YaTha YaTha was created for entertainment purpose only.

2024 ခုနှစ်မှာ ပျမ်းမျှအမေရိကန်နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်က မီလီယမ်နာဖြစ်လာပါတယ်။ဒါက လွန်ခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ပ...
11/06/2024

2024 ခုနှစ်မှာ ပျမ်းမျှအမေရိကန်နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်က မီလီယမ်နာဖြစ်လာပါတယ်။

ဒါက လွန်ခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ပိုတိုးလာတဲ့ အရေအတွက်တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး တစ်ဦးချင်းပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝလာစေမှု အကြောင်းအရင်းတွေက အများကြီးပါ။

အမေရိကန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးတိုးတက်လာတာတွေ၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု တိုးတက်လာတာတွေ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုပြီးလွယ်ကူချောမွေ့လာတာတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အများအပြားပေါ်ထွက်လာရတာတွေက ဒီလိုမျိုးချမ်းသာတိုးတက်လာရခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

အဲ့ဒါတွေအားလုံးထက်အရေးကြီးပြီးတော့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက် ရှိပါတယ်။

အဲ့ဒါကတော့ Financial education လို့ခေါ်တဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ငွေကြေးနဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို ‌အခြေခံပညာရေးက ကလေးတွေအတွက် ပြဌာန်းထားပေးခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ သက်လတ်ပိုင်းလူငယ်တစ်ယောက်တောင် မလေ့လာဖူးတဲ့ ငွေကြေးဆိုင်ရာဗဟုသုတအသိပညာတွေကို အမေရိကန်မှာ ကလေးဘဝကတည်းက လေ့လာထားရပြီးသားပါ။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ငယ်ငယ်လေးကတည်းက ငွေကြေးနဲ့ပတ်သက်တဲ့ပညာရပ်ကို ပေးသင်ကြားပေးဖို့ အရမ်းအရေးကြီး‌တဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါပြီ။

အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာသူတို့ကို ယုံကြည်ပြီးအမြဲအားပေးနေတဲ့အမေတွေရှိတယ်။YaTha
04/06/2024

အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ
သူတို့ကို ယုံကြည်ပြီးအမြဲအားပေးနေတဲ့
အမေတွေရှိတယ်။

YaTha

အင်တာဗျူးသူ🙊 : မနက်ခင်း မင်းနိုးလာပြီးတော့ ငါဒီနေ့တော့ လေ့ကျင့်ခန်းမလုပ်တော့ဘူးဆိုတာမျိုး တွေးဖူးလား?ရော်နယ်ဒို 🙎: တစ်ခါ...
02/06/2024

အင်တာဗျူးသူ🙊 : မနက်ခင်း မင်းနိုးလာပြီးတော့ ငါဒီနေ့တော့ လေ့ကျင့်ခန်းမလုပ်တော့ဘူးဆိုတာမျိုး တွေးဖူးလား?

ရော်နယ်ဒို 🙎: တစ်ခါတစ်လေဖြစ်တာပေါ့ကွာ။ အဲ့စိတ်ကိုငါ ပြန်တိုက်ခိုက်ရတာပေါ့။
ငါတို့က လူသားတွေပဲလေ။ ငါတို့နေ့တိုင်း ပျော်နေတာမှမဟုတ်တာ။ ဒါကပုံမှန်ပဲ။ ဒါကဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။

အင်တာဗျူးသူ🙊 : အဲ့ဒါတွေကိုကျော်လွှားဖို့ မင်းဘာလုပ်လဲ?

ရော်နယ်ဒို 🙎: ငါပြန်တိုက်ထုတ်ရတာပေါ့။ အဲ့ဒါကြီးက တကယ့်စိန်ခေါ်မှုပဲ။

ငါတို့က တစ်စုံတစ်ခုကို လုပ်သင့်တယ်ဆိုတာလဲသိတယ်။ ဒါပေမဲ့ လုပ်ဖို့စိတ်မပါနေတာမျိုး။

ဒါပေမဲ့ ငါတို့ဟာ လုပ်သင့်တာကိုအဆက်မပြတ်လုပ်ဖို့ ကိုယ့်ကိုကိုယ် အမြဲတမ်းစိန်ခေါ်နေရမယ်။ ဒါမျိုးကို ငါခနခနလုပ်တယ်။ တစ်ခါတစ်လေကျရင် ခက်ခဲတာပဲ။

လူတွေက ငါ့ကို မေးကြတယ်။ မင်း Gym သွားရတာပျော်လားတဲ့။ ဘယ်ပျော်မလဲ။ ငါလဲလူသားပဲ။ မသွားချင်တဲ့အခါတွေ ရှိတာပဲ။

ဒါပေမဲ့ သွားရမယ်ဆိုတာ ငါသိတယ်လေ။
အဲ့ဒါက စည်းကမ်းပဲ။
အဲ့အရာက အားကစားမှာတင်မကပဲ တစ်ဘဝလုံးမှာပါ အရမ်းခက်ခဲတဲ့အရာပဲ။

လူတွေက ရော်နယ်ဒိုဖြစ်ချင်ကြတယ်လို့ပြောကြတယ်။ ဒါပေမဲ့ သူတို့ ငါ့လို လိုက်လုပ်နိုင်ပါ့မလား။
အဲ့ဒါကအဓိကမေးစရာပဲ။

" မင်းရဲ့အိပ်မက်တွေ‌နောက်ကိုလိုက်ဖို့ တွေဝေမနေဘဲ အခုဘဲ စပြီးလုပ်လိုက်ပါ။ကံကြမ္မာက မင်းလက်ထဲမှာရှိတယ်။ အကောင်းဆုံးနဲ့အဆို...
02/06/2024

" မင်းရဲ့အိပ်မက်တွေ‌နောက်ကိုလိုက်ဖို့ တွေဝေမနေဘဲ အခုဘဲ စပြီးလုပ်လိုက်ပါ။

ကံကြမ္မာက မင်းလက်ထဲမှာရှိတယ်။ အကောင်းဆုံးနဲ့အဆိုးဆုံးက မင်းရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။

ဘယ်လောက်မှ အဆင်မပြေဘူးဆိုရင်တောင် တိုးတက်အောင် ကြိုးစားနေပါ။

မင်းရဲ့ကြိုးစားမှုတွေက အမြဲတမ်းအဓိပ္ပါယ်ရှိပါတယ်။"

Jackie Chan

" စိတ်ဓာတ်ကျစရာတွေရှိတဲ့အခါ လက်မလျှော့တတ်အောင် သင်ယူပါ။ဘယ်သူတွေရိုက်ချရိုက်ချ စိတ်ဓာတ်မကျသရွေ့ မကျရှုံးနိုင်ဘူး။ရှုံးနိမ...
02/06/2024

" စိတ်ဓာတ်ကျစရာတွေရှိတဲ့အခါ လက်မလျှော့တတ်အောင် သင်ယူပါ။

ဘယ်သူတွေရိုက်ချရိုက်ချ စိတ်ဓာတ်မကျသရွေ့ မကျရှုံးနိုင်ဘူး။

ရှုံးနိမ့်တယ်ဆိုတာ စိတ်နဲ့ပဲဆိုင်တယ်။
မင်းရဲ့စိတ်က ရှုံးနိမ့်တယ်လို့ မခံယူထားသရွေ့ မင်းမရှုံးသေးဘူး။ "

Bruce Lee

27/05/2024

ဗုံးဖြုတ်ရတဲ့အလုပ်က တကယ်ကို အန္တရာယ်များတာပါ

စာအုပ်တွေက ကျွန်တော်တို့ကို လူသစ်တွေနဲ့ တွေ့ဆုံစေတယ်။တစ်ခါမှ မမြင်ဖူးပေမယ့် သူငယ်ချင်းအရင်းတွေလိုဖြစ်သွားစေတယ်။စာအုပ်တွေ...
19/05/2024

စာအုပ်တွေက ကျွန်တော်တို့ကို လူသစ်တွေနဲ့ တွေ့ဆုံစေတယ်။
တစ်ခါမှ မမြင်ဖူးပေမယ့် သူငယ်ချင်းအရင်းတွေလိုဖြစ်သွားစေတယ်။

စာအုပ်တွေက ကျွန်တော်တို့ကို သင်ခန်းစာတွေအများကြီးရစေတယ်။
ကိုယ်တိုင်အမှားမလုပ်မိစေပဲ နည်းပေးလမ်းပြခြင်းနဲ့ ကျွန်တော်တို့ကို ကယ်တင်တယ်။

စာအုပ်တွေက ကျွန်တော်တို့ကို ‌မရောက်ဖူးတဲ့ နေရာတွေဆီ ခေါ်ဆောင်သွားပေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို မျက်စိတစ်ဆုံးထက် ပိုကျယ်စေခဲ့တယ်။

အမေများနေ့မှာ အမေနဲ့ပတ်သက်ပြီး ဘာတွေပြောချင်လဲ ??
13/05/2024

အမေများနေ့မှာ အမေနဲ့ပတ်သက်ပြီး ဘာတွေပြောချင်လဲ ??

08/05/2024

အနာဂါတ်မှာ စက်ရုံတွေကို လူသားတွေအစား စက်ရုပ်တွေသုံးလာနိုင်မယ်

လူသားတွေနဲ့ စက်ရုပ်တွေရဲ့ အားပြိုင်မှုတွေကို မြင်ရတော့မှာလား?
02/05/2024

လူသားတွေနဲ့ စက်ရုပ်တွေရဲ့ အားပြိုင်မှုတွေကို မြင်ရတော့မှာလား?

AI က လူသားတွေရဲ့ အလုပ်တော်တော်များများကို အစားထိုးသွားနိုင်လိမ့်မယ်။
01/05/2024

AI က လူသားတွေရဲ့ အလုပ်တော်တော်များများကို အစားထိုးသွားနိုင်လိမ့်မယ်။

01/05/2024

ဘယ်အချက်တွေကြောင့် စင်ကာပူနိုင်ငံက အရမ်းတိုးတက်သွားရတာလဲ

ဒူဘိုင်းနိုင်ငံဟာ ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်၊ မြို့တွင်းပျံသန်းနိုင်သော လျှပ်စစ်တက္ကစီဝန်ဆောင်မှုကို စတင်...
29/04/2024

ဒူဘိုင်းနိုင်ငံဟာ ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်၊ မြို့တွင်းပျံသန်းနိုင်သော လျှပ်စစ်တက္ကစီဝန်ဆောင်မှုကို စတင်ရန် စီစဉ်ထားသည်။

ဒီဆန်းသစ်တီထွင်မှု ပရောဂျက်ကို ဒူဘိုင်းအစိုးရ၊ Joby Aviation (လေယာဉ်ထုတ်လုပ်သူ) နှင့် Skyports Infrastructure (vertiport operator) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကနဦးအဆင့်သည် 2025 တွင် စတင်မည်ဖြစ်ပြီး 2026 အတွက် ရည်မှန်းထားသော စီးပွားဖြစ်လည်ပတ်မှု အပြည့်အစုံဖြင့် စတင်ပါတော့မယ်။

အဲ့ဒီမိုးပျံကားတွေဟာ မြို့တွင်း ခရီးသွားချိန်ကို သိသိသာသာ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ဒူဘိုင်းကတော့ စီးပွားရေးအခွင့်အလမ်း‌တွေ ဖန်တီးဖို့နဲ့ အဆင့်မြင့်လေကြောင်းရွေ့လျားနိုင်မှုနည်းပညာတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မျှော်မှန်းထားသည်။

Follow YaTha for more...

သူများနိုင်ငံတွေ မိုးရွာတာတောင် နည်းပညာသုံးနေကြပြီ။အားလုံးပဲသိကြတဲ့အတိုင်း ဒူဘိုင်းဆိုတာဟာ သဲကန္တာရထဲမှာရှိပြီး အလွန်ကို...
29/04/2024

သူများနိုင်ငံတွေ မိုးရွာတာတောင် နည်းပညာသုံးနေကြပြီ။

အားလုံးပဲသိကြတဲ့အတိုင်း ဒူဘိုင်းဆိုတာဟာ သဲကန္တာရထဲမှာရှိပြီး အလွန်ကိုပူတဲ့နိုင်ငံတစ်ခုပါ။ ဒီလိုပူပြင်းလှတဲ့အတွက် သောက်ရေသယံဇာတပြတ်လတ်မှာကိုလဲ စိတ်ပူကြရပါတယ်။

အဲ့ဒီအတွက် ဒူဘိုင်းအစိုးရ သူတို့နိုင်ငံအတွက် ‌အဖြေရှာတဲ့အခါမှာတော့ မိုးရွာသွန်းနိုင်အောင် နည်းပညာတွေ အသုံးပြုရတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီနည်းပညာကိုတော့ အဂ်လိပ်လို Cloud seeding လို့ခေါ်ပြီး မြန်မာလိုဆို မိုးတိမ်တုများဖန်တီးခြင်းလို့ ဆိုနိုင်မှာပါ။ မိုးရွာဖို့အတွက်လိုအပ်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Silver iodide လို ပစ္စည်းတွေကို လေယာဉ်နဲ့သယ်ဆောင်သွားပြီး တိမ်တွေ‌အပေါ်မှာ ဖြန့်ပေးလိုက်ခြင်းဖြင့် မိုးရွာအောင် ဖန်တီးတာပဲဖြစ်ပါတယ်။

ဒီအတွက်ကုန်ကျစရိတ်ဟာလဲ ကြီးမားပေမယ့် ဒူဘိုင်းအစိုးရကတော့ ဒီနည်းပညာကို ထပ်ပြီးတိုးချဲ့နေတုန်းပါပဲ။

Follow YaTha for more...

မာရသွန်အပြေးသမား Russ cook ဆိုသူဟာ နိုင်ငံပေါင်း 16 နိုင်ငံ၊ မိုင်ပေါင်းတစ်သောင်းကျော်ရှည်လျားတဲ့ အာဖရိကတိုက်တစ်ခုလုံးကိ...
09/04/2024

မာရသွန်အပြေးသမား Russ cook ဆိုသူဟာ နိုင်ငံပေါင်း 16 နိုင်ငံ၊ မိုင်ပေါင်းတစ်သောင်းကျော်ရှည်လျားတဲ့ အာဖရိကတိုက်တစ်ခုလုံးကို ရက်ပေါင်း 352 ရက်နဲ့ ဖြတ်သန်းခဲ့တဲ့ ပထမဆုံးလူသားဖြစ်လာပါတယ်။

လမ်းခရီးတစ်လျှောက်မှာ ခြိမ်းခြောက်ခံရတာတွေ၊ အစားအစာပြဿနာတွေ၊ visa အခက်အခဲတွေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေ မျိုးစုံကြုံခဲ့ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပန်းတိုင်ဖြစ်တဲ့ လူငယ်အပြေးသမားတွေကိုထောက်ပံ့အားပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေမှာလှူဒါန်းကူညီဖို့ဆိုတဲ့အရာက သူ့ကိုတွန်းအားပေးနေတဲ့တာပါ။

2024 ခုနှစ် April လ 7 ရက်နေ့မှာတော့ သူ့ရဲ့ဆန္ဒတွေပြည့်ခဲ့ပြီး ရည်မှန်းထားတဲ့ အာဖရိကတိုက်တစ်ခုလုံး ဖြတ်ကျော်ပြေးနိုင်ခဲ့တဲ့လူ ဖြစ်လာခဲ့ပါတယ်။

Follow YaTha for more...

ဖင်လန်နိုင်ငံက ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ 7 နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ကျန်းမာရေး...
07/04/2024

ဖင်လန်နိုင်ငံက ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ 7 နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အရမ်းပြည့်စုံကောင်းမွန်တဲ့ ဒီနိုင်ငံက ပညာရေးမှာဆိုရင်လဲ ကမ္ဘာ့အဆင့်ထိပ်သီးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

အေးမြစိမ်းစိုလှပနေတဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေတွေကလဲ ဖင်လန်နိုင်ငံကို နေပျော်စရာကောင်းအောင် ဖန်ဆင်းပေးထားသလို ဖြစ်နေပါတယ်။

တစ်နေ့မှာတော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုလဲ ဖင်လန်နိုင်ငံလို အဆင့်မြင့်ပညာရေး၊ ကျန်းမာရေးနဲ့ သာယာလှပစိမ်းစိုနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ မျှော်လင့်‌မိပါတယ်။

Follow YaTha for more...

အမေရိကန်ဒေါ်လာ 184 ဘီလီယမ်ပိုင်ဆိုင်မှုနဲ့ Facebook ရဲ့ CEO ဇူကာဘတ်ကတော့ အီလွန်မတ်ကိုကျော်လွန်ပြီး ကမ္ဘာ့တတိယအချမ်းသာဆုံ...
07/04/2024

အမေရိကန်ဒေါ်လာ 184 ဘီလီယမ်ပိုင်ဆိုင်မှုနဲ့ Facebook ရဲ့ CEO ဇူကာဘတ်ကတော့ အီလွန်မတ်ကိုကျော်လွန်ပြီး ကမ္ဘာ့တတိယအချမ်းသာဆုံးနေရာကို ပြန်လည်ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။

နာမည်ကြီးဆိုရှယ်ပလက်ဖောင်းနှစ်ခုဖြစ်တဲ့ Facebook နဲ့ X တို့ရဲ့ ပဲ့ကိုင်ရှင်နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုတွေက ဒီနှစ်ပိုင်းတွေမှာ အရမ်းကိုပြင်းထန်ခဲ့ကြတာကို မြင်တွေ့ခဲ့ရမှာပါ။

Elon musk ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးမှာ ဖြစ်နေတဲ့အခက်အခဲတွေကြောင့် Tesla ကုမ္ပဏီရဲ့ ရှယ်ယာတွေ သိသိသာသာ ကျဆင်းခဲ့ရပေမယ့် AI ကို အဓိကထားပြီး ဆောင်ရွက်နေတဲ့ Zuckerberg ရဲ့ Meta ကုမ္ပဏီကတော့ ရှယ်ယာတန်ဖိုးတွေမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

AI နဲ့ပတ်သက်ပြီးတော့လဲ ဆန့်ကျင်ဘက်အမြင်တွေရှိကြတဲ့ သူတွေလို့လဲပြောနိုင်ပါတယ်။

Follow YaTha for more...

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YaThaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์