Pinlebu Warrior မိုင်းသုန်သူရဲကောင်း

  • Home
  • Pinlebu Warrior မိုင်းသုန်သူရဲကောင်း

Pinlebu Warrior မိုင်းသုန်သူရဲကောင်း To deliver the truth story and news to our people

11/07/2024

ဆော်လိုက်တယ် ဘယ်နယ်မှာလည်း

ပင်လည်ဘူးမြို့ ထိန်းချုပ်နိုင်ရေး SNA ထိုးစစ်စတင်CNI News၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆...
17/03/2024

ပင်လည်ဘူးမြို့ ထိန်းချုပ်နိုင်ရေး SNA ထိုးစစ်စတင်

CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် SNA က ပင်လည်ဘူးမြို့ ထိန်းချုပ်နိုင်ရေး ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထိုးစစ် စတင်ခဲ့ကြောင်း သိရသည်။

SNA တပ်မဟာ ၆၁၄ ၏ အင်အား ရာချီပါသည့် သိုဟန်ဘွားစစ်ကြောင်းသည် ပင်လည်ဘူးမြို့ထဲသို့ ဝင်ရောက် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း SNA မှ အရာရှိတစ်ဦးက ပြောသည်။

၎င်းက “ SNA ၆၁၄ သိုဟန်ဘွားစစ်ကြောင်း အင်အားရာချီနဲ့ ပင်လည်ဘူးမြို့ထဲ ထိုးစစ်စနေပါပြီး။ အခု မြို့ထဲမှာ ရောက်သွားလို့ လုံခြုံရေးယူပေးထားပါပြီး။ ကျန်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်နေ ပါတယ်။ ပင်လည်ဘူးမြို့ထဲမရောက်ခင် လမ်းမှာတော့ KIA-PDF တွေနဲ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်လိုက်တယ်”ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်သို၊ ကောလင်း၊ တမူး၊ မော်လိုက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ အင်းတော်နှင့် ကချင်ပြည်နယ် အတွင်းက မိုးညှင်၊ မိုးကောင်း၊ ကားမိုင်း၊ အင်းတော်ကြီး၊ သံလမ်းရိုးတစ်လျှောက် လှုပ်ရှားလျက်ရှိသည်။

အဆိုပါ နယ်မြေများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကူးကီ အမျိုးသားများတပ်မတော်(KNA/KNO)တို့ လှုပ်ရှားလာခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ကာ နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။

ထို့နောက် SNA က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု ကာကွယ် ရေးအတွက် ဆောင်ရွက်နေသည်။

ထိုသို့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် KIA၊ PDF၊ KNA တပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ် ရရှိရေးနှင့် တိုင်းရင်းသား တန်းတူညီမျှ အခွင့် အရေးများ ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင် ဖြစ်သည်။

Website တွင်ဖတ်ရန်----https://cnimyanmar.com/index.php/political-2/politics-local/20916-sna-18

#ရှမ်းနီ #ပင်လည်ဘူးမြို့ #စစ်ကိုင်းတိုင်းဒေသကြီး #နိုင်ငံရေး

CNI TV YouTube Channel-----https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel-----https://t.me/ChannelNewsIndependent

CNI Twitter Link-----https://twitter.com/ChannelNewsInd1

CNI News၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်း....

17/07/2023

တလရ ဆိုသည်မှာ တော်သောသူများသာလျှင် လုပ်နိုင်သော
အရေးဖြစ်သည်။

ဘယ်အစိုးတက်တက်ကိုယ်လုပ်မှ ကိုယ်စားရတယ်တဲ့အခုရော  ...စားရသေးလား..မီးရှို့ခံနေရတာ အိုးမဲ့အိမ်မဲ့တွေဖြစ်နေရတာပိုင်ဆိုင်မှုတ...
26/02/2023

ဘယ်အစိုးတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတယ်တဲ့

အခုရော ...စားရသေးလား..
မီးရှို့ခံနေရတာ
အိုးမဲ့အိမ်မဲ့တွေဖြစ်နေရတာ
ပိုင်ဆိုင်မှုတွေ
ဖျတ်ဆီးခံနေရတာ
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်ခံနေရတာ
နိုင်ငံရဲ့သားကောင်းသမီးကောင်းရတနာတွေ
ပညာသင်ကြားခွင့်
ဆုံးရှုံးနေတာ
အသက်ရှင်သန်ခွင့်ဖြစ်တဲ့
ကျန်းမာရေးဆိုင်ရာ
စောင့်ရှောက်မှု လစ်ဟင်းသွားတာ
စီးပွားရေးဆိုင်ရာ
အလုပ်အကိုင်အခွင့်အလမ်း
မရှိတော့တာ
ဘာသာရေးကို
ခုတုန်းလုပ်တာ
လူမျိုးရေးနဲ့ရန်တိုက်ပေးတာ
အရာရာအားလုံး ချိုးဖောက်ခံရတာ
ဒါတွေဟာ
နိုင်ငံရေးဖြစ်သည်ပေါ့
လူ့အခွင့်အရေး
ဒီမိုကရေစီရေး
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်

ကျနော်တို့ ဒီထက်
ကျောချင်းကပ်
ရင်ချင်းအပ်ထားဖို့တော့
ပိုပြီးလိုအပ်နေပါပြီ

ဒါကြောင့်မင်းခုဘာလုပ်သင့်လည်း
သူငယ်ချင်း မင်းဆုပဲတောင်းနေမှာလား


နတ်မင်းကြီး နှင့်ဆိုးပေ

13/04/2022

ဒီအချိန်မှာ အံ့ဩမဆုံးတာက တစ်ချို့ပြည်သူများဟာ အိမ်ကိုစိတ်မချတာ သမင်လှည်ပြန်တာတွေလုပ်လာကြတယ် ကိုယ့်အသက်ဘယ်အရာမှ တန်ဖိုးမရှိပါဘူး အသက်ရှင်နေသ၍ ပြန်ပြီးကြိုးစားလုပ်ယူလို့ရပါတယ်.. ဒါကြောင့်မို့ တိုက်ပွဲဖြစ်ပွါးလျင် ဘေးလွတ်ရာကိုရှောင်ကြပါ။ ပြည်သူတွေကို ညာတာလွန်းလို့ ကျနော်တို့ရဲ့ ရဲဘော်တစ်ချို့ကို ပေးဆပ်လိုက်ရပြီးပါပြီ။ အဲ့ဒီပေးဆပ်မှုဟာ လုံးဝမထိုက်တန်ခဲ့ပါဘူး။ စခများဟာ လူတွေမဟုတ်ပါဘူး တိရိစ္ဆန်ထက်ဆိုးဝါးတဲ့သတ္တဝါမျိုးတွေပါ အထူးသဖြင့်ါမျိုးသမီးတွေရှောင်ပါ။ စခတွေဘယ်လောက်ထိဆိုးဝါးလဲဆိုဒေသခံမိန်းခလေးတွေကို လက်နက်ပြ မုဒိန်းကျင့်တယ် တွေ့သမျှအကုန်ယူတယ် မဲမဲမြင်အကုန်ပစ်တယ် ခင်ဗျားကအသက်ကြီးလို့အသက်ငယ်လို့ပါလို့ချန်ထားခဲ့မှာမဟုတ်ပါဘူး။ အခုဆိုတိုက်ပွဲလဲငြိမ်သင့်သလောက်ငြိမ်သွားပြီးမို့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး နီးစပ်ဆွေမျိုးများနှင့်သွားနေပါ။ စခများနဲ့ဝေးလေကောင်းလေပါဘဲ။ ပြောရတာလဲမောနေပါပြီဗျာ…..

လေးစားလျက်
ရဲဘော်မိုင်းသုန်…

10/04/2022

နေသော်ကား နေ၏..
သေသော်ကား သေရဲပြန်၏…
အို….ရဲဘော်…
မြင့်မြတ်လှပေ ပြီ..

03/01/2022

နှစ်သစ် စိတ်သစ်ကိုယ်သစ်နှင့်အတူ အောင်ပွဲများဆက်လက်ရရှိပြီး ရည်မှန်ချက်ပန်းတိုင်သို့ ရက်တိုတိုဖြင့်ရောက်နိုင်ကြပါစေ….

01/11/2021

အလေးပြုပါတယ်ရဲဘော်…..

လက်နက်ခဲယမ်းတွေနဲ့ရိတ်ခါတွေကို တနင့်တစ်ပိုးလွယ်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ အားကစားဘောင်းဘီတိုကိုဝတ်ဆင်းထားကြရသည် ရှေ့တွင် ထိုသို့ကျနော်နဲ့ပုံစံတူ သုံးလေးယောက် တဖြေးဖြေးနဲ့ ချိနဲ့စွာ လျှောက်လှမ်းလာကြသည်။ ကျနော်တို့နောက်တွင် စစ်ဝတ်စုံကိုအပြည့်ဝတ်ဆင်ထားပြီး လက်နက်ကိုင်မင်းအောင်လှိုင်တပ်ဖွဲ့များမှ ထပ်ကြပ်မခွါ လိုက်ပါလာကြသည် ကျနော်နားလည်ထားသည်က ကျနော်တို့အတွက်အသက်ရှင်ခွင့်အခွင့်အရေးမရှိသလောက်…မအလလက်နက်ကိုင်များမှ လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်ခံရလာသူများဖြစ်ကြသည်… ထိုထဲတွင်သမိုင်းတွင်မဲ့ သူရဲကောင်းတစ်ယောက်ကျနော်တို့နှင့်အတူပါလာသည်ကို မည်သူမှသိမထားခဲ့ပါ…

ညနေနွားရိုင်သွင်းချိန်တွင် ရုတ်တရက် ပေါက်ကွဲသံများသေနတ်သံများထွက်ပေါ်လာသည်… အနီးဝန်းကျင်ကရွားသားတစ်ချို့လည်း ထွက်ပြေးတိမ်းရှောက်ကြရသည်.. .. ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကလည်း နေရာအသီးသီးမှ ကျရာတာဝန်လိုက် မအလလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းကြသည်။ လက်နက်ငယ်/ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ကြသည် ကျနော့်ခေါင်းပေါ်တွင် ကျည်ဆံများပျံဝဲနေသည် တစ်ခါတစ်ခါ လက်နက်ကြီးစများ လာစင်သည် ကျနော်တို့ခေါင်းမဖော်ရဲ ကြ…ဘေးဘက်အခြေအနေကြည့်တော့လည်း မအလအဖွဲ့များသေတဲ့သူက သေနေကြပြီ ရေထဲပြုတ်ကျသူကကျထိုအချိန်တွင် မအလလက်နက်ကိုင်များမှာ လက်နက်ကြီးကျည်ပစ်ဖို့အမိန့်ပေးသံကြားလိုက်ရသည်.. “ဆရာ လက်နက်ကြီးပစ်မရဘူး” ဟုတ်ပါသည် ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူကိုပြန်သတ််သောကြောင့် သစ္စာစူးချေပြီ… လက်နက်ကြီးကျည်ဟာပစ်ခတ်ပေမဲ့ထွက်မလာခဲ့ပါ…

ဘေးဘက်နည်းနည်းခပ်လှမ်းလှမ်းအကွာတွင် မအလစနိုက်ပါတစ်ယောက် ကျနော်နှင့်အတူပါလာသောရဲဘော်(ရွာသား)တစ်ယောက်ကို အကာကွယ်ယူပြီးပစ်ဖို့ကြိုးစားနေသည်… မရပါ.. ချိန်ကွင်းသာပေမဲ့ပစ်ခွင့်မပေးပါ.. မအလစနိုက်ပါက ထပ်ပစ်ဖို့ကြိုးစားနေချိန် ပုခုံးဖြင့်တွန်းလိုက်သည်… အကြိမ်ကြိမ်ပစ်ဖို့ကြိုးစားပေမဲ့ အကြိမ်ကြိမ်ပုခုံးဖြင့်ပစ်ကွင်းမသာအောင်ကာကွယ်ထားခဲ့သည််…တစ်ကြိမ်မှာတော့ မအလစနိုက်ပါဟာ အဲ့ဒီရဲဘော်ကိုနောက်စေ့မှတေ့ဖြုတ်လိုက်တော့သည် ကျနော်အဲ့ဒီမြင်ကွင်းကိုမမေ့နိုင်ပါ …

တံတားအောက်တွင်တော့ တောင်ကျချောင်းရေနှင့်အတူ မှုးမြစ်ဟာအစဉ်လာအတိုင်း ရေစီးခပ်ကြမ်းကြမ်းနှင့် ဒရောသောပါ စီးဆင်းနေသည် ကျနော်နဲ့အတူပါလာတဲ့တစ်ယောက်က ရုတ်တရက်တံတားပေါ်မှလှိမ့်ချလိုက်သည် ဒေသခံမို့မူးမြစ်အကြောင်းကောင်းကောင်းသိနေသည် ထိုအချိန်တွင်ကျနော်လည်း အသိဝင်လာပြီး တံတားအောက်သို့လှိမ့်ချလိုက်သည်… ရေထဲကျပြီး ရေစီးကြမ်းကြမ်းနဲ့အတူ မျောပါသွားခဲ့သည်…မြစ်အောက်ဘက်နားရောက်တော့ ကျနော်ကမ်းပေါ်တက်နိုင်ခဲ့ပြီးအဖွဲ့တွေဆီ ရောက်အောင်သွားနိုင်ခဲ့ပြီ… ကျနော်အသက်ဆက်ရှင်ခဲ့ပေမဲ့ ကျနော်မပျော်နိုင်ခဲ့ပါ…ကိုယ့်အသက်အန္တရာယ်ကို ပဒါနမထားဘဲ ကုန်းပေါ်မှဒေသခံကာကွယ်ရေး ရဲဘောိတွေကို အသက်ပေးပြီး ကာကွယ်ပေးသွားတဲ့ရဲဘော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပေပြီ….

သမိုင်းတွင်မဲ့ရဲဘော်ကို နောင်တစ်ချိန်အောင်ပွဲရပြီးလျင် ပင်လည်ဘူးသမိုင်းတွင် တွင်တွင်ကျန်ရစ်စေချင်သည်……

မှတ်ချက် - ပင်လည်ဘူးစစ်ပွဲတွင် တစ်ကယ်ဖြစ်ခဲ့သော အဖြစ်အပျက်ဖြစ်သည်….

လေးစားလျက်
ရဲဘော်မိုင်းသုန်….

03/10/2021

#ကြိုက်လို့ပြန်လည်မျှဝေခြင်း

'' အုန်း '' ဆို ဆွဲမိုင်းဆွဲ...
ပြီးတာနဲ့ လက်နက်ကောက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်စရာရှိတာအကုန်လုံးကို ဆွဲမိုင်းဆွဲပြီး ငါးမိနစ်အတွင်း အပြီးဆောင်ရွက်သင့်ပါတယ်...
ငါးမိနစ်ကျော်လွန်သွားတာနဲ့ ရန်သူနဲ့ မိမိဟာ လက်နက်အင်အား မမျှတတဲ့အတွက် အဆုံးအရှုံးများပါလိမ့်မယ်...
ရန်သူတွေဝေသွားတဲ့အချိန် အလစ်အငိုက်မိတဲ့အချိန် ခနလေးအတွင်းမှာ ကိုယ်လုပ်စရာရှိတာကို အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်...

ဒါကတော့ ရန်သူအင်အား သာလွန်ခြင်း၊ မိမိရှိတဲ့အင်အားနဲ့ မမျှတတဲ့အချိန်မျိုးတွေမှာ ဆောင်ရွက်နိုင်ပါတယ်...

အမြန်တိုက် အမြန်ဆုတ် အမြန်ကိုယ်ယောင်ဖျောက်တဲ့စနစ်နဲ့ ကျင့်သုံးနိုင်ပါတယ်...

အဲ့ထက်ပိုပြီး စနစ်ကျတဲ့တိုက်ခိုက်မှုတွေ၊ ရန်သူကိုပါချေမှုန်းတာ​တွေ ပြုလုပ်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်တွေကို နားလည်ထားသင့်တယ်လို့ ယူဆပါတယ်...

ရန်သူ၊ မိမိ အင်အားတွက်ချက်ခြင်း...
သတင်းအချက်အလက်ရယူနိုင်မှု...
တိကျ​သေချာတဲ့ မိမိရည်မှန်းချက်...
လုပ်နည်း၊ တစ်နည်းပြောရရင် စီမံချက်...
အုပ်ချုပ်ထောက်ပံ့မှု...
ဆက်သွယ်ရေးစနစ်... စတဲ့ အချက်တွေကို သေချာစီမံသင့်ပါတယ်

အဲ့လိုဆောင်ရွက်ဖို့ တိုက်ခိုက်မှု မလုပ်ခင်ကတည်းက အဖွဲ့လိုက် တာဝန်တွေလဲ ခွဲဝေပေးထားရမယ်...
ဘယ်အဖွဲ့ကတော့ မိုင်းဆွဲမယ့်တာဝန်...
ဘယ်အဖွဲ့ကတော့ မိုင်းဆွဲပြီးတာနဲ့ အလောင်းကောက် လက်နက်ကောက်မယ့်တာဝန်...
ဘယ်အဖွဲ့ကတော့ မိုင်းဆွဲတိုက်ခိုက်ခိုက်တဲ့ စစ်ကြောင်းကို စစ်ကူလာတဲ့အဖွဲ့ကို
မပူးပေါင်းနိုင်အောင် ဖြတ်ထားမယ့်တာဝန်...စတဲ့တာဝန်တွေကို သေချာ
ခွဲဝေပေးထားရမယ်...

ရပ်အဖွဲ့ ၊ ဖြတ်အဖွဲ့၊ သတ်အဖွဲ့၊ ကာအဖွဲ့၊ ထောက်အဖွဲ့ စတဲ့အဖွဲ့တွေအတိုင်း စနစ်တကျ ပီပြင်အောင်ဆောင်ရွက်ထားနိုင်ရမယ်...

ရပ်အဖွဲ့က စစ်ကြောင်းရပ်တန့်အောင်လုပ်လိုက်တာနဲ့
ဖြတ်အဖွဲ့က ရန်သူမပူးပေါင်းနိုင်အောင် ဆောင်ရွက်ရမယ်...
သတ်အဖွဲ့က ရန်သူကို ချေမှုန်းနေတဲ့အချိန်မှာ ရန်သူက တန်ပြန်တိုက်ခိုက်တာမျိုးမလုပ်နိုင်အောင် ကာအဖွဲ့၊ ထောက်အဖွဲ့တို့ကလဲ ကိုယ့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရမယ်...
ရပ်၊ဖြတ်၊သတ်၊ကာ၊ထောက် အဖွဲ့တွေကို ကိုယ့်မှာရှိတဲ့အင်းအားကို ချိန်စပြီး ခွဲဝေတာဝန်ပေးနိုင်ပါတယ်...

အခုလို အဖွဲ့ခွဲတွေ ကိုယ့်တာဝန်ကိုယ် စနစ်တစ်ကျ စုဖွဲ့ဆောင်ရွက်နိုင်ခြင်းဟာ ရန်သူကို အချိန်တိုအတွင်း ချေမှုန်းနိုင်ခြင်း၊ မိမိအဖွဲ့အား တန်ပြန်တိုက်ခိုက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ခြင်း၊ မိမိအဖွဲ့ ထိခိုက်ဆုံးရှုံးမှု နည်းပါးခြင်း စတဲ့... ကြီးမားတဲ့အကျိုးအမြတ်တွေ ရရှိစေနိုင်ပါတယ်...

မြေပြင်မှာ တစ်ကယ်လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဒီစာဖတ်မိရင် သေချာ အသုံးချနိုင်စေဖို့နဲ့အနည်းဆုံးတော့ အကြံဉာဏ်ဖြစ်ဖြစ် ရစေဖို့ ရည်ရွယ်ပါတယ်

လက်ရှိအခြေအနေအရ အခုလိုပြောက်ကျားနည်းလမ်းတွေကသာ ထိရောက်တဲ့ တိုက်ခိုက်မှုနဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်မှာပါ...
နောက်ပိုင်း လက်နက်အင်အား မျှတတဲ့အခြေအနေရောက်လာရင်သာ သတ္တိရှိရှိ မင်းဘာလဲ ငါဘာလဲဆိုတဲ့ စိတ်မျိုးနဲ့ ထိပ်တိုက်ယှဥ်ပြိုင်တိုက်ခိုက်တာမျိုး လုပ်ရမှာပါ..

စစ်ဆိုတာ နိုင်တဲ့သူက အမှန်ဖြစ်တဲ့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်တယ်...

လက်ရှိအခြေအနေအရတော့ အဘက်ဘက်က သာနေတဲ့ ရန်သူကို အခုလို ပြောက်ကျားနည်းလမ်း၊ ခြုံခိုတိုက်ခိုက်တဲ့နည်းလမ်းတွေကသာ အသင့်လျော်ဆုံးလို့ ယူဆပါတယ်...

ဒီနေရာမှာ အထူးသတိပြုစေချင်တာရှိပါတယ်...
လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုရဲတိုက်ခိုက်မှုဟာ ပြည်သူကို အရမ်းနှစ်နာ ထိခိုက်စေပါတယ်...
ပြည်သူမှာ ဘာအပြစ်မှ မရှိတာကို သတိပြုထည့်တွက်ရပါမယ်...
တိုက်ပွဲနေရာရွေးချယ်တဲ့အခါ သေချာ
ထည့်စဥ်းစားရမယ့်အချက်ပါ...

ပြည်သူဆိုတာ တစ်သားတည်း ပြုမူဆက်ဆံတတ်ရင် ကိုယ့်ရဲ့ အင်အားတစ်ရပ် ဖြစ်စေတယ်ဆိုတာလဲ ကိုယ်တွေ့ကြုံခဲ့ရပါတယ်...

မြေပြင်မှာ စိတ်အားထက်သန်စွာ တိုက်ပွဲဝင်နေသော ခံယူချက်ပြင်းထန်တဲ့ ညီငယ် ညီမငယ်တို့အတွက် အနည်းငယ်အသုံးဝင်နိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်...

်မြတ်

02/10/2021

၃/၁၀/၂၀၂၁

ယနေ့ပင်လည်ဘူးမြို့နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော စခအဖွဲ့အချို့သည် အင်းကြီးလက်ကျေးရွာနှင့်ကင်းပန်းကျေးရွာများသို့ ရောက်ရှိမွှေနှောက်လျက်ရှိကြောင်း ကြားသိရပါသည်။

02/10/2021

အောက်တိုဘာ ၁ရက်
မုံရွာ

မုံရွာမှာ စကစ အထူးအစည်းအဝေးပြီသွားပီလို့ သိရပါတယ်။
ကနီ-မင်းကင်းနဲ့ ပင်လယ်ဘူးကို ထိရောက်တဲ့ ထိုးစစ်ဆင်မှုတွေလုပ်မယ်လို့ သိရပါတယ်။
ထူးခြားတာက မုံရွာမှာရောက်နေတဲ့ စစ်ခွေးအုပ်စုထဲမှာ ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်တွေ ကား3စီးလောက်ပါတဲ့။ ထိထိရောက်ရောက် အလုပ်မလုပ်နိုင်တဲ့ တပ်ရင်မှုးတွေလည်း change တယ်လို့သိရတယ်။ ရဲဘော်အားလုံးလည်း ကြိုတင်ပြင်ဆင်ထားကြပါဗျ။

စာကြွင်း - သတင်းက Credit ယူတင်တာပါ၊ သေချာသည်ဖြစ်စေ၊ မသေချာသည်ဖြစ်စေ မုံရွာမှာ အင်အားထောင်ချီစုဝေးနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ PDF အဖွဲ့အားလုံး ကင်းထောက်၊ အရေးပေါ်ထွက်ပေါက်၊ လမ်းကြောခြေနေ အားလုံးသတိထားရပါမယ်။ အထူးသဖြင့် ကနီ၊ မင်းကင်း၊ ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည် မြေပြန့်ဒေသ PDF ရဲဘော်များ သတိ ပါ။ ထိုးစစ်ကို ရှောင်ပါ။ ခံမတိုက်စေလိုပါ။


#မင်းကင်းနွေဦးတော်လှန်ရေး
Source: Kawlin Revolution

02/10/2021

1.10.2021 kawlin
မန္တ‌လေးဘက်ခြမ်းမှစစ်ကိုင်းဘက်ခြမ်းသို့
စခသံချပ်ကာကား ၅စီးပွိုင့်ကား၂စီး
ကားကြီး၁စီး ကံတလူဖြတ်နေ
ရွှေဘိုသို့ တက်လာသည်ဟုသိရပြီး
ကောလင်း ပင်လယ်ဘူး သို့ဝင်လာနိုင်သဖြင့်
သတိထားကြစေလိုပါသည်
စခ လမ်းကြောင်းအား CB မှတစ်ဆင့်ပေးပို့စေလိုပါသည်တော်လှန်ရေးရဲဘောများအား ကူညီကြပါစို့

လေးစားမှုဖြင့် KR-Team

02/10/2021

Address


Website

Alerts

Be the first to know and let us send you an email when Pinlebu Warrior မိုင်းသုန်သူရဲကောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pinlebu Warrior မိုင်းသုန်သူရဲကောင်း:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share