Narrative Nook: Verse & Vision

  • Home
  • Narrative Nook: Verse & Vision

Narrative Nook: Verse & Vision Want to share about movies, books and other random stuff

သူငယ်ချင်းတစ်ယောက်က ညွှန်းတဲ့အားဆေး နာမည်က Pharmaton တဲ့ သူငယ်ချင်းက သူ့အမေကို အဲ့ဒီအားဆေးပဲ တိုက်တာတဲ့ ဒူးနာခါးနာတောင် ...
01/06/2024

သူငယ်ချင်းတစ်ယောက်က ညွှန်းတဲ့အားဆေး နာမည်က Pharmaton တဲ့
သူငယ်ချင်းက သူ့အမေကို အဲ့ဒီအားဆေးပဲ တိုက်တာတဲ့ ဒူးနာခါးနာတောင် သက်သာတယ်လို့ပြောတယ်
ဆေးအညွှန်းကတော့ ၁၆ နှစ်ပြည့်ပြီးသူတိုင်း သောက်လို့ရတယ်ပြောတယ်
ကိုယ်တော့ မသောက်ပါဘူး
အဖေနဲ့ အဒေါ်ကိုတော့ အမြဲပို့ပေးတယ်
အဖေသောက်တာ ၈ နှစ်လောက်ရှိရော့မယ်ထင်တယ်
အရင်ကတော့ စင်္ကာပူက Mustafa မှာ သွားသွားဝယ်ရတာ အလုံး ၁၀၀ ပါတဲ့ ၂ ဗူးတွဲကို စင်္ကာပူ ၇၈ ဒေါ်လာ ပတ်ဝန်းကျင်ပေးရတယ်ထင်တယ် သိပ်တော့မမှတ်မိတော့ဘူး
Guardian တို့ Watson တို့မှာက အဲ့ထက်စျေးများတော့ Mustafa တကူးတက သွားဝယ်ဖြစ်တယ်
Covid ဖြစ်ကတည်းက Mustafa က မသွားဖြစ်တော့ဘူး ဝယ်ရလွယ်တဲ့ Guardian နဲ့ Watson ကပဲ ဝယ်ဖြစ်တော့တယ်
တစ်ခါတစ်လေ အဲ့ဆိုင်တွေမှာ မရှိပြန်ဘူး
ဒါနဲ့ Lazada မှာ ရှာကြည့်တော့ Sanofi က သွင်းတာ သူ့ရဲ့ Official Store မှာ ဝယ်လို့ရတာနဲ့ အဆင်ပြေသွားတယ်
Sanofi ရဲ့ Official store ဆိုတော့ စိတ်ချရတယ်လေ
ဆေးကျတော့ သိပ်မသေချာတဲ့ဆိုင်က မဝယ်ရဲပြန်ဘူး ပါးစပ်ထဲ ထည့်ရမှာဆိုတော့ သတိထားရတယ်လေ
ကိုယ်လို ဝယ်ချင်သူရှိရင် ဝယ်လို့ရအောင် link လေး ထည့်ပေးထားတယ်
Sanofi ရဲ့ official website link လေးက မန့်မှာပါ
ဆေးက နှလုံးရောဂါ သမားတွေအတွက်ကောင်းတယ်ဆိုလို့ မြန်မာပြည်က ဝယ်ရခက်သူတွေကိုတောင် ဝယ်ပြီး ပို့ပေးဘူးသေးတယ် (ဘာဝန်ဆောင်မှာမှ မယူခဲ့ဘူး)
ဤကား စကားချပ်ပေါ့လေ

Boost Your Energy with Pharmaton Multivitamin! 💪😃
Get it now at a price of $85.04! Don't miss out on this amazing offer! 🚀

Railway Station @ Chiangmai
21/05/2024

Railway Station @ Chiangmai

20/05/2024
Beautiful Sunset @ Sembawang BeachTake with iPhone 13No apps and no filters
20/05/2024

Beautiful Sunset @ Sembawang Beach
Take with iPhone 13
No apps and no filters

Work place
16/05/2024

Work place

Blue Bayou တဲ့ ဇာတ်လမ်းတစ်ခုလောက်ကြည့်မယ်ဆိုပြီး Netflix ဝင်ရှာရင်း Top 10 ထဲမှာတွေ့တာနဲ့ ကြည့်ဖြစ်သွားတာဇာတ်လမ်းက ကိုရီ...
15/05/2024

Blue Bayou တဲ့
ဇာတ်လမ်းတစ်ခုလောက်ကြည့်မယ်ဆိုပြီး Netflix ဝင်ရှာရင်း Top 10 ထဲမှာတွေ့တာနဲ့ ကြည့်ဖြစ်သွားတာ
ဇာတ်လမ်းက
ကိုရီးမှာမွေးပြီး အမေရိကန် ဇနီးမောင်နှံက မွေးစားလိုက်တဲ့ ကလေးတစ်ယောက်
လူလားမြောက်လို့ အိမ်ထောင်ကျ၊ ကလေးရပြီးမှ နိုင်ငံသားဖြစ်ခွင့်မရလို့ အတင်းပြန်ပို့ခံရတဲ့အကြောင်း ရိုက်ပြထားတာ
ဇာတ်လမ်းဆိုတော့လည်း အကြမ်းလေးရော အလွမ်းလေးရောပေါ့
ကိုယ်တွေကလည်း အခံ သိပ်မကောင်းတော့ ကြည့်ရင်း မျက်ရည်လေး တလည်လည်ပဲ
ဇာတ်လမ်းကို ဖြစ်ရပ်မှန်လားဆိုပြီးရှာကြည့်တော့ ဟုတ်သတဲ့
ဇာတ်လမ်းရဲ့ အဆုံးသတ်မှာလည်း US မိသားစုတွေကနေ မွေးစားပြီး နိုင်ငံသားဖြစ်ခွင့်မရပဲ ပြန်ပို့ခံရတဲ့ လူတွေရဲ့ နာမည်တွေကို ခုနှစ်အလိုက်ထည့်ပြထားသေးတယ်

တရားမျှတမှုတို့ လူသားချင်းစာနာမှုတို့ဆိုတာ လူကြားကောင်းအောင်ရေးတဲ့ ပြောတဲ့စကားလုံး သက်သက်တွေလားလို့ သံသယဖြစ်စရာပဲ

၂၀၂၃ စက်တင်ဘာ ၈ ရက်တွင် ရေးသည်။

ပြီးခဲ့တဲ့ အပတ်က Young Sheldon ဆိုတဲ့ အမေရိကန် sitcom ဇာတ်လမ်းတွဲလေး ကြည့်ဖြစ်တယ်သူက စုစုပေါင်း ဇာတ်လမ်းတွဲ ၆ ခုရှိတယ် ဇ...
15/05/2024

ပြီးခဲ့တဲ့ အပတ်က Young Sheldon ဆိုတဲ့ အမေရိကန် sitcom ဇာတ်လမ်းတွဲလေး ကြည့်ဖြစ်တယ်
သူက စုစုပေါင်း ဇာတ်လမ်းတွဲ ၆ ခုရှိတယ်
ဇာတ်လမ်းတွဲ တစ်ခုစီမှာ အနည်းဆုံး အပိုင်း ၁၈ ခုနဲ့ အများဆုံး အပိုင်း ၂၂ ခုအထိရှိတယ်
ဆိုတော့ စုစုပေါင်း အပိုင်း ၁၂၇ ခု ရှိပြီး တစ်ခုစီရဲ့ကြာချိန်က မိနစ် ၂၀ လောက်ပဲ
မွေးရာပါ ဉာဏ်အရမ်းကောင်းပြီး ရူပဗေဒ ပညာရှင်ဖြစ်ချင်တဲ့ ကိုးနှစ်သားကလေး Sheldon Lee Cooper နဲ့ သူ့မိသားစု ပတ်ဝန်းကျင်အကြောင်းပေါ့
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာ၊ ပျော်စရာ၊ ချစ်စရာ..
ကလေးလေးတွေ စိတ်ဝင်စားတဲ့ကိုယ်က ဒီဇာတ်လမ်းတွဲ ၆ ခုလုံးကို တစ်ပတ် လောက်နဲ့ အပြီးကြည့်ပစ်လိုက်တာ
အားနေတာလည်းပါတာပေါ့
Sheldon ရဲ့ အင်္ဂလိပ်စကားကို တိတိကျကျပြောတာလေးက အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက် အကျိုးရှိမှာပဲ
ကိုယ်ကတော့ အားလို့ ဇာတ်လမ်းတွဲကြည့်ရတာ ကြိုက်လို့ စိတ်နှလုံးကို မပင်ပန်းစေတဲ့ ဇာတ်လမ်းမို့ကြည့်ဖြစ်တာပါ

Doctor Zhivago 1965 Film By David Lean ဇာတ်လမ်းအကျဉ်းယူရီ ၈ နှစ်သေားလောက်မှာ အမေဖြစ်သူဆုံးပါးအမေ့နာရေးကိုလာတဲ့ အမေ့မိတ်ဆ...
25/04/2024

Doctor Zhivago
1965 Film
By David Lean
ဇာတ်လမ်းအကျဉ်း
ယူရီ ၈ နှစ်သေားလောက်မှာ အမေဖြစ်သူဆုံးပါး
အမေ့နာရေးကိုလာတဲ့ အမေ့မိတ်ဆွေ မိသားစုက ယူရီ့ကို စောင့်ရှောက်ဖို့ ခေါ်သွား
အမေ့မိတ်ဆွေမိသားစုမှာ ယူရီနဲ့ မတိမ်းမယိမ်း သမီးတစ်ယောက်ရှိ သူ့နာမည်က တွန်ညာ
ယူရီ ကြီးလာတဲ့အချိန် ဆေးပညာသင် ၊ ဆရာဝန်ဖြစ်
ကဗျာလည်းတစ်ဖက်ကရေးသေး
တွန်ညာက ပြင်သစ်ကနေပြန်ရောက်လာ
သူတို့နှစ်ယောက်က အချင်းချင်းသံယောဇဉ်ရှိ
တွန်ညာက ယူရီ့အပေါ်ပိုပုံရ
လက်ထပ် ကလေးတစ်ယောက်ရ
စစ်ဖြစ် ၊ ယူရီက စစ်မြေပြင်ရောက် ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်
လာရာက မုဆိုးမရဲ့ သမီး ၁၇ နှစ်အရွယ်မှာ ဥပဒေ အကြံပေး ဒေးဗစ်ဆီမှာ အလုပ်လုပ်
လာရာ့မှာ ပါရှာဆိုတဲ့ ချစ်သူရှိ
ပါရှာက ၂၆ နှစ်အရွယ် တော်လှန်ရေး စိတ်ဝင်စားတဲ့ လူငယ် ၊ ပါရှာ့ဘဝမှာ တော်လှန်ရေးထက် အရေးကြီးတာ ဘာမှ မရှိ
လာရာ့ကို ဒေးဗစ်က ခြေတော်တင် ၊ လာရာက စိတ်ဆိုးပြီး ခရစ္စမတ် အကြိုညမှာ ဒေးဗစ်ကို သေနတ်နဲ့သွားပစ်
အဲ့ပွဲမှာ ယူရီနဲ့ တွန်ညာတို့ရှိနေခဲ့
သေနတ်နဲ့လာပစ်တဲ့ လာရာကို ပါရှာက လာခေါ်သွား
နောက်ပိုင်း ယူရီ တာဝန်ထမ်းဆောင်တဲ့ စစ်မြေပြင်ကို လာရာ ရောက်လာ
အဲ့အချိန် လာရာ့မှာ သမီးလေးတစ်ယောက်ရှိနှင့်ပြီးဖြစ်
သူ့ရဲ့အမျိုးသား ပါရှာ့ကို လာရှာ
အဲ့မှာ စေတနာ့ဝန်ထမ်း သူနာပြုလုပ်ရင်း ယူရီနဲ့တွေ့
၆လလောက် အလုပ်အတူတူလုပ်ရင်း သံယောဇဉ်ဖြစ်ပေမယ့် လွန်လွန်ကျူးကျူး မဖြစ်ခဲ့ကြ
၆ လ ကြာပြီး ယူရီရော ၊ လာရာရော အိမ်အသီးသီးပြန်ကြ
ယူရီတို့ အိမ်ပြန်ရောက်ချိန်က စစ်အတွင်းမို့ အရာရာရှားပါး
အိမ်တစ်အိမ်မှာ မိသားစု ၁၆ စုလောက်ပေါင်းနေရ
ခေါင်ဆာ မလုံလောက်လို့ အေးခဲတဲ့ရာသီဥတုဒဏ်ကို အံတုဖို့ ခြံစည်းရိုးဖျက်ပြီး ထင်ခိုးတဲ့ ယူရီကို ရဲတစ်ယောက်ကမိ
အဲ့ဒီရဲက ယူရီရဲ့ အဖေတူ အမေကွဲညီဖြစ်နေ
ယူရီရဲ့ အစိုးရပုန်ကန်တဲ့ ကဗျာအရေးအသားတွေကြောင့်ရော နိုင်ငံရေးခံယူချက်ကြောင့်ပါ အန္တရာယ်မကင်းတဲ့ အခြေအနေရှိကြောင်း ညီဖြစ်သူကရှင်းပြပြီး ပြောင်းခိုင်း
အဲ့တော့ တွန်ညာတို့ အိမ်တစ်လုံးရှိတဲ့ နယ်ဘက်ကို ရှောင်ကြ
အဲ့နယ်မှာ လာရာနဲ့ ယူရီ ပြန်တွေ့
နည်းနည်းကြာတော့ ဇာတ်လမ်းဖြစ်
ဒါပေမယ့် မသင့်တော်လို့ ရပ်တန်းကရပ်ဖို့ဆုံးဖြတ်ပြီး အပြန်မှာ ပြောက်ကြား တပ်နီတော်တွရဲ့ အဖမ်းကို ခံရ
သူတို့ဆီမှာ နှစ်အတော်ကြာပြီးမှ ပြန်လွတ်
အမလေးမောတာ တော်ပြီ
အဆုံးထိရှာသာကြည့်ကြတော့
အောက်ကပုံက ပြောက်ကျားတပ်တွေ အဖမ်းခံရကာနီး လာရာ့ဆီက အပြန်လမ်းက ယူရီဇိဗားဂိုးရဲ့ပုံ

အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတယ်လို့တွေးပါတယ် ။အမှန်အတိုင်းဝန်ခံရရင် ကိုယ်တိုင်က အရမ်းကို ပင်ပန်းတဲ့ စိတ်အခြေအနေနဲ့ လွှတ်...
28/03/2024

အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတယ်လို့တွေးပါတယ် ။
အမှန်အတိုင်းဝန်ခံရရင် ကိုယ်တိုင်က အရမ်းကို ပင်ပန်းတဲ့ စိတ်အခြေအနေနဲ့ လွှတ်ချနေချင်ခဲ့တာ ကြာပါပြီ။
ကိုယ်တိုင် မပြတ်သားနိုင်တဲ့ ကိစ္စတွေကို ပြတ်သားသွားဖို့ ဖန်တီးပေးလာခဲ့ရင် အခြေအနေကို ကျေးဇူးတင်မိမှာပါ။
တကယ်လို့ပေါ့လေ
မိုးဦးအမှီ အိမ်ပြန်ခွင့်ရမယ်ဆိုရင်တော့
လမ်းချဲ့လို့ ဖျက်ပေးလိုက်ရတဲ့ ခြံစည်းရိုးတန်းလေး ပြန်ကာမယ်။
စည်းရိုးတန်းတစ်လျှောက်သစ်ပင်လေးတွေ ပြန်စိုက်မယ်။
ကံ့ကော်ပင်လေးတွေ မဖြစ်မနေပါအောင် ထည့်စိုက်မယ်။
ခြံဝန်းကျဉ်းကျဉ်းလေးထဲ မြေပြင်ပြီး ၊ သီးပင်စားပင် တစ်ချို့ တစ်ဝက်စိုက်မယ်။
အိမ်မှာနေရတဲ့ နေ့ရက်တိုင်း အဖိုးကို စာဖတ်ပြမယ်၊ မနက်ခင်းစာ ပြင်ကျွေးမယ် ၊ တရားတစ်ပုဒ်လောက် အတူတူနားထောင်မယ်။
အဒေါ်အပျိုကြီးဆီက အဖိုးနဲ့ ပတ်သတ်တဲ့ ဝေယျာ
ဝစ္စ တစ်ချို့ ခွဲယူမယ်။
အဖေ့ကို အရင်ကထက်ပိုပြီး ချစ်ခင်လေးစားမယ်၊ ဂရုစိုက်မယ်။
လောကဓံ ၈ ပါးနဲ့ကြုံတိုင်း တုန်လှုပ်မသွားဖို့ လေ့ကျင့်မယ်။
စာအုပ်တွေအများကြီး ဖတ်မယ်၊ အင်တာနက်လိုင်းကောင်းရင် ရုပ်ရှင်ကြည့်မယ်။
အရာရာဟာ ဖြစ်သင့်လို့ ဖြစ်လာတာလို့တွေးပြီး လက်ခံနိုင်ဖို့ကြိုးစားမယ်။
ဒီနည်းနဲ့ အချိန်တွေကုန်ဆုံးပစ်မယ်၊ နေဝင်ချိန်ကို ပျင်းရိငြီးငွေ့စာ စောင့်မယ်။

ဒီနေ့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်က Gone GirlBen Affleck နဲ့ Rosamund Pike ပါတဲ့ကား သူ့ရဲ့ မူရင်းစာအုပ်နာမည်ကလည်း Gone Girl ပဲ၂...
27/03/2024

ဒီနေ့ ကြည့်ဖြစ်တဲ့ ရုပ်ရှင်က Gone Girl
Ben Affleck နဲ့ Rosamund Pike ပါတဲ့ကား
သူ့ရဲ့ မူရင်းစာအုပ်နာမည်ကလည်း Gone Girl ပဲ
၂၀၁၂ ခုနှစ်မှာ ထုတ်ဝေပြီး New York Time မှာ Best Seller ဖြစ်ခဲ့တဲ့ စာအုပ်
ဒီဇာတ်လမ်းရဲ့အသွားက ဇနီးမယားဖြစ်သူ ပျောက်ဆုံးသွားလို့ ရဲတိုင်ရာကနေ ၊ ယောကျ်ားဖြစ်သူပါ တရားခံဘဝကို ရောက်ရတဲ့အဖြစ်ပေါ့
ဒါက ဇာတ်လမ်း
ဒီဇာတ်လမ်းကိုကြည့်ပြီး ရလိုက်တာ နှစ်ခုက
သင့်ဘဝရဲ့ အမှောင်ဆုံး အချိန်မှာ သင်နဲ့အတူ လိုက်လျှောက်မယ့်သူ၊ သင့်ကို ပစ်မချမယ့်သူဟာ သင့်ရဲ့ မိသားစုဝင်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့
သင်ဘယ်လောက်ပဲ ကောက်ကျစ်ယုတ်မာပါစေ၊ သင်ဟာလူရှေ့မှာ လှလှပပ ဒရာမာခင်းပြနိုင်ရင် သင်ဟာသေတဲ့အထိ ဖြူစင်သူ၊ ချစ်စရာကောင်းသူ၊ သနားစရာကောင်းတဲ့ ယုန်ဖြူလေး အဖြစ် အဆုံးအထိ အထင်ခံသွားရသူ ဖြစ်နိုင်တယ် ဆိုတာပဲ
။ သင်ခင်းတဲ့ ဒရာမာကို သင်ကိုယ်တိုင်က ယုံကြည်နေဖို့တော့လိုတာပေါ့လေ ။


ပြီးခဲ့တဲ့ ပိတ်ရက်မှာ ရုပ်ရှင် ၂ ကားကြည့်ဖြစ်တယ်အဲ့ထဲက တစ်ကားက ၂၀၁၀ ခုနှစ်က ရိုက်ထားတဲ့ လီယိုနာဒိုရဲ့ Shutter Island ပေါ...
25/03/2024

ပြီးခဲ့တဲ့ ပိတ်ရက်မှာ ရုပ်ရှင် ၂ ကားကြည့်ဖြစ်တယ်
အဲ့ထဲက တစ်ကားက ၂၀၁၀ ခုနှစ်က ရိုက်ထားတဲ့ လီယိုနာဒိုရဲ့ Shutter Island ပေါ့
Shutter Island မှာ သေချာစီစဉ်ပြီး Brain Wash လုပ်တဲ့ အကြောင်းရယ် ၊ အမှားတွေကို အမှန်လို့ ထပ်ခါထပ်ခါဝိုင်းပြောကြတဲ့အခါ ကိုယ်သိတဲ့ အမှန်တရားဟာ ဝေဝါးလာတဲ့ အကြောင်း၊
လောကကြီးမှာ ဘယ်သူ့ကို ယုံလို့ ယုံလိုက်ရမှန်းမသိတော့လောက်အောင် ကြောက်စရာ ကောင်းတဲ့အကြောင်း ၊ တစ်ကယ့် မိတ်ဆွေစစ် သူငယ်ချင်းအစစ်က တကယ်မရှိဘူးဆိုတဲ့ အကြောင်းတွေ ရိုက်ပြထားတာ
ဇာတ်လမ်းဟာ ပီပြင်လွန်းတော့ ကြည့်ရင်းနဲ့ ကူကယ်ရာမဲ့ ကမ်းမြင် လမ်းမမြင် ခံစားချက်တွေပါ ရလာတယ်။
မြန်မာစာတမ်းထိုး ကြည့်တာမို့ သူ့ထဲက စကားတစ်ချို့ကို ကူးထားတာလေး ပြန်ရေးပြအုံးမယ်။

“မဟုတ်တဲ့ အကြောင်းငြင်းတာဟာ အမှန်ကို လက်မခံနိုင်တာ
ကြောက်သင့်လို့ ကြောက်တာဟာ ဂယောင်ခြောက်ခြားဖြစ်တာ
အသက်ရှင်ဖို့ကြိုးစားတာဟာ အကြောက်အကန်ငြင်းဆန်တာ”

ဒါက ဇာတ်ဝင်ခန်းထဲမှာ လီယို ပြောထားတာ
လူတွေက သင့်ကို မှားနေတယ်လို့ လက်ညှိုး ဝိုင်းထိုးချင်တဲ့အခါ သင်က အမှန်တရားကို ပြန်ရှင်းပြနေခဲ့ရင်တောင် သူတို့ပြောတဲ့ အရာက အမှန်တရားဖြစ်ပြီး သင်က အဲ့ဒီ အမှန်တရားကို လက်မခံနိုင်တာလို့ ဝိုင်းပြောကြလိမ့်မယ်ပေါ့
ဇာတ်လမ်းက ဇာတ်လမ်းတစ်ခုထက် လောကထဲက လူတွေရဲ့ အကြောင်းကို ကြည့်နေရသလို ပိုပြီး ခံစားရစေတယ် ကိုယ့်အတွက်ပေါ့လေ
မကြည့်ရသေးရင် ကြည့်ကြည့်ပေါ့
အချိန်ကုန်ရတာ တန်မှာပါ။


Address


Website

Alerts

Be the first to know and let us send you an email when Narrative Nook: Verse & Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share