Sip & Savor

Sip & Savor To share general knowledge and an in-depth review of the alcoholic beverages.

အရက်နာကျရင် ဘယ်လိုလုပ်မလဲအရက်နာကျတယ်ဆိုတာက ယမကာလုလင်တို့ ကြုံဖူးကြတဲ့ ခံစားမှုပါ။ အရက်မှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အက်ဆ...
12/06/2024

အရက်နာကျရင် ဘယ်လိုလုပ်မလဲ

အရက်နာကျတယ်ဆိုတာက ယမကာလုလင်တို့ ကြုံဖူးကြတဲ့ ခံစားမှုပါ။ အရက်မှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အက်ဆစ်ဓာတ်တွေကကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကျန်ခဲ့လို့သာ အရက်နာကျသွားတာပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပိုဆုံးရှုံးပြီး အိပ်ရေးမဝရင် ပိုခံစားရပါတယ်။

အရက်နာကျရင် ကိုယ်လက်မအီမသာဖြစ်လာမယ်၊ ခေါင်းကိုက်လာမယ်။ ခြေတုန်လက်တုန်ဖြစ်ပြီး အာရုံမစူးစိုက်နိုင်ဖြစ်လာမယ်။ နှလုံးခုန်မြန်လာပြီး အော့အန်တတ်ပါတယ်။ အကောင်းဆုံးကုသနည်းက အနားယူလိုက်တာပါ။ ကိုယ့်မှာက အလုပ်သွားစရာလည်းရှိသေးတယ်၊ အနားယူလို့ မရသေးဘူးဆိုရင် အခုဖော်ပြထားတဲ့ နည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။

မနက်စာစားပါ

အရက်နာကျနေရင် အစာစားချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ စားချင်စိတ်မရှိလည်း အစာဝင်အောင် စားပေးပါ။ မနက်စာ စားဖြစ်အောင်စားပါ။ အစာကြေလွယ်မယ့် မနက်စာကို ရွေးချယ်စားသုံးနိုင်ပါတယ်။ မနက်စားစားလိုက်မှသာ ခန္ဓာကိုယ်ထဲက အရက်ဓာတ်တွေက တဖြည်းဖြည်းလွင့်ပါးသွားမှာပါ။

ရေသောက်ပါ

ရေဓာတ်ဆုံးရှုံးမှုပိုများလေ အရက်နာပိုကျလာလေပါပဲ။ အရက်သောက်ထားရင် အိပ်ရာမဝင်ခင်မှာ ရေများများသောက်ပါ။ မနက်ခင်းမှာလည်း ရေများများထပ်သောက်ပါ။ ရေများများသောက်ပြီး ဆီးများများသွားရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်နိုင်ပါမယ်။

ဆေးသောက်ပါ

Aspirin ၊ Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ အကိုက်အခဲပျောက်ဆေး မသောက်ချင်ရင် Relief Hangover Drink သောက်လို့ရပါတယ်။ ကျွန်တော်က ကိုရီးယားနိုင်ငံထုတ် 깨우다 (ကေးဦးဒ) ဆိုတဲ့ Relief Hangover Drink လေးသောက်ပါတယ်။ အဲဒါလေး သောက်လိုက်ရင် အရက်နာကျသက်သာပြီး လန်းဆန်းသွားပါတယ်။

ကြက်ဥ၊ ပျားရည်နဲ့ ငှက်ပျောသီးစားပါ

ကြက်ဥကို ပြုတ်စားလို့ရသလို ကြော်စားလို့လည်းရပါတယ်။ ကြက်ဥမှာပါတဲ့ အမိုင်နိုအက်ဆစ်ဓာတ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာမို့ အမြန်သက်သာစေပါတယ်။ ပျားရည်သောက်လို့လည်း ရပါသေးတယ်။ အရက်ကြောင့် ထိခိုက်ထားတဲ့ အသည်းလေးကို သက်သာစေသလို လူကိုလည်း လန်းဆန်းစေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က အရက်နာကျတာကို သက်သာစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဟာ ချွေးနဲ့အတူ ထွက်သွားပါလိမ့်မယ်။ ချွေးထွက်သွားရင် လူလည်း သက်သာလာပါပြီ။ ယမကာကို စကားပြောကောင်းရုံ၊ စိတ်ပျော်ရုံလောက်ပဲ သောက်တာအကောင်းဆုံးပါပဲ။ တန်ဆေး၊ လွန်ဘေးဆိုသလို များသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ချင့်ချိန်သောက်ပြီး Enjoy လုပ်ကြရအောင်နော်။

တံဆိပ်တူပေမယ့် ဘာကြောင့်အရသာမတူတာလဲသူငယ်ချင်းတွေဆုံရင် အတူသောက်ဖို့ တစ်ယောက်ချင်းစီက ပုလင်းကြိုဝယ်ထားကြတယ်။ ကျွန်တော်တို...
08/06/2024

တံဆိပ်တူပေမယ့် ဘာကြောင့်အရသာမတူတာလဲ

သူငယ်ချင်းတွေဆုံရင် အတူသောက်ဖို့ တစ်ယောက်ချင်းစီက ပုလင်းကြိုဝယ်ထားကြတယ်။ ကျွန်တော်တို့ဝယ်လာတဲ့ ပုလင်းတွေက တံဆိပ်လည်း အတူတူပဲ။ ဈေးနှုန်းအတူတူပဲ။ ဒါပေမယ့် ပုလင်းနှစ်လုံးကို တစ်ခါတည်းဖောက်ကြည့်ပြီး မြည်စမ်းတဲ့အခါမှာ အရသာမတူဘူး။ ဘာလို့လဲ၊ တံဆိပ်တူပေမယ့် အရသာမတူရတဲ့ အကြောင်းရင်းကို အခုဆောင်းပါးမှာ တင်ပြပါမယ်။

(၁) ထုတ်လုပ်တဲ့ခုနှစ်

ပုလင်းတူရင် သက်တမ်းလည်း အတူတူပါပဲ။ ဒါပေမယ့် ထုတ်လုပ်တဲ့ခုနှစ် မတူညီနိုင်ပါဘူး။ ဥပမာ - ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်လိုက်တဲ့ ဝီစကီနဲ့ ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်လုပ်တဲ့ ဝီစကီက တံဆိပ်တူရင်တောင် ဘယ်လိုမှ အရသာမတူနိုင်ပါဘူး။ ထုတ်လုပ်တဲ့ခုနှစ် မတူညီလို့ပါ။ ထုတ်လုပ်တဲ့ ခုနှစ်မတူညီလို့ ထုတ်လုပ်တဲ့နိုင်ငံရဲ့ ရာသီဥတုမတူညီနိုင်ပါဘူး။

အရင်ဆောင်းပါးတွေမှာ ရေးခဲ့ဖူးသလို မုယောစပါး၊ ဂျုံ၊ ပြောင်းဖူးနဲ့ တခြားကစီဓာတ်များတဲ့ ကုန်ကြမ်းတွေကို အချဥ်​ဖောက်​၊ ပေါင်းခံ​ပြီး ဝီစကီချက်လုပ်ထားတာပါ။ ကုန်ကြမ်းတွေဆိုတာကလည်း ရာသီဥတုပေါ်မှာ မူတည်ပြီး အရည်အသွေးပြောင်းလဲနိုင်ပါတယ်။ ရာသီဥတုမကောင်းရင် ကုန်ကြမ်းတွေက သီးနှံမအောင်နိုင်ပါဘူး။ သီးနှံအောင်မယ်ဆိုရင်တောင် အရည်အသွေးမပြည့်ဝနိုင်ပါဘူး။ ထုတ်လုပ်တဲ့ ခုနှစ်ကွာသလို ရာသီဥတုကွာတာမို့ ကုန်ကြမ်းအရည်အသွေးတွေ ကွာသွားတာဖြစ်လို့ ဝီစကီအရသာမတူတာပါ။

(၂) ရေ

ဒါလည်း ထုတ်လုပ်တဲ့ခုနှစ်ကွာဟခြင်းရဲ့ အကျိုးဆက်ပါပဲ။ ဝီစကီရဲ့ အသက်ဟာ ရေပါ။ ဝီစကီစက်ရုံတွေက သဘာဝရေအရင်းအမြစ်ကို အသုံးပြုကြပါတယ်။ သဘာဝရေဆိုတာက နှစ်အလိုက်ပြောင်းလဲနေပါတယ်။ ရေအရည်အသွေးမတူညီသလို အပေါ့၊ အငန်မညီဘူး။ ရာသီဥတုအလိုက် ရေဓာတ်လည်း ပြောင်းလဲနေတာမို့ ဝီစကီရဲ့ အရသာတွေ မတူညီကြတာပါ။

(၃) သိုလှောင်ခြင်းနည်းစနစ်

ဝီစကီတွေကို စည်ထဲမှာ နှစ်ချို့သိမ်းဆည်းပြီး ပုလင်းထဲထည့်လိုက်တယ်။ ပုလင်းထဲထည့်ပြီးရင် စျေးကွက်ထဲကို တင်သွင်းဖို့ပဲ ကျန်ပါတယ်။ အများအားဖြင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို Shipping System သုံးကြပါတယ်။ သက်ဆိုင်ရာနိုင်ငံအသီးသီးကို ရောက်တယ်ပဲထားလိုက်ပါဦး။

Liquor Store တွေက ဝီစကီပုလင်းတွေကို ဘယ်လိုသိမ်းဆည်းသလဲ။ တကယ်ဆိုရင် ဝီစကီပုလင်းကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့လို့မရပါဘူး။ တိုက်ရိုက်ထိတွေ့ရင် ဝီစကီရဲ့ အရည်အသွေးကို ကျဆင်းစေပါတယ်။ အခန်းအပူချိန်မှာ သိမ်းဆည်းထားရမှာပါ။ အခန်းအပူချိန်ဆိုတာ (၁၅) ဒီဂရီစင်တီဂရိတ်နဲ့ (၁၈) ဒီဂရီစင်တီဂရိတ်ကြားကို ဆိုလိုပါတယ်။ ဒီအပူချိန်အတွင်းမှာ သိုလှောင်ထားမှသာ အကောင်းဆုံးအရည်အသွေးကို ရရှိမှာပါ။

(၄) သယ်ယူပို့ဆောင်ရေးစနစ်

တချို့နိုင်ငံတွေက တစ်မြို့နဲ့ တစ်မြို့ကြားမှာ ကားနဲ့တင်ပို့ကြတယ်။ ဒီနေရာမှာ ပုလင်းဖာတွေကို ထပ်ပြီးပို့ရင် အဆင်မပြေနိုင်ပါဘူး။ ပုလင်းတွေလှုပ်ပြီး ခါယမ်းနေရင် မူလအရသာပျက်စီးနိုင်ပါတယ်။ ပုလင်းတွေကိုလည်း နေပူထဲမှာ ထားလို့မရပါဘူး။ အပေါ်မှာ ပြောထားသလို (၁၅) ဒီဂရီစင်တီဂရိတ်နဲ့ (၁၈) ဒီဂရီစင်တီဂရိတ်ကြားမှာ ထားနိုင်မှ အဆင်ပြေမှာပါ။

တံဆိပ်တူပေမယ့် အရသာမတူညီရတဲ့ တခြားအကြောင်းအရင်းတွေ အများကြီးရှိနိုင်ပါသေးတယ်။ အခုဖော်ပြတာက အဓိကအချက်တွေပါ။ သိသာတာရှိမယ် မသိသာတာရှိမယ်၊ အများစုက ဝီစကီပုလင်းတိုင်းမှာ အရသာမတူညီနိုင်ပါဘူး။ ဝီစကီအမှတ်တရတွေကိုလည်း Comment Box မှာ ဝေမျှခဲ့ပါဦးနော်။

ယမကာအကြောင်း သောင်းပြောင်းထွေလာဖတ်ဖူးမှတ်ဖူးတဲ့အထဲကနေ နာမည်ကျော် စာရေးဆရာကြီးတွေရဲ့ ယမကာမှီဝဲပုံကို ရေးသားချင်ပါတယ်။ ပြေ...
05/06/2024

ယမကာအကြောင်း သောင်းပြောင်းထွေလာ

ဖတ်ဖူးမှတ်ဖူးတဲ့အထဲကနေ နာမည်ကျော် စာရေးဆရာကြီးတွေရဲ့ ယမကာမှီဝဲပုံကို ရေးသားချင်ပါတယ်။ ပြောရဦးမယ်။ လူထုဦးလှ၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သာဓုစတဲ့ စာရေးဆရာတွေက အရက်ကို တစ်စက်ကလေးမှ မကြိုက်ပါဘူးတဲ့။ ဆရာကြီး ရွှေဥဒေါင်း၊ မဟာဆွေ၊ သန်းဆွေ၊ သော်တာဆွေ၊ မိုးဝေတို့လို စာရေးဆရာတွေက အရက်ကြိုက်တယ်။ အရက်နည်းနည်းသောက်ပြီးရင် အစားကောင်းစားချင်တယ်တဲ့၊ အရက်မသောက်ဘဲ နေမယ်ဆိုရင် အစားကောင်းစားချင်တဲ့ စိတ်ဆန္ဒကိုလည်း ချိုးနှိမ်ထားမှရမယ်ဆိုပြီး 'တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ' ထဲမှာ ဆရာကြီး ရွှေဥဒေါင်းရေးဖူးပါတယ်။

မဟာဆွေ၊ သန်းဆွေနဲ့ မိုးဝေတို့က အရက်ကြောင့် အသက်မရှည်လိုက်ဘူး။ ဆရာကြီး မဟာဆွေဆိုရင် (၅၃) နှစ်မှာပဲ ကွယ်လွန်သွားတယ်။ အရက်မူးပြီး လဲကျတာတဲ့။ ဦးနှောက်ကြောပြတ်သွားတယ်လို့ ဖတ်ရဖူးတယ်။ စာရေးဆရာ သန်းဆွေက အလွမ်းဝတ္ထုလေးတွေ အရေးကောင်းလှပါတယ်။ သူဆိုရင်လည်း (၃၈) နှစ်မှာပဲ ကွယ်လွန်သွားရတယ်။ သင်္ကြန်တွင်းမှာ အရက်သောက်တာတဲ့။ အမူးလွန်ပြီး အင်းလျားကန်ထဲမှာ ရေနစ်သေသွားရတယ်။ စုံထောက် တင်မောင်ဆွေဇာတ်ကောင် ဖန်တီးသူ စာရေးဆရာ မိုးဝေက အရေးသွက်သူပါ။ တစ်လအတွင်းမှာတောင် လုံးချင်း (၃/၄) အုပ်အထိ ရေးနိုင်တယ်တဲ့။ သူလည်းပဲ အရက်ကြောင့်ပဲ အသက်တိုရတယ်။ ကွယ်လွန်တဲ့အချိန်မှာ အသက် (၄၀) ပဲရှိပါသေးတယ်။ တကယ်ဆိုရင် မိုးဝေနဲ့ သော်တာဆွေရဲ့ တတိယမိန်းမ ခင်မေရီ (မေ) တို့က မောင်နှမဝမ်းကွဲတော်ပြီး မိုးဝေက သော်တာဆွေရဲ့ ယောက်ဖဝမ်းကွဲပါ။

စာရေးဆရာ မိုးဝေက ပိုက်ဆံမပါဘဲ အရက်ဆိုင်ထဲကို ဝင်လာတယ်။ သူက မှီငြမ်းသမားဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်ဝတ္ထုကို ဘေးမှာချပြီး အရက်သောက်ရင်း စုံထောက် တင်မောင်ဆွေဝတ္ထုကို ရေးတာတဲ့။ စာမူပြီးရင် တပည့် အောင်ကျော်ကိုပေးပြီး စုံထောက် ဦးဆန်နီဆီမှာ စာမူခထုတ်ခိုင်းတယ်။ စာမူခရမှသာ အရက်ဖိုးရှင်းတာတဲ့။ စာရေးဆရာ မိုးဝေလည်း ကြမ်းတာပဲ။

ဆရာကြီး ရွှေဥဒေါင်းလည်း အရက်ကြိုက်တာပဲ။ အစာမစားခင်မှာ အရက်သောက်တယ်။ အရက်သောက်ပြီးမှ အစာစားရင် စားလို့ပိုကောင်းတယ်တဲ့။ ဒါပေမယ့် လစ်မစ်သမားပါ။ အရက်ကို အမူးလွန်အောင် သောက်လေ့မရှိပါဘူး။ တစ်ခါတလေမှာ အစာလမ်းကြောင်းကို ရှင်းချပြီး Detox လုပ်တယ်တဲ့။ သူရှင်းပုံက ဒီလိုပါ။ အရက်ခဏဖြတ်လိုက်တယ်။ ထမင်းမစားဘဲ အသီးအရွက်တွေချည်းပဲ စားသုံးပြီး အစာအိမ်ရှင်းလိုက်တာပါ။ အဲဒီတော့ အစာလမ်းကြောင်းက အဆိပ်အတောက်တွေ သန့်စင်သွားပြီး တစ်ကိုယ်လုံးက ကြည်လင်လန်းဆန်းလာပါတယ်။ တစ်ပတ်လောက် အဲဒီလိုလုပ်ပါတယ်တဲ့။ Detox လုပ်ပြီးရင် "ထမင်းပြန်စားမယ် မစိုးရေ" ဆိုပြီး ထမင်းကို အားရပါးရစားလိုက်တယ်တဲ့။ အရက်နည်းနည်းလေးသောက်လိုက်ရင်ကို မူးသွားတယ်တဲ့။ အဲဒါကြောင့်မို့ အသက် (၈၄) နှစ်လောက်အထိ အသက်ရှည်တာပါ။

သော်တာဆွေလည်း ဆရာကြီး ရွှေဥဒေါင်းရဲ့ တပည့်ပီပီ အရက်ကြိုက်လွန်းပါတယ်။ သော်တာဆွေက သဟာယဘားနဲ့ တာဝါလိန်းဘားမှာ အရက်သောက်လေ့ရှိတယ်တဲ့။ ဒါပေမယ့် အရက်မူးရင် သွေးဆိုးတယ်။ အရက်မူးပြီး ရှုမဝ ဦးကျော်ကို ပြဿနာရှာခဲ့ဖူးတယ်။ မော်ဒန်ပန်းချီဆရာ ဗဂျီအောင်စိုးလည်း မူးလာရင် ကြမ်းတမ်းတယ်တဲ့။ သော်တာဆွေနဲ့ ဗဂျီအောင်စိုးတို့ အရက်မူးပြီး ပြဿနာတက်ဖူးတယ်လို့ ဖတ်ရဖူးပါတယ်။

အရက်မူးလာရင် သော်တာဆွေက ရန်ဖြစ်တတ်တယ်။ သူက ရိုက်လိုက်တာလည်းရှိတယ်၊ သူအရိုက်ခံရတာလည်း ရှိပါတယ်တဲ့။ အရက်ကြောင့် ဆေးရုံနဲ့ ရဲစခန်းကို ခဏခဏရောက်ဖူးပါတယ်တဲ့။ အစောပိုင်းကာလတွေမှာ သော်တာဆွေနဲ့ တင့်တယ်က အတွဲများတယ်။ သူတို့တွေပေါင်းပြီး ပဒေသာမဂ္ဂဇင်းထုတ်ဖူးတယ်။ စာရေးဆရာ တင့်တယ်က နှုတ်ခမ်းနီမလေးတွေအကြိုက် အချစ်ဝတ္ထုတွေအရေးများတယ်။ နာမည်ကျော် ဖြေလျော့ခွေဝတ္ထုကြီးကို အရက်သောက်ရင်း ရေးခဲ့တာတဲ့။

စာရေးဆရာ သော်တာဆွေက အရက်သောက်ရင် စာမရေးတတ်ဘူး။ ခန္ဓာကိုယ်ထဲမှာ အရက်ဓာတ်ရှိရင်တောင် စာမရေးနိုင်ပါဘူးတဲ့။ မနက်စောစောထပြီး စာရေးတတ်တယ်။ ညနေ (၅) နာရီနောက်ပိုင်းမှသာ အရက်သောက်တာပါတဲ့။ အရင်တုန်းကတော့ သူလည်း အများကြီးသောက်တာပါပဲ။ နောက်ပိုင်းမှာ ဆင်ခြင်လိုက်နိုင်တယ်။ အဲဒါကြောင့်မို့ ဆရာကြီး ရွှေဥဒေါင်းလောက် အသက်မရှည်ဘူးဆိုရင်တောင် သော်တာဆွေလည်း အသက် (၇၅) နှစ်အထိ နေသွားနိုင်တယ်။

စာရေးဆရာ မောင်သော်ကနဲ့ တက္ကသိုလ် နန္ဒမိတ်တို့က အစ္စလာမ်ဘာသာဝင်တွေပါ။ ဒါပေမယ့် အရက်မူးလာရင်တော့ ဝက်ဆီဖတ်ကို ကောက်မြည်းတယ်တဲ့။ သောက်ဖော်သောက်ဖက် စာရေးဆရာ သော်တာဆွေက 'ကျွန်တော့်ဘဝဇာတ်ကြောင်း' ထဲမှာ ဒီအကြောင်းတွေ ထည့်ရေးထားတာပါ။

သုမောင်ဟာ ငယ်ငယ်လေးတည်းက အရက်သောက်ဖူးတယ်တဲ့။ သော်တာဆွေတိုက်တာလို့ သိရပါတယ်။ ကလေးကို အရက်ဘယ်လိုတိုက်သလဲ။ ဖြစ်ပုံက ဒီလိုပါ။ တင့်တယ်၊ သော်တာဆွေနဲ့ သာဓုတို့က ပဒေသာမဂ္ဂဇင်းကို ပူးပေါင်းလုပ်နေတာပါ။ အဲဒီအချိန်မှာ သုမောင််လေးက နို့စို့ကလေးပဲရှိပါသေးတယ်။ တအားအငိုသန်တယ်တဲ့။ အဲဒါကြောင့်မို့ သော်တာဆွေက ကလေးနို့ဘူးထဲမှာ အရက်ထည့်ထားလိုက်တယ်။ နို့စို့ကလေး သုမောင်လေးက အရက်စို့မိပြီး အိမ်ပျော်သွားတယ်တဲ့။

စာရေးဆရာ သာဓုက အရက်ကို မုန်းတယ်တဲ့။ အိမ်မှာလည်း 'အရက်သမား မလာရ' ဆိုပြီး စာချိတ်ထားတယ်တဲ့။ ဒါပေမယ့် သော်တာဆွေနဲ့ တင့်တယ်တို့လို ရေးဖော်ရေးဖက် သူငယ်ချင်းတွေက ဒါကြီးတော့ မကောင်းပါဘူးကွာ၊ အခုဖြုတ်ပစ်လို့ ပြောတာမို့ 'အရက်သမား မလာရ' ဆိုင်းဘုတ်ကြီး ဖြုတ်ရတယ်တဲ့။ သာဓုအိမ်မှာတင် ပုလင်းထောင်တယ်တဲ့။ လူရင်းဖြစ်နေလို့ သာဓုလည်း ဘာမှမတတ်နိုင်ရှာဘူး။ သာဓုရဲ့ သား မောင်ဝဏ္ဏနဲ့ သုမောင်တို့လည်း အရက်ကြိုက်တယ်။ သုမောင်ဆိုရင် အရက်ခဏခဏဖြတ်ရတယ်တဲ့။

စာရေးဆရာ သာဓုရဲ့ အမျိုးသမီး ကျောင်းဆရာမကြီး ဒေါ်ခင်ညိုက သွားကိုက်တတ်တယ်။ ဆရာစန္ဒြက အရက်ပုလင်းလေးပေးပြီး သွားကိုက်နာကို တို့ခိုင်းထားတယ်တဲ့။ အစတုန်းက အရက်တို့လိုက်ရင် သွားကိုက်သက်သာပါတယ်။ နောက်ပိုင်းမှာ မသက်သာတော့ပါဘူး။ သော်တာဆွေက အရက်ပုလင်းကို ခိုးအုပ်ပြီး ရေရောထားလို့တဲ့။

နွေရာသီမှာ ဆရာကြီး ရွှေဥဒေါင်းက အပူရှောင်ချင်လို့ ပြင်ဦးလွင်တက်ပြီး စာရေးတယ်။ အဲဒီမှာ သော်တာဆွေလည်း လိုက်လာတယ်။ သော်တာဆွေက အာမီရမ်တွေသောက်ပြီး သီချင်းအော်ဆိုနေတယ်။ လူကလည်း အမူးလွန်နေပြီလေ။ ညကြီးသန်းခေါင်မှာ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား သီချင်းဆိုနေတယ်။ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတာမို့ ဆရာကြီး ရွှေဥဒေါင်းက သော်တာဆွေကို ထိုးချလိုက်တယ်တဲ့။ သော်တာဆွေနဲ့ အောင်လင်းက အရက်ဖိုးလိုချင်လို့ မြသန်းတင့်ရဲ့ မျက်မှန်ကို ဝှက်ထားဖူးသေးတယ်။ ရှေးစာရေးဆရာကြီးတွေများ မွှေချက်နော်။ ဒီအပတ်မှာတော့ ယမကာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားတာပါ။ နောက်အပတ်မှာလည်း အခုလို ဆောင်းပါးမျိုးတွေ တင်ဆက်ပေးမှာမို့ စောင့်မျှော်အားပေးပါဦး။

ဝီစကီတွေ ဘာကြောင့် အနံ့အရသာမတူညီတာလဲပထမဆုံးစာလုံးပေါင်းကို အရင်ရှင်းပြချင်ပါသေးတယ်။ ဝီစကီကို Whisky ဒါမှမဟုတ် Whiskey လိ...
31/05/2024

ဝီစကီတွေ ဘာကြောင့် အနံ့အရသာမတူညီတာလဲ

ပထမဆုံးစာလုံးပေါင်းကို အရင်ရှင်းပြချင်ပါသေးတယ်။ ဝီစကီကို Whisky ဒါမှမဟုတ် Whiskey လို့ စာလုံးပေါင်းကြတယ်။ Whisky ဆိုတဲ့ စကားလုံးက အရင်ပေါ်တာပါ။ စကော့တလန်၊ ကနေဒါနဲ့ ဂျပန်နိုင်ငံကထုတ်တဲ့ ဝီစကီတွေကို Whisky လို့ စာလုံးပေါင်းပါတယ်။ အမေရိကန်နဲ့ အိုင်ယာလန်နိုင်ငံကထုတ်တဲ့ ဝီစကီတွေကို Whiskey လို့ခေါ်ပါတယ်။ ဒါက ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး စာလုံးပေါင်းကွဲပြားပုံကို အရင်ဆုံးဖော်ပြတာပါ။ အနံ့၊ အရသာ ဘာကြောင့်မတူညီတာလဲကို ကြည့်ရအောင်။

(၁) ရေ

ဝီစကီချက်ရင် ရေက အဓိကပါဝင်ပစ္စည်းပါ။ Whisky Making Process မှာ ရေက အသက်ပါ။ ဝီစကီစက်ရုံတွေက သဘာဝရေအရင်းအမြစ်ကို အသုံးပြုကြပါတယ်။ အများထင်သလို ရေသန့်စက်ရုံက ရေကို မသုံးပါဘူး။ အနီးနားမှာရှိတဲ့ ရေတံခွန်၊ အင်းအိုင်၊ ချောင်းမြောင်းတွေဆီကနေ သဘာဝရေကို သွယ်ယူပြီး ချက်လုပ်ကြတာပါ။ သဘာဝရေကို ဒီအတိုင်းချက်လုပ်တာ မဟုတ်ပါဘူး။ ပိုးမွှားနဲ့ အညစ်အကြေးမပါနိုင်အောင်လို့ သဘာဝရေကို အရင်ဆုံးစစ်ထုတ်ပါသေးတယ်။ ဝီစကီစက်ရုံတွေက စစ်ထုတ်တဲ့ နည်းစနစ်ကို လျှို့ဝှက်ထားပြီး သဘာဝရေနဲ့ အနံ့အရသာက မူလအတိုင်းပါပဲ။

စကော့တလန်၊ အိုင်ယာလန်၊ ကနေဒါ၊ အမေရိကန်တို့အပြင် အစ္စရေး၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ ဝေးလ်နိုင်ငံတွေကလည်း ဝီစကီထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံတွေ မတူညီသလို နိုင်ငံအလိုက်လည်း ရာသီဥတုတွေက မတူညီကြပါဘူး။ ရာသီဥတု မတူညီတာမို့ သဘာဝရေအရင်းအမြစ်တွေလည်း မတူညီနိုင်ပါဘူး။ စမ်းချောင်းထဲကရေနဲ့ ရေတံခွန်ထဲကရေဟာ အရသာမတူညီသလို မြစ်ထဲကရေနဲ့ ချောင်းထဲကရေလည်း မတူနိုင်ပါဘူး။ ဒါ့ကြောင့် ဝီစကီစက်ရုံတွေမှာ အသုံးပြုလိုက်တဲ့ သဘာဝရေအရင်းအမြစ်ကိုက အရသာမတူတာကလည်း ဝီစကီအရသာကွာခြားခြင်းရဲ့ အဓိကအကြောင်းအရင်းပါပဲ။

(၂) ကုန်ကြမ်း

ကစီဓာတ်များတဲ့ကုန်ကြမ်းတွေက​နေ အချဥ်​ဖောက်​၊ ပေါင်းခံ​ပြီး ဝီစကီချက်လုပ်ပါတယ်။ မုယောစပါး၊ ဂျုံ၊ ပြောင်းဖူးနဲ့ တခြားကစီဓာတ်များတဲ့ အသီးအနှံတွေအပြင် သကြားသုံးပြီး ဝီစကီချက်လုပ်ပါတယ်။ ဝီစကီစက်ရုံတွေက အသုံးပြုတဲ့ ကုန်ကြမ်းမတူပါဘူး။ ကုန်ကြမ်းမတူရင် အရသာလည်း မတူနိုင်ပါဘူး။ ကုန်ကြမ်းတူရင်တောင်မှ အပေါ်စာပိုဒ်မှာ ရေးပြထားသလို နိုင်ငံပေါ်မူတည်ပြီး ရာသီဥတုကွဲပြားသေးတာမို့ ကုန်ကြမ်းရဲ့ အရည်အသွေးက မတူညီနိုင်ပါဘူး။ ကုန်ကြမ်းအရည်အသွေးမတူညီတာမို့ ဝီစကီရဲ့ အရသာလည်း ကွဲပြားနေတာပါ။

(၃) ဘယ်လိုချက်လုပ်သလဲ

Diageo ၊ Pernod Ricard ၊ William Grant & Sons ၊ La Martiniquaise နဲ့ Loch Lomond စတဲ့ ဝီစကီကုမ္ပဏီတွေ အများကြီးရှိပါတယ်။ Diageo ကုမ္ပဏီက Johnnie Walker ဝီစကီထုတ်လုပ်တာပါ။ Pernod Ricard ကုမ္ပဏီဆိုရင်လည်း Ballantines ၊ Chivas နဲ့ 100 Pipers ဝီစကီတွေ ထုတ်တာပါ။ တခြားအများကြီးကျန်ပါသေးတယ်။ ကုမ္ပဏီပေါ်လိုက်ပြီး သူတို့သုံးတဲ့ နည်းစနစ်တွေက မတူညီကြပါဘူး။ ဒါတွေကို လျှို့ဝှက်ထားတာပါ။ နည်းစနစ်မတူညီတာမို့ ဝီစကီအရသာလည်း မတူညီနိုင်ပါဘူး။

(၄) နှစ်ချို့ခြင်းစနစ်

Whisky Maker က ကုန်ကြမ်း၊ သကြားနဲ့ တဆေးတွေကို အချဉ်ဖောက်ပြီး ပေါင်းခံလိုက်တယ်။ ဒါဆိုရင် ဝီစကီရပါပြီ။ ရရှိတဲ့ မူလဝီစကီက အရောင်မရှိပါဘူး။ Crystal Clear ပါ။ ဒါပေမယ့် ဒီအဆင့်မှာတင် သောက်လို့ရပါတယ်။ အနံ့ပြင်းပါလိမ့်မယ်။ Aging မလုပ်ဘဲထားတဲ့ ဝီစကီကို White Whisky လို့ခေါ်ပါတယ်။ White Whisky တွေလည်း စျေးကွက်မှာ အများကြီးရှိပါတယ်။ ဝီစကီကို သစ်သားစည်ထဲမှာ သိမ်းထားလိုက်ပြီး Aging လုပ်ပါတယ်။ အများအားဖြင့် ဝက်သစ်ချသားစည် (Oak Barrel) ကို အသုံးများပါတယ်။

သစ်သားစည်ကို အရင်ဆုံးမီးမြှိုက်ထားတယ်။ အဲဒါကလည်း အဆင့်အလိုက်ကွာပါသေးတယ်။ (၁၅) စက္ကန့်မီးမြှိုက်ထားတာကို Char Level 1 ၊ (၃၀) စက္ကန့်မီးမြှိုက်ထားတာကို Char Level 2 ၊ (၃၅) စက္ကန့်မီးမြှိုက်ထားတာကို Char Level 3 နဲ့ (၅၅) စက္ကန့်မီးမြှိုက်ထားတာကို Char Level 4 လို့ခေါ်ပါတယ်။ Level မြင့်လေ ဝီစကီအရောင်ရင့်လေဖြစ်ပါတယ်။

ကိုယ်လိုအပ်တဲ့ ပမာဏကိုရောက်ရင် မီးရပ်လိုက်တယ်။ အဲဒီစည်ထဲကို ဝီစကီထည့်ပြီး အခန်းအပူချိန်မှာ သိမ်းထားလိုက်တာပါ။ ဝီစကီသက်တမ်းဆိုတာက သစ်သားစည်ထဲမှာ သိုလှောင်ထားတဲ့ သက်တမ်းကို ဆိုလိုပါတယ်။ ပုလင်းထဲမှာ သိုလှောင်ထားတဲ့ သက်တမ်းကို ထည့်မတွက်ပါဘူး။ ဥပမာ - ဝီစကီကို သစ်သားစည်ထဲမှာ (၃) နှစ်သိုလှောင်ထားရင် ဝီစကီရဲ့ သက်တမ်းက (၃) နှစ်ဖြစ်ပြီး ပုလင်းထဲကို ထည့်လိုက်ပါတယ်။ အဲဒီပုလင်းကို မသောက်ဘဲ နောက်ထပ် (၃) နှစ်သိမ်းထားရင်လည်း ဝီစကီရဲ့ သက်တမ်းက (၆) နှစ်ဖြစ်မလာပါဘူး။

သစ်သားစည်ဟာ ဝီစကီထဲက Ethanol ဓာတ်ကို စုပ်ယူသွားပါတယ်။ ဒါဆိုရင် ဝီစကီက Smooth ဖြစ်လာပြီး သောက်လို့ပိုကောင်းလာပါတယ်။ နှစ်ကာလကြာလေ သောက်လို့ကောင်းလေပါ။ သစ်သားစည်ရဲ့ အရောင်အသွေးကြောင့် ဝီစကီလည်း အရောင်ပြောင်းသွားပါတယ်။ တချို့ဝီစကီစက်ရုံတွေက ဝက်သစ်ချစည်ကို အသုံးပြုကြပါတယ်။

ဝက်သစ်ချသားတောင်မှ (၂) ပိုင်းကွဲပါသေးတယ်။ ပြင်သစ်ကလာတဲ့ ဝက်သစ်ချစည်နဲ့ အမေရိကန်ကလာတဲ့ ဝက်သစ်ချစည်ပါ။ ဒါတောင်မှ နိုင်ငံအလိုက်ကွဲသွားပါတယ်။ အနံ့လုံးဝမတူပါဘူး။ ပြင်သစ်ဝက်သစ်ချစည်ထဲမှာ ဝီစကီသိုလှောင်လိုက်ရင် ဝီစကီအနံ့က နည်းနည်းအီသွားတယ်။ ထောပတ်နံ့သင်းတယ်။ အမေရိကန်ဝက်သစ်ချစည်ထဲမှာ ထည့်လိုက်ရင် ဝီစကီအနံ့က အခွံမာအသီးအနံ့ရတယ်။ ဥပမာ အုန်းသီးအနံ့ ဒါမှမဟုတ်ရင်လည်း မီးရှို့ထားတဲ့အနံ့တွေ သင်းနေပါတယ်။

ဝီစကီတွေ အနံ့၊ အရသာမတူညီခြင်းရဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ အခုဆောင်းပါးမှာတော့ အဓိကအချက်တွေကိုပဲ စုစည်းတင်ပြလိုက်တာပါ။ နောက်တစ်ပတ်တွေမှာလည်း အခုလို စိတ်ဝင်စားစရာကောင်းတဲ့ ယမကာဆောင်းပါးတွေကို တင်ဆက်ပေးမှာဖြစ်လို့ ကျွန်တော်တို့ Page လေးကို ဆက်လက်စောင့်ကြည့်ပါဦးနော်။

ဝီစကီလား ဘီယာလားလူတစ်ကိုယ် အကြိုက်တစ်မျိုးတဲ့။ အကြိုက်ချင်း ဘယ်တူနိုင်မလဲ။ တချို့တွေက ဝီစကီကြိုက်ကြတယ်၊ တချို့က ဘီယာတဲ့။...
28/05/2024

ဝီစကီလား ဘီယာလား

လူတစ်ကိုယ် အကြိုက်တစ်မျိုးတဲ့။ အကြိုက်ချင်း ဘယ်တူနိုင်မလဲ။ တချို့တွေက ဝီစကီကြိုက်ကြတယ်၊ တချို့က ဘီယာတဲ့။ အရသာမတူသလို မူးပုံလည်း မတူပါဘူး။ ဘီယာက Youth Vibes ဖြစ်ပြီး ဝီစကီက Mature ဖြစ်ပါတယ်။

အပြင်က ပြန်လာရင် ပင်ပန်းပြီး ချွေးပြန်လာတယ်။ အိမ်ရောက်တော့ ဘီယာဖွင့်သောက်လိုက်တယ်။ အမောပြေသလို လူလည်း လန်းဆန်းသွားတယ်။ ချိုမြမြအရသာလေးက လူကို လန်းဆန်းစေပြီး အေးစိမ့်စိမ့်အထိအတွေ့က အမောပြေစေတယ်။ ချွေးတိတ်၊ လန်းဆန်းသွားပြီး လူက တက်ကြွလာတယ်။

ဝီစကီကို ဘာမှမရောဘဲ Neat သောက်မလား၊ ရေခဲထည့်ပြီး On the Rock သောက်မလား။ စိတ်ကြိုက်သောက်ပါ။ ဝီစကီသောက်လိုက်ရင် နွေးထွေးတည်ငြိမ်သွားတယ်။ အခုလို မိုးရာသီမှာ ဝီစကီက အလိုက်ဖက်ဆုံးပဲ။ ပြင်းရှရှအရသာလေးက လျှာပေါ်စွဲနေပြီး ဇိမ်ခံသောက်လေ ပိုကောင်းလေပါပဲ။

နွေရာသီမှာဆိုရင် ဘီယာက ပိုသင့်တော်ပြီး ဆောင်းရာသီနဲ့ မိုးရာသီမှာ ဝီစကီက ပိုကောင်းပါတယ်။ လူတိုင်းက အကြိုက်တူနိုင်မှာ မဟုတ်ပါဘူး။ ဘာကိုပိုကြိုက်လဲ ဝီစကီလား ဘီယာလား။ Comment မှာ ဖြေပေးသွားပါဦး။

အသည်းလေးကို ဂရုစိုက်ကြမယ်ယမကာလုလင်နဲ့ Hangover ဆိုတာ ခွဲခြားလို့တောင် မရပါဘူး။ ယမကာမှီဝဲသူတိုင်း အနည်းနဲ့အများဆိုသလို Ha...
26/05/2024

အသည်းလေးကို ဂရုစိုက်ကြမယ်

ယမကာလုလင်နဲ့ Hangover ဆိုတာ ခွဲခြားလို့တောင် မရပါဘူး။ ယမကာမှီဝဲသူတိုင်း အနည်းနဲ့အများဆိုသလို Hangover ဖြစ်ဖူးကြပါတယ်။ ညတုန်းက များသွားရင် မနက်ကျတော့ ခေါင်းကိုက်လာတယ်၊ ကိုယ်လက်မအီမသာဖြစ်လာတယ်၊ အစာစားချင်စိတ်လည်း မရှိတော့ဘူး၊ ပျို့ချင်အန်ချင်လာတယ်။ ဒါပေမယ့် အလုပ်ကလည်း မသွားလို့မဖြစ်ပြန်ဘူး။ ခေါင်းမကြည်ဘဲ အလုပ်သွားရပြန်တယ်။

ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ဆိုသလို ယမကာလုလင်တွေလည်း ရေရှည်မှီဝဲနိုင်စေဖို့ ကိုယ့်အသည်းလေးကို ဂရုစိုက်ပေးနော်။ ဒါမှလည်း သက်ရှည်ကျန်းမာလာပြီး ကြာရှည်သောက်နိုင်မှာမလား။ ယမကာတွေ သောက်လိုက်တဲ့အခါမှာ အသည်းလေးက အလွန်အမင်းစစ်ထုတ်ရတယ်။ ကိုယ့်အသည်းလေး ကျန်းမာကြံ့ခိုင်စေဖို့ ပြန်လည်ကုစားပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်က ကိုယ့်အသည်းလေးကိုလည်း ဂရုစိုက်ရာရောက်အောင် ပြီးတော့ Hangover လည်း မဖြစ်ရအောင် Relief Hangover Drink လေးတွေ သောက်ဖြစ်ပါတယ်။ သောက်လိုက်ရင် လူက လန်းဆန်းသွားပြီး နေထိုင်ကောင်းသွားတယ်။ Relief Hangover Drink ထဲမှာ အဓိကအားဖြင့် သကြားဓာတ်၊ ဆားဓာတ်၊ Amino Acid နဲ့ ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။

သကြားဓာတ်က Hangover လက္ခဏာတွေကို ကာကွယ်ဖို့ဖြစ်ပြီး ဆားဓာတ်က ရေဓာတ်ဆုံးရှုံးမှုကို သက်သာစေဖို့ဖြစ်ပါတယ်။ Amino Acid က အဓိကပါပဲ။ အသည်းထဲမှာရှိနေတဲ့ ယမကာဓာတ်တွေကို အမြန်ဖယ်ရှားပေးပြီး မနက်ပိုင်းမှာ မူးဝေခြင်းကိုလည်း သက်သာစေပါတယ်။ ပရိုတိန်းဓာတ်က ယမကာကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ကုစားပေးတာပါ။ ဒါ့ကြောင့်မို့လို့လည်း Relief Hangover Drink တွေက Hangover ကို သက်သာစေပြီး အသည်းကိုလည်း ကျန်းမာစေတာပါ။

ကျွန်တော်သုံးနေတဲ့ Relief Hangover Drink က ကိုရီးယားနိုင်ငံထုတ် 깨우다 (ကေးဦးဒ) တံဆိပ်ဖြစ်ပြီး အင်္ဂလိပ်လို နာမည်ပေးရရင် Wake Up ပါ။ ကိုရီးယားနိုင်ငံ အစားအသောက်ကြီးကြပ်ရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေအတိုင်း လိုက်နာထုတ်လုပ်ထားလို့ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်ပါ။ စျေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရလို့ ကျွန်တော့်အတွက်လည်း အဆင်ပြေပါတယ်။

ယမကာလုလင်တွေလည်း နောက်နေ့မှာ ခေါင်းမကိုက်ဘဲ နိုးထနိုင်ဖို့ ပြီးတော့ ကိုယ့်အသည်းလေး ကျန်းမာစေဖို့ဆိုရင် Relief Hangover Drink ကို ဆောင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကြည်ကြည်လင်လင်အလုပ်လုပ်နိုင်ပြီး ကျန်းမာစေမှာမလား။ သောက်လည်း သောက်၊ ကိုယ့်အသည်းလေးကိုလည်း ဂရုစိုက်ပေးဦးနော်။

Imperial Blended Scotch Whisky က Sip & Savor ကို Whisky Tasting Party ဖိတ်ထားတယ်။ ကွမ်းသီးကြိုက် တောင်ငူပို့ဆိုသလို ကျွန...
23/05/2024

Imperial Blended Scotch Whisky က Sip & Savor ကို Whisky Tasting Party ဖိတ်ထားတယ်။ ကွမ်းသီးကြိုက် တောင်ငူပို့ဆိုသလို ကျွန်တော်ကက ဒီလိုပွဲမျိုးမျှော်နေတာပါ။ ညနေ (၆) နာရီမှ ပွဲစမယ်ဆိုပေမယ့် နေ့လယ် (၃) နာရီတည်းက လေချဉ်တက်နေပြီ။

Imperial ဝီစကီက စကော့တလန်နိုင်ငံထုတ် Blended Whisky အမျိုးအစားဖြစ်ပါတယ်။ Pernod Ricard Group ကြီးရဲ့ တောင်ကိုရီးယားကုမ္ပဏီရုံးခွဲက အာရှဒေသအကြိုက် ပြန်လည်ထုတ်လုပ်ထားတာပါ။ Blended Whisky ဆိုတာက ပေါင်းခံချက်လုပ်ထားတဲ့ အရသာအမျိုးမျိုး သက်တမ်းရင့်ဝီစကီတွေကို ပြန်လည်ရောစပ်ထားတာပါ။

ဥပမာ - (၁၂) နှစ်ချို့ဝီစကီ၊ (၁၃) နှစ်ချို့ဝီစကီနဲ့ (၁၄) နှစ်ချို့ဝီစကီတွေကို ပြန်လည်ရောစပ်လိုက်ရင် Blended Whisky ဖြစ်လာပါတယ်။ ပုလင်းမှာ 12 Years Aged Blended Whisky လို့ပဲ တံဆိပ်ကပ်ရပါတယ်။ ဘာလို့လဲဆိုတော့ အခုရောစပ်ထားတဲ့ ဝီစကီတွေထဲမှာ (၁၂) နှစ်ချို့ဝီစကီက သက်တမ်းအနုဆုံးဖြစ်လို့ပါ။

Imperial Blended Scotch Whisky မှာလည်း သက်တမ်း (၁၂ နှစ်၊ ၁၇ နှစ်၊ ၁၉ နှစ်နဲ့ ၂၁ နှစ်) ဆိုပြီး သက်တမ်းအလိုက် (၄) မျိုးခွဲထားပါတယ်။ ကျွန်တော်က ဝီစကီ (၄) မျိုးလုံးကို မြည်းစမ်းကြည့်ခဲ့တယ်။ ယမကာလုလင်တို့ သိကြတဲ့အတိုင်း ဝီစကီဆိုတာက သက်တမ်းရင့်လေ Smooth ဖြစ်လေပါ။ သောက်လို့ပိုကောင်းပါတယ်။

ကျွန်တော်က ဝီစကီတစ်မျိုးစီကို (၂) ပတ်နှုန်း မြည်းစမ်းခဲ့ပါတယ်။ ဝီစကီ (၄) မျိုးဆိုတော့ (၈) ပတ်ကုန်သွားတယ်။ ကျွန်တော်က Aged 17 Years Imperial Whisky ကို အကြိုက်ဆုံးပါ။ သိမ်မွေ့ပြီး ပြင်းရှရှလေးမို့လို့ပါ။

ပုံမှန်ဆိုရင် ဝီစကီ (၈) ပတ်က မူးပါတယ်။ Imperial ဝီစကီလည်း မူးပါတယ်။ သူမူးတာက တရိပ်ရိပ်တက်ပြီး သမာဓိမူးမူးတာပါ။ အရှိန်ဆောင့်တက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားပါဘူး။ မမူးသေးဘူးထင်ပြီး နောက်ထပ် (၄) ပတ်ထပ်သောက်လိုက်တယ်။ တကယ်မူးသွားတယ်။

Whisky Tasting Party မှာ မြည်းရုံတင်မဟုတ်ဘဲ အမူးသောက်လိုက်တဲ့ ကျွန်တော်ကလည်း မလွယ်ဘူး။ ဝီစကီ (၁၂) ပတ်ဆိုတော့ အတော်များသွားတယ်။ ဒီနေရာမှာ ဝီစကီရဲ့ အရည်အသွေးကို သဘောကျမိတယ်။ မနက်လင်းတော့ ခေါင်းမကိုက်ဘဲ ကြည်ကြည်လင်လင်နိုးလာတာပါ။ ကျွန်တော့်ရဲ့ Imperial Blended Scotch Whisky အတွေ့အကြုံက ဒီလောက်ပါပဲ။ စာဖတ်သူတွေရဲ့ အမြင်ကိုလည်း သိပါရစေ။

ဆိုဂျူးအတွေ့အကြုံမျှဝေကြမယ်ဆိုဂျူးသောက်တာကို ကိုရီးယားကားတွေထဲမှာ အများစုမြင်ဖူးကြတာပါ။ ကိုရီးယားကားရဲ့ လွှမ်းမိုးမှုကြေ...
15/05/2024

ဆိုဂျူးအတွေ့အကြုံမျှဝေကြမယ်

ဆိုဂျူးသောက်တာကို ကိုရီးယားကားတွေထဲမှာ အများစုမြင်ဖူးကြတာပါ။ ကိုရီးယားကားရဲ့ လွှမ်းမိုးမှုကြောင့် လူတွေ ဆိုဂျူးကို ပိုသိလာတာလို့ ဆိုနိုင်ပါတယ်။ မင်းသားနဲ့ မင်းသမီးရှေ့မှာ အစိမ်းရောင်ဆိုဂျူးပုလင်းလေးရယ်၊ ခွက်သေးသေးလေးရယ်ကို တွဲမြင်မိကြမယ်ထင်ပါတယ်။ မင်းသားနဲ့ မင်းသမီးက ဆိုဂျူးအတူသောက်ကြပြီး ခံစားချက်တွေ ရင်ဖွင့်ကြတယ်။ အမူးလွန်သွားတဲ့ မင်းသမီးလေးကို မင်းသားက ကျောပိုးပြီးထမ်းတဲ့ ဇာတ်ဝင်ခန်းမျိုးကို ဆယ်ကျော်သက်ကိုယ်စီ အားကျဖူးမှာပါ။

ဆိုဂျူးရဲ့ အရသာက ချိုရှရှကလေးပါ။ ဗော့ကာနဲ့ အရသာဆင်တယ်။ အလွယ်ပြောရရင် ကိုရီးယားဗော့ကာလို့တောင် တင်စားလို့ရပါတယ်။ ဒါပေမယ့် ဆိုဂျူးက ဗော့ကာလောက်တော့ Alcohol Percentage မများပါဘူး။ ဆိုဂျူးလည်း Alcohol Percentage (၁၂.၉) ရာခိုင်နှုန်းကနေ (၅၃) ရာခိုင်နှုန်းအထိတောင် ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အရက်ပါဝင်မှုနည်းတဲ့ ဆိုဂျူးတွေက လူကြိုက်များလာတာမို့ ဆိုဂျူးအများစုက Alcohol Percentage (၂၀) ရာခိုင်နှုန်းအောက်ပဲရှိကြပါတယ်။

ဆိုဂျူးကို ဆန်က ချက်လုပ်သလို ဂျုံ၊ အာလူး၊ ကန်စွန်းဥနဲ့ ပီလောပီနံတို့ကလည်း ထုတ်လုပ်ပါသေးတယ်။ ဟိုးအရင်တုန်းက ဆိုဂျူးကို ရိုးရာနည်းအားဖြင့် ဆန်နဲ့ပဲ ချက်ခဲ့ကြတာပါ။ ဒါပေမယ့် ကိုရီးယားစစ်ပွဲ (၁၉၅၀ - ၁၉၅၃) အတွင်းမှာ ဆန်ရှားပါးလာတယ်။ အစိုးရက ပြည်သူတွေအတွက် ဆန်မလုံလောက်မှာစိုးလို့ ဆိုဂျူးကုမ္ပဏီတွေကို ဆန်အသုံးပြုခွင့်မပေးတော့ဘူး။

ဆိုဂျူးကုမ္ပဏီတွေလည်း ဆန်အစား ကစီဓာတ်များတဲ့ ဂျုံ၊ ကန်စွန်းဥနဲ့ ပီလောပီနံတွေကို အစားထိုးချက်လုပ်ခဲ့ကြရပါတယ်။ အဓိကအားဖြင့် အရှေ့တောင်အာရှနိုင်ငံတွေဆီကနေ ပီလောပီနံဝယ်ယူပြီး ဆိုဂျူးချက်ခဲ့ရတာပါ။ ၁၉၉၉ ခုနှစ်မှာ အစိုးရက ဆိုဂျူးကုမ္ပဏီတွေကို ဆန်အသုံးပြုခွင့်ပေးလိုက်ပါပြီ။

ဟိုးအရင်တုန်းက အရောင်မဲ့ပုလင်း (Transparent Bottle) ကို သုံးခဲ့ဖူးပေမယ့် အစိမ်းရောင်ပုလင်းက သဘာဝတရားနဲ့ ပိုနီးစပ်တာရယ်၊ ဆိုဂျူးအရောင်ကို ပိုပေါ်လွင်စေတာရယ်နဲ့ သောက်သုံးသူတွေ ပိုကြိုက်တာမို့ အစိမ်းရောင်ပုလင်းကို သုံးကြတာပါ။ စျေးကွက်ထဲမှာရှိတဲ့ ဆိုဂျူး (၉၀) ရာခိုင်နှုန်းလောက်ကလည်း အစိမ်းရောင်ပုလင်းတွေပါပဲ။ အသင့်သောက်ဖို့ ခွက်သေးသေးလေးလည်း ပါသေးတယ်။ ဆိုဂျူးကို ဒီအတိုင်းသောက်တာက အကောင်းဆုံးပါ။ တချို့က ကိုလာနဲ့ ရောသောက်ကြတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ ဆိုဂျူးနဲ့ ဘီယာရောသောက်ကြပါတယ်။

ဆိုဂျူးကို ပုလင်းသေးသေးလေးဆိုပြီး လျှော့မတွက်ပါနဲ့။ ပုလင်းတစ်ဝက်ကျိုးရင် ရည်းစားဟောင်းကို လွမ်းလာမယ်၊ ငယ်ချစ်ဦးကို သတိရလာမယ်။ ပုလင်းကုန်ခါနီးရင် ဖုန်းတွေလျှောက်ဆက်မိမယ်။ အမူးလွန်ပြီး ဥသြဆွဲတတ်တယ်။ ဆိုဂျူးအတွေ့အကြုံကို ပြောပြရရင် အသောက်လောဘကြီးတဲ့ ကျွန်တော်က ဆိုဂျူးကို ငါးကြင်းခွက်ကြီးနဲ့ သောက်မိတာပါ။ အစပိုင်းမှာ မမူးပါဘူး။ နှစ်ပုလင်းလည်းကုန်ရော စီးကရက်တွေကို အာလူးချောင်းကြော်မှတ်ပြီး ကောက်ဝါးမိတာပါပဲ။ အားတီတို့၊ အားမေတို့ရဲ့ ဆိုဂျူးအတွေ့အကြုံတွေကိုလည်း Comment မှာ ဝင်ရေးသွားပါဦးနော်။

Address


Website

Alerts

Be the first to know and let us send you an email when Sip & Savor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share