Nway Lal Pan News Agency

  • Home
  • Nway Lal Pan News Agency

Nway Lal Pan News Agency 🌅 နွေလယ်ပန်းသတင်းအေဂျင်စီ 🌅

မိုးမောက်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေမေလ ၂၄ ရက်ကချင်ပြည်နယ်၊ မိုးမောက်မြိုမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ တိုအကြား ...
24/05/2024

မိုးမောက်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

မေလ ၂၄ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြိုမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ တိုအကြား မေလ ၂၄ ရက်နေ့မနက် ၇ နာရီ ခန့်ကနေစတဲ့ တိုက်ပွဲဟာ ညပိုင်းအထိ ဆက်လက်ပြင်းထန်နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

"မိုးမောက် ခမရ - ၄၃၇ က စစ်ကောင်စီတွေနဲ့ တိုက်နေတယ်။ Y12 နဲ့ ဗုံးကြဲ နေတယ်။ မိုးမောက်က စစ်ကောင်စီတွေ တော်တော် အထိနာ နေတဲ့ ပုံပဲ" လို KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ခမရ - ၄၃၇ စစ်ကောင်စီစခန်းက စစ်ကောင်စီတွေ ကား ၂ စီးနဲ့ မိုးမောက်ဘက် စစ်ကြောင်း ထိုးလာလို KIA နဲ့ ပူးပေါင်းအဖွဲက ခုံခံ တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်လာတာလို ဆိုပါတယ်။

18/05/2024

အင်းစိန်မြိုနယ်၊ အင်းစိန်ပန်းခြံရှေ့ တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများမှ ကားများကို နောက်ဖုံးလှန်စစ်ဆေးနေကြောင်း

မေလ ၁၈ ရက်

အင်းစိန်မြိုနယ်၊ အင်းစိန်ပန်းခြံရှေ့ တွင် ယနေ့ည ၉ နာရီခွဲကျော်အချိန်မှစ၍ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများမှ ကားများကို နောက်ဖုံးလှန်စစ်ဆေးနေကြောင်း ပြည်သူတစ်ဦးမှ Hlaing Info သို သတင်းပေးပိုလာပါသည်။

ပန်းခြံအနီးရှိ စျေးသည်များကိုလည်း အကုန်ရှင်းထားကြောင်း သိရပါသည်။

ပြည်သူ့များ / သူရဲကောင်းလေးများ သိရှိစေရန် နှင့် သတိထားနိုင်ရန် တင်ပါအပ်ပါသည်။

ပြည်သူများအားလုံး အကြမ်းဖက် ခွေး ကောင်များ ရန်ပြုခြင်းမှ လွတ်ကင်းကြပါ စေ... 🙏🙏🙏

"တကယ်လုပ်ရဲရင် တကယ်ဖြစ်တယ်၊ တကယ်တိုက်ရင် တကယ်ရတယ်”၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိက မီးမောင်းထိုးပြလိုက်တဲ့ အကွက်က စစ်ကောင်စီကို တစ...
11/05/2024

"တကယ်လုပ်ရဲရင် တကယ်ဖြစ်တယ်၊ တကယ်တိုက်ရင် တကယ်ရတယ်”

၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိက မီးမောင်းထိုးပြလိုက်တဲ့ အကွက်က စစ်ကောင်စီကို တစ်ဖွဲချင်း တိုက်တာထက် ညီနောင်မဟာမိတ် ၃ ဖွဲလို စုစည်းပြီးတိုက်ရင် အောင်မြင်နိုင်တယ်။

~ ဒေါက်တာ ညိုထွန်းအောင် ~
ULA/AA ဒုစစ်ဦးစီးချုပ်

ဘုရားသုံးဆူတွင် စစ်တပ်လက်အောက်ခံ BGF နှင့် KNLA တပ်ဖွဲဝင်တချိုအကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက် ထွက်ပ...
10/05/2024

ဘုရားသုံးဆူတွင် စစ်တပ်လက်အောက်ခံ BGF နှင့် KNLA တပ်ဖွဲဝင်တချိုအကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက် ထွက်ပြေးရ

မေလ ၁၀ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဘုရားသုံးဆူမြိုတွင် ယနေ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်သားတချိုနှင့် KNLA တပ်သားတချိုအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက်သို ထွက်ပြေးရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ဘုရားသုံးဆူမြိုနယ်တွင် ဗုံးပေါက်ကွဲသံများ ၊ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း ၊ BGF တပ်ဖွဲဝင်တချိုနှင့် KNLA တပ်ဖွဲဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားဖြစ်ကြောင်း သိရှိရသည်။

မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင်ဖြစ်သည်...သေအံ့မူးမူးဖြစ်နေသောစစ်သားတစ်ယောက်အားသူနာပြုဆရာမလေးမှ ၎င်း၏ နောက်ဆုံးဆန္ဒကိ...
10/05/2024

မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင်ဖြစ်သည်...

သေအံ့မူးမူးဖြစ်နေသောစစ်သားတစ်ယောက်အား
သူနာပြုဆရာမလေးမှ ၎င်း၏ နောက်ဆုံးဆန္ဒကို လိုက်လျောပေးချင်သည့်အတွက်...

(ဆရာမလေး)
ဒီမယ်ရှင့်...
ရှင့်အနေနဲ့ နောက်ဆုံး ဘာလုပ်ချင်တဲ့ဆန္ဒများ
ရှိပါသလဲ..??

(စစ်သား)
ကျနော်မသေခင်မှာ ရာဇဝင်မှာထင်ရှားခဲ့ကြတဲ့
စစ်ခေါင်းဆောင်ကြီးတွေကို အလေးပြုချင်
လိုက်တာဗျာ...

ထိုအခါ..သူနာပြုဆရာမလေးမှာ..

ထိုစစ်ခေါင်းဆောင်များ၏ ရုပ်ပုံများကို
အလွယ်တကူမရနိုင်၍ ရုတ်တရက်အကြံရပြီး
၎င်း၏ပေါင်နှစ်ဖက်တွင် ပုံနှစ်ပုံရေးဆွဲလိုက်
လေသည်...

(လူနာမှာ သေခါနီးအချိန်မို
မျက်လုံးများပြာပြီး သေချာမမြင်ရတော့မှန်းသိနေ
သောကြောင့်)

ထိုနောက်..
စစ်သား၏ အရှေ့တွင်ရပ်ပြီး
စကပ်ကိုလှန်ပြ၍ ...!!!

ကဲ...ဒီမှာ ရှင်တွေ့ချင် အလေးပြုချင်တဲ့
စစ်ခေါင်းဆောင်ကြီးတွေ..
အလေးပြုနိုင်ပါပြီ..

(စစ်သား)
ညာဖက်က ဘယ်သူလဲဗျ..??

(ဆရာမလေး)
ဒါက ကမ္ဘာကျော်စစ်ခေါင်းဆောင်ကြီး
အဒေါ့ဟစ်တလာ ပေါ့ရှင်...

(စစ်သား)
ဟာ...လေးစားတယ်ဗျာ..
(လက်ဖြင့်သေချာစွာ အလေးပြု၏)

ဒါနဲ့ ဘယ်ဘက်ကဘယ်သူတုန်းဗျ..

(ဆရာမလေး)
ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် စစ်သူရဲကောင်းကြီး
နပိုလီယံ ပေါ့ရှင်.....

(စစ်သား)
ဟာ...အရမ်းကိုလေးစားပါတယ်ဗျာ..
(အလေးပြုပြန်၏)
ထိုနောက်..စစ်သားမှ...

ဒါနဲ့ ....အလယ်ခေါင်က နှုတ်ခမ်းကြီးစူနေတာ
ဘယ်သူလဲဗျ..??

ဆရာမလေးမှာ ကြောင်သွားပြီး
(ပုံက ဘယ် ညာ နှစ်ပုံထဲဆွဲထားတာ)
ရုတ်တရက် တွေးမိလိုက်သည့် ဖြတ်ထိုးဥာဏ်ဖြင့်...

ဒါကတော့ ..
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်
မင်းအောင်လှိင် ရဲ့ပုံလေ...

(စစ်သား)
သူကဘာလို နှုတ်ခမ်းကြီးစူနေရတာလဲဗျ..

(ဆရာမလေး)
သြော်...
သူ့ခမျာ အာဏာသာသိမ်းလိုက်ရတာ
ပြည်သူတစ်ယောက်ကမှလက် မခံပဲ ဝိုင်းဆဲနေကြလို
မကျေမနပ်ဖြစ်ပြီး စူနေရတာပေါ့ရှင်...😁😜
😂ဟုတ်မှာ...ဟုတ်မှာပါ...😂😂😂😂😂😂😂😂😂😂

မေလ ၈ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို တိုက်တိုင်းရှ...
09/05/2024

မေလ ၈ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို တိုက်တိုင်းရှုးနေတဲ့ စစ်ရှုးကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

တိုက်တိုင်းရှုးနေပြီး တော်လှန်ရေး တပ်တွေကို လုံးဝ မယှဉ်နိုင်တော့တဲ့ စစ်ရှုးကောင်စီဟာ သူတိုရဲ့ စစ်ရှုးနယ်မြေတိုင်းမှာ တံတားပေါင်း များစွာကို ချိုးချဖျက်ဆီးခဲ့ကာ တော်လှန်ရေးတပ်တွေ ဝင်ရောက်မလာနိုင်အောင် အသည်းအသန် ဟန့်တားနေရတဲ့ အခြေအနေပါ။

ရခိုင်ပြည်နယ် အတွင်းမှာလဲ စစ်တွေနဲ့ ဘူးသီးတောင် မြိုအဝင် တံတားတွေကို ချိုးချဖျက်ဆီးခဲ့ပြီး အာရက္ခတပ်တော်ကို တားဆီးနေရသလိုပဲ အခု ကချင်ဒေသမှာလဲ KIA နဲ့ တော်လှန်ရေးတပ်တွေ မလာရောက်နိုင်စေရန် စစ်ရှုးကောင်တွေက အဆိုပါ တံတားကို ရည်ရွယ်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာဟာ သူတိုတွေ လုံးဝကို မလှန်နိုင်လောက်အောင် ရှုးနိမ့်နေပြီ ဆိုတာ ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။

ဝိုင်းကူရှယ်ပေးကြပါအုံး.⛔️( 2နာရီ 42 မိနစ် )Edit - 2:58 ( ဆရာစံလမ်းမထဲ ဖြတ်သွားတယ်ပြောပါတယ်)တာမွေ အကြည်တော် အရှေ့ခပ်လှမ်...
08/05/2024

ဝိုင်းကူရှယ်ပေးကြပါအုံး.⛔️

( 2နာရီ 42 မိနစ် )
Edit - 2:58 ( ဆရာစံလမ်းမထဲ ဖြတ်သွားတယ်ပြောပါတယ်)

တာမွေ အကြည်တော် အရှေ့ခပ်လှမ်းလှမ်းမှာ လမ်းရှောက်လာနေတဲ့ မိန်းခလေးတစ်ဉီးကို အမည်မသိ ကားအနက်ရောင် နှစ်စီးက အတင်းရိုက်နှက်ပြီး ကားပေါ် ခေါ်တင်သွားတာပါ......
ကောင်မလေးက 20 ကျော်ကျော် လောက်ဘဲရှိအုံးမယ် ထင်တယ်....ဖုန်းကင်မရာ ဖွင့်ပြီးချက်ချင်းရိုက်မိတဲ့ အချိန်က ကောင်မလေးကားပေါ် ပါသွားပြီ အပြင် ခံအကျီ က ကားတံခါးမှာ ညှပ်ပြီး အဲ့အတိုင်း တွဲလောင်းကြီးပါသွားတယ်.........

ခေတ်ကာလ မကောင်းတဲ့ အချိန်မိန်းခလေးတွေ အပြင်မထွက်ကြပါနဲ့ရှင်
မိဘတွေ ရင်ကျိုးရ မဲ့အခြေအနေပါ......

မူရင်းပိုစ့်တင်သူ
NADI

စစ်ကောင်စီ မီးရှိဖျက်ဆီး၍ နေအိမ်ဆုံးရှုးခဲ့သည့် စမ်းချောင်းမြိုနယ်အုပ်ချုပ်ရေးမှူးက နေအိမ်ပြန်ဆောက်ပေးရန် လုပ်ငန်းရှင်မျ...
08/05/2024

စစ်ကောင်စီ မီးရှိဖျက်ဆီး၍ နေအိမ်ဆုံးရှုးခဲ့သည့် စမ်းချောင်းမြိုနယ်အုပ်ချုပ်ရေးမှူးက နေအိမ်ပြန်ဆောက်ပေးရန် လုပ်ငန်းရှင်များထံ ငွေတောင်းခံ

မေလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်တွင် စစ်ကောင်စီတပ်၏ မီးရှိဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှူးခဲ့သည့် စမ်းချောင်းမြိုနယ်အုပ်ချုပ်ရေးမှူးက နေအိမ်ပြန်‌ဆောက်ရန် အကြောင်းပြချက်ဖြင့် လုပ်ငန်းရှင်များထံမှ အတင်းအကျပ်ငွေကောက်နေကြောင်း ဒေသခံများက ပြောသည်။

"ထီးချိုင့်မှာ သူ့အိမ်ရှိတာ ။ စစ်တပ်က မီးရှိတော့ပါသွားတယ်။ လက်ရှိမှာ အဲဒီ့ဟာအတွက်လို ခေါင်းစဉ်တပ်ပြီး စမ်းချောင်းမှာရှိတဲ့လုပ်ငန်းရှင်တွေကို ပိုက်ဆံတောင်းတယ်ဆိုတာထက် ပေးကိုပေးရမယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာ"ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာက ပြောသည်။

လုပ်ငန်းရှင်များထံမှ သိန်းဆယ်ချီ၍တောင်းခံမှုများရှိသည်ဟု သိရပြီး ဧပြီအတွင်း စတင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြိုနယ်သို  လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ...
07/05/2024

ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြိုနယ်သို လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး တပ်ဖွဲများက ဘောလခဲမြိုနယ်အနီးတွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ထံက သိရှိရပြီး စစ်ကောင်စီ၏ လေတပ်သတင်းရင်းမြစ်ကမူ သယ်ယူပိုဆောင်ရေး စစ်ရဟတ်ယာဉ်သည် ကရင်နီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဆင်းသက်ရန် ကြိုးပမ်းရင်း ပျက်ကျခဲ့သည်ဟု ပြောဆိုသည်။

"ပစ်ချခံရတာက သယ်ယူပိုဆောင်ရေးရဟတ်ယာဉ်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ်မှာ ပါတဲ့ သူ ၁၁ ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ရဟတ်ယာဉ်က တစ်ခါတည်းပျက်ကျသွားတာမျိုးမဟုတ်ဘဲနဲ့ ပစ်ခံရပြီး ဆင်းသက်ဖို ကြိုးစားရင်း ပျက်ကျတာ။ အပစ်ခံရတဲ့အချိန် ရဟတ်ယာဉ်ထဲမှာ စုစုပေါင်း ၁၈ ဦးရှိနေတယ်။ ကျနော်တို သိထားတာကတော့ အပစ်ခံရတာက Mi 17 ရဟတ်ယာဉ်အမျိုးအစားပါ" ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲများ၏ပစ်ချခြင်းကိုခံရသည့် ဖက်ဆစ်မိစ္ဆာရဟက်ယာဥ် ၈စီးရှိပြီဖြစ်သည်။

ဓာတ်ပုံ - ယမန်နေ့ ကရင်နီတပ်များက ပစ်ချလိုက်တဲ့ Mi17 အမျိုးအစား ရဟတ်ယာဉ်အပျက်အား တွေ့ရစဥ်။

ဆင်ဖြူကျွန်းမြိုအနီး PDF တပ်ဖွဲများ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုမျာ...
05/05/2024

ဆင်ဖြူကျွန်းမြိုအနီး PDF တပ်ဖွဲများ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်

ေလ ၅ ရက်

မကွေးတိုင်း၊ စလင်းမြိုနယ်၊ ဆင်ဖြူကျွန်းမြိုအနီး PDF တပ်ဖွဲများ ဝင်ရောက်လာပြီး ပြည်သူများကို အားပေးစကား ပြောကြားကာ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မေလ ၅ ရက်

နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ) ရဲဘော်များက စလင်းမြိုနယ်၊ ဆင်ဖြူကျွန်းမြိုနှင့် နွယ်တမယ်ရွာ အကြားရှိ စလင်းချောင်းကို ဆက်သွယ်ထားသော ဆင်ဖြူကျွန်း - နွယ်တမယ်တံတားပေါ်နှင့် ဆုတ်လေဦးဘက်တို၌ စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ) ရဲဘော်များ ရောက်ရှိနေရာယူခဲ့ပြီး ဒေသပြည်သူများကို အားပေး စကား ပြောကြားကာ လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတလင်တွင် မိုးကြိုးပစ်၍ ပြည်သူ ၂ ဦးသေဆုံးမေလ ၅ ရက်စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ၂ ရက်ဆက် လေပြင်း တိုက်ခတ်ပြီး မို...
05/05/2024

ဘုတလင်တွင် မိုးကြိုးပစ်၍ ပြည်သူ ၂ ဦးသေဆုံး

မေလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ၂ ရက်ဆက် လေပြင်း တိုက်ခတ်ပြီး မိုးကြိုးထိမှန်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံး ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက် နှင့် ၂ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးကြိုးထိမှန်ခြင်းကြောင့် ကံသစ် အနောက်တောရွာနှင့် အုပ်အိုင်ရွာမှ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့မှစပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်တို့တွင် မိုးသက် လေပြင်း တိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့ ထန်းတော၊ မြဇီးခြံ ရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း မေလ ၁ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်း တိုတ်ခတ်ခြင်းကြောင့် အိမ်အမိုး သွပ်ပြားထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ဖယ်ခုံမှာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၂ လုံးပျက်စီးမေလ ၅ ရက်...
05/05/2024

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ဖယ်ခုံမှာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၂ လုံးပျက်စီး

မေလ ၅ ရက်

အင်းလေးကန် ကို မြစ်ဖျားခံစီးဆင်းနေတဲ့ ဖယ်ခုံ ဘီလူးချောင်း အရှေ့ဘက်ကမ်းကို စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာပြီး နေအိမ် ၁၂ လုံး ပျက်စီးရတယ်လို့ သိရပါတယ်။

မေလ ၄ ရက် မနက်ပိုင်းက ထီရီးအခြေပြု စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဘီလူးချောင်းအရှေ့ဘက် ကုန်းသာရွာသား ၁ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရခဲ့တဲ့အပြင် ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်အနောက်ရွာတွေက နေအိမ် ၁၂ လုံးနဲ့ ဘုန်းကြီးကျောင်း သိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အရင်နေ့တွေကလဲ ဖယ်ခုံ ညောင်ကုန်းရပ်ကွက် ၅ ကို စစ်ကောင်စီက ဒရုန်းဗုံးနဲ့တိုက်ခိုက်လို့ အိမ် ၄ အိမ် မီးသင့်လောင်ကျွမ်းခဲ့သလိုကုန်းသာရွာက လေပြင်းတိုက်လို့ မိုးကာတဲတွေ ပျက်စီးခဲ့ရတဲ့ စစ်ရှောင်တွေဟာ အခုစစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အခြားဘေးလွတ်မယ့် နေရာကို ထပ်မံထွက်ပြေးကြရတယ်လို့သိရပါတယ်။

အမျိုးသားများ ပြည်ပထွက်ခွာခွင့် ဆိုင်းငံ့ခံရသည့် သတင်းများကြောင့် လူငယ်များစိုးရိမ်မှုမြင့်တက်မေလ ၅ ရက်စစ်ကောင်စီက အမျို...
05/05/2024

အမျိုးသားများ ပြည်ပထွက်ခွာခွင့် ဆိုင်းငံ့ခံရသည့် သတင်းများကြောင့် လူငယ်များစိုးရိမ်မှုမြင့်တက်

မေလ ၅ ရက်

စစ်ကောင်စီက အမျိုးသားများ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ကို မေ ၁ ရက်မှစတင်၍ ယာယီဆိုင်းငံ့လိုက်ပြီဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိပြီး ပြည်ပထွက်ခွာရန်ပြင်ဆင်နေသည့် လူငယ်များ ပြည်ပထွက်ခွာခွင့်မရမည်ကို စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

"ကျတော် အစက‌ အေဂျင်စီနဲ့ ချိတ်ထားတယ်။ ပြီးတော့ အလုပ်က သိပ်အဆင်မပြေတာနဲ့ အလည်အပတ်ပက်စ်ပို့စ် (PV)ပြောင်းပြီးထွက်မလို့ ကျွန်တော့် အလုပ်ပက်စ်ပို့စ် (PJ) ဆိုတော့လေ။ အခုကျတော့ ဒီလိုသတင်းတွေထွက်လာတော့ PV ချိန်းမရမှာလဲ စိုးရိမ်မိတယ်။ ရုတ်တရက်ကြီးသူတို့က PV ချိန်းခွင့်ပါမပေးတော့မှာကိုပေါ့။ စောစောစီးစီးပြောင်းပြီး ထွက်ဖို့လုပ်နေတယ်။ သူတို့ PV တွေကိုပါ ထွက်ခွင့်ပိတ်လိုက်ရင် ကျွန်တော်တို့ ပိုတိုင်ပတ်သွားနိုင်တယ်" ဟု ပြည်ပထွက်ခွာအလုပ်လုပ်ရန်ပြင်ဆင်နေသည့် လူငယ်တစ်ဦးက NLP ကိုပြောသည်။

လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို စစ်တပ်ကဟုဆိုကာ  ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွားရန်ကုန်၊  မေ ၄ ရ...
04/05/2024

လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို စစ်တပ်ကဟုဆိုကာ ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၄

ရှမ်းပြည်နယ်၊ တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်သော လူငယ်တစ်ဦးကို ကားဂိတ်တွင် စစ်တပ်ကဟိုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပေါ်တာဆွဲပြီး ငွေညှစ်မှု ဖြစ်ပွားကြောင်း ဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင်များက နွေလယ်ပန်းသတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ ရှမ်းပြည်နယ်၊တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးသို့ သွားရောက်သော လူငယ် မောင်ထွန်းမြတ်သည် မန္တလေး ကားကြီးကွင်း ရောက်ရှိချိန် လူတစ်ဦးက "ဘယ်သွားမလဲ" ၊ "ကားငှားမလား" ဟုဆိုကာ သူနှင့်လိုက်ခဲ့ရန် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မီနီအိုးဝေဖြင့် ခေါ်ဆောင်ကာ KTV တစ်ခုအတွင်းသို့ ထည့်ထားခဲ့ကြောင်း၊ KTV အတွင်းသို့ ရောက်ရှိသောအခါ လူ ၆ ဦးက လူငယ်၏ အဝတ်ထုပ်များ ပိုက်ဆံအိတ်နှင့် ဖုန်းများကို သိမ်းဆည်းကာ ကိုယ်ရေးအကျဉ်း ရိုက်နှက် စစ်မေးကြောင်း၊ စကားတစ်ခွန်းမေးတိုင်း နားရင်းတစ်ချက် ရိုက်ကြောင်း၊ ရိုက်နှက်သူများက ၎င်းတို့သည် စစ်သားများ ဖြစ်ကြောင်း၊ ဖမ်းဆီးရသော လူငယ်ကို နိုင်ငံရေးလုပ်သည် PDF နှင့်ဆက်သွယ်သည်ဆိုပြီး သတ်ပစ်လို့ရကြောင်း၊ စစ်တပ်ထဲ ပို့နိုင်ကြောင်း ပြောဆိုပြီး မိဘများထံ ဖုန်းခေါ်ခိုင်းကြောင်း၊ မိဘများနှင့် ဖုန်းအဆက်သွယ်ရသောအခါ ပြန်ပေးဆွဲသူများက ငွေကြေးတောင်းခံကြောင်း၊ ငွေလွှဲပေးသည်နှင့် ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

"မောင်လေးက မန္တလေးကနေ ကျောက်ဆည်ကို ဆက်သွားမလို့။ အဲဒါ ကားကြီးကွင်းမှာ ကားငှားမလားဆိုပြီး လူတစ်ဦးက ဆွဲခေါ်သွားတာ။ KTV ရောက်တော့မှာ လူ ၆ ယောက်လောက်က ၀ိုင်းရိုက်ပြီး ပစ္စည်းတွေ၊ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ သိမ်းတယ်။ အိမ်ကို ဖုန်းခေါ်ခိုင်းပြီး ငွေညှစ်တယ်။ ငွေကတော့ နောက်ဆုံး မတတ်နိုင်လို့ပါ တောင်းပန်တော့မှ ငွေ ၅ သိန်းချက်ချင်းလွှဲခိုင်းတယ်" ဟု ဖမ်းဆီးခံရသူလူငယ်၏ အစ်မဖြစ်သူက နွေလယ်ပန်း သတင်းဌာနထံသို့ ပြောဆိုသည်။

ပြန်ပေးဆွဲသူများ တောင်းခံသည့် ငွေကို K Pay မှတစ်ဆင့် လွှဲပေးလိုက်ပြီးနောက် တိုင်ကြားခြင်းမပြုလုပ်ရန်၊ အသံဖမ်းမထားရန် စသည်ဖြင့် အကြိမ်ကြိမ် အော်ဟစ် ရိုက်နှက်ပြီး ဖမ်းဆီးထားသူ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

"ပိုက်ဆံမပေးခင်က သတ်ပစ်တယ်။ စစ်ကြောရေးပို့မယ်၊ PDF ဆိုပြီး ထောင်ချမယ် အမျိုးမျိုး ပြောတာ။ ငွေလွှဲပေးတော့လည်း မတိုင်ဖို့၊ ဖုန်းပြောတာကို Record လုပ်မထားဖို့ အကြိမ်ကြိမ်ပြောတယ်။ ငွေလွှဲတော့မှ ကလေးကို ရိုက်နှက်ပြီး ပြန်လွှတ်တယ်။ မောင်လေးက ပြောတာတော့ ဖမ်းထားတဲ့သူတွေက ဓားတွေနဲ့လို့ ပြောတယ်။ မောင်လေးပိုက်ဆံအိတ်ထဲကငွေတွေလည်း အကုန်ယူသွားပါတယ်။ ကိုင်တဲ့ဖုန်းတောင် စုတ်ပြီး သိပ်တန်ဖိုးမရှိလို့ ပြန်ပေးလိုက်တာ" ဟု ဖမ်းဆီးခံရသူ၏ အစ်မဖြစ်သူကရှင်းပြသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် ခရီးသွားပါက တစ်ဦးတည်းမသွားဘဲ အဖော်ဖြင့်သွားရန်၊ လာရောက်ခေါ်ဆောင်သူများနောက်သို့ မလိုက်ရန်နှင့် ရွှေငွေများ အများအပြား ယူဆောင်သွားခြင်းမပြုရန် အသိပေးလိုကြောင်း ၎င်းက ပြောဆိုသည်။

"မောင်လေး ဖြစ်စဉ်ကို ပြောပြတာက လူငယ်တွေ ခရီးသွားရင် သတိထားစေချင်လို့ပါ။ ကျမမောင်လေးလိုလည်း မဖြစ်စေချင်လို့" ဟုပြောဆိုသည်။

အဆိုပါပြန်ပေးဆွဲ ငွေညှစ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတိုင်ကြားရန် မရှိဘဲ မန္တလေးရောက်ရှိနေသော မောင်ဖြစ်သူ ဘေးကင်းစွာဖြင့် အိမ်ပြန်ရောက်ရန်သာ အဓိက ဖြစ်သည်ဟု မိသားစုဘက်က နွေလယ်ပန်း သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ခရီးသည်တင်ကားပေါ် တက်၍ မှတ်ပုံတင်စစ်နေသည့် အကြမ်းဖက်စ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံးရန်ကုန်၊ မေ ၃ မြန်မာနိုင်ငံတစ်ဝန်း မေလ ၃ ရက်နေ့ ရရှိထားသော အချက်အလက...
04/05/2024

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း မေလ ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

နွေလယ်ပန်း အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
#နွေလယ်ပန်း #သတင်ရ

"စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ဖြစ်မြောက်ရာ ခြေလမ်းအစသည်ကားမှန်ကန်သော သတင်းအချက်အလက် နှင့် ခိုင်လုံသော သတင်းအရင်းအမြစ်သာ...
04/05/2024

"စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ဖြစ်မြောက်ရာ ခြေလမ်းအစသည်ကား
မှန်ကန်သော သတင်းအချက်အလက် နှင့် ခိုင်လုံသော သတင်းအရင်းအမြစ်သာဖြစ်သည်”

🌅နွေလယ်ပန်း သတင်းအေဂျင်စီ🌅
Founder - ဆရာမင်းသိမ်းခန့်(သန်လျင်)

Address


Website

Alerts

Be the first to know and let us send you an email when Nway Lal Pan News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share