Let's Eat Healthy Salads

  • Home
  • Let's Eat Healthy Salads

Let's Eat Healthy Salads မင်္ဂလာပါရှင့်
မြေလတ်ပိုင်းဒေသမှာ စားလေ့ရှိတဲ့စားသောက်ပုံတွေ၊ဟင်းချက်နည်းတွေ နဲ့ရိုးရာဓလေ့တွေကိုမျှဝေပေးနေပါတယ်ရှင်

ကဲ ဘယ်လောက်လှလည်း💕အကုန်အကျလည်းသက်သာမယ်မျက်စိလည်းအေးအစာလည်းပေးတယ်မနောဖြူတောသူတို့ရဲ့အညာမှာတော့ဒီအချိန်အိမ်တိုင်းစျေးဆိုင်...
03/07/2024

ကဲ ဘယ်လောက်လှလည်း💕
အကုန်အကျလည်းသက်သာမယ်
မျက်စိလည်းအေး
အစာလည်းပေးတယ်
မနောဖြူတောသူတို့ရဲ့အညာမှာတော့ဒီအချိန်အိမ်တိုင်းစျေးဆိုင်ခင်းတာပအေ
ပေါလာရင်တော့ဝယ်မစားရဘူး အညာသူတွေသဒ္ဒါဖြူချက်ကတော့
ရော့..ရော့ လိုသလောက်ခူးယူပဲ😊
#အညာမြေ
#တောဓလေ့
#သဘာဝ

#သခွါး
#ဖရုံ
#ပင်စိမ်း
#ပဲသီး

01/07/2024

ချဥ်ပေါင်ခါးဟင်းချိုနှင့်ငါးခြောက်ငရုပ်သီးကြော်ဗျို့
ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်းပေါ့😊
#ခရမ်းသီး
#ချဥ်ပေါင်ခါး
#ရုံးပတီသီး
#အညာမြေ
#တောဓလေ့


ဘာလေးတွေလဲသိကြလားဗျို့🥗ဘယ်လိုလေးချက်စားရင်ကောင်းမလဲ🍽🤔😁ညနေဘက်ယာခင်းအပြန်မှာရလာခဲ့သောဟင်းစားလေး
25/06/2024

ဘာလေးတွေလဲသိကြလားဗျို့🥗
ဘယ်လိုလေးချက်စားရင်ကောင်းမလဲ🍽🤔😁
ညနေဘက်ယာခင်းအပြန်မှာရလာခဲ့သောဟင်းစားလေး

Helloအားလုံးပဲမင်္ဂလာပါနော်😍 ကျန်းမာရေးအဆင်မပြေတာရော 🤒တခြားအကြောင်းလေးတွေကြောင့်ရောvideoလေးတွေမတင်ဖြစ်ပဲဖြစ်နေခဲ့တာပါ ဒီ...
24/06/2024

Hello
အားလုံးပဲမင်္ဂလာပါနော်😍 ကျန်းမာရေးအဆင်မပြေတာရော 🤒တခြားအကြောင်းလေးတွေကြောင့်ရောvideoလေးတွေမတင်ဖြစ်ပဲဖြစ်နေခဲ့တာပါ ဒီနေ့ကတော့အညာဟင်းချက်နည်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်👩‍🍳 မနေ့ကအဖေနှမ်းကျဲသွားချိန်မှာဖလံတောင်ဝှေးလေးခူးပေးခဲ့ဖို့မှာလိုက်လို့ ခရမ်းသီးနဲ့ရောချက်ဖြစ်ပါတယ်
-ဖလံတောင်ဝှေးလေးကိုသေချာလေးဓားပြားရိုတ်
-ခရမ်းသီးလေးကိုမိမိစိတ်ကြိုက်လှီး🍆
-ကြက်သွန်နီလေးနှစ်ဥကိုလှီးထား
-ခရမ်းချဥ်သီးလေးလည်းတစ်လုံးလောက်လှီးထည့်🍅
-ပြီးရင်အိုးထဲအားလုံးထည့်ပြီး ဆား/ငပိအနည်းငယ်/နနွင်း/အရောင်တင်မှုန့်လေးထည့်/ဆီလေးထည့်/ရေလည်းအနည်းငယ်ထည့်ပြီးဆီပြန်နေအောင်ချက်လိုက်ရင်စားကောင်းတဲ့ခရမ်းသီးဖလံတောင်ဝှေးအညာချက်လေးရပြီပေါ့🥗
ကြိုက်နှစ်သက်တယ်ဆိုစမ်းချက်စားကြည့်ပါနော်😊😍😍😍😍😘

မိုးအကျတောအလှ....စိမ်းစိမ်းစိုလို့လယ်တောနီးနားဟင်းစားမရှားတော့တဲ့အချိန်ပေါ့
06/06/2024

မိုးအကျတောအလှ....
စိမ်းစိမ်းစိုလို့
လယ်တောနီးနား
ဟင်းစားမရှားတော့တဲ့အချိန်ပေါ့

03/06/2024

မှိုရှာသွားပြီးမြေပဲပင်ပေါက်ရခဲ့တဲ့နေ့ ဒီလိုဆိုတော့လည်းမှိုကြော်အစားမြေပဲပင်ပေါက်ကြော်ပေါ့ရှင်

ဒီအချိန်မှာလွမ်းစရာပေါတယ်....ချစ်သူလား ဘာလားပေါ့နော်😁ကျွန်မကတော့noပါကျွန်မအမေကြီးရဲ့ "သမီးရေ မှိုနဲ့လယ်ကန်စွန်းသွားရှာမယ...
01/06/2024

ဒီအချိန်မှာလွမ်းစရာပေါတယ်....
ချစ်သူလား ဘာလားပေါ့နော်😁ကျွန်မကတော့noပါ
ကျွန်မအမေကြီးရဲ့ "သမီးရေ မှိုနဲ့လယ်ကန်စွန်းသွားရှာမယ်လေ"ဒီအသံလေးပေါ့
ကျွန်မကတော့ပျော်ပြီပဲ ခမောက်နဲ့မိုးကာစ ခြုံပြီးသား မိုးရွာရွာနဲ့မှိုကောက်သွားပြီးချောင်းရေအကျနဲ့တိုးလို့လည်ပင်းလောက်ရေအနက်ကိုမြေးအဖွားနှစ်ယောက်လက်ချိတ်ကူးကြတာလည်းအမှတ်တရပေါ့
မြက်ကြားမှိုနဲ့မှိုဥလေးတွေအနောက်ကွင်းထဲလုကောက်ကြတဲ့အခါလည်းရှိတယ်
ဘာမှိုမှရှာမရတဲ့နေ့ဆို ပိန်းရွက်နု/မှိုနတို/မြေပဲပင်ပေါက်/လယ်ကန်စွန်းရ ရာခူးပြီးပြန်လိုက်ကြတာပဲ
လွမ်းစရာကဒါတင်ဘယ်ကမလဲ
မှိုရှာသွားဖို့တအားပျော်နေတဲ့ကျွန်မတို့မြေးအဖွားကို
ရေနွေးကြမ်းသောက်ရင်းကြည့်နေတဲ့ဘိုးဘိုးမှာနေကြ
"မှိုဆိုတာမြွေကြိုက်တယ်ကွ ကျင်းလိုက်တွေ့လည်းပျော်ပြီးမကောက်နဲ့ မရလို့လည်းမြက်ထူထူထဲအရမ်းမသွားနဲ့ကြားလား"
မိုးအေးအေးထဲနွေထွေးစေတဲ့စကားလေးပေါ့
ပြန်မရနိုင်သောအမှတ်တရများသို့ ........

27/05/2024

ဖားဟင်းလည်းစားကြည့်ချင်တယ်
အကောင်လိုက်ကြီးချက်ထားရင်လည်းစားမရဲဘူးဆို
ဒီနည်းလေးသုံးပြီးချက်စားကြည့်နော်
Okစိုပြေသွားမယ်
ကြိုက်နှစ်သက်တယ်ဆိုရင်တော့like/share/followလေးလည်းလုပ်ပေးသွားဦးနော်😁

26/05/2024

မိုးလေးဖြန်းလိုက်တာနဲ့ ဆေးဖက်လဲဝင်၊ဟင်းလဲဖြစ်တဲ့ ကညွတ်ပင်‌တွေပေါလာပြီ....
plants

မင်မင်ကတောသူပါမြို့နဲ့လှမ်းနေတဲ့ရွာတစ်ရွာကပြီးတော့အစားအသောက်ကလည်းသိပ်သိပ်ကြိုက် ဒါကြောင့်လဲအစားအသောက်တင်ပေးတဲ့groupတွေလည...
25/05/2024

မင်မင်ကတောသူပါ
မြို့နဲ့လှမ်းနေတဲ့ရွာတစ်ရွာက
ပြီးတော့အစားအသောက်ကလည်းသိပ်သိပ်ကြိုက် ဒါကြောင့်လဲအစားအသောက်တင်ပေးတဲ့groupတွေလည်းjoinတယ် အစားအသောက်ရောင်းတဲ့postတွေလည်းအမြဲ​​​ကြည့်ပြီးသွားရည်ကျ​​​နေရသူပါ
"သွားစားပေါ့လို့ပြောရင်လည်း
ကားခနဲ့တင်လန်ကျ
ငွေကလည်းရှား' အားပဲကျနေရတာပေါ့
"အမေရယ်စားချင်လိုက်တာနဲ့ခဏတိုင်းငြီးနေတော့
အမေက သမီးစားချင်နေတာတွေအမေ မသိဘူးလုပ်လည်းမလုပ်တတ်ဘူး အမေလုပ်တတ်တဲ့"တောသရေစာလေးတော့လုပ်ပေးမယ်ဆိုပြီးလုပ်ပေးတော့တာပဲ
မိဘတွေကတော့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးကြတယ်နော်
အများကြီးကျေးဇူးတင်တယ်
ရှင်တို့လည်းပြန်သွားရည်ကျလို့ရအောင်တင်ပေးလိုက်တယ်
ကျွန်မကတော့မိုးအေးအေးမှာရေနွေးကြမ်းလေးနဲ့okပြီ

မရတာတွေမမျှော်ပဲရတာလေးနဲ့ပျော်ပြီးအားရပါးရစားနေတဲ့ကျွန်မကိုကြည့်ပြီး အမေကတော့ပြုံးပြုံးကြီးပေါ့
ထပ်ပြောရရင်အမေ့လက်ရာသာအကောင်းဆုံးပါအမေ
ကျေးဇူးလည်းတင်တယ်🙏
ချစ်လည်းချစ်ပါတယ်💓

24/05/2024

စျေးဖိုးနည်းပြီးထမင်းမြိန်စေမယ့်ငပိချက်ကောင်းလေးတစ်ခွက်ပါနော်

23/05/2024

ချဥ်ချဥ်စပ်စပ်နဲ့ထမင်းစားမြိန်စေမယ့်သရက်သီးခြောက်စပ်ချဥ်ဟင်းလေးပါ

21/05/2024

အရသာမရိုးမဆန်း ငှက်ပျောအူသောက်ဆမ်းလေးပါရှင့်

20/05/2024

အမေသုပ်ကျွေးနေကျ ချဥ်ချိုစိမ့်အရသာလေးနဲ့ ဂွတ် ဂွတ်ရှယ်ပဲသီးသုပ်
#အသုပ်

19/05/2024

ဆွေမျိုးမေ့မယ့် ဒေသစာလဲလူရွက်နဲ့ဝါစေ့ပင်ပေါက်ဟင်း

ပိတ်ရက်မှာဘာဟင်းတွေချက်စားဖြစ်ကြလည်းရှင့် ကျွန်မတော့ကြောင်လျှာရွက်သုပ်စားဖြစ်လို့📢သုပ်နည်းလေးမျှဝေပေးမယ်နော်ခါးစိမ့်စိမ်...
19/05/2024

ပိတ်ရက်မှာဘာဟင်းတွေချက်စားဖြစ်ကြလည်းရှင့် ကျွန်မတော့ကြောင်လျှာရွက်သုပ်စားဖြစ်လို့
📢သုပ်နည်းလေးမျှဝေပေးမယ်နော်
ခါးစိမ့်စိမ့်အရသာလေးနဲ့အရမ်းကိုစားကောင်းသောလေး

လိုအပ်သောပါဝင်ပစ္စည်းများ

-ငပိဆီချက်
-ကြက်သွန်နီ
-မြေပဲလှော်ထောင်း
-ပဲကျက်မှုန့်
-သံပုရာသီး
ဆားအရသာလိုသလိုထည့်သုပ်လိုက်ရင်စားကောင်းတဲ့ဟင်းတစ်ခွက်ရပါပြီ။လွယ်လွယ်လေးမို့လိုက်လုပ်စားကြည့်နော်
မှတ်ချက် ကြောင်လျှာရွက်ကိုဆားနဲ့နှစ်ကြိမ်လောက်သေချာနယ်ဆေးပြီးရေနွေးလေးနဲ့ငါးမိနစ်လောက်တော့ပြုတ်ပေးရပါမယ်နော်

17/05/2024

အသားဟင်းတွေမလို အပိုမပြောငရုပ်ဆားထောင်း ချဥ်ရည်ဟင်းနှင့်တွဲဖက်စားကောင်းငှက်ပျောဟင်းကောင်းလေးပါရှင့်
#ငှက်ပျောသီး

16/05/2024

လွယ်ရှင်းမြန်ဆန်အရသာမှန်တဲ့ငှက်ပျောသီးသုပ်လေး


#ငှက်ပျောသီး

14/05/2024

အတွဲအစပ်မိမိုက်တဲ့ငါးသလဲထိုးကြော်နှင့်ကင်မွန်းရွတ်ချဥ်ရည်ဟင်း

#ငါးသလဲထိုးကြော်

#ကင်မွန်းချဥ်

13/05/2024

မှိုနတို/ခပ်ချိုပြုတ်နဲ့ စားကောင်းလှတဲ့ငပိရည်ကျို

12/05/2024

ဂွတ် ဂွတ်ရှယ် အမေ့လက်ရာအမဲသားနှပ်

#အမဲသားနှပ်

ကံကောင်းချင်လားကန်စွန်းရွတ်စားတဲ့ကြားဖူးနားဝပြောပြတာပါတကယ်လားဘာလားတော့မသိ😁 ဒါပေမယ့်စျေးဖိုးသက်သာပြီးလုပ်ရလွယ်တဲ့ကန်စွန်း...
10/05/2024

ကံကောင်းချင်လားကန်စွန်းရွတ်စားတဲ့
ကြားဖူးနားဝပြောပြတာပါတကယ်လားဘာလားတော့မသိ😁 ဒါပေမယ့်စျေးဖိုးသက်သာပြီးလုပ်ရလွယ်တဲ့ကန်စွန်းရွတ်သုပ်တော့လုပ်စားကြည့် ဂွတ်ဂွတ်ဂွတ်ဂွတ်ရှယ်ပဲ...........😁
ပါဝင်ပစ္စည်းတွေက
1.ကန်စွန်းရွတ်
2.ကြက်သွန်ဖြူဆီချက်
3.မြေပဲလှော်ထောင်း
4.ပဲကျက်မှုန့်
5.ဆား(သို့မဟုတ်)ငံပြာရည်
6.အရသာမှုန့်
7.ခရမ်းချဥ်သီး
8.ကြက်သွန်နီ ကိုယ်သုပ်မယ့်ပမာဏပေါ်မူတည်ပြီးအနည်းအများလျော့ထည့်လို့စားကောင်းတဲ့ဂွတ်ဂွတ်ရှယ်သုပ်ရပြီ
လုပ်စားကြည့်ကြနော်
မှတ်ချက်-အချဥ်ကြိုက်ရင်သံပရာသီးလေးထည့်သုပ်ပေါ့

#ကန်စွန်းရွတ်
#အသုပ်စုံ

09/05/2024

ချက်ရတာရိုးရှင်းလွယ်ကူတဲ့အရွတ်စုံဟင်းနှင့်သခွတ်ရိုးသုပ်

07/05/2024

ရှားစောင်းဖျော်ရည်ပါရှင့်
လုပ်ရလွယ်ပြီးကုန်ကျစရိတ်သက်သာသလိုကောင်းကျိုးလည်းအများကြီးရှိတဲ့ဖျော်ရည်တစ်မျိုးပါရှင်

#ရှားစောင်း

06/05/2024

Nature


သရက်သီးသုပ်   mango salads
06/05/2024

သရက်သီးသုပ်

mango salads

05/05/2024

Let's Eat Healthy Salads with me

Address


Website

Alerts

Be the first to know and let us send you an email when Let's Eat Healthy Salads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Eat Healthy Salads:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share