Let's Eat Healthy Salads

  • Home
  • Let's Eat Healthy Salads

Let's Eat Healthy Salads မင်္ဂလာပါရှင့်
မြေလတ်ပိုင်းဒေသမှာ စားလေ့ရှိတဲ့စားသောက်ပုံတွေ၊ဟင်းချက်နည်းတွေ နဲ့ရိုးရာဓလေ့တွေကိုမျှဝေပေးနေပါတယ်ရှင်

ကဲ ဘယ်လောက်လှလည်း💕အကုန်အကျလည်းသက်သာမယ်မျက်စိလည်းအေးအစာလည်းပေးတယ်မနောဖြူတောသူတို့ရဲ့အညာမှာတော့ဒီအချိန်အိမ်တိုင်းစျေးဆိုင်...
03/07/2024

ကဲ ဘယ်လောက်လှလည်း💕
အကုန်အကျလည်းသက်သာမယ်
မျက်စိလည်းအေး
အစာလည်းပေးတယ်
မနောဖြူတောသူတို့ရဲ့အညာမှာတော့ဒီအချိန်အိမ်တိုင်းစျေးဆိုင်ခင်းတာပအေ
ပေါလာရင်တော့ဝယ်မစားရဘူး အညာသူတွေသဒ္ဒါဖြူချက်ကတော့
ရော့..ရော့ လိုသလောက်ခူးယူပဲ😊
#အညာမြေ
#တောဓလေ့
#သဘာဝ

#သခွါး
#ဖရုံ
#ပင်စိမ်း
#ပဲသီး

01/07/2024

ချဥ်ပေါင်ခါးဟင်းချိုနှင့်ငါးခြောက်ငရုပ်သီးကြော်ဗျို့
ခင်ရာဆွေမျိုးမြိန်ရာဟင်းကောင်းပေါ့😊
#ခရမ်းသီး
#ချဥ်ပေါင်ခါး
#ရုံးပတီသီး
#အညာမြေ
#တောဓလေ့


ဘာလေးတွေလဲသိကြလားဗျို့🥗ဘယ်လိုလေးချက်စားရင်ကောင်းမလဲ🍽🤔😁ညနေဘက်ယာခင်းအပြန်မှာရလာခဲ့သောဟင်းစားလေး
25/06/2024

ဘာလေးတွေလဲသိကြလားဗျို့🥗
ဘယ်လိုလေးချက်စားရင်ကောင်းမလဲ🍽🤔😁
ညနေဘက်ယာခင်းအပြန်မှာရလာခဲ့သောဟင်းစားလေး

Helloအားလုံးပဲမင်္ဂလာပါနော်😍 ကျန်းမာရေးအဆင်မပြေတာရော 🤒တခြားအကြောင်းလေးတွေကြောင့်ရောvideoလေးတွေမတင်ဖြစ်ပဲဖြစ်နေခဲ့တာပါ ဒီ...
24/06/2024

Hello
အားလုံးပဲမင်္ဂလာပါနော်😍 ကျန်းမာရေးအဆင်မပြေတာရော 🤒တခြားအကြောင်းလေးတွေကြောင့်ရောvideoလေးတွေမတင်ဖြစ်ပဲဖြစ်နေခဲ့တာပါ ဒီနေ့ကတော့အညာဟင်းချက်နည်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်👩‍🍳 မနေ့ကအဖေနှမ်းကျဲသွားချိန်မှာဖလံတောင်ဝှေးလေးခူးပေးခဲ့ဖို့မှာလိုက်လို့ ခရမ်းသီးနဲ့ရောချက်ဖြစ်ပါတယ်
-ဖလံတောင်ဝှေးလေးကိုသေချာလေးဓားပြားရိုတ်
-ခရမ်းသီးလေးကိုမိမိစိတ်ကြိုက်လှီး🍆
-ကြက်သွန်နီလေးနှစ်ဥကိုလှီးထား
-ခရမ်းချဥ်သီးလေးလည်းတစ်လုံးလောက်လှီးထည့်🍅
-ပြီးရင်အိုးထဲအားလုံးထည့်ပြီး ဆား/ငပိအနည်းငယ်/နနွင်း/အရောင်တင်မှုန့်လေးထည့်/ဆီလေးထည့်/ရေလည်းအနည်းငယ်ထည့်ပြီးဆီပြန်နေအောင်ချက်လိုက်ရင်စားကောင်းတဲ့ခရမ်းသီးဖလံတောင်ဝှေးအညာချက်လေးရပြီပေါ့🥗
ကြိုက်နှစ်သက်တယ်ဆိုစမ်းချက်စားကြည့်ပါနော်😊😍😍😍😍😘

မိုးအကျတောအလှ....စိမ်းစိမ်းစိုလို့လယ်တောနီးနားဟင်းစားမရှားတော့တဲ့အချိန်ပေါ့
06/06/2024

မိုးအကျတောအလှ....
စိမ်းစိမ်းစိုလို့
လယ်တောနီးနား
ဟင်းစားမရှားတော့တဲ့အချိန်ပေါ့

03/06/2024

မှိုရှာသွားပြီးမြေပဲပင်ပေါက်ရခဲ့တဲ့နေ့ ဒီလိုဆိုတော့လည်းမှိုကြော်အစားမြေပဲပင်ပေါက်ကြော်ပေါ့ရှင်

ဒီအချိန်မှာလွမ်းစရာပေါတယ်....ချစ်သူလား ဘာလားပေါ့နော်😁ကျွန်မကတော့noပါကျွန်မအမေကြီးရဲ့ "သမီးရေ မှိုနဲ့လယ်ကန်စွန်းသွားရှာမယ...
01/06/2024

ဒီအချိန်မှာလွမ်းစရာပေါတယ်....
ချစ်သူလား ဘာလားပေါ့နော်😁ကျွန်မကတော့noပါ
ကျွန်မအမေကြီးရဲ့ "သမီးရေ မှိုနဲ့လယ်ကန်စွန်းသွားရှာမယ်လေ"ဒီအသံလေးပေါ့
ကျွန်မကတော့ပျော်ပြီပဲ ခမောက်နဲ့မိုးကာစ ခြုံပြီးသား မိုးရွာရွာနဲ့မှိုကောက်သွားပြီးချောင်းရေအကျနဲ့တိုးလို့လည်ပင်းလောက်ရေအနက်ကိုမြေးအဖွားနှစ်ယောက်လက်ချိတ်ကူးကြတာလည်းအမှတ်တရပေါ့
မြက်ကြားမှိုနဲ့မှိုဥလေးတွေအနောက်ကွင်းထဲလုကောက်ကြတဲ့အခါလည်းရှိတယ်
ဘာမှိုမှရှာမရတဲ့နေ့ဆို ပိန်းရွက်နု/မှိုနတို/မြေပဲပင်ပေါက်/လယ်ကန်စွန်းရ ရာခူးပြီးပြန်လိုက်ကြတာပဲ
လွမ်းစရာကဒါတင်ဘယ်ကမလဲ
မှိုရှာသွားဖို့တအားပျော်နေတဲ့ကျွန်မတို့မြေးအဖွားကို
ရေနွေးကြမ်းသောက်ရင်းကြည့်နေတဲ့ဘိုးဘိုးမှာနေကြ
"မှိုဆိုတာမြွေကြိုက်တယ်ကွ ကျင်းလိုက်တွေ့လည်းပျော်ပြီးမကောက်နဲ့ မရလို့လည်းမြက်ထူထူထဲအရမ်းမသွားနဲ့ကြားလား"
မိုးအေးအေးထဲနွေထွေးစေတဲ့စကားလေးပေါ့
ပြန်မရနိုင်သောအမှတ်တရများသို့ ........

27/05/2024

ဖားဟင်းလည်းစားကြည့်ချင်တယ်
အကောင်လိုက်ကြီးချက်ထားရင်လည်းစားမရဲဘူးဆို
ဒီနည်းလေးသုံးပြီးချက်စားကြည့်နော်
Okစိုပြေသွားမယ်
ကြိုက်နှစ်သက်တယ်ဆိုရင်တော့like/share/followလေးလည်းလုပ်ပေးသွားဦးနော်😁

26/05/2024

မိုးလေးဖြန်းလိုက်တာနဲ့ ဆေးဖက်လဲဝင်၊ဟင်းလဲဖြစ်တဲ့ ကညွတ်ပင်‌တွေပေါလာပြီ....
plants

မင်မင်ကတောသူပါမြို့နဲ့လှမ်းနေတဲ့ရွာတစ်ရွာကပြီးတော့အစားအသောက်ကလည်းသိပ်သိပ်ကြိုက် ဒါကြောင့်လဲအစားအသောက်တင်ပေးတဲ့groupတွေလည...
25/05/2024

မင်မင်ကတောသူပါ
မြို့နဲ့လှမ်းနေတဲ့ရွာတစ်ရွာက
ပြီးတော့အစားအသောက်ကလည်းသိပ်သိပ်ကြိုက် ဒါကြောင့်လဲအစားအသောက်တင်ပေးတဲ့groupတွေလည်းjoinတယ် အစားအသောက်ရောင်းတဲ့postတွေလည်းအမြဲ​​​ကြည့်ပြီးသွားရည်ကျ​​​နေရသူပါ
"သွားစားပေါ့လို့ပြောရင်လည်း
ကားခနဲ့တင်လန်ကျ
ငွေကလည်းရှား' အားပဲကျနေရတာပေါ့
"အမေရယ်စားချင်လိုက်တာနဲ့ခဏတိုင်းငြီးနေတော့
အမေက သမီးစားချင်နေတာတွေအမေ မသိဘူးလုပ်လည်းမလုပ်တတ်ဘူး အမေလုပ်တတ်တဲ့"တောသရေစာလေးတော့လုပ်ပေးမယ်ဆိုပြီးလုပ်ပေးတော့တာပဲ
မိဘတွေကတော့ အတတ်နိုင်ဆုံးဖြည့်ဆည်းပေးကြတယ်နော်
အများကြီးကျေးဇူးတင်တယ်
ရှင်တို့လည်းပြန်သွားရည်ကျလို့ရအောင်တင်ပေးလိုက်တယ်
ကျွန်မကတော့မိုးအေးအေးမှာရေနွေးကြမ်းလေးနဲ့okပြီ

မရတာတွေမမျှော်ပဲရတာလေးနဲ့ပျော်ပြီးအားရပါးရစားနေတဲ့ကျွန်မကိုကြည့်ပြီး အမေကတော့ပြုံးပြုံးကြီးပေါ့
ထပ်ပြောရရင်အမေ့လက်ရာသာအကောင်းဆုံးပါအမေ
ကျေးဇူးလည်းတင်တယ်🙏
ချစ်လည်းချစ်ပါတယ်💓

24/05/2024

စျေးဖိုးနည်းပြီးထမင်းမြိန်စေမယ့်ငပိချက်ကောင်းလေးတစ်ခွက်ပါနော်

23/05/2024

ချဥ်ချဥ်စပ်စပ်နဲ့ထမင်းစားမြိန်စေမယ့်သရက်သီးခြောက်စပ်ချဥ်ဟင်းလေးပါ

Address


Website

Alerts

Be the first to know and let us send you an email when Let's Eat Healthy Salads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Eat Healthy Salads:

  • Want your business to be the top-listed Media Company?

Share