Latest Kachin News

  • Home
  • Latest Kachin News

Latest Kachin News စစ်အာဏာရှင်စနစ်မုချအမြစ်ပြတ်စေရမည်။မကြာခင်ပြည်သူလူထုအားလုံးလွတ်မြောက်တော့မည်။
Fight for Freedom,Democracy and Human Right.

ဒီအကြောင်းချက်တွေကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာ့ပေါ်မှာအကြီးအကျယ်ဆုံး၊ အသိပညာ အကြွယ်ဝဆုံး နိုင်ငံဖြစ်ရခြင်း ဖြစ်ပါတယ်။ဂျပန...
30/06/2024

ဒီအကြောင်းချက်တွေကြောင့် ဂျပန်နိုင်ငံဟာ

ကမ္ဘာ့ပေါ်မှာအကြီးအကျယ်ဆုံး၊ အသိပညာ
အကြွယ်ဝဆုံး နိုင်ငံဖြစ်ရခြင်း ဖြစ်ပါတယ်။

ဂျပန်မူလတန်းကျောင်းတွေမှာ ကျောင်းသား

တွေဟာ လေးတန်းအရွယ်ထိ ဘာ စာမေးပွဲမ
ဖြေရပါဘူး။

စာမေးပွဲ လုံးဝ လုံးဝ မရှိပါဘူး။

ဒီအရွယ် ကလေးတွေကို စာမေးပွဲထက် အ

ရေးပါတဲ့ အရာတွေကို သင်ပေးရမယ်လို့ ဂျ
ပန်လူမျိုးတွေက ယုံကြည်ကြပါတယ်။

နံပါတ် (၁)

အပြုအမူ ကောင်းတွေရှိဖို့နဲ့ အခြားသူတွေကို

လေးစားဖို့အကြောင်း သင်ကြား ပေးကြပါ
တယ်။

နံပါတ် (၂)

ကိုယ်တာဝန် ကိုယ်ယူတတ်အောင်နဲ့ တစ်ချိန်

တည်းမှာပဲ အသင်းအဖွဲ့နဲ့ လုပ်တတ် ကိုင်
တတ်အောင် သင်ကြား ပေးပါတယ်။

ဥပမာအနေနဲ့ ဂျပန်ကျောင်းတွေမှာ သန့်ရှင်း
ရေး ဝန်ထမ်း မရှိပါဘူး။

၎င်းတို့၏ ပညာရေး၏ တစ်စိတ်တစ်ပိုင်း အနေ
ဖြင့် ကျောင်းသားများသည် ကျောင်းစာသင်ခန်း

များ၊ ခန်းမများနှင့် ကျောင်းကစားကွင်းများကို သန့်ရှင်းရေး အဖွဲ့လိုက် လုပ်ဆောင်ကြရပါတယ်။

နံပါတ် (၃)

ကျောင်းသားတွေဟာ သဘဝပတ်ဝန်းကျင်ရဲ့
တန်ဖိုးနဲ့ ဘယ်လို ထိန်းသိမ်း ကာကွယ်ရမယ်

ဆိုတဲ့ အကြောင်း အ​လေးထား သင်ယူ ကြရ
ပါတယ်။

နံပါတ် (၄)

ပညာရေးကို အမှတ်ကောင်းဖို့ မဟုတ်ပဲ အသိ
ပညာရှာဖွေဖို့ သင်ယူ​စေတာ ဖြစ်ပါတယ်။

အလယ်တန်းနဲ့ မူလတန်း ကျောင်းသား တွေအ

တွက် A,B,C,D grade ခွဲစနစ်တောင် မသတ်
မှတ်ထားပါဘူး။

Crd U Khin Zaw ( ဘာသာပြန်)

တနင်္သာရီက ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီလက်လွှတ်တနင်္သာရီ၊ ဇွန် ၃၀ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင...
30/06/2024

တနင်္သာရီက ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီလက်လွှတ်

တနင်္သာရီ၊ ဇွန် ၃၀

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းထံကနေ သိရပါတယ်။

တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့ အဲဒီနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ နယ်မြေရှင်း လင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနယ်စပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်တယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ထိုင်းအကူအညီနဲ့ မောတောင်မြို့ထံ ပြန်လည်ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို မောတောင်မြို့နဲ့ ၁၄ မိုင်လောက်သာ ကွာဝေးပြီး နယ်စပ်လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ စစ်စခန်းတစ်ခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တနင်္သာရီမြစ်နံဘေးမှာရှိတဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားခဲ့ပါသေးတယ်။

ဒါပေမယ့် ဇွန် ၁၉ ရက်နေ့မှာတော့ ကျောက်လုံးကြီးစခန်းကို ပြန်လည်ရယူနိုင်ဖို့ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အထိနာပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၀ ခုကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိထားပြီး တပ်စခန်းနှစ်ခုကိုတော့ စစ်ကောင်စီဘက်က လက်လွှတ်ခဲ့တာပါ။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-SBA

မတူပီမြို့ကို ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ သိမ်းယူ~~~■ ချင်းပြည်နယ် မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်န...
29/06/2024

မတူပီမြို့ကို ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ သိမ်းယူ
~~~
■ ချင်းပြည်နယ် မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မတူပီစစ်ဗျူဟာစခန်းနဲ့ အမှတ် (၁၄၀) ခြေလျင်တပ်ရင်းတွေကို ဇွန် ၂၉ ရက်မနက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ်က စခန်းကို အပြီးသိမ်းတာပါ၊ လေကြောင်းက နေ့လယ် တစ်နာရီလောက်က တစ်ကြိမ်လာတယ်၊ ပြီးမှ မလာတော့ဘူးဗျ၊ ကင်းထောက်ပဲ လာပါတယ်၊ စကစ အများစု သေသွားပါတယ်"

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် (AA )၊ ယောတပ်မတော် (Yaw Army)နဲ့ ယောကာကွယ်ရေးတပ် (YDF)တို့ ပူးပေါင်းပါဝင်ပြီး ဇွန်လ ၉ ရက်နေ့က ထိုးစစ် စတင်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မတူပီအခြေစိုက် အခြေချစစ်ဗျူဟာနဲ့ ခလရ (၁၄၀) တပ်ရင်းတွေကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။ လတ်တလော နယ်မြေရှင်းလင်းရေး ပြီးစီးသွားပြီလို့လည်း ဆိုပါတယ်။

မတူပီမြို့နယ်မှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့ ၃ မြို့ရှိပြီး လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်လောက်မှာ သိမ်းပိုက်ခဲ့ပါတယ်။

မတူပီမြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေအကြား နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီလိုပစ်ခတ်မှုတွေကြောင့် မြို့သိမ်းတိုက်ပွဲနှောင့်နှေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မတူပီမြို့သိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

ချင်းပြည်နယ်အတွင်း မြို့နယ်တွေမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
________
ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ချင်းညီနောင်တပ်ဖွဲ့)

ဆွစ်ဇာလန်ရောက် သီတဂူဆရာတော် ဆန္ဒပြခံရသုည/People's Springဆွစ်ဇာလန်နိုင်ငံ ဂါနီဗာမြို့သို့ ဆေးစစ်ရန် ရောက်ရှိနေသည့် သီတဂူဆ...
29/06/2024

ဆွစ်ဇာလန်ရောက် သီတဂူဆရာတော် ဆန္ဒပြခံရ

သုည/People's Spring

ဆွစ်ဇာလန်နိုင်ငံ ဂါနီဗာမြို့သို့ ဆေးစစ်ရန် ရောက်ရှိနေသည့် သီတဂူဆရာတော်ကို အဆိုပါနိုင်ငံရောက်မြန်မာများက ဆန္ဒပြကန့်ကွက်မှု ယနေ့ (ဇွန်လ ၂၉) ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြမြန်မာများက သီတဂူဆရာတော်ရှိနေသည့် နေရာများအား "အကြမ်းဖက်ဘုန်းကြီးအတု" ၊ "Fake monk, Terrorist Monk" စသည့် စတေကာများကပ်ကာ ဆန့်ကျင်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအား စစ်ကောင်စီက ပစ်သတ် ခဲ့မှုအပေါ် သံဃာများအနေဖြင့် သည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ပေးရန် ပြောကြားခဲ့မှုအပေါ် သီတဂူဆရာတော်အား ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာများက ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂၂ ရက်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ရှိ ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမစျာပန အခမ်းအနားသို့ သီတဂူဆရာတော်ဦးဉာဏိဿရ ကြွရောက်လာပြီး မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းကဆက်လက်ပြီး "ဘန်ကောက်မှာကတော့ ဗမာနိုင်ငံက သံဃာတော်တွေရော၊ လူတွေရော ဆေးရုံတကာဆေးရုံမှာခြကျင်းလိမ်အောင်သွားနေကြတာဆိုတော့ အဲလောက်လူစည်ကားတဲ့နေရာတွေ တပည့်တော်က ရှောင်တယ်။ အဲဒါကြောင့်သာ ဆွစ်ဇာလန်သွားဆေးစစ်မယ်။ လွန်ခဲ့တဲ့ လေးနှစ်က တစ်ခါစစ်ဖူးတယ် "ဟု မိန့်ကြားခဲ့သည်။

ဓာတ်ပုံ - CJ

လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရ~~~■ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကေ...
29/06/2024

လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရ
~~~
■ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့က လားရှိုး - မန်စံနဲ့ လားရှိုး - မန်ပွဲကို ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်သလို ဇွန်လ ၂၅ ရက်နေ့မှာလည်း မန်ပွဲရွာ၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ လားရှိုးမြို့အထိ စစ်ပွဲရောက်မလာအောင် တံတားတွေနဲ့ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးနေတာလို့ TNLA က ပြောထားပါတယ်။

အခုလို မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သွားရေးလာရေးနဲ့ ရိက္ခာသယ်ယူရေးပိုင်းတွေမှာ ခက်ခဲသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဇွန်လ ၂၅ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့တို့ကို TNLA နဲ့ မန္တလေးတိုင်း PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး တိုက်ခိုက်နေတာပါ။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ဆယ်စုနှစ်တစ်ခုအကြာ နောင်ချိုမြို့မှာတပ်စွဲထားတဲ့ ခမရ (၁၁၅) တပ်စခန်းကိုလက်လွှတ်ခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
_________

နောင်ချိုမြို့ရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားတစ်စင်းကို တွေ့ရစဉ်။ (Photo: Facebook/TNLA သတင်းနှင့် ပြန်ကြားရေး)

29/06/2024

ကာလိုင် KIO အစိုးရပညာရေးဌာနအောက်ကကျောင်းကို TNLAအဖွဲ့ချိတ်ပိတ်၊ပြည်သူကိုလက်နက်အားကိုးဖြင့်ခြိမ်းခြောက်။ ဒေသခံကလေးရာကျော်ပညာမသင်ကြားနိုင်ဖြစ်နေ။

အာဏာရှင်ဆန်လာသည့်TNLAပလောင်စစ်တပ်၏လုပ်ရပ်ကိုရှုပ်ချသည်။

မြန်မာ့တပ်မတော်လည်းထိုနည်း၄င်းပဲ
တပ်ထဲကကောင်တွေအပြော၊အမိန့်အရလုပ်ရတယ်ဆိုပဲ။ အမိန့်အရလူသတ်၊အကြမ်းဖက်၊မုဒိန်း ကျင့်၊လယ်သိမ်းယာသိမ်၊ရွာမီးရှို့ ၊ဓားပြတိုက်နဲ့နောက်ဆုံးတော့ ပြည်သူ့ချဥ်ဖတ်စစ်တပ်ကြီးဖြစ်သွားပြီး တနိုင်ငံလုံးဝိုင်းတိုက်လို့ဖုတ်လှိုက်ဖုတ်လှိုက်နဲ့အသင်ငင်နေတဲ့စစ်တပ်ဘဝရောက်သွားတာ TNLA ပလောင်အဖွဲ့သင်ခန်းစာယူပါ။

မဟုတ်ရင်တော့ မအလ ရဲ့စစ်တပ်လိုဖြစ်ပြီးဇတ်သိမ်းမလှဖြစ်မယ်။

29/06/2024

မြစ်ကြီးနားမှာရှမ်းနီလူမျိုးရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့မှဒေသခံလူငယ်၂ဦးကိုသတ်ဖျတ်ခဲ့
၂၉ဇွန်

အင်းတော်မြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၁၄ဦးသေဆုံး ဇော်ရမ်း/People's Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ...
29/06/2024

အင်းတော်မြို့နယ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၁၄ဦးသေဆုံး

ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာစခန်းမှ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် ၁၄ဦး သေဆုံး (အလောင်းရ)ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသက သတင်းထုတ်ပြန်သည်။

ဗိုလ်ကြီးပြုံးမောင်မောင်ဦးစီး တပ်မ(၇၇) လက်အောက်ခံ ခလရ(၆) အင်အား ၁၄ဦးအား ကသာခရိုင် တပ်ရင်း(၂)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ဇွန်လ၂၈ရက် နံနက် ၄နာရီမှ ၁၀နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၂၀)လက်၊ ဒရုန်းဖြတ်လက်နက် တစ်လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅)လုံး၊ ကျည် အိမ်မျိုးစုံ ၄၁ ခု၊ ဆက်သွယ်ရေးစက် ၁၂လုံး၊ ကြားဖြတ်စက် တစ်လုံး၊ Power Station တစ်လုံး၊ ဦးထုပ် (၁၁)ခု၊ ဆန်အိတ် ၄၁အိတ် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည့်။

ယင်းတိုက်ပွဲဖြစ်နေရာသို့ တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)ဒေသထုတ်ပြန်ချက်၌တွေ့ရှိရသည်။

မြေပြင်မှတော်လှန်ရေးအင်အားစုများအား People's Spring ၏ ဆက်သွယ်မေးမြန်းမှုအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါစခန်းကို ဇွန်လ ၂၂ရက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ယနေ့အပြီး သတ်ထိုးစစ်ဆင် သိမ်းပိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဇွန်လ ၂၂ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက်(၁၀၀)အရွယ်အဖွားအိုတဦးအပါအဝင်ဒေသခံ ၁၇ဦး သေဆုံးခဲ့သည်။ ‌

(အင်းတော်မြို့နယ်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ)

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သူများ နုတ်ထွက်ပေးရန် KNU ဒူးပလာယာခရိုင် အသိပေး၊ လိုက်နာမှုမရှိပါက အရေးယူမည်ဟု သတိပေးဇ...
28/06/2024

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သူများ နုတ်ထွက်ပေးရန် KNU ဒူးပလာယာခရိုင် အသိပေး၊ လိုက်နာမှုမရှိပါက အရေးယူမည်ဟု သတိပေး

ဇွန်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲတွင် အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှု မရှိစေရန်အတွက် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာ အသီးသီးတွင် ပူးပေါင်း လုပ်ဆောင်သူများအားလုံး ခရိုင်အတွင်းမှ ပြောင်းရွှေ့ပေးရန် ဒူးပလာယာခရိုင်က ယနေ့ ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်သူများကြောင့် လက်ရှိအချိန်တွင် ဒူးပလာယာခရိုင်အတွင်းရှိ အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ရှုပ်ထွေး မှုများရှိဖြစ်ပေါ်နေသည့်အတွက် စစ်ကောင်စီ (SAC) လက်အောက်ရှိ အမှုထမ်းသည့် ဝန်ထမ်းများအားလုံး နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ ပေးခြင်း(သို့မဟုတ်)မိမိတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းများပြုလုပ်ပေးနိုင်ကြောင်းလည်း ကေအဲန်ယူ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကေအဲန်ယူ အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်တည်ဆောက်ရန်လျှောက်လှမ်းသည့်အချိန်တွင် ဒေသထဲတွင် စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများရှိနေသောကြောင့် အချို့အုပ်ချုပ် ရေးလုပ်ငန်းဆောင်ရွက်သည့်အခါတွင် ရှုပ်ထွေးမှုများ ရှိလာသည့်အတွက် ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးဌာနဘက်မှ ဆိုသည်။

“ကျနော်တို့က ဒီမိုကရေစီ ဖက်ဒရယ်သွားမယ်ဆိုတဲ့အခါမှာ စကစနဲ့ ပူပေါင်းလုပ် ဆောင်တဲ့အကြွင်း အကျန်ရှိနေတော့ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ရှုပ်ထွေး လာတာရှိတယ်။ အဲဒါကြောင့် စကစနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ မရှိဖို့ ပြီးတော့ကျနော်တို့က စစ်ကောင်စီကို ပြန်တော်လှန်တာဖြစ်တာကြောင့် စစ်ကောင်စီမြန်မြန်ကျရှုံးဖို့လိုတဲ့အတွက် ကျနော်တို့နဲ့ပူးပေါင်းလုပ်ဆောင်ရင်တော့အကောင်းဆုံးပဲပေါ့”ဟု ဒူးပ လာယာခရိုင် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် ဒူးပလာယာခရိုင်ထဲတွင် စစ်ကောင်စီကို အားပေးခြင်း၊ ထောက်ခံခြင်း၊ ကူညီပေးသည့် မည်သည့် လုပ်ဆောင်မှုမျိုးမဆို လုပ်ဆောင်ခြင်း မပြုလုပ်ရန်ကိုလည်း ထုတ်ပြန်ချက်ထဲတွင် သတိပေး ထားကာ ထိုထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိပါက ဒူးပလာယာခရိုင် တပ်မဟာ(၆)အနေဖြင့် အဆင့်ဆင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ဒူးပလာယာခရိုင်ထဲရှိ ကော့ကရိတ်၊ နို့တကော၊ ကျုံဒိုးနှင့် ဝင်းရေးမြို့နယ်စသည့် မြို့နယ်များတွင် စစ်ကောင်စီဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဝန်ထမ်းများ ရှိနေသေးသည့်အတွက် ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ခရိုင်ပြန်ကြားရေးဌာနထံမှ သိရသည်။

Photo: KIC

Balawng ni gaw maigan de pru ai nau n law ai.Ramma malawng TNLA dap de hkrai re.Educated masha n law tim hpyen la law ma...
28/06/2024

Balawng ni gaw maigan de pru ai nau n law ai.Ramma malawng TNLA dap de hkrai re.Educated masha n law tim hpyen la law mat ai hte woi awn ai ni gaw sak grai naw ram ai hpaji chye ai ni re.

An hte a ramma malawng gaw maigan de hkrai pru mat ma ai. KIA hpyen la n kam galaw ma ai.Dai majaw hpyen n gun kaba ging ai daram n lu kaba hkraw ai.

Ya na myen mungdan masa lam gaw hpyen n gun ja ra nga ai.
Hpa majaw nga yang laknak lang wuhpung law dik ai myen mung hta hpyen n gun gawng kya ai wa gaw hpyen n gun ja ai wa a n pu kaw taw ra mat ai masa lam re hpe mu ai.

Dai majaw Shang Lawt Wunpawng Mungdan lawan byin pru wa na matu tinang a KIA dap de magam gun na ramma n gun grai ra kadawn nga sai lam asan pra pra mu lu na re.

Israel ni gaw Palestine ni daram masha n law tim yawng ngu na daram gaw hpen training la da chyalu rai n htawm ra wa jang Israel mungchying masha yawng gaw tinang a kan bau bungli hpe rap di tawn kau da nna hpyen la galaw ma ai. Shanhte gaw amyu hpe tsaw ai,lamu ga hpe grai tsaw ra ai ni re. Dai majaw Palestine ni Israel hpe galoi n dang ai.

Dam lada la ai Jinghpaw mung ting hpe KIO/KIA hku nna control galaw nna up hkang makawp maga hparan hpareng na matu magam dap shagu hta magam gun na masha n gun grai ra nga sai.

Ramma ni e bai wa marit,hpyen yen chyu n yen saga,hpyen hprawng chyu n hprawng saga.,
lak nak lang let tinang a dailup dai hpang ga hpe shangang shakang ga,gawgap sa wa ga....Mungdan lu ai amyu tai sa wa saga ngu ga saw lajin dat ai rai.

Admin
Latest KachinNews

English translate version below
=========================
Most of the young people are TNLA soldiers. Educated people are not many but the number of soldiers has increased and the leaders are very young and intelligent.

Most of our young people went abroad alone. KIA troops did not want to do so. Therefore, the army strength could not increase as much as it should.

The current Myanmar situation requires military strength.
Because in Myanmar, where there are many armed groups, the weak army is subordinated to the strong army.

Therefore, young people to serve in the KIA camp are very much needed for the quick establishment of Shang Lawt Wunpawng Mungdan.

Israelis are not as numerous as Palestinians, but almost all of them have already received military training. They love the nation and the land. That is why the Palestinians never defeated Israel.

The KIO/KIA needs manpower in all departments to control and manage the entire Jinghpaw Mungdaw.

Young people, come back, don't run away from the war, don't run away from the war.
Let's build up....Let's become a nation with a country.

Admin
Latest Kachin News

28/06/2024

Professor Dr Brett G. Scharffs နှင့် နိုင်ငံတကာပညာရှင်များမှ ပို့ချမည့် "A Series of Lectures on the Role of Faith in Building Resilience Amidst Conflict"
==================================
ကချင်ပြည််နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် "A Series of Lectures on the Role of Faith in Building Resilience Amidst Conflict" သင်တန်းကို Professor Dr Brett G. Scharffs နှင့်အတူ နိုင်ငံတကာမှ ပညာရှင် စုစုပေါင်း (၇) ဦးတို့မှ 29-6-2024 စနေနေ့မှ စတင်၍ အပတ်စဥ် စနေနေ့များတွင် ပို့ချသွားမည်ဖြစ်သည်။
Professor Dr Brett Scharffs သည် ဥပဒေရပ်ဝန်းတွင် ထူးချွန်ဥပဒေပညာရှင်အဖြစ် အသိအမှတ်ပြု Rex. E Lee ဟူသည့် ဂုဏ်ပုဒ်ကိုချီးမြင့်ခံရသူဖြစ်ပြီး Brigham Young University ၏ အဆင့်မြင့်ဥပဒေပညာကျောင်းဖြစ်သည့် J. Reuben Clark Law School ၌ ဥပဒေပညါဘာရပ်အားသင်ကြားပို့ချနေသည့် ပါမောက္ခတစ်ဦးဖြစ်သည်။ ထို့အပြင် Professor သည် International Center of Law and Religion Studies တွင် ကမ္ဘာ့အဆင့်အမြင့်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရသည့် Institution ကို ဦးဆောင်နေသည့် ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။
Professor နှင့်အတူ အခြားသောပညာရှင်များမှ ပို့ချမည့် ၄င်းသင်တန်းသို့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများတက်ရောက်နိုင်ပြီး သင်တန်းဖြစ်မြောက်ရေးနှင့် အင်တာနက်အသုံးပြုမှုတို့အတွက် ကုန်ကျစရိတ်များကို IGE အဖွဲ့မှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

#ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်

28/06/2024

Madung gaw Kachin Sub state
hta anhte hpyen n gun shanhte daram n law ai majaw re ngu mu ai.

28/06/2024

Jinghpaw laika hpe ka jai lang ai lam.
Crd.ကချင်စာ၊ကချင်စကား

နောင်ချို ခမရ(၁၁၅)တပ်ရင်းသိမ်းတိုက်ပွဲ  RPGများအပါအဝင် လက်နက်ခဲယမ်းအများအပြား TNLA ပူးပေါင်းတပ်ရရှိဂျူချန်း(မဇ္ဈိမ)။ ။ ရ...
28/06/2024

နောင်ချို ခမရ(၁၁၅)တပ်ရင်းသိမ်းတိုက်ပွဲ RPGများအပါအဝင် လက်နက်ခဲယမ်းအများအပြား TNLA ပူးပေါင်းတပ်ရရှိ

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို သိမ်းပိုက်စဉ်လက်နက်ခဲယမ်း ၃၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ယနေ့ (ဇွန် ၂၈ ရက်)သတင်းထုတ်ပြန်သည်။

ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို ဇွန်လ ၂၆ရက်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ရရှိသည့် လက်နက်ခဲယမ်းများကို ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။

သိမ်းပိုက်ရရှိသည့်လက်နက်များတွင် MA-1၊ MA-2၊ MA-3 စသည့် သေနတ်မျိုးစုံ ၃၄၉ လက်အပါအဝင် RPG၊​ ၆၀ မမ ပြောင်း၊ စက်လတ်အသေးစသည့် လက်နက်မျိုးစုံပါဝင်ကြောင်း TNLA က ဓာတ်ပုံမှတ်တမ်းများဖြင့် ထုတ်ပြန်ထားသည်။
ယင်းအပြင် ကျည်ဆံ ၅၀,၀၀၀ ကျော်၊ RPG လက်နက်ကြီးကျည် ၅၀၀ ကျော်၊ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် နောင်ချိုမြို့နယ်ရှိ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၁၀၀ ကျော်လည်း သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

" လက်နက်တွေများလွန်းလို့ ကားနဲ့ မနည်းတိုက်သယ်ရတယ်"ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

နောင်ချိုမြို့တွင် ယနေ့ ဇွန် ၂၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

“မနက် ၆ နာရီကစပြီး ဗုံးဆက်တိုက်ကြဲတယ်။ တိုက်လေယာဉ်နဲ့ပဲ။ လူတွေလည်း အရမ်း ပျာယာခတ်နေပြီ” ဒေသခံတဦးကမဇ္ဈိမကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့တွင် ဇွန် ၂၅ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သုံးရက်တာအတွင်း ခြေမြန်တပ်ရင်း (၁၁၅) အပါအဝင် မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ နေရာများ၊ အမြောက်တပ် (၆၀၆) တို့ကိုTNLA၊ MDY-PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ဓါတ်ပုံ- TNLA

စာတည်း - အေးချမ်း
Crd.Mazzima news

28/06/2024

ပလောင်TNLA တပ်မှ KIA တပ်မဟာ (4)ရင်း (8)နယ်မြေသို့ဝင်ရောက်ကာ

"ဒါငါတို့မြေ"

ဟုပြောဆိုပြီးကုန်ကားများဖြင့်
သဘာဝ
သယံဇာတပစ္စည်းများကိုအတင်းအဓမ္မထုတ်ယူနေကြစဥ် ကေအိုင်အေတပ်ဖွဲ့များနှင့်အခြေအတင်ဖြစ်ကြ။

ယခုချိန်ထိ မိမိတို့ KIA မှ အစွမ်းကုန်စိတ်ရှည်သီးခံက အလျော့ပေးဆက်ဆံနေသည်ကို အများပြည်သူကတွေ့မြင်ကြပါသည်။

သို့သော် TNLAပလောင်အဖွဲ့၏အာဏာရှင်ဆန်ဆန်လုပ်ဆောင်မှု၊ဆက်ဆံမှုများကြောင့်မလိုလားအပ်သည့်ကြီးမားစွာသောသမိုင်းတွင်စစ်ပွဲဖြစ်မလာနိုင်ဟုမည်သူပြောဆိုနိုင်သနည်း။

Latest Kachin News Gunmaw Sumlut Aung La Nsang(Burmese Python) ချစ်ခြင်းတည်စေ မနောမြေ Myitkyina News Journal 7Stars News
The Kachin Net Kachinland College Kachin Police Kachinnews Kachinwaves Kachin songs. ကချင်သီချင်းများတင်ကြမယ်

27/06/2024

မြန်မာပြည်ဟာမကြာခင်ဆိုဗီယက်ပြည်ထောင်စုလိုအစိတ်စိတ်အမြွာမြွာဖြစ်လာလိမ့်မယ်။

စစ်​ကောင်စီ​လေ​ကြောင်းက မိုးကုတ်မြို့ ရှိဘုန်းကြီးကျောင်းတစ်​ကျောင်းကိုဗုံးကြဲရာ သံဃာ​တော်သုံးပါးပျံလွန်တော်မူယောနသံ/Peo...
27/06/2024

စစ်​ကောင်စီ​လေ​ကြောင်းက မိုးကုတ်မြို့ ရှိဘုန်းကြီးကျောင်းတစ်​ကျောင်းကိုဗုံးကြဲရာ သံဃာ​တော်သုံးပါးပျံလွန်တော်မူ

ယောနသံ/People's Spring

မိုးကုတ်မြို့ တွင် ယ​နေ့(ဇွန် ၂၇ )ညဦးပိုင်းတွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်ကြီးကျောင်းတစ်ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး သံဃာ​တော်သုံးပါးပျံလွန်တော်မူခဲ့သည်။

ဇွန်လ ၂၇ရက် ည ၇နာရီခန့်ကမိုးကုတ်မြို့ရှေ့ပိုင်း၊ရှမ်းတောရပ်ရှိ ဘုန်းကြီးကျောင်း ဗုံးထိမှန်ခြင်းဖြစ်သည်။

" ကိုရင်တွေ ဘုရားဝတ်ပြုနေတုန်း ကျောင်းပေါ်ကို လေကြောင်းတိုက်ခိုက်ခံရတာ။ ငါးပါးဒဏ်ရာရတယ်။ သုံးပါးပျံလွန်တော်မူသွားပါပြီ" ဟု မြို့ခံတစ်ဦးကပြောသည်။

ဇွန် ၂၇ ရက်ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီသည် တိုက်ပွဲနဲ့မသက်ဆိုင်သည့်အရပ်သားနေရာများကိုပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း မြို့ခံများကပြောသည်။ ဇွန် ၂၇ ရက် နံနက်ပိုင်းတိုက်ခိုက်မှုတွင် အရပ်သား သုံးဦး၊ ညနေ၄နာရီခန့်ကတိုက်ခိုက်မှု၌ အရပ်သားတစ်ဦးသေဆုံးခဲ့သေးသည်ဟု မြို့ခံများထံမှသတင်းရရှိသည်။

TNLA နှင့် PDFပူးပေါင်းတပ်ဖွဲ့များသည် မိုးကုတ်မြို့နောက်ပိုင်းရှိ ကျပ်ပြင်စစ်စခန်းကို ယ​နေ့ သိမ်းပိုက်ခဲ့ပြီး
မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်သည်စခန်းများကိုဆက်လက်တိုက်ခိုက်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

၁၀၂၇ စစ်ဆင်​​ရေး အပိုင်း (၂) တတိယရက်တိုက်ပွဲသတင်းကို TNLA ကထုတ်ပြန်ရာ ဇွန် ၂၇ ရက် နံနက် ၈ နာရီ ခွဲတွင် မိုးကုတ်မြို့နယ် အေးစေတီ၌ တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုးကုတ် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း ​ဖော်ပြထားသည်။

(ဗုံးကြဲခံရ​​သောဘုန်းကြီး​ကျောင်းအပျက်အစီးများကို​
တွေ့ရစဥ်။ဓါတ်ပုံ-CJ )

ကွတ်ခိုင်ကချင်ဓမ္မကောလိပ်ကို မှတ်ပုံတင်ရန်မှားယွင်းပြောဆိုခဲ့သဖြင့် TNLA တောင်းပန်ကွတ်ခိုင် - ဇွန် ၂၇၊ ၂၀၂၄။ကွတ်ခိုင်မြိ...
27/06/2024

ကွတ်ခိုင်ကချင်ဓမ္မကောလိပ်ကို မှတ်ပုံတင်ရန်မှားယွင်းပြောဆိုခဲ့သဖြင့် TNLA တောင်းပန်

ကွတ်ခိုင် - ဇွန် ၂၇၊ ၂၀၂၄။

ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာကျောင်းကို PSLF/TNLA ထံ ကျောင်းမှတ်ပုံတင်လိုင်စင် ပြုလုပ်ရန် ယမန်နေ့ညက မှားယွင်းပြောဆိုမိခဲ့သဖြင့် ယင်းအဖွဲ့ကပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းက ဓမ္မကျမ်းစာကောလိပ်ကို တအာင်းပညာရေးကောင်စီ (TLEC) မူဝါဒလက်အောက်တွင် မှတ်ပုံတင်လိုင်စင်တင်ရန် လူလွတ်ကာ မှားယွင်းပြောဆိုခိုင်းခဲ့မိသည့်အတွက် တာဝန်ရှိသူများက တောင်းပန် ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ညလာပြောသွားတာတော့မှန်တယ်။ အဲ့ဒါကြောင့် ဒီမနက် ကျောင်းက ကျောင်းအုပ်နဲ့ ကျောင်းဆရာ တစ်ဦး သူတို့ဆီသွားတော့ ကျွန်တော်တို့ KTC ကိုပြောတာမဟုတ်ဘူး CEC ကျောင်းနဲ့မှားပြီး ပြောမိတဲ့အတွက် ကြောင့် တောင်းပန်ပါတယ်ဆိုပြီးပြန်ပြောတာ” ဟု ပြောသည်။

PSLF/TNLA က Christian Education Center (CEC) ကျောင်းနှင့်မှားယွင်းအကြောင်းကြားခြင်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူများက ဆိုသည်။

ခရစ်ယာန်ပညာရေးစင်တာ (Christian Education Center (CEC)) ဆိုသည်မှာ ကွတ်ခိုင်ကချင်နှစ်ခြင်းခရစ် ယာန်အသင်းတော်မှ တာဝန်ယူဖွင့်လှစ်ထားသည့် ခရစ်ယာန်ပညာရေးကျောင်းဖြစ်ပြီး မြန်မာနိုင်ငံပညာရေးဌာနကရေးဆွဲပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတန်းဖြင့်သင်ကြားပေးနေသော လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်ကျောင်းဖြစ်ကြောင်း သိရသည်။

PSLF/TNLA အနေဖြင့် CEC ကျောင်းသို့ သီးခြားအကြောင်းကြားမှုမရှိသေးသဖြင့် အကြောင်းစုံမသိရှိရသေး ကြောင်းကို CEC ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့လိုတွေဖြစ်ကြတယ်လို့ကြားနေပေမဲ့ ကျွန်မတို့ဘက်တော့အသေးစိတ်မသိရသေးဘူး။ ကျောင်းကိုလည်း တရားဝင်အသိပေး အကြောင်းကြား ပြောဆိုလာတာဘာမှမရှိသေးလို့မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ Christian Education Center (CEC) ကျောင်းသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဓမ္မကျမ်းစာကျောင်း (KTC Kutkai) လက်အောင်တွင်ရပ်တည်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကွတ်ခိုင်ကချင်ခရစ်ယန် အသင်းတော်သို့ လွှဲပြောင်းထားပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းဝင်းထဲသို့ TNLA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို မောင်းထုတ်ကာ ကျောင်းချိတ်ပိတ်ခဲ့ပြီး လက်ရှိအချိန်ထနိ ပိတ်ထားဆဲဖြစ်သည်။

သတင်း - Zami

crd.74media
photo.ကွတ်ခိုင်ကချင်ဓမ္မကောလိပ်ကျောင်းဝင်းရှိဘုရားကျောင်း

PNO/PNAပြည်သူ့စစ်က ပင်​လောင်းတွင် စစ်သင်တန်းမတက်လျင် စစ်​ကောင်စီထံအပ်မည်ဟု​ဒေသခံများကိုခြိမ်း​ခြောက်​လူစု​နေ============...
27/06/2024

PNO/PNAပြည်သူ့စစ်က ပင်​လောင်းတွင် စစ်သင်တန်းမတက်လျင် စစ်​ကောင်စီထံအပ်မည်ဟု​ဒေသခံများကိုခြိမ်း​ခြောက်​လူစု​နေ
===========================
▪︎PNOက UWSA နှင့် SSPP/SSA တို့ကို ရှမ်း​တောင်မှ​တော်လှန်​ရေးအင်အားစုများကို မကူညီရန် ​လာဘ်​ငွေ​ပေး၍ စည်းရုံးနိုင်ရန် ကြိုးစား​နေ

▪︎စစ်​ကောင်စီပြည်ထဲ​ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဦး​အောင်ခမ်းထီး ထံအကြံအဥာဏ်လာယူဟု PNO ဆို

-ရဲခေါင်/People's Spring

ပင်​လောင်း​မြို့နယ်တွင် ပြည်သူ့စစ် သင်တန်းမတက်သူများကို အရေးယူပြီး စစ်ကောင်စီထံ အပ်မည်ဟု စစ်​ကောင်စီလက်​အောက် ခံ ပအိုဝ်းပြည်သူ့စစ် PNO/ PNA က ခြိမ်းခြောက်နေကြောင်း ဒေသခံများကပြောသည်။

"စာတွေပို့တာတော့ ဒီတစ်ပတ်အတွင်ကပဲ။အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက် အားလုံး စားရင်းသွင်းရမယ်။ထီဖောင်ဘုရားတောင်မှာ စစ်သင်တန်း ငါးရက် တက်ရမယ်။သင်တန်းစရိတ်အတွက်က ကိုယ့်စရိတ်နဲ့ကိုယ် တစ်သောင်းလည်း ပေးရဦးမယ်"ဟု ပင်လောင်း မြို့ခံတစ်ဦးက ပြော
သည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ ပြည်ပရောက်သူများ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုမထမ်းသဖြင့် တစ်ယောက်လျှင် သုံးသိန်းငါးသောင်းကျပ် ထည့်ရမည်ဟုလည်း PNO ၏ သတိပေးစာတွင်​ဖော်ပြထားသည်။

"၂၅ ရက်(ဇွန်)နေ့က ပင်လောင်းမြို့ ဘက်စုံသုံးခန်းမှာ ပြည်သူ့စစ် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာရှိတယ်။ အဲဒီမှာလည်း လိုအပ်ရင်လိုအပ်သလို ရှေ့တက်ကို လိုက်ပါရမယ်ဆိုပြီး စကစ ဘက်က ပြောဆိုသွားတာ ရှိတယ်"ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် PNO သည် ဒေသခံများကို လူမျိုးရေးမုန်းတီးမှုကိုအစပျိုးကာ တပ်သားသစ် စုဆောင်း မှုကို လုပ်ဆောင်နေခြင်းဟု ၎င်းက ဆက်​ပြောသည်။

ဦး​အောင်ခမ်းထီး၏ PNO/PNA သည်
စစ်အုပ်စုနှင့် ကာလရှည် လက်တွဲခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီကို ကူညီပြီး ​ဒေသခံပြည်သူများကို အတင်းအဓမ္မပြည်သူ့စစ်အဖြစ် စု​ဆောင်းခြင်း ၊​ငွေ​ကောက်ခံခြင်းများပြုလုပ်​နေ​သောပြည်သူ့စစ်အဖွဲ့ဖြစ်သည်။စစ်ကောင်စီကလည်း လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သည်။

လက်ရှိတွင်လည်း ရှမ်းတောင်(ဖယ်ခုံမြို့)ဘက်သို့ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီနှင့် အတူ ပူးပေါင်းထိုးစစ်ဆင်နေသည်။

ထို့အပြင်ဇွန် ၂၆ ရက်က စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် PNO ဦးဆောင်သူ ဦးအောင်ခမ်းထီးကိုသွား​ရောက်တွေ့ဆုံခဲ့သည်။ကျောက်တလုံးကြီးမြို့ နေအိမ်တွငိ ဇွန်လ (၂၆)ရက်နေ့က လာရောက်၍ ပြည်တွင်းကိစ္စများ နှင့် ပတ်သက်၍ အကြံဉာဏ်တောင်းခံခဲ့​ကြောင်း PNO ၏ ဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာများတွင် ပအိုဝ်ဘာသဖြင့်ဖော်ပြထားသည်။

"မင်း​အောင်လှိုင် ခိုင်းလို့ထင်​တယ် ။ မင်း​အောင်လှိုင်က သူရဲ့​နောက်ဆုံးခံစစ် ၊သူ့ရဲ့အ​သေခံတပ်သား​တွေကို PNOပြည်
သူ့စစ်​တွေကို အသုံးချသွားမလားမသိဘူး ။ PNO​ပြည်သူ့စစ်​တွေက ​တော်​တော်​လေးများ​နေ​တော့​လေ "ဟု ပအိုဝ်တိုင်းရင်းသားတစ်ဦးကသူ၏ အမြင်ကို​ပြောသည်။

အခြားသတင်းတစ်ရပ်တွင် PNO/PNA မှဒုစစ်ဦးစီးချုပ် နေဝင်းထွန်း နှင့် စစ်​ကောင်စီ ၏ ​ဒေသခံ​ကောင်စီဝင် ခွန်စံလွင်တို့သည် ဇွန် ၂၄ ရက်က ​ ဟိုပုံးမြို့နယ် နှင့် ရပ်​စောက်မြို့နယ် အစပ် ရှိ ဖာလှိုင်ကျေးရွာ၌ ဝ တပ်ဖွဲ့ UWSA နှင့် SSPP/SSA တို့​မှ တပ်မှူးများထံသွား၍ ရှမ်း​ပြည်တောင်ပိုင်းရှိPDF နှင့် PNLO/PNLA တို့ကိုကူညီ ​ထောက်ပံ့မှု မလုပ်ရန် လာဘ်​ငွေ ကျပ် ၆၀၀၀ ​ပေး၍ ကမ်းလှမ်းခဲ့​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။ သို့​သော် UWSA နှင့် SSPP(SSA) တပ်မှူးတို့က လက်မခံ​​ကြောင်းသိရသည်။

ဦး​နေဝင်းထွန်းသည် ပတ္တမြားနဂါး ​ကျောက်မျက်၊​ကျေညက်စိမ်း ကုမ္မဏီပိုင်ရှင် ခရိုနီလုပ်ငန်းရှင် အဖြစ်မှ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းPNO/ PNAတွင် စစ်​ကောင်စီနှင့်တက်ကြွစွာပူး​ပေါင်းလုပ်ကိုင်​နေသူဖြစ်ပြီး မကြာ​သေးခင်က ဒုချုပ်အဖြစ်ရာထူးတိုးလာသူဖြစ်သည်။

ကျပ်သိန်း ၆၀၀၀ လက်မခံ​သောကြောင့် ကျပ် သိန်း တစ်​သောင်း​ပေး၍ ထပိမံစည်းရုံး​ရန်အတွက် ဟိုပုံးမြို့နယ် ရှိ ပြည်သူများထံမှ တစ်အိမ်လျင် ကျပ် သုံး​သောင်း​ကောက်ခံ​နေကြောင်း​လည်း ဒေသခံအချို့က​ပြောသည်။

"ရှမ်း​တောင်မှာရှိတဲ့ PNLO နဲ့ ​တော်လှန်​ရေးအင်အားစု​တွေကို မကူညီဖို့​ပြောတာ ။ရှမ်း​တောင်မှာက စစ်​ကောင်စီကို တိုက်​နေတာက PNLO ရှိတာဆို​တော့ အဓိကက​ PNLO ကို မကူညီဖို့လာဘ်ထိုးတာ​ပေါ့။ဒါ​ပေမယ့် ဟိုဘက်က လက်မခံဘူးလို့​ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ် အဖွဲ့တို့သည် ဆီဆိုင်မြို့နယ် အပါအဝင် ရှမ်း​တောင်ပိုင်း​ဒေသ၌ PNLO/ PNLA ကိုတိုက်ခိုက်​နေသည်။ PNLA က ​တော်လှန်​ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ စစ်​ကောင်စီကိုခုခံ​တော်လှန်မည်ဖြစ်​ကြောင်း ၂၀၂၄ တွင်တရားဝင်​ကြေညာပြီး
အပစ်ရပ် လက်မှတ်ထိုးထား​သောအဖွဲ့များထဲမှ စစ်​ကောင်စီကိုပထမဆုံးခုခံ​တော်လှန်​သောအဖွဲ့ဖြစ်လာသည်။

(PNO/PNA တည်​ထောင်သူ ဦး​အောင်ခမ်းထီးနှင့် လာ​တွေ့​နေ​သော စစ်​ကောင်စီ ပြည်ထဲ​ရေးဝန်ကြီး/ PNA ပြည်သူ့စစ်သင်တန်း နှင့် PNO/PNA ဒုစစ်ဦးစီးချုပ် ​နေဝင်ထွန်း ။ ဓါတ်ပုံ-စစ်​ကောင်စီ ၊ PNA )

ရဲစခန်းမှ မူးယစ်ဆေးများ⭕⭕⭕⭕⭕⭕⭕⭕နောင်ချိုမြို့မ ရဲစခန်းထဲ ဘိန်းဖြူ၊ရာမဆေးများ ကား (၂)စီးစာခန့် TNLA သိမ်းပိုက်ရထားကြောင်း...
27/06/2024

ရဲစခန်းမှ မူးယစ်ဆေးများ
⭕⭕⭕⭕⭕⭕⭕⭕
နောင်ချိုမြို့မ ရဲစခန်းထဲ ဘိန်းဖြူ၊ရာမဆေးများ ကား (၂)စီးစာခန့် TNLA သိမ်း
ပိုက်ရထားကြောင်းသိရသည်။

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်၊ ခဲမွန်၊ ကျောက်ကြမ်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းတို့ကို TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

27/06/2024
photo.Shwe phee myay

မိုးကုတ် ကျပ်ပြင်ရဲစခန်းကို TNLA နဲ့ ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺မိုင်းရူပ၊ ဇွန်လ ၂၇ ရက်၊ မိုးကုတ်တိုက်...
27/06/2024

မိုးကုတ် ကျပ်ပြင်ရဲစခန်းကို TNLA နဲ့ ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
မိုင်းရူပ၊ ဇွန်လ ၂၇ ရက်၊ မိုးကုတ်

တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရဲစခန်းကို တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ကျပ်ပြင်ရဲစခန်းကို ဒီနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်ပြီး ဒီနေ့ညနေ ၅ နာရီမှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျပ်ပြင်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေက TNLA ထံ လက်နက်ချ အညံ့ခံခဲ့တယ်လို့ သိရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်တပ်ဘက်က မိုးကုတ်မြို့တွင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်နေပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီနေ့ညနေပိုင်းအထိ အေးစေတီတောင်မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

နောင်ချိုနဲ့ ကျောက်မဲမြို့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Crd. ရွှေဖီမြေသတင်း

Sadi Maja na lam❌❌❌❌❌❌N/h 25-6-2024 shana ten e.Tinang maga na magam gun marai (4)gaw,Seng Tawng Lawk (4) Hpapyin lam U ...
27/06/2024

Sadi Maja na lam
❌❌❌❌❌❌
N/h 25-6-2024 shana ten e.
Tinang maga na magam gun marai (4)gaw,
Seng Tawng Lawk (4) Hpapyin lam U Kanu dap hta U' hpum hpum nga ten e.U dap madu ni kawn 🐕hpe sama jaw dat ai lam nga nna.🐕ni gaw dai marai (4)hpe sa wang rim ai lam nga tim...Chyeju a mjaw sha hprawng lawt mat ai hpe na chye lu mjaw...
Dai aten shani nan mung seng tawng hta majan nga ai aten re.
Seng ang ai n'tsa tsang du/slg ni kawn tinang masha (4)hpe mung sharin shaga lam glaw shaja ga!Bai n na dai U kanu lawng/u kasha ni hpe mung ahkyak la rim ai lam glaw sharim yang kaja ai ngu tmd mayu ai.

26/6/2024
Gunmaw Sumlut
Latest Kachin News


ပထမ ကမ္ဘာစစ် ကဂျာမန်တွေအသုံး ပြုခဲ့သည့်တာယာမလို လေထိုးစရာမလိုသည့်စစ်မြေပြင်သုံးစက်ဘီး
27/06/2024

ပထမ ကမ္ဘာစစ် ကဂျာမန်တွေ
အသုံး ပြုခဲ့သည့်
တာယာမလို လေထိုးစရာမလိုသည့်စစ်မြေပြင်သုံးစက်ဘီး

27/06/2024

Shingnawm de na pru ai ni she Hkinjawng jawng sha taw nga sai kun???

ယ​နေ့မိုးကုတ်မြို့ နောက်ဆုံးအခြေအနေ၁ : နေ့လည် ၁၂ ခန့် ကျပ်ပြင် မြို့မ အိမ်ပေါ် လနက ကျ မီးလောင်၂ : နေ့လည် ၁:၄၅ ခန့်ကသဲရပ်...
27/06/2024

ယ​နေ့
မိုးကုတ်မြို့ နောက်ဆုံးအခြေအနေ

၁ : နေ့လည် ၁၂ ခန့်
ကျပ်ပြင် မြို့မ အိမ်ပေါ် လနက ကျ
မီးလောင်

၂ : နေ့လည် ၁:၄၅ ခန့်
ကသဲရပ်
အမျိုးသမီးတစ်ဦး
လနက ထိ ကွယ်လွန်

၃ : နေ့လည် ၂ နာရီ ခန့်
ကျပ်ပြင်စာသင်ကျောင်းရှေ့
တံတားပေါ်တည့်တည့် လေယာဉ်ကျဲ
လမ်းပေါ်အိမ်များ ပျက်စီးမှုများ

ယမန်နေ့ဖားကန့်ဆိုင်းတောင်ရှိရဲစခန်းကိုကေအိုင်အေအဖွဲ့အကျွေးအမွေးပြုလုပ်ခဲ့ရာ အဝစားခဲ့ရသူများစာရင်း1. ဒုရဲမှူးကြီး အောင်သူ...
27/06/2024

ယမန်နေ့ဖားကန့်ဆိုင်းတောင်ရှိရဲစခန်း
ကိုကေအိုင်အေအဖွဲ့အကျွေးအမွေးပြုလုပ်ခဲ့ရာ အဝစားခဲ့ရသူများစာရင်း

1. ဒုရဲမှူးကြီး အောင်သူရ
2. ဒုရဲမှူး ခိုင်စိုးဟန်
3. ရဲအုပ် ထွန်းခိုင်စိုး
4. ရဲတပ်ကြပ်ကြီး သိန်းစိုး
5. ဒုတပ်ကြပ် ဇော်မိုး
6. တသ ဟိန်းမင်းထက်
7. တသဖြိုးထက်အောင်
8. တသဇော်၀င်းကျော်
9. တသထွန်းထွန်းလင်း
10.တပ်ကြပ်ကြီး ဦး၀င်းမြင့်

ထို့ပြင်အစာအဆိပ်သင့်ကာကုမရတော့သည့်အခြားအဆင့်တပ်ဖွဲ့ဝင်များလည်းကျန်ရှိနေသေးကြောင်းနှင့်မကြာမှီအဝစားအဖွဲ့နှင့်ပူးပေါင်းသွားဖွယ်ရှိကြောင်းသိရသည်။ ပုံနှင့်တကွမဖော်ပြနိုင်သည်ကိုနားလည်ပေးကြပါ။

Informed by Padang Nsen
Latest Kachin News

Address


Website

Alerts

Be the first to know and let us send you an email when Latest Kachin News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share