NwayOo Family

  • Home
  • NwayOo Family

NwayOo Family This page will post all different kinds of cooking Myanmar dishes.
(1)

ဒီနေ့တော့ အင်ဥ နဲ့ မန်ကျည်းရွက် နဲ့ ကြော်စားပစ်လိုက်ပြီ။Recover ကောင်းကောင်းပြန်ဖြစ်မှ video ရိုက်တင်ပေးတော့မယ်နော်။
11/06/2024

ဒီနေ့တော့ အင်ဥ နဲ့ မန်ကျည်းရွက် နဲ့ ကြော်စားပစ်လိုက်ပြီ။

Recover ကောင်းကောင်းပြန်ဖြစ်မှ video ရိုက်တင်ပေးတော့မယ်နော်။

မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌅လှပသောနေ့သစ်လေးတခု ဖန်တီးကြမယ်ရှင့်🍀(ပန်းဓာတ်ပုံပို့ပေးသော မမ ကိုလည်းကျေးဇူးအထူးပါရှင့်...
10/06/2024

မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌅

လှပသောနေ့သစ်လေးတခု ဖန်တီးကြမယ်ရှင့်🍀

(ပန်းဓာတ်ပုံပို့ပေးသော မမ ကိုလည်းကျေးဇူးအထူးပါရှင့်☺️)

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နံနက်ခင်းလေးပါရှင့်🌅ကျန်းမာဘေးကင်းပြီး ကောင်းကျိုးအတွက်ရွယ်ရည် ဆောင်ရွက်သမျှအရာတိုင်းအောင...
09/06/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နံနက်ခင်းလေးပါရှင့်🌅

ကျန်းမာဘေးကင်းပြီး ကောင်းကျိုးအတွက်ရွယ်ရည် ဆောင်ရွက်သမျှအရာတိုင်း
အောင်မြင်ပါစေ🙏

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နံနက်ခင်းလေးပါရှင့်🌅ဓမ္မဘက်တော်သားအားလုံးဘေးကင်းကျန်းမာကြပါစေရှင့်🙏
08/06/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နံနက်ခင်းလေးပါရှင့်🌅

ဓမ္မဘက်တော်သားအားလုံးဘေးကင်းကျန်းမာကြပါစေရှင့်🙏

ဒီပုံလေးတွေက လွန်ခဲ့တဲ့ ၈ နှစ်လာက်တုန်းက Vietnam 🇻🇳 ကိုခရီးထွက်တုန်းက သူတို့ပုံဖော်ထားတာလေးတွေ သဘောကြလို့ ရိုက်ထားတာလေးတ...
08/06/2024

ဒီပုံလေးတွေက လွန်ခဲ့တဲ့ ၈ နှစ်လာက်တုန်းက Vietnam 🇻🇳 ကိုခရီးထွက်တုန်းက သူတို့ပုံဖော်ထားတာလေးတွေ သဘောကြလို့ ရိုက်ထားတာလေးတွေပါ။

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅ကျန်းမာဘေးကင်းကြပါစေရှင့်🙏
07/06/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅

ကျန်းမာဘေးကင်းကြပါစေရှင့်🙏

ဘုံလုံသီးအစာသွပ်ဟင်းလေးပါ။ ဒါလေးကလည်း NOF channel က အမကံ့ကော်ချက်ပြထားတာကိုကြည့်ပြီး လိုက်ချက်ထားတာပါတဲ့ရှင့်။ NOF ထဲက မ...
07/06/2024

ဘုံလုံသီးအစာသွပ်ဟင်းလေးပါ။

ဒါလေးကလည်း NOF channel က အမကံ့ကော်ချက်ပြထားတာကိုကြည့်ပြီး လိုက်ချက်ထားတာပါတဲ့ရှင့်။

NOF ထဲက မင်မင် တယောက်ပါပဲ။

ဘယ်သူများဖြစ်မလဲရှင့်😁

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅အားလုံးဘေးကင်းလို့ကျန်းမာ၊ လုံခြုံကြပါစေရှင့်🙏
06/06/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅

အားလုံးဘေးကင်းလို့ကျန်းမာ၊ လုံခြုံကြပါစေရှင့်🙏

06/06/2024

မနေ့က ဂဏန်းမဆလာချက်လေးက ဘဘုန်းချက်ထားတာပါရှင့်😁

မထင်ထားကြဘူးမလား။

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅🍀ကျန်းမာဘေးကင်းကြပါစေရှင့်🙏
05/06/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅🍀

ကျန်းမာဘေးကင်းကြပါစေရှင့်🙏

မင်္ဂလာပါရှင့်🙏ဂဏန်းမဆလာချက်လေးဘယ်သူချက်ထားတယ်လို့ ထင်လဲရှင့် ပုံလေးကြည့်ပြီး မှန်းဖြေကြည့်ပေါ့ သူက NoF မှာတော့ မချက်ပေး...
05/06/2024

မင်္ဂလာပါရှင့်🙏

ဂဏန်းမဆလာချက်လေး

ဘယ်သူချက်ထားတယ်လို့ ထင်လဲရှင့်

ပုံလေးကြည့်ပြီး မှန်းဖြေကြည့်ပေါ့

သူက NoF မှာတော့ မချက်ပေးဖြစ်သေးဘူး

မှန်အောင်ဖြေ နိုင်တဲ့သူ

တခုခုတော့ ချီးမြှင့်ရမှာပေါ့နော့😁

#နွေဦးမိသားစု

Good morning everyone 🌅Have a great day ahead 🌻
04/06/2024

Good morning everyone 🌅

Have a great day ahead 🌻

မင်္ဂလာပါရှင့်🙏အမှန်က ဒီနေ့တော့ မအားနေတာနဲ့ တနေ့လောက် ဘာမှ မတင်ပဲ နေမလို့စိတ်ကူးထားရာကနေ FB မှာ ပုံအဟောင်းလေးတွေ ပြန်ကြည...
04/06/2024

မင်္ဂလာပါရှင့်🙏

အမှန်က ဒီနေ့တော့ မအားနေတာနဲ့
တနေ့လောက် ဘာမှ မတင်ပဲ နေမလို့
စိတ်ကူးထားရာကနေ FB မှာ ပုံအဟောင်းလေးတွေ ပြန်ကြည့်ရာကနေ
ကိုယ် ကြော်စားထားတဲ့ “မလေးရှားခေါက်ဆွဲကြော်” ပုံလေးတွေ့တော့ sharing လုပ်ချင်သွားပြန်ရော😁

“မလေးရှားခေါက်ဆွဲကြော်”
——————-
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး၊ ပုစွန်၊ကြက်သား၊ ကြက်ဥ
ပဲပင်ပေါက်၊ ခူးဆိုင်၊ ကြက်သွန်နီ
ငရုတ်သီးခွဲကြမ်း၊ ရှာလကာရည် တို့လိုအပ်ပါမယ်ရှင်။

အသေးစိတ်ကြော်နည်းလေးကတော့
Video အနေနဲ့ကြည့်ချင်လျှင် channel ထဲမှ playlists ထဲမှာ cooked by April ဆိုပြီးရှာကြည့်လိုက်လျှင်တွေ့ပါမယ်ရှင်။

အစားအစာတွေက အပြင်မှာဝယ်စားရင်တော့ ရတာပေါ့ရှင်။

ဒါပေမယ့် ကိုယ်တိုင်အိမ်မှာချက်စား/ကြော်စားတော့ သန့်ရှင်းလတ်ဆတ်တာပေါ့ရှင်။

#နွေဦးမိသားစု

မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင့်🌅စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်ဝကြပါစေ🙏
03/06/2024

မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင့်🌅

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်ဝကြပါစေ🙏

မင်္ဂလာပါရှင့်🙏ဒီကနေ့မျှဝေပေးချင်တာကတော့ “သခွပ်ပွင့်သုပ်” နည်းလေးပါရှင့်သူလည်း ခရမ်းချဉ်သီးသုပ်နဲ့ ခပ်ဆင်ဆင်လေးပါပဲရှင့်...
03/06/2024

မင်္ဂလာပါရှင့်🙏
ဒီကနေ့မျှဝေပေးချင်တာကတော့
“သခွပ်ပွင့်သုပ်” နည်းလေးပါရှင့်
သူလည်း ခရမ်းချဉ်သီးသုပ်နဲ့ ခပ်ဆင်ဆင်လေးပါပဲရှင့်။
သူ့မှာ ပိုသွားတာလေးက
သခွပ်ပွင့်အခြောက်ဖြစ်တာကြောင့်
ရေစင်အောင်ဆေးကြောပြီး
ရေစိပ်ထားမယ်။
ရေစိမ်ထားတာပွလာပြီဆို ပြန်ပြုတ်ပေးရမယ်။
ပြုတ်တာနူးလာပြီဆို ရေညှစ်ချပြီး
သေးသေးလေးတွေလှီးပြီး
ပုံထဲမှာပြထားသည့် ပါဝင်ပစ္စည်းများနဲ့
ရောသမမွှေလိုက်လျှင်ဖြင့် ထမင်းမြိန်စေသော အသုပ်ဟင်းလျာလေးတခု
ရပြီပေါ့ရှင့်။

အားလုံးကျန်းမာဘေးကင်းကြပါစေရှင်🙏

#နွေဦးမိသားစု

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅အားလုံးကျန်းမာဘေးကင်းကြပါစေရှင့်🙏
02/06/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅

အားလုံးကျန်းမာဘေးကင်းကြပါစေရှင့်🙏

မင်္ဂလာပါရှင့်🙏ဒီကနေ့မျှဝေပေးချင်တာကတော့ ခရမ်းချဉ်သီးသုပ်နည်းလေး ဖြစ်ပါတယ်။ ဒါလေးကတော့ ညဘက် ထမင်းစားတာလျှော့ချင်တယ်ဆိုလျ...
02/06/2024

မင်္ဂလာပါရှင့်🙏

ဒီကနေ့မျှဝေပေးချင်တာကတော့ ခရမ်းချဉ်သီးသုပ်နည်းလေး ဖြစ်ပါတယ်။

ဒါလေးကတော့ ညဘက် ထမင်းစားတာလျှော့ချင်တယ်ဆိုလျှင် အသီးအရွက်သုပ်လေးတခုခုသုပ်စားလို့ ရတယ်ရှင့်။

ပါဝင်ပစ္စည်းများကတော့

ခရမ်းချဉ်သီး ၂ လုံး
ကြက်သွန်နီ အနီအရွယ်သေးရင် ၂ လုံး
ကြီးရင် ၁ လုံး၊ ငရုတ်သီးအစိမ်းတောင့်/ အလှော်မှုန့်၊ နံနံပင်အနည်းငယ်
မြေပဲ၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့်အနည်းငယ်။

ပြုလုပ်နည်း

ပုံလေးတွေမှာ ပြထားသည့်အတိုင်း
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင် အားလုံးလှီးထားမယ်နော်။
ကြက်သွန်နီပါးပါးလှီးပြီးရေဆေးထားမယ်နော်။
မြေပဲကိုလှော်ပြီးထောင်းထားမယ်။

“မြေပဲလှော်က ပြည်ပက သူတွေဆိုလျှင်
မြေပဲကို ကြွေပန်းကန်ပြားထဲကို အပြန့်လိုက်ထည့်ထားပြီး microwave ထဲ
Medium high နဲ့ ၅ မိနစ်လောက် ထည့်ထားလိုက်ရင် မြေပဲလှော်ရပြီ”

ပြီးလျှင် ပုံလေးတွေမှာပြထားသည့်အတိုင်းရောနယ်လိုက်လျှင်တော့ အင်မတန်အရသာနှင့်ပြည့်စုံသော
ခရမ်းချဉ်သီးသုပ်လေးရပါပြီရှင်။

အားလုံးကြိုက်နှစ်သက်မည်လို့ မျှော်လင့်ပါတယ်ရှင်။

#နွေဦးမိသားစု

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅စောစောအိပ်လို့၊စောစောထလို့စောစောလမ်းလျှောက်ကြပါစို့🏃🏻‍♀️🏃‍♂️
01/06/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅

စောစောအိပ်လို့၊စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့🏃🏻‍♀️🏃‍♂️

ဒီနေ့မျှဝေပေးချင်တာကတော့ရှမ်းပြည်က အရသာအတိုင်း စားရမည့် တိုဖူးနွေး စစ်စစ်ကလေးပါရှင့်။ တို့ဖူးနွေးကြိုက်ကြလားတော့ မသိ???က...
01/06/2024

ဒီနေ့မျှဝေပေးချင်တာကတော့ရှမ်းပြည်က အရသာအတိုင်း စားရမည့် တိုဖူးနွေး စစ်စစ်ကလေးပါရှင့်။

တို့ဖူးနွေးကြိုက်ကြလားတော့ မသိ???
ကျမကတော့ အရမ်းကြိုက်သွားတယ်
အမကံ့ကော်လုပ်ကျွေးတာစားပြီးတော့။

ပြုလုပ်နည်းအသေးစိတ်လေးက
YT channel လေးမှာရှိပါတယ်ရှင့်။

YT search bar
NwayOo Family လို့ရိုက်
Channel ဆိုတဲ့ နေရာလေးထိ
Playlist ထဲသွား
Cooked by Kantkaw လို့ရှာလိုက်ရင်
ရပြီရှင့်။

Video ထဲမှာ ကုလားပဲကို ကိုယ်တိုင်ကြိတ်ပြီး ကျိုထားတာပါ။

ပဲအရာသာစစ်လွန်းတော့ စားရတာ ဆိမ့်နေတာပဲ😋

ဒီမှာတော့ ပုံလေးတွေပဲ သွားရည်ကျအောင် တင်ထားပြီ😁။

#နွေဦးမိသားစု

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🙏လှပသောပန်းလေးများနှင့်အတူ လှပသောအနာဂတ်များကိုဖန်တီးနိုင်ကြပါစေ🙏
31/05/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🙏

လှပသောပန်းလေးများနှင့်အတူ လှပသောအနာဂတ်များကိုဖန်တီးနိုင်ကြပါစေ🙏

မင်္ဂလာပါရှင့်🙏ဒီကနေ့မျှဝေပေးချင်တာကတော့ “ပဲကြာဇံသုပ်” လေးပါရှင့်။ ဒီအသုပ်လေးက ညဘက်ထမင်းမစားချင်တဲ့သူတွေ၊ ဝိတ်တက်မှာကြော...
31/05/2024

မင်္ဂလာပါရှင့်🙏
ဒီကနေ့မျှဝေပေးချင်တာကတော့ “ပဲကြာဇံသုပ်” လေးပါရှင့်။

ဒီအသုပ်လေးက ညဘက်ထမင်းမစားချင်တဲ့သူတွေ၊ ဝိတ်တက်မှာကြောက်တတဲ့သူတွေ သုပ်စားလို့ရပါတယ်ရှင့်။

ဝိတ်တက်မှာပိုပြီးကြောက်တဲ့သူဆိုလျှင်
ဝဥ နဲ့ ပြုလုပ်ထားတဲ့ ဝဥကြာဇံကိုလည်း အသုံးပြုလို့ ရပါတယ်ရှင့်။

ပါဝင်ပစ္စည်းများကတော့ ပုံလေးတွေမှာပါသည့်အတိုင်း
1. ကြာဇံတထုပ်
2. သရက်သီးအစိမ်းတလုံး
3. အာလူးတလုံး
4. ကြက်သွန်နီ အရွယ်တော် ၂ လုံး
5. ကြက်သွန်နီဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ဆား အနည်းငယ်လိုပါတယ်ရှင့်။
ပြုလုပ်နည်းအဆင့်ဆင့်ကိုတော့ ကျမတို့ YouTube channel လေးရဲ့ playlist ထဲကနေ cooked by April ဆိုတဲ့အထဲမှာ ရှာကြည့်လို့ ရပါတယ်ရှင့်။

အားလုံးကျန်းမာဘေးကင်းကြပါစေရှင့်🙏

#နွေဦးမိသားစု

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅ဒီနေ့တော့ ကောက်ညှင်းပေါင်းလေး နဲ့ အကြော်လေး နဲ့ ဆွဲပြီရှင့်။ NwayOo Family ရဲ့ အမာခံလေးတွေကတေ...
30/05/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅

ဒီနေ့တော့ ကောက်ညှင်းပေါင်းလေး နဲ့ အကြော်လေး နဲ့ ဆွဲပြီရှင့်။

NwayOo Family ရဲ့ အမာခံလေးတွေကတော့
ဒီ video လေးဘယ်မှာရှိမယ်၊ ဘယ်သူ prepare လုပ်တယ်ဆိုတာ သိကြမယ်ရှင့်။

အားလုံးကျန်းမာဘေးကင်းကြပါစေရှင့်🙏

#နွေဦးမိသားစု

မင်္ဂလာပါရှင့်🙏ဒီကနေ့မျှဝေပေးချင်တာကတော့ “အစုံသုပ်” သုပ်နည်းလေးပါရှင့်ပါဝင်ပစ္စည်းများကတော့ ပဲပင်ပေါက်၊ ပဲပြားတိုးဖူးဂေါ...
30/05/2024

မင်္ဂလာပါရှင့်🙏
ဒီကနေ့မျှဝေပေးချင်တာကတော့ “အစုံသုပ်” သုပ်နည်းလေးပါရှင့်

ပါဝင်ပစ္စည်းများကတော့
ပဲပင်ပေါက်၊ ပဲပြား
တိုးဖူး
ဂေါ်ဖီ၊ သင်္ဘောသီးနံနံပင်
ဥနီ၊ အာလူး၊ ကြက်သွန်စိမ်း
မုန့်ဖတ်၊ ခေါက်ဆွဲဖတ်၊ ကြာဇံဖတ်

ကြက်သွန်နီဆီချက်၊ ငံပြာရည်၊ မန်ကျည်းရေ၊ ဆား၊ အချိမှုန့်ပေါ့နော်။

ပြုလုပ်နည်းက
လွယ်ပါတယ်ရှင့်
ပုံလေးတွေမှာပါသည့်အတိုင်း လှီးပြီး
အရသာသမမျှတအောင်ထည့်ပြီး
ရောနယ်လိုက်ယုံပါပဲ နော်။

စားကောင်းပါစေရှင့်😁
ပြုလုပ်နည်းလေး video ကြည့်ချင်လျှင်တော့ NOF မှာ cooked by Kantkaw ဆိုပြီးရိုက်ရှာယုံပဲရှင့်။

#နွေဦးမိသားစု

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅ကျန်းမာဘေးကင်းကြပါစေရှင့်🙏
29/05/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနံနက်ခင်းလေးပါရှင့်🌅

ကျန်းမာဘေးကင်းကြပါစေရှင့်🙏

မင်္ဂလာပါရှင့်🙏ဒီကနေ့မှာတော့ ကြောင်လျှာသီး/ ကြောင်ရှာသီး ကြော်နည်းလေးမျှဝေပေးချင်တာပါရှင့်။ ကြောင်ရဲ့လျှာ နဲ့တူလို့ ကြော...
29/05/2024

မင်္ဂလာပါရှင့်🙏

ဒီကနေ့မှာတော့ ကြောင်လျှာသီး/ ကြောင်ရှာသီး ကြော်နည်းလေးမျှဝေပေးချင်တာပါရှင့်။

ကြောင်ရဲ့လျှာ နဲ့တူလို့ ကြောင်လျှာသီးလို့ ခေါ်တာလား၊ ကြောင်ရှာလာတဲ့အသီးမလို့ ကြောင်ရှာသီးလို့ခေါ်တာလားဆိုတာ ငယ်ငယ်ကတော့ပုံပြင်နားထောင်ခဲ့ရတယ်၊ ဒါပေမယ့် မေ့သွားပြီ😁

ပါဝင်ပစ္စည်းများ
ကြောင်လျှာသီး တတောင့်
ကြက်သွန်နီ တလုံး
ကြက်သွန်ဖြူ ၂ တက်
ငရုတ်သီးမှုန့် ထမင်းစားဇွန်း တဝက်မရှိတရှိ ( စပ်လျှင်လျှော့ထည့်ပါ)
အရောင်ပဲလိုချင်တာမလို့
ပုစွနါခြောက် ထမင်းစားဇွန်း တဇွန်း
(အမှုန့်ထည့်လို့မရဘူးလားလို့မေးလျှင်)
ရပါတယ်နော်၊ ထွက်လာတဲ့ အရသာလေး နည်းနည်းကွဲမယ်။
(အမှုန့်က အသုပ်တွေသုပ်လျှင်ပိြသင့်တော်တယ်နော်)
ဆား၊ဆံနွင်း၊ ငံပြာရည်အနည်းငယ်ပေါ့။

ပြုလုပ်ပုံအဆင့်ဆင့်
ကြောင်လျှာသီးတထောင့်ကို သေးသေးလေးတွေလှီးပြီး ဆားနဲ့ နာနာနယ်၊ ရေနဲ့ ၂ ခါ ၃ ခါ ဆေးချပြီး ရေစစ်ထားမယ်။
ကြောင်လျှာသီး နုလား ၊ မ နုလားသိချင်ရင် ကြောင်လျှာသီးကို အမြီးကနေကိုင်ပြီး မို့ပေါ် မြှောက်ကြည့်လိုက်နော်
အဲ့ကြောင်လျှာသီးက ကွေးလာပြီး တံတောင်ဆစ်နားထိ ရောက်လာတယ်ဆို နုပါတယ်နော်။
(အမ ကံ့ကော်သင်ပေးတာ)

ကြောင်လျှာသီး မလှီး၊ မဆေးခင်မှာ ပုစွန်ခြောက်လေးကို ရေနွေးလေးနဲ့ စိမ်ထား၊ ကြောင်လျှာသီး ဆေးပြီးချိန် ဆို ပုစွန်ခြောက်က ပွနေပြီပေါ့။

ကြောင်လျှာသီး ရေစစ်ထားချိန်မှာ
ကြက်သွန်နီ၊ဖြူ၊ ငရုတ်သီးထောင်းထား

အားလုံးအဆင်သင့်ဖြစ်လျှင် စကြော်လို့ရပြီလေ။

အသေးစိတ် အသံနဲ့ ပြောထားတာပါ
ကြည့်ချင်လျှင်တော့

YT search bar မှာ NwayOo Family လို့ရိုက် playlist ထဲသွား cooked by April ထဲရှိ။

ကျမတို့ ကိုယ်သုံးလိုက်ရတဲ့ ပိုက်ပိုက်တွေအတွက် အရသာရှိအောင် ချက်စားကြမယ်နော့။

#နွေဦးမိသားစု

မင်္ဂလာပါရှင့်🙏ဒီနေ့မျှဝေပေးချင်တာကတော့ ရှောက်/သံပုရာ ပျားရည်ပြုလုပ်နည်းလေးပါရှင့်။ အဝါရောင်သံပုရာသီး/ ရှောက်သီး/ သံပုရာ...
28/05/2024

မင်္ဂလာပါရှင့်🙏

ဒီနေ့မျှဝေပေးချင်တာကတော့ ရှောက်/သံပုရာ ပျားရည်ပြုလုပ်နည်းလေးပါရှင့်။
အဝါရောင်သံပုရာသီး/ ရှောက်သီး/ သံပုရာသီး
အဆင်ပြေရာ/ ကြိုက်နှစ်သက်ရာ
အသုံးပြုနိုင်ပါတယ်နော်။
ကျမကတော့ သံပရိုသီးလို့ခေါ်မလား
English လိုဆို lemon 🍋 အသီးကိုသုံးထားပါတယ်နော်။
ပုံလေးတွေ တပုံချင်းဆီကြည့်သွားပေးနော်။
ပထမဆုံး lemon ၃ လုံးလောက်ကို ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေလှီးထားပါတယ်။

ပြီးလျှင်အထဲက အစေ့လေးတွေ ဖယ်ထုတ်ပေါ့နော်။

အားလုံးအဆင်သင့်ဖြစ်လျှင် လှီးထားတဲ့ သံပုယိုသီးတထပ် ပျားရည်တထပ်စီထည့်ပါမယ်။

အဲ့လိုထည့်ထားပြီး ပျားရည်တွေ မြုပ်နေပြီဆိုလျှင် ရေခဲသေတ္တာထဲ
၃ ရက်လောက်သိမ်းထားပါ။

ပြီးရင်တော့ ပျားသံပုရာ/ ရှောက်သံပုရာ လေးကို မောပန်းလာရင်ပဲဖြစ်ဖြစ်၊ အဆီကျချင်တဲ့ သူပဲ ဖြစ်ဖြစ်၊
အသံကို အသုံးပြုရတဲ့သူပဲ ဖြစ်ဖြစ်
သံပုရာ/ရှောက်ပြားလေးတပြားယူ
ရေနွေးနွေးလေးထည့်ပြီး
သောက်သုံးနိုင်ပါတယ်ရှင်။

အားလုံးရောဂါဘေးကင်း၊ကျန်းမာအလှတိုးကြပါစေရှင်။

#နွေဦးမိသားစု

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅ဒီနေ့တော့ပန်းလှလှလေးတွေကြည့်ရင်း(၇) ရက်သားသမီးအားလုံးစိတ်ကြည်လင်လန်းဆန်းပါစေရှင်🙏
27/05/2024

မင်္ဂလာနံနက်ခင်းလေးပါရှင့်🌅
ဒီနေ့တော့ပန်းလှလှလေးတွေကြည့်ရင်း
(၇) ရက်သားသမီးအားလုံးစိတ်ကြည်လင်လန်းဆန်းပါစေရှင်🙏

27/05/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လည်ခင်းလေးပါရှင့်🙏

ဒီနေ့မှာတော့ကြာဇံချက် ချက်နည်းလေးမျှဝေပေးပါမယ်ရှငိ့။

ပါဝင်ပစ္စည်းများကတော့

ကြာဇံတထုပ် (၈၀ ဂရမ်)

မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ် (အနည်းငယ်)

ငုံးဥ (၁၀) လုံးခန့်

ကြက်သွန်ဥ အရွယ်တော် (၁၀ လုံးခန့်)

ငရုတ်ကောင်းမှုန့် အနည်းငယ်

“ချက်နည်းအသေးစိတ်လေးက video ထဲမှာ
ပြောပြထားပါတယ်ရှင့်”

အားလုံးကြိုက်နှစ်သက်လိမ့်မည်လို့ မျှော်လင့်မိပါတယ်ရှင့်😁

#နွေဦးမိသားစု

မင်္ဂလာအပေါင်းနှင့်ပြည်ြစုံသောနံနက်ခင်းလေးပါရှင်🌅အားလုံးကျန်းမာဘေးကင်းကြပါစေရှင်🙏
26/05/2024

မင်္ဂလာအပေါင်းနှင့်ပြည်ြစုံသောနံနက်ခင်းလေးပါရှင်🌅

အားလုံးကျန်းမာဘေးကင်းကြပါစေရှင်🙏

မင်္ဂလာပါရှင့်🙏ဒီနေ့မျှဝေပေးချင်တာကတော့ “ဘယာကြော် ကြော်နည်း” လေးပါရှင်။ “ပါဝင်ပစ္စည်းများ”ကုလားပဲ / chickpeaမိမိတို့ လို...
26/05/2024

မင်္ဂလာပါရှင့်🙏

ဒီနေ့မျှဝေပေးချင်တာကတော့
“ဘယာကြော် ကြော်နည်း” လေးပါရှင်။

“ပါဝင်ပစ္စည်းများ”
ကုလားပဲ / chickpea
မိမိတို့ လိုသလောက်ပေါ့နော်
(နို့ဆီဗူးတဗူး/ ဆန်ချိန်ခွက် ၂ ခွက်စာ)
ပျဉ်တော်သိမ်းရွက်/ curry leaves
ကြက်သွန်နီ/onions
ငရုတ်သီးစိမ်း/ green chilli
ပဲမှုန့်အစိမ်း အနည်းငယ်
အကြော်မှုန့် အနည်းငယ်
ဆော်ဒါမှုန့်အနည်းငယ်
ဆား အနည်းငယ်

ပြုလုပ်ပုံ
ကုလားပဲကို ညကတည်းကရေစိမ်ထား/
၄ နာရီလောက် ရေစိမ်ထားလည်းရပါတယ်နော်။
ပြီးရင် ကြိတ်မှာပေါ့နော်
“ငယ်ငယ်တုန်းကတော့ ငရုတ်ဆုံနဲ့
ထောင်းရတာ မှတ်မိသေးတယ်”
ပဲကြိတ်ပြီးလျှင် ဆားအနည်းငယ်
ဆော်ဒါအနည်းငယ် ထည့်ပြီး ၁ နာရီ/ တနာရီကျော်ကျော်လောက် နှပ်ထားနော်။

ပြီးလျှင် လှီးထားသော ကြက်သွန်နီ။
ငရုတ်သီး၊ ပျဉ်တော်သိမ်းရွက်၊ မမီး (meemeetofu) နည်းအရ ပဲမှုန့်အစိမ်းမှုန့်လေး table spoon 2 စွန်းစာလောက်ရေဖျော်ပြီး ရောနယ်ထားသေးတယ်နော်။
အားလုံးနယ်ပြီးပြီ ဆိုလျှင်တော့ စကြော်လို့ ရပြီပေါ့နော့။

အချဉ်ရည်ဖျော်နည်းလေး
မန်ကျည်းမှည့်အနည်းငယ် ရေစိမ်ထား
ထန်းလျှက်တလုံး
ကြက်သွန်ဖြူ ၂/၃တက်
ဂျင်း၊ ပူတီနံ၊ငရုတ်သီးစိမ်း
အကုန်ရောထောင်းလိုက်နော့
ပြီးလျှင်မန်ကျည်းမှည့်ရည် နဲ့ရော
ဆား (သို့မဟုတ်) ငံပြာရည် လေးနည်းနည်းထည့်
ဝိုးးးး
ရှယ်အချဉ်ရည်ရပြီလေ။

ဟဲဟဲ
ဒါတွေအားလုံးလုပ်သွားတာ ကိုယ်မဟုတ်😁

မမကံ့ကော်ပါ
မမကံ့ကော်က ဟိုးအရင်တုန်းက
YT လေးကြော်ပြထားပါတယ်ရှင့်။

YT Search bar ကနေ NwayOo Family လို့ ရိုက်ရှာ Channel ထဲဝင် playlist ထဲသွား Cooked by Kantkaw ဆိုရင် အမကံ့ကော်ချက်ပြထားတဲ့ ဟင်းမျိုးအစုံအလင် တွေ့ရပါမည်ရှင့်။
ခုတော့ “ဘယာကြော်” ပုံလေးတွေကြည့်ပြီး ကြိုက်နှစ်သက်လိမ့်မည်လို့ မျှော်လင့်ပါတယ်ရှင့်။

အားလုံးကျန်းမာဘေးကင်းရန်ရှင်းကြပါစေရှင့်🙏

#နွေဦးမိသားစု

Address


Website

Alerts

Be the first to know and let us send you an email when NwayOo Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share