာမူန့်.ငံပြာရည်.ငရုပ်ကောင်းထည့်ပြီးကြော်ပါ
ကြက်သားကြော်.ကြက်ဥကြော်တို့နဲ့ တွဲဖက်.သုံးဆောင်ပါ

Credit

🍚 ထောပတ်ထမင်း ချက်နည်း 🍚*******************************ထောပတ်ထမင်း ချက်ဖို့အတွက်၁- ပေါ်ဆန်းမွှေးဆန်၂- ထောပတ်၃- ဆား၄- သကြ...
06/07/2022

🍚 ထောပတ်ထမင်း ချက်နည်း 🍚
*******************************
ထောပတ်ထမင်း ချက်ဖို့အတွက်
၁- ပေါ်ဆန်းမွှေးဆန်
၂- ထောပတ်
၃- ဆား
၄- သကြား
၅- သီဟိုစေ့
၆- စပျစ်စေ့တို့
၇- မုန်လာဥနီ
၈- ပဲစိမ်း တို့လိုအပ်ပါတယ်။
မိမိ အိမ်မှာပဲ အလွယ်တကူချက်စားလို့ရစေဖို့
ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေးကို ပြောပြပေးပါမယ်။
ပထမဆုံး ထမင်းပေါင်းအိုးထဲကို ဆန်ဆေးထည့်ပါ။
ထမင်းပေါ် ရေ လက်တစ်ဆစ် မြုပ်အောင်ထည့်ပါ။
ဆားအနဲငယ်, သကြား ထည့်ပြီး ထမင်းချက်ထားပါ။
အိုးထဲကို ထောပတ်ထည့်ပြီး
ထောပတ်ပျော်အောင် အပူပေးပီး မီးပိတ်လိုက်ပါ။
ထမင်းရေခန်းပြီး ခလုတ်တက်ခါနီးမှာ
ထောပတ်ဆီ အနည်းငယ် ,
သီဟိုစေ့, စပျစ်စေ့, ပဲစိမ်း, မုန်လာဥနီ ထည့်မွှေလိုက်ပါ။
ထမင်းပေါင်းအိုး ခလုတ်တက်ပြီး နွှေးနှပ်ပြီးရင်တော့
မွှေးပျံ့နေတဲ့ ထောပတ်ထမင်းလေးရပါပြီ။
___________________________________________________
ကရဝေးရွက် ကြိုက်သူများကတော့
ထမင်းချက်ရင် ကရဝေးရွက် ထည့်ချက်နိုင်ပါတယ်။
ကျမကတော့ ထောပတ်ထမင်းမှာ ထောပတ်ရနံ့ သင်းသင်းလေးကို
အဓိက ထားချက်တာမို့ ကရဝေးရွက် ထည့် မချက်ပါဘူး။
ဒံပေါက်ချက်တဲ့အခါပဲ ကရဝေးရွက် ထည့်ပါတယ်။
အရသာအတွက် အချို, အငံကတော့
မိမိ စိတ်ကြိုက် အရသာ သင့်ရုံလေးပဲ မှန်းထည့်ပါ။
ထောပတ်ဆီလဲ မွှေးပျံ့ရုံပဲ ထည့်ပေးပါ။
ထောပတ်များရင် တစ်အား အီသွားတတ်ပါတယ်။
ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
သီဟိုစေ့ နဲ့ စပျစ်စေ့ပဲ ထည့်ပြီး ချက်လဲ ရပါတယ်။
🥕 မုန်လာဥနီ အတုံးလေးတွေ နဲ့
ပဲစိမ်းစေ့လေးတွေ ထည့်ချက်လဲ
အရမ်းစားကောင်းပါတယ်။
မထည့်လဲ ရပါတယ်။
ဒါကတော့ မိမိအိမ်မှာပဲ အလွယ်တကူ ထမင်းပေါင်းအိုးနဲ့
ချက်စားလို့ ရစေမယ့် နည်းလေးကို ပြောပြပေးတာပါ။
ပုံထဲမှာလို ထမင်းဆန်သားလေးကို ကော့ညွှတ် လှပနေစေရင်တော့
ထမင်းကို ရေငှဲ့ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်ပြီး ချက်မှ ရပါတယ်။
🍚 ထောပတ်ထမင်းတွေ အော်ဒါချက်ရင်တော့
ထမင်းဆန်သား လှပနေစေဖို့က အရမ်း အရေးကြီးပါတယ်။
ပေါင်းအိုးနဲ့ အလွယ်ချက်လို့တော့ မရပါဘူး။
ထမင်းဆန်သားလေး ကော့ညွှတ်လှပနေစေဖို့ အတွက်
အော်ဒါချက်တဲ့ ဝန်ထမ်းတွေကို
စ ပြီး လေ့ကျင့် သင်ကြားပေး ကတည်းက
အိုးသေးချက်နည်းရော, အိုးကြီးချက်နည်းပါ
ထမင်း ရေငှဲ့ချက်ပြီး အပေါ်မီး အောက်မီးနဲ့ နှပ်တဲနည်းကိုပဲ ကျမကိုယ်တိုင် သင်ကြားပေးပါတယ်
Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
foodinmyanmar

မြိတ်ကတ်ကြေးကိုက်--------------------------ပါဝင်ပစ္စည်းများညှပ်ခေါက်ဆွဲဖတ်  -  ၁၅ ကျပ်သား ရေစာများ  (ပုစွန်၊ ကင်းမွန်၊ ပ...
12/06/2022

မြိတ်ကတ်ကြေးကိုက်
--------------------------
ပါဝင်ပစ္စည်းများ
ညှပ်ခေါက်ဆွဲဖတ် - ၁၅ ကျပ်သား
ရေစာများ
(ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး) - ၁၅ ကျပ်သား
ပအုန်းရည် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးခွဲခြမ်း - စားပွဲဇွန်း ၁/၂ ဇွန်း
ပဲပြုတ် - စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၅ တက်
ပဲပင်ပေါက် - လက်တစ်ဆုပ်
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ကြက်ဥ - ၁ လုံး
ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြော်နည်း
ရေစာများကို ရေဆေး သန့်စင် အနေတော် လှီး ထားပါ။ ကြက်သွန်နီ လှီးထားပါ။ ကြက်သွန်ဖြူ ဓားပြား ရိုက်ထားပါ။ ပဲပင်ပေါက် ရေဆေး ရေစစ်ထားပါ။ ပအုန်းရည်နှင့် ငရုတ်သီးခွဲခြမ်းကို ရောမွှေထားပါ။ ကြော်တော့မယ်ဆိုရင် ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ နွမ်းပြီး မွှေးလာရင် ရေစာများ ထည့်ပါ။ ရေစာများကို အကြာကြီးမကြော်ဘဲ တင်းလာသည်နှင့် မုန့်ဖတ်ထည့် ကြော်ပါ။ ငံပြာရည်၊ ပဲငံပြာရည်၊ ပအုန်းရည်နှင့် မွှေထားသော ခွဲခြမ်းများ ထည့်ကြော်ပါ။ ညှပ်ခေါက်ဆွဲဖတ် ခပ်တင်းတင်းဖြစ်ပြီး ရေဓာတ်ကုန်အောင် ကြော်မှ ပိုစားကောင်းပါတယ်။ ညှပ်ခေါက်ဆွဲဖတ်တွေ တင်းလာရင် အရသာမြည်းပါ။ လိုအပ်ပါက ဆားအနည်းငယ် ထည့်ပါ။ ပဲပြုတ်ထည့်ပါ။ နောက်ဆုံးမှ ပဲပင်ပေါက် အုပ်ပြီး အရသာရှိသော မြိတ်ကတ်ကြေးကိုက် ရပါပြီ။
------------------------------
လေးစားလျှက်..crd
Credit:ပန်းခရေ
TasteWindowMagazine
သဘာဝအလှတရားများ

အာလူးထောင်းပြုလုပ်နည်း 🥔🥔🌶🌶စျေးနှုန်းသက်သာ အချိန်ကုန်မြန်စေလို့ လုပ်စားကြည့်နော် 🤩ပြုလုပ်နည်း ………….- အားလူးကို ရေဆူဆူတွင...
28/05/2022

အာလူးထောင်းပြုလုပ်နည်း 🥔🥔🌶🌶

စျေးနှုန်းသက်သာ အချိန်ကုန်မြန်စေလို့ လုပ်စားကြည့်နော် 🤩

ပြုလုပ်နည်း ………….

- အားလူးကို ရေဆူဆူတွင် ဆားထည့်၍ မိနစ် ၂၀ ခန့်ပြုတ်ပါ

- အအေးခံပီး အခွံနွာပါ (ပြီးလျှင် အာလူးကို ခြေပါ)

- ငရုတ်သီး အကြတ်မှုန့်ကြော်ထားပါ။

- ကြက်သွန်ဖြူကို ကြိတ်၍ကြော်ထားပါ။

- နံနံပင် လှီးထားပါ။

၁။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့် ၍ ကြက်သွန်နီ နုတ်နုတ်စင်း / ကြက်သွန်ဖြူ နုတ်နုတ်စင်း / မုန့်ညင်းချဉ် အနည်းငယ်ထည့်၍ နွမ်းလာသည် အထိ ဆီသပ်ပါ (ပီးလျှင် အအေးခံ၍ အားလူးခြေထားသည့်အထဲ လောင်းထည့်ပါ)

၂။ ကြက်သွန်ဖြူဆီချက် / ငရုတ်သီး ဆီချက် / ငါးငံပြာရည် / နံနံပင် / အရသာ ထည့်၍ သမအောင် မွှေပေးပါ

၃။ အားလုံးထည့်ပီးလျှင်နယ်လိုက်ပါ။

၄။ နယ်ပီးသား အာလူးထောင်းပေါ် နံနံပင်, ငရုတ်သီးကြော်, ကြက်သွန်ဖြူဆီချက်လေးပုံ၍စားပါ။

ထောပတ်နံ့ကြိုက်ရင် ထည့်နယ်လို့ရပါတယ်။
(မထည့်လဲရပါတယ် )


မနက်စာ*ရှမ်းခေါက်ဆွဲ**လေးလုပ်စားကျမယ်🍜🍜😱🤤🤤============ကြိုက်သူများအတွက် ပြုလုပ်နည်းလေး ဝေမျှလိုက်ပါတယ်• #ရှမ်းခေါက်ဆွဲပြ...
12/05/2022

မနက်စာ*ရှမ်းခေါက်ဆွဲ**လေးလုပ်စားကျမယ်🍜🍜😱🤤🤤
============
ကြိုက်သူများအတွက် ပြုလုပ်နည်းလေး ဝေမျှလိုက်ပါတယ်•

#ရှမ်းခေါက်ဆွဲပြုလုပ်နည်း(ပါဝင်ပစ္စည်းများ)♨♨♨

-ဆန်ခေါက်ဆွဲ ၁ထုပ်🔰
-မြေပဲဆံလှော် ၅ကျပ်သား🔰
-ရှမ်းချဉ် ၅ကျပ်သား🔰
-ကြက်သွန်မိတ် ၁စည်း🔰
-ငရုတ်သီးဆီကြော်🔰
-ပဲငံပြာရည်အပျစ် အနည်းငယ်🔰
တို့ဖူးကြော်
-၀က်ခေါက်ကြော်🔰
-ပဲပုပ်စေ့လှော်ထောင်းပြီးသား🔰 အနည်းငယ် (optional)
ပဲရွက် အနည်းငယ်

-ကြက်သွန်ဖြူဆီချက်🔰
-ကြက်သွန်ဖြူ ၄မွှာ🔰
-တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း🔰
-နှမ်းဖြူ အနည်းငယ်🔰

-ကြက်သားဟင်းအနှစ်🔰
-ကြက်သားရင်ပုံသား ၂ခု🔰
-ကြက်သွန်နီအနေတော် ၄လုံး🔰
-ခရမ်းချဉ်သီးအနေတော် ၆လုံး🔰
-ကြက်သွန်ဖြူ ၈မွှာ🔰
-ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း🔰
-ဆား အနည်းငယ်
-ပဲငံပြာရည်အကျဲ ၂ဇွန်း

Preparation Method: (ပြုလုပ်ပုံ)

၁) ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။

၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။

၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

၄) အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။

၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။

၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။

၁၂) မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ပြင်ဆင်ပုံ

စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

Credit : Original uploaderမန်က်

ကော်ရည်ခေါက်ဆွဲကော်ရည်ခေါက်ဆွဲက ခက်ထယ်ထင်ရပေမဲ့အလွယ်ဆုံးနည်းလေး ရေးပေးပါမယ်ကလေးတွေနဲ့ ကိုယ့်ရဲချစ်ချစ် ကို မနက်ခင်းစားပူ...
08/05/2022

ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲက ခက်ထယ်ထင်ရပေမဲ့အလွယ်ဆုံးနည်းလေး ရေးပေးပါမယ်
ကလေးတွေနဲ့ ကိုယ့်ရဲချစ်ချစ် ကို မနက်ခင်းစားပူပူလေးနဲ့ ဗိုက်ဝအောင် အိမ်ရှင်မများ စမ်းလုပ်ကြည့်ကြရအောင်😘

ပါဝင်ပစွည်း

ကော်မူန့်(မွှေးတံဆိပ်ကော်မူန့်)
ကြ က်ဥ တလုံး
ကြ က်သားအနည်းငယ်
ခေါက်ဆွဲ
ပဲငံပြာရည်အနောက်ကြာညှိ

ပြုလုပ်နည်း

ကြ က်သားကိုအရသာနယ်၁၅မိနစ်ခန့်ပြုတ်ပြီ ကြ က်သားကိုဆယ်ထားပြီ အတုံးသေးသေးလေးတွေတုံးထားပေးပါ

ခေါက်ဆွဲကို ကြယ်လတံဆိပ်တဝက် (ကျန်တဝက်ကို ​ဖယ်ထားပါ)ပြုတ်ထားပြီ ရေစစ်ပြီ ဆီအနည်းငယ် နယ်ထားပါ

ကြ က်ဥ ကို ပုဂံလုံးထဲ ဖောက်ပြီမွေထားပါ
ေကာ်မူန့် ထမင်းစားဇွန်း၆ အပြည့် ပုဂံတလုံးထဲမခဲအောင်​ရေ အနည်းငယ်နဲ့ မွှေပါ

ကဲစပြီနော် (၂ပွဲစာ)

ခုနက ကြ က်ပြုတ်ကို ရေအနည်းငယ် ထပ်ထည့်ပါ(ရေနဲ့ကြက်ပြုတ်ရည် မတ်ခွက်ကြီး နှစ်ခွက်စာ)

အချိုမူန့် ထမင်းစားဇွန်း၂

ဆား ထမင်းစားဇွန်း ၁

ပဲငံပြာရည်အနောက်ဇွန်းဝက် (အရောင်လှအောင်ပါ)
များသွားရင်မဲမဲကြီးဖြစ်သွားမယ်နော်

ကြ က်ပြုတ်ရည်ဆူလာရင် မွေထားတဲ့ ကြ က်ဥကို အပေါ်က ​ဖြေးဖြေးချင်းလောင်းပေးပါ(အဲဆို အမျှင်လေးတွေရပါတယ်)

အရသာ အငန့်အချို မြည်းကြည်ပါ လိုအပ်ရင်ထပ်ထည့်ပါ ကိုယ့်ကြိုက်တဲ့ ပဲ ပြား ကြွက်နားရွက် ထည့်လို့ရပါတယ်

ကိုယ့်လိုချင်တဲ့အနေထားရောက်ရင် မခဲအောင်မွေထားတဲ့ ေကာ်မူန့် ရည်ကိုထည့်ပြီ မပစ်သွားအောင် အဆက်မပြတ်မွေပေးပါ (အဓိက ကိုယ့်ကြိုက်တဲ့အရသာကိုအရင်လုပ်ပါ ဆူနေတဲ့အချိန်ကော်မူန့်ထည့်မွေပါ မဆူသေးဘဲ ကော်မူန့်ထည့်လိုက်ရင် ခဲသွားတတ်ပါတယ်)

အားလုံးရောမွေပြီသွားရင် ချလို့ရပါပြီ

ပုဂံလုံးထဲခေါက်ဆွဲထည့် အပေါ်ကကော်ရည်လောင်း တုံးထားတဲ့ ကြက်သားကိုဖြူး ငရုပ်ကောင်းနံလေးပါဖြူး ဆီချက်ချက်ထားတဲ့ရှိရင်လဲ အနည်းငယ်ထည့်စားလို့ရပါတယ်
အဲဆို အနံအရသာပြည်ဝတဲ့ကော်ရည်ခေါက်ဆွဲပူပူလေးရပါပြီရှင့်
အခုကာလ အိမ်ရှင်မတွေ လုပ်စားရအောင် အလွယ်ဆုံးနည်းလေးတွေရေးပေးထားပါတယ် လိုအပ်တာရှိရင်ထောက်ပြပေးနိုင်ပြီ လိုက်လုပ်ကြည့်လို့အဆင်မပြေရင်လဲမေးနိုင်ပါတယ်ရှင့်

credit

Address


Alerts

Be the first to know and let us send you an email when Second Slots posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Second Slots:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share