Channel J Burmese

  • Home
  • Channel J Burmese

Channel J Burmese To release true information to people and make for fun

ဒါကိုမြင်မှ သူကိုတောင် သတိရသွားစေတယ်🤭
12/07/2023

ဒါကိုမြင်မှ သူကိုတောင် သတိရသွားစေတယ်🤭

ရှင်တို့ခေတ်ပဲ လုပ်ကြပေါ့😃😃
23/02/2023

ရှင်တို့ခေတ်ပဲ လုပ်ကြပေါ့😃😃

ကမ္ဘာ့ဖလားဂျာစီကို ဘယ်သူဖန်တီးခဲ့တာလဲ / ကမ္ဘာ့ဖလားအတွင်းမှ ခေါင်းပုံဖြတ်ခံနေရသော မြန်မာအထည်ချုပ်လုပ်သားများမြန်မာနိုင်ငံ...
02/12/2022

ကမ္ဘာ့ဖလားဂျာစီကို ဘယ်သူဖန်တီးခဲ့တာလဲ / ကမ္ဘာ့ဖလားအတွင်းမှ ခေါင်းပုံဖြတ်ခံနေရသော မြန်မာအထည်ချုပ်လုပ်သားများ

မြန်မာနိုင်ငံမှာ Adidas ရဲ့ ဘောလုံးအ၀တ်အထည်တွေ ထုတ်လုပ်ဖို့အတွက် တစ်ရက်ကို ၃ ဒေါ်လာအောက်သာရတဲ့ အထည်ချုပ်အလုပ်သမားတွေ ရှိနေပါတယ်။ စက်ရုံပိုင်ရှင်တွေကို လစာတိုးပေးဖို့ တောင်းဆိုပြီးနောက် အလုပ်သမားအချို့ အလုပ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စတင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ ယခုနှစ်ပြိုင်ပွဲရဲ့ တရားဝင်ဝတ်စုံဖြစ်တဲ့ Nike နဲ့ Adidas တို့က ရောင်းချတဲ့ ဒေါ်လာ ၉၀ ကနေ ၁၅၀ ထိ ဈေးရှိတဲ့ဂျာစီတွေကို ၀တ်ဆင်နေကြတာပါ။

ကစားသမားတွေအဖို့ကလည်း သစ်လွင်တောက်ပြောင်တဲ့ ရောင်စုံဝတ်စုံအသစ်တွေနဲ့ ဖိနပ်တွေကို ၀တ်ဆင်ထားကြပါတယ်။ ဒါတွေဟာ တစုံစီတန်ကြေးအားဖြင့် ဒေါ်လာ ၂၀၀ လောက်ရှိပါတယ်။

ဒါပေမယ့် ဒီပစ္စည်းတွေကို ဖန်တီးသူတွေအဖို့ ဘာတွေပြန်လည်ရရှိခဲ့ပါသလဲ။

Adidas ရဲ့ ဘောလုံးဖိနပ်တွေ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့က Pou Chen Group စက်ရုံက အလုပ်သမား ၇၈၀၀ ကျော်ဟာ တစ်ရက်ကို မြန်မာ‌ငွေ ၄၈၀၀ ကျပ် (ဒေါ်လာ ၂.၂၇) ပဲရရှိနေတာပါ။

ယခု မြန်မာအထည်ချုပ်စက်ရုံရဲ့ ဖြစ်စဉ်က တောင်အာရှက အထည်ချုပ် လုပ်သားသန်း ၄၀ ရှိရဲ့ ရုန်းကန်နေရတဲ့ အခြေအနေကို ထင်ရှားစေပါတယ်။ ဒီလုပ်သားတွေဟာ ဆိုးရွားတဲ့ လုပ်ငန်းခွင်၊ နည်းပါးတဲ့ လုပ်ခလစာအကြားမှာ ရုန်းကန်ရပ်တည်နေရပြီး ကပ်ရောဂါဖြစ်ပွားတာတွေကြောင့် ပိုမိုဆိုးရွားလာနေပါတယ်။

ယခုလို ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတွေ ကျင်းပနေမှာ အထည်ချုပ်လုပ်သားတွေအဖို့ သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး ကြိုးပမ်းအားထုတ်မှုတွေသာ ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ပြစ်ဒဏ်ပေးခြင်းတွေကိုသာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတွင် အလုပ်သမား‌တွေက တနေ့လုပ်ခ ၃ ဒသမ ၇၈ ဒေါ်လာပေးဖို့ တောင်းဆိုတဲ့ သပိတ်စတင်ခဲ့ပြီးနောက် စက်ရုံမန်နေဂျာတွေက စစ်သားတွေကို စက်ရုံအတွင်း ခေါ်သွင်းလာခဲ့ပြီး အလုပ်သမား ၂၆ ဦးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒီထဲမှာ အလုပ်သမား ၂၀၀၀ ကျော်ပါတဲ့ သပိတ်ကို ဦးဆောင်ခဲ့တယ်လို့ ယူဆရတဲ့ စက်ရုံအလုပ်သမားသမဂ္ဂက အဖွဲ့ဝင် ၁၆ ဦးလည်း ပါ၀င်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ စစ်အာဏာရှင်က ဒီမိုကရေစီအသွင်သဏ္ဍာန်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ကို စက်ရုံက အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို အပြစ်ပေးနေတာလို့ အလုပ်သမား အများအပြားက ယူဆပါတယ်။

တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုဟာ မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖိအားတွေဖြစ်လာစေပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်ကစပြီး ကျပ်ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာပါ။ တဆက်တည်းမှာ စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးနဲ့ နေထိုင်စရိတ်တွေလည်း မြင့်တက်လာခဲ့ပါတယ်။

သုံးရက်လုံးလုံး စားစရာမရှိဖြစ်နေခဲ့တဲ့ ကျန်းမာရေးချို့တဲ့သူ အလုပ်သမားတစ်ဦးဟာ သူ့အလုပ်ဖော်တွေက စားစရာယူလာပေးတော့မှပဲ အစာစားခဲ့ရပါတယ်။

လက်တုံ့ပြန်မှုကို ခံရမှာစိုးလို့ အမည်မဖော်လိုသူ အသက် ၂၂ နှစ်အရွယ် အလုပ်သမားတဦးကလည်း အလုပ်ပြန်ရနိုးနိုး မျှော်မှန်းထားရင်း သူ့ရဲ့အခြေအနေကို အခုလိုပြောပါတယ်။ “အိမ်လခ ပေးရဖို့ရယ်၊ နောက်ပြီး မိသားစုတွေ ရပ်တည်နိုင်အောင် အိမ်ကို ပိုက်ဆံပြန်ပို့ဖို့အတွက်ရယ် ‌တော်တော်စိတ်ပူ‌နေရတယ်။ အရင်ကတည်းကိုက အခြေအနေတွေက အရမ်းခက်ခဲနေပြီတာ။ ဒါ့ကြောင့် လုပ်ခတိုးပေးဖို့ တောင်းဆိုတာ။ အခု အလုပ်မရှိတော့ ပိုခက်ခဲတာပေါ့။ စားဖို့တောင် အနိုင်နိုင်ပဲ " လို့ ဆိုပါတယ်။

ထိုင်ဝမ်မှာရှိတဲ့ Pou Chen ကုမ္ပဏီ ရုံးချုပ်က အီးမေးလ်နဲ့ပေးလာတဲ့ ကြေညာချက်မှာတော့ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ဝန်ထမ်းရေးရာကိစ္စရပ်တွေကို ဒေသဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်နေကြောင်းနဲ့ အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုပိုင်ခွင့်ကိုလည်း လေးစားကြောင်း ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ အခုလိုတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အလုပ်သမား ခုံသမာဓိရုံးနဲ့ ဆက်သွယ် လုပ်‌ဆောင်နေတယ်” လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ရည်ညွှန်းထားတဲ့ ကုမ္ပဏီရဲ့ အီးမေးလ်ထဲ ပါရှိပါတယ်။

Adidas ကလည်း ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။ "Adidas အနေနဲ့ လုပ်ငန်းခွင်စံနှုန်းတွေနဲ့ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ ပတ်သက်လို့ ထားရှိတဲ့ ကာလကြာရှည် ကတိကဝတ်တွေကို ဆန့်ကျင်ချိုးဖောက်နေတဲ့ ဒီလို အလုပ်ထုတ်ပယ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်" လို့ဆိုပါတယ်။ "ယခုလုပ်ရပ်တွေဟာ ဥပဒေကြောင်းအရ မှန်ကန်မှုရှိမရှိကို Adidas အနေနဲ့ စုံစမ်းစစ်ဆေးနေပါပြီ။ Pou Chen ကုမ္ပဏီအနေနဲ့လည်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ချက်ချင်းပြန်လည်ခန့်အပ်ပေးဖို့ တောင်းဆိုထားပါတယ်" လို့ Adidas ရဲ့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

အနောက်တိုင်းဖက်ရှင်နဲ့ အားကစားဝတ်စုံအမှတ်တံဆိပ် အများစုဟာ ကိုယ်ပိုင်ထုတ်လုပ်ရေး စက်ရုံတွေမရှိကြဘဲ ဒီထုတ်လုပ်ရေးတွေ ဆောင်ရွက်ဖို့ သီးခြားလွတ်လပ်တဲ့ Global South လိုစက်ရုံ‌တွေ၊ Supplier တွေနဲ့ သီးခြားစာချုပ်ချုပ် လုပ်ကိုင်ကြတာပါ။ သဘောတရားအရတော့ စက်ရုံလုပ်သားတွေရဲ့ အလုပ်ရှင်တွေ မဟုတ်ကြတဲ့အတွက် အလုပ်သမား စံနှုန်း‌တွေနဲ့ လူ့အခွင့်အရေးတွေကို လိုက်နာဖို့ ဥပဒေကြောင်းအရတော့ တာဝန်ရှိမနေပြန်ပါဘူး။

H&M၊ Adidas နဲ့ Nike တို့လို ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုမြင်သာစေဖို့ စက်ရုံ Supplier တွေရဲ့အချက်အလက်တွေကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ Adidas ကလည်း ကမ္ဘာ့ဖလား အ၀တ်အထည်ထုတ်လုပ်ရေးရဲ့ Supplier စာရင်းကို သီးခြားထုတ်ပြန်ပါတယ်။ အမေရိကန်၊ အင်္ဂလန်နဲ့ ဘရာဇီးကဲ့သို့သော ကမ္ဘာ့ဖလားအသင်း ၁၃ သင်းအတွက် ဘောလုံး၀တ်စုံတွေ ထုတ်လုပ်ပေးထားတဲ့ Nike က‌တော့ Supplier စာရင်းကို သီးခြား ထုတ်ပြန်ထားတာမျိုး မရှိလို့ ထုတ်လုပ်ရေးကို ဘယ်မှာလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို ခြေရာခံဖို့ ပိုမိုခက်ခဲ‌စေပါတယ်။

ဒိီလို Supplier စာရင်းကို ထုတ်ပြန်ပေးရုံနဲ့လည်း Fashion Industry ရဲ့ ထုတ်လုပ်မှုအဆင့်ဆင့်မှာ တာဝန်ခံမှုရှိစေမယ်ဆိုပြီး အာမခံနိုင်တာလည်း မဟုတ်ပြန်ပါဘူး။ ဒါလည်း အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲဖို့ ကာလရှည် ကြိုးပမ်းမှုတွေအရ သိနိုင်ပါတယ်။

အထည်ချုပ်လုပ်သားတွေရဲ့ ဒီဘေးဒုက္ခဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါ်ပေါက်ခဲ့တဲ့ ဆိုးရွားတဲ့ လူမှုရေးပြဿနာတွေထဲက တစ်ခမျှသာဖြစ်ပါတယ်။ အာဏာရှင်ဘုရင်စနစ်က လိင်တူချစ်ခင်မှုကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ထားတာ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အလွဲသုံးစားလုပ်ထားတာတွေစတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များစွာနဲ့ ပတ်သက်ပြီး ကာတာဟာ ဝေဖန်မှုတွေကို ပြင်းထန်စွာခံနေရတာပါ။

အင်္ဂလန်နဲ့ ဂျာမနီတို့ပါ၀င်တဲ့ ဥရောပခုနစ်နိုင်ငံဟာ L.G.B.T နဲ့ လူနည်းစုတွေကို ထောက်ခံမှုပြတဲ့အနေနဲ့ "One Love” ဆိုတဲ့ စာသားပါ သက်တံရောင် လက်ပတ်တွေ ၀တ်ဆင်ရန် စီစဉ်ထားပါတယ်။ ဒါပေမယ့် ဒါဟာ ဖီဖာရဲ့ သတိပေးချက်ကြောင့် ပြုလုပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ဂျာမန်ကစားသမားတွေကတော့ ပွဲစမမီ ဓာတ်ပုံရိုက်ကူးရာမှာ ပါးစပ်ကို လက်နဲ့ပိတ်ထားတဲ့ပုံစံနဲ့ ကန့်ကွက်မှုကို ပြသခဲ့ပါတယ်။ အားကစား၀တ်စုံ ကုမ္ပဏီတခုဖြစ်တဲ့ Hummel ကလည်း ကာတာကို ဆန့်ကျင်မှုအနေနဲ့ ဒိန်းမတ်ကစားသမားတွေအတွက် စပွန်ဆာအမှတ်အသားမပါ ဗြောင်အင်္ကျီတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြမှုတွေကို အားပေးသူတချို့က ကမ္ဘာ့ဖလားဝတ်စုံနောက်ကွယ်က အထည်ချုပ်အလုပ်သမားတွေရဲ့ အခက်အခဲကိုလည်း အသိအမှတ်ပြုသင့်တယ်လို့ ထင်မြင်ကြပါတယ်။ " ကာတာမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားဝတ်စုံတွေ ထုတ်လုပ်တဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် အာရုံစူးစိုက်မှု လုံးဝ မရှိခဲ့ပါဘူး” လို့ အလုပ်သမားအခွင့်အရေး စည်းရုံးရေးအဖွဲ့ ဒါရိုက်တာ Thulsi Narayanasamy က ပြောပါတယ်။ “ စက်ရုံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေရရှိစေဖို့ အလုပ်သမားတွေရဲ့ စုစည်းရပ်တည်နိုင်မှုဟာ အခြေခံလူ့အခွင့်အရေးပါ။” လို့သူကဆိုပါတယ်။

( The New York Times ရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ Who Made Your World Cup Jersey? ဆောင်းပါးမှ ကောက်နှုတ်ချက်အချို့
https://www.nytimes.com/2022/12/01/business/world-cup-myanmar-adidas-wages.html )

အာဆီယံမှာ  Indiaမှလူမျိုးများ ရွှေ့ပြောင်းလာမူ အများဆုံးနေထိုင်ရာဖြစ် မြန်မာက လူဦးရေ ၂သန်းကျော်ဖြင့် ဒုတိယနေရာမှာရှိ
21/11/2022

အာဆီယံမှာ Indiaမှလူမျိုးများ ရွှေ့ပြောင်းလာမူ အများဆုံးနေထိုင်ရာဖြစ် မြန်မာက လူဦးရေ ၂သန်းကျော်ဖြင့် ဒုတိယနေရာမှာရှိ

အရမ်းလှတဲ့ စာကြည့်စားပွဲခုံနဲ့ Laptopတင်ခုံCredit Architecture Design
12/10/2022

အရမ်းလှတဲ့ စာကြည့်စားပွဲခုံနဲ့ Laptopတင်ခုံ
Credit Architecture Design

ရှေးမြန်မာကြီးများတောင်ရှည်ပုဆိုးဝတ်တဲ့ဓလေ့ဟာအိန္ဒိယတိုက်ငယ်မှစတင်ဖြစ်ထွန်းလာပြီးကျွန်တော်တို့ငယ်စဉ်ဝါးတီးဝတ်စုံခေါ်တဲ့ ...
06/10/2022

ရှေးမြန်မာကြီးများတောင်ရှည်ပုဆိုးဝတ်တဲ့ဓလေ့ဟာအိန္ဒိယတိုက်ငယ်မှစတင်ဖြစ်ထွန်းလာပြီးကျွန်တော်တို့ငယ်စဉ်ဝါးတီးဝတ်စုံခေါ်တဲ့ “တိုက်ပုံ” ဟာတရုတ်နိုင်ငံမှစတင်ဖြစ်ထွန်းလာတာအများသိကြတယ်။

အမျိုးသမီးငယ်အတွင်းခံဝတ်ရှင်မီး (Shimmy) နဲ့ Bra (ဘရာစီယာ)ဟာအနောက်နိုင်ငံယဉ်ကျေးမှုမှစတင်မြစ်ဖျားခံလာတာပါ။ရှေးမြန်မာအမျိုးသမီးဝတ်မိရိုးဖလာ ရင်စည်းခေတ်အလိုက်ဒေသအလိုက်လူ့အဆင့်အတန်းအလိုက်ရှိခဲ့ကြပေမယ့်အင်္ဂလိပ်လက်အောက်နှစ်ပေါင်းတရာကျော်နေခဲ့ကြရလို့အနောက်နိုင်ငံသုံးရှင်မီးနဲ့ဘရာစီယာ ဟာမြန်မာအမျိုးသမီးအဓိကအသုံးအ‌ဆောင်ဖြစ်လာတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

အရွယ်ရောက်လာတဲ့မိန်းကလေးတယောက်ဘဝကရှင်မှီး (Shimmy) နဲ့စပါတယ်။နည်းနည်းထွားလာပြီးမြီးကောင်ပေါက်ဝင်ကာစမိန်းကလေးငယ်ကိုမိဘကပထမဆုံးရှင်မှီးပေးဝတ်ပါတယ်။

အရွယ်ရလာမှ Bra ကိုအသက်ကြီးတဲ့အထိဘဝတလျှောက်လုံးဝတ်ဆင်သွားရပါမယ်။ဒါကြောင့် Bra နဲ့မိန်းမတယောက်ဘဝဖြစ်စဉ်ဟာခွဲခြားလို့မရဘူး။ဒီနေ့ခေတ် Bra ခေါ်တဲ့ ဘရာစီရာ (Brassiere) ကို Mary Phelps ဆိုတဲ့အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတယောက်က ၁၉၁၄ ခုနှစ်မှာတည်ထွင်ခဲ့တာပါ၊

Mary ဟာသူ့တည်ထွင်မှုကိုမူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပြီး Warner Bros ကုမ္ပဏိကိုမူပိုင်ခွင့်ရောင်းချခဲ့တယ်။ Mary ထွင်ထားတဲ့ Bra ကရိုးရိုးလေးပါ။လက်ကိုင်ပုဝါနှစ်ခုနဲ့ဖဲကြိုးကိုအမျိုးသမီးရင်သားဖုံးအုပ်လို့ရအောင် တည်ထွင်ခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာအမျိုးသမီးများ ၁ ရာစုထဲကရင်သားဖုံးအုပ်တဲ့အဝတ်ပါးလွှာသုံးစွဲနေကြပြီး ရောမခေတ်မှာ ၄ ရာစုထဲက ရင်သားဖုံးအုပ်ပိတ်စအရှည်အသုံးပြုနေကြပါပြီ။

ကမ္ဘာ့ပထမဆုံး Bra ကိုဘယ်သူတည်ထွင်ခဲ့လဲဆိုတာအတိအကျမှတ်တမ်းမရှိပါဘူး။Mary တည်ထွင်ခဲ့တာကဒီနေ့ခေတ် Bra ဒီဇိုင်းအစပါ။အမျိုးသမီးတဦးခြင်း
မိမိနဲ့လိုက်ဖက်ပြီးမကျပ်လွန်းမချောင်လွန်း Bra နံပတ်ကိုဝတ်ဆင်ရပါတယ်။

Bra ဆိုတာပြင်သစ်စကား Brassiere ကဆင်းသက်လာပြီးမူရင်းအဓိပ္ပာယ်ကလက်မောင်းကာ (Arm Protector) ဖြစ်ပါတယ်။ရှေးခေတ်စစ်သည်တော်ဝတ်ဆင်တဲ့ရင်ဘတ်ကာသံချပ်ဒိုင်းအလွှာပုံစံမျိုးကိုမိန်းမများကအဝတ်စနဲ့ချုပ်လုပ်ဝတ်ဆင်ကြတာပါ။

Bra ကအမျိုးသမီးရင်သားကိုမလှုပ်ရှားနိုင်အထိုက်အလျှောက်ထိမ်းချုပ်ထားပါတယ်။ဒါကြောင့်သွေးလေလှည့်ပတ်မှုမှန်ကန်အောင်အိပ်ရင် Bra ချွတ်ပြီးအိပ်သင့်ပါတယ်။ဒါမှခန္ဓာကိုယ်သွေးလေလှည့်ပတ်မှုမှန်ကန်မှာပါ။

အရွယ်ရောက်စမိန်းမပျိတယောက်ရင်သားပုံမှန်ကြီးထွားမှုဟာသူ့မျိုးရိုးဗီဇနဲ့သက်ဆိုင်ပါတယ်။သူ့ရွေးချယ်တဲ့ Bra အရွယ်အစားဟာရင်သားပုံမှန်ကြီးထွားမှုကို အနှောက်အယှက်မပေးနိုင်ပါဘူး။

ရင်သားကြီးမားတဲ့အမျိုးသမီးဟာ Bra ကိုပုံမှန်ဝတ်ဆင်ထားသင့်တယ်။ Bra မရှိရင်ရင်သားတုံခါမှုကြောင့်နောက်ကျောပြင်နဲ့ ခါးနာကျင်တဲ့ဝေဒနာခံစားရနိုင်တဲ့
အတွက်ကြောင့်ဖြစ်ပါတယ်၊

Bra အရွယ်အစားမှာကြိုးအရှည်နဲ့
ခွက် (Cup) အရွယ်ကိုတိုင်းတာရပါတယ်။မိမိနဲ့သင့်တော်တဲ့ Bra အရွယ်အစားကိုရနိုင်ဖို့မိမိရင်သားအပေါ်နဲ့ရင်သားအောက်ကနေပြီးနောက်ကျောအထိအရှည်တိုင်းတာရပါမယ်။

မိမိရင်ညွှန့်နေရာကနေနောက်ဘက်ကိုအရှည်တိုင်းတာရပါမယ်။ခွက်အရွယ်အစားအမျိုးမျိုးထဲကမိမိနဲ့သင့်တော်မယ့်မချောင်လွန်းမကျပ်လွန်းခွက်ကိုရွေးချယ်ရပါမယ်။

Bra ချုပ်လုပ်တဲ့ကုမ္ပဏီများက Bra Size ကိုပုံစံအမျိုးမျိုးနဲ့ တံဆိပ်စုံနှိပ်ထားကြလို့နိုင်ငံအသီးသီးကအမျိုးသမီး ၂၅ % ဟာကိုယ်နဲ့သင့်တော်မယ့် Bra ကိုရနိုင်ဖို့စိတ်ရှည်ရှည်နဲ့အချိန်ပေးရှာ‌ဖွေကြရပါတယ်။

Mary နဲ့သူ့ပထမဆုံး Bra ဒီဇိုင်း

Ref : Wikipedia
#လွင်ဦး_ရန်ကင်း

Aseanနိုင်ငံထုတ် ကားများ။ မြန်မာနိုင်ငံထုတ်တဲ့ ကား brandရှိရင် commentမှာမန့်ခဲ့ပါ
06/10/2022

Aseanနိုင်ငံထုတ် ကားများ။ မြန်မာနိုင်ငံထုတ်တဲ့ ကား brandရှိရင် commentမှာမန့်ခဲ့ပါ

ခုချိန်မှာ ကိုစည်သူကို လိုအပ်နေပီ
04/09/2022

ခုချိန်မှာ ကိုစည်သူကို လိုအပ်နေပီ

အမျိုးသမီး ဘတ်စ်ကားစပါယ်ယာများ ၁၉၆၃ ခုနှစ်
02/09/2022

အမျိုးသမီး ဘတ်စ်ကားစပါယ်ယာများ

၁၉၆၃ ခုနှစ်

ကာတွန်းဆရာ တော်ချက်က  9 လောက်ရှိပါတယ်      ကမ္ဘာကြီးက ယူကရိန်းကိုကျတော့ နို့တဖက်ပေးစို့ထားတယ်     မြန်မာကိုကျတော့ ရှိတဲ့...
01/09/2022

ကာတွန်းဆရာ တော်ချက်က 9 လောက်ရှိပါတယ်
ကမ္ဘာကြီးက ယူကရိန်းကိုကျတော့ နို့တဖက်ပေးစို့ထားတယ်
မြန်မာကိုကျတော့ ရှိတဲ့နို့တဖက်ကို ဖုံးထားပြီး ချိုလိမ်ကိုတောင်တဲ့အောင် ထည့်မပေးချင်ဘူး သရုပ်ဖော်တာ လေးစားပါတယ် ကာတွန်းဆရာ.....

30/08/2022

မိန်းမတွေ Facebook မှာ ပုံတင်တဲ့အခါ...

Caption မှာ
အသည်းပုံလေး တို့ ခေတ်စားနေတဲ့ သီချင်းစာသားလေးနဲ့ တွဲတင်တယ် ဆို ဒီကောင်မလေးကအပျို...

Caption မှာ
တစ်ယောက်တည်း နေရတာကောင်းကြောင်း Single Life နဲ့နေသင့်ကြောင်း စာသားတွေနဲ့ တွဲတင်ရင်
ရည်းစားနဲ့ ပြတ်သွားတဲ့သူ...

Caption မှာ
ထက်မြက်တဲ့မိန်းမဆိုတာ ဘာညာနဲ့
ရေးတင်ထားရင် အတူနေပြီးမှ ဘဲက ထားခဲ့တာ ခံရတဲ့သူ...

Caption မှာ
ယောက်ျားဆိုတာမျိုးက ဘာညာ ရေးထားရင် တွဲသမျှဘဲက ထားခဲ့ခံရတဲ့သူ...

Caption မှာ
Right Time, Right Person ဆိုတာ ဘာညာ ရေးထားရင် အရင်ဘဲက ထားခဲ့တာ ခံရပြီး အခုမှ နောက်ဘဲရတဲ့သူ...

Caption မှာ
လူရွေးမှန်ရင် တုန်နေအောင် အချစ်ခံရတယ် ဘာညာ ရေးထားရင် ယောက်ျားယူတော့မယ့်သူ...

Caption မှာ
လူတွေကို မယုံကြည်တော့ဘူး၊ ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းမယ် ဘာညာ ရေးထားရင် လင်မရတော့တဲ့ အပျိုကြီး...

Caption မှာ
သူများမကောင်းပေမယ့် ကိုယ်ကမေတ္တာ မပျက်ပဲ ကောင်းပေးနေမှာ ဖြစ်ကြောင်း ရေးထားရင် ယောက်ျားယူပြီး ယောက္ခမ/ယောင်းမ နဲ့ မတည့်တဲ့သူ...

Caption မှာ
ရွှေရှိမှ အမျိုးတော်တယ် ဘာညာ ရေးထားရင် ယောက်ျားရပြီးမှ အဆင်ပြေလာတဲ့သူ...

Caption မှာ
ဆုံးမစာတွေ၊ ပညာပေးလိုလို စာတွေနဲ့ သူတို့ပုံတွေ တွဲတင်နေရင် ခလေး(၃/၄) ယောက်အမေ၊ အသက် (၅၀) ကျော် အန်တီကြီးဒေ ....
😁😁😁
Crd

ဒီမင်းသားတွေကို မှီခဲ့ရင် ခုချိန် ကလေး၂ယောက်နဲ့ ဖြစ်နေလောက်ပြီ😁😁
19/08/2022

ဒီမင်းသားတွေကို မှီခဲ့ရင် ခုချိန် ကလေး၂ယောက်နဲ့ ဖြစ်နေလောက်ပြီ😁😁

တကယ်ပါဟယ် ဖလမ online shop cute type လေးဆိုပြီးမှာ လိုက်တာ သောက်ကျိုးနဲ typeကြီး ဖြစ်သွားတယ် 🙃
18/08/2022

တကယ်ပါဟယ် ဖလမ online shop cute type လေးဆိုပြီးမှာ လိုက်တာ သောက်ကျိုးနဲ typeကြီး ဖြစ်သွားတယ် 🙃

😎 ဟှောင့် ငစားမနောက်နဲ့ ဟမိဘနှစ်ပါးအတွက် သီလရှင် ဝတ်ပေးဖြစ်ပါတယ် ဆိုတဲ့ ပိုင်စိုးစံ🤔😁🤔🤣။  😁
18/08/2022

😎 ဟှောင့် ငစား
မနောက်နဲ့ ဟ

မိဘနှစ်ပါးအတွက်
သီလရှင် ဝတ်ပေးဖြစ်ပါတယ်
ဆိုတဲ့ ပိုင်စိုးစံ

🤔😁🤔🤣။ 😁

ဂျပန်ပြည်က ပိုင်တံခွန်ဆိုလားဘဲ😁😁😁
17/08/2022

ဂျပန်ပြည်က ပိုင်တံခွန်ဆိုလားဘဲ😁😁😁

15/08/2022

ကိုယ့် ခန္ဓာကိုယ်မှာ သွေးတွေ ဘယ်လောက်ရှိမယ်ထင်သလဲ ဆရာတို့...

- ရေသန့်ဘူး ၂ဘူး
- ရေသန့်ဘူး ၃ဘူး
- ရေသန့်ဘူး ၄ဘူး
- ရေသန့်ဘူး ၅ဘူး
- ရေသန့်ဘူး ၆ဘူး....

မှန်တဲ့သူကတော့ တကယ့်ဆရာကြီးပဲ 😊😇

သရက်မြို့နယ်အတွင်း ငွေစက္ကူအတု သိန်း၄၀ကျော်တွေ့ရှိ ဖမ်းမိသရက်မြို့ တွင်ယနေ့တစ်သောင်းကျပ် တန် ၁၀၀၀၀/-ငွေစက္ကူ အတုကျပ်ငွေ ...
11/08/2022

သရက်မြို့နယ်အတွင်း ငွေစက္ကူအတု သိန်း၄၀ကျော်တွေ့ရှိ ဖမ်းမိ

သရက်မြို့ တွင်ယနေ့
တစ်သောင်းကျပ် တန်
၁၀၀၀၀/-ငွေစက္ကူ အတု
ကျပ်ငွေ ၄၁၇၀၀၀၀/-
(ကျပ်လေးဆယ့်တစ်သိန်းခုနှစ်သောင်း) တွေ့ရှိဖမ်းဆီးအမှုဖွင့်အရေးယူဆောင်ရွက်စဲ
ဖြစ်ကြောင်းသိရသည်။

ပြည်သူတွေသတိရှိကြစေလိုပါသည်

11/08/2022

Wifi လိုင်းပျက်ပီး အင်တာနက်ပျက်နေတဲ့နေရာတွေ ရှိရင် commentမှာမန့်ခဲ့ပေးပါ။

Address


Website

Alerts

Be the first to know and let us send you an email when Channel J Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share